ar
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

قناة بسيطة

🚩 Channel was restricted by Telegram

إظهار المزيد
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Unwrapping Christmas: Tina's Miracle (2024) ⭐IMDB: 6.0/10 (300 Votes) 🎬 #Drama #Romance #TVMovie 🗓 2024 🎞 tv movie 🌎 #Canada ⏰ 1 နာရီ 24 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Unwrapping Christmas: Tina’s Miracle (2024) ********************************************* IMDb Rating – 6.0/10အခုကခရစ်စမတ်ရာသီလဲနီးလာပြီဆိုတော့ စိတ်လှုပ်ရှားဖွယ်ရာ ခရစ်စမတ်ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် .. ဒါရိုက်တာ Max McGuire ရိုက်ကူးထားပြီး မင်းသား Alec Santos နဲ့ မင်းသမီး Natalie Hall တို့ အဓိကပါဝင်ထားတာပါ။ တီနာကတော့ သူငယ်ချင်းတွေနဲ့ လက်ဆောင်ထုပ်တွေကို လှလှလေးထုပ်ပေးတဲ့ဆိုင်လေး ဖွင့်ထားတဲ့သူပါ။ သူတို့ဆိုင်လေးက ဒီနှစ်ခရစ်စမတ်ပွဲတော်ကို စီစဉ်ပေးဖို့ ဖြစ်လာပါတယ်။ အလုပ်မှာအရမ်းတော်တဲ့ တီနာက ကံကြမ္မာတို့ တိုက်ဆိုင်မှုတို့ကို မယုံပါဘူးတဲ့။ အရင်ကစေ့စပ်ဖူးတဲ့လူကြောင့် လူတွေကိုအကောင်းမမြင်တတ်တဲ့ တီနာက တိုက်ဆိုင်မှုတစ်ခုမှာ မိုက်ကယ်ဆိုတဲ့ကလေးအဖေနဲ့ တွေ့ခဲ့ပြီး အချင်းချင်းစိတ်ဝင်စားသွားကြပါတယ်။ ပွဲကျင်းပခါနီးမှာ ပွဲလုပ်မဲ့နေရာက ရောင်းခံရလို့ ပြဿနာတွေတက်ပြီးတဲ့နောက် ရောင်းလိုက်တဲ့သူက မိုက်ကယ်လို့သိသွားတဲ့အခါ….. မိုက်ကယ်ကိုစုံစမ်းရင်း လူတွေကိုမယုံတဲ့တီနာက မိုက်ကယ်ကိုလူဆိုးလို့သတ်မှတ်ပြီး အကြံနဲ့ ချဉ်းကပ်ပါတော့တယ်။ မိုက်ကယ်က တကယ်ပဲ တီနာထင်သလို ရက်စက်ပြီးအပြောချိုတဲ့သူလား…….. တီနာနဲ့မိုက်ကယ်ကြားကဆက်ဆံရေးကရော ဘယ်လိုဆက်ဖြစ်မလဲ……. ခရစ်စမတ်ပွဲတော်ကြီးကရော အောင်မြင်စွာ ကျင်းပနိုင်မှာလား………။ ဒါတွေကို ဒီဇာတ်ကားလေးထဲမှာ ခရစ်စမတ် theme အပြည့်နဲ့ ကြည့်ရှုရမှာပါ။ (အညွှန်းကို K မှ ရေးသားထားပါတယ်)
...

Black Doves (2024) ⭐IMDB: 7.2/10 (30 k Votes) 🎬 #Action #Adventure #Mystery #Crime #Drama #Thriller 🗓 2024 🎞 tv series 🌎 #UnitedKingdom ⏰ 53 မိနစ် 10 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Black Doves (2024) IMDb Rating (7.3) / Rotten Tomatoes (97%) လက်ရှိအချိန်ထိတော့ Rotten Tomatoes မှာ 100 % ထိ rating ရရှိထားပါတယ်။ မင်းသမီးကလည်း Pirates of the Caribbean တို့ Pride and Prejudice, Atonement, Anna Karenina စတဲ့ period film တွေနဲ့ ခွဲခြားမရသူ Keira Knightley ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဟယ်လန်ဝက်ဘ်ဆိုတဲ့ အမျိုးသမီးဟာ သာမန်လူတွေ အမြင်မှာတော့ အင်္ဂလန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး ဝေါလေ့စ်ဝက်ဘ်ရဲ့ ဇနီးချော၊ ‌အမြွှာလေးနှစ်ယောက် မိခင်ပါ။ သူ့ရဲ့ သရုပ်အမှန်ကတော့ ချိုးနက်ဆိုတဲ့ အဖွဲ့အစည်းတစ်ခုက သူလျှိုဖြစ်ပါတယ်။ သူဟာ အင်္ဂလန်အစိုးရရဲ့ လှုပ်ရှားမှုတွေကို တစ်ဖက်ကို ပြန်သတင်းပေးနေရသူပေါ့။ တစ်နေ့တော့ ဟယ်လန်နဲ့ ဖောက်ပြန်နေတဲ့ ဂျေဆန်ဆိုတဲ့ အမျိုးသားအပါအဝင် လူသုံးယောက်ဟာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရပါတယ်။ သေဆုံးသူတစ်ယောက်က ဟယ်လန်နဲ့ ပတ်သတ်နေတာဖြစ်လို့ သူ့ရဲ့အဖွဲ့အစည်းကလူတွေက သူ့ကို ဖိအားတွေ ပေးလာပြီး ဘာမှ ဝင်မပတ်သတ်ဖို့ ပြောပါတယ်။ ဒါပေမဲ့ ဟယ်လန်ဟာ ဂျေဆန့်ကို တကယ်ချစ်မိသွားခဲ့တဲ့အတွက်ကြောင့် သတ်သွားတဲ့ တရားခံကို လက်စားချေချင်ပါတယ်။ ဒါပေမဲ့ နောက်မှ သိလိုက်ရတာက ဂျေဆန်ဟာလည်း ပဟေဠိတွေ ရှိနေပြီး ဒီကိစ္စက သူထင်ထားတာထက် ပိုကြီးမားတဲ့ ကိစ္စတစ်ခု ဖြစ်နေပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Act Molemy ဖြစ်ပါတယ်။)
...

