ဇာတ်ညွှန်းများ • FDMN
قناة بسيطة
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
The Ipcress File (2022-2022)
⭐IMDB: 7.3/10 (5 k Votes)
🎬 #Action #Adventure #Drama #War #Politics #Thriller
🗓 2022-2022 🎞 tv mini series
🌎 #UnitedKingdom
⏰ 49 မိနစ် 14 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Ipcress File (2022)The Ipcress File (2022)
~ IMDb – 7.3/10, Rotten Tomatoes – 96% ~ ဒါကတော့ ၁၉၆၂ တုန်းကထွက်ရှိခဲ့တဲ့ နာမည်တူ စပိုင်ဝတ္ထုကို ပြန်လည်အသက်သွင်းထားတဲ့ စီးရီးတစ်ခုပါ။ ၁၉၆၅ မှာလည်း မင်းသားကြီး Michael Caine ခေါင်းဆောင်ပါဝင်ထားတဲ့ ဇာတ်ကားထွက်ထားပါသေးတယ်။ ခုဟာကတော့ IMDb မှာ 7.3/10 နဲ့ Rotten Tomatoes မှာ 96% ရထားတာဖြစ်တဲ့အတွက် တန်းတစ်ခုဝင်တဲ့ ဇာတ်လမ်းတွဲလို့ပြောရင်လည်း မမှားပါဘူး။ ဇာတ်လမ်းကိုတော့ အင်္ဂလန်ကနေ ပြန်ပေးဆွဲခံလိုက်ရတဲ့ ဗြိတိသျှ သိပ္ပံပညာရှင်တစ်ယောက်ကို တစ်ချိန်ကမှောင်ခိုသမားဘဝကနေ စပိုင်တစ်ယောက်ဖြစ်လာတဲ့ ဟယ်ရီပါလ်မာကနေ လိုက်ပြီးရှာဖွေရာကနေ အစပြုထားပါတယ်။ ဟယ်ရီဟာ ဘာလင်မှာရှိတဲ့ သူ့ရဲ့အဆက်အသွယ်ကိုသုံးပြီး သိပ္ပံပညာရှင်ကြီးကို ကယ်ပေးမှ လွတ်ငြိမ်းခွင့်ပေးမယ်ဆိုပြီးတော့ အကြပ်ကိုင်ခံထားရတာပေါ့။ ဘာမှမသိတဲ့ ဟယ်ရီတစ်ယောက်ဟာ ရတဲ့အခွင့်အရေးကိုယူပြီး ရန်သူ့နယ်မြေထဲသွားခဲ့ရပါတယ်။ စစ်ဆင်ရေးကိုထမ်းဆောင်နေရင်း မတော်တဆမှုတစ်ခုနဲ့ ကြုံလိုက်ရတဲ့အခါမှာမှ သူကိုင်တွယ်ထားရတဲ့ စစ်ဆင်ရေးက ပေါ့သေးသေးကိစ္စမဟုတ်ဘဲ နိုင်ငံနဲ့ချီအရေးပါနေတဲ့အမှုတစ်ခုဖြစ်နေတယ်ဆိုတာကို သိလိုက်ရပါတယ်။ ဒီလိုနဲ့ပဲ ဟယ်ရီတစ်ယောက် ဒီပြဿနာကို ဘယ်လိုဆက်ဖြေရှင်းသွားမလဲ… ဘယ်လို ရန်သူမိတ်ဆွေအဖြာဖြာနဲ့ ရင်ဆိုင်ကြုံတွေ့ရမလဲ… ဆိုတာကိုတော့ Spy Thriller စီးရီးပီပီသသနဲ့ပဲ သည်းထိတ်ရင်ဖို ဒရာမာဆန်ဆန် ကြည့်ရှူခံစားရမှာပဲဖြစ်ပါတယ်။ (ဒီစီးရီးအတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ Mark ပဲဖြစ်ပါတယ်)Size ~ 700MB+...
Spy Kids: Armageddon (2023)
⭐IMDB: 4.3/10 (1 k Votes)
🎬 #Action #Comedy #Family #Adventure #SciFi
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 38 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Spy Kids: Armageddon (2023)
5 ကားမြောက် Spy Kids မူဗီ ထွက်လာပါပြီ။ဒီရုပ်ရှင်ကိုတော့ Spy Kids ရုပ်ရှင်တွေရဲ့ ဒါရိုက်တာ Robert Rodriguez က ရိုက်ကူးထားတာပါ။90 ဖွားတွေအတွက်တော့ ဒီရုပ်ရှင်တွေက ငယ်ငယ်တုန်းက တစ်ခါနှစ်ခါတော့ ကြည့်ဖူးကြမယ်ထင်ပါတယ်။သိပ္ပံ ကိရိယာအသစ်အဆန်းတွေနဲ့ လူဆိုးတွေကို ချတဲ့ စပိုင်ကလေးတွေ အကြောင်းပါပဲ။မိသားစုကြည့်ဖို့ ကလေးတွေကို ပြဖို့ အသင့်တော်ဆုံး franchise ပါပဲ။
ဇာတ်လမ်းအကျဉ်း
တိုနီနဲ့ပတ်တီဆိုတဲ့ ကလေးနှစ်ယောက်ဟာ လူကြီးစပိုင်နှစ်ယောက်ရဲ့ သားနဲ့သမီးပါပဲ။သူတို့ဟာ ဂိမ်းဝါသနာအိုးတွေဖြစ်ပြီး ဂိမ်းကစားတဲ့နေရာမှာလည်း အတော်ကျွမ်းကျင်ပါတယ်။သူတို့ရဲ့အမေနဲ့အဖေက သူတို့ကို ဖုန်းတွေဂိမ်းစက်တွေ နာရီပိုင်းနဲ့ပဲ သုံးခွင့်ပေးပြီး ကန့်သတ်ထားပါတယ်။အကြောင်းကတော့ ကမ္ဘာပေါ်က ဘယ်စနစ်ကိုမဆိုဟက်လို့ရတဲ့ အာမက်ဂက်ဒန်ဆိုတဲ့ဆော့ဝဲကိုအိမ်မှာ လျို့ဝှက်သိမ်းထားပြီး ကလေးတွေရဲ့ဂိမ်းကနေ အဟက်ခံရမှာစိုးလို့ပါပဲ။ဒါပေမဲ့ ဒီဆော့ဝဲကိုလိုချင်နေတဲ့ နည်းပညာသမားလူဆိုးက ကလေးတွေကို ဂိမ်းနဲ့မျှားပြီး ဂိမ်းထဲကနေ တဆင့် ခိုးသွားပါတော့တယ်။အဲဒီဆော့ဝဲကိုအသုံးချပြီး ကမ္ဘာကြီးကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့အပြင် ကလေးတွေရဲ့ အဖေနဲ့အမေကိုပါ ဖမ်းထားနိုင်လိုက်ပါတယ်။ဒီတော့မှ မိဘတွေ စပိုင်မှန်းသိရတဲ့ မောင်နှမနှစ်ယောက်ဟာ သူတို့မိဘတွေရဲ့ နည်းပညာတွေကိုသုံးပြီး ကမ္ဘာကြီးကိုကယ်တင်ဖို့ကြိုးစားရပါတော့တယ်။
အညွှန်း နဲ့ ဘာသာပြန်ကတော့Mr.Andersonပဲ ဖြစ်ပါတယ်။...
