ar
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

قناة بسيطة

🚩 Channel was restricted by Telegram

إظهار المزيد
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
He Is My Brother (2023) ⭐TMDB: 40% User Score 🎬 #Drama 🗓 2023 🎞 movie 🌎 #China ⏰ 1 နာရီ 36 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အော်တစ်ဆင် Austin ဆိုတာ ကလေးဘဝမှာ ဦးနှောက်အာရုံကြောဖွံဖြိုးမှုဆိုင်ရာနှောင့်နှေးတဲ့ ချို့ယွင်းချက်ဖြစ်ပါတယ်။ ဒီလိုလူတွေဟာသာမန်နေ့စဉ်ဘဝမှာလိုက်လျောညီထွေဖြစ်အောင် ဘယ်လိုကြိုးစားရတယ်သူတို့တွေကိုဘယ်လိုဖေးမသင့်တယ်ဆိုတာကိုရိုက်ကူးထားတဲ့ ညီအကိုသံယောဇဉ်ကားလေးပဲဖြစ်ပါတယ်။ အော်တစ်ဆင်ဝေဒနာရှင်အစ်ကိုတစ်ယောက်ကို စောင့်ရှောက်ရင်းကြိုးစားရုန်းကန်နေရတဲ့ လူငယ်လေးတစ်ယောက်ရဲ့ဘဝဟာဘယ်လိုတွေခက်ခဲနေခဲ့သလဲ……သူကသူ့အစ်ကိုကြောင့်ဘဝကြီးဟာတက်လမ်းမရှိပိတ်လှောင်ခံနေရတယ်လို့ ခံစားနေခဲ့ရတယ်…… တကယ်တမ်းပြဿနာကြုံလာတော့သူတို့ဟာအချင်းချင်းမှီခိုနေကြတာပဲဖြစ်ပြီးအစ်ကိုဆိုတာသူရဲ့အိမ်ပဲဆိုတာနားလည်လိုက်ရပါတော့တယ်
...

Unnaipol Oruvan (2009) ⭐TMDB: 71% User Score 🎬 #Action #Bollywood #Crime #Drama #Thriller 🗓 2009 🎞 Series 🌎 #India ⏰ 1 နာရီ 50 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Unnaipol Oruvan 2009 Imdb 8/10 တောင်းဆိုမှုတွေကြောင့်အဟောင်းထဲက ရွှေကားလေးတင်ဆက်ပေးချင်ပါတယ်နာမည်ကြီးမင်းသားတွေဖြစ်တဲ့ ကာမယ်ဟာဆန်နဲ့မိုဟန်လယ်တိုလည်းပါဝင်ထားတဲ့ကားကောင်းတစ်ကားပဲဖြစ်ပါတယ် ဇာတ်လမ်းအစမှာတော့ ကမ်းခြေတစ်ခုမှ လူတစ်ယောက်ရပ်နေပါတယ်သူ့ဘေးမှာလည်း သူ့အဖော်ခွေးလေးတစ်ကောင်နဲ့ပေါ့ ဒီလူရဲ့အတိတ်ကတော့သူမကျူးလွန်ထားတဲ့မှုခင်းတစ်ခုကို အပြစ်ပေးခံခဲ့ရပါတယ်တဲ့ ဘယ်ကိစ္စတွေကိုများပတ်သက်မိလို ဒီလိုဖြစ်လာတာဖြစ်မလဲသူကတော့တခြားမဟုတ် တရားနည်းလမ်းတကျသမာသမတ်ကျကျနဲ့ ဖြေရှင်းတတ်တဲ့ ရဲတစ်ယောက်ပါပဲ အတိတ်ကိုပြန်သွားကြည့်မယ်ဆိုရင် မွမ်ဘိုင်းမြိုအတွင်း ဗုံးပေါက်မှုဖြစ်ခဲ့တယ်ပါကစ္စတန်တွေပတ်သက်နေတဲ့ကိစ္စလို သံသယရှိပေမဲ့ သက်သေကမရှိဘူးပေါ့ မင်းသားအကြောင်းထပ်ပြောရမယ်ဆိုရင် ရဲမင်းကြီးရဲ့လက်ရုံးတော် ရဲတပ်ဖွဲရဲ့အတော်ဆုံးလူတစ်ယောက်သူ့ရှေ့မှာ လာဘ်စားတဲ့ရဲတွေမြင်ရင်တောင် ပိုက်ဆံကိုပြန်ပေးခိုင်းတဲ့အပြင် လာဘ်စားတဲ့ရဲအိတ်ထဲကပိုက်ဆံပါထုတ်ပေးအောင်လုပ်တဲ့လူတစ်ယောက်ပေါ့ တစ်နေ့.. ရထားဗုံးပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူတွေ အများအပြားသေဆုံးကြရတယ်ဒါက အကြမ်းဖက်သမားတွေရဲ့လက်စားချေမှုကြောင့်လိုယူဆပြီး အမှုကိုကိုင်တွယ်ဖိုသူ့ကိုတာဝန်ပေးခဲ့လိုက်ပါတယ် ဒီတာဝန်ကို သူအောင်မြင်သွားမလားကျရှုးသွားမလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်
...

Unconsciously tempted by a girlfriend- Mei Itsukaichi (ROYD-181-Decensored) ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 2 နာရီ 29 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mei Itsukaichi ဆိုတဲ့ JAV မင်းသမီးလေးကတော့ လှတယ် ချစ်စရာကောင်းတယ် အနေတော်ဆိုက်လေးနဲ့ သနားကမားရုပ်လေးကြည်ကြည်လင်လင်လေးကြောင့် စွဲမက်စရာမင်းသမီးတလက်ပါ။ ROYD-181-Decensored ဒီဇာတ်လမ်းက သူမရဲ့ နာမည်ကြီးဇာတ်လမ်းတပုဒ်ဖြစ်ပြီး ညှို့ငင်နိုင်တဲ့အစွမ်းအကုန်ချပြထားလို့ ပရိတ်သတ်အများအပြားကို ဒီဇာတ်လမ်းနဲ့ရရှိခဲ့ပါတယ်။ JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့ ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ကြည့်ရှုဖို့သာဖြစ်ပြီး အပြင်လောကနဲ့ဆက်စပ်မှုမရှိကြောင်း ထပ်ဆောင်းသတိပြုအပ်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။)
...

Good Neighbours (2024) ⭐IMDB: 3.4/10 (87 Votes) 🎬 #Horror #SciFi #ScienceFiction 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 25 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်လမ်းအကျဉ်းကတော့ တိတ်ဆိတ်ပြီးလူသူနည်းလမ်း ပတ်ဝန်းကျင်မှာနေထိုင်ချင်တဲ့ တမီရှားတို့မိသားစုဟာ အလှမ်းဝေးရွာတစ်ရွာကိုပြောင်းလာကြတယ်။ ယောက်ျားကလည်းအဆင်ပြေ၊သားကလည်းပျော်ရွှင်နေတော့ သူတို့အတွက်အတော်ကိုစိတ်ချမ်းသားတဲ့နေရာလေးဖြစ်တာပေါ့။ တစ်နေ့မှာသူတို့အိမ်ဘေးနားကိုအိမ်နီးနားချင်းအသစ်တွေ ပြောင်းလာတယ်။ တမီရှားကလည်းအိမ်နီးနားချင်းကောင်း ပီသချင်တဲ့အတွက် သွားနှုတ်ဆက်တဲ့အခါ အိမ်ရှင်လိင်မယားနဲ့ ထူးဆန်းတဲ့ပုံစံကိုမြင်လိုက်ရတယ်။ လူသူနည်းတဲ့ဒီလိုနေရာမှာလွတ်လွတ်လပ်လပ်နေချင်မှာပဲ လို့ထင်ပြီး အဲ့ဒီအိမ်ရှင်လင်မယားကို သူတို့အိမ်မှာ ညစားစာဖို့ ဖိတ်လိုက်တဲ့အခါမှာတော့
...

