ဇာတ်ညွှန်းများ • FDMN
قناة بسيطة
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Tastes of Horror (2023) ⭐IMDB: 5.3/10 (101 Votes) 🎬 #Horror #Mystery #Thriller 🗓 2023 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 58 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Tastes of Horror (2023) *********************** ကဲ ကျွန်တော်တို့ Channel Myanmar ကနေ ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားကောင်းလေးကတော့ Tastes of Horror ဆိုတဲ့ နာမည်နဲ့လိုက်အောင် Horror တောင်မှ အမျိုးမျိူးသောပုံစံတွေနဲ့ တစိမ့်စိမ့်တွေးပြီးမှ ကြောက်ရမဲ့ မွန်းကြပ်ရမဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ဇာတ်လမ်း ၁၀ ပုဒ်ကို ပေါင်းထားတဲ့ ဇာတ်ကားဖြစ်ပြီး ဇာတ်လမ်း ၁ ပုဒ်ကို ဒါရိုက်တာ ၁ ယောက်စီနဲ့ စုစုပေါင်း ဒါရိုက်တာ ၁၀ ယောက်က လက်စွမ်းပြထားတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့လည်း The Atypical Family မှ ကလေးသရုပ်ဆောင် Park So Yi၊ Itaewon Class ထဲမှ Lee Joo Young, Twinkling Watermelon ထဲမှ Shin Eun Soo၊ CLC အဖွဲ့ဝင် Seunghee, Seung Yeon, Ye Eun တို့အပြင် တခြားနာမည်ကြီး သရုပ်ဆောင်များစွာပါဝင်ထားသလို Storyline တစ်ခုတည်းသွားတဲ့ တခြား horror ဇာတ်ကားတွေနဲ့ မတူပဲ ရသမျိုးစုံကို ခံစားရမှာ အသေအချာပဲမလို့ Horror ကားတွေ ကြိုက်နှစ်သက်တဲ့သူတွေ လက်မနှေးဖို့ ညွှန်းလိုက်ချင်ပါတယ်။ (အညွှန်းကိုတော့ Theint မှ ရေးသားပေးထားပါတယ်။)...
Latency (2024) ⭐IMDB: 4.4/10 (293 Votes) 🎬 #Action #Horror #Thriller #ScienceFiction 🗓 2024 🎞 movie 🌎 #UnitedStates #Thailand #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အိမ်ထဲကနေအိမ်ပြင်ကိုမထွက်တဲ့ Gamer တွေဆိုတာ အပြင်မှာ တကယ်ကြီးကိုရှိပါတယ်။အခု တင်ဆက်ပေးမဲ့ ဇာတ်ကားထဲမှာလည်း အိမ်ထဲကနေအိမ်ပြင်မထွက်ဘဲ ဂိမ်းတွေ အသားကုန်ဆော့လို့ရူးသွားရတဲ့ Gamer မမ တစ်ယောက်အကြောင်းကို ရိုက်ကူးပြသထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။အဲ့ဒါကြောင့်ဒီဇာတ်ကားကိုလူငယ်တွေထက် ကလေးတွေကို ဆုံးမချင်တဲ့ လူကြီးတွေကတော့ပိုကြိုက်မယ်လို့ ထင်ပါတယ်။ဒါပေမယ့်လည်း လူငယ်ဇာတ်ကားဖြစ်တဲ့အတွက် လူငယ်တွေ အကြိုက်တွေကို အဓိကထားရိုက်ကူးထားတာကို တွေ့ရမှာဖြစ်ပြီး တန်ဆေးလွန်ဘေးဖြစ်တတ်တယ်ဆိုတာကို ကောင်းကောင်းကြီး ကွက်ကွက်ကွင်းကွင်းမြင်ရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးရဲ့နာမည်ကတော့ Latency ပဲဖြစ်ပါတယ်။ အထက်မှာပြောခဲ့သလိုပဲ ဒီဇာတ်ကားထဲမှာအိမ်ထဲက အိမ်ပြင်မထွက်တဲ့ Gamer ကတော့ဟန်နာဖြစ်ပြီး သူအဲ့လို ဖြစ်နေရတယ်ဆိုတာလည်းအကြောင်းအရင်းရှိပါတယ်။ အဲ့ဒီအကြောင်းအရင်းကတော့ သူ့မှာဟင်းလင်းပြင် ကြောက်တတ်တဲ့ ရောဂါရှိလို့ဖြစ်ပြီး သူနေတဲ့တိုက်ခန်း ထဲကနေအပြင်ကို လုံး၀ခြေတစ်လှမ်းဆို တစ်လှမ်းတောင် မထွက်ရဲတာဖြစ်ပါတယ်။အဲ့လိုအိမ်ထဲမှာပဲ နေရတဲ့အတွက် ဂိမ်းတွေက သူ့အတွက်အဖော်ဖြစ်လာပြီး အခုအချိန်မှာဆိုရင် ဂိမ်းနဲ့ ပတ်သတ်တဲ့ပစ္စည်းတွေကို စမ်းသုံးပေးရတာတွေ အစမ်းဆော့ကြည့်ပေးရတာတွေလုပ်နေရပါပြီ။အဲ့လိုအပြင် မထွက်ပဲနဲ့ သူဘယ်လိုအသက်ရှင်နေထိုင်လဲလို့ မေးရင်တော့ အပေါ်ထပ်မှာနေတဲ့ သူ့သူငယ်ချင်းဂျန်ကိုအားကိုးပြီးနေနေ ရတာပဲဖြစ်ပါတယ်။ ဒီလိုနဲ့တစ်နေ့မှာတော့သူ့ဆီကို Omnia လို့ခေါ်တဲ့ထုတ်ကုန် အသစ်တစ်ခုရောက်လာပြီး ပွဲမထုတ်ခင်သူ့ကိုစမ်းသပ်ခိုင်းခဲ့ ပါတော့တယ်။အဲ့ဒီ Omnia လို့ခေါ်တဲ့ပစ္စည်းကအာရုံကြောနဲ့ ဆက်သွယ်ပြီးလျှပ်စစ်ပစ္စည်းတွေ ဂိမ်းတွေ ပရိုဂရမ်တွေကို စိတ်နဲ့စေခိုင်းလို့ရစေတဲ့ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ဟန်နာ ကလည်းအဲ့ဒီပစ္စည်းကိုအရမ်းကြိုက်သွားပြီးနောက်ပိုင်း အလွန်အကျွံတွေအသုံးပြုလာမိတဲ့အခါမှာတော့ဘယ်လို ဘေးထွက်ဆိုးကျိုးတွေကိုခံစားရပြီး ဘာတွေဆက်ဖြစ်မယ် ဆိုတာကိုကြည့်ရှုရမဲ့သည်းထိပ်ရင်ဖိုဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။...