1883: The Road West (2022)
⭐IMDB: 8.6/10 (5 k Votes)
🎬 #Western #Documentary
🗓 2022 🎞 movie
🌎 #UnitedStates
⏰ 41 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
1883: The road west (2022)=====================IMDb Rating – 8.6/10
ရဲလိုးစတုန်းကောင်းဘွိုင်စီးရီးရဲ့ မူလဇာစ်မြစ်ကြောင်းကို ပြန်ရိုက်ထားတဲ့“1883”စီးရီးကို (2021)ခုနှစ်မှာ ထုတ်လွှင့်ခဲ့ပါတယ်။ အခုဟာကတော့“1883”စီးရီးရဲ့ ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်တွေနဲ့ သရုပ်ဆောင်တွေကိုအင်တာဗျူးထားတာတွေပါ။ ဒီထဲမှာဆိုရင် “1883”လို စီးရီးကောင်းတစ်ခုရလာဖို့ ဇာတ်ကောင်နေရာအတွက် ဘယ်လိုပြင်ဆင်လေ့ကျင့်ခဲ့ရပုံတွေ၊ရိုက်ကူးရေးအဖွဲ့သားတွေ ဘယ်လိုကြိုးစားပြင်ဆင်ခဲ့ရပုံတွေအပြင် သရုပ်ဆောင်တွေရဲ့ ဒီဇာတ်ကားအပေါ်ထားတဲ့ခံစားချက်တွေကိုပါ ကြည့်ရှုရမှာပါ။
ရဲလိုးစတုန်းဖန်တွေ၊ “1883”ဖန်တွေအတွက် အလွမ်းဖြေစရာလေးဖြစ်ပါလိမ့်မယ်။ တကယ်ကောင်းတဲ့ စီးရီးတွေဖြစ်ပြီး CMမှာလည်း တင်ဆက်ပေးထားတာမို့လို့ မကြည့်ဖူးသေးတဲ့သူတွေကိုလည်း ကြည့်ကြည့်ပါလို့တိုက်တွန်းလိုက်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)...
This Hits Home (2020)
⭐IMDB: 7.4/10 (35 Votes)
🎬 #Documentary
🗓 2020 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 17 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
This Hits Home (2023)
=================
ပထမဆုံးအနေနဲ့ ဒီကားက ရုပ်ရှင်မဟုတ်ပါဘူး အသိပညာပေးမှတ်တမ်းရုပ်ရှင်ပါ။ တိတိကျကျပြောရရင် အိမ်တွင်းအကြမ်းဖက်မှုအကြောင်းကိုဆေးပညာရှုထောင့်အရရော ခံရသူတွေရဲ့ရှုထောင့်ကနေပါ သေသေချာလေးရိုက်ပြထားတဲ့ရုပ်ရှင်တစ်ကားဖြစ်တယ်။ အိမ်တွင်းအကြမ်းဖက်မှုကိုကိုယ့်မိသားစုထဲမှာမကြုံတွေ့ဖူးရင်တောင်မှ ပတ်ဝန်းကျင်မှာ မြင်ရတွေ့ရကြားနေရတတ်ပါတယ်။
ဥပမာပေးရရင် တောထပျံ့နှံ့နေတဲ့ ကူးစက်ရောဂါတစ်ခုလိုပါပဲ။ ဒါပေမဲ့လူတိုင်းမသိကြတာက အဲလိုနှိပ်စက်ခံရတဲ့သူတွေမှာ စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာအရပါ နောက်ဆက်တွဲပြဿနာတွေ ရောဂါတွေဖြစ်လာတတ်တယ်ဆိုတာပါပဲ။ ဒါကို ကျွမ်းကျင်သူတွေက ဘယ်လိုသုံးသပ်ပြမလဲဖြေရှင်းကြမလဲဆိုတာတွေကို ဗဟုသုတအနေနဲ့ကြည့်ရှုရမဲ့ မှတ်တမ်းရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Khant Sett Naing ဖြစ်ပါတယ်)...
Gran Turismo (2023)
⭐IMDB: 7.4/10 (25 k Votes)
🎬 #Action #Adventure #Drama #Sport
🗓 2023 🎞 movie
🌎 #UnitedStates #Japan #UnitedStatesofAmerica
⏰ 2 နာရီ 14 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Gran Turismo(2023)
*******************ကားပြိုင်ဂိမ်းသမားအဖြစ်မှ ကမ္ဘာ့အဆင့်ပြိုင်ကားသမားဖြစ်လာသူ ယန်း မာဒန်ဘိုရော့ အကြောင်း ဖြစ်ရပ်မှန် ရုပ်ရှင်ဖြစ်ပါတယ်။
ကားပြိုင်ပွဲတွေရဲ့ ရင်ခုန်ရတဲ့အရသာကိုလိုချင်ရင် ဒီရုပ်ရှင်လည်း ကြည့်ကိုကြည့်ရမှာပါပဲ။
ယန်းဟာ ကားပြိုင်ဂိမ်းတွေထဲမှာ နာမည်ကြီးဖြစ်တဲ့ ဂရန် တူရစ္စမို ဂိမ်းကို စွဲစွဲလမ်းလမ်း ကစားခဲ့သူဖြစ်ပြီး
အကောင်းဆုံးဂိမ်းသမားတွေထဲက တစ်ယောက်ဖြစ်ပါတယ်။
ဂရန်တူရစ္စမိုဂိမ်းဟာလည်း တကယ့်ပြိုင်ကားတွေ၊ ပြေးလမ်းတွေကို အသေးစိတ်လေ့လာပြီးမှ
ထုတ်လုပ်ထားတဲ့ဂိမ်းဖြစ်လို့ အရမ်း လက်တွေ့နဲ့နီးစပ်ပြီး လူသန်းပေါင်းများစွာ ကစားနေကြတဲ့ဂိမ်းပဲဖြစ်ပါတယ်။
၂၀၀၈ ခုနှစ်ကစပြီး နစ်ဆန်းကားကုမ္ပဏီနဲ့ ဆိုနီဂိမ်းတို့ ပူးပေါင်းပြီး ဂိမ်းသမားတွေကို
တကယ့် ပြိုင်ကားပရော်ဖက်ရှယ်နယ်ဖြစ်လာအောင်လေ့ကျင့်ပေးတဲ့ GT အကယ်ဒမီအစီအစဉ်ကိုစတင်ခဲ့ပါတယ်။
ယန်း မာဒန်ဘရော့ကလည်း ဒီအစီအစဉ်မှာ ပါသွားခဲ့တဲ့ လူငယ်တစ်ယောက်ပါ။
ဂိမ်းသမားကနေ ပြိုင်ကားအစစ်ကိုတက်မောင်းပြီး ဆုတွေယူဖို့ဆိုတာ ဘယ်သူမှ မယုံကြည့်ခဲ့ပေမဲ့
ယန်းကတော့ ကမ္ဘာ့အဆင့်ပြိုင်ပွဲတွေမှာပါ ဆုတွေရအောင်စွမ်းဆောင်နိုင်ခဲ့တဲ့အကြောင်းကို တင်ဆက်ထားတာပါ။
ပြိုင်ကားရုပ်ရှင်တွေထဲမှာ အကောင်းဆုံးတစ်ကားဖြစ်တဲ့ Ford vs Ferrari ရုပ်ရှင်လိုမျိုးပဲ အတော်ကို ကောင်းတဲ့ရုပ်ရှင်တစ်ကားပါပဲ။
IMDb မှာလည်း 7.4 အထိ ရရှိထားပါတယ်။
ဒါရိုက်တာကတော့ Elysium တို့ District 9 တို့ရဲ့ ဖန်တီးရှင် Neill Blomkamp ပါပဲ။
ယန်းမာဒန်ဘိုရော့အဖြစ် Archie Madekwe က သရုပ်ဆောင်ထားပြီး
သူ့ရဲ့နည်းပြ၊အင်ဂျင်နီယာခေါင်းဆောင်အဖြစ် Stranger Things ရဲ့ မင်းသားကြီး David Harbour ပါဝင်ထားပါတယ်။
GT အကယ်ဒမီကို စီစဉ်သူ Cox အဖြစ် မင်းသားကြီး အော်လန်ဒို ဘလွန်းက ပါဝင်ထားပါတယ်။
ဒီရုပ်ရှင်ထဲမှာ ဂရန် တူရစ္စမို ဂိမ်းဖန်တီးသူ Kazunori Yamauchi ကိုလည်း
ဆူရှီဆိုင်ကလူကြီးအဖြစ် ဧည့်သည်သရုပ်ဆောင်ထည့်သွင်းသွားပါသေးတယ်။
အညွှန်း နဲ့ ဘာသာပြန်ကတော့Mr.Andersonပဲ ဖြစ်ပါတယ်။...