Spithood (2024) ⭐IMDB: 3.5/10 (158 Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #Australia ⏰ 58 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Horror ကားကြိုက်တဲ့သူတွေအတွက် ဇာတ်ကားကောင်းလေးတစ်ကား လာပါပြီ။ ဇာတ်လမ်းအကျဉ်း *********** စိတ်ကျန်းမာရေး ဆေးရုံကြီးတစ်ခု .. လုံးဝ ပိတ်မသွားခင် နောက်ဆုံးညတစ်ည .. အဲဒီညမှာ အစောင့် မေဆန်နဲ့ သူ့ရဲ့ ရည်းစားဖြစ်သူ အက်ရှလေတို့ဟာ သူတို့ရဲ့ နောက်ဆုံး ဂျူတီညအတွက် ပြင်ဆင်နေခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ဆီကို နောက်ဆုံး စိတ်ကျန်းမာရေး လူနာတစ်ယောက် ရုတ်တရက် ရောက်လာခဲ့တယ်။ အဲဒီလူနာက အမျိုးသမီး ငါးယောက်ကို သတ်ခဲ့တဲ့ မှတ်တမ်းနဲ့ ရောက်လာတဲ့ လူနာ။ ဖြစ်ချင်တော့ အဲဒီညမှာပဲ အဲဒီလူနာက သူ့ရဲ့ အချုပ်ခန်းထဲကနေ လွတ်သွားပါတယ်။ အဲဒီနောက် ဆေးရုံတစ်ခုလုံး ဘာတွေ ဆက်ဖြစ်မလဲ .. ဆိုတာကိုတော့ ဇာတ်ကားထဲမှာ ရင်တမမနဲ့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ( ဘာသာပြန်နဲ့ အညွှန်း BZW ဖြစ်ပါတယ်။)
...

Number 24 (2024) ⭐TMDB: 75% User Score 🎬 #Drama #History #War 🗓 2024 🎞 Series 🌎 #Norway ⏰ 1 နာရီ 53 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒုတိယကမ္ဘာစစ်အတွင်း နာဇီတွေကိုတော်လှန်တဲ့အရေးမှာ ရွပ်ရွပ်ချွံချွံပါဝင်ခဲ့တဲ့ နော်ဝေနိုင်ငံသား Gunnar Sonstepyဖြစ်သူရဲ့ နော်ဝေနိုင်ငံလွတ်လပ်ရေးအတွက် ဘယ်လိုတွေကြိုးစားပမ်းစားတော်လှန်ခဲ့တယ်ဆိုတာကို တင်ပြထားတဲ့ စစ်ပွဲနောက်ခံ နော်ဝေရုပ်ရှင်တစ်ပုဒ်ပဲဖြစ်ပါတယ်
...

Wow Mani (2025) ⭐TMDB: 0% User Score 🎬 #Comedy 🗓 2025 🎞 Series 🌎 #Philippines ⏰ 31 မိနစ် 22 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Wow Mani (2025) စီးရီးစ်အပိုင်းကိုခြေဦးမလှည့်ပဲ ငြိမ်ချက်သားကောင်းနေခဲ့တဲ့ Vivamax ရဲ့ ၂၀၂၅ အတွက် စီးရီးစ်အသစ်စက်စက်လေးဖြစ်တဲ့ Wow mani ပဲဖြစ်ပါတယ်။ Wow mani ဟာအရင်စီးရီးစ်တွေလို ဇာတ်လမ်းသွားပုံစံ၊ Documentry ပုံစံ၊ Reality Showပုံစံတွေမဟုတ်ပဲ Gag show တစ်ခုအဖြစ်တင်ဆက်ထားတာပါ။ Gag show ဆိုတာမျိုးဟာ တစ်ခန်းရပ်ဇာတ်လမ်းတိုလေးတွေ၊ပုံစံအမျိုးမျိုးနဲ့ဟာသတွေပေါင်းစုံကိုစုပေါင်းတင်ဆက်ထားတာမျိုးဖြစ်ပါတယ်။ Saturday Night Live (SNL) နဲ့Key & Peele တို့လိုပုံစံမျိုးတွေပါ။ ဒါကတော့ Vivamax ထုတ်ဖြစ်တဲ့အတွက် ဟာသတွေအပြင် Vivamax ရဲ့အလန်းဆုံးအဟော့ဆုံးမမတွေရဲ့အလှအပတွေကိုပါတွေ့မြင်ရှုစားရမှာဖြစ်ပါတယ်။ စုစုပေါင်း ၁၂ ပိုင်းထွက်ရှိမှာဖြစ်ပြီး Jenn Rosa, Denise Esteban, Zsara Laxamana, Chloe Jenna, Sunshine Guimary, Krista Miller, Yda Manzano, Skye Gonzaga, Sahara Bernales, Candy Veloso, Angeline Aril နဲ့ Sheena Cole တို့အထိ Vivamax ရဲ့မျက်နှာဟောင်းမျက်နှာသစ်မင်းသမီးပေါင်းစုံပါဝင်ထားပြီး ထပ် ပြီး ပါလာဖို့လည်းရှိနိုင်ပါတယ်။ ရှုစားအားပေးကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)
...

Hauntology (2024) ⭐IMDB: 3.6/10 (261 Votes) 🎬 #Horror 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hauntology (2024) IMDb Rating (3.6) Hauntology သည် 2024 တွင်ထွက်ရှိထားသော Horror ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ မှတ်ဉာဏ်၊အချိန်နဲ့ အတိတ်မှာတည်ရှိ‌နေတာတွေကို ခြောက်လှန့်ဖွယ်ရာအဖြစ် စိတ်ကူးယဥ်ဆန်ဆန် တင်ဆက်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း မိဘတွေနဲ့အဆင်မပြေလို့ အိမ်ကထွက်လာတဲ့ညီမလေးကို အစ်မဖြစ်သူက မြင်သွားတဲ့အခါမှာ အိမ်ပြန်သင့်ကြောင်းနားချပါတယ်။ ဒါပေမဲ့ မရတဲ့အဆုံးမှာ သူ့ညီမကိုကားပေါ်တင်ပြီး သူတို့မြို့လေးက ခြောက်ခြားဖွယ်ရာဇာတ်လမ်းတွေအကြောင်းကို တစ်နေရာပြီးတစ်နေရာခေါ်သွားရင်းပြောလိုက်တယ်။ ဇာတ်လမ်းတွေက တစ်ခုပြီးတစ်ခု ပိုပိုထူးဆန်းလာပြီး ညီအစ်မနှစ်ယောက်နဲ့ပါ ဆက်နွယ်မှုရှိလာတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khant Sett Naing ဖြစ်ပါတယ်။)
...

