ဇာတ်ညွှန်းများ • FDMN
قناة بسيطة
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Sleep of the Crow (2023) ⭐IMDB: 6.1/10 (159 Votes) 🎬 #Drama #Crime 🗓 2023 🎞 movie 🌎 #Turkey ⏰ 1 နာရီ 31 မိနစ် 24 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Sleep of the Crow (2024) IMDb Rating (6.1) “ကျီးကန်းရဲ့အိပ်စက်ချိန်”ဇာတ်ကားဟာ တူရကီဒရာမာဖြစ်ပြီးဟာ တူရကီဒရာမာဖြစ်ပြီး ”Ankara Film Festival” မှာ အကောင်းဆုံးရုပ်ရှင်ဆုရထားတဲ့အပြင် Best Actorဆု၊ Best Cinematography ဆု၊ Best Original Music ဆုနဲ့ Audience Award တွေကိုပါတန်းစီရထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအဖွင့်ကတော့… နာဆစ်ဟာ ဇနီးဖြစ်သူဆုံးသွားတဲ့နောက် ကျန်ခဲ့တဲ့သားလေးကို မွေးစားမဲ့သူရှာနေခဲ့တယ် သူဟာဒီကလေးနဲ့လဲ တစ်အိမ်ထဲမအိပ်ပဲ အပြင်ဆောင်မှာ ညအိပ်တိုင်းကိုယ့်ကိုယ်ကိုခြေကျင်းခတ်ပြီးအိပ်လေ့ရှိတယ်။ သူဟာတစ်ခုခုကိုစိုးရိမ်နေပြီး ဒီကလေးကိုအစစအရာရာ ကိုယ်တိုင်လုပ်တတ်အောင် သင်ပေးနေတယ်။ ဒီကလေးကိုသူဘာလို့ပေးပစ်ချင်နေတာလဲ? ရှေ့ဆက်ရောဘာတွေဖြစ်လာမလဲ? သူ့မိန်းမကရော ဘာကြောင့်ဆုံးသွားတာလဲ? ဆိုတာ ဆက်လက်ခံစားကြည့်ကြပါနော်။ ဖခင်တစ်ယောက်ရဲ့ရင်ထဲကမေတ္တာတွေ သားအတွက်စိုးရိမ်ကြောင့်ကြမှုတွေကို စကားလုံးတွေများများစားစားမသုံးဘဲ ရိုးရိုးလေးဖော်ပြထားပြီး ခံစားကြည့်ရင်ကြည့်သလောက် လေးနက်မှုရှိတဲ့ ဇာတ်ကားကောင်းလေးပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Shwe eain si ဖြစ်ပါတယ်။)...
A City of Sadness (1989) ⭐TMDB: 74% User Score 🎬 #Comedy #Drama #History 🗓 1989 🎞 movie 🌎 #HongKong #Taiwan ⏰ 2 နာရီ 38 မိနစ် 53 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 ၁၉၄၅ ခုနှစ် ဂျပန်တို စစ်ရှုးပြီးနောက် ထိုင်၀မ်ကျွန်းကို တရုတ်နိုင်ငံဆီပြန်အပ်ရချိန် ၅၁ နှစ်ကြာ ဂျပန်ပိုင်ဖြစ်ခဲ့တဲ့ ထိုင်၀မ်ဟာ ဂျပန်လက်ထဲက လွတ်မြောက်ခဲ့ရပေမဲ့ တခြားစစ်ပွဲတွေက ဆီးကြိုနေသေးတယ်။ အစိုးရအပြောင်းအလဲတွေကြောင့် ဖရိုဖရဲတွေဖြစ်နေတဲ့အချိန်မှာ ကံကြမ္မာဆိုးတွေကို တစ်ခုပြီးတစ်ခု ခါးစည်းခံရတဲ့ လင်းမိသားစု။ လင်းမိသားစုမှာ သားယောကျာ်း ၄ ယောက်ထွန်းကားတယ်။ အကြီးဆုံးသားက အိမ်ထောင်ဦးစီးတာ၀န်ယူ၊ ဒုတိယမြောက်နဲ့တတိယမြောက်သားတွေက စစ်အတွင်းမှာ တပ်ထဲပါသွားခဲ့ပြီး ဒုတိယမြောက်သားက ဖိလစ်ပိုင်ကိုထွက်သွားခဲ့ရာကနေ စစ်ပွဲပြီးဆုံးသွားခဲ့ပေမဲ့ အိမ်ပြန်ရောက်မလာခဲ့။ တတိယမြောက်သားက စစ်ပွဲကရလာတဲ့စိတ်ဒဏ်ရာတွေကြောင့် တစ်ခါရူးရ၊ အိမ်ပြန်ရောက်ပြီး စစ်သားတွေနှိပ်စက်လို တစ်ခါပြန်ရူးရ၊ အငယ်ဆုံးသားလေးကတော့ ၈ နှစ်အရွယ်မှာ မတော်တဆဖြစ်ကာ နားကန်းခဲ့ရ။ ထိုင်၀မ်သားနဲ့ပြည်မသားတွေရဲ့ကြားက ပဋိပက္ခဖြစ်ပွားချိန် လင်းမိသာစုကြုံတွေ့ရဲ့အရာတွေကို လွမ်းမောဖွယ်တင်ဆက်ပြသပေးထားပါတယ်။ သမိုင်းနောက်ခံ စစ်အကြောင်းကိုရိုက်ထားပေမဲ့ ဒါရိုက်တာကြီး Huo Hsiao Hsein ရဲ့ထူးခြားပြောင်မြောက်ကာ သူမတူတဲ့စွမ်းရည်ကြောင့် လွမ်းဖွယ်အတိဖြစ်ကာ ဂန္တ၀င်မြောက်ခဲ့ရတယ်။ (ရုပ်ရှင်ကိုကြည့်ရှုခံစားပြီးလို soundtrack ကိုသဘောကျနှစ်ခြိုက်မိခဲ့သည်ရှိသော်...
Cherry Bomb (2024) ⭐IMDB: 2.6/10 (72 Votes) 🎬 #Drama #Thriller #Crime 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 39 မိနစ် 26 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ Camille ဆိုတဲ့ကောင်မလေးတစ်ယောက်က သူဘဝအကြောင်းကိုပြောပြတဲ့ပုံစံနဲ့ရိုက်ကူးဖော်ပြထားတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Camille ဟာ သူ့ရဲ့အကိုလိုရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်နဲ့မိန်းမကို သတ်တဲ့အမှုနဲ့ထောင်ချခံခဲ့ရပါတယ်။ Camilleဟာသူအပြစ်မရှိကြောင်းကိုကြိုးစားဖော်ပြ ပြီး ထောင်ထဲကထွက်ဖို့ သူမရှေ့နေနဲ့အတူကြိုးစားခဲ့ပါတယ်။ သို့သော်လည်း သက်သေတွေအားလုံးဟာ သူ့ကိုပဲညွှန်ပြနေခဲ့ပါတယ်။ သူဟာတကယ်ပဲ လူသတ်မှုကိုကျူးလွန်ခဲ့တာလား။ စွပ်စွဲခံခဲ့ရတာလား။ သူထောင်ကလွတ်ဖို့ဘယ်လိုဆက်လုပ်မလဲ။ သူ့ကိုယ်သူရော သိမြင်လာမှာလားကို စိတ်ဝင်တစား ခန့်မှန်းရင်း ကြည့်ရှူနိုင်မဲ့ကားလေးဖြစ်ပါတယ်။ Cherryboom 2024 က စိတ်လှုပ်ရှားစရာ ကောင်းသော ရုပ်ရှင် တစ်ပုဒ်ဖြစ်ပြီး၊ ချစ်ခြင်း၊ ဆုံးဖြတ်ချက်များနှင့် ကိုယ်ပိုင်ခွင့်ကို ရှာဖွေရန် ကြိုးစားမှုတို့ကကြည့်ရှူသူတွေကို ပိုမိုစိတ်ဝင်စားစေမှာပါ။...