Aphrodisiac-Laced Confinement With Tied Up Squirting Orgasmic Pleasure For My Beloved Little Stepsister… Shoko Takahashi (2021)
⭐TMDB: 0.0% User Score
🎬 #Adult #Asian #Drama
🗓 2021 🎞 Movie
🌎 #Japan
⏰ 2 နာရီ 3 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Dark Side Production အနေနဲ့ Shouko Takahashi ရဲ့အမာခံ ပရိတ်သတ်ဖြစ်တာနဲ့အညီ
သူမရဲ့ ဇာတ်ကားတွေထဲမှာ ဇာတ်လမ်းဇာတ်ကွက်တော်တော်ပါတဲ့ MIDV-023 ဇာတ်ကားကို
တော်တော် Clean လုပ်ထားတဲ့ Version ထွက်ရှိလာတာကြောင့်
အကြည်ဆုံး Quality နဲ့ Update တင်ဆက်လိုက်ပါတယ်။
ယခင် Version ကို ကြည့်ဖူးရင်လဲ ဒီ Decensored Version ကို ထပ်ကြည့်ပါ…လုံးဝနောင်တမရစေရပါဘူး။
ဖြူဖြူဖွေးဖွေးနဲ့ရေဆေးငါးကြီးလို ဖြောင့်တင်းတောင့်စင်းနေတဲ့အလှနဲ့Shouko Takahashi လေးရဲ့ အစ်မကြီးတော့ အမိရာဆိုတဲ့ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်
လှပတဲ့ရုပ်ရည် ရှက်ကြောက်တတ်တဲ့ အမူအရာလေးနဲ့ စိုးရွံ့တုန်လှုပ်တဲ့ မျက်နှာပေးလေးတွေနဲ့သရုပ်ဆောင်ကောင်းလွန်းတဲ့ အပြင် ပုရိသတွေရဲ့ နှလုံးသားကိုပါကိုင်လှုပ်နိုင်တဲ့ ခန္ဓာကိုယ်ကောက်ကြောင်းလေးတွေလည်း ရှိတာမို့ ညိုကီတို့အကြိုက်တွေ့မိမှာပါ
ဇာတ်လမ်းလေးကတော့ညီမဖြစ်သူကို မိဘတွေကွယ်လွန်ပြီးကတည်းက စောင့်ရှောက်လာခဲ့တဲ့အမကြီးတယောက်ရဲ့ ဓားခုတ်ရာလက်ဝင်လျှိုပေးတဲ့ တာဝန်ကျေပွန်မှုတွေကို ရှုစားကြရမှာပါ။
(Dark Side Production မှ တင်ဆက်သည်။)
Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...
Sashiyum Sakunthalayum (2023)
⭐IMDB: 9.4/10 (345 Votes)
🎬 #Bollywood #Comedy
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 14 မိနစ် 30 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sasiyum Sakunthalyum (2023)
CM ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိထားတဲ့ Malayalam စကားပြောဒရာမာ ဇာတ်ကားကောင်းလေး လာပါပြီ
IMDB 9.8 တောင် ရထားတာနော်ဇာတ်လမ်းအကျဥ်းကတော့ရွာတစ်ရွာမှာ အလယ်တန်းကျောင်းနှစ်ကျောင်းကအပြိုင်အဆိုင်ဖြစ်နေပြီး တစ်ဖက်နဲ့ တစ်ဖက်ကလည်း လုံးဝ မတည့်ကြပါဘူး
အောင်စာရင်းထွက်တော့ ကလေးတွေရလဒ်မကောင်းလို့ ကျောင်းအုပ်ကြီး တစ်ယောက်ဆရာဆရာမတွေကိုခေါ်ပြီး ဒေါသပုန်ထနေပါတယ်
အထူးသဖြင့် English စာနဲ့ သင်္ချာညံ့ကြတာပါဒါကို ဟိုဘက်က Excellence ဆိုတဲ့ ကျောင်းကအောင်ချက်ကောင်း အမှတ်လည်းကောင်းတာမို့တစ်ဖက်ကို ရွာတွေရဲ့ထုံးစံအတိုင်း ‘လော်စပီကာ’ နဲ့ အပုပ်ချပါတော့တယ်
ဆရာတွေကလည်း လစာနှစ်ပဲတစ်ပြားနဲ့ အဆင်မပြေဖြစ်နေပါတယ်ရွာမွေးခြံပေါက် English ဆရာ Sashi ဆိုသူကတော့ ရွာထဲမှာဂိုက်လေးတွေလှည့်သင်နေရင်း အကြွေးဆပ် ရုန်းကန်နေရပါတယ်
English စာတော်လို့ သတင်းမွှေးတာနဲ့ ကျောင်းအုပ်ကြီးတစ်ယောက်ဂိုက်ဆရာ Sashi ကို သူလိုချင်တဲ့လစာ ပေးပြီး ခေါ်ခန့်လိုက်ပါတော့တယ်
ဒီဆရာ ဒီကလေးတွေ ဘယ်လိုဆက်စခန်းသွားကြမလဲဆရာ ဆရာမတွေရဲ့ အချစ်ဇာတ်လမ်း လေးတွေလည်း ပါတာမို့
အားပေးလိုက်ကြပါဦး
(အညွှန်းရေးသားသူက KKKZ ဖြစ်ပြီး
BpL ~ ToMo ~ KKKZ ~ Cherry ~ Alex တို့ကဘာသာပြန်ပေးထားတာပဲ ဖြစ်ပါတယ်)...