After Life (1998) ⭐TMDB: 72% User Score 🎬 #Drama #Fantasy 🗓 1998 🎞 tv movie 🌎 #Japan ⏰ 1 နာရီ 59 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 After Life (1998) ~ IMDb – 7.6/10, RT – 89%, Meta – 91% ~ Hirokazu Kore-eda ရဲ့ ပထမဆုံး Maborosi အပြီးရိုက်ခဲ့တဲ့ ဒုတိယမြောက်ရုပ်ရှင်ပါ။ ရုပ်ရှင်ကတော့ သူ့နာမည်အတိုင်း သေပြီး တမလွန်မှာ စောင့်ဆိုင်းရင်း ရွေးချယ်မှုလုပ်ရတဲ့အကြောင်းပါ။ ဒီလို Theme နဲ့ အင်္ဂလိပ်ကားတချို့လည်းထွက်ပြီးခဲ့သလို မကြာသေးခင်က ထွက်ခဲ့တဲ့ကိုရီးယားဇာတ်လမ်းတွဲ Light Shop မှာတောင် ဒီရုပ်ရှင်ရဲ့ တချို့အငွေ့အသက်တွေမြင်ရပါတယ်။ နာမည်သိပ်မရခဲ့ဘူးထင်ရပေမဲ့လည်း နောက်ထပ်ကိုးကားဖြစ်တည်လာဖို့အတွက် တော်တော်ပေါက်မြောက်ခဲ့တဲ့ ဇာတ်လမ်းပါပဲ။ တမလွန်ကို တင်ဆက်ပုံကလည်း ထူးခြားတယ်။ ဘယ်လိုထူးခြားလဲတော့ ကိုယ်တိုင်ပဲကြည့်ကြည့်လိုက်ပါ။ Kore-eda ဟာ ဒီဘက်ခေတ်ရဲ့ Yasujirō Ozu အမွေကိုဆက်ခံတဲ့ ဒါရိုက်တာလို့ တထစ်ချယုံကြည်ထားတာနဲ့အတူပဲ Kore-eda ရဲ့တင်ဆက်ပုံအကြောင်းကို အိုဇုကိုဖယ်ပြီး ပြောဖို့ ကျွန်တော့်အတွက်တော့မဖြစ်နိုင်ပါဘူး။ ပထမဆုံး Maborosi မှာ Hirokazu Kore-eda ဟာ အိုဇုအငွေ့အသက်ကို တော်တော်ဖမ်းယူခဲ့သလို ဒီရုပ်ရှင်မှာလည်း အိုဇုရဲ့ သူတို့ဂျပန်ရိုးရာတွေကို တမြတ်တနိုးတင်ဆက်မှုကို ဖမ်းယူထားသေးတာပါပဲ။ အိုဇုကိုပိုနားလည်လာလေ သူတို့ရဲ့ဆင်တူမှုကို ပိုဖမ်းမိလာလေဖြစ်လာမယ့် အချက်တွေတော့များပါတယ်။ အိုဇုဟာ ဘယ်လိုအကြောင်းအရာတွေပဲ တင်ဆက်တင်ဆက် သူ့ရုပ်ရှင်တွေမှာ ကျွန်တော်တို့ဂျပန်ဆိုတဲ့အငွေ့အသက်အပြည့်ရသလို သူ့ရုပ်ရှင်တစ်ကားလုံးမှာလည်း ဂျပန်ယဉ်ကျေးမှုနဲ့ရိုးရာက ထုံမွှမ်းနေပါတယ်။ သူ့တင်ဆက်ပုံကိုကလည်း ဂျပန်လူနေမှုတစ်ခေတ်ရဲ့မရှိမဖြစ် ဖြစ်ခဲ့တဲ့ အခုထိတန်ဖိုးထားကြဆဲ Tatami Mat တတမိဖျာကို ဂုဏ်ပြုထားတဲ့တင်ဆက်ပုံမျိုးဖြစ်ခဲ့တယ်။ ပြောရရင် အိုဇုရုပ်ရှင်တွေဟာ သူ့ခေတ်သူ့အခါမှာ ဂျပန်အဆန်ဆုံးလို့ ခံစားရတဲ့ ရုပ်ရှင်တွေဖြစ်ခဲ့တယ်။ Kore-eda ကလည်း ဒီဘက်ခေတ်ရဲ့ အဲဒီလိုလူပါပဲ။ Kore-eda ရဲ့ After Life ကလည်း တမလွန်ကို ပြတဲ့ရုပ်ရှင်ပေမဲ့ အိုဇုနဲ့ထပ်တူ ဒီယဉ်ကျေးမှုအငွေ့အသက်တွေကို ဖမ်းနိုင်သလောက်ဖမ်းထားတဲ့ ရုပ်ရှင်ပါပဲ။ After Life ဟာ ဂျပန်ကားစစ်စစ်တစ်ကား Kore-eda ကား စစ်စစ်တစ်ကားဆိုတာတော့‌ သေချာပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)
...

Aap Mujhe Achche Lagne Lage (2002) ⭐TMDB: 51% User Score 🎬 #Action #Bollywood #Drama #Romance 🗓 2002 🎞 movie 🌎 #India ⏰ 2 နာရီ 46 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Aap Mujhe Achche Lagne Lage 2002 မင်းနဲ့မှချစ်တတ်ပြီပေါ့ အဟောင်းပေမဲ့ရွှေဆိုပြီး 2000 ခုနှစ်များဆီက အချစ်ဇာတ်လမ်းလေးတွေကိုသဘောကျသူတို့အတွက် မင်းသားကြီး Hrithik Roshan ရဲ့အချစ်အမုန်း ရင်သပ်ရှုမောစရာလေးတွေအပြင် အက်ရှင်ပါပါဝင်တဲ့ဇာတ်လမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဆက်ပနာဟာ မြေအောက်လောကခေါင်းဆောင်ကြီးရဲ့ သမီးချောလေးပါ။အများအမြင်မှာတော့ အဖေနဲ့အစ်ကိုရယ် အစ်ကို့မိန်းမရယ်ရဲ့ စောင့်ရှောက်မှုအောက်မှာအပူအပင်ကင်းစွာကြီးပြင်းလာရတဲ့ မင်းသမီးလေးပေါ့။ ဒါပေမဲ့သူ့ဘဝဟာ စာသင်ရင်လည်းအိမ်မှာခေါ်သင်ရ၊ အပြင်ထွက်လည်ပတ်ခွင့်လည်းမရှိတဲ့အပြင်သူ့အဖေတို့ရဲ့ ကလဲ့စားချေသတ်ဖျက်မှုတွေကို မြင်နေကြားနေရတဲ့လှောင်အိမ်ထဲက မင်းသမီးလေး ဖြစ်လို့နေပါတယ်။ သူ့ယောက်မဖြစ်သူကို သူဒီဘဝမှာနေမပျော်ကြောင်း၊ ဘယ်လောက်ကြာအောင်နေရမယ်မသိကြောင်းပြောရင် မကြာခင် သူ့ကိုကယ်တင်မယ့်မင်းသားလေးရောက်လာမှာမို့ စိတ်ရှည်ပါဆိုပြီးပဲ နှစ်သိမ့်ခံနေရပါတယ်။ သူ့ရဲ့မွန်းကြပ်မှုကနေ ထွက်ပြေးဖို့တစ်နေ့ သူ့ငယ်သူငယ်ချင်းရဲ့ မင်္ဂလာဆောင်ကိုခိုးထွက်လာခဲ့လေရဲ့။ ဖြစ်ချင်တော့ သူ့အဖေရဲ့ရန်သူတော်တွေဆီကလိုက်လံတိုက်ခိုက်ခံရပါတော့တယ်။ အဲဒီအချိန်မှာ ကောလိပ်ကျောင်းသားလေးရိုဟစ်က တွေ့ပြီးကယ်တင်လိုက်ရာကစ သူတို့တွေ့ဆုံခဲ့ပါတယ်။ နောက်တစ်နေ့သတင်းစာမှာ ဆက်ပနာအကြောင်းပါလာမှ ရိုဟစ်ဟာသူဘယ်သူဆိုတာသိပြီး တွေ့ဖို့နည်းလမ်းရှာပါတော့တယ်။ ဆက်ပနာကတော့ အဲဒီနေ့အဖြစ်အပျက်ပြီးတည်းက အိမ်ထဲကခြေတစ်လှမ်းတောင်မထွက်ဖို့အမိန့်ပေး ပိတ်လှောင်ခံထားရတာပါ။ အဲဒီအပြင်သူ့အဖေက သူ့သမီးကို အိမ်ထောင်ပြုပေးပြီးအဝေးပို့ဖို့ပါ စီစဉ်နေပါတော့တယ်။ ဒီလိုနဲ့ ရိုဟစ်က နည်းလမ်းစဉ်းစားပြီး သူတို့အိမ်မှာလုပ်တဲ့ဆုတောင်းပွဲမှာ ဒရမ်သမားလေးအနေနဲ့လိုက်ပါသွားလေရဲ့။ ရိုဟစ်အနေနဲ့ သူမြင်မြင်ချင်းချစ်မိသွားတဲ့ မင်းသမီးလေးနဲ့ ရှေ့ဆက်နိုင်ပါ့လား၊သူ့အဖေတွေ အစ်ကိုတွေနဲ့ ဘယ်လိုဖြေရှင်းကိုင်တွယ်မလဲ၊ ဆက်ပနာကရောလှောင်အိမ်စံမင်းသမီးလေးဘဝက လွတ်မြောက်ဖို့ဘယ်လိုကြိုးပမ်းအားထုတ်မလဲဆိုတာ ကြည့်ရှုအဖြေထုတ်ပေးကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။
...

