ar
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

قناة بسيطة

🚩 Channel was restricted by Telegram

إظهار المزيد
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
A Whole Life (2023) ⭐IMDB: 7.0/10 (482 Votes) 🎬 #Drama #History 🗓 2023 🎞 movie 🌎 #Austria #Germany #Italy ⏰ 1 နာရီ 57 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ယခုအခါတက်ဆက်ပေးလိုက်တာကတော့ ၂၀၂၃ ခုနှစ်ထွက် ဂျာမနီဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်….ဆုတစ်ခုရရှိထားပြီးဇကာတင် ၁၀ ခုရရှိထားပါတယ် ဇာတ်ကားရဲ့နာမည်ကတော့ ဘဝတစ်ခု(A Whole Life) လို့အမည်ရပါတယ်….အမည်အတိုင်းပဲ ဒီဇာတ်ကားဟာ လူတစ်ယောက်ရဲ့ဘဝဇာတ်ကြောင်းကိုရိုက်ပြထားတာပါ…. ဇာတ်လမ်းရဲ့အစကတော့ ၂၀ ရာစုနှစ်လောက်မှာစပါတယ်….အဓိကဇာတ်ကောင်ဖြစ်တဲ့ အန်ဒရီယာစ်အက်ဂါလို့အမည်ရတဲ့ မိဘမဲ့ကလေးလေးဟာ သူရဲ့ဦးလေးဖြစ်သူဆီကိုရောက်ရှိလာခဲပါတယ်….ဦးလေးဖြစ်သူဟာသူ့ကိုမိသားစုဝင်လို့မသတ်မှတ်ပဲ အလုပ်သမားတစ်ယောက်အနေနဲ့သာခိုင်းစေပါတယ်….တခါတလေရိုက်နှက်တာမျိုးလည်းရှိပါတယ်….သူအရွယ်ရောက်လာတဲ့အခါမှာတော့ဦးလေးဖြစ်သူဆီကနေထွက်ခွာသွားပြီး သူ့ခြေထောက်ပေါ်သူရပ်တည်ခဲ့ပါတယ်… ဇာတ်လမ်းဟာ အန်ဒရီယာစ်အက်ဂါရဲ့ဘဝဖြတ်သန်းရပုံ….လောကဓံအနိမ့်အမြင်‌ကြုံတွေ့ရပုံကို ငယ်စဥ်ကနေသေဆုံးတဲ့အထိရိုက်ပြထားပါတယ်….ခံစားကြည့်ကြပါခင်ဗျာ
...

Bu Tejo Sowan Jakarta (2024) ⭐IMDB: 6.2/10 (42 Votes) 🎬 #Comedy #Drama 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 34 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါကတော့ အင်ဒိုနီးရှားဟာသကားလေးနဲ့ မိတ်ဆက်‌ ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ တယ်ဂျိုတို့မိသားစုမှာ မိခင်ဖြစ်သူကတော့ရွာထဲက အမျိုးသမီးခေါင်းဆောင်လို့ ဆိုရမလားပဲ။ အိမ်ထောင်သည် အမျိုးသမီးတွေကို ဦးဆောင်ပြီး တစ်နှစ်တစ်ခါခရီးထွက်မယ့် အကြောင်းတိုင်ပင်နေကြတယ်။ ဘယ်မြို့ကဘယ်လိုကောင်းကြာင်း တစ်ယောက်တစ်ပေါက်တိုင်ပင် နေတုန်းမှာ သားဖြစ်သူတက်ဒီကဂျာကာတာမြို့ကနေ ပြန်လာတယ်။ အနေဝေးနေတဲ့ သားအိမ်ပြန်ရောက်တော့ တစ်မိသားစုလုံး ပျော်ကြတာပေါ့။ ရောက်တဲ့နေ့မှာပဲ တက်ဒီကသူအိမ်ထောင် ပြုတော့မယ့်အကြောင်းပြောပြတယ်။ အဖေဖြစ်သူက သဘောတူပေမယ့် အမေဖြစ်သူကတော့ သူသားနဲ့လက်ထပ် မယ့်သူကလူမျိုးမတူတဲ့ တရုတ်လူမျိုးဖြစ်နေတော့ သူ့အပေါင်း အသင်းဘေးပတ်ဝန်းကျင်က ဝေဖန်မှာကိုမခံနိုင်လို့သဘော မတူဘူးဖြစ်နေတယ်။ မနက်ဈေးထွက်ဝယ်တော့ တက်ဒီက သူအမေနောက်ကိုမသိမသာလိုက်သွားပြီး သူ့အမေအပေါင်း အသင်းတွေကို သူစေ့စပ်တော့မယ်ဖြစ်ကြောင်း သူ့စေ့စပ်ပွဲက ဂျာကာတာမြို့မှာလုပ်မယ့်အကြောင်း လိုက်မယ်ဆိုရင်လည်း စီစဉ်ပေးနိုင်ကြောင်း ပြောပြလိုက်တဲ့အခါမှာတော့
...