Dark House (2014)
⭐IMDB: 4.7/10 (3 k Votes)
🎬 #Horror #Thriller
🗓 2014 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 43 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Horror ဇာတ်ကားကိုမှ လျှို့ဝှက်ဆန်းကြယ်ရမယ် ကျောချမ်းစရာကောင်းရမယ်
စိတ်ဝင်စားစရာလဲကောင်းရမယ်ဆိုရင် Dark House ဆိုတဲ့ဒီဇာတ်ကားကို
ကြည့်သင့်ပါတယ်။
ဒီဇာတ်ကားထဲမှာတော့ လူတစ်ယောက်ယောက်ကို ထိကိုင်လိုက်တာနဲ့
သူတို့ရဲ့အသေဆိုးနဲ့ သေဆုံးမှုတွေကိုမြင်နိုင်တဲ့ နစ်ခ်ဆိုတဲ့ကောင်လေး
တစ်ယောက်ကိုတွေ့ရမှာပဲဖြစ်ပါတယ်။သူ့မှာရိုင်ယန်လို့ ခေါ်တဲ့အချစ်ဆုံး
သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ဘားမှာတွေ့ခဲ့တဲ့ အီဗီဆိုတဲ့ကောင်မလေးနဲ့
ချစ်ကြိုက်ပြီး ကိုယ်ဝန်ရပြီးတဲ့အထိတောင် သူတို့သုံးယောက်က အတူတူ
နေနေကြတုန်းပါပဲ။တစ်နေ့မှာတော့ သူ့ရဲ့စိတ်ရောဂါဝေဒနာရှင် အမေကဆုံးပါး
သွားခဲ့ပြီး သူ့အတွက်သေတမ်းစာထဲမှာ အိမ်တစ်လုံးချန်ထားပေးခဲ့ပါတယ်။
အဲ့ဒီအိမ်က နစ်ခ်ငယ်ငယ်ကတည်းကနေ အခုအချိန်ထိ ဆွဲလာတဲ့အိမ်ပုံတွေနဲ့
တစ်ပုံစံတည်းဖြစ်နေပါတယ်။ဒီလိုနဲ့ နစ်ခ်တို့ သုံးယောက် အဲ့ဒီအိမ်ရှိရာကို
သွားခဲ့ကြပါတယ်။ဒါပေမယ့် အဲ့ဒီအိမ်မှာ သူတို့သုံးယောက်ကို မမျှော်လင့်ထားတဲ့
အရာတွေနဲ့ မမျှော်လင့်ထားတဲ့ လူတွေစောင့်နေခဲ့တဲ့အခါမှာတော့
ဘာတွေဖြစ်ကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမယ့် ဖြဲမခြောက်တဲ့
Horror ကားပဲဖြစ်ပါတယ်။...
Jackass Presents: Bad Grandpa (2013)
⭐IMDB: 6.5/10 (97 k Votes)
🎬 #Comedy
🗓 2013 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 43 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Jackass Presents: Bad Grandpa (2013)Genre – ComedyIMDB – 6.5/10
အသေအလဲ ခွီနေရမယ့် ဟာသကားကောင်းလေး တစ်ကားလာပါပြီ။
ဟာသကားဆိုပေမဲ့ ဇာတ်လမ်းပုံစံ ရိုက်ထားတာမျိုးမဟုတ်ပဲ ဇာတ်ညွန်းတော့ပါပြီး
တကယ့်အပြင်ကလူတွေကို ချောင်းရိုက်ကင်မရာ ပေါင်းစုံနဲ့
Prank တွေလုပ်နောက်ပြောင်ပြီးတော့ ဇာတ်လမ်းသွားပုံစံ လုပ်ထားတာပါ။
Jackass ဆိုတာ တခြားလူတွေမလုပ်ကြတဲ့ အန္တရာယ်လည်းများတဲ့
ပေါက်ကရစတန့်ပေါင်းစုံတွေလုပ်ပြီး နာမည်ကြီးတဲ့
ငပြောင်အုပ်စုပါ မကြည့်ဖူးရင် ကြည့်ဖို့ အကြံပေးချင်ပါတယ်။
ဒီကားထဲမှာတော့ Jackass ထဲ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့
Johnny Knoxville က အသက် ၈၀ ကျော် အဖိုးကြီးတစ်ယောက်လို
မိတ်ကပ်တွေနဲ့ ပြင်ဆင်ပြီး လူတွေကို လိုက်ဖောက်ထားတာပါ
(အော်စကာတောင် စကာတင် ဝင်ခဲ့ပါသေးတယ် ဘယ်လောက်ပီပြင်သလဲဆို)။
Johnny Knoxville က ဂျက်ကီချမ်းတို့ အာနိုးတို့နဲ့လည်း ရုပ်ရှင်တူတူတွဲရိုက်ဖူးပါတယ်။
သူ့ရဲ့ဇာတ်လမ်းလေးကတော့ အသက် ၈၀ ကျော် အဖိုးကြီး
နှစ် ၄၀ ကျော် မိန်းမဖြစ်သူနဲ့ မလွတ်လပ်ခဲ့ရတာကို မိန်းမဆုံးသွားတော့
လူပျို ဖြစ်ပြီး ပျော်နေတဲ့အချိန် သမီးဖြစ်သူက ဆေးမှုနဲ့
ထောင်ထဲ နောက်တစ်ခါ ဝင်ရမှာမို့ သားဖြစ်သူ သူ့မြေးကို
ဖအေဆီ ပို့ပေးပါဆိုပြီး လာအပ်သွားလို့ မြေးအဖိုးနှစ်ယောက်
ကားတစ်စီးနဲ့ Roadtrip ထွက်ရင်း လမ်းတစ်လျှောက် တွေ့သမျှလူတွေကို
Prank တွေလုပ်သွားတာကို ရှယ်ရယ်ရမယ့်ကားပါ။
ပြောင်ကြတာတွေဆို အတော်ဆိုးပါတယ် စိတ်မရှည်တဲ့လူဆို
ထထိုးမိမယ့်အပေါက်တွေပါ ပြီးတော့ မြေးဖြစ်သူနေရာက
ကလေးကလည်း မထင်မှတ်ရလောက်အောင်
ရုပ်တည်ကြီးနဲ့ လိုက်လိုက်ဖောက်တာကို သဘောကျမိပါတယ်
(မိန်းကလေးလိုဝတ်ကဲတာဆို အကြမ်းဆုံးပဲ)။
ဒါပေမဲ့ ဇာတ်ကားမကြည့်ခင် တစ်ချပ်သတိပြုစေလိုတာက
အဖိုးကြီးတစ်ယောက်က လိုက်ရိုင်းစိုင်းနေတာမျိုး
ဖြစ်တဲ့အတွက် စကားလုံးတွေ အသေကြမ်းပါတယ်
ပရမ်းပတာ ပြကွက်တွေပါပါတယ်
အဲဒါကြောင့် အိပ်ရာပေါ်ကအခန်း မပါပေမဲ့လည်း
ကလေးသူငယ်တွေနဲ့ လူကြီးမိဘတွေရှေ့တော့ သတိထားကြည့်စေလိုပါတယ်။
သုံးထားတဲ့ဘန်းစကားတွေက သောက်ရမ်းတွေလန်းပြီး
ဆီလျော်အောင် အတတ်နိုင်ဆုံး ဘာသာပြန်ထားတာကြောင့်
အမှားရှိရင် ခွင့်လွှတ်ပေးပါလို့ ပြောရင်း အားပေးလိုက်ကြပါဦးဗျ။...