Bachhala Malli (2024) ⭐IMDB: 9.3/10 (3 k Votes) 🎬 #Action #Bollywood #Drama #Romance 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 15 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bachhala Malli (2024)”မာလီ”======================= ၂၀၂၄ ခုနှစ်က ရုံတင်ခဲ့ပြီး အခုမှ ဒစ်ဂျစ်တယ်ဗားရှင်းထွက်လာခဲ့တဲ့အက်ရှင်နဲ့ ဒရာမာကို လှလှပပတွဲဖက်ပြီး ပုံဖော်ထားတဲ့တေလေဂူးစကားပြော တောင်ပိုင်းရုပ်ရှင်ကောင်းလေးကိုပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ၁၉၉၀ ဝန်းကျင်ခုနှစ်တွေမှာ ဇာတ်အိမ်တည်ထားတာပါ။ဇာတ်လမ်းအစမှာတော့ ပွတ်ရှ်ပါဇာတ်လမ်းအစပိုင်းထဲကအာလူးအာဂျွန်လိုမျိုး မုတ်ဆိတ်ဗရပွ၊ ဆံပင်ဘုတ်သိုက်၊စုတ်တီးစုတ်ပဲ့အဝတ်အစားနဲ့ ဘာကိုမှထီမထင်တဲ့လူတစ်ယောက်ကို တွေ့ကြရမှာပါ။ သူကတော့ ဒီရုပ်ရှင်ရဲ့ဇာတ်လိုက် ဘာချလာ မာလီဖြစ်ပါတယ်။သူဟာ ဂုန်နီအိတ်ချုပ်တဲ့အလုပ်ရုံက အလုပ်သမားတစ်ယောက်ဖြစ်ပြီးဘာကိုမှအလေးမထားပဲ ပေတေလေလွင့်နေတဲ့သူပါ။ အဲဒီလို လေလွင့်လူဖြစ်နေတဲ့ မာလီဟာ တချိန်ကတော့အင်မတန်လိမ္မာတဲ့သားတစ်ယောက်၊ ခရိုင်အဆင့်ပထမရခဲ့တဲ့ထူးချွန်ကျောင်းသား၊ ဆရာတွေရဲ့အချစ်တော် စံပြလူငယ်တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီလိုလူရိုးလူအေး ဘဝကနေ ဘဝမြစ်ပြင်ထဲကို အလျားလိုက်ဖြတ်ကူးနေတဲ့လေလွင့်လူတစ်ယောက် ဘယ်လိုဖြစ်လာခဲ့တာလဲ၊ ဘယ်လိုစိတ်ဒဏ်ရာတွေကသူ့ကိုလှိုက်စားခဲ့တာလဲ၊ သူ့ရဲ့ ဘဝခရီးမှာ ဘာတွေဆက်ဖြစ်မှာလဲဆိုတာတွေကိုဒီရုပ်ရှင်ထဲမှာ အားလုံးမြင်တွေ့ကြရမှာပါ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)
...

Missing You (2016) ⭐IMDB: 6.7/10 (2 k Votes) 🎬 #Crime #Thriller 🗓 2016 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 48 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Missing You (2016) ******************* IMDb….6.7 ဒီတစ်ခါမှာတော့ ရင်တဖိုဖိုနဲ့ ကြည့်ရှုရမဲ့ Crime, Thriller အမျိုးအစားရုပ်ရှင်ကားဟောင်းလေးကို ပြန်လည်တင်ဆက်ပေးပါရစေ။ဒီကားမှာတော့ Sunny ဇာတ်ကားမှ Shim Eun-Kyung နဲ့အတူ အားလုံးနဲ့မစိမ်းတဲ့ဇာတ်ရန်သရုပ်ဆောင်များဖြစ်ကြတဲ့ Yoon Je-Moon နဲ့ Kim Sung-Oh တို့ကအဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ – ဇာတ်လမ်းအကျဉ်း – ဟီဂျူ (Shim Eun-Kyung) ဆိုတဲ့ မိန်းကလေး အသက် ၇ နှစ်အရွယ်မှာ စုံထောက်တစ်ဦးဖြစ်တဲ့သူ့အဖေက တာဝန်ထမ်းဆောင်ရင်း အသတ်ခံလိုက်ရပါတယ်။လူသတ်သမား ဂင်ဂီဘုမ်း (Kim Sung-Oh) ဆိုသူကတော့ လူသတ်မှု ၇ ခုထဲမှာမှ တစ်မှုအတွက်ပဲအပြစ်ရှိကြောင်း စီရင်ချက်ချခံခဲ့ရပြီး အပြစ်မရှိကြောင်း စီရင်ချက်ချခံရတဲ့ အမှု ၆ ခုထဲမှာဟီဂျူ့အဖေ အသတ်ခံရတဲ့အမှုလည်း ပါဝင်သွားပါတော့တယ်။၁၅ နှစ်ကြာပြီး ယခုလက်ရှိမှာတော့ ဟီဂျူက ကင်းထောက်လူငယ် ဂုဏ်ပြုဆုလက်မှတ်ကို ရရှိထားပြီးဂင်ဂီဘုမ်းပြန်လွတ်လာမဲ့အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်မျှော်နေပါတယ်။တစ်ဖက်မှာလည်း စုံထောက်ဂျိုဒယ်ယောင်း (Yoon Je-Moon) က သူ့ရဲ့ပါတနာဟောင်းဖြစ်သူဟီဂျူ့အဖေကိုသတ်မှုနဲ့ ဂင်ဂီဘုမ်းကို အပြစ်ရှိကြောင်း စီရင်ချက်ကျခံရစေဖို့အတွက် လက်မလျှော့ဘဲကြိုးပမ်းနေဆဲပေါ့။ အဲဒီလိုနဲ့ ဂင်ဂီဘုမ်း ထောင်က ပြန်လွတ်လာတဲ့အခါမှာတော့… ဟီဂျူတစ်ယောက် အဖေဖြစ်သူ အသတ်ခံရမှုအတွက် တရားမျှတမှုကို ဘယ်လို ပြန်လည်ရယူသွားမလဲ..။စုံထောက်ဂျိုကရော ဂင်ဂီဘုမ်းကို ပြန်ပြီး ထောင်ထဲ ဖမ်းထည့်နိုင်မလားဆိုတာကိုတော့ရင်တထိတ်ထိတ်နဲ့ ဒီကားလေးထဲမှာပဲ ဆက်လက် စောင့်ကြည့်ပေးကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hnin Wai Oo ပဲဖြစ်ပါတယ်
...