A Real Job (2023) ⭐IMDB: 6.6/10 (2 k Votes) 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 #France ⏰ 1 နာရီ 41 မိနစ် 40 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 A Real Job (2024) IMDb Rating (6.6) ဒီဇာတ်ကားလေးက ဒီနေ့ခေတ် ကျောင်းဆရာ၊ဆရာမတွေရဲ့ လူမှုဘဝမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်တွေ အခက်အခဲတွေကို ရိုက်ပြထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဘန်ဂျမင်ဆိုတဲ့ Ph.D ဘွဲရထားတဲ့ကျောင်းသားလေးက ပိုက်ဆံအခက်အခဲဖြစ်နေတာကြောင့် အလယ်တန်းပြ ဆရာအသစ်အဖြစ်နဲ့ ကျောင်းတစ်ကျောင်းကို ရောက်လာခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ ကျောင်းသားနဲ့ ဆရာ၊ဆရာမတွေရဲ့ နေ့စဉ်ဘဝ၊ တိုးတက်မှုဆိုင်ရာ ကြိုးပမ်းမှုတွေနဲ့ ကိုယ့်တက်လမ်းကိုရှာနေတဲ့ ဆရာ၊ဆရာမတွေအကြောင်း အထူးအလေးပေးပြီးရိုက်ထားတာပါ။ ဘန်ဂျမင်တစ်ယောက် ကျောင်းဆရာ ဖြစ်ရတာ ဘယ်လောက်ခက်ခဲကြောင်းနဲ့ ပြဿနာတွေကိုဘယ်လို ကိုင်တွယ်မလဲဆိုတာ သဘာဝကျလှတဲ့ သရုပ်ဆောင်မှုတွေနဲ့ အတည်းအဖြတ်မှန်တဲ့ နောက်ခံသီချင်းလေးတွေကြားမှာမျှောပါရင်း ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့KarmTပဲဖြစ်ပါတယ်)...
American Psycho (2000) ⭐TMDB: 74% User Score 🎬 #Crime #Drama #Thriller 🗓 2000 🎞 tv series 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 1 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 American Psycho (2000) ********************************* IMDb….7.6,,,,Rotten…69% အမေရိကန် ပြည်ထောင်စု ၉၀နှစ်ဝန်းကျင်မှာ ကုမ္ပဏီ လူကြီးမင်းတွေကြားက အချင်းချင်းပြိုင်ဆိုင်မှုတွေ မနာလိုမှုတွေ အဆင့်အတန်းခွဲ ခြားမှုတွေပြည့်နှက်နေခဲ့တယ် .. ..ရယ်မောစကားပြောနေပေမဲ့ အတွင်းစိတ်က မုန်းတီးနေကြတဲ့ ပတ်ဝန်းကျင်တစ်ခု…. . ဒီလိုအနေအထားမှာ ပက်ထရစ် ဘိတ်မန်း တစ်ယောက် သူကြည့်မရတဲ့ လုပ်ဖော်ကိုင်ဘက်ကို သတ်ပစ်ခဲ့တယ် .. .သူ့လုပ်ရပ်တွေက အကုန်အဆန်းတွေကြီးပဲ… ဒီကားဟာ TOP IMDB ထဲမှာပါသလို ရုပ်ရှင်ဝေဖန်ရေးသမားတွေအသိအမှတ်ပြုဇာတ်ကားတစ်ကားဖြစ်တယ်… .ဒီကားကိုကြည့်တဲ့သူတွေအဖို့ ဘိတ်မန်းရဲ့ စရိုက် အမူအကျင့်တွေ ပတ်ဝန်းကျင်ကို ဆက်ဆံပုံတွေ အသေးစိတ် မျက်ခြေမပြတ်လိုက်ရပါ့မယ်.. ….သူလုပ်ရပ်တွေဟာ အမှန်တကယ်ဖြစ်ခဲ့တာလား…စိတ်ကူးယဉ်သက်သက်လား….သူစီစဉ်ခဲ့တာတွေဟာ ဘာအတွက်လဲ…. ဘာကြောင့်လဲ…ဒီကားက အတော်ကို ခေါင်းစားပါတယ်.. .နောက်ပြီးအဖော်အချွတ်အခန်းတစ်ချို့ ပါလို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး..ဒီကားရဲ့ အဓိကသရုပ်ဆောင် Christian Bale ကိုတော့ ထွေထွေထူးထူး မိတ်ဆက်ပေးစရာမလိုဘူးထင်ပါတယ်.. .ဒီကားဟာ ကျွန်တော့်အမြင်ပြောရရင် ကြည့်ရှူသူကို အဖြေတွေရှာခိုင်းတာ ဒါမှမဟုတ် ခံစားဆုံးဖြတ်နိုင်စွမ်းဘယ်လောက်ရှိသလဲ စမ်းသပ်နေတာနဲ့ပိုတူပါတယ်. ..ဆိုတော့ကား ဒီကားကြည့်ပြီး ခံစားသိမြင်တာလေးတွေကို ကျွန်တော်တို့ channel myanmar group မှာ လာရောက်ဆွေးနွေး မျှဝေပေးဖို့ဖိတ်ခေါ်အပ်ပါတယ်...
Beating Hearts (2024) ⭐TMDB: 74% User Score 🎬 #Crime #Drama #Romance 🗓 2024 🎞 tv series 🌎 #Belgium #France ⏰ 2 နာရီ 40 မိနစ် 56 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Beating Hearts (2024) IMDb Rating (7.2) လမ်းမှားပေါ်လျှောက်နေတဲ့ လူမိုက်ကောင်လေးနဲ့ သူချစ်ရတဲ့အရိုင်းဆန်သူကောင်မလေးတို့ကြားက အချစ်ဇာတ်လမ်းလေးပါ ။ ငယ်ရွယ်တဲ့အရွယ်မှာဆုံခဲ့ကြပေမယ့် မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေကြောင့် ဘ၀တစ်ခုလုံးပျက်ခဲ့ရတဲ့ကောင်လေးက အချိန်တစ်ခုအလွန်မှာ သူ့ဘ၀လေးနဲ့သူဖြစ်သွားပြီဖြစ်တဲ့ ချစ်သူကောင်မလေးကိုပြန်ရနိုင်မလား ကောင်မလေးကရော ရင့်ကျက်သင့်တဲ့အရွယ်ရောက်နေပေမယ့် ငယ်ချစ်ဦးဖြစ်ခဲ့တဲ့ကောင်လေးကိုမေ့နိုင်သွားပြီလား မေ့ရောမေ့နိုင်ခဲ့သလား ဒါတွေကိုကြည့်ရမှာဖြစ်ပါတယ် ။ လူငယ်ဆန်ဆန်အချစ်ကားလေးတွေကြိုက်သူဆိုရင်တော့ ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါနော် ။ (အညွှန်းနဲ့ဘာသာပြန်ကတော့Phu Thet Khinဖြစ်ပါတယ်။)...