Mission Possible: Kidnapping Granny K (2007) ⭐TMDB: 55% User Score 🎬 #Comedy #Crime 🗓 2007 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 58 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kidnapping Granny K (2007) ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကတော့၂၀၀၇ တုန်းကထွက်ရှိထားတဲ့ Kidnapping Granny Kဆိုတဲ့ ရုပ်ရှင်လေးပဲဖြစ်ပါတယ်ဘဝကို ခက်ခဲစွာရုန်းကန်ဖြတ်သန်းနေရတဲ့ သူငယ်ချင်း ၃ ယောက်ဟာကံအကြောင်းမလှစွာနဲ့ ကြီးမားတဲ့ငွေကြေးပြဿနာနဲ့ရင်ဆိုင်နေကြရပါတယ်ဒါကြောင့် သူတို့ရဲ့ပြဿနာကို ဖြေရှင်းဖို့ သိပ်နာမည်ကြီးတဲ့ ထမင်းစွပ်ပြုတ်ဆိုင်က အဘွားကို ပြန်ပေးဆွဲဖို့လုပ်ကြပါတော့တယ်ပြန်ပေးဆွဲလာတဲ့သူတို့ကို အဘွားက နွေးထွေးကြင်နာပေးသလို သားသမီးတွေကို ခက်ခက်ခဲခဲပျိုးထောင်လာခဲ့တဲ့ အဘွားဟာလည်းသူ ပြန်ပေးဆွဲခံရတဲ့အချိန်မှာ သားသမီးတွေကို ဆက်သွယ်ပေမယ့် တစ်ဦးမှ သူ့အနားကိုရောက်မလာကြတဲ့အတွက်ပြန်ပေးဆွဲသူ သူငယ်ချင်းတစ်သိုက်ပါ လက်မှိုင်ချရတဲ့အထိ ဖြစ်လာပါတော့တယ်နုံအအ သူငယ်ချင်း ၃ ဦးမှာ ငွေလို၍သာ လုပ်ခဲ့ရသော်လည်း လူမိုက်များမဟုတ်သလိုကြင်နာတတ်သည့် ဓာတ်ခံရှိကြသည့်အခါ ပြန်ပေးဆွဲသမား ၃ ယောက် နဲ့အဘွားတို့ ဘယ်လိုစခန်းသွားကြမလဲဆိုတာက ဆက်လက်စောင့်ကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်နော်ရယ်လည်းရယ်ရ စိတ်ဝင်စားဖို့တကယ်ကောင်းတဲ့ကားမို့ ကြည့်လို့ နောင်တရရမှာမဟုတ်ပါဘူး အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့Shin Shin, CharOu, Su Myatတို့ပဲ ဖြစ်ပါတယ်။
...

Revolver Lily (2023) ⭐IMDB: 5.2/10 (148 Votes) 🎬 #Action #Adventure 🗓 2023 🎞 movie 🌎 #Japan ⏰ 2 နာရီ 19 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Revolver LILY (2023) ဒီဇာတ်ကားလေးကတော့ ၂၀၂၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Revolver Lily ဆိုတဲ့ အက်ရှင်ကားလေးပဲဖြစ်ပါတယ်။ ၁၉၂၄ ခုနှစ်ကို အခြေတည်ရိုက်ထားတာဖြစ်ပြီး သုံးနှစ်ကျော်အတွင်းလူပေါင်း ၅၇ ယောက်ကို သတ်ခဲ့တဲ့Yuri ဆိုတဲ့ မိန်းကလေးတစ်ယောက်အကြောင်းကို အဓိကရိုက်ကူးထားတာ ဖြစ်ပါတယ်။Yuri Ozone ဟာ အသက် ၁၆ နှစ်ကတည်းက လျှို့ဝှက်ထောက်လှမ်းရေးဖြစ်ခဲ့ရာကနေသုံးနှစ်အတွင်းမှာ လူပေါင်း ၅၀ ကျော်ကိုသတ်ပြီးတဲ့နောက် ပျောက်ကွယ်သွားခဲ့ပြီးဆယ်နှစ်ကျော်ကြာအောင် တိုကျိုက ပြည့်တန်ဆာအိမ်ရဲ့ပိုင်ရှင်အဖြစ် နေထိုင်နေခဲ့တာဖြစ်ပါတယ်။ တစ်ရက်မှာတော့ တစ်မိသားစုလုံးအသတ်ခံလိုက်ရတဲ့ Hosomi Shinta ဆိုတဲ့ကလေးက သူ့ကိုကူညီပေးဖို့တောင်းဆိုလာပါတော့တယ်။Shinta ဟာ သူ့အဖေဖြစ်သူ Hosomi Kinya ချန်ထားခဲ့တဲ့ ပျောက်ဆုံးနေတဲ့ရန်ပုံငွေတွေရဲ့အဓိကသော့ချက်စာရွက်စာတမ်းတွေကို ကိုင်ဆောင်ထားတာဖြစ်ပြီး စစ်တပ်ရဲ့လိုက်လံဖမ်းဆီးခြင်းကို ခံနေခဲ့ရတာပါ။Yuri ဟာ Shinta ရဲ့တောင်းဆိုမှုကို လက်ခံပြီး Shinta ကိုကာကွယ်ပေးခဲ့ပါတော့တယ်။အဲဒီနောက်ပိုင်း Shinta ရဲ့အဖေဖြစ်သူနဲ့ လူသတ်သမားရဲ့ပတ်သက်ဆက်နွယ်မှုတွေ၊ဂျပန်စစ်တပ်ကဘာကြောင့်မို့ အဲဒီစာရွက်စာတမ်းတွေကို အသည်းအသန်လိုချင်နေခဲ့ရလဲဆိုတာတွေကိုYuri က ဘယ်လိုတွေစုံစမ်းဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာကိုတော့ပရိသတ်ကြီးက ဇာတ်လမ်းလေးကနေတဆင့် စောင့်မျှော်ကြည့်ရှုပေးကြပါဦး။ အညွှန်းကိုတော့Khaingက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့Khaing&Hmweပဲ ဖြစ်ပါတယ်။
...

