ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

قناة بسيطة

🚩 Channel was restricted by Telegram

إظهار المزيد
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
The Fourth Kind (2009) ⭐IMDB: 5.9/10 (81 k Votes) 🎬 #Mystery #ScienceFiction #Thriller #Horror #SciFi 🗓 2009 🎞 movie 🌎 #UnitedStates #UnitedKingdom #Bulgaria #Belgium #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Resident evil, Hell Boy, Survivor, Expendables 3 အစရှိတဲ့ဇာတ်လမ်းကောင်းပေါင်းများစွာရဲ့ မင်းသမီးဖြစ်သူ Milla Jovovich က ယခုရုပ်ရှင်ကို ပြောင်မြောက်လှတဲ့ သရုပ်ဆောင် skillတွေနဲ့ ဇာတ်လမ်းကိုဦးဆောင်သရုပ်ထားပါတယ်။ ဒါအပြင် Star Trek , Evidence တို့ရဲ့ ပဲ့ကိုင်ရှင် Olatunde Osunsanmiကလည်း ယခုကားမှာ Director လုပ်ထားပြီး ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဟိုတလောလေးကမှ အမေရိကန်နိုင်ငံက ဂြိုဟ်သားတွေရဲ့ တည်ရှိမှုကို အတည်ပြုပေးလိုက်တာဆိုတော့ အချိန်အခါနဲ့အားလျော်သွားအောင် CMကနေ ဂြိုဟ်သားရုပ်ရှင် ကောင်းကောင်းလေး ကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်တွေက သာမန်ဂြိုဟ်သားရုပ်ရှင်လို တိုက်တာခိုက်တာမျိုးမဟုတ်ပါဘူး။ Science Fiction Psychological horror thriller film ဆိုတော့ နက်နဲပြီး ကြောက်စရာကောင်းပြီး ထူးဆန်းထွေလာပုံစံမျိုး ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ကြည့်ပြီးသွားရင်တော့ သေချာပေါက် တွေးစရာ ၂ခုပေါ်လာမှာဖြစ်ပြီး အဆုံးမှာတော့ ကိုယ် ယုံကြည်မယ့် အရာကို ကိုယ်ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ကဲကဲ ဇာတ်လမ်းအကြောင်း စလိုက်ကြတာပေါ့ဗျာ။ လောလောလတ်လတ်ကမှ ဒေါက်တာ အက်ဘီဂေလ်း အမ်မလီ တိုင်လာရဲ့ ခင်ပွန်းဖြစ်သူ ဝေလ်က ဆန်းကြယ်စွာနဲ့ သေဆုံးခဲ့ပါတယ်။ ဝေလ် တစ်ယောက် အသတ်ခံလိုက်ရတယ်လို့ အက်ဘီကတော့ တစ်ထစ်ချ ယုံကြည်နေပါတယ်။ အက်ဘီရော ဝေလ်ရောက စိတ်ကုထုံးဆရာဝန်တွေပါ။ အက်ဘီက သူ့ရဲ့ခင်ပွန်းကို သတ်သွားတဲ့ တရားခံကို ရှာမတွေ့ခင်မှာ သူ့ရဲ့ဘဝကို ပုံမှန်အတိုင်းဖြစ်ဖို့ move on ရပါတော့တယ်။ စိတ်ကုထုံးဆရာဝန်ဆိုတော့ သူ့ဆီကို လူနာတွေ လာပြကြတာပေါ့။ ဒါပေမယ့် ထူးဆန်းတာတစ်ခုက သူ့ဆီလာပြတဲ့ လူနာတွေ အကုန်လုံးရဲ့ ရောဂါလက္ခဏာက တူနေကြပါတယ်။ လူနာတွေအကုန်လုံးက ည၃နာရီဆိုရင် လန့်နိုးလာကြပြီး ဆက်အိပ်လို့မရတော့တာပါ။ သူတို့ အိပ်လို့မရတဲ့အကြောင်းရင်းက ဇီးကွက်တစ်ကောင်က စိုက်ကြည့်နေလို့ပါတဲ့။ အဲဒါနဲ့ အက်ဘီက သူ့ရဲ့ လူနာတွေကို အိပ်မွေ့ချတဲ့နည်းနဲ့ ကုသကြည့်ပါတော့တယ်။ အိပ်မွေ့ချတဲ့နည်းနဲ့ ကုသကြည့်မှ လူနာတွေ မြင်နေရတဲ့ ဇီးကွက်က ဇီးကွက် မဟုတ်နေသောအခါ ….. လူနာတွေက တကယ်ပဲ အိပ်မပျော်တာလား ဒါမှမဟုတ်တာ တခြားတစ်ခုခုကြောင့်လား ….. အိပ်မပျော်တဲ့ရောဂါနောက်မှာ ပိုပြီးကြီးမားကျယ်ပြန့်တဲ့ ကိစ္စအကြီးကြီး တစ်ခုခု ရှိနေသောအခါ ….. အက်ဘီ တစ်ယောက် သူမသိသေးတဲ့ အရာတစ်ခုကို ဘယ်လိုရင်ဆိုင်သွားမလဲ ….. လူတွေကရော သူ့ကိုယုံကြည်ကြပါ့မလား ….. အစရှိတာတွေကို ရုပ်ရှင်ထဲမှာ စီးမြောရမှာပါ။ ယခု ရုပ်ရှင်ကို ကြည့်ပြီးသွားရင် တွေးစရာ ၂ခု သေချာပေါက် ခေါင်းထဲ ဝင်လာပါလိမ့်မယ်။ တွေးရတာကြိုက်တဲ့ ရုပ်ရှင်ပရိသတ်တွေအတွက် ဒီရုပ်ရှင်က ထူးရှယ်ဖြစ်နေမှာသေချာပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ ကိုယ် ယုံကြည်မယ့် အရာကို ကိုယ်ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ရုပ်ရှင်ကြည့်ပြီးသွားလို့ ယုံကြည်မယ့်အရာတစ်ခုကို ဆုံးဖြတ်ပြီးသွားရင်လည်း mentခဲ့ကြပါဦးခင်ဗျာ။ အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။...

Hot Pursuit (2015) ⭐IMDB: 5.1/10 (53 k Votes) 🎬 #Action #Comedy #Crime 🗓 2015 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ခူပါ (Cooper) ဆိုတဲ့ကောင်မလေးဟာ သူ့အဖေခြေရာနင်းပြီး ရဲအရာရှိတစ်ယောက်ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ သူကအမြဲစာအုပ်ကြီးအတိုင်း လုပ်တတ်တဲ့သူဖြစ်တာကြောင့် သူလုပ်သမျှတိုင်းက တလွဲတွေဖြစ်ကုန်ပြီး အရာရှိအလုပ်မလုပ်ရတော့ဘဲ သက်သေစစ်ဆေးရေးဌာနမှာပဲ လုပ်ရတော့တယ်။ ဒါပေမဲ့ တစ်ရက်မှာ ကာတယ်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဗစ်ဆန်းတစ်ကော်တက်ဇ်ကို ဖမ်းမိသွားပြီး တရားရင်ဆိုင်ဖို့ဖြစ်လာတယ်။ ဒါအတွက် သက်သေခံပေးမယ့် ရီဗာလင်မယားနှစ်ယောက်ကို ရဲတွေကကာကွယ်ရင်း တရားရုံးကိုပို့ပေးဖို့ဖြစ်လာတယ်။ အဲဒီတာဝန်ကို ကပ္ပတိန်ဖြစ်သူက ခူပါကိုပေးလိုက်တော့ သူ့မှာရဲအရာရှိလိုပြန်လုပ်ဖို့ အခွင့်အရေးရလာတာပေါ့။ တာဝန်ကတော့ မစ္စစ်ရီဗာကို တရားရုံးဆီလိုက်ပို့ပေးရုံပဲဆိုပေမဲ့ သူ့အိမ်ဆီသွားတဲ့အခါမှာ မျက်နှာဖုံးဝတ်ထားတဲ့ သေနတ်သမားတွေဝင်ပစ်လို့ ခူပါဟာမစ္စစ်ရီဗာနဲ့အတူ ထွက်ပြေးကြပြီး အမှုကိုပြေလည်အောင် ဖြေရှင်းကြရင်း သူတို့နှစ်ယောက်ရဲ့အလွဲတွေကို ဟာသလေးနှောပြီး ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။...