A Sudden Case of Christmas (2024) ⭐IMDB: 5.1/10 (941 Votes) 🎬 #Comedy #Family 🗓 2024 🎞 movie 🌎 #UnitedKingdom #Italy ⏰ 1 နာရီ 32 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Sudden Case of Christmas (2024) ခရစ္စမတ်ကာလာနီးလာပြီဆိုတော့ ခရစ္စမတ်နဲ့သက်ဆိုင်တဲ့ ဇာတ်ကားတွေကအပြိုင်အဆိုင်ထွက်လာကြပြီပေါ့နော်။ ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ ခရစ္စမတ်မှာ မိသားစုနဲ့ တူတူကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းဆိုရင်တော့ Abby နဲ့ Jacob တို့စုံတွဲဟာ ကွာရှင်းတော့မှာဖြစ်တဲ့အတွက် သူတို့သမီးလေးဖြစ်တဲ့ Claire လေးကို အဘိုးဖြစ်သူ Lawrence နေထိုင်ရာ အီတလီနိုင်ငံက မိသားစုပိုင်ဟော်တယ်ကြီးတစ်ခုကိုခေါ်လာခဲ့ပါတယ်။ ပုံမှန်ဆို ခရစ္စမတ်နားနီးမှ လာလေ့ရှိပေမဲ့ ဒီတစ်ခါတော့ နွေလယ်ခေါင်ကြီးပေါက်ချလာပြီး အဖေဖြစ်သူကို Claire လေးနားလည်အောင်ရှင်းပြဖို့ အပူကပ်ပါတော့တယ်။ Claire သိသွားတဲ့အခါမှာတော့ နွေလည်ခေါင်ကြီးမှာ ခရစ္စမတ်လုပ်ချင်တယ်လို့ပူဆာပါတော့တယ်။ မိဘတွေ အိမ်ထောင်ကွဲတော့မှာဖြစ်လို့ မြေးဖြစ်သူရဲ့ဆန္ဒကို Lawrence တစ်ယောက်လိုက်လျောပေးရင်း သူ့ဟော်တယ်မှာ ခရစ္စမတ်ပွဲကျင်းပပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီတော့ Claire တစ်ယောက် သူ့မိဘတွေအဆင်ပြေအောင် ခရစ္စမတ်ပွဲမှာဘယ်လိုမျိုးကြံစည်သွားမလဲဆိုတာကိုတော့ ပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းမယ့် မိသားစုဒရာမာဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ S4L ဖြစ်ပါတယ်။)
...

Waack Girls (2024) ⭐IMDB: 6.7/10 (190 Votes) 🎬 #Drama 🗓 2024 🎞 tv series 🌎 #India ⏰ 38 မိနစ် 25 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Waack Girls (2024) “အကမယ်လေးများရဲ့ဘ၀ခရီးလမ်း” အခုတစ်ခါမှာတော့ တကယ်ကောင်းတဲ့ အမိုက်စား ဘောလိဝုဒ်စီးရီး‌တစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ မိန်းကလေးအကအဖွဲတစ်ဖွဲကို အခြေခံပြီး မြူးမြူးကြွကြွ အကအလှတွေနဲ့အတူအဖွဲ၀င်တွေရဲ့အကြောင်းကို ဒရမ်မာနှောပြီး ရသစုံအောင် ရိုက်ကူးထားပါတယ်။ ဒီဇာတ်လမ်းမှာ အဓိကပါ၀င်တဲ့ Waacking ဆိုတာကတော့ အကပုံစံတစ်မျိုးဖြစ်ပါတယ်။၁၉၇၀ ပြည့်နှစ်လောက်မှာ LA မှာရှိတဲ့ ဂေးကလပ်တွေကနေ စတင်ဖန်တီးခဲ့တဲ့ Punking အကကနေဆင်းသက်လာတဲ့ street dance တစ်မျိုးပါ။ LGBTQ အသိုင်းအဝိုင်းအတွက်ဖိနှိပ်ခံရမှုတွေကို ဖော်ထုတ်ပြသတဲ့ အကတစ်မျိူးလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းမှာတော့ အီရှာနီဟာ အဘိုးဖြစ်သူနဲ့နေထိုင်ပြီး ကျောင်းတက်ရင်းဘ၀ကိုရုန်းကန်နေတဲ့ မိန်းကလေးတစ်ယောက်ပါ။တစ်နေ့တော့ ကျောင်းပွဲတစ်ခုမှာ အီရှာနီတစ်ယောက် Waacking အက ကပြဖျော်ဖြေနေတာကိုလိုပါဆိုတဲ့ lesbian မလေးက မြင်သွားပါတယ်။ လိုပါဟာ အမေရိကန်တက္ကသိုလ်တစ်ခုမှာ ကျောင်းတက်ရဖို စောင့်နေသူဖြစ်ပြီးအနုပညာပါရမီရှင်‌‌တွေကိုရှာဖွေမြေတောင်မြှောက်ရတဲ့တဲလန့်မန်နေဂျာအလုပ်ကို ရူးသွပ်သူလည်းဖြစ်ပါတယ်။ ဒီလိုနဲ့ လိုပါတစ်ယောက် အီရှာနီ့ကိုစည်းရုံးပြီး Waack Girls ဆိုတဲ့မိန်းက‌လေး-၀က်ကင်းအကအဖွဲတစ်ဖွဲကို ဖန်တီးဖို ကြိုးစားပါတော့တယ်။အဲဒီလိုကနေ Waack Girls အဖွဲ ဘယ်လိုဖြစ်လာမလဲ၊ ဘယ်သူတွေပါ၀င်ပြီးဘယ်လိုတွေ ရှေ့ဆက်ကြိုးစားကြမလဲ ဆိုတာ‌ကို အချစ်၊ အလွမ်း၊ မိသားစု၊ဒရမ်မာနဲ့ ဘ၀ရသစုံကို ဆက်လက်ကြည့်ရှုခံစားလိုက်ရအောင်ပါ…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)
...

The Dinner Guest (2022) ⭐IMDB: 5.2/10 (154 Votes) 🎬 #Drama 🗓 2022 🎞 movie 🌎 #Spain ⏰ 1 နာရီ 36 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Dinner Guest (2022) IMDb Rating (5.2) “El Comensal” ကတော့ 2022 ခုနှစ်တွင် ထွက်ရှိလာတဲ့ စပိန် ဒရာမာဇာတ်ကားတစ်ခုဖြစ်ပြီးတော့ Ángeles González-Sinde ကဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့ပါတယ်။ ဇာတ်လမ်းမှာ ETA အဖွဲ့၏လက်ချက်နဲ့ ဖြစ်လာတဲ့ မိသားစုရဲ့စိတ်ဒဏ်ရာတွေကိုပြန်လည်ပြီးတော့ ကုစားတာမြင်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းထဲကသရုပ်ဆောင်ကောင်းတွေနှင့် ကောင်းမွန်တဲ့ ဇာတ်ညွှန်းတွေကြောင့် စိတ်ဝင်စားဖို့ကောင်းပြီးတော့ခံစားချက်မျိုးစုံရမှာဖြစ်တယ် ။ Ginés García Millán, Susana Abaitua, Adriana Ozores တို့၏ သရုပ်ဆောင်မှုများက ဇာတ်ကားကို ပိုမိုကျစ်လစ်ကောင်းမွန်စေပါတယ်။ အတိတ်နှင့် ပစ္စုပ္ပန်ကြားက ချိတ်ဆက်ထားတဲ့ ဇာတ်ဝင်ခန်းတွေက မိသားစုရဲ့စိတ်ခံစားချက်တွေကိုသေချာရိုက်ပြထားသလို နည်းနည်းတော့ရှုပ်ထွေးတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ “El Comensal” သည် မိသားစုရဲ့ အတိတ်ကို ရှင်းလင်းဖြေရှင်းဖို့ကြိုးစားပြီ စိတ်ဒဏ်ရာတွေကိုဖြေဖျောက်ပြီးတော့ရှေ့ဆက်လှမ်းဖို့ကြိုးပမ်းမယ့်ပုံစံပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။)
...