Love Syndrome: The Beginning (2024) ⭐IMDB: 5.7/10 (21 Votes) 🎬 #BL #Drama #Romance 🗓 2024 🎞 movie 🌎 #Thailand ⏰ 1 နာရီ 30 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Love Syndrom : The Beginning (2024) ၂၀၂၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ Love Syndrome 3 စီးရီးရဲ့prequelလေးဖြစ်တဲ့Love Syndrome: The Beginning movieထွက်ရှိလို့လာပါပြီ။ အချစ်ကြမ်းတာလေးမှကြိုက်တယ်ဆိုတဲ့ သင်္ဘောမမတို့အကြိုက်Day-Itt coupleလေးကို တစ်ဖန်ပြန်လည်ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါပြီဗျ။အချစ်ကြမ်း အနမ်းလည်းကြမ်း ကြမ်းစရာရှိတာအကုန်ကြမ်းတဲ့ ဒီကားလေးမှာBDSMလေးတွေလည်း ဝေဝေဆာဆာပါဝင်တာမလို့ ၁၈ ယောက်စုပြီးမှပဲ သိုက်သိုက်ဝန်းဝန်းလေး ကြည့်ရှုခံစားပေးကြပါဦး။ လွန်ခဲ့တဲ့ ၆ လက ‌လူချမ်းသာသားသမီးပီပီ အလိုလိုက်ခံထားရပြီး ပျက်စီးနေတဲ့အစ်တို့သူငယ်ချင်းတစ်သိုက် မလုပ်သင့်တဲ့ အလောင်းအစားတစ်ခုကို လုပ်ခဲ့ကြပါတယ်။အဲဒါကတော့ နိုက်ဆိုတဲ့မနူးမနပ်ကောင်လေးကို လှည့်ဖြားပြီးတော့အစ်ရဲ့သူငယ်ချင်းဂီယာက နိုက်ကို အညွန့်ချိုးမုဒိမ်းကျင့်လိုက်တာပါပဲ။ လုပ်ချင်ရာလုပ်ပြီး ဘားမှာသောက်စားပျော်ပါးနေတဲ့ အစ်တစ်ယောက်သူ့ကားကို ဝင်တိုက်မိတဲ့သူနောက် အလျော်တောင်းဖို့လိုက်သွားမိပြီးခါမှ ကျားဂူထဲအောင်းမိမှန်း သိလိုက်ရပါတယ်။ သူ့ကားကိုဝင်တိုက်တဲ့သူက နိုက်ရဲ့အစ်ကိုဒေးဖြစ်ပြီးတော့ အစ်တို့ကို လက်စားချေချင်လို့ကားကိုတမင်ဝင်တိုက်ပြီး အကွက်ဆင်ထားတာမှန်း အသိနောက်ကျသွားတဲ့အစ်တစ်ယောက်နိုက်လိုထပ်တူအဖြစ်မျိုး ကြုံရဖို့ဖြစ်လာပါတော့တယ်။ အမုန်းတရားတွေ ရန်ငြိုးတွေ ကလဲ့စားတွေနဲ့ အစပျိုးခဲ့တဲ့ အစ်နဲ့ဒေးကြားကပတ်သက်မှုကဘယ်လိုခရီးဆက်မလဲဆိုတာ ကြည့်ရှု အဖြေရှာရအောင်ပါ။ အညွှန်းကိုတော့ Mary က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့Mary, CharOu, Su Myatတို့ပဲ ဖြစ်ပါတယ်။
...

Kings of Mulberry Street: Let Love Reign (2023) ⭐IMDB: 4.6/10 (111 Votes) 🎬 #Adventure #Comedy #Drama #Family 🗓 2023 🎞 movie 🌎 #SouthAfrica ⏰ 1 နာရီ 49 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 King of Mulberry Street ကဒါရိုက်တာ Judy Naidoo ရဲ့လက်ရာဖြစ်ပြီး ၂၀၂၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဟာသ ဒရမ်မာ ရုပ်ရှင် အမျိုးအစားဖြစ်ပါတယ် အဘွားချက်တီ ကို ကောက်ကျစ်တဲ့ရဲမှုးဟောင်း က ပြန်ပေးဆွဲပြီး သူတို့ကို ဆွဲကြိုးခိုးခိုင်းတဲ့ အခါမှာတော့ သူငယ်ချင်းနှစ်ယောက် က ဘောလိဝုဒ်ရူးသွပ်သူတွေပီပီဘယ်လိုတွေဖြေရှင်းပြီး သူတို့အဘွားကို ကယ်ကြမလဲ အကအလှတွေ နဲ့ မိသားစုမေတ္တာကိုပါ လှလှပပ ဖော်ဆောင်ထားပါတယ် အားလက်ရက်မှာမိသားစုနဲ့ ကြည့်ဖို့ အတွက် ရွေးချယ်သင့်တဲ့ ဇာတ်ကား တကားဆိုလည်း မမှားပါဘူး
...

Malayalee from India (2024) ⭐IMDB: 6.0/10 (4 k Votes) 🎬 #Action #Bollywood #Drama #Comedy 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 36 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Malayalee From India 2024ကြုံရဆုံရ ဒီဘဝ IMDb – 6.1/10 Heavy plotတွေပဲကြည့်ရတာ ရိုးအီနေသူတွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ ဟာသခပ်များများပါတဲ့ရိုးရှင်းတဲ့ဇာတ်လမ်းကောင်းလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းကတော့ယဉ်ကျေးမှုမတူ လူမျိုးမတူ အတွေးအမြင်မတူတဲ့ ဆရာတပည့်နှစ်ယောက်ကြားက သံယောဇဉ်အကြောင်းလေးကို ပုံဖော်ထားတာပါ။ မလေယာလီသား ဂိုပီဟာ သူငယ်ချင်းနဲ့ပေါင်းပြီး ပြဿနာအိုးလုပ်နေတဲ့ ဇိုးတစ်ယောက်၊ ဒီလိုနဲ့ အရေးအခင်းတစ်ခုမှာသူငယ်ချင်းနှစ်ယောက် ပဲလှော်ကြားဆားညှပ်အဖြစ်ရောက်ပြီး ဂိုပီတစ်ယောက် နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ ပို့ခံလိုက်ရပါတော့တယ်။ဖြစ်ချင်တော့ ဂိုပီရဲ့ဆရာက ပါကစ္စတန်လူမျိုး အိန္ဒိယနဲ့ပါကစ္စတန်ရဲ့ ရန်စတွေက အခုထိလည်း မငြိမ်းသေးတာမလို့ ဘုနဲ့ဘောက်ဖြစ်ရတဲ့ထဲ ဆရာသမားကမလေယာလီသားတစ်ယောက် တစ်ပတ်ရိုက်တာခံရဖူးတာကြောင့် မလေယာလီသားကို ပိုပြီးတော့ မျက်စိဆံပင်မွေးစူးနေတဲ့အခါ…. အလွဲလွဲအချော်ချော်နဲ့ ဘယ်လောက်ပဲမတည့်အတူနေဖြစ်နေပါစေ အရေးကြုံလာတော့ သွေးစည်းရသလိုပဲ ဒီဆရာတပည့်နှစ်ယောက်လည်းရန်ဖြစ်ငြင်းခုန်ရင်းနဲ့ ဘယ်လိုသံယောဇဉ်တွယ်လာကြမလဲ။ ဘဝကပေးတဲ့အတွေ့အကြုံတွေကြောင့် ဇိုးလေးဂိုပီတစ်ယောက်ရောလူကောင်းတစ်ယောက်ဖြစ်လာမလားဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)
...