American Ninja 4: The Annihilation (1990) ⭐TMDB: 52.0% User Score 🎬 #Action #Thriller #Crime #Drama 🗓 1990 🎞 movie 🌎 #UnitedStates #SouthAfrica #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ကားမှာတော့ ဗြိတိန်ရဲအရာရှိဟောင်းတစ်ယောက်ဟာ ဗြိတိန်နိုင်ငံရဲ့ခံတပ်ဟောင်းတစ်ခုမှာ နင်ဂျာအဖွဲ့နဲ့ တပ်စွဲနေပြီး အမေရိကန်ကို တိုက်ခိုက်မယ့်နျူကလီးယားဗုံးကို တီထွင်နေခဲ့ပါတယ်။ ဒါကို သတင်းအတိအကျရရှိတဲ့ အမေရိကန်ဘက်က ဒီစစ်သွေးကြွအုပ်စုကို တားဆီးနိုင်ဖို့ လက်ရွေးစင်တပ်ဖွဲတစ်ဖွဲ့ကို လွှတ်လိုက်ပေမယ့် အဖမ်းခံလိုက်ရပြီး ဒေါ်လာသန်းငါးဆယ်ပေးရင်ပေး မပေးရင် ဒီဖမ်းဆီးရမိတဲ့အမေရိကန်တပ်သားတွေကို ကွပ်မျက် မည်ဖြစ်ကြောင်း အကြောင်းပြန်လာတဲ့အခါမှာ အမေရိကန်ဘက်က ကျွန်တော့်တို့ရဲ့ ဇာတ်လိုက်ကျော် ရှောင်ဒေးဗစ်ဆန်ကို ဖမ်းဆီးခံတပ်သားတွေကို ကယ်တင်ဖို့အတွက် စေလွှတ်လိုက်ပါတော့တယ်။ ဒီအချိန်မှာ ကံမကောင်းစွာဘဲ ရှောင်ပါ အဖမ်းခံလိုက်ရတဲ့အတွက် ကျောင်းဆရာဘဝနဲ့ အေးအေးဆေးဆေး ဖြတ်သန်းနေပြီဖြစ်တဲ့ ဇာတ်ကားနံပါတ်တစ်နှင့် နှစ်ရဲ့ ဇာတ်လိုက်ကျော် ဂျိုးကိုပါ အပူကပ်ရပါတော့တယ်။ ဒီတော့ ဇာတ်လိုက်ကျော် အမေရိကန်နင်ဂျာကြီး ဂျိုးနှင့်ရှောင်တို့ နှစ်ယောက်သား ဒီစစ်သွေးကြွအုပ်စု ဖမ်းဆီးခံတပ်သားတွေကို ကွပ်မျက်မယ့်အရေးကနေ ဘယ်လိုကယ်ဆယ်ကြမလဲ၊ အမေရိကန်ကို တိုက်ခိုက်ဖို့ရည်ရွယ်ထားတဲ့ ဒီနျူကလီးယားဗုံးကိုရော ဘယ်လိုတားဆီးမလဲဆိုတာကို ရင်ဗိုစိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာဖြစ်ပါတယ်။ အရင်သုံးကားကို ကြည့်ဖူးထားရင် ဒီတစ်ကားကိုလည်း အထူးတလည်ညွန်းနေစရာ မလိုတော့တဲ့အတွက် ကြည့်ရှုခံစားလိုက်ကြပါဦးခင်ဗျာ။...

Megalomaniac (2022) ⭐IMDB: 5.7/10 (442 Votes) 🎬 #Horror #Mystery #Thriller 🗓 2022 🎞 movie 🌎 #Belgium ⏰ 1 နာရီ 41 မိနစ် 57 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Megalomaniac (2022) ~ IMDb – 5.7/10, Rotten Tomatoes – 84% ~ “Megalomaniac” ဆိုတဲ့ စကားလုံးကို စိတ်ကြီးဝင်တဲ့သူ ဒါမှမဟုတ် စိတ်ကြီးဝင်နေတဲ့ရောဂါသည်ဆိုပြီး အဓိပ္ပါယ်ဖွင့်ဆိုလေ့ရှိကြပါတယ်။ ဒါပေမဲ့ ဒီဇာတ်ကားကတော့ နောက်ခံအင်အားတောင့်လို့ ဘဝင်လေဟပ် အောက်ခြေလွတ် မာနကြီးနေတဲ့သူတွေအကြောင်းရိုက်ကူးထားတာမဟုတ်ဘဲ ပတ်ဝန်းကျင်ရဲ့ပြင်းထန်လှတဲ့ ရိုက်ခတ်မှုတွေကြောင့် နာကျည်းချက်ပေါင်းများစွာနဲ့ မလုပ်သင့်မလုပ်အပ်တဲ့နည်းလမ်းတွေကိုအသုံးပြုပြီး စိတ်ထွက်ပေါက်ရှာခဲ့ရင်း လူစိတ်ပျောက် ဘဝင်ရူးသွားတဲ့အမျိုးသမီးတစ်ယောက်အကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ ၁၉၉၀ ခုနှစ်တုန်းက ဘယ်လ်ဂျီယံနိုင်ငံမှာ ၆ လအတွင်း အမျိုးသမီး ၁၅ ယောက်တိတိကို သတ်ပြီးတော့ လူမြင်ရာတွေမှာ အလောင်းအိတ်တွေနဲ့ ချန်ထားလေ့ရှိတဲ့ လူသတ်သမားတစ်ယောက်ရှိခဲ့ပါတယ်။ အဲဒီလူသတ်သမားဆီမှာ မာသာနဲ့ ဖီးလစ်လို့ခေါ်တဲ့ သားသမီး နှစ်ယောက်ရှိခဲ့ပါတယ်။ ဖီးလစ်ကတော့ အဖေမရှိတော့တဲ့နောက်ပိုင်း အဖေ့ခြေရာနင်းပြီး လူလိုက်သတ်ပါတယ်။ မာသာကတော့ သန့်ရှင်းဝန်ထမ်း တစ်ယောက်ပေါ့။ သူဟာ အလုပ်မှာ အမြဲကိုယ်ထိလက်ရောက်ကျူးလွန်ခံရပါတယ်။ အလုပ်မှာလည်း လူလိုဆက်ဆံမခံရ၊ ဘဝကြီးကိုလည်း ပုံမှန်လူတွေလိုမဟုတ်ဘဲ တစ်ဆင့်ခံမြင်ရကြားရတဲ့ အခြေအနေမျိုးနဲ့ပဲ ဖြတ်သန်းရတဲ့ မာသာဟာ ကြာလာတဲ့အခါ စိတ်ရူးပေါက်ပြီးတော့ လူမဆန်တဲ့လုပ်ရပ်တွေကို လုပ်လာပါတော့တယ်။ ဒီလိုနဲ့ပဲ မာသာတစ်ယောက် စိတ်ထွက်ပေါက်ကို ဘယ်လိုနည်းတွေနဲ့ရှာလဲ… ကြုံခဲ့ရတဲ့အဖြစ်ဆိုးတွေကို ဘယ်လိုဝ⁠ဋ်ကြွေးပြန်ဆပ်မလဲ… ဆိုတာကို အလန့်တကြားကြည့်ရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)...