The Day of the Jackal (2024) ⭐IMDB: 8.2/10 (41 k Votes) 🎬 #Drama #Action #Adventure #Mystery #Crime #Thriller 🗓 2024 🎞 tv series 🌎 #UnitedKingdom #UnitedStates ⏰ 1 နာရီ 2 မိနစ် 17 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Day of the Jackal (2024) Season 01 (complete) မင်းသား Eddie Redmayne ( Fantastic Beasts, The Theory of Everything, Danish Girl) ပါဝင်ထားတဲ့ Thriller စီးရီးအသစ်ကြီးလာပါပြီ။ ဇာတ်ကားနာမည်ကတော့ နာမည်ကြီး ဂန္ဓဝင်ဝတ္ထုနာမည်အတိုင်းပဲ ယူထားပြီး အဲဒီဝတ္ထုကိုပဲ စီးရီးအဖြစ် ရိုက်ကူးထားတာပါ။ အရမ်းကို တိကျတဲ့ တော်တဲ့ လုပ်ကြံရေးသမားတစ်ယောက်နဲ့ ထောက်လှမ်းရေးတစ်ယောက်တို့ ဉာဏ်ချင်းပြိုင်ကြပုံတွေကိုမှ ကမ္ဘာနိုင်ငံရေးနဲ့ အချိုးကျကျ ရောစပ်ထားတဲ့ ဗြိတိန်စီးရီးမို့ The Bodyguard (2018) အပြီးမှာ ခပ်ဆင်ဆင် စီးရီးကောင်းတစ်ခုကို ကြည့်ရတော့မှာပါ။ ဇာတ်လမ်းအစမှာတော့ ဂျာမန် ဝန်ကြီးချုပ်လောင်းလျာတစ်ယောက်ကို ၃၈၁၅ မီတာ အကွာကနေ စနိုက်ပါတစ်ချက်တည်းနည်း မယုံနိုင်စရာ လုပ်ကြံသွားတဲ့ ထူးဆန်းတဲ့သူကို လိုက်စုံစမ်းရတာကနေ စပါတယ်။ ဒီရုပ်ရှင်က မနှစ်က ရိုက်ထားတာဖြစ်လို့ ကမ္ဘာ့စံချိန် အဝေးဆုံး စနိုက်ပါ ပစ်ချက်ကို ယူကရိန်းရဲ့ 2023 ခုနှစ် ၃၅၄၀ မီတာအကွာက ပစ်ထားတာကို ထည့်ပြောထားပြီး ၃၈၀၀ မီတာကနေ ပစ်တာကို မဖြစ်နိုင်ဘူးဆိုတဲ့အကြောင်း ငြင်းခုန်တဲ့အခန်းတွေ ပါပါတယ်။ ဒါပေမဲ့ ၂၀၂၃ နိုဝင်ဘာမှာတော့ ကမ္ဘာ့အဝေးဆုံး စနိုက်ပါ အတည်ပြု အသေပစ်ချက်က ၃၈၀၀ မီတာ (နှစ်မိုင်ခွဲနီးပါး) ဖြစ်သွားပါပြီ။ အဲဒီ ကမ္ဘာစံချိန်အသစ်ကိုလည်း ယူကရိန်း စနိုက်ပါတစ်ယောက်ကပါ ရုရှားကိုပစ်ပြီး စံချိန်တင်သွားတာပါ။ ပစ်သွားတဲ့လူကလည်း ယူကရိန်းစစ်သားမဟုတ်ဘဲ စစ်ဖြစ်မှ ဝင်တိုက်ပေးတဲ့ ၅၈ နှစ်အရွယ် ယူကရိန်း စီးပွားရေးသမားတစ်ယောက်ပါပဲ။ အဲဒီတော့ ဒီရုပ်ရှင်ထဲမှာတော့ နိုင်ငံရေး ရည်ရွယ်ချက်တွေ အရှုပ်တော်ပုံတွေကြားထဲမှာ စနိုက်ပါသမားတစ်ယောက်နဲ့ ထောက်လှမ်းရေးတွေ ဘယ်လိုအားပြိုင်ကြမလဲဆိုတာ ကြည့်ရမှာပါ။ မင်းသားကလည်း လူကြိုက်အများဆုံးတွေထဲက တစ်ယောက်မို့ ကြည့်ကိုကြည့်သင့်တဲ့ စီးရီးစာရင်းထဲကို ထည့်ထားလိုက်ပါတော့။
...

Hundreds of Beavers (2022) ⭐IMDB: 7.7/10 (8 k Votes) 🎬 #Action #Adventure #Comedy 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hundreds of Beavers (2022) IMDb Rating (7.7) / Rotten Tomatoes (97%) အသံတိတ်ဟာသရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဝေဖန်ရေးဆရာတွေ ချီးကျူးကြတဲ့ဇာတ်ကားဖြစ်ပြီး အကြောင်းကတော့ ၁၉၂၀ နဲ့ ၁၉၃၀ ခုနှစ်တွေက စကားမပြောတဲ့ အဖြူအမည်းအသံတိတ်ရုပ်ရှင်တွေအတိုင်း တစ်ထေရာတည်းတူအောင် ပြန်လည်ဂုဏ်ပြုရိုက်ကူးထားတဲ့ဇာတ်လမ်းဖြစ်နေလို့ပါပဲ။ ဇာတ်လမ်းကတော့ ၁၉ ရာစုက လူတစ်ယောက် နှင်းတောထဲမှာ အသက်ရှင်ဖို့ ရုန်းကန်ရပုံ၊ သားရဲတိရစ္ဆာန်တွေရဲ့ အန္တရာယ်ကိုကျော်လွှားနိုင်ဖို့ ကြိုးပမ်းရင်း ကျွမ်းကျင်တဲ့ မုဆိုးတစ်ယောက်ဖြစ်လာပုံကို အချစ်ဇာတ်လမ်းလေးပါ ပေါင်းထည့်ထားတဲ့ ဒီအသံတိတ်ရုပ်ရှင်လေးမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦး။ (အညွှန်းရေးသားသူကတော့ Thaik San ဖြစ်ပါတယ်။)
...