Shadow of Fire (2023) ⭐IMDB: 7.0/10 (214 Votes) 🎬 #Drama #History #Mystery #War #Thriller 🗓 2023 🎞 movie 🌎 #Japan ⏰ 1 နာရီ 35 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးချိန် ဂျပန်တွေ စစ်ရှုံးကာလ ဝန်းကျင်ကို အခြေပြု ရိုက်ကူးထားတဲ့ ဇာတ်ကားလေး တစ်ကားနဲ့ cm ပရိသတ်ကြီးကို မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားဟာ နာမည်ကြီး နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေ ဖြစ်တဲ့ မြူးနစ်ရုပ်ရှင်ပွဲတော်နဲ့ ဗင်းနစ် ရုပ်ရှင်ပွဲတော်တွေမှာ ၂၀၂၃ အကောင်းဆုံးဇာတ်ကားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ စစ်ကြီးအတွင်းမှာ ဂျပန်နိုင်ငံကို မဟာမိတ်တပ်ဖွဲ့တွေ ဗုံးကြဲတိုက်ခိုက်မှုတွေ အများအပြားရှိခဲ့ပြီး နာမည်ကြီး ဟီရိုရှီးမားနဲ့ နာဂါဆာကီ အဏုမြူဗုံးကြဲချမှုတွေအပြင် “အနက်ရောင်ဆီးနှင်းကျတဲ့ည”လို့တင်စားခေါ်ဝေါ်တဲ့ တိုကျိုဗုံးကြဲတိုက်ခိုက်မှုမှာ တစ်ညအတွင်း လူပေါင်း တစ်သိန်းကျော် အသက်ဆုံးရှုံးခဲ့ကြပြီး နိုင်ငံသားအများ အပြား အိုးအိမ်မဲ့ ဖြစ်ခဲ့ကြရတာပါ။ ဇာတ်လမ်းကို မိသားစုတစ်ခုလုံး မီးလောင်ဗုံးကြဲမှုမှာ အသက်ဆုံးရှုံးခဲ့ရပြီး ပြည့်တန်ဆာအဖြစ် အသက်မွေးနေရတဲ့ အမျိုးသမီးလေး တစ်ယောက်၊ အစားအစာတွေကို လစ်သလိုခိုးယူပြီး ရှင်သန်နေရတဲ့ မိဘမဲ့ ကောင်လေး တစ်ယောက်နဲ့ စိတ်ဒဏ်ရာအများအပြား ရရှိထားတဲ့ စစ်ပြန် စစ်သားတစ်ယောက်တို့ အတူတွေ့ဆုံမှုနဲ့ စဖွင့်ထားပါတယ်။ သူတို့တွေ ဆုံးရှုံးခဲ့ရတဲ့ မိသားစုဘဝတွေကို ခဏတာ အစားပြန်ရသလို ပျော်ရွှင်ခဲ့ကြပေမယ့် ရရှိထားကြတဲ့ ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေနဲ့ ပျော်ရွှင်မှုကို ရေရှည် ပိုင်ဆိုင်ခွင့် ရဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်တဲ့ ဇာတ်ကောင်တွေအတွက် မျှော်လင့်ချက် ကင်းမဲ့မှုတွေ၊ ကြေကွဲဝမ်းနည်းမှုတွေနဲ့အတူ အထီးကျန်မှုကိုပါ ထင်ဟပ်ပြသထားပြီး တကယ့်ကို ခံစားမှုရသပေးစွမ်းနိုင်တဲ့ စစ်ပွဲဆန့်ကျင်ရေး ဇာတ်ကားကောင်း တစ်ကားလို့ ဆိုပါရစေ။...
The Caller (2024) ⭐TMDB: 100% User Score 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 21 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Horror ကားကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် Horror ကားကောင်းကောင်းလေးတစ်ကားကို CM ကနေတင်ဆက်ပေးလိုက်ပါပြီ ။ဇာတ်ကားလေးကတော့ နာမည်အတိုင်း ဝင်လာတဲ့ဖုန်းကောလ်တစ်ကောလ်ကနေ ပြဿနာတွေတသီတစ်တန်းကြီး တတ်တဲ့ကားပါ ။ ဇာတ်လမ်းအညွှန်းလေးကတော့လျိုမုန့်ကျားဆိုတဲ့မိန်းကလေးက ယောက်ျားဆီကနေ အိမ်တွင်းအကြမ်းဖက်ခံရတာကြောင့်ယောက်ျားနဲ့ကွာရှင်းဖို့လျှောက်ထားပြီး ရှောင်ရင်းနဲ့နယ်မြို့လေးတစ်မြို့မှာ အိမ်ပြောင်းနေခဲ့ပါတယ် ။သူအဲဒီအိမ်မှာနေရင်း တစ်နေ့မှာ ဖုန်းတစ်ကောလ်က ထူးဆန်းစွာဝင်လာခဲ့ပါတယ် ။ဖုန်းဆက်တဲ့သူကလည်း မိန်းမတစ်ယောက်ဖြစ်ပြီးတော့သူ့ကို လှေကားရှည်လမ်းထိပ်က ဟောင်ကောင်စားသောက်ဆိုင်ကိုလာခဲ့ပေးပါစောင့်နေမယ်ဆိုပြီး အလောတကြီးပြောပြီးဖုန်းချသွားပါတော့တယ် ။ မုန့်ကျားတစ်ယောက် မယုံသင်္ကာဖြစ်မိပေမဲ့ သွားရှာကြည့်လိုက်တဲ့အဲဒီဟောင်ကောင်စားသောက်ဆိုင်ဆိုတဲ့နေရာကလွန်ခဲ့တဲ့နှစ် ၂၀ လောက်ကတည်းက ဖျက်ခံထားပြီး ဈေးဆိုင်တစ်ခုဖြစ်နေတာပါ ။ဒီလိုနဲ့ ညတိုင်းဖုန်းပြောဖြစ်ကြရင်း တစ်ဖက်ကမိန်းကလေးကလည်းသူလိုမျိုး ယောက်ျားဖြစ်သူဆီကနေ အနိုင်ကျင့်ခံရဲ့အမျိုးသမီးဖြစ်ကြောင်းသိရပြီး မုန့်ကျားက စိတ်ခွန်အားတွေပေးဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ မမျှော်လင့်ထားဘဲ ဖုန်းဆက်လာတဲ့အမျိုးသမီးကသူလက်ရှိရှိနေတာက ၁၉၉၇ ခုနှစ်အကြောင်းပြောပြလာချိန်မှာတော့၂၀၁၇ ခုနှစ်မှာရှိနေတဲ့ မုန့်ကျားတစ်ယောက် အံ့ဩထိတ်လန့်မှုတွေနဲ့ ကြုံတွေ့လာရပါတော့တယ် ။ ကဲ ဇာတ်ကားထဲမှာတော့ အတိတ်ကို မတော်တဆပြောင်းလဲမိလိုက်တဲ့မုန့်ကျားတစ်ယောက် အချိန်နဲ့အာကာသရဲ့ အပြိုင်စကြဝဠာလမ်းကြောင်းကိုနှောက်ယှက်မိပြီး ဘယ်လိုထိတ်လန့်စရာတွေနဲ့ကြုံလာရမယ်ဆိုတာကိုစိတ်ဝင်စားစွာနဲ့ ဇာတ်ကားလေးထဲမှာ သဲထိတ်ရင်ဖိုဆက်လက်ကြည့်ရှုလိုက်ပါအုံးနော်...
