ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

قناة بسيطة

🚩 Channel was restricted by Telegram

إظهار المزيد
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Man of Tai Chi (2013) ⭐IMDB: 6.0/10 (40 k Votes) 🎬 #Action #Drama 🗓️ 2013 🎞️ Movie 📺 1080p 🌎 #UnitedStates #China #HongKong #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 8 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကျွန်တော်တို့ရဲ့ ကိုကျော်ဝင်းတစ်ယောက် John Wick မလုပ်ခင် တရုတ်ပြည်မှာ ကောင်လေးတွေ မွေးမွေးပြီး စားတဲ့အကြောင်းပါ။ နောက်နေတာပါ ဒီသိုင်းကားကဆိုရင် မင်းသား ကီနူးရိဗ်တစ်ယောက် သူ့ရဲ့ Matrix ဇာတ်ကားထဲက ကွန်ဖူးဆရာကို မြေတောင်မြှောက်ပေးတဲ့ကားဆိုရင် မမှားပါဘူး ဘာလို့လဲဆိုတော့ သူကိုယ်တိုင် ဒါရိုက်တာလုပ်ထားတာ ဖြစ်ပြီး သူကိုယ်တိုင် ဗီလိန်အဖြစ် ပါထားလို့ပဲ ဖြစ်ပါတယ်။ တခြားနာမည်ကြီး တရုတ်သရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါသေးတယ်။ ဇာတ်လမ်းက အဓိက အခြေခံထားတာကတော့ ကျွန်တော်တို့ ထိုက်ချိသိုင်းအကြောင်းပဲ ဖြစ်ပါတယ် သူကပြောရမယ်ဆို ရေနဲ့မီး အလင်းနဲ့အမှောင် စတဲ့ဆန့်ကျင်ဖက်တွေ အတူတည်ရှိနေသလိုမျိုး မာကျောတဲ့အရာကို ပျော့ပျောင်းမှုနဲ့ သိမ်းသွင်းတဲ့ ကိုယ်ခံပညာတစ်ခုပါ (နာမည်ကြီးဆို မင်းသားကြီး ဂျက်လီချတာတွေ ရှိပါမယ်)။ ဇာတ်လမ်းအကျဉ်းကတော့ ကိုကျော်ဝင်းဟာ ဟောင်ကောင်မှာ လုံခြုံရေးကုမ္ပဏီ ဟန်ပြလုပ်ပြီး မြေအောက်တိုက်ခိုက်ပွဲတွေ ကျင်းပနေတဲ့လူတစ်ဦး၊ တစ်နေ့ သူ့ဖိုက်တာကောင် အားမရလို့ သတ်ပစ်ပြီး လူသစ်ရှာနေတဲ့အချိန်ပေါ့။ မင်းသား တိုက်ဂါးဆိုတာကျ ထိုက်ချိပညာအမွေယူနေတဲ့ လူတစ်ယောက် လမ်းကြောင်းမှန်မရောက်သေးပဲ ကြိုးစားနေရဆဲပေါ့။ တစ်ဖက်မှာလည်း ကိုကျော်ဝင်းကို ဖမ်းချင်နေကြတဲ့ ရဲမေတစ်သိုက်တို့က ရှိကြပါသေးတယ်။ တစ်ရက်ကျ တိုက်ဂါးအရည်အချင်းတွေကို ကိုကျော်ဝင်း သဘောကျပြီး သူ့ဖိုက်တာလုပ်ဖို့ ဖိတ်ခေါ်ပါတယ် ဒါပေမဲ့ ကိုယ်ခံပညာဟာ ပိုက်ဆံရှာစရာမဟုတ်ဘူးဆိုပြီး ငြင်းခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့ဆရာနေတဲ့ ဘုရားကျောင်းအတွက် ပိုက်ဆံတွေ အများကြီး လိုအပ်လာတဲ့အချိန်မှာတော့ တိုက်ဂါးတစ်ယောက်…. ဒီလောကထဲ ဝင်ရောက်ပြီး ဘာတွေဆက်ဖြစ်မလဲ ကိုကျော်ဝင်းရဲ့ ရည်ရွယ်ချက်အမှန်ကရော ဘာလဲ ဘယ်လိုတွေ အဆုံးသတ်မလဲဆိုတာ သိုင်းတွေအမိုက်ချတာကြည့်ပြီး တရုတ်မလေးတွေ ငမ်းရမှာပါ။ (ရဲမေမဟုတ်တဲ့ တရုတ်မင်းသမီးလေးဆို အတော်ချောပါတယ် မင်းသားနဲ့တောင် သိပ်မတန်ချင်ပါဘူး ကြည့်ရတာ တန်စေရပါမယ် ဒါက စကားချပ်…)

Green Street Hooligans (2005) ⭐IMDB: 7.4/10 (155 k Votes) 🎬 #Crime #Drama #Sport #War 🗓️ 2005 🎞️ Movie 📺 1080p 🌎 #UnitedKingdom #UnitedStates ⏰ 1 နာရီ 48 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Imdb 7.4/10 rotten tomatoes 46% ဒီဇာတ်ကားက‌တော့ ၂၀၀၅ ခုနှစ်မှာထွက်ရှိခဲ့တာဖြစ်ပြီးတော့  crime drama sport ဇာတ်ကားလေတစ်မျိုးပဲဖြစ်ပါတယ် Lord of the ring ဇာတ်လမ်းထဲကနာမည်ကြီး မင်းသားElijah Woodက အဓိကသရုပ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအသွားကတော့ အမေရိကန် သတင်းထောက်ပညာ ကျောင်းသား မတ်ဘက်ခ်နာကသူ့အစ်မမိသားစုရှိရာ လန်ဒန်ကိုပြောင်းလာခဲ့တယ်။ အဲ့ မှာ သူကဘောလုံးပရိသတ်လူရမ်းကားဖြစ်တြံ ပိထ်ဒန်ဟန်နဲ့တွေ့ပြီးတော့ ပိထ်က သူ့ရဲ့ ဘောလုံးပွဲမတိုင်ခင်နဲ့ ဘောလုံးပွဲပြီးတိုင်း ပရိတ်သတ်တွေရန်ဖြစ်ကြတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ကမ္ဘာထဲကိုဆွဲခေါ်ခဲ့တယ်။ဒါပေမယ့် ပိထ်ရဲ့ ညာလက်ရုံး ဘော့ဗာက မတ်မယုံသင်္ကာဖြစ်ပြီးတော့ ပိထ်တို့ရဲ့အဖွဲ့နဲ့ နှစ်ပေါင်းများစွာ ရန်ကြွေးရှိနေတဲ့တခြားအဖွဲ့ ကို ပြန်ပြီးရန်ထောင်ပေးလိုက်ရာကနေပြီးတော့ ဖြစ်ပေါ်လာတာတွေကို စိတ်လှုပ်ရှားဖွယ်ကြည့်ရမယ့်ဇာတ်ကားပဲဖြစ်ပါတယ်။ သင်ဟာ အက်ရှင် ဇာတ်ကားတွေကြည့်တတ်တဲ့လူဆိုရင်တော့ဒီဇာတ်ကားကိုကြည့်ဖို့ညွှန်းပါရ‌စေ