Doctor Odyssey (2024) ⭐IMDB: 5.9/10 (4 k Votes) 🎬 #Drama 🗓 2024 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 43 မိနစ် 16 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းတွဲကတော့ ဆေးပညာနောက်ခံကိုမှ အ‌ပျော်စီးသင်္ဘောကြီးတစ်စီးဖြစ်တဲ့ အိုဒက်စီ သင်္ဘောကြီးပေါ်မှာကြုံရတွေ့ရမယ့် ထူးထူးဆန်းဆန်း ဆေးပညာပြဿနာတွေကို သင်္ဘောဆရာဝန်အဖွဲ့က ဘယ်လိုပုံစံမျိုးတွေနဲ့ဖြေရှင်းသွားမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။ မက်ဇ်ဘန့်မန်းက အိုဒက်စီသင်္ဘောပေါ် အသစ်ရောက်တဲ့ဆရာဝန်ကြီးဖြစ်ပြီး အေဗရီနဲ့ ထရစ်စတန်တို့က လုပ်သက်ရင့်နေပြီဖြစ်တဲ့ သူနာပြုနှစ်‌ယောက်ပါ။ ဆေးအဖွဲ့ထဲကိုအသစ်ရောက်လာတဲ့ ဆရာဝန်နဲ့ နဂိုရှိပြီးသား သူနာပြုနှစ်ယောက်ကြားက အားပြိုင်မှုတွေ၊ အချင်းချင်းနားလည်မှုရသွားပုံတွေ၊ သင်္ဘောပေါ်က ခရီးသည်ပေါင်းစုံရဲ့ မျိုးစုံသော ပြဿနာပေါင်းစုံ၊ ရောဂါပေါင်းစုံ၊ အရေးပေါ်ကိစ္စပေါင်းစုံတို့ကို ‌‌‌‌‌‌‌‌အတူတူဖြေရှင်းကြပုံတွေကို ကြည့်ရမှာပဲဖြစ်ပါတယ်။ IMDb – 5.8နဲ့ RT 71% ရထားပြီး အပတ်စဉ်ပုံမှန်တင်ဆက်ပေးသွားပါမယ်။
...

Adultery Tree (1985) ⭐TMDB: 70% User Score 🎬 #Adult #Drama 🗓 1985 🎞 tv movie 🌎 #SouthKorea ⏰ 2 နာရီ 14 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ********************************* 1985ခုနှစ်မှာ ထွက်ရှိထားခဲ့တဲ့ Adultery Tree ဆိုတဲ့ နန်းတွင်းကားလေးအကြောင်း မိတ်ဆက်ပေးပါမယ် .. ဇာတ်လမ်းလေးထဲမှာတော့ ရှေးအခါက ကိုရီးယားနိုင်ငံမှာ ဂုဏ်သရေရှိမိသားစုတစ်ခုမှာ အိမ်ထောင်ကျပြီး ကလေးမမွေးနိုင်တဲ့အခါ ချွေးမဖြစ်သူကို သတ်ပစ်တဲ့ဓလေ့ရိုးရာ ရှိခဲ့ပါတယ် .. ယွန်းဂျီဆိုတဲ့အမျိုးသမီးဟာ ခင်ပွန်းဖြစ်သူနဲ့ ကလေးရဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် ခင်ပွန်းဖြစ်သူကို အခြားမိန်းမတစ်ယောက်နဲ့ အတူနေစေကာ ကလေးရနိုင်ဖို့ ကြိုးပမ်းပါတော့တယ်။ ယွန်းဂျီတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ ကြိုးပမ်းမှုနဲ့ အရင်ခေတ်က အိမ်ထောင်ရေးဖောက်ပြန်တဲ့အခါ ဘယ်လိုပြစ်ဒဏ်မျိုးက စောင့်ကြိုနေမလဲဆိုတာ ကြည့်ရှုလိုက်ပါဦး
...

Bank Under Siege (2024) ⭐IMDB: 6.7/10 (2 k Votes) 🎬 #Crime #Drama #Action #Adventure #Thriller 🗓 2024 🎞 tv mini series 🌎 #Spain ⏰ 55 မိနစ် 3 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bank Under Siege (2024) IMDb Rating (6.7) Money Heist လို ဘဏ်ကိုဓားပြတိုက်ပြီး ဓားစာခံတွေပြန်ပေးဆွဲထားတဲ့ နောက်ထပ် Netflixစီးရီးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းကတော့ 1981ခုနှစ် မေလ23ရက်နေ့ ဘာစီလိုနာမြို့မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတာပါ။ သရုပ်ဆောင်တွေအနေနဲ့လည်း Money Heist ထဲမှာပါဝင်ခဲ့တဲ့ “Miguel Herrán”, “María Pedraza”,”Hovik Keuchkerian”တို့အပြင် အခြားနာမည်ကြီးသရုပ်ဆောင်တွေလည်းပါဝင်ထားပါတယ်။ 1981ခုနှစ် စပိန်နိုင်ငံမှာ အာဏာသိမ်းရန်ကြိုးပမ်းမှုတစ်ခုဖြစ်ပေါ်ခဲ့ပြီး သုံးလတိတိပြည့်တဲ့ မေလ23ရက်နေ့မှာ ဘာစီလိုနာဗဟိုဘဏ်ကို လက်နက်တွေပါပြီး မျက်နှာဖုံးစွပ်ထားတဲ့လူတွေက ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ဘဏ်ကိုဝင်စီးနင်းတယ်ဆိုပေမဲ့ ရိုးရိုးဓားပြတိုက်တာမဟုတ်ဘဲ ဘဏ်ထဲကလူပေါင်း(300)လောက်ကိုပါ ဓားစာခံအနေနဲ့ပြန်ပေးဆွဲထားပြီး သူတို့ရဲ့တောင်းဆိုချက်တွေကိုလိုက်လျောပေးဖို့ အာဏာပိုင်တွေကိုခြိမ်းခြောက်ပါတယ်။ ဒါပေမဲ့ တရားခံတွေကဘာကိုလိုချင်တာလဲ ဒီဓားပြမှုကိုဘာကြောင့်လုပ်ရလဲဆိုတဲ့အကြောင်းအရင်းကို အာဏာပိုင်တွေက လူထုကိုထုတ်မပြဘဲဖုံးကွယ်ထားတာကြောင့် သတင်းထောက်မလေးတစ်ယောက်က ထိုအကြောင်းအရင်းအစုံကိုသိရဖို့ အာဏာပိုင်တွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ဖြစ်ရပ်မှန်ကိုအခြေခံထားတာကြောင့် ထိုခေတ်ထိုအခါက စပိန်နိုင်ငံရဲ့သမိုင်းကြောင်းကိုလည်းသိရှိနားလည်နိုင်မှာပါ။ ဒီစီးရီးမှာ အပိုင်း”5″ပိုင်းပါဝင်မှာဖြစ်ပြီး IMDB rating-6.7/10ရရှိထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Rubyjane ဖြစ်ပါတယ်။)
...