Suitable Flesh (2023) ⭐IMDB: 5.4/10 (999 Votes) 🎬 #Horror #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Suitable Flesh (2023) ~ IMDb – 5.4/10, Rotten Tomatoes – 84% ~ စိတ်ဝင်စားဖို့ကောင်းတဲ့ Horror ကားကောင်းကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကားက ထွက်တာ မကြာသေးတာမို့ IMDb rating ကိုတော့ အတည်မယူသေးပါနဲ့ဦးလို့ သတိပေးချင်ပါတယ်။ မဟုတ်ရင် Rating ကြည့်ပြီး ဆုံးဖြတ်တတ်တဲ့သူမျိုးအဖို့ ကားကောင်းလေးတစ်ကား လက်လွတ်လိုက်ရမှာ စိတ်ပူလို့ပါ။ ဒီရုပ်ရှင်ဟာဆိုရင်ဖြင့် ၂၀ရာစု နှောင်းပိုင်းရဲ့ Horror, Fantasy, Science Fiction စာရေးဆရာတွေအပေါ် တော်တော်လေးလွှမ်းမိုးမှုရှိပြီး “ထူးထူးဆန်းဆန်းနဲ့ကြောက်ဖို့ကောင်းတဲ့ ဇာတ်လမ်း” (Weird Story) တွေရဲ့ တီထွင်သူလို့ အသိအမှတ်ပြုခံထားရတဲ့ H.P. Lovecraft ရဲ့ ဝတ္ထုကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ဇာတ်လမ်းအကျဉ်းမပြောတော့ဘဲ ဘယ်လိုစဖွင့်တယ်ဆိုတာလေးပဲ ပြောပြဖို့စိတ်ကူးထားပါတယ်။ အဲဒီလို ဘာမှမသိထားမှလည်း Horror Vibe ပြည့်ပြည့်လေး ခံစားနိုင်မှာမို့ပါ။ ဇာတ်လမ်းအဖွင့်မှာပေါ့… တော်တော်လေး ပုံပျက်ပန်းပျက် အသေဆိုးနဲ့သေထားရတဲ့ လူငယ်လေးတစ်ယောက်အလောင်းကို ရင်ခွဲမယ့်ဆရာဝန်ရယ်၊ စိတ်ရောဂါအထူးကုဆရာဝန်မရယ်က ကြည့်နေကြတယ်။ အဲဒီလူငယ်လေးကို သတ်လိုက်တဲ့သူကိုလည်း ထိန်းသိမ်းထားပြီးသားပါ။ သူကတော့ တခြားသူမဟုတ်ဘဲ ခုန စိတ်ကုဆရာဝန်ရဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်လည်းဖြစ်၊ တစ်ခါက တော်တော်လေး အောင်မြင်ခဲ့တဲ့ စာအုပ်ကိုရေးသားခဲ့ပြီး ကိုယ်တိုင်လည်း စိတ်ကုဆရာဝန်တစ်ယောက်ဖြစ်တဲ့ အဲလိဇဘက်ဒါဘီဆိုတဲ့ ခပ်ချောချောအမျိုးသမီးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားတစ်ခုလုံးကို သင်တို့ဆီ ခေါ်ဆောင်လာပေးတဲ့သူဆိုရင်လည်း မမှားပါဘူး။ ဒီတော့ လူသတ်သမားတစ်ဖြစ်လဲ ဒေါက်တာဒါဘီပြောပြမယ့်ဇာတ်လမ်းက ဘာများလဲ။ ဇာတ်ဖွင့်ဖွင့်ချင်းမှာတွေ့ခဲ့တဲ့ အလောင်းဖြစ်ပြီးသား လူငယ်လေးကရော အသက်ရှင်စဉ်က ဒေါက်တာဒါဘီနဲ့ ဘယ်လိုများ ပတ်သက်ခဲ့မလဲ။ လူနာတွေရဲ့ စိတ်သောကအပူအပင်တွေ၊ စိတ်ဒဏ်ရာတွေကို သက်သာစေခဲ့တဲ့ ဒေါက်တာဒါဘီတစ်ယောက် လူသတ်သမားဖြစ်သွားလောက်တဲ့ထိဖြစ်ရတဲ့ သူ့ရဲ့ ကိုယ်ပိုင်သောက,ကရော ဘာများဖြစ်မလဲ..။ ဆိုတော့ ဒါဟာ စိတ်ရောဂါနဲ့ပတ်သက်တဲ့အကြောင်းပဲလားလို့ မေးစရာရှိပါတယ်။ မဟုတ်ပါဘူး၊ ဆန်းကြယ်တဲ့ ဖြစ်တည်မှုတစ်ခုလည်း ပါဦးမှာမို့ ဟော်ရာဖန်တွေကြိုက်မှာပါ၊ တစ်ခုရှိတာကတော့ Jump Scare တွေ မပါဝင်သမို့ အဲဒီလိုမျိုးမှ ကြိုက်တတ်တဲ့သူမျိုးဆိုရင်တော့ အိုခေမှာမဟုတ်ပါဘူး။ အဲဒီအစား Erotic Scene တွေတော့ ဟိုနားဒီနား ပါသမို့ ကြောက်စရာလေးကြည့်ရင်း စိတ်အမှောင်အမိုက်ကိုလည်း အလိုလိုက်ပေးလို့ရပါတယ်ပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)...

The Conference (2023) ⭐IMDB: 5.8/10 (7 k Votes) 🎬 #Comedy #Horror #Mystery #Thriller 🗓 2023 🎞 movie 🌎 #Sweden ⏰ 1 နာရီ 41 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Conference (2023) ရင်တသိမ့်သိမ့်တုန်ဖို့လည်းကောင်း ခွီလည်းခွီရမယ့် ဆွီဒင်စကားပြော ဟော်ရာဇာတ်ကားလေးပါ။ တစ်ယောက်တစ်ပေါက် တစ်ယောက်တစ်မျိုးဖြစ်နေတဲ့ စည်ပင်အဖွဲ့ကလူတွေ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းတိုးတက်အောင် အဖွဲ့လိုက် အပန်းဖြေခရီးထွက်ကြပါတယ်။ သူတို့တွေ ပူးပေါင်းပြီး နောက်လုပ်ရမယ့် စီမံကိန်းကတော့ သူတို့ရဲ့ ရွာလေးမှာ ရှော့ပင်းမောလ်ဆောက်ဖို့ပါပဲ။ ကန့်ကွက်မှုတွေ ရှိနေပေမဲ့ သူတို့ စီမံကိန်းက စရတော့မှာဖြစ်တဲ့အတွက် အောင်အောင်မြင်မြင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ခရီးထွက်လာကြတာပါ။ ဒါပေမဲ့ ရှော့ပင်းမောလ်ဆောက်တဲ့ ကိစ္စမှာ မသမာမှုတွေ ရှိနေပြီး ဒီခရီးက လိမ်ဆင်ဖန်တီးဖို့အတွက် ထွက်တာကို သိလာရမှာပါ။ အဲဒီထက်ဆိုးတာက သူတို့ သွားတဲ့နေရာမှာ လူသတ်သမားတစ်ယောက်ရောက်နေတာပါပဲ။ တစ်ယောက်တစ်ပေါက်ဖြစ်နေတဲ့ သူတို့အုပ်စု လူသတ်သမားကို ဘယ်လိုမျိုး စည်းစည်းလုံးလုံး ပြန်ပြီး တိုက်ခိုက်ကြမလဲဆိုတာကို ကြည့်ရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)...