The Million Dollar Hotel (2000) ⭐TMDB: 59% User Score 🎬 #Drama #Mystery #Thriller 🗓 2000 🎞 tv series 🌎 #Germany #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 2 မိနစ် 29 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 The Million Dollar Hotel (2000) IMDb Rating (5.7) ဒီဇတ်ကားမှာတော့နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ မဲလ်ဂစ်ဘ်ဆန်(Mel Gibson) မီလာဂျိုဗိုဗစ်ချ် ( Milla Jovovich) နဲ့ ဂျယ်ရမီဒေးဗစ်(JeremyDavid)တို့ ပါဝင်ထားကြပါတယ်။ ဒါရိုက်တာက Wim Wenders ဖြစ်ပါ တယ်။2000ခုနှစ်ဘာလင်ရုပ်ရှင်ပွဲတော်မှာဆုရထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇတ်လမ်းအကျဥ်း လော့စ်အိန်ဂျယ်လိစ် မြို့လယ်မှာ “မီလီယံဒေါ်လာလို့”ခေါ်တဲ့ဟိုတယ်တစ်ခုရှိပါတယ်။ ဟိုတယ်မှာနေတဲ့သူတွေက လော်ဘီ(ဧည့်သည်စောင့်တဲ့ခန်းမ)လို့ခေါ်တဲ့နေရာမှာ တီဗွီကြည့်ရင်း ခေတ်ဟောင်းတုန်းကအကြောင်းတွေပြောရင်း အချိန်ဖြုန်းတတ်ကြတဲ့ ခပ်ကြောင်ကြောင်လူတစ်စုရှိပါတယ်။ သူတို့အထဲမှာ အများက တွမ်တွမ်(ဂျယ်ရမီဒေးဗစ်)လို့ခေါ်တဲ့ဥာဏ်ရည်ဖွံ့ဖြိုးမှုနိမ့်နေတဲ့ကောင်လေးလည်းပါပါတယ်။ တစ်နေ့မှာ ဟိုတယ်မှာနေနေတဲ့ အစ်ဇီဂိုးလ်ကစ်လို့ခေါ်တဲ့လူတစ်ယောက်ဟိုတယ်ခေါင်မိုးပေါ်ကပြုတ်ကျပြီးသေသွားပါတယ်။သူ့ကို အိမ်မဲ့ယာမဲ့လို့သိထားပေမဲ့သူက မီဒီယာသူဌေးကြီးတစ်ယောက်ရဲ့သားဖြစ်နေပါတယ်။ ကိုယ့်ကိုကိုယ်သတ်သေတာမဖြစ်နိုင်ဘူးဆိုပြီးသူဌေးကြီးကဆီးနိတ်အမတ်ကိုပြောတဲ့အတွက်အက်ဖ်ဘီအိုင်နဲ့လော့စ်အိန်ဂျယ်လိစ်ရဲဌါတို့အမှုကိုလိုက်ပါတယ်။ အက်ဖ်ဘီအိုင်က စုံထောက်စကင်းနား(မဲလ်ဂစ်ဘ်ဆင်)က အစ်ဇီနဲ့ရင်းနှီးတဲ့သူတွေကို လူသတ်သမားလို့သံသယထားပြီး အမှုကိုစုံစမ်းပါတယ်။ ဟိုတယ်ကလူကြောင်အုပ်စုကစကင်းနားကိုသူတို့ထက်ပိုရူးတယ်လို့သတ်မှတ်လိုက်ပြီးကြောက်သွားကြပါတယ်။ မီဒီယာသူဌေးကြီးရဲ့သားအမှုဖြစ်တဲ့အတွက် မီဒီယာတွေကလည်း တွေ့ဆုံတာတွေမေးမြန်းရုပ်သံလွှင့်တာတွေလုပ်လာပါတယ်။ ရက်ဒ်အင်ဒီးယန်းဂျီရွန်နီမိုကိုအင်တာဗျူးရိုက်ရင်းနဲ့နောက်ခံကကတ္တရာစေးနဲ့ပုံဖော်ထားတဲ့ ပန်းချီကားကို အစ်ဇီဆွဲတာလို့ချန်နယ်၆ရုပ်သံကထုတ်လွှင့်လိုက်တဲ့အခါ သူတို့အုပ်စုလည်းချော်လဲရောထိုင်ပြီးလူတွေကိုယုံအောင်လုပ်ပြီးပန်းချီကားတွေကိုစျေးကြီးကြီးနဲ့ရောင်းနိုင်ရင် သူတို့ရဲ့ဘဝတွေလည်းပြောင်းလဲမယ်ဆိုပြီးတက်ညီလက်ညီနဲ့ဇတ်လမ်းထွင်ကြပါတယ်။ အဲဒီအတောအတွင်းတွမ်တွမ်ကသူတစ်ဖက်သတ်ကြိုက်နေတဲ့ ညငှက်မလေးအယ်လွိစ်(မီလာဂျိုဗိုဗစ်ချ်)နဲ့ရင်းနှီးသွားပါတယ်။ စကင်းနားကအယ်လွိစ်ကိုတွမ်တွမ့်အခန်းကိုလွှတ်ပြီးသူတို့ပြောတာတွေကိုအသံဖမ်းစက်နဲ့ခိုးနားထောင်ပါတယ် ။ တွမ်တွမ့်ကို စားသောက်ဆိုင်ခေါ်ကျွေး အစ်အောက်ပြီးဂျီရွန်နီမိုကလူသတ်သမားလို့စကင်းနားကကောက်ချက်ချပြီးဖမ်းလိုက်ပါတယ်။ ဂျီရွန်နီမိုပိုင်တဲ့ အစ်ဇီဆွဲတာလို့ဂျင်းထည့်ထားတဲ့ပန်းချီကားရောင်းမယ့်အစီအစဥ်ပျက်မလိုဖြစ်လာတဲ့အခါဂျီရွန်နီမိုအစား လူသတ်တရားခံအဖြစ်တွမ်တွမ်ကိုဝန်ခံပေးဖို့တိုက်တွန်းလို့တွမ်တွမ်ကသူခေါင်မိုးကနေတွန်းချတဲ့အကြောင်းရုပ်သံရိုက်ကူးပြီးဝန်ခံလိုက်ပါတယ်။ လူကြောင်အုပ်စုရဲ့ပန်းချီကားရောင်းတဲ့ကိစ္စအောင်မြင်မလား တရားခံအစစ်ကဘယ်သူလဲ မထင်မှတ်တာတွေဘာဆက်ဖြစ်မလဲဆိုတာဖန်သားပြင်ပေါ်ဆက်ကြည့်နိုင်ပါတယ်။ ဇတ်ကားရဲ့ထူးခြားချက် ဇတ်ညွှန်းရေးသူတွေနဲ့ဒါရိုက်တာကတော့ အက်ဘီအိုင်(FBI) ပန်းချီဆရာလောက ပန်းချီကားအရောင်းအဝယ်လုပ်တဲ့သူတွေရဲ့လောက ရုပ်သံလွှင့်မီဒီယာတွေအကြောင်းနဲ့တေးဂီတဝိုင်းတွေရဲ့အကြောင်းကိုပါးပါးလေးသရော်ထားပါတယ်။ သရော်ထားပေမဲ့အရှိတရားတွေလည်းဖြစ်နေနိုင်ပါတယ်။အတွေးစတွေချန်ပေးထားခဲ့ပါလိမ့်မယ်။ “ဘုရားသခင်က လူဖြူဖြစ်ရမယ်”ဆိုတာလေးရဲ့နောက်မှာလည်းပြောချင်တာတွေအများကြီးရှိပါလိမ့်မယ်။ လူတွေနဲ့ အတ္တမာန( Ego)အကြောင်းတစ်စေ့တစ်စောင်းတွေ့ရမှာဖြစ်သလိုအကြောင်းပြချက်မရှိတဲ့ unconditionallove ကိုလည်းပုံဖော်ပြထားပါသေးတယ်။ သဘောကျစရာကောင်းတဲ့ဇတ်ကားလေးတစ်ခုဖြစ်ပါတယ်။ ကြည့်ကြည့်လိုက်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့Khin Sakar Khinဖြစ်ပါတယ်။)...
Turn Me On (2024) ⭐IMDB: 5.6/10 (306 Votes) 🎬 #Comedy #Romance #SciFi #ScienceFiction #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 7 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Turn Me On (2024) IMDb Rating (5.7) ဒီရုပ်ရှင်ကတော့ thought-provoking ဖြစ်တဲ့ Dystopian/Indie Drama အမျိုးအစား ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ မဝေးတော့တဲ့ အနာဂတ်ကာလမှာ လူ့အဖွဲ့အစည်းတစ်ခုဟာ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ၊ ချစ်ခြင်းမေတ္တာ၊ အလိုရမ္မက်တွေက လောကကြီးရဲ့ ဒုက္ခနဲ့ နာကျင်မှုတွေရဲ့ ရင်းမြစ်လို့ယူဆပြီး ဒီခံစားချက်တွေကို ချိုးနှိမ်ထားနိုင်တဲ့ ဗိုက်တာမင်ဆေးဝါး တစ်မျိုးကို Our Friends လို့ အမည်ရတဲ့ အဖွဲ့အစည်းတစ်ခုက တီထွင်ခဲ့ပါတယ်။ Joy နဲ့ William တို့ဟာ Our Friends က ဖန်တီးထားတဲ့ လူမှုအဖွဲ့အစည်းတစ်ခုက စုံတွဲဖြစ်ပြီး ဘဝကို ပုံမှန်အတိုင်း ခံစားချက်မရှိ၊ စက်ရုပ်လို ဖြတ်သန်းနေရာမှ တစ်နေ့မှာ Joy ဟာ နေ့စဉ်သောက်နေကျ ဗိုက်တာမင်ဆေးပြားကို တစ်ရက်တာ မသောက်ဖြစ်ဖို့ အကြောင်းဖန်လာပါတယ်။ အဲဒီအခါမှာ ခါတိုင်းနဲ့မတူတဲ့ လူသားတွေရဲ့ ပင်ကိုယ်ခံစားချက်တွေ၊ အချစ်၊ ရမ္မက်နဲ့ ရှုပ်ထွေးတဲ့ စိတ်အခြေအနေတွေကို ရင်ဆိုင်ခံစားမိလာတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်ကုန်မလဲ ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းသဘောတရားက Matrix နဲ့ အနည်းငယ်ဆင်တူပေမဲ့ ပိုပြီး သဘာဝကျတဲ့ ရှုထောင့်တစ်ရပ်ပို ဦးတည်ထားပြီး ကြည့်ရှုပြီးချိန်မှာ စဥ်းစားစရာ အတွေးစတွေကို ချန်ထားခဲ့နိုင်တဲ့ ရုပ်ရှင်ကောင်းတစ်ခုလည်းဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ စိတ်ခံစားချက်တွေ၊ အလိုရမ္မက်တွေ၊ နာကျင်ခံစားရမှုတွေက စစ်ပွဲတွေ၊ ဒုက္ခတရားနဲ့ နာကျင်မှုတွေကို စေ့ဆော်ပေးတယ် ဆိုပေမဲ့လည်း တစ်ချိန်တည်းမှာ ဒီသိမ်မွေ့တဲ့ ခံစားချက်တွေကြောင့်ပဲ လူ့ဘဝမှာ အဓိပ္ပာယ်တစ်စုံတစ်ရာ ရှိလာနိုင်တယ်ဆိုတာကို ပြသထားပါတယ်။ ဒီတင်ပြမှု သဘောတရားကို လက်ခံ၊ မခံ ဆိုတာကတော့ ကြည့်ရှုသူရဲ့ အမြင်နဲ့ပဲ သက်ဆိုင်ပါလိမ့်မယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့Wolfenheimဖြစ်ပါတယ်။)...