Shame on Dry Land (2023) ⭐IMDB: 6.2/10 (171 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Sweden #Malta ⏰ 1 နာရီ 31 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒင်မ်မန်က လူလိမ်တစ်ယောက်ဖြစ်ပြီးတော့ ထွက်ပြေးတိမ်းရှောင်နေရာကနေ အခင်ဆုံးသူငယ်ချင်းဟောင်းဖြစ်သူ တွဲဖက်ဟောင်းလည်းဖြစ်သူ ဖရက်ဒရစ်ရဲ့ မင်္ဂလာဆောင်နဲ့ အချိန်ကိုက် မော်လ်တာကို ရောက်လာပါတော့တယ်။ မော်လ်တာမှာ သူ့သူငယ်ချင်း ဖရက်ဒရစ်နဲ့ ဆာရာတို့ စုံတွဲက ဆွီဒင်လူမျိုးအွန်လိုင်းလောင်းကစားအဖွဲ့ကြီးတစ်ခုမှာ ပါဝင်နေပြီးတော့ ငွေကိစ္စအရှုပ်အရှင်းတွေ ဖြစ်လာတဲ့အခါ … ကျွန်းပေါ်ကို စုံထောက်တစ်ယောက်ကလည်း ရောက်လာတဲ့အခါ … ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။
...

Ayo Balikan (2024) ⭐IMDB: 7.2/10 (11 Votes) 🎬 #Comedy #Drama #Romance 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 26 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ayo Balikan (2024) ဆဲလ်တန်လိုခေါ်တဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လေးဟာ အရမ်းရိုတတ်လို့တက္ကသိုလ်မှာ ကောင်မလေးတွေကြား ရေပန်းစားလျက်ရှိပါတယ်။သူဟာ ကောင်မလေးတစ်ယောက်ကို သုံးရက်ထက် ပိုပြီးတော့ မတွဲတာတောင်မှကောင်မလေးအများစုက သူ့အချစ်ကို ရယူနိုင်ဖို ကြိုးစားနေကြတုန်းပါပဲ။ ဒီလိုနဲ့ တစ်ရက်မှာတော့ ဆဲလ်တန်ဟာ သူ့ရဲ့နှလုံးသားကို နားလည်သွားပြီးသူ့ရင်ထဲမှာ တစ်ယောက်သောသူရှိနေတယ်ဆိုတာကို သိသွားပြီးတဲ့နောက်မှာတော့ရည်းစားမပွေမရှုပ်တော့ဘဲ သူချစ်ရတဲ့ အယ်မာဆိုတဲ့ ကောင်မလေးကို ပြန်ပြီးတော့ လိုက်ဖိုကြိုးစားပါတော့တယ်။အယ်မာဆိုတာကလည်း သူနဲ့တစ်ချိန်တခါက တွဲခဲ့ပြီးတော့ သူ့သမိုင်းမှာ ထူးထူးခြားခြား သုံးရက်မကတွဲခဲ့တဲ့ကောင်မလေးပေါ့။ ဒီလိုနဲ့ ဆဲလ်တန်ဟာ အယ်မာရဲ့အချစ်ကိုပြန်ရဖို ဘယ်လိုတွေ ကြိုးစားသွားမလဲ …..အယ်မာနဲ့ ဆဲလ်တန်တိုရဲ့ အချစ်ခရီးလမ်းကြားမှာ ဘယ်လိုအနှောင့်အယှက်တွေ ဝင်လာမလဲဆိုတာတွေကိုဟာသလေးတွေနှောပြီးတော့ ကြည့်ရှုရမယ့် အချစ်ဒရာမာဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Char Ouပဲ ဖြစ်ပါတယ်။
...

Nightmare Pageant Moms (2023) ⭐IMDB: 5.1/10 (147 Votes) 🎬 #Thriller #TVMovie #Drama #Crime 🗓 2023 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Thriller ရုပ်ရှင်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အမ်မလီနဲ့ ဆိုဖီတို့က သားအမိတွေပါ။ အမေဖြစ်သူ အမ်မလီက စီးပွားရေးလုပ်ငန်းတစ်ခုစဖို့ ပြင်ဆင်နေပြီး သမီးဖြစ်သူဆိုဖီကတော့ ကောလိပ်ဆက်တက်ရမယ့်ကျောင်းသူတစ်ဦးပါ။ ဒါပေမဲ့ အမ်မလီတို့သားအမိဟာ စီးပွားရေးကျပ်တည်းနေကြပါတယ်။ တစ်ရက်မှာတော့ သူတို့သားအမိဟာ သူတို့ရဲ့အကျပ်အတည်းကိုဖြေရှင်းနိုင်ဖို့အတွက် နည်းလမ်းတစ်ခုကိုရှာတွေ့သွားပါတယ်။ ဒါကတော့ အမေနဲ့သမီး တွဲလျက်ပြိုင်ရတဲ့ အလှမယ်ပြိုင်ပွဲကို ၀င်ပြိုင်ပြီး ဆုကြေးငွေရယူဖို့ပါ။ ဒါပေမဲ့ အမ်မလီတို့သားအမိ သတိမထားမိလိုက်တာက ပြိုင်ပွဲက သူတို့ရဲ့ပြိုင်ဘက်တစ်ဦးဖြစ်တဲ့ အက်ဒါလိုင်းလို့အမည်ရတဲ့အမေတစ်ဦးဟာ ဒီပြိုင်ပွဲကိုနိုင်ရဖို့အတွက် ဘာမဆိုလုပ်မယ့်သူတစ်ယောက်ဖြစ်နေတာကိုပါ။ ဒီလိုနဲ့ အလှမယ်ပြိုင်ပွဲကို၀င်ပြိုင်ကြရင်းနဲ့ အက်ဒါလိုင်းရဲ့ မကောင်းတဲ့လုပ်ရပ်တွေနဲ့ လျှို့ဝှက်ချက်တွေကိုပါ ဖော်ထုတ်ရဖို့ကြုံလာရတဲ့အခါမှာတော့
...