Secret Woman (2023) ⭐TMDB: 0.0% User Score 🎬 #Drama #Fantasy 🗓 2023 🎞 movie 🌎 #China ⏰ 1 နာရီ 27 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 စိတ်ကောင်းရှိတဲ့မြေခွေးမလေး ရှင်းရှစ်စစ်ညန်နဲ့ကျောင်းသားလေးဖုန်ရှန်းတို့ရဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ရှစ်စစ်ညန်ဟာကောင်းမှုကုသိုလ်တွေလုပ်ပြီး နတ်ဖြစ်အောင်ကြိုးစားနေတဲ့စိတ်ထားဖြူစင်တဲ့ မြေခွေးမလေးတစ်ကောင်ပါ။ သူဟာနတ်ဖြစ်ဖို့ကျင့်ကြံရင်း လူ့လောကရဲ့အတိဒုက္ခကိုခံယူဖို့လိုအပ်နေတဲ့အချိန်မှာ ဖုန်ရှန်းဆိုတဲ့ ကျောင်းသားတစ်ယောက်နဲ့တောထဲမှာတွေ့ခဲ့ပြီး မြင်မြင်ချင်းချစ်မိသွားကြတယ်။ ဒီလိုနဲ့သူတို့နှစ်ယောက်ကလက်ထပ်လိုက်ကြပြီး ဘဝကိုအတူဖြတ်သန်းနေတဲ့အချိန်မှာ ရှစ်စစ်ညန်ရဲ့နတ်သမီးလိုလှပတဲ့ရုပ်ရည်ကိုမက်မောပြီး မကောင်းကြံချင်သူတွေရှိလာပါတယ်။မြေခွေးမိစ္ဆာထက် လူတွေရဲ့အတွင်းစိတ်ထဲမှာရှိတဲ့မကောင်းဆိုးဝါးစိတ်ဓာတ်ကပိုကြောက်ဖို့ကောင်းတာကိုသိလိုက်ရပါတော့တယ်...

Bad Education (2023) ⭐TMDB: 69.0% User Score 🎬 #Uncategorized #Drama #Crime #Mystery 🗓 2023 🎞 movie 🌎 #China #Taiwan ⏰ 1 နာရီ 23 မိနစ် 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အထက်တန်းကျောင်းသားအရွယ်မှာ ရူးရူးမိုက်မိုက်လုပ်ချင်တဲ့သူတွေများပါတယ်။အထက်တန်းကျောင်းသားလေး(၃)ယောက်ဟာ သူတို့ရဲ့အထက်တန်းကျောင်းဘွဲ့ရတဲ့ညကို ရူးရူးမိုက်မိုက်ဖြတ်သန်းခဲ့တဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ ယုံကြည်ရတဲ့ညီကိုတွေဖြစ်ဖို့ လျှို့ဝှက်ချက်တွေဖလှယ်ကြမယ်ဆိုပြီးကိုယ်လုပ်ဖူးခဲ့တဲ့အဆိုးဆုံးမကောင်းမှုတွေကိုတစ်ယောက်နဲ့တစ်ယောက်ပြောပြကြဖို့ဆုံးဖြတ်လိုက်ကြတယ်။ တစ်ယောက်ပြီးတစ်ယောက်လူမဆန်တဲ့လျှို့ဝှက်ချက်တွေကိုထုတ်ပြောကြတယ်။ နောက်ဆုံးကျောင်းသားလေးအလှည့်ရောက်တော့သူလိမ်ပြောနေတာကိုသိသွားပြီး လူမိုက်တစ်ယောက်ကိုအိမ်သုတ်ဆေးတွေနဲ့ သွားပက်ခိုင်းကြတယ်။ အဲဒီလိုနဲ့ (၃)ယောက်သား တစ်ညလုံး လူမိုက်တွေလိုက်တာခံကြရပါတော့တယ်။ဒီကားလေးမှာ လူကောင်းလူဆိုးဆိုတာတွေဟာ ခွဲခြားမရနိုင်မကြောင်းမကောင်းတဲ့သူနဲ့နေပါများရင် မကောင်းတဲ့လုပ်ရပ်တွေကိုလုပ်နိုင်သွားကြောင်းကိုရိုက်ပြထားတာဖြစ်ပါတယ်။တစ်ချို့အခန်းတွေမှာဆင်ဆာမဖြတ်ထားတာမို့ သွေးစိမ်းရှင်ရှင်ထွက်တာတွေကိုကြောက်တဲ့သူတွေအနေနဲ့ ကြည့်ဖို့မသင့်တော်တာလေးကိုတော့ သတိပေးချင်ပါတယ်။...

I Now Pronounce You Chuck & Larry (2007) ⭐TMDB: 60.0% User Score 🎬 #Comedy #Romance 🗓 2007 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 55 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 I Now Pronounce You Chuck & Larry (2007) ဒီတစ်ခါ မိတ်ဆက်​​ပေးမှာက​တော့ နာမည်ကြီး ဟာသသရုပ်​ဆောင် Adam Sandler နဲ့ ကားတိုင်းပါနေကျ သူ့ဘော်ဒါ Kevin James ပါဝင်သရုပ်​​ဆောင်ထားပြီး 2007 မှာထွက်ရှိထားတဲ့ I Now Pronounce You Chuck & Larry ဆိုတဲ့ဟာသကား​​လေးပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ မိန်းမဆိုရင် ခဲတံမှာဂါဝန်ဝတ်ထား​​ပေးရင်​တောင် ဖွက်ထားရမယ်ဆိုပြီး လုပ်​ဖော်ကိုင်ဖက်​တွေက​ပြောရ​လောက်​အောင် ဖွန်​ကြောင်တတ်တဲ့ ချာ့ တစ်​ယောက် အိမ်​ထောင်သည် မုဆိုးဖိုသူငယ်ချင်း လယ်ရီရဲ့ ​ငွေ​ကြေးပြသနာ​ကြောင့် နှစ်​ယောက်အတူ ​ဂေးစုံတွဲအဖြစ် ​နေကြဖို့ သ​ဘောတူလိုက်ကြပါတယ်။ တစ်ဖက်မှာလည်း ပြည်နယ်ဘက်က လိမ်လည်တာဟုတ်မဟုတ် လာ​ရောက်စစ်​ဆေးရင်းနဲ့မှ တဖြည်းဖြည်း သူတို့​လက်ထပ်ထားတာကို တစ်ပြည်နယ်လုံး သိသွား​လောက်တဲ့အထိ နာမည်ကြီးသွားတဲ့အခါ ဘယ်လိုအကွက်​တွေ​ရွေ့မလဲ… ဘယ်လို​တွေလွဲကုန်မလဲ… ဆိုတာကို ရယ်ရင်း​မောရင်းကြည့်ရှုရမယ့်ကား​လေးပဲဖြစ်ပါတယ်။ ​ဂေး​တွေကို အရမ်းလက်သင့်ခံထားခြင်းမရှိ​သေးတဲ့ အချိန်ကာလကိုအခြေတည်ထားတာ​ကြောင့် အဲဒီအချိန်က ​​​​ဂေး​တွေရဲ့ ဖိနှိပ်ခံရမှု၊ ​စော်ကားခံရမှု​တွေကိုပါ ထည့်သွင်း​ရိုက်ပြထားပါသေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)...