Croc Tsunami (2021) ⭐TMDB: 52% User Score 🎬 #Action #Drama #Horror 🗓 2021 🎞 video movie 🌎 #China ⏰ 1 နာရီ 18 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီနေ့တော့ Crazy tsunami ဆိုတဲ့ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်..ဒီဇာတ်ကားလေးကို အမြည်းပြောပြရမယ်ဆိုရင်..ဆင်ခြေဖုံးရပ်ကွက်ကို ပရောဂျက်ကြီးနဲ့မြို့ပြအဖြစ်ပြောင်းလဲဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်ရှိတယ်..ဒီလူကို ဆန့်ကျင်နေတာကတော့ အဲ့ ဆင်ခြေဖုံးရပ်ကွက်မှာ နေတဲ့သူတွေပေါ့… အဲ့ဒေသလေးက ပင်လယ်နဲ့နီးလို့ ပင်လယ်ပျော်မြို့အနေနဲ့အမှတ်သင်္ကေတ မိကျောင်းတောင် ထားဦးမှာဆိုပြီးကျန်းဖုန်းဆိုတဲ့လူကို မိကျောင်းသယ်လာခိုင်းတယ်..သူလည်း သယ်လာတာပေါ့.. ဒါပေမယ့် ၁၀ နှစ်ကျော် ခင်မင်လာတဲ့ သူငယ်ချင်းအိမ်နီးချင်းတွေက ကန့်ကွက်ကြတယ် အဲ့ကိစ္စကို…ဒီကန့်ကွက်တဲ့ထဲ အိမ်ကပျောက်သွားတဲ့ သူ့သမီးလေးလည်း ပါနေတာပေါ့..သူတို့အငြင်းပွားနေချိန်မှာပဲ ဆူနာမီလှိုင်းလုံးကြီးကအမှတ်မထင် နှုတ်ဆက်လိုက်ပါတယ်..တစ်ချိန်တည်းမှာပဲ ကျန်းဖုန်းသယ်လာတဲ့မိကျောင်းကြီးလည်း လွတ်သွားတာပေါ့…မိကျောင်းကြီးနဲ့ ဆူနာမီရေကြီးနေတဲ့ ဆင်ခြေဖုံးရပ်ကွက်လေးဘာဆက်ဖြစ်မယ်ဆိုတာ ဇာတ်လမ်းလေးကြည့်လိုက်နော်...
Gaslit by My Husband: The Morgan Metzer Story (2024) ⭐IMDB: 6.7/10 (173 Votes) 🎬 #Drama #TVMovie #Thriller 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 28 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ CM ကနေ Thriller ရောထားတဲ့ အိမ်ထောင်ရေးကားလေးတစ်ကားကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ် ။ ဇာတ်လမ်းအစကိုတော့ သားဦးလေးကို ဆုံးရှုံးလိုက်ရတဲ့ ရော့ဒ်နေးနဲ့ မော်ဂန်တို့ စုံတွဲနဲ့ အစပြုထားပါတယ် ။ ငယ်ချစ်ဦးတွေ ဖြစ်ခဲ့ကြတဲ့ သူတို့စုံတွဲဟာ သားဦးလေးဖြစ်တဲ့ ကယ်လ်ဗင်ကို ဆုံးရှုံးလိုက်ရပြီး လက်ရှိမှာတော့ အမြွှာလေး မွေးထားကြသူတွေပါ ။ ဒါပေမဲ့ သားတစ်ယောက် ဆုံးရှုံးလိုက်ရတဲ့အချက်ကို မမေ့နိုင်သေးတဲ့ မော်ဂန်ဟာ အပြုအမူတွေ ထူးဆန်းလာတယ် ၊ အကြမ်းဖက်တတ် လာတယ်လို့ သူ့ယောကျ်ားဖြစ်တဲ့ ရော့ဒ်နေးက ထောက်ပြလာခဲ့ပါတယ် ။ ဒီအခြေအနေမှာမှ ရော့ဒ်နေးက အလုပ်ပြုတ်သွားခဲ့ပြီး မော်ဂန်က အိမ်ပြင်ထွက် အလုပ်လုပ်ရတဲ့အခါမှာတော့ နှစ်ယောက်ကြားက အက်ကြောင်းတွေက ပိုလို့တောင် ထင်ရှားလာပါတယ် ။ ဒီအချိန်မှာ ရေချိုးခန်းထဲက စတီးရွိုက်ဆေးတောင့်တွေ ၊ သူမသိလိုက်ဘဲ သုံးစွဲထားတဲ့ အကြွေးဝယ်ကဒ် နောက်တစ်ခု စတဲ့ ယောကျ်ားဖြစ်သူရဲ့ မူမမှန်တဲ့ အချက်တွေကို မော်ဂန် တွေ့လိုက်ရပါတော့တယ် ။ သားဖြစ်သူကို ဆုံးရှုံးထားရလို့ ကုထုံးစကားဝိုင်းတွေ သွား ၊ ဆေးတွေသောက်နေရတဲ့ မော်ဂန်နဲ့ မော်ဂန့်ကို ရူးနေပါတယ်လို့ တစ်ဖက်သတ်အတင်းစွပ်စွဲနေတဲ့ ရော့ဒ်နေး သူတို့နှစ်ယောက်မှာ တကယ်တမ်းမှားနေတဲ့ သူက ဘယ်သူဖြစ်မလဲ ။ သူတို့ရဲ့ ရန်ပွဲဟာ စကားနဲ့တင်မဟုတ်ဘဲ လက်ပါ ပါလာတဲ့ အခါ ဒီအကြမ်းဖက်မှုတွေကနေ မော်ဂန် နောက်ဆုံး လွတ်မြောက်နိုင်ပါ့မလား ဆိုတာကိုတော့ Gaslit By My Husband ဆိုတဲ့ ရုပ်ရှင်ကားမှာ အတူတူ စောင့်ကြည့်လိုက် ရအောင်နော်...