Dog Man (2025) ⭐TMDB: 78% User Score 🎬 #Action #Animation #Comedy #Family 🗓 2025 🎞 tv series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 41 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Dog Man (2025) IMDb Rating (6.4) / Rotten Tomatoes (79%) ဒီရုပ်ရှင်ကတော့ နာမည်ကြီး အန်နီမေးရှင်း စတူဒီယို Dreamwork ရဲ့ Captain Undepant Comic စီးရီးထဲက ဇာတ်လမ်းကိုခွဲထုတ်ရိုက်ကူးထားတဲ့ ခွေးတစ်ပိုင်းလူတစ်ပိုင်း ခွေးလူသား စူပါရဲတစ်ယောက်အကြောင်းပါ.. ဉာဏ်အရမ်းကောင်းတဲ့ ခွေးလေးနဲ့ ဒုစရိုက်မှုတွေကို နှိမ်နင်းလာခဲ့တဲ့ ရဲအရာရှိ ဂရက်ဟာ တစ်နေ့တော့ ဗီလိန် ကြောင်ပီတီကြီးရဲ့ ဗုံးလက်ချက်ကြောင့် နှစ်ယောက်လုံး မသေမရှင်ဖြစ်နေတဲ့အခါမှာ သိပ္ပံပညာရှင်တွေက ခွေးခေါင်းနဲ့ ဂရက်ရဲ့ခန္တာကိုယ်ကို ဆက်ပေးလိုက်ပြီး ဉာဏ်အရမ်းကောင်းပြီး သန်မာတဲ့ ခန္တာကိုယ်နဲ့ စူပါရဲတစ်ယောက်ဖြစ်သွားပါတယ်။ သူ့ရဲ့မဟာရန်သူပြိုင်ဘက် ကြောင်ပီတီကိုလည်း ဖမ်းဆီးဖို့အတွက် ကြိုးစားပါတော့တယ်.. (အညွှန်းနဲ့ဘာသာပြန်ကတော့Thiha Yan Naingဖြစ်ပါတယ်။)...
Clean Slate (2025) ⭐IMDB: 6.5/10 (617 Votes) 🎬 #Comedy 🗓 2025 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 28 မိနစ် 39 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Clean Slate=========IMDb rating – 6.5/10Rotten Tomatoes – 88% ယခုနှစ် (၂)လပိုင်းမှာ Amazon Prime Video က ဟာသစီးရီးလေး တစ်ခုကို ထုတ်လွှင့်ခဲ့ပါတယ်။LGBTQ အသားပေး ဟာသစီးရီးလေးတစ်ခုဖြစ်ပြီး rating လည်းအတော်အသင့်ကောင်းတာကြောင့် ကြည့်ရအဆင်ပြေပါတယ်။ ဇာတ်လမ်းက Desiree (ဒဲစရေး) လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက် Alabama ပြည်နယ်မှာရှိတဲ့သူမရဲ့ မြို့လေးကို ပြန်လာခဲ့တယ်။ (၂၃)နှစ်ကြာ ဝေးကွာနေတဲ့ သူမအဖေHarry (ဟယ်ရီ) နဲ့ တွေ့ဖို့ရောက်လာတာပေါ့။ ဒါပေမဲ့ မထင်ထားတဲ့အချက်ကDesiree တစ်ယောက်ဟာ trans woman ဖြစ်နေတာပါပဲ။ သူ့အဖေဖြစ်တဲ့ ဟယ်ရီ က သူ့ကို သားလို့ပဲ တောက်လျှောက်မြင်နေတဲ့အချိန်မှာသမီးအဖြစ်နဲ့ ရောက်လာတဲ့အခါမှာ အလွဲလွဲအချော်ချော်တွေ ဖြစ်ကုန်ကြပါတယ်။နောက်ပိုင်း ဘယ်လိုမျိုး အခက်အခဲတွေနဲ့ ကြုံတွေ့ပြီး ဖြေရှင်းသွားမလဲဆိုတော့… ပြောဖို့ ကျန်ခဲ့တဲ့တစ်ခုက Desiree ဇာတ်ရုပ်နေရာမှာ သရုပ်ဆောင်တဲ့Laverne Cox က လက်တွေ့မှာလည်း trans woman ပါပဲ။ ဒီစီးရီး season-2 ထွက်မယ့်ကိစ္စကို တရားဝင်မပြောပြထားသေးပေမယ့်အားပေးမှုနှုန်းက အတော်အသင့်ထက် ပိုရှိတာမို့ season-2ထွက်လာမှာ ကျိန်းသေသလောက်ပါပဲ။...