除恶 (2023) ⭐TMDB: 0.0% User Score 🎬 #Action #Crime 🗓 2023 🎞 movie 🌎 #China ⏰ 1 နာရီ 6 မိနစ် 9 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် မှုခင်းအက်ရှင်ရုပ်ရှင်ကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ယိုးကျိုးမြို့နယ်အတွင်းမှာ ဓားပြတိုက်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။မှုခင်းနေရာမှာ သဲလွန်စ တစ်ခုမှ မကျန်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့လဲအခက်တွေ့နေပါတယ်။ ဒါပေမဲ့လဲ စိတ်ဓာတ်မကျပဲ နေ့ညမနားအဘက်ဘက်ကနေ လိုက်လံစုံစမ်းပြီးနောက်မှာတော့ဓားပြတိုက်သွားတဲ့ ဆိုင်ကယ်ပိုင်ရှင်ကို ရှာတွေ့ခဲ့ပါတယ်။ ဆိုင်ကယ်ပိုင်ရှင် ရှောင်လောင်ယောင်းဟာလည်း သူများခိုင်းလို့လုပ်တာဖြစ်နေတာကြောင့်တရားခံအစစ်ရဲ့ သဲလွန်စက ပျောက်သွားခဲ့ရပါတယ်။ အဲ့အချိန်မှာပဲဓားပြတိုက်ခံရတဲ့ ကားဆရာ ဝမ့်ကွေဟွာဟာ တိုက်ပေါ်ကနေပြီးတော့ပြုတ်ကျ သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီအမှုကနေတဆင့် လိုက်လံစုံစမ်းပြီးတဲ့အခါဝမ့်ကွေ့ဟွာရဲ့သားဟာ ဓားပြတိုက်ခဲ့ကြောင်း ဝန်ခံခဲ့ပြီးသူဓားပြတိုက်ရတဲ့ အကြောင်းရင်းကို ပြောပြခဲ့ပါတယ်။ ဓားပြတိုက်မှုရဲ့ နောက်ကွယ်မှာ ဒုစရိုက်ဂိုဏ်းကြီးတစ်ခုရဲ့သဲလွန်စကို ရခဲ့တဲ့အခါ ရဲတပ်ဖွဲ့က ဒုစရိုက်ဂိုဏ်းကိုဖမ်းဆီးဖို့ ဘယ်လို ကြိုးစားခဲ့ရသလဲဆိုတာကိုရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။...

Cure (1997) ⭐TMDB: 75.0% User Score 🎬 #Crime #Horror #Mystery #Thriller 🗓 1997 🎞 movie 🌎 #Japan ⏰ 1 နာရီ 51 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Cure (1997) ~ IMDb – 7.2/10, Rotten Tomatoes – 97% ~ Directed by “Kiroshi Kurosawa” Cure ရဲ့ ဒါရိုက်တာ ခိရိုရှိ ကူရိုဆာဝါကို ဂျပန်ရုပ်ရှင်ပရိသတ်တော်တော်များများလည်း ရင်းနီးလောက်ပါတယ်။ Japanese Horror Genre အကြောင်းပြောရင် မပါမဖြစ်ကိုထည့်ရမယ့် ဂုရုကြီးဖြစ်သလို လက်ရှိ ဂျပန်စီနီမာရဲ့ ဆရာတစ်ဆူလည်းဟုတ်တယ်။ ခိရိုရှိဟာ ရုပ်ရှင်ဒါရိုက်တာ၊ ဇာတ်ညွှန်းဆရာနဲ့ ဝေဖန်ရေးသမားဖြစ်သလို Tokyo University of the Arts မှာ ပရော်ဖက်ဆာလည်း လုပ်နေတယ်။ တစ်နှစ်က အော်စကာရခဲ့တဲ့ ဂျပန်ရုပ်ရှင် Drive My Car ရဲ့ ဒါရိုက်တာ ရူဆုခဲဟမဂုချိလည်း အဲဒီမှာပဲ သူ့တပည့်ဖြစ်ခဲ့သလို သူ့လွှမ်းမိုးမှုလည်း ရှိခဲ့တယ်။ ခိရိုရှိဟာ Pulse, Creepy, Tokyo Sonata, Séance, Retribution နဲ့ Charisma တို့လို အောင်မြင်တဲ့ Thriller, Horror ကားတွေကိုလည်း ရိုက်ခဲ့တယ်။ Cure ဟာ ခိရိုရှိ ကူရိုဆာဝါရဲ့ အကောင်းဆုံးတွေထဲက တစ်ကားဖြစ်သလို ခိရိုရှိကူရိုဆာဝါဟာ Cure နဲ့ပဲ အင်တာနေရှင်နယ်ရဲ့ အာရုံစိုက်မှုကို စရခဲ့တယ်။ ရလည်းရသင့်ပါတယ်။ ပြောရရင် ဒီကားကို တစ်ချို့က Se7en နဲ့ ဆင်တယ်လို့ပြောကြတယ်။ မှားတော့လည်းမမှားဘူး ပြောရမှာပေမဲ့ ဒီလိုကားမျိုးရိုက်လို့ ဒီလိုမျိုးဆင်သွားတာက ဆန်းတော့ဆန်းမနေဘူး။ ဒါပေမဲ့လည်း Cure ဟာ Se7en ထက် တင်ဆက်ပုံ ပိုသိမ်မွေ့သလို Se7en ရဲ့ အလှဆုံးလို့ပြောကြတဲ့ ဇာတ်သိမ်းထက် ပိုအထာကျတဲ့ ဇာတ်လမ်းမျိုးပိုင်ထားတယ်လို့တော့ ပြောချင်တယ်။ လူတိုင်းအတွက်တော့ ဒီလိုဖြစ်နေမယ်မထင်ဘူး။ ဂျပန်ရုပ်ရှင်ရဲ့ တင်ဆက်ပုံနဲ့ ရင်းနှီးနေတဲ့ လူတွေအတွက်တော့ ဟုတ်လိမ့်မယ်။ ပါရာဆိုက်နဲ့အော်စကာရခဲ့တဲ့ ဘွန်းဂျွန်းဟိုကတော့ Cure ကို One of the Greatest Films of All Time လို့ ဆိုထားဖူးတယ်။ ဒီကားက ခိရိုရှိကူရိုဆာဝါနဲ့ Koji Yakusho ပထမဆုံး စတွဲရိုက်တဲ့ကားလည်းဟုတ်တယ်။ ခိုဂျိရဲ့ သရုပ်ဆောင်စွမ်းရည်ကို စပြနိုင်ခဲ့တဲ့ သူ့ရဲ့အစောပိုင်းကားတွေထဲက တစ်ကားလည်းဟုတ်တယ်။ ခိုဂျိဟာ ခိရိုရှိနဲ့ Pulse, Séance, Retribution, Charisma တို့လည်း ဆက်တွဲရိုက်ခဲ့တယ်။ အကုန်လုံးလည်း အောင်မြင်ခဲ့တယ်။ နောက်ပိုင်း သူဟာ Kore-eda တို့ Shinji Aoyama တို့နဲ့လည်း ရိုက်ခဲ့သလို တစ်နှစ်ကဆို Under the Open Sky လို သူ့သရုပ်ဆောင်စွမ်းရည်ကို ပြနိုင်တဲ့ကားမျိုးတွေ ရိုက်ခဲ့တယ်။ အင်တာနေရှင်နယ်အနေနဲ့ Memoirs of a Geisha တို့ Babel တို့ ဒီနှစ်ဆို Wings of Desire ဒါရိုက်တာ Wim Wenders နဲ့ Perfect Days ရိုက်ပြီး Cannes မှာပါ မင်းသားဆုရသွားတယ်။ သတိထားမိချင်မှ ထားမိမှာပေမဲ့ သူ့ကို ကျွန်တော်တို့ Tampopo လို ဂန္ထဝင်ကားမှာ စတွေ့နိုင်တယ်။ Cure ရဲ့ ဇာတ်ဟာ စုံထောက်နဲ့ စိတ္တဇလူသတ်သမား အပြိုင်ကြဲတဲ့ ဇာတ်လိုဇာတ်မျိုးပဲ။ ဒါပေမဲ့ ဒီနောက်ကွယ်မှာ စိတ်ရဲ့အစစ်အမှန်ဆိုတာနဲ့ ပေါင်းစပ်ထားတယ်။ ဒီလိုဆိုလို့ ကြောင်တောင်တောင် ဒိုင်တွေချည်း ထိုင်ရွတ်နေမှာလားဆိုတော့ မဟုတ်ဘူး။ မသိမသာလေးနဲ့ပဲ ကစားသွားတယ်။ ဒါကြောင့်လည်း တင်ဆက်ပုံက တော်တော်သိမ်မွေ့တယ်လို့ ပြောခဲ့တာပါပဲ။ ပြောရရင် ဒီထဲက လူသတ်သမားက လူသတ်နေတာတောင်မဟုတ်ဘူး။ လူတွေသေကြတယ်။ သေပုံတွေဆင်ကြတယ်။ ဒါပေမဲ့ သူတို့ကြား ဘာအဆက်အစပ်မှ ရှိမနေသလို သူတို့ကိုသတ်သွားတဲ့လူတွေဆိုတာကလည်း သူတို့ရဲ့ အရင်းနှီးဆုံး သူတို့အချစ်ဆုံးလူတွေချည်း။ ဒါပေမဲ့ စုံထောက်က မသင်္ကာဘူး။ ဒီကြားက အဆက်အစပ်ကို ရအောင်လိုက်ရှာတယ်။ တကယ်တမ်းလည်း အဆက်အစပ်က ရှိမနေဘူး။ ဒါပေမဲ့ ဘာအကြောင်းနဲ့ ဒီလူတွေ ဒီလိုဖြစ်ကြလဲဆိုတာကို စုံထောက်က‌ တွေ့သွားတယ်။ ဒါပေမဲ့လည်း သူလက်လှမ်းမမီပြန်တဲ့အရာပေါ့။ ဒါကို သူဘယ်လိုဖြေရှင်းမလဲ ကြည့်ရမယ့်ဇာတ်ပေါ့။ ဒီဟန်ကို ဘန်နီဒစ်ကမ်ဘားဘတ်ရဲ့ ရှားလော့အပိုင်းတစ်ပိုင်းမှာလည်း သုံးသွားဖူးတယ်။ ဘယ်အပိုင်းလဲတော့ စပွိုင်လာဖြစ်မှာစိုးလို့ မပြောတော့ဘူး။ ၂ခုလုံးကြည့်ဖူးရင် သိမှာပါပဲ။ နိဂုံးချုပ်ရရင် Cure ဟာ သိမ်မွေ့တယ် သိချင်စရာကောင်းတယ်။ ကြက်သီးထစရာကောင်းတယ်။ အေးစက်တယ်။ အေးစက်တာနဲ့မလိုက်အောင်ဘဲ Cure ဟာ အားရစရာကောင်းတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...