Drama Special Season 15: When You Turn the Corner (2024) ⭐- 🎬 #Drama 🗓 2024 🎞 tv movie 🌎 #SouthKorea ⏰ 1 နာရီ 4 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 When You Turn The Corner (2024)********************************* ဒီတစ်ခေါက်မှာတော့ KBS2 Drama Special Season 15 ထဲက… When You Turn The Corner ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ The Secret Romantic Guesthouse ရဲ့ အချောလေး ၃ ယောက်ထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ Jung Gun Joo နဲ့… The Impossible Heir နဲ့ Strong Girl Namsoon တို့မှာ အပီအပြင်ဇာတ်ပို့ပြီး ပရိသတ်ရင်ထဲနေရာယူသွားခဲ့တဲ့ Choi Hee Jin တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း————– ဝန်ဆောအူက သဘာဝရှုခင်းရိုက်ကူးရေးအဖွဲ့သားတစ်ယောက်ပါ… အွန်းနာကတော့ ဆေးဝါးကျွမ်းကျင်တစ်ယောက်ဖြစ်ပြီး ဆေးဆိုင်မှာအလုပ်လုပ်ပါတယ်။ အွန်းနာမှာ မွေးစားအဖေတစ်ယောက်ရှိပြီး သူမရဲ့အဖေက ရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီနောက် ပျောက်သွားတဲ့မွေးစားဖခင်ကို လိုက်ရှာရင်း ဆောအူနဲ့ အွန်းနာတို့ အမှတ်မထင်ဆုံခဲ့ကြပါတယ်… ဆောအူက အွန်းနာအခက်အခဲကို ကူညီပေးရင်း သူ့ရဲ့ အခက်အခဲတွေကိုလည်း ဖြေရှင်းဖို့ကြိုးစားခဲ့ပါတယ်…. အဲဒီလိုနဲ့ တစ်ယောက်ကို တစ်ယောက် ကူညီခွန်အားပေးရင်း သူတို့ရဲ့ အချစ်ပန်းလေးက… ဘယ်လိုပုံစံနဲ့ ဖူးပွင့်လာမလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါရှင်
...

Say Nothing (2024) ⭐IMDB: 8.3/10 (6 k Votes) 🎬 #Drama #Crime #History #Thriller 🗓 2024 🎞 tv mini series 🌎 #UnitedStates #Ireland #UnitedStatesofAmerica ⏰ 41 မိနစ် 15 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Say Nothing (2024) IMDb Rating (8.4) / Rotten Tomatoes (93%) ဒီတစ်ခေါက်မှာတော့ IMDB 8.4/10, Rt 93% ရရှိထားတဲ့ သမိုင်းဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ စီးရီးကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ တိကျတဲ့ သမိုင်းအထောက်အထားတွေကို နက်နဲတဲ့ လူ့သဘောနဲ့ ရောယှက်ထားတဲ့ ဒီစီးရီးက တစ်ချိန်က နာမည်ကျော်ခဲ့တဲ့ မြောက်အိုင်ယာလန်သမိုင်းက Troubles လို့ခေါ်တဲ့ ၁၉၆၀ နှောင်းပိုင်းနဲ့ ၁၉၉၀ ကြားက ပဋိပက္ခအချိန်ကာလကို နောက်ခံယူ ပုံဖော်ထားတာဖြစ်ပြီး ကောင်းမွန်တဲ့ review တွေ အများအပြား ရရှိထားတာပါ။ ဒိုလောစ်က အကြမ်းဖက်မှုကို ဆန့်ကျင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြရေးကိုသာ အားသန်တဲ့ ရီပတ်ဘလစ်ကန် အမျိုးသမီးလေးတစ်ယောက်ပါ။ ငယ်စဉ်ကတည်းက အိုင်အာအေအဖွဲ့ဝင်ဖြစ်တဲ့ အဖေဖြစ်သူရဲ့ သစ္စာတော်ခံ၊ အနစ်နာခံ၊ စတေးခဲ့တဲ့အတိတ်ဇာတ်ကြောင်းတွေကို နတ်သမီးပုံပြင်တွေအစား ညီမဖြစ်သူနဲ့အတူ နားထောင်ရင်း ကြီးပြင်းခဲ့ရသူပေါ့လေ။ ဒီလိုနဲ့ အကြမ်းမဖက်ရေးကိုသာ လိုလားတဲ့ ဒိုလောစ်တို့ ညီအစ်မက အိုင်အာအေရဲ့ အမျိုးသမီးတွေကို ပတ်တီးစည်း၊ လက်ဖက်ရည်ဖျော်ရုံ၊ အရန်အဖွဲ့ဝင်တွေ အဖြစ်ပဲ အသုံးချတဲ့ရိုးရာကိုရိုက်ချိုးပြီး အရေးပါတဲ့ အရေးတော်ပုံတွေမှာ အမျိုးသားတွေနဲ့ အတူ ရွတ်ရွတ်ချွံ တိုက်ခိုက်ခွင့်ရတဲ့အထိ ဘယ်လိုကြိုးစားအားထုတ်ခဲ့လဲဆိုတာတွေနဲ့ ပဟေဠိဆန်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဂျယ်ရီအက်ဒမ်စ်ရဲ့ အခန်းကဏ္ဍတွေအပြင်၊ ဒိုလောစ်တို့ညီအစ်မရဲ့ အိုင်ယာလန်ပြည်ထောင်စု ပေါင်းစည်းရေးအတွက် အနစ်နာခံဆောင်ရွက်ပုံတွေကို ရင်သပ်ရှုမောဖွယ် ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာ၊ သစ္စာစောင့်သိခြင်းနဲ့ အနစ်နာခံမှုတွေကို ပုံဖော်ထားပြီး နိုင်ငံရေးအရ ရုန်းကန်လှုပ်ရှားရမှုတွေကို မီးမောင်းထိုးပြထားလို့ သမိုင်းဒရမ်မာကြိုက်နှစ်သက်တဲ့ ပရိသတ်များ အကြိုက်တွေ့စေမှာပါ။ ထပ်ပြောရင် spoiler ဖြစ်သွားမှာစိုးလို့ review ကို ဒီမှာတင်ရပ်လိုက်ပါတော့မယ်။ လန်ဒန်ရဲ့သမိုင်းဝင်ဖြစ်ရပ်တွေပါ ပါဝင်တာမို့ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ကြပါဦးနော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Emily ဖြစ်ပါတယ်။) File size…(600 MB) / (300 MB)Quality….WEB-DL 1080p HEVC / 720pFormat…. mkv/mp4Genre….Crime; Drama, History, ThrillerDuration….00:40:00Subtitle….Myanmar Subtitle (Hardsub)Encoder….BenjaminTranslated by Emily ============================ Mini-series Episode 1 720p  –Yoteshin/Gdot/Megaup/Telegram Episode 2 720p  –Yoteshin/Gdot/Megaup/Telegram Episode 3 720p  –Yoteshin/Gdot/Megaup/Telegram **ကျန်အပိုင်းများ ဆက်လက်တင်ပေးသွားပါမယ်။
...