Take Me Away! (1978) ⭐TMDB: 60% User Score 🎬 #Drama #Romance 🗓 1978 🎞 video movie 🌎 #Japan ⏰ 1 နာရီ 32 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကျိုကို ဟာ ဆန်ဖရန်စစ်စကိုကို အလည်သွားတုန်းမှာ တက်ဆု ဆိုတဲ့ကောင်လေးနဲ့ တွေ့ခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်သား ချစ်မိသွားခဲ့ကြပါတယ်။ ကျိုကို ဟာ ဂျပန်ကိုပြန်ရတော့မယ့်အချိန်မှာ တက်ဆုကို ဂျပန်ကိုပြန်လာဖို့ပြောပါတယ်။ နောက်ဆုံးမှာတော့ တက်ဆုက တိုကျိုမှာပြန်ဆုံကြမယ်လို့ ဆိုတဲ့အတွက် ကျိုကိုတစ်ယောက် ဂျပန်ကိုစိတ်အေးလက်အေးပြန်သွားပါတော့တယ်။ ဒါပေမယ့် ကျိုကို ဂျပန် ပြန်ရောက်ပြီးနောက်မှ တက်ဆုဘက်က စာမလာအကြောင်းမကြားနဲ့ ချိန်းထားတဲ့နေရာကို ရောက်မလာတဲ့အခါ...
大项目 (2024) ⭐TMDB: 0% User Score 🎬 #Comedy #Crime #Mystery 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 32 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM ကနေ ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ပေါ့ပေါ့ပါးပါးနဲ့ ဟာသရသမြောက်တဲ့ ရုပ်ရှင်လေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် ရုပ်ရှင်တွေကိုဖြစ်ကတတ်ဆန်း ရိုက်ကူးလာတဲ့ခေတ်ကြီးထဲမှာ အစ်ကိုဝမ်နဲ့ဒါရိုက်တာဟွမ်တို့က ဆန်းသစ်တီထွင်မှုတွေနဲ့ ရိုက်ကူးချင်ကြသော်လည်းစမ်းသပ်ကြည့်ဖို့ ဘက်ဂျက်ကရှိမနေပြန်ပါဘူး အဲ့လိုနဲ့တစ်နေ့မှာ ပရောဂျက်ကြီး တစ်ခုကို ရိုက်ကူးဖို့ နမူနာကို ထုတ်လုပ်သူထံပို့ပေးဖို့သွားရောက်ရိုက်ကူးချိန်မှာတော့ ရတနာပုလဲကို ခိုးယူထားပြီးလူကိုပြန်ပေးဆွဲလာတဲ့ ဓါးပြနဲ့ဆုံပါလေရော ဖြစ်ချင်တော့သူတို့ရိုက်ကူးမယ့်ကားကလည်း ပြန်ပေးဆွဲငွေညှစ်တဲ့ကားဖြစ်နေပြန်ရောယွမ်သိန်း100 တန်ဖိုးရှိတဲ့ပုလဲကို သူတို့လည်းဘက်ဂျက်ရတယ်ဆိုပြီး အဲ့ဒီဓါးပြနဲ့ဝင်ရောလိုက်ပါတော့တယ် အဲ့တော့ နောက်ပိုင်းဘာတွေဆက်ဖြစ်မှာလဲဆိုတာကိုဟာသအနှောလေးနဲ့ ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ဖို့စိတ်အပန်းဖြေကြည့်ရှုချင်သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်...
Good Boy (2022) ⭐IMDB: 5.7/10 (3 k Votes) 🎬 #Horror #Thriller 🗓 2022 🎞 movie 🌎 #Norway ⏰ 1 နာရီ 17 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb – 5.7 မီလီယံနာ အမွေဆက်ခံသူတစ်ဦးဖြစ်တဲ့ ခရစ်တီယန်နဲ့ စိတ်ပညာကျောင်းသူတစ်ယောက်ဖြစ်တဲ့ စီဂရစ်တို့ ချိန်းတွေ့တဲ့အက်ပ်ပလိီကေးရှင်းမှတဆင့် ချိန်းတွေ့ရမှ ဥစ္စာပေါ ရုပ်ချော သဘောကောင်းတဲ့ ခရစ်တီယန်တွင် လူစင်စစ်မှခွေးလိုပြုမူနေထိုင်သော သူတစ်ယောက် မွေးထားသည်ကို သိလိုက်ရသောအခါ စီဂရစ်တစ်ယောက် ဘယ်လိုတုံ့ပြန်မလဲ ၊ လူစင်စစ်မှ ဘာကြောင့်ခွေးလိုပြုမူနေသလဲဆိုတာကို သဲထိပ်ရင်ဖိုကြည့်ရှူရမည့် သဲထိပ်ရင်ဖိုဇာတ်ကားတစ်ကားဖြစ်ပါတယ်။...