Jackass Presents: Bad Grandpa (2013)
⭐IMDB: 6.5/10 (97 k Votes)
🎬 #Comedy
🗓 2013 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 43 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Jackass Presents: Bad Grandpa (2013)Genre – ComedyIMDB – 6.5/10
အသေအလဲ ခွီနေရမယ့် ဟာသကားကောင်းလေး တစ်ကားလာပါပြီ။
ဟာသကားဆိုပေမဲ့ ဇာတ်လမ်းပုံစံ ရိုက်ထားတာမျိုးမဟုတ်ပဲ ဇာတ်ညွန်းတော့ပါပြီး
တကယ့်အပြင်ကလူတွေကို ချောင်းရိုက်ကင်မရာ ပေါင်းစုံနဲ့
Prank တွေလုပ်နောက်ပြောင်ပြီးတော့ ဇာတ်လမ်းသွားပုံစံ လုပ်ထားတာပါ။
Jackass ဆိုတာ တခြားလူတွေမလုပ်ကြတဲ့ အန္တရာယ်လည်းများတဲ့
ပေါက်ကရစတန့်ပေါင်းစုံတွေလုပ်ပြီး နာမည်ကြီးတဲ့
ငပြောင်အုပ်စုပါ မကြည့်ဖူးရင် ကြည့်ဖို့ အကြံပေးချင်ပါတယ်။
ဒီကားထဲမှာတော့ Jackass ထဲ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့
Johnny Knoxville က အသက် ၈၀ ကျော် အဖိုးကြီးတစ်ယောက်လို
မိတ်ကပ်တွေနဲ့ ပြင်ဆင်ပြီး လူတွေကို လိုက်ဖောက်ထားတာပါ
(အော်စကာတောင် စကာတင် ဝင်ခဲ့ပါသေးတယ် ဘယ်လောက်ပီပြင်သလဲဆို)။
Johnny Knoxville က ဂျက်ကီချမ်းတို့ အာနိုးတို့နဲ့လည်း ရုပ်ရှင်တူတူတွဲရိုက်ဖူးပါတယ်။
သူ့ရဲ့ဇာတ်လမ်းလေးကတော့ အသက် ၈၀ ကျော် အဖိုးကြီး
နှစ် ၄၀ ကျော် မိန်းမဖြစ်သူနဲ့ မလွတ်လပ်ခဲ့ရတာကို မိန်းမဆုံးသွားတော့
လူပျို ဖြစ်ပြီး ပျော်နေတဲ့အချိန် သမီးဖြစ်သူက ဆေးမှုနဲ့
ထောင်ထဲ နောက်တစ်ခါ ဝင်ရမှာမို့ သားဖြစ်သူ သူ့မြေးကို
ဖအေဆီ ပို့ပေးပါဆိုပြီး လာအပ်သွားလို့ မြေးအဖိုးနှစ်ယောက်
ကားတစ်စီးနဲ့ Roadtrip ထွက်ရင်း လမ်းတစ်လျှောက် တွေ့သမျှလူတွေကို
Prank တွေလုပ်သွားတာကို ရှယ်ရယ်ရမယ့်ကားပါ။
ပြောင်ကြတာတွေဆို အတော်ဆိုးပါတယ် စိတ်မရှည်တဲ့လူဆို
ထထိုးမိမယ့်အပေါက်တွေပါ ပြီးတော့ မြေးဖြစ်သူနေရာက
ကလေးကလည်း မထင်မှတ်ရလောက်အောင်
ရုပ်တည်ကြီးနဲ့ လိုက်လိုက်ဖောက်တာကို သဘောကျမိပါတယ်
(မိန်းကလေးလိုဝတ်ကဲတာဆို အကြမ်းဆုံးပဲ)။
ဒါပေမဲ့ ဇာတ်ကားမကြည့်ခင် တစ်ချပ်သတိပြုစေလိုတာက
အဖိုးကြီးတစ်ယောက်က လိုက်ရိုင်းစိုင်းနေတာမျိုး
ဖြစ်တဲ့အတွက် စကားလုံးတွေ အသေကြမ်းပါတယ်
ပရမ်းပတာ ပြကွက်တွေပါပါတယ်
အဲဒါကြောင့် အိပ်ရာပေါ်ကအခန်း မပါပေမဲ့လည်း
ကလေးသူငယ်တွေနဲ့ လူကြီးမိဘတွေရှေ့တော့ သတိထားကြည့်စေလိုပါတယ်။
သုံးထားတဲ့ဘန်းစကားတွေက သောက်ရမ်းတွေလန်းပြီး
ဆီလျော်အောင် အတတ်နိုင်ဆုံး ဘာသာပြန်ထားတာကြောင့်
အမှားရှိရင် ခွင့်လွှတ်ပေးပါလို့ ပြောရင်း အားပေးလိုက်ကြပါဦးဗျ။...
The Duchess (2008)
⭐TMDB: 70.0% User Score
🎬 #Biography #Drama #History #Romance #Thriller
🗓 2008 🎞 movie
🌎 #UnitedKingdom #Italy #France #UnitedStates #Belgium #UnitedKingdom #UnitedStatesofAmerica
⏰ 1 နာရီ 50 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Historical film တွေရဲ့ ပင်တိုင်စံ မင်းသမီးလို့တင်စားကြတဲ့ မင်းသမီးချော
Keira Knightley ပါဝင်သရုပ်ဆောင်ထားတဲ့ The Duchess ဆိုတဲ့
ဇာတ်ကားလေးကိုတင်ဆက်ပေးပါရစေ။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်
ဖြစ်တဲ့မြို့စားကတော် Georgiana အဖြစ် Keira Knightley ၊ မြို့စားမင်းအဖြစ်
မင်းသားကြီး Ralph Fiennes၊ Lady Elizabeth Foster အဖြစ် အေးဂျင့်Carterလို့
လူသိများတဲ့ မင်းသမီး Hayley Atwell နဲ့ Charles Grey အဖြစ် Dominic Cooper
တို့ကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ထိပ်တန်းသရုပ်ဆောင်တွေပဲပါဝင်
ထားတာဖြစ်တဲ့အလျောက် Performance တွေဟာအပြစ်ပြောစရာမရှိလောက်တဲ့
အထိကောင်းလွန်းနေတဲ့ဇာတ်ကားပါ။
ဒီဇာတ်ကားဟာ 81 ကြိမ်မြောက်အော်စကာဆုပေးပွဲမှာ Best Costume Design ဆုကို
ထိုက်တန်စွာရရှိခဲ့ပါတယ်။ အော်စကာဆုရဆိုတဲ့အတိုင်းပဲ ပါဝင်တဲ့ ဝတ်စုံဒီဇိုင်းတွေဟာ
၁၈ရာစုနှောင်းပိုင်းရဲ့ luxury အသွင်အပြင်ကိုအပြည့်အဝဖော်ဆောင်ပေးထားလို့
ဝတ်စုံဒီဇိုင်းတွေကိုကြည့်ရတာနဲ့တင် တန်တယ်ဆိုတဲ့အနေအထားပါပဲ။
ဒီဇာတ်လမ်းဟာ ၁၈ ရာစုနှောင်းပိုင်းတုန်းက အပြင်မှာ တကယ်ရှိခဲ့တဲ့ Devonshire ရဲ့
မြို့စားကတော် Georgiana Spencer ရဲ့ဖြစ်ရပ်မှန်ဘဝအကြောင်းကိုအခြေတည်ပြီး
ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ စိတ်ဝင်စားစရာအနေနဲ့ပြောပြရမယ်ဆိုရင်
Georgiana ဟာ အားလုံးသိတဲ့ မင်းသမီး Diana Spencerနဲ့လည်း ဆွေမျိုးတော်စပ်ပါသတဲ့။
ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ Georgiana Cavendish ဆိုတဲ့အမျိုးသမီးလေးဟာ
အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ မြို့စားတစ်ဦးနဲ့လက်ထပ်ခဲ့ရပြီး မြို့စားရာထူးကိုဆက်ခံပေးမယ့်
သားယောက်ျားလေးတစ်ဦးကို မွေးဖွားပေးရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။
သူတို့အိမ်ထောင်ရေးကြားထဲကို လေဒီအဲလိဇဘတ်ဆိုတဲ့အမျိုးသမီးတစ်ဦးကလည်း
ပါဝင်လာခဲ့ပါတယ်။ အခုလိုအိမ်ထောင်ရေးအရှုပ်အရှင်းတွေကြားထဲက ဂျော်ဂျီနာရဲ့
ဘဝဇာတ်ကြောင်းကို လိုက်ပါစီးမျောခံစားနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။...