Betrayed by Love (2024) ⭐IMDB: 4.7/10 (144 Votes) 🎬 #Drama #Mystery #TVMovie 🗓 2024 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Betrayed by Love (2024) IMDb Rating (5.4) October 6, 2024 Date နဲ့အသစ်စက်စက်ထွက်ရှိထားတဲ့ Drama/Mystery ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Director Marla Sokoloff ရိုက်ကူးထားပြီး မင်းသမီးချော Sara Ball အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းလေးကတော့ ခင်ပွန်းနဲ့သားတစ်ယောက်ကို ကားမတော်တဆမှုကြောင့် ရုတ်တရက်ထားခဲ့လိုက်ရတဲ့ ရိုင်လီ ရဲ့သေဆုံးမှုကို မသင်ကာလို့ဆိုပြီး……“မှုခင်းစောင့်ကြည့်သူများ” ဆိုတဲ့ဝဘ်ဆိုဒ်မှာအလုပ်လုပ်နေတဲ့ ညီမဖြစ်သူ ကယ်ရီ ဟာ မရမကလိုက်စုံစမ်းပါတော့တယ်။ ငယ်သူငယ်ချင်းဖြစ်တဲ့ စုံထောက် ဒိုင်လန် ကလည်း မတော်တဆမှုဟုတ်/မဟုတ်ဆိုတာကို ယုံတစ်ဝက် မယုံတစ်ဝက်နဲ့ ရသမျှအကူအညီပေးပြီးစုံစမ်းပေးရာကနေကယ်ရီ ဟာဇာတ်ရှုပ်ကြီးတစ်ခုလုံးကို တစ်စပြီးတစ်စမြေလှန်ပါတော့တယ်။ ရိုင်လီ ဟာတကယ်ပဲမတော်တဆမှုကြောင့်သေသွားရတာလား။ ဒါမှမဟုတ် အကွက်ကျကျလုပ်ခံလိုက်ရတာလား။ တကယ်လို့လုပ်ကြံခံရတာဆိုရင်လည်း ဘယ်သူလုပ်ခဲ့တာလဲ ကယ်ရီ ကလည်းလိုက်စုံစမ်းရင်းနဲ့ဘယ်လိုအန္တရာယ်မျိုးတွေတွေ့ကြုံရဦးမလဲဆိုတာကိုတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Leo ဖြစ်ပါတယ်။)
...

Blow (2001) ⭐TMDB: 74% User Score 🎬 #Biography #Crime #Drama 🗓 2001 🎞 movie 🌎 #Mexico #USA #UnitedStatesofAmerica ⏰ 2 နာရီ 4 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Blow (2001) IMDb Rating (7.6) / Rotten Tomatoes (55%) မင်းသားကြီးဂျွန်နီဒပ်နဲ့ မင်းသမီးကြီး ပင်နီလုပ့်ခရုဇ်တို့ပါဝင်ထားပြီး အမေရိကန် ကိုကိန်းရောင်းဝယ်ရေးသမား George Jung ရဲ့ ဘဝဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာပါ။ Biography, Crime, Drama အမျိုးအစားဖြစ်ပြီး IMDb (7.6) ထိရရှိထားပါတယ်။
...

Loner Life in Another World (2024) ⭐IMDB: 6.2/10 (329 Votes) 🎬 #Animation #Action #Adventure #SciFi #Fantasy #Comedy #Romance 🗓 2024 🎞 tv series 🌎 #Japan ⏰ 25 မိနစ် 1 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “တခြားကမ္ဘာက တစ်ကိုယ်တည်းဘဝ” ဒီကောင်ကတော့ ဇာတ်လမ်းနာမည်အတိုင်း Fall Season ရဲ့ Ongoing ထဲက Isekai အမျိုးအစား Anime တစ်ခု ဖြစ်ပါတယ်။ ဒီကားမှာ တစ်ယောက်တည်းနေတတ်တဲ့ တစ်ကိုယ်တည်းသမား MC တစ်ယောက်ပဲ Isekai ရောက်တာမဟုတ်ပဲ သူတို့ကျောင်းက တစ်တန်းလုံး အုပ်လိုက်ကြီး ရောက်သွားကြတာပါ။ ဒါပေမဲ့ ဆရာသမားက မှော်စက်ဝန်းကြီး ပေါ်လာတဲ့အချိန် သူများတွေလို ပါမသွားပဲ ဟိုပြေး ဒီပြေး လုပ်နေတော့ Isekai ကို အရောက်နောက်ကျသွားပါတယ်။ အရောက်နောက်ကျတော့ ဘာဖြစ်သလဲဆို Skill ပေါင်းစုံတွေကို သူတို့တစ်တန်းလုံးက ကောင်းရာနိုးနိုး အကုန်သမပြီးသွားပါပြီ။ ဒီတော့ အကြွင်းအကျန် Skill အစုတ်အပြတ်ပေါင်းစုံ သိမ်းကျုံးပြီး Isekai တခြားကမ္ဘာမှာ ဘယ်လိုမျိုး တစ်ကောင်တည်း ကြိုးစားရုန်းကန်မလဲဆိုတာကို တင်ဆက်ထားတာ ဖြစ်ပါတယ်။ ပုံထဲကအတိုင်း ကျောင်းသူလေးတွေ တစ်အုပ်ရယ် Otaku တစ်အုပ်ရယ် လူမိုက်တစ်အုပ်ရယ် အားကစားသမားတစ်အုပ်ရယ် သူဌေးမအချေတစ်လိုင်း တစ်အုပ်ရယ် ဘယ်လိုတွေ Survive လုပ်ပြီး ဘာတွေ ဖြစ်ကြမလဲဆိုတာတော့
...