Kowloon Walled City (2021) ⭐IMDB: 5.3/10 (20 Votes) 🎬 #Action #Drama #Adventure #Comedy 🗓 2021 🎞 video movie 🌎 #China ⏰ 1 နာရီ 23 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kowloon walled city ဆိုတဲ့ ဟာသအက်ရှင်ကားကောင်းလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဒါက ထုံးစံအတိုင်း တော်လှန်ရေးကာလကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီးပုံစံမတူတာကတော့ ဟောင်ကောင်မြို့ရဲ့လူမသိ သူမသိ ပျက်စီးသွားတဲ့အကြောင်းရင်းလေးကို ဟာသနှောပြီး တင်ဆက်ပြထားတာဖြစ်ပါတယ်… ဇာတ်လမ်းအကျဉ်းနဲ့ ဇာတ်ကားအကြောင်းမပြောခင်မှာ…ဟောင်ကောင်ဟာ တစ်ခေတ်တစ်ခါကတရုတ်ပြည်မှာ ရှန်ဟိုင်းထက် စီးပွားရေးအောင်မြင်ပြီး ငွေဖြစ်လွယ် ရလွယ်တဲ့အားလုံး မျက်စိကျစရာနေရာတစ်ခုဖြစ်ခဲ့တယ်ဆိုတာလေး ပြောချင်ပါတယ်… သို့ပေမယ့် ဘာကြောင့် ရှန်ဟိုင်းတို့ပေကျင်းတို့လောက် စီးပွားရေးအခွင့်အလမ်းမရှိတော့တာလဲလို့မေးလာရင် ဒီကားလေးက အဖြေပေးမယ်လို့ပြောပါရစေ… တော်လှန်ရေးကာလမို့ စီးပွားရေးကမကောင်း ခေတ်ကပျက် စနစ်က မရှိစည်းကမ်းမဲ့နေတဲ့ ကာလတစ်ခုမှာ လူကိုဖျက်တဲ့ ဘိန်းကပါအတူယှဉ်တွဲနေထိုင်လိုက်ချိန်မှာတော့ဟောင်ကောင်ဟာ အခုကားလေးထဲကလိုပဲဘိန်းဘုရင်တွေပေါ်လာတယ်… ဘိန်းက လူကိုဖျက်… ဖျက်တဲ့ဘိန်းကိုလူကမဖြတ်နိုင်တော့ မရှိရှိတာပေါင်နှံငွေမလောက်တော့ လောင်းကစားဝိုင်းပြေးနောက်ဆုံး အိမ်တိုင်ကျွတ် ရှိတာကုန်တော့ မိန်းမသားသမီးကိုသင့်ရာနေရာရောင်းချ…ဒီလိုနဲ့ပဲ လောင်းကစားဝိုင်းတွေများပြားလာပြီးအဖော်အချွတ်နဲ့ ငွေရှာတဲ့အမျိုးသမီးတွေ ထုနဲ့ထည်ပေါ်ထွက်လာတာပေါ့… ခေတ်ပျက်မှာ စာရိတ္တပျက်ပြီး မကောင်းတာလုပ်မှ ငွေရတော့တဲ့ကာလဆိုရင်မမှားဘူးပေါ့…ဒီကာလမှာဖြစ်တဲ့ အဖြစ်ပျက်တစ်ချို့ကိုအမှန်နည်းနည်း စိတ်ကူးယဉ်နည်းနည်းရောယှက်ပြီး ဒီဇာတ်လမ်းလေးဖြစ်လာခဲ့တာပါ...
Dancer in the Dark (2000) ⭐TMDB: 79% User Score 🎬 #Crime #Drama #Musical 🗓 2000 🎞 movie 🌎 #Argentina #Denmark #Finland #France #Germany #Iceland #Italy #Netherlands #Norway #Sweden #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 21 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 7.9RT 70%Letterboxed 4.2/5 ထိရထားတဲ့ Lars von trier ရဲ့ dancer in the dark က emotional ဖြစ်တဲ့ musical/crime/drama ရုပ်ရှင်တစ်ကားပါ Selma လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်က မျိုးရိုးလိုက် မျက်လုံးရောဂါ ခံစားနေရတယ်။ musical film တွေ ကြိုက်တဲ့ သူပီပီအမြင်အာရုံချွတ်ယွင်းလာတာနဲ့ အမျှ သူက musical fantasies တွေထဲ စီးမျှောရင်း ဘ၀ကို ဖြတ်သန်းတတ်လာတယ်။ သူ့ဘ၀ရဲ့ အကြီးမားဆုံး motivation ကတော့ သူ့သားလေး သူ့လိုမဖြစ်အောင် operation ၀င်ဖို့ ပိုက်ဆံစုဖို့ပဲ။ ဒါပေမဲ့ လောကဒဏ်ရဲ့ ရိုက်ပုတ်မှုတွေ၊ ယုံကြည်ရသူတွေရဲ့ သစ္စာဖောက်ခံရမှုတွေ ခံလာရသော အခါ...
The Present (2024) ⭐IMDB: 5.7/10 (181 Votes) 🎬 #Comedy #Fantasy #Family 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ ကလေးရှိတဲ့ မိဘတိုင်း ကြည့်ကိုကြည့်ရမဲ့ မိသားစု ဇာတ်လမ်းလေးပါ Eric နဲ့ Jennifer တို့ စုံတွဲဟာ နှင်းကျတဲ့ ညတစ်ညမှာ ပထမဆုံးဒိတ်ကျရင်း စံပြအိမိထောင် တစ်ခုကို ထူထောင်နိုင်ခဲ့ကြပါတယ်။ သူတို့မှာ လိမ္မာတဲ့ သမီးကြီး၊ ရော်ကာ သားလတ်ကလေးနဲ့ စကားမပြော အပြင်မထွက် အသားချင်းမထိချင်တဲ့ သားငယ်လေး Taylor ဆိုပြီး သားသမီး ၃ယောက် ရှိကြပါတယ်။ တစ်နေ့မှာတော့ ကလေးတွေနဲ့ ရင်းနှီးကျွမ်းဝင်မဖြစ်ဘူးလို့ ကိုယ့်ကိုကိုယ် ယူဆထားတဲ့ Eric နဲ့ ကလေး ၃ယောက်မွေးထားလည်း လှနေသေးတဲ့ Jen တို့ဟာ single life ကို ပြန်သွားဖို့ရာ ကွာရှင်းကြမယ်လို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ မိဘ ၂ပါး ကွာရှင်းမှာကို တားနိုင်ဖို့ မိသားစုလေး မပြိုကွဲရဖို့အရေး အောင်နှမ ၃ယောက်ဟာ အချိန် ခရီးသွားတာကို ၈၆ ကြိမ်တောင် ပြုလုပ်ခဲ့ကြပါသတဲ့။ ဒါပေမယ် အဆုံးမှာတော့ အချိန်ခရီးသွားခြင်းဟာ ဖြစ်ရပ်တွေကိုပဲ ပြောင်းနိုင်မှာ ဖြစ်ပြီး ခံစားချက်ခံယူချက်တွေကို ပြောင်းနိုင်မှာ မဟုတ်ကြောင်း သဘောပေါက်သွားကြပါတော့တယ် Taylor တို့ မိသားစုလေး ကွဲကြေသွားသလား ပေါင်းစည်းသွားကြသလားဆိုတာကို ကြည့်ရှုလိုက်ကြပါအုံး...