Anglerfish (2022) ⭐IMDB: 3.9/10 (72 Votes) 🎬 #Horror #Western 🗓️ 2022 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 59 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Anglerfish (2023)============= ခရစ်ယာန်သမ္မာကျမ်းစာအရ ၁၉၀၆ ခုနှစ်က ကမ္ဘာပျက်ကိန်းရှိတဲ့နှစ်ပါ။ ကမ္ဘာပျက်တော့မှာမို့ တိရစ္ဆာန်တွေ စတင်ပျက်စီးလာကြပြီး အဆက်မပြတ်သေဆုံးမှုတွေ ဖြစ်လာခဲ့ပါတယ်။အဲဒီအချိန် လူသူမရှိတဲ့တောထဲမှာ ထူးဆန်းတဲ့ လင်မယားနှစ်ယောက် နေထိုင်နေကြပါတယ်။ တစ်ရက်မှာတော့ ဇနီးဖြစ်သူက လမ်းလျှောက်ထွက်လာရင်း မြစ်ကမ်းနံဘေးမှာအလောင်းတစ်လောင်းကို မြှုပ်နေတဲ့ အမျိုးသမီးတစ်ဦးနဲ့တွေ့မိခဲ့တယ်။ အဆိုပါ အမျိုးသမီးမြှုပ်နေတဲ့အလောင်းက ယောက်ျားဖြစ်သူရဲ့အလောင်းဖြစ်ပြီး ဒီနေရာကနေ ထွက်သွားဖို့ပဲ တတွတ်တွတ်ဆိုလာခဲ့ပါတော့တယ်။ သူတို့တွေ ကမ္ဘာသစ်ဆီ ရောက်သွားနိုင်မလား၊ ပျက်စီးတော့မဲ့ကမ္ဘာထဲမှာပဲ ပိတ်မိနေခဲ့မလားဆိုတာကတော့…….. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့May Thet Khine Soe ဖြစ်ပါတယ်)

The Kindred (2021) ⭐IMDB: 4.7/10 (612 Votes) 🎬 #Mystery #Thriller #Horror 🗓️ 2021 🎞️ Movie 📺 1080p 🌎 #UnitedKingdom ⏰ 1 နာရီ 34 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Kindred (2021)=============== ဟယ်လင် တာလစ်တ်ဟာ အက်ဆီးဒင့်တစ်ခုကြောင့် ဆေးရုံပေါ်မှာတစ်နှစ်လောက် ကိုမာဝင်နေရာကနေ မှတ်ဉာဏ် တချို့တစ်ဝက်နဲ့သတိပြန်ရလာပါတယ်။ ဟယ်လင် သတိပြန်ရလာတဲ့အချိန်မှာ ကိုမာဝင်နေရင်း ကလေးမွေးနိုင်တဲ့ တတိယမြောက် အမျိုးသမီး အဖြစ်မှတ်တမ်းဝင်နေပြီး လသားအရွယ် သမီးလေးတစ်ယောက်က သူ့ကိုစောင့်ကြိုနေပါတယ်။ ဟယ်လင်ရဲ့ ခေါင်းထဲမှာ စွဲနေတာက အက်ဆီးဒင့် မဖြစ်ခင်လေးမှာသူ့မျက်စိရှေ့မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ သူ့အဖေ ရောဘတ် ဖြစ်ပြီးတော့ ဘာလို့ သတ်သေခဲ့ရလဲ ဆိုတာကို နားမလည်နိုင်ဖြစ်နေပါတယ်။ ဆေးရုံက ဆင်းပြီး သူ့အဖေနေခဲ့တဲ့ အိမ်ကို ပြောင်းလာတဲ့ အခါမှာတော့ ဟယ်လင်တစ်ယောက် ၅ နှစ်ကနေ ၉ နှစ်ကြားကလေးဝိဉာဉ်တွေကို မကြာမကြာ မြင်လာရပါတော့တယ်။ ကလေးဝိဉာဉ်တွေကနေတစ်ဆင့် လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်က ဖြစ်ခဲ့တဲ့လူသတ်မှုတွေ အကြောင်း သိရှိလာရပြီး အဲဒီဖြစ်ရပ်ဆိုးကြီးက သူ့အဖေ ရောဘတ်နဲ့ ဘယ်လိုတွေ ပတ်သက်နေလဲ၊ ဟယ်လင်ရဲ့ သမီးလေးဆီကို ဘယ်လိုအန္တရာယ်မျိုးတွေ ကျရောက်လာမလဲ ဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှူလိုက်ကြပါ။ ဟယ်လင်အဖြစ် Horror fan တွေနဲ့ မစိမ်းလှတဲ့ မင်းသမီး AprilPearson က သရုပ်ဆောင်ထားပါတယ်။ Horror fan စစ်စစ်တွေကတော့ “Mystery ပိုဆန်ပြီး Horror vibe အပြည့်အဝ မခံစားရတဲ့ဇာတ်ကား”လို့ ဝေဖန်ထားကြပေမဲ့ ဇာတ်လမ်းဇာတ်ကွက်ကောင်းပြီးထင်မထားတဲ့ plot twist တွေလည်း ပါတာကြောင့် ကြည့်ပျော်တဲ့ဇာတ်ကားမျိုးပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Roman Nox ဖြစ်ပါတယ်)

One Hour Photo (2002) ⭐IMDB: 6.8/10 (127 k Votes) 🎬 #Drama #Thriller 🗓️ 2002 🎞️ Movie 📺 720p 🌎 #UnitedStates ⏰ 1 နာရီ 36 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb – 6.8/10 ~ RT – 81% ဆိုင် ပဲရစ်ရှ် (Robin Williams) ဟာဖလင်တွေကနေပြီး ဓာတ်ပုံကူးပေးတဲ့လုပ်ငန်းကို ၁၁ ကျော်ကြာကြာအောင်လုပ်ကိုင်နေခဲ့သူပါ။ သူ့ရဲ့အလုပ်ကိုသေချာကျွမ်းကျင်ပြီးလေးစားမှုအပြည့်လည်းရှိတဲ့အပြင် သူထုတ်သမျှဓာတ်ပုံတိုင်းကိုလည်း အရောင်လေးနည်းနည်းလွဲတာနဲ့တင်မကျေနပ်ပဲ လုံးဝကိုပြည့်စုံနေမှရမယ်ဆိုတဲ့လူမျိုးပါ။ သူရဲ့ ပုံမှန်ကာစတန်မာတွေကိုလည်း စေတနာအပြည့်နဲ့ ဓာတ်ပုံထုတ်ခတွေဈေးလျော့ပေးတတ်လေ့ရှိပါသေးတယ်။ ဆိုင်ဆီမှာ ပုံမှန်ပုံထုတ်နေကျ‌ကာစတန်မာတွေထဲမှာ ဝီလီယံနဲ နီနာ ယော့ကင်တို့မိသားစုလည်းအပါအဝင်ပဲ။ ဝီတို့ရဲ့သားလေးငယ်ငယ်လေးကတည်းကပြီး အသက်ကိုးနှစ်ပြည့်သည်အထိ ပုံတိုင်းကိုဆိုင်ပဲထုတ်ပေးခဲ့ရတာဖြစ်လို့ တစ်ကိုယ်တည်းပဲနေတဲ့ လူပျိုကြီးဆိုင်တစ်ယောက် ယော့ကင်တို့မိသားစုကိုသံယောဇဉ်ပါတွယ်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ ဆိုင်ကိုလာထုတ်ခိုင်းတဲ့ဓာတ်ပုံတွေထဲမှာ ဝီလီယံ ယေ့ာကင်ရဲ့ ဖောက်ပြန်နေတဲ့ ပုံတွေကိုမြင်လိုက်ရပါတယ်။တစ်ချိန်ထဲမှာပဲစာရင်းကွာဟမှုတွေကိုအကြောင်းပြပြီး ဆိုင်ကို မန်နေဂျာကအလုပ်ဖြုတ်ပစ်လိုက်ပါတယ်။ ဒီလိုနဲ့ပဲ ယော့ကင်တို့မိသားစုကိုသံယောဇဉ်တွယ်နေတဲ့ ဆိုင်တစ်ယောက် နီနာနဲ့ သူ့သားလေးတို့ကို ဝီလီယံဖောက်ပြန်နေကြောင်းသိအောင်လုပ်ပြရင် ဘယ်လိုမျိုးလုပ်ရပ်တွေကျူးလွန်မိသွားမလဲဆိုတာကိုကြည့်ရှုရမဲ့ psychological thriller ဇာတ်ကားကောင်းတစ်ကားပါဗျ။ အော်စကာဆုရ မင်းသားကြီး Robin Williams ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်တဲ့အပြင် သရုပ်ဆောင်နေကျဇာတ်ရုပ်တွေကနေကွဲထွက်နေတဲ့ ဇာတ်ရုပ်ကို ပိုင်နိုင်စွာသရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တာမလို့ ကြည့်ရှုလိုက်ကြပါဦးဗျ။