Love... Reconsidered (2024) ⭐IMDB: 4.9/10 (98 Votes) 🎬 #Comedy #Romance 🗓 2024 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb Rating – 5.2/10 ဒီကားကိုတော့ ဒါရိုက်တာ Carol Hartsell ရိုက်ကူးထားပြီး မင်းသမီး Sophie Von Haselberg က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားလေးကတော့ မိုတီတွေ အပြည့်ရနိုင်မယ့်အပြင် ခံစားချက် မျိုးစုံကိုပါ ခံစားရ‌စေမယ့် ဇာတ်ကားကောင်းတစ်ကားပါ။ ရူဘီကတော့ အသက်သုံးဆယ်ရှိလာတာတောင် အလုပ်အတည်တကျ မရှိ‌‌သေးတဲ့သူပါ။ အလုပ်တွေကို တစ်ခုပြီးတစ်ခုပြောင်းနေရပြီး သူငယ်ချင်းတွေကြားမှာ အရှက်ရမှာစိုး‌နေတဲ့ ရူဘီက သူ့အလုပ်အကြောင်းကို လိမ်ထားခဲ့ပါတယ်။ မိဘတွေကလည်း အလုပ်အတည်တကျလုပ်ဖို့ တိုက်တွန်းလာကြပြီး ချစ်သူဖြစ်တဲ့နိုအာကလည်း အလုပ်မရှိတဲ့ရူဘီကို စွန့်ပစ်သွားခဲ့ပါတယ်။ စိတ်ဓာတ်ကျနေတဲ့ရူဘီတစ်ယောက် ပန်းခြံတစ်ခုကခုံမှာထိုင်ရင်းနဲ့ စတိုးဆိုင်ပိုင်ရှင်အမျိုးသမီးကြီးတစ်ယောက်နဲ့ မိတ်ဆွေကောင်းတွေ ဖြစ်သွားခဲ့ပါတယ်။ ဒီအမျိုးသမီးကြီးကနေတစ်ဆင့် စတိုးဆိုင်ကို ဆက်ပြီးတော့ စီမံပေးဖို့ ရူဘီကိုလွှဲလိုက်တဲ့အခါမှာ ရူဘီတစ်ယောက် ဟမ်တန်မြို့မှာ အခြေချဖို့ဖြစ်လာပြီး အကြောင်းအမျိုးမျိုးကြောင့် ဂျွန်ဆိုတဲ့လူနဲ့ အခန်းဖော်တွေ ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ အခက်အခဲတွေကြားမှာ ဆိုင်လေးကို ရူဘီဘယ်လိုစီမံသွားမလဲ… သစ္စာဖောက်တဲ့ ချစ်သူနဲ့ ‌နောက်ကျောကို ဓားနဲ့ထိုးတဲ့သူငယ်ချင်းတွေနဲ့ ဆုံလာတဲ့‌နောက် ပြဿနာတွေကို ရူဘီဘယ်လိုကိုင်တွယ်သွားမလဲ… ဒီကားမှာတော့ လူဆိုးလူကောင်းကို အမြင်နဲ့တင် မခွဲခြားနိုင်ဘူးဆိုတာကို‌ သေချာရိုက်ကူးထားတာမလို့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းပါပဲ။ စုံတွဲတွေအကြား ဖြစ်လေ့ရှိတဲ့ ပြဿနာတွေကိုလည်း‌ သေချာပြသထားတာ မလို့ ကြည့်ရှုရင်းနဲ့ ရသစုံရနိုင်ပါတယ်။
...

To Have and to Holiday (2024) ⭐IMDB: 6.1/10 (582 Votes) 🎬 #Comedy #Romance #TVMovie 🗓 2024 🎞 tv movie 🌎 #Canada #UnitedStates ⏰ 1 နာရီ 25 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ခရစ္စမတ်ရောက်တော့မယ်ဆိုတော့ ချစ်သူလေးနဲ့ ခရစ္စမတ်ဒရာမာ ဇာတ်ကားလေးတွေစောင်ခြုံကြည့်ချင်သူတွေအတွက် ဇာတ်ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါပြီ။ဇာတ်ကားနာမည်ကတော့ To Have and to Holiday ဖြစ်ပြီး လက်ရှိ IMDb Rating 6.1 အထိ ရရှိထားပါတယ်။မင်းသားက Gen V တို့ Ghosts တို့လိုမျိုး နာမည်ကြီး Series တွေမှာသရုပ်ဆောင်ခဲ့တဲ့ Robert Bazzocchi ဖြစ်ပြီး မင်းသမီးကလည်း ကျရာဇာတ်ရုပ်ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ Madeleine Arthur ဖြစ်တဲ့အတွက်ဇာတ်ကားလေးကကြည့်လို့ ကောင်းမှာတော့အမှန်ပါပဲ။ အဓိကအားဖြင့်ကတော့ ဒီဇိုင်နာဖြစ်ဖို့အိပ်မက်ရှိနေသူဖြစ်တဲ့ ဆလက်စ်ဆိုတဲ့ကောင်မလေးနဲ့ ဂျေဆန်ဆိုတဲ့မားကတ်တင်းသမားလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးကိုလှလှပပရိုက်ကူးပုံဖော်ထားတာပါပဲ။ သူတို့နှစ်ယောက်က တွဲတာ ၃ လပဲရှိသေးပေမဲ့ အရမ်းချစ်ကြပြီး ဒီခရစ္စမတ်မှာအတူတူရှိချင်ကြတဲ့အတွက် ဂျေဆန်က မိသားစုဆီအမြဲတမ်း သွားနေကျခရီးကိုတောင်ဖျက်လိုက်ပြီး ဆလက်စ်ရဲ့မွေးရပ်မြေကိုလိုက်ခဲ့ ပါတော့တယ်။ဖြစ်ချင်တော့ ဆလက်စ်မိဘတွေနဲ့တွေ့တုန်း ချက်ချင်းနဲ့ လက်ငင်းကြီးဆိုသလိုလက်ထပ်ခွင့်ကောက်တောင်းခဲ့တဲ့အတွက် အဲ့ဒီနေရာ အဲ့ဒီခရစ္စမတ်မှာပဲ လက်ထပ်ဖို့ဖြစ်လာပါတော့တယ်။ ဆလက်စ်ရဲ့အမေကတော့သဘောတူပေမဲ့ ဘိုးတော်ကတော့ သူ့သမီးလေးကို ၃ လပဲတွဲဖူးတဲ့လူနဲ့ချက်ချင်းလက်မထပ်စေချင်တဲ့အတွက် ကြားကနေ ဝင်စွက်ဖက်ရင်းနဲ့ ဆလက်စ်နဲ့ဂျေဆန်တို့ကြားကမင်္ဂလာဆောင်လေး ချောချောမွေ့မွေ့ဖြစ်မြောက်နိုင်ပါ့မလားဆိုတာကို ရိုဆန်ဆန်လေး ရှုစားရမှာပဲဖြစ်ပါတယ်။
...