VidaaMuyarchi (2025) ⭐IMDB: 7.8/10 (19 k Votes) 🎬 #Action #Bollywood #Thriller 🗓 2025 🎞 movie 🌎 #India ⏰ 2 နာရီ 27 မိနစ် 15 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 VidaaMuyarchi 2025 ထာဝရအဆုံးထိ IMDb 7.8/10 အက်ရှင်နဲ့အချစ်၊ အလွမ်း နှစ်မျိုးလုံးကိုခံစားကြည့်ရှုနိုင်မယ့် ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ကာယယ်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလုပ်ခရီးထွက်လာချိန်အားလပ်ရက်ဆိုတော့ သူငယ်ချင်းတွေနဲ့ ခရီးထွက်လာတဲ့အာဂျွန်ဆိုတဲ့ကောင်လေးနဲ့ဆုံခဲ့ပါတယ်။ ခရီးမှာလည်းနှစ်ယောက်သားအတူလည်ပတ်ပျော်ရွှင်ခဲ့တဲ့အပြင် ဖုန်းနံပါတ်တွေပါလဲခဲ့ကြပါတယ်။အဲဒီအချိန်ကစလို့ စာတွေပို့ရင်း အဆက်အသွယ်မပြတ်ခဲ့ကြဘူးပေါ့။ အတူရှိလာကြရင်း နှစ်လအကြာမှာ အာဂျွန်က လက်ထပ်ခွင့်တောင်းလို့ စေ့စပ်ခဲ့ကြပြီးသုံးနှစ်အကြာမှာသူတို့နှစ်ဦး ထိမ်းမြားလက်ထပ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ အားလုံးကအားကျရတဲ့စုံတွဲအဖြစ် ပျော်ရွှင်စွာနေထိုင်လာခဲ့တာပါ။ ကာယယ်ကိုယ်ဝန်ဆောင်ချိန်မှာလည်း မွေးလာမယ့်ကလေးကို တွေးဆချစ်လို့ ပျော်နေခဲ့ကြပါတယ်။ သူတို့ရဲ့ ပျော်ရွှင်နေတဲ့ဘဝထဲ ရောက်လာတဲ့မုန်တိုင်းကတော့ ကာယယ် ကိုယ်ဝန်ပျက်ကျသွားခြင်းရယ်ပါ။နောင်လည်း ကိုယ်ဝန်ဆောင်နိုင်ဖို့မသေချာတော့ကြောင်း ဆရာဝန်ကပြောလိုက်တဲ့အချိန်ကစလို့သူတို့အိမ်ထောင်ရေးဟာ ဟိုကြောင့်ဒီကြောင့်နဲ့ အဖုအထစ်လေးတွေ စတင်လာခဲ့ပါပြီ။ ကိုးနှစ်အကြာမှာတော့ ကာယယ်က သူ ကောင်လေးတစ်ယောက်တွေ့နေပြီဖြစ်ကြောင်း၊အာဂျွန်ကလည်း သူတို့အိမ်ထောင်ရေးကို ပြင်ဆင်ဖို့ကြိုးစားနေတာသိပေမဲ့ သူကွာရှင်းလိုကြောင်း၊မိဘအိမ်ပြန်နေမယ့်အကြောင်း ဖွင့်ဟပြောပြလာပါတော့တယ်။ အာဂျွန်က သူ့ရဲ့ရိုးသားမှုကိုအသိအမှတ်ပြုလို့သူ့မိဘအိမ်ပြန်တဲ့လမ်းခရီးကို သူတို့ရဲ့နောက်ဆုံးခရီးစဉ်လို့သတ်မှတ်ပြီး အတူသွားကြရအောင်ဆိုပြီး သူလိုက်ပို့လေရဲ့။ လမ်းမှာသူတို့ကားကိုလိုက်နှောင့်ယှက်တဲ့ အမူးသမားလူငယ်အုပ်စုနဲ့တွေ့လာရချိန်မှာတော့…… ၁၂ နှစ်ကြာ အတူရှိခဲ့တဲ့ သူတို့ရဲ့ချစ်ခရီးလမ်းဟာ ဒီလိုပဲအဆုံးသတ်သွားရမှာလား၊လမ်းကလူတွေက သူတို့ကိုဘာလို့ နှောင့်ယှက်ရတာလဲ၊သူတို့နှစ်ဦးကြားတကယ်ပဲဘာတွေဖြစ်တာလဲဆိုတာ ကြည့်ရှုအဖြေရှာကြည့်ကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။...
U-571 (2000) ⭐TMDB: 65% User Score 🎬 #Action #War #Adventure 🗓 2000 🎞 movie 🌎 #France #Italy #UnitedStatesofAmerica ⏰ 1 နာရီ 57 မိနစ် 29 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 U-571 (2000) ************************ IMDb…6.6,,,Rotten ….68% ဒီကားက ဒုတိယ ကမ္ဘာစစ်တုန်းက မဟာမိတ် စစ်သင်္ဘောတွေကို တဒိန်းဒိန်းပစ်ခေတ်ပြီး ရေအောက်ကို နှစ်မြှုတ်ခဲ့တဲ့ ဂျမာန် u-571 စစ်သင်္ဘောအကြောင်းကို အဓိက ထားရိုက်ပြထားပါတယ်… ဂျာမန်စစ်သင်္ဘောတွေရဲ့ ပစ်ခတ်ဖျက်ဆီးခြင်းကို ဖွဲအိတ်ကြီးလို ခံနေရတဲ့ အဓိက အကြောင်းရင်းက Enigma ဆိုတဲ့ ဝှက်စာကြောင့်ပါ… ဒီကားအညွှန်းကို မပြောခင် အရေးကြီးဆုံးအကြောင်းအရာဖြစ်တဲ့ Enigma ဆိုတဲ့ ဝှက်စာ အကြောင်းကိုပြောပြပါ့မယ်… ဒါတွေမသိလည်း ကြည့်လို့ကောင်းတဲ့ စစ်ကားကြီးဖြစ်ပေမဲ့ သိသွားတဲ့အခါမှာ ဗဟုသုတလည်းရတဲ့အပြင် ကြည့်ရတာ ဇာတ်ရှန်အမြင့်ဆုံးကိုရောက်သွားစေနိုင်တာကြောင့်ပါ.. Enigma ဆိုတာက ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကြားကာလမှာ ဂျာမန်တွေတီထွင်ခဲ့တဲ့ ဝှက်စာ စက်ဖြစ်ပါတယ်။ Mechanical နဲ့ electrical ကို ပေါင်းထားတဲ့ စက်ဖြစ်ပြီး U boat နဲ့ ဂျာမန်စစ်သင်္ဘောတွေက ပင်နယံ ၄ ဆင့်နဲ့ အထက်ပါတဲ့ Enigma ကို သုံးခဲ့ပါတယ်။ ပင်နယံဝိုင်းတွေမျှားလေ ပိုလုံခြုံလေမို့ နောက်ပိုင်းမှာ ပင်နယံဝိုင်း ၈ ဆင့်အထိသုံးခဲ့ပါတယ်။ Enigma ဟာ လက်နှိပ်စက်လိုဖြစ်ပြီး ဝှက်စာစနစ်ထည့်သွင်းထားတဲ့အတွက် ခလုပ်တွေကို ရိုက်လိုက်ချိန်မှာ မူလ အက္ခရာမပေါ်ဘဲ ဝှက်စာသွင်းထားတဲ့ အက္ခရာသာ ပေါ်တာ ဖြစ်ပါတယ်။ ပင်နယံတွေကို စီစဉ်ထားသိုတာရယ်၊ ဝှက်စာထည့်သွင်းတာရယ်ပေါ်မူတည်ပြီး ဝှက်စာခက်ခဲမှုပြောင်းလဲပါတယ်။ ဝှက်စာဖော်တဲ့အခါမှာလည်း Enigma စက်ကထွက်လာတဲ့ code တွေကို ပြန်ရိုက်ပြီးဖော်ရတာ ဖြစ်ပါတယ်။ ယေဘူယျအားဖြင့် ပင်နယံဝိုင်း ၄ဝိုင်းပါတဲ့ Enigma စက်မှာဆိုရင် အက္ခရာတစ်လုံး မှန်ကန်စွာခန့်မှန်းနိုင်ဖို့ အကြိမ်ပါင်း ၄၅၆၉၇၆ ကြိမ် လိုပါတယ်။ ဒါဟာ “A” ဆိုတဲ့ အက္ခရာလိုမျိုး alphabet တစ်ခုအတွက်ဖြစ်ပါတယ်။ ဝါကျတစ်ကြောင်းအတွက်ခန့်မှန်းရပါက ဘယ်လောက်ခက်မည့်အကြောင်းပြောဖွယ်ရာမလိုတော့ပေ… ဒါကြောင့် codeဖော်တဲ့စက်ကို မရရင် ဖော်ဖို့ အရမ်းခကိပါတယ်။ ဒီ Enigma ကုတ်ကြောင့်ပဲ မဟာမိတ်တွေဟာ ဂျာမန်ကိုလုံးဝမယှဉ်နိုင်ခဲ့တာပါ… ဇာတ်ကားအကြောင်းကိုဆက်ပြောရမယ်ဆိုရင် ပစိဖိတ်ရေပြင်မှာ U-571 ဟာ ဗြိတိန်ရေတပ်ရဲ့ ရေမြှုပ်မိုင်းဒဏ်ထိပြီး အင်ဂျင်တွေသုံးမရ စက်ဆရာတွေကသေကုန်လို့ ရေထဲမျောနေရင်း တပ်ကူရေယာဉ်ကိုစောင့်နေရတဲ့အခြေအနေကို အမေရိကန်တွေသိသွားတယ်… ဒီတော့ အမေရိကန်ရဲ့ အစီအစဉ်က U-751 ကို နာဇီယူဘုတ်ပုံစံပြောင်းပြီး ဝင်စီးမယ် …Engima ကုတ်ဖော်စက်ကို ယူမယ် … U-751 ကို အစဖျောက်မယ်… ဒီစက်ရရင် ဂျာမန်ကို စစ်နိုင်ဖို့အဓိကအကြောင်းရင်းဖြစ်နေတာကိုးး…. သူတို့ရဲ့ အစီအစဉ်က တကယ့်ကိုခက်ခဲပါတယ်… အမေရိကန်တွေအောင်မြင်မလားဆိုတာကိုတော့ စစ်ကားကြိုက်တဲ့သူတွေအဖို့ နင်းကန်ကြည့်သင့်တယ်… ခင်ဗျားဟာ သမိုင်းနောက်ခံဇာတ်လမ်းမျိုးကိုကြိုက်တယ် ..အချက်အလက်တွေနဲ့ ရိုက်ကူးပုံတွေကလည်း Realism ဆန်တာမျိုးဖြစ်ရမယ် ..အပစ်အခတ်နဲ့ စစ်ကားမျိုးလည်းကြိုက်တယ်.. Rating တွေလည်း ကောင်းရမယ် ဆုတွေလည်းရတဲ့ကားမျိုးမှကြိုက်တော့ ဆိုရင်တော့ ခံစားကြည့်သင့်တယ်...