Dragonkeeper (2024) ⭐IMDB: 5.7/10 (570 Votes) 🎬 #Adventure #Animation #Fantasy #Action #Family 🗓 2024 🎞 movie 🌎 #Spain #China ⏰ 1 နာရီ 38 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စပိန်-တရုတ်ဖက်စပ်ရိုက်ကူးထားတဲ့ Dragonkeeper ရုပ်ရှင်ကတော့ စိတ်ကူးယဥ်စွန့်စားခန်း Animation ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ရှေးဒဏ္ဍာရီလာနဂါးကြီးတွေကိုထိန်းကျောင်းနိုင်စွမ်း ရှိသူတွေအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကို တရုတ်နိုင်ငံ ဟန်မင်းဆက်ခေတ်မှာ အခြေတည်ထားပြီး အစေခံမလေးတစ်ယောက်ဖြစ်တဲ့ ပင်နဲ့ နဂါးကြီးလုံတန်စီတို့ရဲ့စွန့်စားခန်းခရီးစဥ်ကို လိုက်ပါ ကြည့်ရှု့ကြရမှာပါ။ လူသားတွေနဲ့နဂါးတွေဟာ ရှေးတုန်းက တစ်ခေတ်တစ်ခါမှာ အတူလက်တွဲစစ်တိုက်ခဲ့ကြဖူးပေမယ့် အာဏာမက်မောတဲ့ လူသားတွေကြောင့် နဂါးတွေဟာ ဖမ်းဆီးချုပ်နှောင်သတ်ဖြတ် ခံရပြီး မျိုးတုန်းတော့မယ့်အရေးနဲ့ ရင်ဆိုင်လာခဲ့ရပါတယ်။ ဒါပေမဲ့ ရဲရင့်တဲ့ပင်ဆိုတဲ့မိန်းမငယ်လေးကတော့ ရှားရှားပါးပါး နဂါးတွေကို ထိန်းချုပ်နိုင်သူပီပီ အခက်အခဲတွေကိုကျော်ဖြတ်ပြီး နောက်ဆုံးလက်ကျန်နဂါးဥလေးကို ကယ်တင်ပေးနိုင်မှာလား ဆိုတာ ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။...
Chestnut (2023) ⭐IMDB: 5.0/10 (215 Votes) 🎬 #Drama #Romance 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကောလိပ်ကျောင်းပြီးခါစအန်နီဆိုတဲ့ကောင်မလေးဟာ နွေရာသီမှာ အိမ်မပြန်နိုင်သေးဘဲ ကျောင်းရှိရာ ဖီလာဒဲလ်ဖီးယားမြို့မှာပဲ တဝဲလည်လည်ဖြစ်နေတဲ့အချိန် ဘားတစ်ခုမှာ တိုင်လာဆိုတဲ့ကောင်မလေး၊ ဒန်နီဆိုတဲ့ ကောင်လေးနဲ့သူငယ်ချင်းတွေဖြစ်သွားခဲ့ပါတယ်။ တိုင်လာက အန်နီကိုမိန်းကလေးချင်းစလိုက်ရာကနေ အန်နီဟာ တိုင်လာကိုတကယ်ချစ်မိသွားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ သူငယ်ချင်းသုံးယောက်အတူတူရှိနေတဲ့အချိန်တွေမှာ တစ်စုံတစ်ခုက သူတို့ရဲ့ဆက်ဆံရေးကိုလေးလံနေစေတယ် ဆိုတာကို အန်နီတစ်ယောက်သတိထားမိလာခဲ့ပါတယ်။ ဖခင်ကိုအဖော်ပြုပေးဖို့ ဖခင်ရှိရာမှာအခြေချနေထိုင်သွားဖို့ စီစဉ်ထားတဲ့အန်နီဟာ တိုင်လာနဲ့ရှေ့ရေးအတွက် ဖီလာဒဲလ်ဖီးယားမှာ ဆက်နေသွားဖို့အထိ ဆုံးဖြတ်ချက်တွေ ခိုင်မာခဲ့ပေမယ့် တိုင်လာဘက်ကတော့ အဲဒီလိုမဟုတ်ဘဲ အန်နီ၊ တိုင်လာနဲ့ ဒန်နီတို့ရဲ့သုံးပွင့်ဆိုင်အချစ်ရေးက ပိုရှုပ်ထွေးလာခဲ့ပါတော့တယ်။...
People Who Talk to Plushies Are Kind (2023) ⭐IMDB: 6.0/10 (32 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Japan ⏰ 1 နာရီ 49 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းမှာ Private စုံထောက်ဖြစ်တဲ့ Ned က ထောင်ကလွတ်လာတဲ့လက်ဝှေ့သမားဟောင်းရဲ့ စာပို့ဖော်ရည်းစား အပျော်အကမယ်ကောင်မလေးကို ရှာဖို့ အလုပ်ခန့်ခံခဲ့ရတယ်။ Ned လည်း ဘယ်သူမှမမြင်ဖူးတဲ့ အဲဒီကောင်မလေးကိုလိုက်ရှာရင်း သူစုံစမ်းဖို့လိုက်မေးခဲ့တဲ့ လူတိုင်းက အသတ်ခံလိုက်ရတဲ့အပြင် သူ့နောက်ကိုပါ နောက်ယောင်ခံတွေလိုက်လာတာကို သတိထားမိလာခဲ့တယ်။ နောက်တော့ Ned တစ်ယောက် ကောင်မလေးရှိနိုင်ခြေရှိတဲ့ လူသူနည်းတဲ့မြို့ဆီသွားပြီး မဟာစကြဝဠာစတင်ဖြစ်ပေါ်ချိန်က ပေါက်ကွဲမှုကြီးဖြစ်တဲ့ Big Bang ကို ပြန်လည်ဖန်တီးဖို့ကြိုးစားနေတဲ့ ကမ္ဘာ့17 ယောက်မြောက် အချမ်းသာဆုံးသူဌေးနဲ့တွေ့ခဲ့ပါတယ်။ Ned က အကမယ်ကောင်မလေးကို ရှာတွေ့နိုင်မလား၊ အဲဒီကောင်မလေးက တကယ်ရောရှိရဲ့လားနဲ့ ဘယ်လိုလှည့်ကွက်နဲ့အမှုတွေ ဆက်ပေါ်လာမလဲဆိုတာတော့ ဒီဇာတ်လမ်းထဲမှာ သည်းထိတ်ရင်ဖို ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ (ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
Hit List (2024) ⭐IMDB: 6.2/10 (65 Votes) 🎬 #Action #Bollywood #Drama #Crime #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 7 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hit List (2024)“အပြစ်ဒဏ်” IMDb 6.2 ရက်ရက်စက်စက် ပြကွက်ခပ်ကြမ်းကြမ်းတွေနဲ့ တမီးလ်လျှို့ဝှက်သည်းဖို ရုပ်ရှင်လေး တင်ဆက်ပေးလိုက်ပါတယ် ဗီဂျေးက အနေအေးတဲ့ လူငယ်တစ်ယောက် သားသတ်လွတ်လှုံ့ဆော်သူလည်းဖြစ်တဲ့အပြင် ကြွက်ကလေးတစ်ကောင်ကိုတောင်မှစာနာတတ်တဲ့ ကရုဏာရှင် ဒီလို နှလုံးလှဗီဂျေးရဲ့ အမေနဲ့ ညီမလေးကိုမှအမည်မသိ မျက်နှာဖုံးစွပ် ဆိုက်ကိုကောင်တစ်ကောင်က ပြန်ပေးဆွဲသွားလေရဲ့ သူများတကာကို နာကျင်မှုပေးရတာ နှစ်ခြိုက်သူ၊ ငွေနဲ့ အာဏာလို ရုပ်ဝတ္ထုတွေကိုမက်မောလို့မဟုတ်ဘဲ စေ့ဆော်မှု ရည်ရွယ်ချက်တစ်ခုရှိနေတဲ့ မျက်နှာဖုံးစွပ် မိစ္ဆာကောင်က … ဗီဂျေးကို အကြပ်ကိုင်ပြီး ရက်စက်ကြမ်းကြုတ်လာအောင် ဘယ်လိုတွေခိုင်းစေမှာလဲ…သူ့ရဲ့ ခန့်မှန်းရခက်တဲ့ ရည်ရွယ်ချက်ကရော ဘယ်လိုဖြစ်မှာလဲ မညှာစတမ်း ပြကွက်တွေနဲ့ ရင်တမမ အူလှိုက်သည်းလှိုက် ကြည့်ရမယ့် တမီးလ်ရုပ်ရှင်လေးတစ်ကားပါ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်...