GG (2024) ⭐IMDB: 5.7/10 (50 Votes) 🎬 #SciFi #Drama #Family 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 42 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဂိမ်းနဲ့ပတ်သတ်တဲ့ ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် ဖိလစ်ပိုင် ဂိမ်းကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဆသ်ဆိုတဲ့ကောင်လေးဟာ ငယ်ငယ်လေးကတည်းက မိခင်ဖြစ်သူက စွန့်ပစ်သွားခဲ့လို့ အဘွားဖြစ်သူနဲ့ပဲ အတူတူနေထိုင်ရင်း ကြီးပြင်းလာခဲ့ရသူလေးတစ်ယောက်ပါ။ စာဘက်မှာ မထူးချွန်ပေမယ့် ဂိမ်းဘက်မှာ ပိုအားသာပြီး ထူးချွန်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီလိုနဲ့ ဆသ် တက္ကသိုလ်တက်နေတဲ့အရွယ်မှာပဲ အဘွားဖြစ်သူဟာ ဆုံးပါးသွားခဲ့ပြီး ငယ်ငယ်က စွန့်ပစ်သွားခဲ့တဲ့ မိခင်ဖြစ်သူနဲ့ အတူတူနေထိုင်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဆသ်ဟာ ဂိမ်းဘက်ကိုပဲအားသာသူဖြစ်ပြီး ပရော်ဖက်ရှင်နယ် ဂိမ်းမာတစ်ယောက်ဖြစ်ချင်နေသူဖြစ်တဲ့အလျောက် Requiem National ဖိုင်နယ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်မြင်မှုတွေ ရယူချင်နေသူလည်းဖြစ်ပါတယ်။ ဒီလိုနဲ့ Tokwa’t Bad Boisဆိုတဲ့ အဖွဲ့ကို ဝင်ရောက်ပြီးတော့ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ကြိုးစားရင်း ဘယ်လိုအခက်အခဲတွေနဲ့ တွေ့ကြုံရမလဲ …… အခက်အခဲတွေကို ဖြတ်ကျော်ပြီး အောင်မြင်မှုတွေကို ဘယ်လိုအရယူသွားမလဲဆိုတာကို ကြည့်ရှုရမယ့် ဂိမ်းဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲဖြစ်ပါတယ်)
...

How I Learned to Fly (2023) ⭐IMDB: 6.2/10 (136 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 6.2 / RT 63% ရရှိထားတဲ့ဒရာမာရုပ်ရှင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်လေးကိုကြည့်မိရင်း “အစ်ကိုကြီးတော့ အဖအရာ”တဲ့စကားလေးကိုတောင် သတိရသွားပါတယ်။ ဒန်နီရယ် နဲ့ အီလိုင်ဆိုတဲ့ အာဖရီကန်-အမေရိကန် ဆယ်ကျော်သက်ညီအစ်ကိုနှစ်ယောက်ဟာ မိဘနှစ်ယောက်ရဲ့ရုတ်တရက်စွန့်ပစ်မှုကို ခံလိုက်ကြရပါတယ်။ အစ်ကိုဖြစ်သူ ဒန်နီရယ်ဟာ အီလိုင်ကို ဖခင်တစ်ယောက်နေရာကနေ အမြဲဂရုစိုက်စောင့်ရှောက်ပေးလာခဲ့သူပါ။ အီလိုင်က ငယ်ဘ၀က မိသားစုထရော်မာတွေကြောင့် စကားက မပြောသလောက်ကို နည်းတဲ့သူတစ်ဦးပါ။ ဒီလိုနဲ့ မိဘနှစ်ပါးမရှိတော့တဲ့နောက် ညီအစ်ကိုနှစ်ယောက်ဟာ အချင်းချင်းဖေးမကူညီရင်း ခက်ခဲကြမ်းတမ်းတဲ့လောကဓံကြီးကို အံတုရင်ဆိုင်ပြီး ဆက်လက်ရှင်သန်နိုင်ကြဖို့ကြိုးစားကြပါတော့တယ်။ ဒီရုပ်ရှင်လေးက တော်တော်လေးကိုနွေးထွေးတဲ့ရုပ်ရှင်လေးပါ။ ညီအစ်ကိုနှစ်ယောက်အကြားက ချစ်ခြင်းမေတ္တာသံယောဇဉ်ကို လှလှပပပုံဖော်ထားတဲ့အပြင် ဘ၀မှာ အမြဲရှောင်ပြေးနေရတဲ့ ပြောမပြနိုင်လောက်အောင် နာကျင်ခဲ့ရတဲ့ ဒဏ်ရာတွေရှိခဲ့ရင်တောင်မှ တချိန်မှာဒါတွေကို ရင်ဆိုင်လက်ခံလိုက်ပြီး ရှေ့ဆက်အသက်ရှင်ဖို့အတွက် ခွန်အားမွေးကြရမယ့်အကြောင်းကို ပြသသွားပါတယ်။ တစ်ကားလုံးမှာ ဂျက်ဇ်တေးသီချင်းတွေနဲ့ ဆိတ်ငြိမ်တဲ့ဇာတ်၀င်ခန်းတွေနဲ့အတူ လှလှပပရိုက်ကူးပုံဖော်ထားတာမလို့ ခံစားကြည့်ရှုလိုက်ကြပါဦး။
...