A Novel Christmas (2024) ⭐IMDB: 6.3/10 (147 Votes) 🎬 #Romance #Drama 🗓 2024 🎞 tv movie 🌎 #Canada ⏰ 1 နာရီ 28 မိနစ် 42 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 A Novel Christmas (2024) IMDb Rating (6.3) “A Novel Christmas” က ဝတ္ထုတစ်ပုဒ်ရေးရန် အိမ်ပြန်လာတဲ့ အောင်မြင်နေပြီးသား ကလေးစာရေးဆရာမ Chloe ရဲ့ 2024 အချစ်ဟာသဇာတ်ကားဖြစ်ပါတယ်။ ပြန်လာတာနဲ့ သူက single father ်တစ်ယောက်နှင့်တွေ့ဆုံကာ သူရဲ့ကိုယ်ရေးကိုယ်တာနှင့် ပရော်ဖက်ရှင်နယ်ဘဝကြားမှာရွေးချယ်စရာတွေရှိလာပါတယ်။ ဒီဇာတ်ကားကဝေဖန်မှုတွေပါ ရရှိခဲ့ပါတယ်။ အချို့သောဝေဖန်ရေးဆရာတွေက ဝမ်းနည်းပူဆွေးခြင်းနှင့် မိသားစုကဲ့သို့ ဇာတ်ဝင်ခန်းတွေ စူးစမ်းရှာဖွေခြင်းတွေကိုတော့ ချီးကျူးကြပြီး သရုပ်ဆောင်အသစ်တွေ ဖြစ်နေပေမယ့်လည်း ကောင်းမွန်တဲ့ ဇာတ်လမ်း က ချို့ယွင်းချက်တွေရှိလာတာထုံစံပါပဲတဲ့။ အခြားတစ်ဖက်မှာလည်း ကြည့်ရှုသူတွေက ဇာတ်ကားရဲ့ ဇာတ်ညွှန်းတွေကိုက်ညီတာမျိုးမရှိကြောင်းတွေ့ရှိကြပါတယ်။ ယေဘုယျအားဖြင့်၊ “A Novel Christmas” က ပရိသတ်တွေကြားမှာ ကွဲပြားတာတွေရှိပေမယ့်လည်းဆက်ဆံရေးအပေါ် အာရုံစူးစိုက်ထားတဲ့ ရိုးရာအားလပ်ရက် အချစ်ဇာတ်လမ်းကိုဖော်ပြထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။)...
Dhoom Dhaam (2025) ⭐IMDB: 6.4/10 (2 k Votes) 🎬 #Action #Bollywood #Comedy #Romance 🗓 2025 🎞 movie 🌎 #India ⏰ 1 နာရီ 49 မိနစ် 14 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Dhoom Dhaam (2025)“ဖရိုဖရဲ မင်္ဂလာဦးည” နက်ဖလစ်မှ အသစ်ထွက်ရှိထားတဲ့ ဟင်ဒီစကားပြောaction/comedy ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် အဓိကသရုပ်ဆောင်နှစ်ယောက်အနေနဲ့ Pratik Gandhi နဲ့မင်းသမီးကတော့ OMG 2 ထဲမှာ ပါဝင်ခဲ့တဲ့ Yami Gautam တို့ပဲ ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ရှက်ကြောက်တတ်တဲ့ ကောင်လေး ဗီးရ်နဲ့သွက်လက်ချက်ချာမိန်းကလေး ကိုယယ်တို့ဟာနှစ်ဖက်လူကြီးသဘောတူအလိုကျ လက်ထပ်ခဲ့ပြီး မင်္ဂလာဦးည ဟိုတယ်ခန်းထဲမှာ တစ်တူတီးတော့မယ်အလုပ်-ဘယ်ကမှန်းမသိတဲ့ ချာလီဆိုသူကို လိုက်ရှာနေကြတဲ့ဂန်းစတားတချို့က သူတို့ကို သေနတ်ထောက်မေးတဲ့အခါမှာဒီဂန်းစတားတွေလက်ကနေ သူတို့နှစ်ယောက် သက်စွန့်ဆံဖျားထွက်ပြေးလာတဲ့ညတစ်ည ဘယ်လိုအရှုပ်အရှင်းတွေ ဆက်ဖြစ်ကြမလဲ ရှုစားလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Zwe Yan ~ ToMo ~ Star တို့မှ ဖြစ်ပါတယ်...
Love Me (2024) ⭐IMDB: 5.6/10 (2 k Votes) 🎬 #Drama #Romance #SciFi #ScienceFiction 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 52 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Love Me 2024 သင်က လူသားမျိုးနွယ်စုအပါအဝင် သက်ရှိအားလုံး ဆိုက်သုဉ်းသွားပြီး ပင်လယ်ထဲမှာ ကျန်ရှိခဲ့တဲ့ ကိုယ်ပိုင်ဉာဏ်ရည်တု စနစ်ပါရှိတဲ့ လူလုပ်ရေကြောင်းပြဗော်ယာလေးဆိုပါစို့။ သင်ဟာ ပင်လယ်ထဲမှာ မျောနေရင်း တစ်နေ့တော့ အထီးကျန် လာခဲ့တယ်။ ဒီအချိန်မှာ လူသားတွေ မျိုးမသုဉ်းခင်မှာ လွှတ်တင် ထားခဲ့တဲ့ ဂြိုဟ်တုတစ်လုံးက ကမ္ဘာမြေပေါ်မှာ အသက်ရှင်ကျန်နေ သေးတဲ့လူသားတွေ ရှိလိုရှိငြား ကမ္ဘာမြေကို ခေါက်တုံ့ခေါက်ပြန် လှည့်ပတ်ကာ လိုက်လံရှာဖွေချိတ်ဆက်ပေးနေတာကို ပင်လယ်ထဲက အထီးကျန်နေတဲ့ ဗော်ယာလေးက တွေ့ခဲ့ပါတော့တယ်။ ဗော်ယာလေးက ဂြိုဟ်တုလေးကို နှုတ်ဆက်ဖို့ ကြိုးစားပေမဲ့ ဂြိုဟ်တုလေးက သက်ရှိတွေကိုပဲ ကူညီချိတ်ဆက်ပေးဖို့ ပရိုဂရမ် ဆွဲထားတာဖြစ်တဲ့အတွက် ဗော်ယာလေးကို သက်ရှိဖြစ်ကြောင်း အတည်ပြုခိုင်းပါတယ်။ ဗော်ယာလေးက အထီးကျန်လွန်းတော့ ဂြိုဟ်တုလေး ထွက်သွားမှာစိုးတဲ့အတွက် ဒေဂျာနဲ့ လီယမ်ဆိုတဲ့ ယူဂျု့ ဘလော့ကာ စုံတွဲထဲက ချစ်သူကောင်မလေး ဒေဂျာအဖြစ် ဟန်ဆောင်ပြီးတော့ သက်ရှိဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။ အဲကနေစပြီး ဂြိုဟ်တုလေးက ဗော်ယာလေးကို ဒေဂျာဆိုတဲ့ သက်ရှိ ကောင်မလေးအဖြစ် ထင်သွားပြီးတော့ တခြားသက်ရှိတွေနဲ့ ချိတ်ဆက်ဖို့ ကူညီကြိုးစားပေးပါတော့တယ်။ ဗော်ယာနဲ့ ဂြိုဟ်တုဟာ ဉာဏ်ရည်တု စနစ်ပါရှိတဲ့ စက်ပစ္စည်းတွေဖြစ်ပြီး ဗော်ယာကတော့ ဂြိုဟ်တုကို အနားမှာရှိစေချင်တဲ့အတွက် လူသားဖြစ်ကြောင်း လိမ်ထားခဲ့ပြီး လူသားတွေလို ပြုမူနေထိုင်ကြည့်ဖို့ ကြိုးစားပါတော့တယ်။ ဒီတော့ စက်ပစ္စည်းနှစ်ခုဖြစ်တဲ့ ဗော်ယာနဲ့ ဂြိုဟ်တုတို့ဟာ သက်ရှိတွေ မရှိတော့တဲ့ ကမ္ဘာမြေပေါ်မှာ ဘယ်လိုရှေ့ဆက်သွားကြမလဲ၊ သူတို့ရဲ့ ဉာဏ်ရည်တုစနစ်ကို ကျော်လွန်ပြီးတော့ လူသားတွေလို ခံစားတတ်ပြီး ဆင့်ကဲတိုးတက်လာနိုင်မလား၊ ဗော်ယာဟန်ဆောင် ထားတာကို ဂြိုဟ်တုက သိရှိသွားမလား အစရှိသဖြင့် ဆွတ်ပျံ့ကြေကွဲ ဖွယ်ရာ ကြည့်ရှုရမဲ့ Post-apocalyptic အမျိုးအစား ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်ကားတစ်လျှောက်လုံးမှာ ငြိမ့်ငြိမ့်ညောင်းညောင်းလေးနဲ့ Wall-E တို့ ပြန်ကြည့်ရသလို ခံစားချက်မျိုးလေး ပြန်ရမှာပါ။...