Race to the Summit (2023) ⭐IMDB: 6.7/10 (660 Votes) 🎬 #Adventure #Documentary #Sport #Action 🗓 2023 🎞 movie 🌎 #Germany ⏰ 1 နာရီ 30 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Race to the Summit (2023)====================IMDb Rating – 6.7/10 CM ပရိသတ်ကြီးအတွက် တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့Netflix က ထုတ်လုပ်တဲ့ Documentary Film တစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံသား တောင်တက်သမား အူလီဆက်ခ် အကြောင်းကို လိုက်လံ့မှတ်တမ်းတင်ထားတဲ့ မှတ်တမ်းရုပ်ရှင်ပါ။ အူလီဆက်ခ်ဟာ ၁၉၇၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ အသက် ၄၁ နှစ်အရွယ် ၂၀၁၇ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ နီပေါနိုင်ငံမှာ တောင်တက်ရင်း မတော်တဆဖြစ်ပြီး ဆုံးပါးသွားခဲ့တာပါ။ သူဟာ ကမ္ဘာတစ်လွှားက နာမည်ကြီးတောင်တွေကို ထိန်းကြိုးမပါဘဲ အမြန်တက်ရင်း စံချိန်တွေတင်ခဲ့တဲ့သူပါ။ အရမ်းအန္တရာယ်များတဲ့ တောင်တွေကို ထိန်းကြိုးမပါဘဲ တက်ခဲ့တာမို့ မီဒီယာတွေကြားမှာ၊ တောင်တက်သမားတွေကြားမှာ အရမ်းကို နာမည်ကြီးပါတယ်။ အူလီဆက်ခ်တစ်ယောက် ဒီစံချိန်တွေကို ဘယ်လိုတင်ခဲ့တာလဲ၊ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ခဲ့ရလဲဆိုတာမှတ်တမ်းရုပ်ရှင်ထဲမှာ ဆက်ပြီးကြည့်ရှုလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Leonard Lin ဖြစ်ပါတယ်)...

Me Too - Hidden Truth (2018) ⭐IMDB: 5.8/10 (8 Votes) 🎬 #Action #Drama #Romance 🗓 2018 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 26 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ***************************** Tae-ho နဲ့ Eun-seo တို့ အမျိုးသမီး ၂ ဦးဟာ ကိုရီးယားရဲ့ နာမည်ကြီး ဆရာတစ်ယောက်ဆီမှာ စာတမ်းပြုစုတင်နေရပါတယ်.. ဒီဆရာရဲ့   မှတ်ချက်တစ်ခုဟာ သူတို့ဘွဲ့အပေါ်အများကြီး သက်ရောက်မှုရှိနေပါတယ်… သို့သော် သူမ တို့ ၂ ဦး စာတမ်းကိုသေချာစွာပြုစုခဲ့ပေမဲ့ ဆရာကတော့ ပယ်ချခဲ့ပါတယ်…ဆရာက ဘာလို့ပယ်ခဲ့တာလဲ… ဦးစားကြီးဆရာနဲ့ ညှို့အားပြင်းလွန်းတဲ့ တပည့်မ ၂ယောက်တို့ ဘာဆက်ဖြစ်ကြမလဲဆိုတာကိုတော့ အိပ်ရာခန်းတွေလန်းတာမို့မိသားစုနဲ့အတူမကြည့်သင့်ပါဘူး...

A Job to Die For (2022) ⭐IMDB: 5.3/10 (123 Votes) 🎬 #Thriller #TVMovie 🗓 2022 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ သည်းထိပ်ရင်ဖို thriller အမျိုးအစားဖြစ်ပါတယ် ဆေဒီဆိုတဲ့ကောင်မလေးဟာ ကျောင်းသားချေးငွေပြန်ဆပ်ဖို့အတွက်အလုပ်ရှာနေတာပါ ဒါပေမယ့်လူငယ်တွေကြုံရတဲ့ပြဿနာအတိုင်း ကျောင်းပြီးစအတွေ့အကြုံမရှိတော့ဘယ်သူကမှမခန့်ချင် ဘယ်သူမှမခန့်တော့ အတွေ့အကြုံကမရှိနဲ့ သံသရာလည်နေရော ဒီလိုနဲ့တစ်နေ့မှာသူသဘောကျရတဲ့ဖက်ရှင်ဒီဇိုင်းနာတစ်ယောက်ရဲ့ကုမ္ပဏီမှာ လစာအပြင် တခြားအကျိုးခံစားခွင့်မျိုးပါပေးတဲ့လက်ထောက် အလုပ်ရခဲ့ပါတယ် ဒါပေမယ့်ဘယ်အလုပ်ကမှ လွယ်ကူတယ်ဆိုတာမျိုးမရှိပါဘူး ဒီကုမ္ပဏီရဲ့သူဌေးမနဲ့ပတ်သက်ပြီးတစ်ခုခုမှားနေတာကို ဆေဒီတစ်ဖြည်းဖြည်းနဲ့သိလာရပါတယ် သူဌေးမကဘာလို့လက်ထောက်တွေခဏခဏပြောင်းနေတာလဲ သူ့အရင်လက်ထောက်တွေကရောဘာလို့ပျောက်သွားတာလဲ သူ့ကိုအလုပ်ထွက်ဖို့ခြိမ်း​ခြောက်စာတွေကရော ဘယ်သူပို့နေတာလဲ ဘာလို့ပို့နေတာလဲ...