American Pie Presents: Beta House (2007) ⭐TMDB: 57% User Score 🎬 #Adult #Comedy 🗓 2007 🎞 movie 🌎 #UnitedStatesofAmerica #Canada ⏰ 1 နာရီ 28 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 American Pie Presents ဇာတ်ကားတွေကတော့ နာမည်ကျော် American Pie မူလဇာတ်လမ်းရဲ့  Spin-off ဇာတ်ကားတွေဖြစ်ပါတယ်။ – American Pie Presents: Band Camp (2005)– American Pie Presents: The Naked Mile (2006)– American Pie Presents: Beta House (2007)– American Pie Presents: The Book of Love (2009)– American Pie Presents: Girls’ Rules (2020) ဒီ American Pie Presents ဇာတ်ကားတွေကတော့ မူလဇာတ်ကြောင်းနဲ့ဆက်စပ်မှုနည်းပါးသွားပြီး မူလဇာတ်လမ်းထဲက Jim ရဲ့ အဖေဖြစ်သူ လက်ဗင်စတိန်းနဲ့Stifler ရဲ့ အမျိုးတွေလောက်သာ ပါလာပြီး တစ်ကားကို ဇာတ်လမ်းတစ်ခုစီဖြစ်ပါတယ်။ +++++++++++++++ American Pie Presents: Beta House (2007) ဒီကားကတော့ သူ့ရှေ့ကကားဖြစ်တဲ့ American Pie Presents: The Naked Mile (2006) ရဲ့ အဆက်အနေနဲ့ထွက်ရှိခဲ့တာပါ။ ရှေ့ကကားမှာ အထက်တန်းကျောင်းသားလေး အီရစ်စတစ်ဖ်လာတို့တစ်သိုက် သူ့အစ်ကိုရှိတဲ့ ကောလိပ်ကျောင်းမှာ သွားကဲခဲ့ကြပါတယ်။ယခုဇာတ်ကားမှာတော့ အိမ်မက်တွေ တကယ်ပြည့်ဝလာပြီလို့ပြောရမလား၊ အဆိုပါကောလိပ်ကို အီရစ်တို့တသိုက် တကယ်တက်ရောက်ခွင့်ရခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းမှာ သိတဲ့အတိုင်း အသင်းငယ်လေးတွေဖွဲ့လေ့ရှိပြီး အဆိုပါအဖွဲ့တွေထဲမှာ Beta House ဟာအတော်လေးကိုနာမည်ကြီးပါတယ်။ဒါပေမယ့် Beta House နဲ့ အတော်လေးကွဲပြားပြီး ဆန့်ကျင်ဖက် “စဆရက အသင်း” တစ်ခုလည်းရှိနေပါသေးတယ်။အဆိုပါ စဆရက များဟာ Beta အသင်းကိုဖျက်သိမ်းဖို့ ကြံလာကြပါတော့တယ်။ဒီလိုနဲ့ နှစ်ဖက်အသင်းဟာ ထိပ်တိုက်တွေ့ဆုံလာပြီး ဘယ်လိုတလွဲတွေနဲ့ ပြိုင်ကြဆိုင်ကြရင်း ဘယ်လိုတွေ ခွီနေရမယ်ဆိုတာ……။ ဘာဆင်ဆာမှမဖြတ်ထားတဲ့ Unrated Version ကို တင်ဆက်ထားပြီးCM အနေနဲ့ မြန်မာစာတန်းထိုးကိုလဲ ယခင်ကထက်ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပေးထားပါတယ်။ (American Pie ဇာတ်ကားတွေက အဖော်အချွတ်ခန်းတွေနဲ့ အပြောအဆိုတချို့ကြောင့် R-Rated အဆင့်ဖြစ်ပြီး မိသားစုနဲ့ကြည့်လို့မရပါဘူး။)
...

Haunted Heart (2024) ⭐IMDB: 4.8/10 (383 Votes) 🎬 #Romance #Thriller 🗓 2024 🎞 movie 🌎 #Spain #UnitedStates #Colombia ⏰ 2 နာရီ 3 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “အချစ်ကျူးတော့ရူး” ဆိုတဲ့စကားပုံကို သရုပ်ဖော်ပြသသွားတဲ့ လှပတဲ့ပန်းချီကားလေးတစ်ချပ်ကနေ အကျည်းတန်တဲ့မြင်ကွင်းတွေ အဖြစ်ပြောင်းလဲသွားရတဲ့ အချစ်ဒရာမာဇာတ်ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားနာမည်ကတော့ Haunted Heart ဖြစ်ပြီး လက်ရှိ IMDb Rating 5.1 အထိရရှိ ထားပါတယ်။သရုပ်ဆောင်တွေအနေနဲ့လည်း အရင်ခေတ်တုန်းက အောင်မြင်ကျော်ကြားခဲ့တဲ့မင်းသားချောတစ်လက်ဖြစ်တဲ့ Matt Dillon နဲ့ အက်ရှင် သည်းထိပ်ရင်ဖို ဒရာမာကျရာဇာတ်ရုံပီပြင်အောင်သရုပ်ဆောင် နိုင်တဲ့မင်းသမီး Aida Folch တို့ပါဝင်သရုပ်ဆောင်ထားတဲ့အတွက် Casting ပိုင်းကလည်းပြောနေစရာကိုလိုမှာမဟုတ်ပါဘူး။ ဒီဇာတ်လမ်းလေးရဲ့အစကတော့ အဲလက်စ်ဆိုတဲ့ကောင်မလေးတစ်ယောက် အသိတစ်ယောက်ရဲ့အဆက်အသွယ်နဲ့ဂရိမှာရှိတဲ့ ကျွန်းလေးတစ်ကျွန်းပေါ်က စားသောက်ဆိုင်မှာဧည့်ကြိုအနေနဲ့အလုပ်လျှောက်ဖို့လာရာကနေစတာပါပဲ။ ဖြစ်ချင်တော့ရောက်သွားတဲ့အခါမှာ သူ့အသိကရှိမနေတော့တဲ့အပြင် အကြောင်းအမျိုးမျိုးကြောင့် တစ်ပတ်လောက်တောင်နောက်ကျပြီး ရောက်လာခဲ့တယ်ဆိုတော့ ဧည့်ကြိုရာထူးကတော့သူ့အတွက်မဖြစ်နိုင် တော့ပါဘူး။ဒါပေမယ့်စားပွဲထိုးနေရာလွတ်သေးတဲ့အပြင် အဲလက်စ်မှာလည်း နောက်ပြန်လှည့်လို့မရတဲ့အခြေအနေဖြစ်နေတဲ့အတွက် ဆိုင်ပိုင်ရှင်မက်စ်နဲ့ ညှိနှိုင်းပြီးပဲ အလုပ်ဝင်လုပ်ဖြစ်ခဲ့ပါတော့တယ်။ဒီလိုနဲ့ကြာလာတော့ အဲလက်စ်နဲ့ မက်စ်တို့လည်းရင်းနှီးသွားပြီး အချစ်ကြိုးတွေသွယ်လာခဲ့ရာမှ ဘယ်သူက အချစ်ကြီးတတ်ပြီး အငြိုးကြီးတဲ့လူဖြစ်နေမလဲဆိုတာတွေကို စိတ်ဝင်စားစရာ ဒရာမာဇာတ်လမ်းလှလှလေးနဲ့ သည်းထိပ်ရင်ဖိုအနည်းငယ်ကိုပေါင်းစပ် ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။
...