The Imperfects (2022-2022)
⭐IMDB: 6.5/10 (8 k Votes)
🎬 #Action #Adventure #Drama #SciFi #Fantasy #Mystery
🗓 2022-2022 🎞 tv series
🌎 #Canada #UnitedStates
⏰ 45 မိနစ် 00 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Imperfects (2022)The Imperfects (2022)================
ဒီစီးရီးကတော့ Netflix ကနေ လောလောလတ်လတ်ထွက်ထားတဲ့
စီးရီးသစ်တစ်ခုဖြစ်ပြီး Season(1) အနေနဲ့ဆယ်ပိုင်းတစ်ပြိုင်ထဲထွက်
ရှိထားတာဖြစ်ပါတယ်။Action, Adventure, Drama အမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ မျိုးဗီဇချို့ယွင်းမှုတွေနဲ့မွေးဖွားလာတဲ့
လူငယ်တွေကို ဒေါက်တာဆာကော့ဗ်ဆိုတဲ့ဆရာဝန်နဲ့သူ့လက်ထောက်က
ကုသဖို့ကြိုးစားရင်း၊ စမ်းသပ်ချက်တွေလုပ်ရင်း မထင်မှတ်ထားတဲ့
ရလဒ်တွေဖြစ်လာတဲ့နောက် ဒီလူငယ်တွေမှာအစွမ်းလို့ခေါ်လို့လည်းရသလို
ထိန်းချုပ်မရနိုင်တဲ့အကျိုးဆက်တွေဖြစ်လာခဲ့ပါတယ်။ အကြမ်းဖျဥ်းအားဖြင့်
ပြောရရင် Xmen တွေနဲ့သဘောတရားချင်းဆင်တူပြီး Character တည်
ဆောက်ထားပုံတွေလည်းခိုင်မာကျစ်လစ်တယ်လို့ပြောလို့ရပါတယ်။ချူပါကာဘရာလို့ခေါ်တဲ့ဒဏ္ဍာရီလာသမန်းဝံပုလွေတစ်ပိုင်း၊ရုပ်ပြဝတ္ထုစာရေး
ဆရာလူငယ်လေးဟွမ်ရူဝိစ်၊ အသံနဲ့ခြောက်လှန့်တတ်တဲ့အိုင်းရစ်ရှ်ဒဏ္ဍာရီလာ
မကောင်းဆိုးဝါးမဘန်ရှီးလို အကြားအာရုံနဲ့အသံပါဝါတွေရလိုက်တဲ့ အညတရ
တီးဝိုင်းတစ်ခုကအဆိုတော်မလေး တေလ်ဒါ၊ အိပ်ပျော်နေတဲ့ယောကျ်ားတွေဆီက
ကာမဂုဏ်ကိုစားသုံးတတ်တယ်ဆိုတဲ့ဒဏ္ဍာရီလာနတ်ဆိုးမ ဆက္ကူဘတ်စ်လို
သူ့ရဲ့ကိုယ်သင်းနံ့နဲ့ ကျား၊မ မရွေးကိုလိင်စိတ်အလွန်အမင်းကြွလာအောင် လှုံ့ဆော်
နိုင်စွမ်းရှိသူ ဇီဝသိပ္ပံကျောင်းသူလေးအက်ဘီဆင်းဂ်၊ သူတို့ရဲ့ထိန်းချုပ်မရတဲ့ အစွမ်း
တွေက ကောင်းခြင်းတွေကိုဦးတည်လာမလား၊ လက်ရှိကျိန်စာတစ်ခုလိုခံစားနေရ
တာကနေ ဘယ်လိုရုန်းထွက်မှာလဲဆိုတာတွေအပြင် သူတို့ရဲ့စွန့်စားခန်းတွေကို
စိတ်ဝင်တစားကြည့်ရှုရမှာပါ။(ဒီစီးရီးရဲ့ အညွှန်းကို Min Khant Bo မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသား
ပေးသူများကတော့ Min Khant Bo, Alias, San Thu Aung, Htet Kyaw Myo
တို့ ဖြစ်ပါတယ်။)File Size………….(350 MB) / (800 MB)...
A Dark Song (2016)
⭐IMDB: 6.2/10 (20 k Votes)
🎬 #Drama #Horror #Fantasy #Mystery
🗓 2016 🎞 movie
🌎 #Ireland #UnitedKingdom
⏰ 1 နာရီ 40 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဆိုဖီယာဆိုတဲ့ စိတ်ပျက်ဝမ်းနည်းနေတဲ့ အမျိုးသမီးတစ်ဦး
ဝေးလ်စ် နိုင်ငံရဲ့ လူသူအရောက်ပေါက်နည်းနဲ့
နေရာတစ်နေရာမှ အိမ်တစ်လုံး ငှားခဲ့ပါတယ်။
သူမရဲ့ သေသွားတဲ့ ၇နှစ်အရွယ်သားလေးနဲ့စကားပြောခွင့်ရဖို့
အောက်လမ်းဆရာတစ်ဦးဖြစ်တဲ့
ဂျိုးဆက်ဆိုလိုမွန်ကို ငှားရမ်းပြီး ထိုအိမ်ကြီးမှာ
လပေါင်းများစွာ လူတွေနဲ့အဆက်ဖြတ် ပြီး
အဘရာမယ်လင်ကျမ်းထဲက
ကိုယ်ရံတော်နတ်သားကိုဆင့်ခေါ်ဖို့ကြိုးစားပါတော့တယ်...
A Dark Song (2016)
⭐IMDB: 6.2/10 (20 k Votes)
🎬 #Drama #Horror #Fantasy #Mystery
🗓 2016 🎞 movie
🌎 #Ireland #UnitedKingdom
⏰ 1 နာရီ 40 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဆိုဖီယာဆိုတဲ့ စိတ်ပျက်ဝမ်းနည်းနေတဲ့ အမျိုးသမီးတစ်ဦး
ဝေးလ်စ် နိုင်ငံရဲ့ လူသူအရောက်ပေါက်နည်းနဲ့
နေရာတစ်နေရာမှ အိမ်တစ်လုံး ငှားခဲ့ပါတယ်။
သူမရဲ့ သေသွားတဲ့ ၇နှစ်အရွယ်သားလေးနဲ့စကားပြောခွင့်ရဖို့
အောက်လမ်းဆရာတစ်ဦးဖြစ်တဲ့
ဂျိုးဆက်ဆိုလိုမွန်ကို ငှားရမ်းပြီး ထိုအိမ်ကြီးမှာ
လပေါင်းများစွာ လူတွေနဲ့အဆက်ဖြတ် ပြီး
အဘရာမယ်လင်ကျမ်းထဲက
ကိုယ်ရံတော်နတ်သားကိုဆင့်ခေါ်ဖို့ကြိုးစားပါတော့တယ်...