Landman (2024) ⭐IMDB: 8.3/10 (15 k Votes) 🎬 #Drama 🗓 2024 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 44 မိနစ် 32 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တွမ်မီ‌ နောရစ်ဆိုတဲ့ အမျိုးသားဟာ အနောက်တက္ကဆက်ပြည်ရဲ့ ရေနံမြေတစ်ခုက ပြဿနာစီမံကွပ်ကဲသူတစ်ယောက် ဖြစ်တယ်။ သူက သူ့နယ်ပယ်မှာတော့ ဘယ်လိုဘယ်ပုံ ကိုင်တွယ်ရမလဲဆိုတာ ဆရာတစ်ဆူလို ကျွမ်းကျင်သူတစ်ယောက်ဖြစ်တယ်။ ရေနံမြေဆိုတဲ့အတိုင်း အန္တရယ်ကလည်း များသလောက် ငွေကလည်း အတော်ရတယ်။ ရေနံလုပ်ငန်းက နိုင်ငံရဲ့ ထိပ်တန်း စီးပွားရေး ၁၀ ခုမှာ ၇ ခု မြောက် စာရင်းဝင်တယ်။ သူ့အထက် စာရင်းဝင်တဲ့ လုပ်ငန်းတွေကလည်း ဒီရေနံလုပ်ငန်းကို မှီခိုနေရတယ်။ ဒီတော့ ရေနံလုပ်ငန်းက တစ်တိုင်းပြည်လုံးရဲ့ ခရာဖြစ်လာတယ်။ ဒီလိုခရာဖြစ်နေပေမဲ့လည်း ရေနံမြေမှာ ပြဿနာတွေက နေ့တိုင်းဆိုသလို တစ်ခုပြီးတစ်ခု မထင်ရင်မထင်သလို ထတက်တယ်။ တစ်နေ့တော့ ရေနံမြေမှာ ပေါက်ကွဲမှုတစ်ခုကြောင့် တွမ်မီတို့ ကုမ္ပဏီဟာ အရှုံးပေါ်လုနီးပါး အခြေအနေတွေ ဖြစ်သွားတယ်။ ဒီကြားထဲ မိတ်ဆွေအရေး သားသမီးအရေး သာရေးနာရေး ကိစ္စပေါင်းစုံကလည်း ဝင်ရှုပ်ပါသေးတယ်။ ဒီလို ပြဿနာတွေကြားကနေ တွမ်မီနောရစ်တစ်ယောက် လုပ်ငန်းကြီး ထိပ်ဆုံးကို ပြန်ရောက်အောင် ဘယ်လိုတွေ ကြိုးစားသွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်
...

Sunny Sisters (2021) ⭐IMDB: 5.5/10 (59 Votes) 🎬 #Drama #Comedy 🗓 2021 🎞 movie 🌎 #China ⏰ 1 နာရီ 58 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်​ခါမှာ CMကနေ ထပ်မံပြီးတော့ ကိုရီးယားကား ကို ပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးသွားမှာပါ ဇာတ်လမ်းလေးကတော့….ကျန်းလီကျွင်းဟာ လက်ထပ်ပြီးသမီးတစ်ယောက်နဲ့ အိမ်ထောင်မှုတွေကြားမှာပိတ်မိနေတဲ့ မိန်းမတစ်ယောက်ပါ တစ်နေ့ သူ့အမေဆေးရုံတတ်ရတာကိုသွားကြည့်ရင်း အထက်တန်းဘဝက ညီအစ်မတွေလို ရင်းနှီးတဲ့လင်ချင်တစ်ယောက် ကင်ဆာဖြစ်ပြီးဆေးရုံတတ်နေရတာကို သိလိုက်ရပါတယ် လင်ချင်ဟာ အထက်တန်းတုန်းက sunny sisters အဖွဲ့ရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ကျန်းလီကျွင်းအပါအဝင်အဖွဲ့သားခြောက်ယောက်နဲ့အရမ်းကို ချစ်ကြတဲ့ သူငယ်ချင်းတွေပါ ဒါပေမဲ့သူတို့တွေ အကြောင်းအမျိုးမျိုးကြောင့်ကွဲသွားပြီး နှစ်လပဲ အသက်ရှင်ရတော့မယ့်လင်ချင်အတွက် အဖွဲ့ဝင်ငါးယောက်ကို ကျန်းလီကျွင်းတစ်ယောက်ရှာပုံတော်ဖွင့်မဲ့ ပုံစံလေးနဲ့ ဇာတ်လမ်းလေးကို အစချီထားတာပါ သူတို့ရဲ့ငယ်ဘဝတွေကိုလည်း တဖြည်းဖြည်းချင်းပြန်လည်ပြသထားတာဖြစ်တဲ့အတွက်ဒီကားလေးထဲမှာ ငယ်စဉ်အထက်တန်းဘဝက သူတို့တစ်တွေအရူးထခဲ့ ပျော်ရွှင်ခဲ့ရတာတွေ တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီခဲ့တာတွေ စတဲ့သူတို့ကြားက ဖြူစင်တဲ့ သံယောဇဉ်လေးတွေကိုကြည်နူး နွေးထွေးဖွယ် ဆက်လက် ကြည့်ရှုကြကြရမှာဖြစ်ပါတယ်
...