Sarileru Neekevvaru (2020) ⭐IMDB: 5.8/10 (9 k Votes) 🎬 #Action #Bollywood #Comedy #Drama 🗓 2020 🎞 movie 🌎 #India ⏰ 2 နာရီ 51 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sarileru Neekevvaru (2020) တေလဂူးမင်းသားချော Mahesh Babu နဲ့ ပရိသတ်တို့ရဲ့ အချစ်တော် တောင်ပိုင်းမင်းသမီး Rashmika Mandanna တို့ရဲ့ အချစ်၊အကြမ်းကားကြီး လာပါပြီ။ ဇာတ်လမ်းအကျဉ်းအရ မင်းသားချောကတော့ အိန္ဒိယတပ်က စစ်ဗိုလ်တစ်ယောက်ပါ။ စစ်ဆင်ရေးတွေမှာလည်း ခေါင်းဆောင်ကောင်းပီသပြီး အရမ်းတော်တဲ့ စစ်သားတစ်ယောက်ပါ။ မိဘမဲ့တစ်ယောက်ဘဝနဲ့ စစ်တပ်ထဲမှာ အသက်ရင်းပြီး မိခင်မေတ္တာကို လိုချင်တောင့်တနေသူပါ။ ဒီလိုနဲ့ သူဦးဆောင်တဲ့ စစ်ဆင်ရေးတစ်ခုမှာ စစ်သားတစ်ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။ လတ်တလောမှာ အဲ့ဒီစစ်သားဟာ ဒီစစ်ဆင်ရေးပြီးရင် ညီမဖြစ်သူရဲ့ မင်္ဂလာပွဲအတွက် အိမ်ပြန်မှာပါ။ခွင့်လည်း တောင်းထားပြီးသား။ ခုလိုအခြေအနေကို မိသားစုကို အကြောင်းကြားဖို့ရာ မိသားစုတစ်ခုလုံး အခြေအနေတွေ ကမောက်ကမဖြစ်မှာစိုးလို့ တပ်ရင်းရဲ့ ကိုယ်စား စစ်သားတစ်ယောက် သွားရောက်ပြီး အေးဆေးစွာ ပြောပြနိုင်ရပါမယ်။ ဒီတာဝန်ကို တာဝန်ယူလိုက်တဲ့ သူကတော့… မင်းသားချောပါပဲ။ ကဲ သူ့ ခရီးတစ်လျှောက် ဘယ်လိုမျိုးတွေ တွေ့ကြုံရမလဲ အဲ့ဒီအိမ်ကို ရောက်သွားတဲ့အခါမှာရော သူထင်ထားသလို ဖြစ်နေမလား ဆိုတာကို ရုပ်ရှင်ရုံထဲကြည့်ရသလို ၃ နာရီနီးပါး လိုက်ပါစီးမျောကြည့်ရှုရမှာပါ။ (ရုပ်ရှင်ဘာသာပြန်နဲ့အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်)...