One Hour Photo (2002) ⭐IMDB: 6.8/10 (127 k Votes) 🎬 #Drama #Thriller 🗓️ 2002 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 36 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb – 6.8/10 ~ RT – 81% ဆိုင် ပဲရစ်ရှ် (Robin Williams) ဟာဖလင်တွေကနေပြီး ဓာတ်ပုံကူးပေးတဲ့လုပ်ငန်းကို ၁၁ ကျော်ကြာကြာအောင်လုပ်ကိုင်နေခဲ့သူပါ။ သူ့ရဲ့အလုပ်ကိုသေချာကျွမ်းကျင်ပြီးလေးစားမှုအပြည့်လည်းရှိတဲ့အပြင် သူထုတ်သမျှဓာတ်ပုံတိုင်းကိုလည်း အရောင်လေးနည်းနည်းလွဲတာနဲ့တင်မကျေနပ်ပဲ လုံးဝကိုပြည့်စုံနေမှရမယ်ဆိုတဲ့လူမျိုးပါ။ သူရဲ့ ပုံမှန်ကာစတန်မာတွေကိုလည်း စေတနာအပြည့်နဲ့ ဓာတ်ပုံထုတ်ခတွေဈေးလျော့ပေးတတ်လေ့ရှိပါသေးတယ်။ ဆိုင်ဆီမှာ ပုံမှန်ပုံထုတ်နေကျ‌ကာစတန်မာတွေထဲမှာ ဝီလီယံနဲ နီနာ ယော့ကင်တို့မိသားစုလည်းအပါအဝင်ပဲ။ ဝီတို့ရဲ့သားလေးငယ်ငယ်လေးကတည်းကပြီး အသက်ကိုးနှစ်ပြည့်သည်အထိ ပုံတိုင်းကိုဆိုင်ပဲထုတ်ပေးခဲ့ရတာဖြစ်လို့ တစ်ကိုယ်တည်းပဲနေတဲ့ လူပျိုကြီးဆိုင်တစ်ယောက် ယော့ကင်တို့မိသားစုကိုသံယောဇဉ်ပါတွယ်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ ဆိုင်ကိုလာထုတ်ခိုင်းတဲ့ဓာတ်ပုံတွေထဲမှာ ဝီလီယံ ယေ့ာကင်ရဲ့ ဖောက်ပြန်နေတဲ့ ပုံတွေကိုမြင်လိုက်ရပါတယ်။တစ်ချိန်ထဲမှာပဲစာရင်းကွာဟမှုတွေကိုအကြောင်းပြပြီး ဆိုင်ကို မန်နေဂျာကအလုပ်ဖြုတ်ပစ်လိုက်ပါတယ်။ ဒီလိုနဲ့ပဲ ယော့ကင်တို့မိသားစုကိုသံယောဇဉ်တွယ်နေတဲ့ ဆိုင်တစ်ယောက် နီနာနဲ့ သူ့သားလေးတို့ကို ဝီလီယံဖောက်ပြန်နေကြောင်းသိအောင်လုပ်ပြရင် ဘယ်လိုမျိုးလုပ်ရပ်တွေကျူးလွန်မိသွားမလဲဆိုတာကိုကြည့်ရှုရမဲ့ psychological thriller ဇာတ်ကားကောင်းတစ်ကားပါဗျ။ အော်စကာဆုရ မင်းသားကြီး Robin Williams ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်တဲ့အပြင် သရုပ်ဆောင်နေကျဇာတ်ရုပ်တွေကနေကွဲထွက်နေတဲ့ ဇာတ်ရုပ်ကို ပိုင်နိုင်စွာသရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တာမလို့ ကြည့်ရှုလိုက်ကြပါဦးဗျ။

Tell It Like a Woman (2022) ⭐IMDB: 3.6/10 (568 Votes) 🎬 #Action #Comedy #Drama #Adventure #Animation 🗓️ 2022 🎞️ Movie 📺 720p 🌎 #Italy #UnitedStates #India #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Tell It Like A Woman (2022) Tell it Like A Woman က အမျိုးသမီးတွေအကြောင်း အမျိုးသမီးတွေကပြောပြထားတဲ့ဇာတ်လမ်းတိုခုနှစ်ခုပေါင်းစပ်ထားတဲ့ဇာတ်ကားပါ။အမျိုးသမီးတွေပြောပြထားပေမယ့် အမျိုးသမီးတွေအတွက်ချည်းမဟုတ်ပဲ ခံစားနိုင်လည်နိုင်သူအားလုံးအတွက်ရည်ရွယ်တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ကမ္ဘာအဝှမ်းက အမျိုးသမီးဒါရိုက်တာတွေပူးပေါင်းထားပြီး ဂျပန် အီတလီ အိန္ဒိယ အမေရိကန်တို့မှာရိုက်ကူးထားပါတယ်။မင်းသမီးတွေကလဲဒီနိုင်ငံတွေကအစုံပါဝင်ပါတယ်။အဓိကဖော်ပြချင်တာကတော့ နိုင်ငံအစုံက အလွှာအစုံကအမျိုးသမီးတွေရင်ဆိုင်ရတဲ့အခက်အခဲတွေ ဘဝအမောတွေသဘာဝအရရင်ဆိုင်ရတဲ့ဒဏ်တွေ အမျိုးသမီးဖြစ်နေလို့ရင်ဆိုင်ရတဲ့ဒဏ်တွေ သူတို့ရဲ့ဒီအခက်အခဲတွေကိုကျော်လွှားပုံတွေကိုဇာတ်လမ်းရှည်ကြီးနဲ့ဇာတ်နာပြမနေပဲ ဇာတ်လမ်းတိုလေးတွေနဲ့ထိထိမိမိဖော်ကျူးထားပါတယ်။ ဒီလိုဇာတ်လမ်းတိုညွှန့်ပေါင်းဇာတ်ကားတွေမှာ ဇာတ်လမ်းသွားတစ်ခုစီဖြစ်နေတဲ့ဇာတ်လမ်းတွေကို မရရအောင်ချိတ်ဆက်ပေးနိုင်တာက အသက်ပဲလို့ထင်ပါတယ်။ဇာတ်လမ်းတိုတစ်ပုဒ်ကနေ နောက်တစ်ပုဒ်ပြောင်းသွားတာကို ပရိသတ်ကမသိလောက်အောင်လိုက်ပါစီးမြောသွားဖို့ကအခရာပါပဲ။ ဒီ Tell It Like A Woman မှာတော့ ဇာတ်လမ်းတစ်ခုနဲ့တစ်ခုအကူးအပြောင်းတွေက ကြမ်းလွန်းတာ ရုတ်တရက်ဖြစ်လွန်းတာတွေရှိပေမယ့်ဇာတ်လမ်းတိုခုနှစ်ပုဒ်ထဲမှာ တစ်ချို့ဇာတ်လမ်းတွေက ထိမိလွန်းပြီး ပေးချင်တဲ့မက်ဆေ့ချ်ကလဲ ထင်းလွန်းပါတယ်။ဖြစ်ရပ်မှန်ဇာတ်လမ်းတွေလဲပါဝင်ပါသေးတယ်။ဘယ်ဇာတ်လမ်းကို ကိုယ်က ပိုသဘောကျတယ်နားလည်စာနာနိုင်တယ်ဆိုတာတော့ ပရိသတ်တစ်ဦးချင်းစီရဲ့အမြင် အတွေ့အကြုံတွေနဲ့သက်ဆိုင်မယ်လို့ထင်ပါတယ်။Bonus အနေနဲ့ ဒီဇာတ်ကားထဲက ဘောလိဝုဒ်မင်းသမီး ဂျက်ကလင်းပါဝင်သရုပ်ဆောင်ထားတဲ့ နောက်ဆုံးဇာတ်လမ်းတိုမှာပါဝင်တဲ့“Applause” သီချင်းဟာ အော်စကာမှာ “Best original Song” အဖြစ် ဆန်ကာတင်စာရင်းဝင်ခဲ့ပါသေးတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Rashidaပဲ ဖြစ်ပါတယ်။