All About My Mother (2021) ⭐IMDB: 6.3/10 (72 Votes) 🎬 #Drama #Family 🗓 2021 🎞 movie 🌎 #China ⏰ 2 နာရီ 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Fall in Love ထဲက မင်းသမီးလေးရဲ့ All about my mother ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်ဒီကားလေးက နာမည်အတိုင်းပါပဲ အမေအကြောင်းပါ…ဘယ်လောက်နားလည်အောင်ကြိုးစားပါစေနားမလည်နိုင်တဲ့ အမေ့အကြောင်းပါ….ဒီကားလေးကို တကူးတက ဇာတ်လမ်းအကျဉ်းမပြောပြတော့ပါဘူး အမေလုပ်ပေးတာကို ဇိမ်ခံတတ်တဲ့ အဖေကိုယ်တိုင်မလုပ်ရရင် စိတ်တိုင်းမကျ ပြီးမှ ငါပဲလုပ်ရတယ် ငြီးတတ်တဲ့အမေငယ်ငယ်က မေမေ တဆာဆာခေါ်ကပ်ခဲ့ပြီး ကြီးမှာ ငြိုငြင်လာကာ သူစိမ်းရဲ့တစ်ခဏကောင်းပေးတာကို သာယာယုံကြည် အားကိုးချင်မိတဲ့ ကိုယ့်ကိုယ်ကိုပုံဖော်ခံစားလိုက်ရင် ဒီကားလေးနဲ့ စိမ်းမနေပါဘူး… ဇာတ်လမ်းအကျဉ်းအစား စပွိုင်းပါမယ် ဘာသာပြန်ရင်းငိုရတဲ့အခန်းတွေ ကြည့်ရင်းငိုလိုက်တယ် ဒါ ရင်ဘတ်ချင်းတူလို့ပဲပထမဆုံး ငိုမိတဲ့အခန်းကတော့ အမေလုပ်သူက သမီးချစ်သူရဲ့သရုပ်မှန်ကိုသိသွားတဲ့အချိန်ပါ ( အရမ်းspoil ဖြစ်သွားမယ်ဆိုလို့ဘာကြောင့်လဲဆိုတာကိုတော့ထည့်မရေးတော့ပါဘူး ဒုတိယက အမေ က အလုပ်ခွင်က သမီးကို မြင်ရချိန် တစ်ချိန်တည်း သမီးအတွက်တတ်နိုင်တဲ့ဘောင်ထဲက ကာကွယ်ပေးတဲ့အချိန်ပါတတိယကတော့ ” အမေ မစောင့်နိုင်တော့ဘူး” ကနေ ” သမီးကြောက်တယ်” အထိကဲ မိသားစုနဲ့ တူတူကြည့်ပြီး ခံစားလိုက်ကြပါ.မိသားစုနဲ့ ပတ်သက်ရင် အရမ်းအီမိုတတ်တဲ့ရင်ဘတ်ချင်းတူတဲ့သူရှိရင်တော့တစ်သျှူးဆောင်ကြည့် မျက်ရည်သုတ်ပေးမယ့်သူမရှိရင်ပြောတာပါ
...

Angry Scalper (2021) ⭐IMDB: 5.0/10 (10 Votes) 🎬 #Action #Crime 🗓 2021 🎞 movie 🌎 #China ⏰ 1 နာရီ 19 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ကားလေးကတော့… ‘2018’ က ဆုန်းဂျီဟိုနဲ့ မင်းသားကြီး လီဒုန်ပါဝင်သရုပ်ဆောင်ထားတဲ့ “unstoppable” ဆိုတဲ့ကားကို ပြန်လည်ရိုက်ကူးထားတာပါ ဒီဇာတ်လမ်းလေးမှာတော့… ပါးထူဟာ ရိုးသားပြီး ကြိုးစားတဲ့လူတစ်ယောက်ပါသူ့မှာ ထာနာလို့ခေါ်တဲ့ ချစ်ဇနီးတစ်ယောက်လည်းရှိပါတယ် တစ်နေ့ပါးထူတို့လင်မယားနှစ်ယောက် လမ်းပေါ်မှာ ကားမတော်တဆမှုဖြစ်ကြရင်း တစ်ဖက်ကားရှင်ဂန်းစတားတစ်ယောက်က ထာနာကို မျက်စိကျသွားကာ ညတွင်းချင်း ပါးထူမရှိခိုက်ထာနာကို ပြန်ပေးဆွဲသွားပါတယ် ပါးထူပြန်ရောက်ချိန်မှာတော့ သူ့ရဲ့ ဇနီးကပျောက်ဆုံးနေပြီးနောက်နေ့မှာပဲ ပိုက်ဆံပေးပြီး သူ့မိန်းမကို ဝယ်လိုက်ပြီလို့ ဖုန်းကောလ်တစ်ခုလက်ခံရခဲ့ပါတယ် အဲ့ဒီအချိန်မှာ ပါးထူတစ်ယောက် သူ့ရဲ့ သူငယ်ချင်းလောင်ကျောင်းအလွတ်တန်းစုံထောက် စုန့်ချိုက်တို့နဲ့အတူ သူ့မိန်းမကို ဘယ်လိုအခက်အခဲတွေကြားထဲမှာကယ်ကြမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဆက်လက်ကြည့်ရှုကြရမှာပါ
...

Before (2024) ⭐IMDB: 6.1/10 (3 k Votes) 🎬 #Drama #Mystery #Thriller 🗓 2024 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 33 မိနစ် 13 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးကတော့ အခုမှ အသစ်ထွက်ရှိထားတဲ့ Thriller ဇာတ်လမ်းတွဲလေးတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Eli လို့ခေါ်တဲ့ ကလေးစိတ်ရောဂါကုဆရာဝန်တစ်ယောက်ဟာ သူ့မိန်းမ ကိုယ့်ကိုယ်ကိုယ်သတ်သေပြီးနောက် အရင်လိုအလုပ်ကိုမလုပ်နိုင်တော့ဘဲ လေ‌လွင့်နေတဲ့သူတစ်ယောက်ပါ။ အိမ်မက်ဆိုးတွေကလည်းအမြဲခြောက်လှန့်နေပြီး သူကိုယ်တိုင်တောင် ဆရာဝန်ပြနေရတဲ့အဆင့်ဖြစ်နေပါတယ်။ တစ်နေ့ Noah လို့ခေါ်တဲ့ကောင်လေးက ထူးထူးဆန်းဆန်း သူ့အိမ်ကိုရောက်လာပြီး သူ့ကိုတစ်ခုခုပြောချင်နေခဲ့ပါတယ်။ Noah ဟာ အမည်မသိအရာဝတ္ထုတွေကိုမြင်နေရလို့ စိတ်ဒါဏ်ရာဖြစ်ကာ စကားပါမပြောတော့တဲ့ကလေးတစ်ယောက်ပါ။ ဒီလိုနဲ့ Noah လေးကို Eli တစ်ယောက် တာဝန်ယူကုသရပါတော့တယ်။ ဒီလိုနဲ့ Noah လေးကရော ဘာဖြစ်နေတာလဲ။Eli ရဲ့အတိတ်နဲ့ရော ဘယ်လိုဆက်စပ်မှုတွေရှိနေမလဲဆိုတာကို ဒီဇာတ်ကားလေးကိုကြည့်ရင်းအဖြေရှာသွားဖို့ အကြံပေးချင်ပါတယ်။ IMDb မှာလည်း 6.3 လောက်ထိရရှိထားတဲ့ ဇာတ်လမ်းတွဲကောင်းလေးတစ်ခုဖြစ်လို့ လက်လွှတ်မခံဘဲစောင့်ကြည့်သင့်ပါတယ်
...