The Black Book (2023)
⭐IMDB: 4.7/10 (291 Votes)
🎬 #Thriller #Mystery #Action
🗓 2023 🎞 movie
🌎 #Nigeria
⏰ 2 နာရီ 4 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဟောလီးဝုဒ်တွေ ဘောလီးဝုဒ်တွေနာမည်ကြီးနေတဲ့အချိန်မှာ
နောလီးဝုဒ်လို့ခေါ်တဲ့နိုက်ဂျီးရီးယားရုပ်ရှင်တွေကလည်းအဆင့်မြင့်လာပြီးတော့
ဘောင်ဝင်တန်းဝင်လာကြပါပြီ။
အခုလဲ Netflix တန်းဝင် The Black Book လို့ခေါ်တဲ့နိုက်ဂျီးရီးယားရုပ်ရှင်
တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။အကျင့်ပျက်ခြစားမှုတွေဆိုတာကနိုင်ငံတိုင်း
နေရာတိုင်းမှာရှိနေကြပါတယ်။အဲ့ဒီထဲမှာနိုက်ဂျီးရီးယားအစိုးရလဲအပါအဝင်ဖြစ်ပြီး
အဲ့လိုအကျင့်ပျက်ခြစားမှုတွေကိုတိုက်ဖျက်နေတဲ့လူတွေလည်းရှိကြပါတယ်။
တစ်နေ့မှာတော့ အဲ့လိုအကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဌာနမှာလုပ်ကိုင်နေတဲ့
ပါမောက္ခခရေ့ဂျ်ရဲ့ မိသားစုကိုပြန်ပေးဆွဲသွားခဲ့ပြီး သူ့ကိုနှုတ်ထွက်ဖို့ အကြပ်ကိုင်
ခဲ့ပါတော့တယ်။ပြီးတော့ ပြန်ပေးသမားတွေက သူတို့လိုချင်တာရပြီးသွားတဲ့အခါမှာ
အဲ့ဒီအမှုကို ပိတ်သိမ်းဖို့အတွက် ကောင်လေးတစ်ယောက်ကိုသတ်ပြီးတော့
အပြစ်ပုံချလိုက်ပါတော့တယ်။ဒါပေမယ့် ဖြစ်ချင်တော့ အဲ့ဒီကောင်လေးရဲ့အဖေက
နယ်နယ်ရရမဟုတ်ပဲ သွားမထိသင့်တဲ့လူတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့
သားဖြစ်သူမတရားသေဆုံးရခြင်းအတွက် အဖေတစ်ယောက်အနေနဲ့
တရားမျှတမှုကိုရှာဖွေပုံကို ကြည့်ရမှာပဲဖြစ်ပါတယ်။...
Bottoms (2023)
⭐IMDB: 7.2/10 (9 k Votes)
🎬 #Comedy
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 31 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
လူတော်တော်များများကဂေးတွေဆိုရင် အထင်အမြင်သေးပြီးရှောင်ဖယ်ကြပါတယ်။
ဂျိုစီနဲ့ ပီဂျေဆိုတဲ့အထက်တန်းကျောင်းသူ နှစ်ယောက်ကလည်း လိင်တူကြိုက်တဲ့
ဂေးသူငယ်ချင်းတွေဖြစ်ကြပြီး ရုပ်လဲဆိုး အရည်အချင်းလည်းမရှိတဲ့အတွက်
ကျောင်းကလူတွေက ရှောင်ဖယ်ထားတဲ့အပြင်ပြဿနာအိုးလေးတွေပဲဖြစ်ပါတယ်။
ဒါပေမယ့်သူတို့မှာကိုယ်စီကြိတ် Crush နေရတဲ့ပန်းပွားမယ်တွေတော့ရှိပါတယ်။
ဒီလိုနဲ့တစ်နေ့မှာ ကျောင်းရဲ့နာမည်ကြီးဘောလုံးသမား တစ်ယောက်ဖြစ်တဲ့အပြင်
ကျောင်းအုပ်ကြီးက ဖူးဖူးမှုတ်ထားတဲ့ဂျက်ဖ်ဆိုတဲ့ကောင်လေးနဲ့ ကွိုင်သွားတက်
ပါတော့တယ်။ဒီလိုနဲ့ ကျောင်းထုတ်ခံရမလိုဖြစ်နေတဲ့အချိန်မှာ ကျောင်းကိုယ်ခံ
ပညာကလပ်ဘာညာနဲ့ လျှောက်ပြောလိုက်ပြီး အဲ့ဒါကြောင့်ပဲ ကျောင်းထုတ်ခံရမဲ့
ဘေးကနေကင်းသွားပါတော့တယ်။အဓိကကတော့ တခြားကျောင်းရဲ့ ဘောလုံးသမား
တွေကဒီကျောင်းနဲ့ ရန်စရှိပြီး အားနည်းတဲ့မိန်းကလေးတွေကို လာလာအနိုင်ကျင့်
နှိပ်စက်နေလို့ပဲဖြစ်ပါတယ်။ဒီလိုနဲ့ သူတို့နှစ်ယောက်ပါးစပ်ထဲရှိတာ လျှောက်ပြော
ထားတဲ့ ကိုယ်ခံပညာကလပ်ကို တည်ထောင်ပြီးတော့ အဖွဲ့ဝင်ကောင်မလေးတွေနဲ့
ဘယ်လိုနှစ်ပါးသွားကြမလဲ။သူတို့ရဲ့ Crush လေးတွေပါ ကလပ်ထဲပါလာတဲ့အခါ
ဘယ်လိုစိတ်ဝင်စားစရာ ဇာတ်လမ်းလေးတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်။...
Cassandro (2023)
⭐IMDB: 6.4/10 (1 k Votes)
🎬 #Biography #Drama #Sport
🗓 2023 🎞 movie
🌎 #Mexico #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 47 မိနစ် 55 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Cassandro (2023)=============IMDb Rating – 6.4/10Biography, Drama, Sport
တက္ကဆက်ပြည်နယ်က မိန်းမလျာလက်ဝှေ့သမား Cassandro ခေါ်ဆောလ်ရဲ့ ဘဝဇာတ်ကြောင်း မူဗီတစ်ပုဒ်ဖြစ်ပါတယ်။ Cassandroဟာ NWA World Welterweight, UWA World Lightweightချန်ပီယံဟောင်းကြီးတစ်ယောက်ဖြစ်ပြီး သူ့ကြောင့်ပဲ မိန်းမလျာလက်ဝှေ့သမားတွေဟာ လက်ဝှေ့လောကမှာ နေရာတစ်ခု ရလာခဲ့ခြင်းဖြစ်ပါတယ်။
ဒီဇာတ်လမ်းမှာတော့ Cassandro ရဲ့ အပျော်တမ်းမှ တက်သစ်စ၊ တက်သစ်စမှ နာမည်ကြီးလက်ဝှေ့ချန်ပီယံကြီး အဆင့်ဆင့်ဖြစ်သွားခဲ့ပုံတွေ၊ဒီလောကထဲမှာ သူဘာကြောင့် ခြေချခဲ့လဲဆိုတာတွေ၊ သူ့ရဲ့ ပုဂ္ဂိုလ်ရေးတွေကို သိခွင့်ရမှာဖြစ်ပါတယ်။ လက်ဝှေ့လောကမှာတင်မကဘဲ ဂေးလောက အသိုင်းအဝိုင်းအတွက် Cassandro ဟာ သူ့နည်းသူ့ဟန်နဲ့ စိတ်ခွန်အားတစ်ခု ဖြစ်ကြောင်းတွေ မြင်တွေ့ရပါလိမ့်မယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Act Molemy ဖြစ်ပါတယ်)...