Tell It Like a Woman (2022) ⭐IMDB: 3.6/10 (568 Votes) 🎬 #Action #Comedy #Drama #Adventure #Animation 🗓️ 2022 🎞️ Movie 📺 1080p 🌎 #Italy #UnitedStates #India #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Tell It Like A Woman (2022) Tell it Like A Woman က အမျိုးသမီးတွေအကြောင်း အမျိုးသမီးတွေကပြောပြထားတဲ့ဇာတ်လမ်းတိုခုနှစ်ခုပေါင်းစပ်ထားတဲ့ဇာတ်ကားပါ။အမျိုးသမီးတွေပြောပြထားပေမယ့် အမျိုးသမီးတွေအတွက်ချည်းမဟုတ်ပဲ ခံစားနိုင်လည်နိုင်သူအားလုံးအတွက်ရည်ရွယ်တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ကမ္ဘာအဝှမ်းက အမျိုးသမီးဒါရိုက်တာတွေပူးပေါင်းထားပြီး ဂျပန် အီတလီ အိန္ဒိယ အမေရိကန်တို့မှာရိုက်ကူးထားပါတယ်။မင်းသမီးတွေကလဲဒီနိုင်ငံတွေကအစုံပါဝင်ပါတယ်။အဓိကဖော်ပြချင်တာကတော့ နိုင်ငံအစုံက အလွှာအစုံကအမျိုးသမီးတွေရင်ဆိုင်ရတဲ့အခက်အခဲတွေ ဘဝအမောတွေသဘာဝအရရင်ဆိုင်ရတဲ့ဒဏ်တွေ အမျိုးသမီးဖြစ်နေလို့ရင်ဆိုင်ရတဲ့ဒဏ်တွေ သူတို့ရဲ့ဒီအခက်အခဲတွေကိုကျော်လွှားပုံတွေကိုဇာတ်လမ်းရှည်ကြီးနဲ့ဇာတ်နာပြမနေပဲ ဇာတ်လမ်းတိုလေးတွေနဲ့ထိထိမိမိဖော်ကျူးထားပါတယ်။ ဒီလိုဇာတ်လမ်းတိုညွှန့်ပေါင်းဇာတ်ကားတွေမှာ ဇာတ်လမ်းသွားတစ်ခုစီဖြစ်နေတဲ့ဇာတ်လမ်းတွေကို မရရအောင်ချိတ်ဆက်ပေးနိုင်တာက အသက်ပဲလို့ထင်ပါတယ်။ဇာတ်လမ်းတိုတစ်ပုဒ်ကနေ နောက်တစ်ပုဒ်ပြောင်းသွားတာကို ပရိသတ်ကမသိလောက်အောင်လိုက်ပါစီးမြောသွားဖို့ကအခရာပါပဲ။ ဒီ Tell It Like A Woman မှာတော့ ဇာတ်လမ်းတစ်ခုနဲ့တစ်ခုအကူးအပြောင်းတွေက ကြမ်းလွန်းတာ ရုတ်တရက်ဖြစ်လွန်းတာတွေရှိပေမယ့်ဇာတ်လမ်းတိုခုနှစ်ပုဒ်ထဲမှာ တစ်ချို့ဇာတ်လမ်းတွေက ထိမိလွန်းပြီး ပေးချင်တဲ့မက်ဆေ့ချ်ကလဲ ထင်းလွန်းပါတယ်။ဖြစ်ရပ်မှန်ဇာတ်လမ်းတွေလဲပါဝင်ပါသေးတယ်။ဘယ်ဇာတ်လမ်းကို ကိုယ်က ပိုသဘောကျတယ်နားလည်စာနာနိုင်တယ်ဆိုတာတော့ ပရိသတ်တစ်ဦးချင်းစီရဲ့အမြင် အတွေ့အကြုံတွေနဲ့သက်ဆိုင်မယ်လို့ထင်ပါတယ်။Bonus အနေနဲ့ ဒီဇာတ်ကားထဲက ဘောလိဝုဒ်မင်းသမီး ဂျက်ကလင်းပါဝင်သရုပ်ဆောင်ထားတဲ့ နောက်ဆုံးဇာတ်လမ်းတိုမှာပါဝင်တဲ့“Applause” သီချင်းဟာ အော်စကာမှာ “Best original Song” အဖြစ် ဆန်ကာတင်စာရင်းဝင်ခဲ့ပါသေးတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Rashidaပဲ ဖြစ်ပါတယ်။

99 Moons (2022) ⭐IMDB: 5.9/10 (1 k Votes) 🎬 #Drama 🗓️ 2022 🎞️ Movie 📺 720p 🌎 #Switzerland ⏰ 1 နာရီ 52 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 [18+] 99 Moons (2022) ================== IMDb Rating – 5.9/10အဖြူနှင့်အမည်းကဲ့သို့ အရောင်ဖြစ်တာခြင်းတူပေမယ့် ဝိသေသလက္ခဏာချင်းမတူတဲ့ ဘီညာနဲ့ ဖရန်ကီတို့နှစ် ယောက်။ ဘီညာက ချီလီနိုင်ငံမှာ သိပ္ပံသုတေသနပြုဖို့ ကြိုးစားနေတဲ့ သိပ္ပံပညာရှင်မလေးဖြစ်တယ်။ တစ်ခါ တစ်ရံ လစ်ရင်လစ်သလို ယောင်္ကျား‌တွေနဲ့တစ်ယောက် ပြီးတစ်ယောက် တိတ်တခိုးချစ်ရည်‌လူးတတ်တဲ့အကျင့် လေးရှိတာကတစ်ပိုင်းပေါ့လေ။ အဲလိုနဲ့ ဘီညာတစ်ယောက် ကာမစိတ်တွေဖြေနေရင်း အဖော်မဲ့‌နေတဲ့ ဖရန်ကီနဲ့ ဆုံဆည်းခွင့်ရသွားတယ်။ ဖရန်ကီ ကတော့ မူးယစ်ဆေး‌တွေသုံးရင်း အချစ်ရဲ့အဓိပ္ပာယ်ကိုရှာ ဖွေနေတဲ့ တစ်ကိုယ်တော်သမားတစ်ယောက်ဖြစ်တယ်။ အဲလိုမျိုး ဆန့်ကျင်ဘက်လူနှစ်ယောက်တွေ့ဆုံသွားတဲ့အခါ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ဘယ်လိုတွေဆက်ဖြစ် မလဲဆိုတာကို ကြည့်ရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ KSN ဖြစ်ပါတယ်)File Size……….(1.85 GB) / (634 MB) / (350 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 50Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….KSN Encoder……….AdminX Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။