Babes (2024) ⭐IMDB: 6.4/10 (2 k Votes) 🎬 #Comedy 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သားသမီးဆိုတာ ရတနာပေမယ့် သားသမီးယူရတာက မိဘတွေအတွက်တော့ အရမ်းပင်ပန်းတဲ့အလုပ်တစ်ခုပါပဲ။ အမေရိကန်ဟာသရုပ်ရှပ် Babes မှာတော့ ကလေးယူဖို့ ဆုံးဖြတ်တဲ့အချိန်၊ ကိုယ်ဝန်ဆောင်ထားရတဲ့အချိန်၊ လောကထဲ ရောက်လာတော့မယ့် ကလေးတစ်ယောက်အတွက် ပြင်ဆင်ရတဲ့ အချိန်၊ ကလေးမွေးတဲ့အချိန်၊ ကလေးမွေးလာပြီးတဲ့အချိန်တွေမှာ မိဘတွေရုန်းကန်ရတာတွေကို ဟာသနှောပြီးတင်ဆက်ပြသ ထားပါတယ်။ လိင်ပညာပေးတင်မကဘဲ ကလေးမွေးပြီးတဲ့နောက် မိခင်မှာ ခံစားရတဲ့စိတ်အလိုမကျမှုတွေ၊ ပြောင်းလဲမှုတွေ၊ ဘယ်သူမှ နားလည်မပေးနိုင်ဘဲ ငရဲရောက်နေသလိုခံစားရတဲ့ အခက် အခဲတွေကိုပါ မြင်တွေ့ရမှာပါ။ ကိုယ်တိုင်ကလေးမမွေးရပေမယ့် စိတ်ရောကိုယ်ပါပင်ပန်းနေတဲ့ကလေးအမေကို နားလည်မှု အပြည့်ပေးထားရတဲ့အပြင် ကလေးတွေကိုလည်း ကြိုးစား ကြည့်ရှု့စောက်ရှောက်ပေးရတဲ့ ဖခင်တွေရဲ့အခက်အခဲတွေကိုပါ ပေါ့ပေါ့ပါးပါးလေးထည့်သွင်းရိုက်ကူးပြသွားတာမြင်တွေ့ ရပါတယ်။ အခက်အခဲတွေကြားကပဲ မိသားစုရဲ့နွေးထွေးမှု၊ ပျော်ရွှင်မှု ဆိုတာတွေကို အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ဒွန်းနဲ့အီဒင်က ဟာသနှောသရုပ်ဖော်ပေးထားပါတယ်။ ကလေးယူဖို့ဆုံးဖြတ်ထားတဲ့စုံတွဲတွေအတွက်တော့ မဖြစ်မနေကြည့်သင့်တဲ့ရုပ်ရှင်တစ်ခုလို့ အကြံပေးချင်ပါတယ်။
...

Sorority Row (2009) ⭐TMDB: 55% User Score 🎬 #Horror #Mystery 🗓 2009 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကားဟာ စပိန်နိုင်ငံရဲ့ စီးပွားပျက်ကပ် နဲ့ ငွေကြေးခဝါချမှုတွေ ငွေကြေး လိမ်လည်မှုတွေကို နောက်ခံပြီး ဇာတ်လမ်းတည်ထားတာ ဖြစ်ပါတယ်။ အဓိက ဇာတ်ဆောင်ကတော့ Ivan ဆိုတဲ့ ဂေါဖ့်ကွင်းက အလုပ်သမားလေး ဖြစ်ပြီး တစ်နေ့မှာ မူးနေတဲ့ ကောင်စီဝင် တစ်ယောက်ကို ကားနဲ့ ပြန်ပို့ ရင်းနဲ့ သူ့ဘဝတိုးတက်လမ်းကို ရှာတွေ့သွားတာ ဖြစ်ပါတယ်။ Anne ဆိုတဲ့ အမျိုးသမီးနဲ့ တွေ့ပြီး သူဟာ ငွေကြေးတွေကို လက်ဆွဲသေတ္တာထဲ ထည့်ပြီး တစ်နေရာကနေ တစ်နေရာကို ကူးပြီး ပို့ပေးရတဲ့ အလုပ်ကို စလုပ်ပါတော့တယ်။ သူ့ရဲ့ ပထမဆုံး အလုပ် လုပ်ရင်း Escamez ဆိုတဲ့ လူနဲ့ သိကျွမ်းခဲ့ပါတယ်။ ဒီလူကလည်း ငွေကြေးတွေကို သယ်ပို့ပေးသူ ဖြစ်ပြီး ကော်မရှင်ခအနေနဲ့ ငွေကြေးရဲ့ 3% ကို ယူတာ ဖြစ်ပါတယ်။ Ivan က Yannick ဆိုတဲ့ Partner တစ်ယောက်နဲ့ တွေ့ပြီး သူတို့ ကိုယ်ပိုင် သယ်ပို့ပေးတဲ့ လုပ်ငန်းကို စလုပ်ခဲ့ပါတယ်။ အမြဲ အမြင့်တက်ဖို့ပဲ ချောင်းနေတဲ့ Ivan တစ်ယောက် Anne ဆီကနေ သင်ယူရတဲ့ ပညာတွေနဲ့ ဘယ်လို လူလည်ကျမလဲ၊ အဆုံးသတ်မှာရော ဇာတ်လမ်းက လှပါ့မလား။ ဖြစ်ရပ်မှန်ပေါ် အခြေခံ ရိုက်ထားတာလည်း ဖြစ်လို့ စိတ်ဝင်စားစရာ ပိုကောင်းပါတယ်။
...

Mr. Bean: The Animated Series (2002) ⭐TMDB: 68% User Score 🎬 #Adventure #Comedy #Family #Animation #Kids 🗓 2002 🎞 tv series 🌎 #USA #UnitedKingdom ⏰ 11 မိနစ် 1 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ငယ်ဘဝတွေရဲ့အမှတ်တရတွေနဲ့အတူ ပြန်လည်ပျော်ရွှင်ရယ်မောရဖို့အတွက် ကြည့်ရှုနိုင်ဖို့ Mr. Bean Animated Series ကို Season 1 to 5 အစအဆုံး တင်ဆက်ပေးလိုက်ပါတယ်။
...