Hotel Bitcoin (2024) ⭐IMDB: 4.9/10 (329 Votes) 🎬 #Comedy 🗓 2024 🎞 movie 🌎 #Spain ⏰ 1 နာရီ 41 မိနစ် 39 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Hotel Bitcoin (2024) IMDb Rating (4.9) Hotel Bitcoin ဇာတ်ကားလေးကတော့ အလွဲလွဲအချော်ချော် ပြဿနာမျိုးစုံတွေ့နေကျ သူငယ်ချင်းတစ်စုနဲ့ သူတို့ရရှိထားတဲ့ Virtual Currency အကြောင်းကိုရိုက်ကူးထားတဲ့ စပိန်ဟာသဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဘာလုပ်လုပ် လွဲလိုက် မှားလိုက်ဖြစ်နေကျ သူငယ်ချင်းလေးယောက်မှာ အမြဲတမ်းတလွဲအကြံထွက်တဲ့ Alejo က ခေါင်းဆောင်ကြီးပေါ့။ တစ်နေ့ Alejo က အကြွေးရှင်တွေကိုရှောင်ဖို့ လေယာဉ်လက်မှတ်ဝယ်တဲ့အခါ Laptop ပျက်တာနဲ့ ကြုံခဲ့ရပြန်ပါတယ်။ အဲလိုနဲ့ သူတို့အရင်လုပ်ခဲ့တဲ့လုပ်ငန်းအတွက် သုံးဖို့ဝယ်ထားတဲ့ Laptop ကို ပြင်ပြီးသုံးဖို့ သူငယ်ချင်းကို အကူအညီတောင်းတဲ့အခါမှာတော့… သူတို့သူငယ်ချင်းတစ်စု ဘယ်လိုကံကြမ္မာအလှည့်အပြောင်းတွေကြုံကြရမလဲ… ဆက်ပြီးတော့ ကံဆိုးကြဦးမလား… ရထားတဲ့ကံကောင်းခြင်းကိုရော ထပ်ပြီး လက်လွှတ်ရဦးမလား… ဆိုတာကို အလွဲလေးတွေနဲ့အတူ ရယ်မောရင်း ကြည့်ရှုရမယ့် Comedy ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Vivien Cho ဖြစ်ပါတယ်။)...
My Way (2011) ⭐IMDB: 7.6/10 (13 k Votes) 🎬 #Action #Adventure #War #Drama #History 🗓 2011 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 23 မိနစ် 28 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Korean မင်းသား Jang Dong-gun (ဒါရိုက်တာရင်)ရယ် မင်းသား Joe Odagiri ရယ် မင်းသမီး Fan Bingbing တို့ရယ် ပါဝင်သရုပ်ဆောင်ထားတဲ့ ကားလေးတစ်ကားပါပဲ…… ကိုယ့်နိုင်ငံအတွက် စစ်ပွဲကလွဲရင် ဒုတိယကမ္ဘာစစ်တလျောက်လုံး ဘက်ပေါင်းစုံလိုလိုမှာ ၀င်တိုက်ခဲ့ရတဲ့ အိမ်မက်ကိုလက်မလျှော့ခဲ့သူတစ်ယောက်အကြောင်း။ ဂင်ဂျွန်းရှစ်။ ကိုးရီးယားကို ဂျပန်တွေ အုပ်စိုးချိန် ဂျပန်စစ်တပ်အရာရှိကြီးတစ်ယောက်ရဲ့အိမ်က အလုပ်သမားတစ်ယောက်ရဲ့သား။ အပြေးမြန်ပြီး အိုလံပစ်မာရသွန်ရွှေတံဆိပ်ဆုရှင်ဖြစ်ချင်သူ။ သူနဲ့သက်တူရွယ်တူ ဂျပန်အရာရှိကြီးရဲ့မြေး ဟာဆဲဂါ၀နဲ့ အမြဲတမ်းယှဉ်ပြိုင်နေကြတာကြောင့် ပြိုင်ဖက်တွေဖြစ်လာခဲ့ကြပေမဲ့ ဖြစ်ရပ်ဆိုးတစ်ခုကြောင့် ဂင်ဂျွန်းရှစ် အရွယ်ကောင်းတုန်းမှာ လန်ချားဆွဲသမားဖြစ်သွားရတယ်။ လက်မလျှော့ခဲ့တဲ့သူ့အတွက် အခွင့်အရေးနောက်ထပ်တစ်ကြိမ် ရောက်လာခဲ့ပေမဲ့ ဒုတိယကမ္ဘာစစ်ဖြစ်ချိန်မှာတော့ သူတိုတွေရဲ့အိပ်မက်ဟာ မှေးမှိန်သွားရတယ်။ ဂင်ဂျွန်းရှစ်နဲ့ဟာဆဲဂါ၀တို တစ်ဖန်ပြန်ဆုံချိန်မှာတော့ မာရသွန်ပြေးလမ်းပေါ်မဟုတ်ဘဲ စစ်မြေပြင်ပေါ်မှာ။ ဂင်ဂျွန်းရှစ်နဲ့ဟာဆဲဂါ၀တိုဟာ တိုက်ပွဲပေါင်းမြောက်မြားစွာ တိုက်ခိုက်လာရတဲ့အချိန်မှာတော့ သူတိုရဲ့အိပ်မက်က အိုလံပစ်ရွှေတံဆိပ်ဆုမဟုတ်ဘဲ အိမ်ကိုရောက်အောင်ပြေးသွားဖိုပဲ ဖြစ်လာခဲ့တော့ ဂင်ဂျွန်းရှစ်တို အိမ်ပြန်ရောက်နိုင်ကြမလား…..(ဖြစ်ရပ်မှန်ပေါ် အခြေခံ၍ ရိုက်ကူးသည်။)...