Aire, Just Breathe (2024) ⭐IMDB: 4.8/10 (160 Votes) 🎬 #Romance #SciFi #Thriller #ScienceFiction #Drama 🗓 2024 🎞 movie 🌎 #DominicanRepublic #Spain ⏰ 1 နာရီ 31 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 (2024) မှာ ထွက်ရှိခဲ့တဲ့ “Aire: Just Breathe” ဆိုတဲ့ ဇာတ်ကားကတော့ ကမ္ဘာမြေကြီးဟာ ညစ်ညမ်းမှုတွေကြောင့် ပျက်စီးသွားခဲ့ချိန်မှာ ကမ္ဘာပေါ်မှာသာ ကျန်နေခဲ့သူ တာန်ယာနဲ့ လူလုပ်အသိဥာဏ် ဗီဒါတို့ကို ဦးတည်ထားတဲ့ သိပ္ပံစိတ်ကူးယဥ် ဇာတ်ကားလေးတစ်ခု ဖြစ်ပါတယ်။ သက်ရှိသတ္တဝါဆိုလို့ ခွေးတစ်ကောင်ကြောင်တစ်မြီးတောင်မှ မမြင်ရတော့တဲ့ ကမ္ဘာဂြိုလ်ပေါ်မှာ တာန်ယာဟာ လူသားမျိုးဆက် မျိုးသုဥ်းမသွားအောင် AIဖြစ်တဲ့ ဗီဒါအကူအညီနဲ့ ဖန်လုံအိမ်လို့ ခေါ်ရမယ့် သူတို့ရဲ့ ဂေဟကမ္ဘာ အသေးစားလေးထဲမှာ ကြိုးစားလျက် ရှိပါတယ်။ AI အကူအညီနဲ့သာ အဖော်ပြု တောက်လျှောက်နေထိုင်ခဲ့တဲ့ တာန်ယာတို့နေထိုင်ရာကို အမျိုးသားတစ်ယောက် ဆိုင်းမဆင့်ဘုံမဆင့် ရောက်လာခဲ့ပါတော့တယ်။ ဒီအချိန်မှာ ဖြစ်လာတဲ့ ရှုပ်ထွေးမှုတချို့ကြောင့် လူသားဖြစ်သူ သူစိမ်းနဲ့ လူလုပ်အသိဥာဏ်ဖြစ်တဲ့ ဗီဒါတို့ရဲ့ အားပြိုင်မှုတစ်စွန်းတစကိုလည်း မြင်နိုင်ပါတယ်။ ဆိုတော့ လေထုညစ်ညမ်းလွန်နေတဲ့ ကမ္ဘာဂြိုလ်ပေါ်က သိပ္ပံပညာရှင် တာန်ယာ၊ လူလုပ်အသိဥာဏ် ဗီဒါနဲ့ သူစိမ်းလူသားတို့ကြားက Sci-fi dramaကို ကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ်။
...

The Keeper (2024) ⭐IMDB: 6.2/10 (88 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 41 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အလုပ်တစ်ခုကိုစလုပ်ပြီးရင် ပြီးအောင်လုပ်ဖို့ Moti လိုနေတဲ့ သူတွေအတွက် ဖြစ်ရပ်မှန်ဇာတ်ကားလေးတစ်ကားကို တင်ဆက် ပေးလိုက်ပါတယ်။ဒီဇာတ်ကားလေးကတော့ ၂၀၂၁ ခုနှစ်တုန်းက ဂျော့ဂျ်လို့ခေါ်တဲ့ အမေရိကန်စစ်ပြန်တစ်ယောက် လမ်းလျှောက် တောင်တက်ခဲ့တဲ့ခရီးစဉ်ကိုရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ နာမည်ကိုတော့ The Keeper လို့ပေးထားပြီး လက်ရှိ IMDb Rating 6.2 အထိရရှိထားပါတယ်။ သူလမ်းလျှောက်တောင်တက်တာဘာထူးဆန်းလို့လဲမေးရင်တော့ သူနဲ့အတူတူတိုက်ပွဲဝင်ခဲ့တဲ့ စစ်ပြန်ရဲဘော်တွေထဲကမှ ပြန်လာပြီး သိပ်မကြာခင်မှာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားခဲ့ကြတဲ့ စစ်ပြန်ပေါင်း ၃၆၃ ယောက်ရဲ့နာမည်ပြားတွေကိုသူ့ရဲ့ခရီးသွားလွယ်အိတ်ကြီးမှာ အလေးခံချိတ်ဆွဲပြီး အပလာချီယန်လမ်းကြောင်းကို မိုင်ပေါင်း ၂၁၉၃ မိုင် သွားခဲ့တဲ့ခရီးဖြစ်နေလို့ပဲဖြစ်ပါတယ်။သူ့ရဲ့အဓိကရည်ရွယ်ချက်ကတော့ အဲ့ဒီနာမည်ပြားတွေထဲမှာပါတဲ့လူတွေအတွက်ရည်ရွယ်ပြီး ဂုဏ်ပြုဖို့ အတွက်ပဲဖြစ်ပါတယ်။အသက်လည်းနည်းနည်းရနေပြီဖြစ်တဲ့ ဂျော့ဂျ်တစ်ယောက်အတွက် ခရီးလမ်းကခက်ခဲပေမဲ့ လမ်းမှာတွေ့တဲ့ တခြားသောစစ်ပြန်တွေပေးတဲ့ခွန်အားတွေနဲ့ရှေ့ဆက်ပြီး မလျှော့သော ဇွဲနဲ့ပန်းတိုင်ကိုအရောက်လှမ်းခဲ့တဲ့ခရီးစဉ်ကိုစိတ်ဝင်စားစရာရှုစားရမှာ ဖြစ်တဲ့အတွက် ဖြစ်ရပ်မှန်ဇာတ်ကားလေးတွေသဘောကျတဲ့လူတွေ အတွက်တော့ အကြိုက်တွေ့စေမှာအသေအချာပါပဲ။
...

Princess Halle and the Jester (2024) ⭐IMDB: 4.7/10 (48 Votes) 🎬 #Fantasy #Family #Adventure 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 11 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါတော့ သားသားမီးမီးတို့ အကြိုက်ဖြစ်မယ့် ဒဏ္ဍာရီ ပုံပြင်ဆန်ဆန် ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဟိုးရှေးရှေးတုန်းက အက်စတိုရီးယန်းဆိုတဲ့ တိုင်းပြည်ကြီးမှာ ဘုရင်ကြီးဗစ်တာဆိုပြီး ရှိခဲ့ပါတယ်။ မိဖုရားကြီးက မင်းသမီးလေး ဟယ်လီကို မွေးဖွားပြီးတဲ့အခါမှာပဲ သေဆုံးသွားခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉ နှစ်သမီး အရွယ် ရောက်လာခဲ့တဲ့ မင်းသမီးလေးဟာ နန်းတော်ထဲမှာချည်းပဲ နေနေရတာ မကြိုက်သူမို့ ရုပ်ဖျက်ပြီး နန်းတော်ပြင်ကို တိတ်တိတ်လေး ခိုးထွက်လေ့ရှိပါတယ်။ တစ်နေ့ကျတော့ ဘုရင်ကြီးဟာ နောက်မိဖုရား မြှောက်ဖို့အတွက် စီစဉ်ပါတော့တယ်။ အဲဒီတော်ဝင်မင်္ဂလာပွဲ နေ့မှာပဲ မှင်စာတွေက သူတို့နန်းတွင်းထဲထိ ရောက်လာတိုက်ခိုက်ပြီးတော့ ဘုရင်ကြီးကို ဖမ်းခေါ်သွားပါတယ်။ မင်းသမီးလေးက ပွဲအတွက် ပျော်တော်ဆက်ဖို့ ရောက်နေတဲ့ လူရွှင်တော် ကောင်လေး ဟင်နရီ နဲ့ အတူ မှင်စာတွေ လက်ထဲကနေ လွတ်အောင် ထွက်ပြေးသွားနိုင်ခဲ့ပါတယ်။ ထွက်ပြေးတိမ်းရှောင်ရင်း ဟင်နရီတို့ ရွာကို လိုက်သွားခဲ့တဲ့ မင်းသမီးလေး ဟယ်လီဟာ မင်းသမီးသရုပ်မှန်ကို ဖုံးကွယ်ရင်း မှင်စာတွေကို ဘယ်လို ပြန်ပြီး လက်တုံ့ပြန် တိုက်ခိုက်မလဲဆိုတာကိုတော့ အိပ်ရာဝင်ပုံပြင်လေး တစ်ခုလို ရိုက်ကူးတင်ဆက်ပြထားပါတယ်။
...