龙石密码 (2024) ⭐TMDB: 0% User Score 🎬 #Adventure #Thriller 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 16 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ဖုန်းရွှေသဘာဝတွေကြိုက်တဲ့ပရိသတ်ကြီးအကြိုက်တွေ့စေမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းလေးကတော့ :ချန်ယုံလို့ခေါ်တဲ့လူငယ်လေးက မျိုးရိုးစဉ်ဆက် ဖုန်းရွှေပညာနဲ့ရှေးဟောင်းယဉ်ကျေးမှုပညာတွေကို အမွေဆက်ခံလာခဲ့တဲ့သူပါ ။သူငယ်စဉ်ကလည်း မိခင်နာမကျန်းဖြစ်နေတုန်းအဖေဖြစ်သူက ဝေ့ဖုန်းနဂါးကျောက်တုံးသွားရှာရင်း ပျောက်ဆုံးသွားခဲ့ပါတယ် ။ ဒီလိုနဲ့ တစ်နေ့မှာ သူချစ်ရတဲ့သူငယ်ချင်းကောင်မလေးကပျောက်သွားတဲ့သတင်းကြားရပြီး ကောင်မလေးအိမ်ကနေ လာပြောတဲ့အခါချန်ယုံတစ်ယောက် မနေနိုင်ဘဲ လိုက်ရှာရင်းဆန်းကြယ်မှုတွေနဲ့ ရှောင်ဖုန်းရွာကိုရောက်လာခဲ့ပါတော့တယ်။ရှောင်ဖုန်းရွာကလည်း ဝေ့ဖုန်းတိုင်ပြည်ဟောင်းတည်ရှိတဲ့နေရာဖြစ်နေတော့နဂါးကျောက်တုံးရှိတယ်ဆိုတဲ့ ဒဏ္ဍာရီတွေအရ ပျောက်သွားတဲ့သူငယ်ချင်းကိုရှာရင်း မထင်မှတ်ထားဘဲ သင်္ချိုင်းဟောင်းကြီးကိုတွေ့သွားပြီးနဂါးကျောက်တုံးရှာ‌ပုံတော်ကြီး စတင်ခဲ့ပါတော့တယ်
...

Unsung Hero (2024) ⭐IMDB: 7.1/10 (3 k Votes) 🎬 #Drama #Music #Family 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 53 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါတင်ဆက်ပေးမှာကတော့ For King&Country pop duoနှစ်ယောက်ဖြစ်တဲ့ Joelနဲ့Luke smallbone တို့ညီအစ်ကိုနှစ်ယောက်ရဲ့ငယ်ဘဝမိသားစုအကြောင်းကိုရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ ဒေးဗစ်နဲ့ဟယ်လန်စမောဘုန်းတို့ရဲ့သားသမီးခြောက်ယောက်ထဲမှာ ဂျိုအယ်လ်နဲ့လုခ်တို့ညီအစ်ကိုနှစ်ယောက်က “For King&Country”ဆိုတဲ့အမည်နဲ့အနုပညာအလုပ်များလုပ်ပြီး သူတို့ရဲ့အစ်မဖြစ်တဲ့ Rebecca St.James ကလည်းအောင်မြင်တဲ့အနုပညာဖြစ်လာပါတယ် သူတို့တွေဟာ ဂရမ်မီဆုတွေအများကြီးဆွတ်ခူးထားနိုင်တဲ့အနုပညာရှင်တွေပါ ဒီဇာတ်ကားမှာ သူတို့ရဲ့ငယ်ဘဝက ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေနဲ့ မိသားစုဝင်တွေအချင်းချင်းဖေးမကူညီအားပေးပြီး ချစ်ခြင်းမေတ္တာတွေအကြောင်းကိုရိုက်ကူးထားတာပါ ဖခင်ဖြစ်သူ ဒေးဗစ်စမောဘုန်းဟာ ဖျော်ဖြေပွဲတွေကိုစီစဥ်ပေးရတဲ့အောင်မြင်တဲ့ပွဲစီစဥ်သူpromoter တစ်ယောက်ပါ. ဒါပေမဲ့ တစ်ခေါက်ကအလုပ်လုပ်ရင်းအမှားဖြစ်သွားပြီး ပိုင်ဆိုင်သမျှဆုံးရှုံးလိုက်ရပါတယ် အဲ့ဒါကြောင့် ပိုကောင်းတဲ့အနာဂတ်ကိုရှာမယ်ဆိုပြီး သြစတြေးလျကနေ အမေရိကားကိုပြောင်းလာပြီး ဘဝအသစ်စတင်ပါတယ် အဲ့မှာနေရင်း အခက်အခဲတွေကိုဖြတ်သန်းရင်းနဲ့ သူတို့ရဲ့သားသမီးတွေမှာ ဂီတပါရမီပါလာတာကိုသိပြီး အခက်အခဲတွေကြားမှ သားသမီးတွေရဲ့အိပ်မက်ကိုမြေတောင်မြှောက်ပေးဖို့ကြိုးစားခဲ့ပုံတွေကိုရိုက်ကူးထားတာပါ ထူးခြားတာက ဒီဇာတ်ကားကို ဂျိုအယ်လ်စမောဘုန်းကိုယ်တိုင်ဒါရိုက်တာအနေနဲ့ပါဝင်ရိုက်ကူးထားပြီး ဖခင်ဖြစ်သူ”ဒေးဗစ်”နေရာမှာလည်း သူကိုယ်တိုင်ပဲပါဝင်သရုပ်ဆောင်ထားတာပါ IMDB rating လည်း 7.3/10အထိရရှိထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ကောင်းလေးတစ်ခုဖြစ်ပါတယ်
...