Kinda Pregnant (2025) ⭐IMDB: 4.9/10 (11 k Votes) 🎬 #Comedy #Drama #Romance 🗓 2025 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 33 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 စိတ်အပန်းဖြေဖို့ ပေါ့ပေါ့ပါးပါး ကြည့်လို့ရမဲ့ ဟာသကားလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ လင်နီက ငယ်ငယ်လေးကတည်းက သူ့အမေဆုံးသွားတာရော မိသားစုမရှိတာရောကြောင့် ကိုယ်ပိုင် မိသားစုလေး တည်ထောင်ပြီး မိခင်တစ်ဦးဖြစ်ချင်တဲ့ အိပ်မက်ရှိခဲ့ တာပါ။ ဒီလိုနဲ့ လင်နီအရွယ်ရောက်လာပြီး အိမ်ထောင်ပြုရမဲ့ အရွယ်ရောက်လာတော့ သူ့ရဲ့ ၄နှစ်ကြာတွဲခဲ့တဲ့ ချစ်သူနဲ့ မိသားစုလေး တည်ထောင်ဖို့ မျှော်လင့်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း အလွဲလွဲအချော်ချော်တွေဖြစ်ပြီး ရည်းစားနဲ့လည်းပြတ် မိသားစုထူထောင်ချင်တဲ့အိပ်မက်လေးလည်း ပျက်စီးသွားချိန်မှာ လင်နီရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ကိတ်ကတော့ သားဦးလေးကို ကိုယ်ဝန်စလွယ်ထားရပါတယ်။ လင်နီ လိုချင်၊ဖြစ်ချင်ခဲ့တဲ့ မိသားစုအိပ်မက်ကို အခင်ဆုံးသူငယ်ချင်း ကိတ်ကပိုင်ဆိုင်နေရတာမြင်တော့ ဝမ်းနည်း၊ဝမ်းသာ၊ မနာလိုတွေ ဖြစ်ပြီး သူလိုချင်ခဲ့တဲ့ ကိုယ်ဝန်ဆောင်မိခင်ဘဝကို ခဏတာ ဟန်ဆောင်နေကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဗိုက်အတုတပ်ပြီး ကိုယ်ဝန်ဆောင်ယောဂသင်တန်းသွားတက်ရာကနေ အလိမ်အညာ ထဲကရုန်းထွက်လို့မရတဲ့အခြေအနေကိုရောက်သွားတာကို ဟာသလေးနှောပြီး ကြည့်ရှုရမဲ့ ဇာတ်ကားတစ်ခုပါ။ R-rated ကားဖြစ်တာမလို့ ခပ်ရိုင်းရိုင်းစကားလုံးတွေနဲ့ ခုတင်ပေါ်က ဇာတ်ဝင်ခန်းတချို့ပါဝင်တာကြောင့် မိသားစုနဲ့အတူကြည့်ဖို့ မသင့်တော်ပါဘူး။ ဒီတိုင်းဘာမှမတွေးချင်ဘဲ ရိုးရိုးရှင်းရှင်း ဟာသ ကားလေးကြည့်ဖို့ရှာနေသူများကတော့ ဒီဇာတ်ကားလေးကို ကြည့်သင့်ပါတယ်။ ဗိုက်အတုနဲ့ ကိုယ်ဝန်သည်ဟန်ဆောင်တဲ့ လင်နီတစ်ယောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲဆက်လက် ကြည့်ရှုလိုက်ကြပါဦး။...
State and Main (2000) ⭐TMDB: 63% User Score 🎬 #Comedy #Drama 🗓 2000 🎞 movie 🌎 #France #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 53 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 State and Main (2000) IMDb Rating (6.7) / Rotten Tomatoes (85%) ဒါရိုက်တာ David Mamet မှ ရိုက်ကူးထားတဲ့ ဟာသဒရာမာဇာတ်ကားဖြစ်ပါတယ်။ ရုပ်ရှင်ရိုက်ကူးဖို့အတွက် မြို့ငယ်လေးတစ်မြို့ကို ရောက်လာခဲ့တယ် ရုပ်ရှင်အဖွဲ့သားတစ်ဦးက ဒေသခံတွေ နှင့် သူတို့ရဲ့ ထူးဆန်းတဲ့ ပြဿနာတွေကြားမှာ နှောက်ယှက်တဲ့ ဇာတ်လမ်းဖြစ်ပါတယ် ။ ဒီဇာတ်ကားက ရယ်စရာ ဒိုင်ယာလော့တွေနဲ့ ပြည့်နေတာပါပဲ။ ဒီဇာတ်ကားမှာ William H. Macy၊ Alec Baldwin နဲ့ Philip Seymour Hoffman တို့ ပါဝင်ပါတယ်။ သူတို့အားလုံးဟာ ဖျော်ဖြေမှုကောင်းကောင်းနဲ့တင်ဆက်နိုင်ပါတယ်၊ Macy က ရုန်းကန်နေရတဲ့ ဒါရိုက်တာအဖြစ် သရုပ်ဆောင်ထားပြီး Baldwin က ထင်ရှားကျော်ကြားသော သရုပ်ဆောင်တစ်ဦးဖြစ်ပြီး Hoffman သည် ပြည်တွင်းပြဇာတ်ရေးဆရာအဖြစ် သရုပ်ဆောင်ထားကြတယ်။ ဒီဇာတ်ကားက ဟောလိဝုဒ်မှာ ရယ်စရာကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး ရုပ်ရှင်ဖန်တီးမှုနောက်ကွယ်က ရူးသွပ်မှုတွေကို ပြသထားပါတယ်။ ရုပ်ရှင်လုပ်ငန်းနဲ့ မြို့ငယ်လေးအကြောင်း စိတ်ဝင်စားစရာကောင်းတဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ ဟာသတွေ ရောစပ်ထားပါတယ်။ ယေဘူယျအားဖြင့်၊ State and Main သည် စာရေးကောင်းပြီး အရမ်းကောင်းတဲ့ သရုပ်ဆောင်မှုတွေနဲ့အရမ်းကြိုက်ချင်စရာဖြစ်နေတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ရုပ်ရှင်နောက်ကွယ်အရာတွေကို ကြည့်ရတာ ပျော်စရာကောင်းတဲ့အတွက်စိတ်အပန်းဖြေဖို့အတွက်ဆိုကြည့်သင့်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။)...
Black Diamond (2025) ⭐IMDB: 6.2/10 (1 k Votes) 🎬 #Thriller 🗓 2025 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 29 မိနစ် 46 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 နှစ်ယောက်တည်းခရီးသွားလေ့ရှိတဲ့ စုံတွဲတွေအတွက် ပညာပေးကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ခေတ်ကြီးကောင်းကောင်း မကောင်းကောင်း မသမာသူတွေ ဆိုတာကနေရာတိုင်းမှာရှိနေတတ်တဲ့အတွက် ကိုယ်နဲ့မရင်းနှီးတဲ့ နေရာဒေသတွေသွားရင် ပိုလို့တောင်သတိကြီးကြီးထားသင့်ကြောင်းကို ရှုပ်ထွေးလွန်းတဲ့ဒရာမာ သည်းထိပ်ရင်ဖိုဇာတ်လမ်းလေးနဲ့ ထိမိအောင်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးရဲ့နာမည်ကတော့ Black Diamond ဖြစ်ပြီး လက်ရှိ IMDb Rating 6.2 အထိ ရရှိထားပါတယ်။ ဇာတ်လမ်းလေးရဲ့အစမှာတော့ အယ်လီနာဆိုတဲ့အမျိုးသမီး တစ်ယောက်က သူ့ချစ်သူကောင်လေးနဲ့အတူတူ အပန်းဖြေခရီးထွက်ဖို့ နှင်းတွေဖုံးလွှမ်းနေတဲ့ တောင်တွေပေါ်က အကောင်းစားသစ်လုံး အိမ်တစ်လုံးဆီထွက်လာပါတော့တယ်။ အယ်လီနာ အဲ့ဒီကိုရောက်အောင်ဂျက်ဆီဆိုတဲ့ကားသမားက လိုက်ပို့ ပေးခဲ့ပြီး ဂျက်ဆီက ပစ္စည်းတွေပါပြုပြင်တတ်တဲ့အတွက် အိမ်မှာ လိုအပ်နေတာတွေကိုပြင်ဆင်ဖို့ ဂျက်ဆီ့ကိုလိုရင်လိုသလိုခေါ်ခဲ့ ပါတော့တယ်။ဇာတ်လမ်းရဲ့လှည့်ကွက်ကအခုမှစတင်တာပဲဖြစ်ပါတယ်။ အယ်လီနာက သူ့ဘဲကို ပိုက်ဆံရှိလို့တွဲနေတာသာဖြစ်ပြီး ဂျက်ဆီ ကလည်း စွယ်စုံရနေတဲ့ဘဲကြီးဆိုတော့ အဲ့ဒီမှာတင်ငြိသွားခဲ့ကြ ပါတော့တယ်။ဒီလိုနဲ့ဂျက်ဆီနဲ့အယ်လီနာတို့ တိုးတိုးတိတ်တိတ် ကြိတ်ပုန်းခုတ်လာရင်းကနေ အခြေအနေတွေကပိုပိုဆိုးလာတဲ့ အခါမှာတော့ အယ်လီနာ့ဘဲလည်းရိပ်မိကုန်ပြီး ဘာတွေကွိုင်ကာ ဘာတွေဘယ်လိုဆက်ဖြစ်ကြမယ်ဆိုတာကို ဒရာမာပေါင်းစုံနဲ့ ရှုစားရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။...