Róise & Frank (2022) ⭐IMDB: 6.6/10 (266 Votes) 🎬 #Drama #Family #Comedy 🗓 2022 🎞 movie 🌎 #Ireland ⏰ 1 နာရီ 21 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Róise & Frank (2022)================IMDb Rating – 6.6/10 ဒီကားလေးကတော့ အိုင်ယာလန်ရဲ့ နိုင်ငံအားကစားနည်းတစ်ခုဖြစ်တဲ့ဟာလင်းဆိုတဲ့ ကစားနည်းလေးနဲ့၊ ခွေးလေးတစ်ကောင်ရယ် သူ့ရဲ့ ပိုင်ရှင်မိသားစုလေးရယ်နဲ့ ဇာတ်အိမ်တည်ထားပါတယ်။ ဟာလင်းဆိုတာက တင်းနစ်ဘောလုံးအရွယ်အစားဘောလုံးကို ရိုက်တံနဲ့ ဟိုဘက်ဒီဘက်၁၅ယောက်စီ ဂိုးသွင်းအမှတ်ယူရတဲ့ ကစားနည်းပါ။ အိုင်ယာလန်မှာတော့ နိုင်ငံအားကစားနည်းတစ်ခုအဖြစ်သတ်မှတ်ထားပါတယ်။ အရင်က ကြည့်ဖူးတဲ့ တိရစ္ဆာန်ကားတွေလိုပဲ ခွေးလေးက ဟာလင်းမှာပါရမီပါတဲ့ ကောင်လေးနဲ့အတူတူ ပွဲကစားတာမျိုးပါပဲ။ ထူးခြားတာကခွေးလေးဖရန့်နဲ့ပိုင်ရှင်ဖြစ်သူ ရို့စ်စီကြားက ဆက်ဆံရေးပဲဖြစ်ပါတယ်။ဖရန့်နဲ့ ရို့စ်စီကြားက ဆက်ဆံရေးကဘယ်လိုမျိုးထူးခြားနေလဲ၊ ဖရန့်နဲ့ကောင်လေးတို့ ဘယ်လိုမျိုး ဟာလင်းဆော့ကြမလဲ၊ ဘယ်လိုအခက်အခဲတွေကြုံတွေ့ကြရမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thetti Tun ဖြစ်ပါတယ်)...

No Love Juice: Rustling In Bed (1999) ⭐TMDB: 10.0% User Score 🎬 #Adult #Asian #Drama #Romance 🗓 1999 🎞 movie 🌎 #Japan ⏰ 58 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 No Love Juice: Rustling in Bed (1999) ချစ်သူရဲ့ သစ်စိမ်းချိုးချိုးခံရတဲ့ အသက်၂၈နှစ်အရွယ် အလုပ်သမလေးတိုမိုမီ။ ဘယ်ရထားမှာမှ မလွဲခဲ့ဘဲ ရထားပေါ်မှာပဲချစ်တဲ့ကောင်လေးတစ်ယောက်နဲ့ဆုံစည်းခဲ့တဲ့နောက်မှာတော့ချစ်ခြင်းတွေကနေ တက်မက်ခြင်းတွေနောက်ဆီတကောက်ကောက်လိုက်ခဲ့ပါတော့တယ်။ အမှတ်တရတွေကို မုန်းတတ်တဲ့ကောင်လေးကို အမှတ်တမဲ့တွေ့ခဲ့ရင်းမှတ်မှတ်ရရချစ်ခင်စုံမက်ကြပုံတွေကို တစိမ့်စိမ့်ကြည့်ရှုခံစားရမှာပါ။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...

Boudica: Queen of War (2023) ⭐IMDB: 4.1/10 (401 Votes) 🎬 #Action #War #Drama 🗓 2023 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 41 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ရှေးဟောင်းဗြိတိန်မြေကို ရောမအင်ပါယာသိမ်းပိုက်ထားခဲ့စဥ်က ဗြိတိန်​ Iceni လူမျိုးစုရဲ့ဘုရင်မ Boudica ဟာ ဗြိတိန်ကို ရောမအင်ပါယာလက်အောက်ကလွတ်မြောက်စေဖို့ကြိုးပမ်းခဲ့ပုံသမိုင်းကြောင်းကို အခြေခံထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဗြိတိန်ဟာ အင်အားကြီးနိုင်ငံတစ်ခုဖြစ်ခဲ့ပေမယ့် ရောမရဲ့ကျူး​ကျော်သိမ်းပိုက်မှုခံရပြီးနောက်မှာ Iceni လူမျိုးစုတစ်ခုအဖြစ်ပဲ အင်အားကျန်ရစ်ပါတယ်။ Iceni ရဲ့ဘုရင် Prasutagus ဟာ ရောမနဲ့သဘောတူညီမှုယူပြီး ကိုယ့်နယ်မြေနဲ့လူမျိုးစုကိုပဲအုပ်ချုပ်ရင်း ဇနီး Boudica နဲ့ သမီးနှစ်ယောက်နဲ့အတူ ငြိမ်းငြိမ်းချမ်းချမ်းနေနေပါတယ်။ ဒါပေမယ့်ရောမရဲ့ဘုရင် Nero ဟာ ဗြိတိန်လူမျိုးထဲက ဘုရင်မတစ်ယောက် တော်လှန်လာမယ်ဆိုတဲ့ ဟောကိန်းတွေကိုကြားတဲ့အခါ အမျိုးသမီးတွေခေါင်းဆောင်နေရာရှိတာ သြဇာလွှမ်းမိုးမှုရှိတာကို တားမြစ်တဲ့အမိန့်ထုတ်လိုက်ပါတယ်။ Iceni ဘုရင် Prasutagus ဟာလည်း ကံကြမ္မာဆိုးနဲ့တွေ့သွားပြီး ဇနီး Boudica က ဘုရင်မအနေနဲ့တစ်ဦးတည်းအုပ်ချုပ်ဖို့ဖြစ်လာတဲ့အခါ ရောမဘုရင်ရဲ့အမိန့်ကိုဆန့်ကျင်ဖို့အကြောင်းဖန်လာပြီး ရောမနဲ့ဘယ်လိုရင်ဆိုင်တိုက်ခိုက်လာရမလဲဆိုတာ ရှုစားရမှာဖြစ်ပါတယ်။...