99 Moons (2022) ⭐IMDB: 5.9/10 (1 k Votes) 🎬 #Drama 🗓️ 2022 🎞️ Movie 📺 1080p 🌎 #Switzerland ⏰ 1 နာရီ 52 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 [18+] 99 Moons (2022) ================== IMDb Rating – 5.9/10အဖြူနှင့်အမည်းကဲ့သို့ အရောင်ဖြစ်တာခြင်းတူပေမယ့် ဝိသေသလက္ခဏာချင်းမတူတဲ့ ဘီညာနဲ့ ဖရန်ကီတို့နှစ် ယောက်။ ဘီညာက ချီလီနိုင်ငံမှာ သိပ္ပံသုတေသနပြုဖို့ ကြိုးစားနေတဲ့ သိပ္ပံပညာရှင်မလေးဖြစ်တယ်။ တစ်ခါ တစ်ရံ လစ်ရင်လစ်သလို ယောင်္ကျား‌တွေနဲ့တစ်ယောက် ပြီးတစ်ယောက် တိတ်တခိုးချစ်ရည်‌လူးတတ်တဲ့အကျင့် လေးရှိတာကတစ်ပိုင်းပေါ့လေ။ အဲလိုနဲ့ ဘီညာတစ်ယောက် ကာမစိတ်တွေဖြေနေရင်း အဖော်မဲ့‌နေတဲ့ ဖရန်ကီနဲ့ ဆုံဆည်းခွင့်ရသွားတယ်။ ဖရန်ကီ ကတော့ မူးယစ်ဆေး‌တွေသုံးရင်း အချစ်ရဲ့အဓိပ္ပာယ်ကိုရှာ ဖွေနေတဲ့ တစ်ကိုယ်တော်သမားတစ်ယောက်ဖြစ်တယ်။ အဲလိုမျိုး ဆန့်ကျင်ဘက်လူနှစ်ယောက်တွေ့ဆုံသွားတဲ့အခါ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ဘယ်လိုတွေဆက်ဖြစ် မလဲဆိုတာကို ကြည့်ရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ KSN ဖြစ်ပါတယ်)File Size……….(1.85 GB) / (634 MB) / (350 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 50Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….KSN Encoder……….AdminX Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။

Superman III (1983) ⭐IMDB: 5.0/10 (72 k Votes) 🎬 #Action #Adventure #Sci-Fi #Comedy #SciFi 🗓️ 1983 🎞️ Movie 📺 720p 🌎 #UnitedKingdom #UnitedStates ⏰ 2 နာရီ 5 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Superman III (1983)================ စူပါမန်း ရုပ်ရှင်တွေမှာ အဓိကကျတာကတော့ သူနဲ့ရင်ဆိုင်ရတဲ့Villain တွေပါပဲ။ ဒီ၁၉၈၃ ခုနှစ်ကထွက်ခဲ့တဲ့ အပိုင်း ၃ မှာလည်းစူပါမန်းရဲ့ villain က တစ်ခြားကမ္ဘာက စွမ်းအားမြင့် ဂြိုလ်သားတွေ နတ်ဘုရားတွေမဟုတ်ဘဲ သာမန် လူတွေပါပဲ။ ၁၉၈၀ နောက်ပိုင်း ကွန်ပြူတာတွေ စခေတ်စားလာတဲ့အခါမှာကွန်ပြူတာကို အထူးကျွမ်းကျင်တဲ့ ဂက်စ်ဂေါ်မန်ဆိုတဲ့ လူတစ်ယောက်က သူ့ရဲ့ မဟာအကြံစည်ကြီးမှာ စူပါမန်းက အနှောင့်ယှက်အတားဆီးဖြစ်နေမှာသိတဲ့အတွက် စူပါမန်းရဲ့အားနည်းချက်ဖြစ်တဲ့ ခရစ်ပတွန်ကျောက်ကို ပုံတူပွားပြီး Evil Supermanဖြစ်အောင် လှည့်ကွက်နဲ့အသုံးချလိုက်ပြီး လူတွေရဲ့ ယုံကြည်အားကိုးမှုကိုပျက်ပြားအောင်လုပ်ပြီးသွေးခွဲလိုက်ပါတယ်။ ဒီဒုစရိုက်သမား ဉာဏ်ကြီးရှင်ကိုလည်း စူပါမန်းဘယ်လိုအနိုင်ယူသွားမလဲဆိုတာကို ကြည့်ရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ် (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thiha Yan Naing ဖြစ်ပါတယ်)

Superman III (1983) ⭐IMDB: 5.0/10 (72 k Votes) 🎬 #Action #Adventure #Sci-Fi #Comedy #SciFi 🗓️ 1983 🎞️ Movie 📺 1080p 🌎 #UnitedKingdom #UnitedStates ⏰ 2 နာရီ 5 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Superman III (1983)================ စူပါမန်း ရုပ်ရှင်တွေမှာ အဓိကကျတာကတော့ သူနဲ့ရင်ဆိုင်ရတဲ့Villain တွေပါပဲ။ ဒီ၁၉၈၃ ခုနှစ်ကထွက်ခဲ့တဲ့ အပိုင်း ၃ မှာလည်းစူပါမန်းရဲ့ villain က တစ်ခြားကမ္ဘာက စွမ်းအားမြင့် ဂြိုလ်သားတွေ နတ်ဘုရားတွေမဟုတ်ဘဲ သာမန် လူတွေပါပဲ။ ၁၉၈၀ နောက်ပိုင်း ကွန်ပြူတာတွေ စခေတ်စားလာတဲ့အခါမှာကွန်ပြူတာကို အထူးကျွမ်းကျင်တဲ့ ဂက်စ်ဂေါ်မန်ဆိုတဲ့ လူတစ်ယောက်က သူ့ရဲ့ မဟာအကြံစည်ကြီးမှာ စူပါမန်းက အနှောင့်ယှက်အတားဆီးဖြစ်နေမှာသိတဲ့အတွက် စူပါမန်းရဲ့အားနည်းချက်ဖြစ်တဲ့ ခရစ်ပတွန်ကျောက်ကို ပုံတူပွားပြီး Evil Supermanဖြစ်အောင် လှည့်ကွက်နဲ့အသုံးချလိုက်ပြီး လူတွေရဲ့ ယုံကြည်အားကိုးမှုကိုပျက်ပြားအောင်လုပ်ပြီးသွေးခွဲလိုက်ပါတယ်။ ဒီဒုစရိုက်သမား ဉာဏ်ကြီးရှင်ကိုလည်း စူပါမန်းဘယ်လိုအနိုင်ယူသွားမလဲဆိုတာကို ကြည့်ရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ် (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thiha Yan Naing ဖြစ်ပါတယ်)

The Help (2011) ⭐IMDB: 8.1/10 (471 k Votes) 🎬 #Drama 🗓️ 2011 🎞️ Movie 📺 720p 🌎 #UnitedStates #India #UnitedStatesofAmerica ⏰ 2 နာရီ 26 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb Rating (8.1) အားလပ်ရက်မှာ စာအုပ်ဖတ်သလို ဗဟုသုတရချင်ရင်၊စာအုပ်ထဲကရသမျိုးအတိုင်း ပေါ့မသွားစေတဲ့ ဇာတ်ကားကောင်းမျိုးကြည့်ချင်တယ်ဆို The Help ဇာတ်ကားလေးကိုညွှန်ပေးပါရစေ။ ဒီဇာတ်လမ်းကို Kathryn Stockettရဲ့ best seller စာအုပ်ပေါ်မှာ အခြေခံပြီးရိုက်ကူးထားကာ Ratingအနေနဲ့ကတော့ 8.1အထိရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ။ The Shawshank Redemption တို့လို Tom Hanksရဲ့ ဇာတ်ကားကောင်းတွေလိုပဲ အနှစ်သာရတစ်ခုခုပေးမယ် ဇာတ်ကားလေးပါ။ ဒီဇာတ်လမ်းလေးကိုတော့ အမေရိကန်ပြည်ထောင်စု Mississippi တိုင်း Jacksonမြို့က ၁၉၆၀ခုနှစ်လောက်ကဖြစ်ရပ် အပေါ်အခြေခံထားတဲ့ ဝတ္ထုအပေါ်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ တစ်နည်းပြောရရင် လူဖြူလူမဲခွဲခြားဆက်ဆံတဲ့အချိန်လေးပေါ့။ ဒါပေမဲ့ ဇာတ်လမ်းမှာ ပျင်းစရာနိုင်ငံရေးတွေ ကြွေးကြော်သံတွေပါတာမျိုးမရှိပါဘူး။ လူတိုင်းကြည့် ထိုက်တဲ့ ဇာတ်ကားကောင်းလို့မြင်ပါတယ်….