Lang Lang Plays Disney (2023)
⭐IMDB: 7.2/10 (78 Votes)
🎬 #Documentary #Music
🗓 2023 🎞 tv special
🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica
⏰ 1 နာရီ 2 မိနစ် 12 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Lang Lang Plays Disney (2023)=======================IMDb Rating – 7.2/10
ဇာတ်ကားက Lang Lang ဆိုတဲ့နာမည်ကြီးဂန္တ၀င်သီချင်းတီးတဲ့ပီယာနိုတီးသူတစ်ယောက်က Disney ဇာတ်၀င်တေးတွေကိုသံစုံတီးဝိုင်းနဲ့ပြန်လည်တီးခတ်တာကိုရိုက်ပြထားတာပဲဖြစ်ပါတယ်။ကိုယ်ငယ်ငယ်တုန်းကကြည့်ခဲ့တဲ့ကာတွန်းကားတွေထဲကဇာတ်၀င်တေးတွေကို ကိုယ်တိုင်တီးခတ်ခွင့်ရတဲ့ Lang Lang ရဲ့အကြောင်းအပြင် သူဒီနေရာရောက်အောင်ကြိုးစားခဲ့ရပုံတွေ သူရဲ့စိတ်နေစိတ်ထားတွေကိုပါ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Khant Zar Ni Oo ဖြစ်ပါတယ်)...
Shanghai Bund: The Righteous Way of the Wind and Cloud (2023)
⭐TMDB: 0.0% User Score
🎬 #Action #Crime
🗓 2023 🎞 Movie
🌎 #China
⏰ 1 နာရီ 25 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ Right Way ရုပ်ရှင်ကားဟာဆိုရင်90’s ခုနှစ်တွေအတွင်း တရုတ်ပြည်တွင်းကို ဂျပန်လူမျိုးတွေဘိန်းတွေမှောင်ခိုတင်သွင်းကြတဲ့အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ် ။
ရှန့်ဟိုင်မြို့မှာ သယ်ယူပို့ဆောင်ရေးဆိုင်ရာအချက်အခြာကျတဲ့ ဆိပ်ကမ်းတွေကိုခွဲဝေယူထားကြတဲ့ လူဆိုးဂိုဏ်းနှစ်ဂိုဏ်းရှိပြီး တစ်ဂိုဏ်းကိုတော့ကျန့်ယိုတောက်လို့ခေါ်တဲ့ ခေါင်းဆောင်ကဦးဆောင်ပြီးနောက်တစ်ဂိုဏ်းကိုတော့ ချန်ထျန်းဝေလို့ခေါ်တဲ့ခေါင်းဆောင်ကဦးဆောင်ပါတယ် ။
ဒါပေမဲ့ ဂိုဏ်းခေါင်းဆောင်နှစ်ဦးကအမြဲတမ်းမတည့်ကြပါဘူး ။မတည့်ရတဲ့အကြောင်းအရင်းကတော့ ကျန့်ယိုတောက်ကမျိုးချစ်စိတ်အပြည့်ရှိသူဖြစ်ပြီးတော့ ပြည်တွင်းကို ဂျပန်တွေဘိန်းတွေမှောင်ခိုကူးနေတာကို အလွန်ကိုမှ တင်းတင်းကြပ်ကြပ်တားမြစ်ထားတဲ့သူတစ်ဦးဖြစ်ပြီးချန်ထျန်းဝေကတော့သူနဲ့ပြောင်းပြန် ဂျပန်တွေဘိန်းမှောင်ခိုကူးတာကို ကူညီပေးနေလို့ပဲဖြစ်ပါတယ် ။
ကျန့်ယိုတောက်တစ်ယောက် ဘိန်းမှောင်ခိုကူးတာကို ဘယ်လိုတားမြစ်မလဲ ,အဲ့အချိန် တရုတ်အစိုးရကရော လူဆိုးဂိုဏ်းခေါင်းဆောင်ဖြစ်နေတဲ့သူ့ကိုကူညီပါ့မလား ,ထိုခေတ်ထိုအခါက တရုတ်ပြည်တွင်းမှာ ဂျပန်တွေဘယ်လိုဆိုးယုတ်ခဲ့သလဲဆိုတာကိုဒရမ်မာဆန်ဆန် ၊ ဇာတ်လမ်းဇာတ်ကွက်အပြည့်အစုံ ၊ အက်ရှင်အလန်းစားတွေနဲ့ကြည့်ရမှာပဲဖြစ်ပါတယ် ။
ဇာတ်လမ်းက ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ဝါရင့်မင်းသားမင်းသမီးတွေနဲ့ရိုက်ထားတာမို့ မကောင်းမှာတော့မပူရဘူးဆိုတော့ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှု့ပေးကြပါအုံးရှင် ။...
Marjorie Prime (2017)
⭐IMDB: 6.3/10 (7 k Votes)
🎬 #Drama #Romance #SciFi #Mystery #ScienceFiction
🗓 2017 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 40 မိနစ် 5 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားကတော့ ဟော်လိုဂရမ်လို့ခေါ်တဲ့
သုံးဖက်မြင်ရုပ်ကြွပုံရိပ်တွေပါတဲ့ ဇာတ်ကားမျိုးပါ။
ဒါပေမဲ့ action ပါတဲ့ဇာတ်ကားမျိုးမဟုတ်ဘဲ မာဂျရီဆိုတဲ့
အဘွားကြီးတစ်ယောက်က သူ့ရဲ့ဆုံးသွားတဲ့ ယောက်ျားကို
သူ့ရဲ့သမက်ဖြစ်သူက ပရိုင်းမ်လို့ခေါ်တဲ့
ဟော်လိုဂရမ်နဲ့ ပြန်ပုံဖော်ပြီး စကားတွေပြောတာကနေ
ဇာတ်လမ်းကိုစတည်ထားပါတယ်။
မာဂျရီပါဝင်တဲ့ မိသားစုတစ်စုက အဲဒီပရိုင်းမ်နဲ့သူတို့နဲ့ကြားမှာ
ဆက်ဆံရင်းကြုံတွေရတဲ့ စိတ်ခံစားချက်အခက်အခဲတွေနဲ့
သေဆုံးသွားသူတွေအပေါ်ရှိနေတဲ့
သူတို့ရဲ့ခံစားချက်တွေကို ပရိုင်းမ်ကိုအသုံးပြုရင်း
ဘယ်လိုမျိုးဖြေသိမ့်လဲဆိုတာကို ပြသထားပြီး
IMDB 6.3 ရရှိထားတာကြောင့် CM ပရိသတ်ကြီးအတွက်
ကြည့်ရှုလို့အဆင်ပြေတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်မှာပါ။...