Ouija (2014) ⭐IMDB: 4.5/10 (60 k Votes) 🎬 #Horror #Mystery #Thriller 🗓 2014 🎞 movie 🌎 #USA #UnitedStates #Japan #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ouija (2014) ကျွန်တော်တို့နိုင်ငံတိုင်း ဒေသတိုင်းမှာ သရဲခေါ်နည်းအမျိုးမျိုးရှိကြသလိုပဲ ဒါကတော့ Englishသရဲခေါ်နည်းပေါ့ဗျာ.. A ကနေ Z, Yes , No , Good Bye ဆိုတာတွေ ရေးထားတဲ့ ဘုတ်ပြားလေးတစ်ခုမှာ အဝိုင်းပေါက်လေးပါတဲ့ ရွှေ့စရာသစ်သားပြားလေးတစ်ခုတင်ပြီး သရဲခေါ်ပြီး မေးချင်တာမေးရတဲ့ကစားနည်းမျိုးပေါ့.. ဒီကစားနည်းမှာ စည်းကမ်းချက်လေးတွေရှိတယ်.. ၁. ဘယ်တော့မှ တစ်ယောက်တည်း မကစားရဘူး၊ ၂. သချိုင်းမြေပေါ်မှာ မကစားရ၊ ၃. ကစားပြီးသွားရင် အမြဲတမ်း နှုတ်ဆက်စကား ( Good Bye ) ပြောရမယ်ဗျ။ 2014 ကထွက်ရှိခဲ့တဲ့ Ouija ဆိုတဲ့ Horror ရုပ်ရှင်ဟာဆိုရင် Thriller, Horror, Mystery အမျိုးအစားဖြစ်ပြီး Ouija လို့ခေါ်တဲ့ Board Game တစ်ခုကိုအ‌ခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သရဲကားတွေရဲ့ နာမည်ကြီးဒါရိုက်တာ Stiles White ရိုက်ကူးထားတာဖြစ်ပါတယ်။ ဟောလိဝုဒ်ရုံတင်စာရင်းရဲ့ နံပါတ်တစ်နေရာကို ရယူခဲ့တဲ့ ဇာတ်ကားလဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဒီဇာတ်လမ်းမှာဆိုရင်တော့ Debbie နဲ့ Laine ကအရမ်းချစ်ကြတဲ့ ငယ်သူငယ်ချင်းတွေပေါ့။ Debbie ဆိုတဲ့ကောင်မလေးဟာ တစ်နေ့မှာ Debbie ကသူ့အိမ်ရဲ့အရင်ပိုင်ရှင်တွေကျန်ခဲ့တဲ့ Ouija Board ကို အိမ်ရှင်းရင်း ရှာတွေ့လို့ Laine ဆိုတဲ့ငယ်သူငယ်ချင်းလေးကို သတိရရင်း တစ်ယောက်တည်းအပျော်ဆော့လိုက်မိရာကနေ ထူးထူးဆန်းဆန်းတွေစတင်ဖြစ်ပါတော့တယ်။ Debbie က ဘုတ်ပြားကို မီးရှို့ပစ်လိုက်ပေမယ့်လဲ အကောင်းအတိုင်းပြန်ရောက်လာပြီး မကောင်းဆိုးဝါးပူးကပ်ကာ Debbie သေသွားခဲ့ပါတယ်။ သူ့အသုဘအပြီး မိဘတွေမရှိတုန်း Debbie ရဲ့သူငယ်ချင်းတစ်စု အိမ်စောင့်ပေးရင်းနဲ့ Debbie နဲ့ဆက်သွယ်ကြည့်မယ်ဆိုပြီး Ouija board ကို သုံးခဲ့ပြန်ပါတယ်.. မီးတွေမှိတ်တုတ်မှိတ်တုတ်ဖြစ်ပြီး ထူးဆန်းတဲ့အသံတွေ ကြားလာရတဲ့အချိန်မှာတော့ လန့်ဖြန့်ပြီး ကစားနည်းကိုရပ်လိုက်ကြတယ်.. ဒါပေမယ့် နောက်တစ်ရက်မှာပဲ သူတို့ရဲ့ ကားမှန်တွေ ကွန်ပျူတာစခရင်တွေ နံရံတွေပေါ်မှာ “Hi Friend” ဆိုတဲ့ စာသားပေါ်လာတယ် .. Hi Friend ဆိုတာက Ouija Board ဆီကို သရဲ / ဝိဉာဉ်ရောက်လာတဲ့အခါမှာ စတင်နှုတ်ဆက်လေ့ရှိတဲ့စကားပါ.. အဲဒါကြောင့် သူတို့ရဲ့သူငယ်ချင်းက သူတို့ဆီကိုဆက်သွယ်ဖို့ကြိုးစားနေတယ်အထင်နဲ့ သူငယ်ချင်းတစ်စု Ouija Board ကို ထပ်မံအသုံးပြုလိုက်မိတဲ့အခါမှာတော့.. ထင်မထားတဲ့လှည့်ကွက်တွေနဲ့ တော်တော်လေးကျောချမ်းစရာဇာတ်ကားဖြစ်တာကြောင့် ဘေကုန်ရကျိုးနပ်မှာသေချာပါတယ်.. အပြင်လောကမှာလဲ ယုံကြည်သူတွေရှိကြပြီး တချို့ဝိဉာဉ်နဲ့ဆက်သွယ်ပေးတဲ့လုပ်ငန်းတွေမှာလဲ တကယ်သုံးတာမို့ ဒီဇာတ်ကားဟာ အောင်မြင်မှုများစွာနဲ့ တော်တော်ကြီးအမြတ်အစွန်းရခဲ့တဲ့ ဇာတ်ကားတစ်ကားလဲဖြစ်ပါတယ်.. စိတ်ဝင်စားသူများ Ouija Board Application တွေ Play Store တွေကနေ ဒေါင်းလုပ်ဆွဲကစားနိုင်ပြီး ကစားပြီးနောက်မှာ အမှန်တကယ်သေဆုံးသူတွေလဲ ရှိခဲ့တယ်လို့လဲ သတင်းကြီးတာမို့ စိတ်မခိုင်သူများ လုံးဝဆော့ကစားခြင်းမပြုပါရန် အကြံပေးချင်ပါတယ်
...