The Help (2011) ⭐IMDB: 8.1/10 (471 k Votes) 🎬 #Drama 🗓️ 2011 🎞️ Movie 📺 1080p 🌎 #UnitedStates #India #UnitedStatesofAmerica ⏰ 2 နာရီ 28 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb Rating (8.1) အားလပ်ရက်မှာ စာအုပ်ဖတ်သလို ဗဟုသုတရချင်ရင်၊စာအုပ်ထဲကရသမျိုးအတိုင်း ပေါ့မသွားစေတဲ့ ဇာတ်ကားကောင်းမျိုးကြည့်ချင်တယ်ဆို The Help ဇာတ်ကားလေးကိုညွှန်ပေးပါရစေ။ ဒီဇာတ်လမ်းကို Kathryn Stockettရဲ့ best seller စာအုပ်ပေါ်မှာ အခြေခံပြီးရိုက်ကူးထားကာ Ratingအနေနဲ့ကတော့ 8.1အထိရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ။ The Shawshank Redemption တို့လို Tom Hanksရဲ့ ဇာတ်ကားကောင်းတွေလိုပဲ အနှစ်သာရတစ်ခုခုပေးမယ် ဇာတ်ကားလေးပါ။ ဒီဇာတ်လမ်းလေးကိုတော့ အမေရိကန်ပြည်ထောင်စု Mississippi တိုင်း Jacksonမြို့က ၁၉၆၀ခုနှစ်လောက်ကဖြစ်ရပ် အပေါ်အခြေခံထားတဲ့ ဝတ္ထုအပေါ်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ တစ်နည်းပြောရရင် လူဖြူလူမဲခွဲခြားဆက်ဆံတဲ့အချိန်လေးပေါ့။ ဒါပေမဲ့ ဇာတ်လမ်းမှာ ပျင်းစရာနိုင်ငံရေးတွေ ကြွေးကြော်သံတွေပါတာမျိုးမရှိပါဘူး။ လူတိုင်းကြည့် ထိုက်တဲ့ ဇာတ်ကားကောင်းလို့မြင်ပါတယ်….

Invitation to a Murder (2023) ⭐IMDB: 4.9/10 (719 Votes) 🎬 #Mystery #Thriller 🗓️ 2023 🎞️ Movie 📺 720p 🌎 #France ⏰ 1 နာရီ 34 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 စုံထောက်ဝတ္ထုတွေကို ကြိုက်နှစ်သက်သူမှန်ရင် ရှားလော့ဟုမ်းဝ‌တ္ထုတွေကို မကြိုက်တဲ့လူမရှိသလောက်ပါဘဲ။ ငယ်စဉ်က ရှားလော့ဟုမ်းဝတ္ထုစနက်နဲ့ စုံထောက်ရူးရူးခဲ့ဖူးသူတွေထဲမှာ ကျွန်တော်ကိုယ်တိုင်အပါအဝင်ဖြစ်ခဲ့တာပေါ့။ အခုဒီကားလေးထဲက ဇာတ်လိုက်ကျော်လေး Miranda Greenသည်လည်း ကျွန်တော်တို့လိုပဲ Mysteryတွေကိုနှစ်သက်တဲ့ စုံထောက်ရူးလေးတစ်‌ယောက်ပါပဲ။ စုံထောက်ရူးပီပီ သူ့ရဲ့mottoကတော့ “Every contact leaves a trace”ပါတဲ့။ Mirandaက ကမ္ဘာကျော်စုံထောက်ဝတ္ထုရေးတဲ့စာရေးဆရာ Agatha Christie ရဲ့အမာခံပရိသတ်တစ်ယောက်ဖြစ်ပြီး စွန့်စားခန်းတွေကို နှစ်သက်သူဆိုလည်းဟုတ်ပါတယ်။ အမြင်စူးရှပြီး ထက်မြက်လွန်းတဲ့Miranda ကျိုးကြောင်းဆက်စပ်ဆင်ခြင်နိုင်စွမ်းမြင့်တဲ့Mirandaတစ်ယောက် သူ့ရဲ့ နုနုရွရွ ပန်းရောင်းရတဲ့အလုပ်နဲ့ နည်းနည်းလေးမှ မအပ်စပ်ဖြစ်‌လို့‌နေတာပေါ့။ လှပပေမဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာတွေမရှိတဲ့အလုပ်ခွင်မှာ မပျော်ပိုက်တဲ့ Mirandaအတွက်တော့ Christie ရဲ့စာအုပ်တွေက သူအသက်ဆက်နိုင်မဲ့ အိုအေစစ်ပါပဲ။ ဒီလိုနဲ့ Mirandaဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ ဖိတ်စာတစ်စောင်နဲ့အတူ ထူးဆန်းတဲ့သူဌေးကြီးတစ်ယောက်ဖြစ်တဲ့ Louis Findleyနဲ့ တွေ့ဆုံဖို့အတွက် ကျွန်းတစ်ကျွန်းကို ဖိတ်ခေါ်ခံရတဲ့အခါမှာတော့ သာမန်လူတစ်ယောက်ဆို အတွေးစုံနဲ့ဗျာများနေမှာပေမဲ့ စွန့်စားခန်းကိုငတ်မွတ်နေတဲ့ Mirandaကတော့ Christieရဲ့စာအုပ်‌တွေထဲကလိုစူးစမ်းရှာ‌ဖွေထောက်လှမ်းအခွင့်အရေးကို အရယူဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ကျွန်းကိုသွားတဲ့လမ်းမှာ သိလိုက်ရတာကတော့ သူနဲ့အတူ သူနဲ့တစ်ခါမှမသိကျွမ်းဖူးတဲ့ လူ ၅ ယောက်ကိုပါ အတူတူဖိတ်ခေါ်ထားတယ်ဆိုတာကိုပါပဲ။ Louis Findleyဆိုတာနဲ့ အထည်အလိပ်လုပ်ငန်းပိုင်ရှင် ဘီလီယံနာဆိုတာကလွဲလို့ ဘာမှကိုမသိရလောက်အောင် ဓာတ်ပုံပါရှာမရလောက်အောင် သိုသိပ်လွန်းတဲ့ တစ်ကိုယ်တော်နေရတာကိုပဲကြိုက်တဲ့ သူဌေးကြီးရဲ့ဖိတ်စာက Mirandaတို့ ၆ ယောက်ဆီကို ဘာဖြစ်လို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာရတာလဲ။ သူကိုယ်တိုင် ဖိတ်ခေါ်ခဲ့တာပေမဲ့ တကယ်ရောက်လာချိန်မှာ Findleyတစ်ယောက် ဘာလို့ထွက်မတွေ့ဘဲရှောင်နေပြီး ဝန်ထမ်းတွေနဲ့ လွှတ်ထားတာလဲ။ ကျွန်း‌ကိုရောက်လာတဲ့ အခြားလူ ၅ ယောက်မှာရော ဘာအကြံတွေရှိနေကြတာလဲ။ ပဟေဠိတွေနဲ့ပြည့်နှက်နေတဲ့ ဒီကျွန်းလေးရဲ့လျှို့ဝှက်ချက်ကို Mirandaတစ်ယောက် ဖော်ထုတ်နိုင်မှာလားဆိုတာ ကြည့်ရှုခံစားရင်း အဖြေရှာလိုက်ကြရအောင်ပါ။