Raising Voices (2024) ⭐IMDB: 7.2/10 (3 k Votes) 🎬 #Drama 🗓 2024 🎞 tv series 🌎 #Spain ⏰ 49 မိနစ် 20 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါတော့ IMDb – 7.2 ထိရရှိထားတဲ့ စပိန်ဇာတ်လမ်းတွဲလေးတစ်ခု တင်ဆက်ပေးပါ့မယ်……ဆယ်ကျော်သက် အထက်တန်းကျောင်းသူလေးတစ်ယောက်ရဲ့ အဖြစ်အပျက်ကိုရိုက်ပြထားတာကြောင့် လူငယ်တွေရော လူကြီးတွေအတွက်ပါ အကျိုးရှိစေမဲ့ကားလေးတစ်ကားပါပဲ…… ဆယ်ကျော်သက်အရွယ်ဆိုတာ အင်မတန်ထိန်းရခက်တဲ့အရွယ်ပါ အဲဒီထဲကမှ မိန်းကလေးဖြစ်နေပြီဆို ပိုလို့စိတ်ပူရပါတယ်…… ပတ်ဝန်းကျင် မိသားစုအသိုင်းအဝိုင်း ပေါင်းနေတဲ့သူငယ်ချင်း တက်နေတဲ့ကျောင်း အခြေအနေမျိုးစုံက သူတို့အပေါ်လွှမ်းမိုးမှုရှိနေတာဆိုတော့ ကောင်းမွန်တဲ့ဘဝလေးပိုင်ဆိုင်ရစေဖို့ နည်းလမ်းပေါင်းစုံနဲ့ထိန်းကျောင်းလမ်းပြပေးရတဲ့အရွယ်ပါ…… ဒီဇာတ်လမ်းထဲမှာပါတဲ့ အယ်မာဆိုတဲ့ အထက်တန်းကျောင်းသူလေးကတော့ ကျောင်းရဲ့ အော့ကြောလန်ငဆိုးမလေးတစ်ယောက်ပါ….. အိမ်မှာလည်း သိပ်အစေးမကပ်တဲ့အပြင် စာကိုလည်းသိပ်စိတ်မဝင်စားပါဘူး…… ဆေးခြောက်ရှူတယ် ဆေးလိပ်သောက်တယ် သူငယ်ချင်းတွေနဲ့ ပါတီ ကလပ်တက်တယ်…… အဲဒီမှာ သူ့အချစ်ဆုံး သူငယ်ချင်း ဂရတ်တာရဲ့ အစ်ကို ကို သူက ကြိတ်ကြွေနေတော့ ဂရတ်တာ့အစ်ကို ရှိတဲ့ပါတီကို အသက်မပြည့်သေးပေမဲ့ ကြံဖန်လုပ်ပေးထားတဲ့ လက်မှတ်နှစ်စောင်နဲ့ ရောက်သွားကြတယ်….. အဲဒီမှာပဲ အရက်အပြင် မော်လီဆိုတဲ့ ဆေးပါချမိရင်း သူ့သူငယ်ချင်းအစ်ကို ကို သူကပဲစပြီး ဇာတ်လမ်းဆင်ပါတော့တယ်…… သူ့သူငယ်ချင်းအစ်ကိုက စိတ်မဝင်စားကြောင်းပြောတော့ အသည်းကွဲပြီး အရက်တွေဆက်တိုက်သောက်ရာကနေ အမူးလွန်သွားခဲ့ပါတယ်…… သူ့သူငယ်ချင်းကလည်း သူ့ကိုပါတီအပြင်ဘက်မှာခနထားပြီး ကုတ်အင်္ကျီတွေကျန်ခဲ့လို့သွားယူပြီး ပြန်လာတော့ သူမရှိတော့ပါဘူး…… သူဘယ်ရောက်သွားတာလဲ ဘာဖြစ်ခဲ့တာလဲ ဘယ်သူခေါ်သွားတာလဲ သူကိုယ်တိုင်ရော သိခဲ့ရဲ့လား ဆိုတာတွေကို ဆက်လက်ကြည့်ရှုရမှာပါ...
The Garfield Movie (2024) ⭐IMDB: 5.8/10 (10 k Votes) 🎬 #Adventure #Comedy #Family #ScienceFiction #Animation #Fantasy 🗓 2024 🎞 movie 🌎 #UnitedStates #UnitedKingdom #HongKong #India #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူတိုင်းကြိုက်တဲ့ ကြောင်လေး ဂါဖီးရဲ့ စွန့်စားခန်း ရုပ်ရှင်အသစ်ဖြစ်ပါတယ် Starlord မင်းသား Chris prattt နဲ့ Samuel L Jackson တို့က Voice actor အဖြစ် အားဖြည့်ထားပါတယ် ဂါဖီးရဲ့ ငယ်ဘဝနဲ့ သူ့သခင် ဂျွန်တို့နဲ့ ဘယ်လိုတွေ့ခဲ့လဲဆိုတဲ့ နောက်ကြောင်းကို ပြန်ရိုက်ပြထားတာဖြစ်ပါတယ်.. ဂါဖီးရဲ့ အဖေဖြစ်သူ ကြောင်ကြီး ဗစ်လည်းပါဝင်လာပြီး…ဖခင်က ဘာလို့စွန့်ပစ်ခဲ့လဲဆိုတဲ့ အဖေနဲ့သားကြားက ပြဿနာတွေကို ဖြေရှင်းပြီး ဘုံရန်သူကြီး ဂျင့်စ်ဖြစ်တဲ့ ကြောင်ဖြူမရဲ့ အကြပ်ကိုင်မှုကြောင့် လက်တို့စ် နွားနို့ခြံကနေ နို့တွေ ခိုးယူပြီး စွန့်စားကြမယ့် ဂါဖီးကြောင်သားအဖ နှစ်ယောက်ရဲ့ စွန့်စားခန်းတွေကိုကြည့်ရမှာဖြစ်ပါတယ် (အညွန်းနဲ့ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်)...
The Execution (2021) ⭐IMDB: 6.7/10 (2 k Votes) 🎬 #Crime #History #Mystery #Thriller 🗓 2021 🎞 movie 🌎 #Russia ⏰ 2 နာရီ 19 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Execution (2022) IMDb Rating (6.7) / Rotten Tomatoes (92%) ဒီဇာတ်လမ်းကတော့ ရုရှားအစိုးရအနေနဲ့ ဆယ်နှစ်ကျော်လိုက်လံရှာဖွေအဖြေထုတ်ခဲ့ရတဲ့ကွင်းဆက်လူသတ်သမားအမှုအကြောင်း တကယ့်ဖြစ်ရပ်မှန်ဖြစ်ပြီးအမျိုးသမီးနဲ့ကလေး အယောက်50ကျော် သတ်ခဲ့တဲ့ရုရှားကွင်းဆက်လူသတ်သမား Andrei Chikatilo ရဲ့ လူသတ်မှုတွေကို inspireယူပြီး ရိုက်ကူးထားတာပါ။ ဒီဇာတ်လမ်းထဲမှာတော့ အမျိုးသမီးတွေအများကြီးကို ရက်ရက်စက်စက်သတ်ခဲ့တဲ့ရုရှားရဲ့နာမည်အကြီးဆုံး ကွင်းဆက်လူသတ်သမားကို 10နှစ်ကျော်ရှာဖွေခဲ့ရာက နောက်ဆုံးမှာ ဖမ်းမိခဲ့တယ်။ဒါပေမဲ့ အဲဒီသံသယရှိသူက သူ့အပြစ်ကိုဝန်မခံဘဲ သူ မသတ်ကြောင်းငြင်းဆန်ရာကနေသံသယရှိသူနဲ့ စစ်ဆေးမေးမြန်းသူတို့ကြား တင်းမာမှုတွေပြင်းထန်လာပြီးဘယ်လိုကိုယ်ရေးကိုယ်တာကိစ္စတွေပါလာမလဲ၊ထင်မှတ်မထားတဲ့လှည့်ကွက်တွေကရော ဘာတွေဖြစ်လာမလဲဆိုတာကိုစိတ်ဝင်စားစွာကြည့်ရှုရမယ့် ရုရှားမှုခင်း ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။...