Shrapnel (2023) ⭐IMDB: 5.1/10 (446 Votes) 🎬 #Action #Drama #Thriller 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 29 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ရှောင်ဘက်ခ်၀စ်တို့မိသားစုဟာ တက္ကဆက်နဲ့ မက္ကဆီကိုနယ်စပ်အနီးကို ပြောင်းရွှေ့လာတဲ့မိသားစုပါ။ ရှောင်ဟာ အမေရိကန်ရေတပ်က ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်ပြီး သမီးနှစ်‌ယောက်ရဲ့ဖခင်လည်းဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ ရှောင်ရဲ့ သမီးနှစ်ယောက်ထဲက တစ်‌ယောက်ဖြစ်တဲ့ “လိ”ဟာ သူငယ်ချင်း‌ဖြစ်သူ ဘီလီနဲ့ ပါတီပွဲတစ်ခုကိုသွားလိုက်ပြီး ပျောက်ချင်းမလှပျောက်ဆုံးသွားတာကြောင့် အဖေဖြစ်သူဟာ လိုက်လံစုံစမ်းနေခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်း စုံစမ်းကြည့်လိုက်တဲ့အခါမှာတော့ မိန်းကလေးနှစ်ဦးကို ပြန်ပေးဆွဲသွားတဲ့သူတွေဟာ ဒေသခံ ကြေးစားလူမိုက်ဂိုဏ်းတစ်ခုကဖြစ်ပြီး ထိုဒေသကရဲအရာရှိတွေကတောင် မထိန်းနိုင်လို့ ဒီအမှုကို လက်ရှောင်နေကြတာကို ရှောင်တစ်ယောက် သိလိုက်ရပါတယ်။ ဒီလိုနဲ့ သမီးဖြစ်သူကိုရှာဖွေဖို့ သဲလွန်စလိုက်လံရှာဖွေရင်း ရှောင်နဲ့ သူငယ်ချင်းဖြစ်သူ မက်စ်တို့ဟာ မက္ကဆီကိုလူမိုက်ဂိုဏ်းနဲ့ ရင်ဆိုင်ဖို့ရာ အကြောင်းဖန်လာပါတော့တယ်...

Love Life (2022) ⭐IMDB: 7.1/10 (1 k Votes) 🎬 #Drama 🗓 2022 🎞 movie 🌎 #Japan #France ⏰ 2 နာရီ 4 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ ဂျပန်နဲ့ ပြင်သစ် ပူးပေါင်းရိုက်ကူးထားတဲ့ ၂နာရီကျော်ကြာမြင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပြီး ဒါရိုက်တာ Koji Fukadaက ရိုက်ကူးထားတာဖြစ်ပါတယ်။ Love lifeလို့အမည်ရတဲ့ ၁၉၉၁မှာထွက်ရှိခဲ့တဲ့ ဂျပန်သီချင်းကို ဇာတ်လမ်းကျောရိုးအဖြစ် ပုံဖော်ထားတာဖြစ်​ပြီး အဓိကကတော့ “တအဲကို”နဲ့ “ဂျိရို”ရဲ့ အချစ် နဲ့ ဘဝအကြောင်း ဖြစ်ပါတယ်။ 79th Venice International Film Festivalမှာ ပွဲဦးထွက်ပြသခဲ့တာဖြစ်ပြီးတော့ Hochi Film awardအတွက် nominationတွေလည်း ဝင်ခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ်။ လူတွေရဲ့ ဘဝထဲမှာ ဘယ်တုန်းကမှ ရောက်မလာခဲ့သင့်တဲ့သူဆိုတာကို တစ်ကွေ့မှာတော့ ကြုံရလေ့ ရှိပါတယ်။ “တအဲကို”ဆိုတဲ့ အမျိုးသမီးရဲ့ ယောက်ျားဖြစ်သူက “ဂျိရို”လို့ခေါ်ပြီး သူတို့မှာ သားလေးတစ်ယောက်လည်း ရှိပါတယ်။ သားဖြစ်သူ “ခေးတ”က တအဲကိုရဲ့ အရင်ယောက်ျားနဲ့ရခဲ့တဲ့ကလေး ဖြစ်ပေမဲ့ ယောက်ျားဖြစ်သူက သားအရင်းလိုချစ်ပြီး ပျော်စရာကောင်းတဲ့ မိသားစုလေးဖြစ်ခဲ့ပါတယ်။ တအဲကိုက တစ်ခုလပ်ဖြစ်ခဲ့တာမို့ ယောက်ျားရဲ့မိဘတွေက သဘောမတူခဲ့ပါဘူး။ တစ်နေ့မှာတော့ ယောက္ခထီးဖြစ်သူရဲ့မွေးနေ့ကို သူတို့အိမ်မှာလုပ်ပေးရင်း သီချင်းတွေအကျယ်ကြီးဆိုနေခဲ့ကြရာက ကလေးဖြစ်သူ ရေချိုးကန်ထဲပြုတ်ကျသွားတာကို မသိလိုက်ကြပါဘူး။ ဒီလိုနဲ့ သားဖြစ်သူလည်း ရေနစ်ဆုံးပါးသွားပြီး ဈာပနအခမ်းအနားပြုလုပ်နေတုန်း ယောက်ျားဟောင်းဖြစ်သူ ဘတ်ရှင်းဂျီက ပြန်ရောက်လာခဲ့ပါတယ်။ ဘတ်ရှင်းဂျီက ဆွံ့အနားမကြားတစ်ယောက်ဖြစ်ပြီး တအဲကိုတို့သားအမိကို ထားခဲ့ကာ ထွက်ပြေးသွားခဲ့တဲ့သူလည်းဖြစ်ပါတယ်။ ခု ပြန်တွေ့ချိန်မှာလည်း သူဟာ ဘေးလူရဲ့ အကူအညီလိုအပ်သူဖြစ်တာမို့ “ဂျိရို”ကလည်း သူ့ကိုကူညီပေးဖို့ တအဲကို ကို ပြောလာပါတယ်။ နားလည်မှု အတော်လေးရှိတယ်လို့ထင်ရတဲ့ သူတို့အိမ်ထောင်ရေးနဲ့ အရင်လူတွေပြန်လာတဲ့အချိန်မှာ ဘယ်လိုမျိုး ပြောင်းလဲနိုင်မလဲ။ အိမ်ထောင်ရေးနဲ့ လူနှစ်ဦးကြားက တချို့သောကိစ္စတွေဟာ ကန့်သတ်ချက်တွေမပါဘဲ ကာယကံရှင် နှစ်ယောက်ရဲ့ လက်ခံနားလည်မှုတွေနဲ့ပဲ တည်ဆောက်ရှေ့ဆက်သွားတာကို တအဲကိုနဲ့ဂျိရိုရဲ့ အချစ်နဲ့ဘဝအကြောင်းထဲမှာ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။...

The Farm (2018) ⭐IMDB: 3.7/10 (4 k Votes) 🎬 #Horror 🗓 2018 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 21 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကျေးလက်ဒေသတစ်ခုဘက်ကို ခရီးထွက်ကြမယ်ရင် စိုက်ပျိုးရေးခြံ၊ မွေးမြူရေးခြံတစ်ခုတော့ တွေ့ဖြစ်မှာပါ…။ ဒါက မထူးဆန်းပါဘူး …။ တွေ့တဲ့မွေးမြူရေးခြံဟာ လူသားမွေးမြူရေးခြံဆိုရင်တော့ ထူးဆန်းသွားပါပြီ….။ ဒီဇာတ်လမ်းလေးက အဲ့လိုဇာတ်လမ်းပါ…. သမီးရည်းစားတွေဖြစ်ကြတဲ့ နိုရာနဲ့ အဲလက်ဟာ ကျေးလက်ဒေသတစ်ခုဆီ အပျော်ခရီးထွက်ခဲ့ကြတယ်…. ကားမောင်းရတာလည်းပင်ပန်း ခရီးကလည်းဝေးဆိုတော့ လမ်းဘေးက မိုတယ်လေးတစ်ခုမှာ ဝင်နားခဲ့ကြပါတယ်….။ လူကလည်းခပ်ရှင်းရှင်း အေးအေးဆေးဆေးဆိုတော့ ချက်ချင်းပဲအိပ်‌ပျော်သွားကြတယ်…. နိုးလာတဲ့အခါမှာတော့ ခုနကပြောတဲ့ လူသားမွေးမြူရေးခြံကိုရောက်နေခဲ့ပြီးပဲဖြစ်ပါတယ်…. ဘာတွေဆက်ဖြစ်ကြမလဲဆိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်ကြည့်လိုက်ပါဗျာ...