Invitation to a Murder (2023) ⭐IMDB: 4.9/10 (719 Votes) 🎬 #Mystery #Thriller 🗓️ 2023 🎞️ Movie 📺 1080p 🌎 #France ⏰ 1 နာရီ 34 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 စုံထောက်ဝတ္ထုတွေကို ကြိုက်နှစ်သက်သူမှန်ရင် ရှားလော့ဟုမ်းဝ‌တ္ထုတွေကို မကြိုက်တဲ့လူမရှိသလောက်ပါဘဲ။ ငယ်စဉ်က ရှားလော့ဟုမ်းဝတ္ထုစနက်နဲ့ စုံထောက်ရူးရူးခဲ့ဖူးသူတွေထဲမှာ ကျွန်တော်ကိုယ်တိုင်အပါအဝင်ဖြစ်ခဲ့တာပေါ့။ အခုဒီကားလေးထဲက ဇာတ်လိုက်ကျော်လေး Miranda Greenသည်လည်း ကျွန်တော်တို့လိုပဲ Mysteryတွေကိုနှစ်သက်တဲ့ စုံထောက်ရူးလေးတစ်‌ယောက်ပါပဲ။ စုံထောက်ရူးပီပီ သူ့ရဲ့mottoကတော့ “Every contact leaves a trace”ပါတဲ့။ Mirandaက ကမ္ဘာကျော်စုံထောက်ဝတ္ထုရေးတဲ့စာရေးဆရာ Agatha Christie ရဲ့အမာခံပရိသတ်တစ်ယောက်ဖြစ်ပြီး စွန့်စားခန်းတွေကို နှစ်သက်သူဆိုလည်းဟုတ်ပါတယ်။ အမြင်စူးရှပြီး ထက်မြက်လွန်းတဲ့Miranda ကျိုးကြောင်းဆက်စပ်ဆင်ခြင်နိုင်စွမ်းမြင့်တဲ့Mirandaတစ်ယောက် သူ့ရဲ့ နုနုရွရွ ပန်းရောင်းရတဲ့အလုပ်နဲ့ နည်းနည်းလေးမှ မအပ်စပ်ဖြစ်‌လို့‌နေတာပေါ့။ လှပပေမဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာတွေမရှိတဲ့အလုပ်ခွင်မှာ မပျော်ပိုက်တဲ့ Mirandaအတွက်တော့ Christie ရဲ့စာအုပ်တွေက သူအသက်ဆက်နိုင်မဲ့ အိုအေစစ်ပါပဲ။ ဒီလိုနဲ့ Mirandaဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ ဖိတ်စာတစ်စောင်နဲ့အတူ ထူးဆန်းတဲ့သူဌေးကြီးတစ်ယောက်ဖြစ်တဲ့ Louis Findleyနဲ့ တွေ့ဆုံဖို့အတွက် ကျွန်းတစ်ကျွန်းကို ဖိတ်ခေါ်ခံရတဲ့အခါမှာတော့ သာမန်လူတစ်ယောက်ဆို အတွေးစုံနဲ့ဗျာများနေမှာပေမဲ့ စွန့်စားခန်းကိုငတ်မွတ်နေတဲ့ Mirandaကတော့ Christieရဲ့စာအုပ်‌တွေထဲကလိုစူးစမ်းရှာ‌ဖွေထောက်လှမ်းအခွင့်အရေးကို အရယူဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ကျွန်းကိုသွားတဲ့လမ်းမှာ သိလိုက်ရတာကတော့ သူနဲ့အတူ သူနဲ့တစ်ခါမှမသိကျွမ်းဖူးတဲ့ လူ ၅ ယောက်ကိုပါ အတူတူဖိတ်ခေါ်ထားတယ်ဆိုတာကိုပါပဲ။ Louis Findleyဆိုတာနဲ့ အထည်အလိပ်လုပ်ငန်းပိုင်ရှင် ဘီလီယံနာဆိုတာကလွဲလို့ ဘာမှကိုမသိရလောက်အောင် ဓာတ်ပုံပါရှာမရလောက်အောင် သိုသိပ်လွန်းတဲ့ တစ်ကိုယ်တော်နေရတာကိုပဲကြိုက်တဲ့ သူဌေးကြီးရဲ့ဖိတ်စာက Mirandaတို့ ၆ ယောက်ဆီကို ဘာဖြစ်လို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာရတာလဲ။ သူကိုယ်တိုင် ဖိတ်ခေါ်ခဲ့တာပေမဲ့ တကယ်ရောက်လာချိန်မှာ Findleyတစ်ယောက် ဘာလို့ထွက်မတွေ့ဘဲရှောင်နေပြီး ဝန်ထမ်းတွေနဲ့ လွှတ်ထားတာလဲ။ ကျွန်း‌ကိုရောက်လာတဲ့ အခြားလူ ၅ ယောက်မှာရော ဘာအကြံတွေရှိနေကြတာလဲ။ ပဟေဠိတွေနဲ့ပြည့်နှက်နေတဲ့ ဒီကျွန်းလေးရဲ့လျှို့ဝှက်ချက်ကို Mirandaတစ်ယောက် ဖော်ထုတ်နိုင်မှာလားဆိုတာ ကြည့်ရှုခံစားရင်း အဖြေရှာလိုက်ကြရအောင်ပါ။

Like & Share (2022) ⭐IMDB: 7.2/10 (808 Votes) 🎬 #Drama 🗓️ 2022 🎞️ Movie 📺 1080p 🌎 #Indonesia ⏰ 1 နာရီ 52 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Like and Share (2022) “လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရပြီး ခြိမ်းခြောက်အကျပ်ကိုင်ခံရတဲ့အခါမိန်းကလေးတွေရဲ့ဘဝပဲ အမြဲပျက်စီးသွားပြီး ယောက်ျားလေးတွေကတော့ ဘာမှမဖြစ်ပါဘူး” တဲ့။ဒီဇာတ်ကားထဲက ဇာတ်ကောင်တစ်ယောက်‌ ပြောတဲ့စကားပါ။ အပြင်လောကမှာလည်း ဘယ်လောက်ပဲ ခေတ်မီပြီး အမြင်ကျယ်လာတယ်ပြောပြောမိန်းကလေးတွေကပဲ စိတ်ဒဏ်ရာတွေကို ပိုခံစားရတတ်ပါတယ်။ ဒီဇာတ်ကားကတော့ ASMR ဗီဒီယိုတွေ ရိုက်ကူးတင်ဆက်တဲ့ Channel တစ်ခု ထောင်ထားပြီးစိတ်ကူးအိပ်မက်တွေအပြည့်ရှိတဲ့ ဆယ်ကျော်သက်အရွယ် ကောင်မလေးနှစ်ယောက်၊သူတိူ့နှစ်ယောက်ထဲနှာ တစ်ယောက်က လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်အကျပ်ကိုင်ခံရတော့သူငယ်ချင်းနှစ်ယောက် အဲဒါကို ဘယ်လိုကြံ့ကြံ့ခံရင်ဆိုင်သွားမလဲဆိုတာ ရိုက်ကူးထားတာဖြစ်ပါတယ်။ IMDb 7.2 ရထားပြီး ဆုသုံးခုရထားတဲ့ အင်ဒိုနီးရှားဇာတ်ကားကောင်းလေး ဖြစ်တဲ့အပြင်အာရှနိုင်ငံတွေရဲ့ သိပ်မကွဲပြားတဲ့ အယူအဆတွေကိုလည်း တွေ့ရမှာပါ။ အပြင်လောကမှာလည်း ဒီဇာတ်ကားထဲကလို ဖြစ်တတ်တဲ့ကိစ္စတွေရှိတော့ဒီဇာတ်ကားကိုကြည့်ရင်း တစ်ခုခုကိုခံစားရမှာတော့ သေချာပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Moh Mohပဲ ဖြစ်ပါတယ်။

One Day as a Lion (2023) ⭐IMDB: 5.2/10 (902 Votes) 🎬 #Action #Crime #Thriller 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ပိုက်ဆံလိုနေတဲ့ Jackie ဆိုတဲ့လူတစ်ယောက်က သူ့အသိဂန်းစတားတစ်ယောက်အတွက် လူတစ်ယောက်ကို ကော်ဖီဆိုင်တစ်ဆိုင်မှာ လုပ်ကြံဖို့ ကြိုးစားတာ ကျရှုံးသွားခဲ့ပါတယ်။ ပြီးတော့ အဲအဖြစ်အပျက်ကို အစအဆုံးမြင်လိုက်တဲ့ စားပွဲထိုးမလေးကို ပြန်ပေးဆွဲတော့လည်း လွတ်တော့မလိုဖြစ်သွားပြန်ပါတယ် အဲလိုအလွဲလွဲအချော်ချော်တွေကြောင့် စိတ်ဓါတ်ကျပြီး မတ်တပ်တောင် မရပ်ချင်တော့တဲ့ Jackie ကို စားပွဲထိုးမလေးက သူတို့နှစ်ယောက်စလုံး ပိုက်ဆံရှာနိုင်မဲ့နည်းလမ်းပြောပြလာတဲ့အခါ အဲနည်းလမ်းကိုရော အစစအရာရာတလွဲလုပ်တတ်တဲ့ Jackie တစ်ယောက် အောင်မြင်အောင်လုပ်နိုင်ပါ့မလား…ဆိုတာကိုတော့ crime comedyအမျိုးအစားဖြစ်တဲ့ဒီဇာတ်ကားလေးထဲမှာ ရှုစားကြည့်ကြပါဦးရှင်

Nothing Like Paris (2023) ⭐IMDB: 7.0/10 (56 Votes) 🎬 #Drama #Romance 🗓️ 2023 🎞️ Movie 📺 1080p 🌎 #Philippines #France ⏰ 1 နာရီ 39 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Nothing Like Paris (2023) IMDb – 7/10 လူတစ်ယောက်ရဲ့ဘဝမှာသုံးကြိမ် ချစ်မိတတ်တယ် ငါကတော့ ပထမ ဒုတိယ တတိယ အရာအားလုံးမင်းပါပဲ….. လှပါတယ်ဆိုတဲ့အချစ်မြို့တော် ပါရီ/ပဲရစ်မြို့ရဲ့ လမ်းသွယ်တွေမှာ လမ်းပတ်လျှောက်ရင်း စကားတွေဖောင်ဖွဲ့ခဲ့ကြတဲ့Before sunset ထဲက Jessie နဲ့ Celine ကိုမှတ်မိကြတယ်ဟုတ်အဲ့လို vibe လေးကို ဒီဖိလစ်ပိုင်အချစ်ဇာတ်ကားလေးမှာပြန်ခံစားမိတယ် ပြောရရင် ဇာတ်အိမ်မတူပေမဲ့ ကော်ဖီဆိုင်တူတူထိုင်တာ သုဿန်ကိုတူတူသွားကြတာ စသဖြင့် ရိုက်ကွင်းနေရာလေးတွေကိုလည်း reference ယူထားတာကိုတွေ့ရတယ်နှစ်ယောက်သား လမ်းလျှောက်စကားဖောင်ဖွဲ့ရင်း အချစ်အကြောင်း ဘဝအကြောင်း အနုပညာအကြောင်းတွေဆွေးနွေးကြနဲ့ ကြည့်ရတာတကယ်ကို ငြိမ့်ငြိမ့်လေးပါပဲGhost ကားထဲက အိုးလုပ်တဲ့ ဂန္ဓဝင်အခန်းလေးကိုတောင် လက်စွမ်းပြ မှီငြမ်းထားတဲ့တစ်ခန်းပါပါသေးတယ် ဇာတ်ကားလေးက ရိုက်ချက်တွေ ရိုက်ကွင်းတွေ ဒိုင်ယာလော့တွေ အပြစ်ပြောစရာမရှိသလိုဇာတ်အိမ်လေးကလည်း ရိုးရိုးလေးနဲ့ပဲ အချစ်ကိုအဓိပ္ပာယ်ဖွင့်ဆိုထားတယ် ပဲရစ်မြို့က ဖိလစ်ပိုင်ပန်းချီဆရာ ဂျိုဂျို နဲ့ သူ့ရဲ့လက်ရာပုံတူပန်းချီထဲက ငယ်သူချင်းကောင်မလေး မေရီတို့ရဲ့ အချစ်ကို ရှာဖွေကြပုံအချစ်ကို အဓိပ္ပာယ်သတ်မှတ်ကြပုံလေးတွေကို တီးလုံးလှလှလေးတွေနဲ့ ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့Sai Thurein Lynnပဲ ဖြစ်ပါတယ်။

The Grudge 3 (2009) ⭐IMDB: 4.6/10 (19 k Votes) 🎬 #Horror #Mystery #Thriller 🗓️ 2009 🎞️ Movie 📺 720p 🌎 #UnitedStates #Japan #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Grudge 3 (2009) ဒုတိယကားမှာ လွတ်မြောက်လာတဲ့ ဂျိတ်ဟာ စိတ္တဇဆေးရုံတစ်ခုကို ပို့ခံလိုက်ရပါတယ်။ အဲဒီကို ရောက်သွားတာတောင် တကယ်တမ်းတော့ သူဟာ မလွတ်မြောက်သေးပါဘူး။ ကာယာကို ရောက်လာလို့ ထွက်ပြေးဖို့ကြိုးစားရင်း တံခါးပိတ်ထားခံရတဲ့ ဂျိတ်…သူရှင်းပြတာကို ဆေးပညာရှုထောင့်ကပဲ ကြည့်နေမိတဲ့ ဒေါက်တာ ဆူလီဗန်…တကယ်တမ်း ဂျိတ် ရက်ရက်စက်စက် အသတ်ခံရချိန်မှာ ဒေါက်တာဆူလီဗန်ဟာ သိပ်ကိုနောက်ကျသွားခဲ့တယ်။ ထူးထူးဆန်းဆန်း သေဆုံးသွားတဲ့ သူ့လူနာအတွက် အမှန်တရားကို နားလည်အောင် ကြိုးစားစုံစမ်းပါတော့တယ်။ ဂျိတ်နေထိုင်ခဲ့တဲ့ တိုက်ခန်းမှာ ကျိန်စာဟာ ပြန်လည်ပေါ်ပေါက်နေတာမို့ လူခဏခဏ သေနေတဲ့ ဒီအဆောက်အဦမှာ ငှားနေသူတွေအားလုံးဟာ ပြောင်းရွှေ့ကုန်ကြတယ်။ ဒါကြောင့် ဒုက္ခရောက်ရတာကတော့ ကြားပွဲစားလေး မက်စ်ပါပဲ။ မက်စ်ဟာ ညီမ၂ယောက်နဲ့အတူ ကျိန်စာသင့်အခန်းရဲ့ အောက်တည့်တည့်မှာ နေထိုင်တယ်။ အိမ်ငှားရမ်းခ ပေးစရာမလိုဘဲ အဆောက်အဦကို ကြည့်ရှုပေးရတဲ့သူ… မွေးရာပါ ရောဂါ‌သည် ညီမလေး ရို့စ်ကို စောင့်ရှောက်ပေးသူ… နောက်ညီမတစ်ယောက် လီဆာကလည်း ရို့စ်ရဲ့ ဆေးကုသစရိတ်သက်သာဖို့ ချစ်သူနဲ့ အတူ မကြာခင်မှာ နယူးရောက်ကို သွားအလုပ်လုပ်မယ့်သူ…လီဆာတို့ ချစ်သူ ၂ယောက် တစ်တီတူးဖို့ အခန်းမှားဝင်ရင်း ကျိန်စာသင့်အခန်းထဲ ဝင်မိတာကနေ စတင်ထားတယ်။ နောက်ဇာတ်ဆောင်တစ်ဦးကတော့ ကျိန်စာသင့် ကာယာကိုရဲ့ ညီမလေး နာအိုကို…သူကတော့ အစ်မဖြစ်သူရဲ့ ကျိန်စာကို တားဆီးဖို့ ဂျပန်ကနေ ချီကာဂိုအထိအရောက်လာခဲ့တယ်။ ဒါရိုက်တာ ပြောင်းသွားပေမယ့် ကြောက်မက်ဖွယ်ကောင်းခြင်းနဲ့ ဇာတ်အိမ်ကောင်းခြင်းကတော့ မပြောင်းလဲတာမို့ Horror ပရိသတ်များအတွက် ကြည့်ရကျိုးနပ်ပါလိမ့်မယ်လို့ ညွှန်းလိုက်ပါရစေ… (ဒီဇာတ်ကားနဲ့အညွှန်းကိုMugiwara Yaမှ ပြန်ဆို ရေးသားထားပါတယ်)