In the Heart of the Sea (2015) ⭐IMDB: 6.9/10 (149 k Votes) 🎬 #Action #Adventure #Biography #Thriller #Drama #History 🗓 2015 🎞 movie 🌎 #Australia #Spain #USA #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 1 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 6.9/10Genre Action/Adventure/Biography ဒီဇာတ်လမ်းကတော့ Moby Dick ဝတ္ထုကိုအခြေခံပြီးတော့ ရုပ်ရှင်အနေနဲ့ ပြန်လည်ရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ မင်းသား Chris Hemsworth, Tom Odell,Benjamin Walker နဲ့ Cillian Murphy တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းချုပ်အနေနဲ့ကတော့ တွင်းထွက်လောင်စာဆီတွေ မပေါ်သေးတဲ့ ၁၉ ရာစုအစောပိုင်း နန်တူကတ်မြို့ကိုအခြေခံထားပြီးတော့ ဒီကာလမှာ လောင်စာဆီအနေနဲ့ ဝေလငါးအဆီကို အသုံးပြုကြပါတယ်။အဲဒီအချိန်မှာ အက်ဆက်ဝေလငါးဖမ်းသင်္ဘောကြီးနဲ့အတူ ဝေလငါးဖမ်းဖို့သင်္ဘောသားတစ်စုထွက်လာကြပါတယ်။ ဒီသင်္ဘောကြီးကို ကပ္ပတိန်‌ ဂျော့ ပေါလတ်နဲ့အတူ အိုဝင်ချေ့စ်ဆိုတဲ့ လက်ထောက်ကပ္ပတိန်တို့ကဦးစီးပြီးတော့ ရွက်လွှင့်လာခဲ့ကြပါတယ်။ ဂျော့ပေါလတ်ဆိုတာကတော့ ဝေလငါးလောင်စာဆီ ကုမ္ပဏီကသူဌေးသားဖြစ်ပြီးတော့ အိုဝင်ချေ့စ်ဆိုတာကတော့ နန်တူကတ်မြို့ရဲ့ ငယ်မွေးခြံပေါက် ဝေလငါးဖမ်းသမားပေါ့။ အဲဒီလိုနဲ့ ပေါလတ်နဲ့ဂျော့တို့က မာနချင်းပြိုင်ပြီးတော့ ခရီးဆက်လာကြပါတယ်။ ဒီလိုနဲ့ ပထမဆုံးသူတို့ရဲ့ ဝေလငါးတစ်ကောင်ကို အောင်အောင်အောင်မြင်မြင် ဖမ်းနိုင်ခဲ့ပြီးတဲ့နောက်မှာနောက်ထပ်ဝေလငါးတွေ ထပ်မတွေ့တော့ဘဲ တော်တော်ကြာကြာရွက်လွှင့်ခဲ့ကြရပါတယ်။ ကျွန်းတစ်ကျွန်းကိုရောက်တော့ ရိက္ခာထပ်ဖြည့်ရင်း သင်္ဘောသားတစ်ယောက်ဆီကနေပြီးတော့ဝေလငါးကြီးတစ်ကောင်ရဲ့ သတင်းကို ကြားပြီးတော့ ဒီဝေလငါးကြီးနောက်ကိုလိုက်မယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြပါတော့တယ်။ရက်တော်တော်ကြာအောင် ရွက်လွှင့်လာပြီးတဲ့နောက်မှာ ဒီဝေလငါးကြီးနဲ့တွေ့ပါပြီ။အိုဝင်ချေ့စ်တို့ သင်္ဘောသားအုပ်စုနဲ့ ဝေလငါးကြီးတို့ အားပြိုင်ကြရင်းနဲ့ငါးဖမ်းလှေကြီးပါ နစ်မြုပ်သွားခဲ့ပါတယ်။ အဲဒီနောက်မှာ အီုဝင်ချေ့စ်တို့ သင်္ဘောသားတွေအကုန်လုံးလှေငယ်လေးတွေနဲ့ ပင်လယ်ပြင်မှာအိမ်အပြန်လမ်းကို ရှာကြရပါတော့တယ်။ အစာရေစာမလုံလောက်ဘဲနဲ့ ခက်ခက်ခဲခဲ ပင်လယ်ထဲမှာဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ရမလဲ နန်တူကတ်မြို့ကို ဘယ်သူတွေပြန်ရောက်လာမလဲဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဒီအဖြစ်အပျက်အစအဆုံးကို ကြုံတွေ့ခဲ့ရတဲ့ နစ်ကာဆင်ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ ရှုထောင့်ကနေ တင်ဆက်ပြသထားပါတယ်။ ဒီဇာတ်ကားထဲမှာ အိုဝင်ချေ့စ်အနေနဲ့ Chris Hemsworth,ကပ္ပတိန်‌ ဂျော့ပေါလတ်အနေနဲ့ Benjamin Walker နဲ့နစ်ကာဆင်ဆိုတဲ့ သင်္ဘောသားလေးအနေနဲ့ Tom Odell တို့က သရုပ်ဆောင်ထားပါတယ်။
...

Mirzapur (2018) ⭐IMDB: 8.5/10 (83 k Votes) 🎬 #Crime #Action #Adventure #Drama #Thriller 🗓 2018 🎞 tv series 🌎 #India ⏰ 49 မိနစ် 1 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mirzapur(2018/2020)SE1/SE2 အညွှန်း ****************************** စ/ဆုံး (ဒီစီးရီး တခြားအိန္ဒိယကားတွေနဲ့ ကွဲပြားလိမ့်မယ်လုိ့ထင်ပါတယ်…Overတွေမပါသလို ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်ကာလနဲ့စတင်ပြီး မူးယစ်ဂိုဏ်းတွေ၊လူမိုက်ပေါင်းစုံတွေ ခရိုနီတွေနဲ့ အာဏာရဖို့အရေး နည်းမျိုးစုံနဲ့ကြိုးစားတဲ့သူတွေနဲ့ဖွဲ့စည်းထားပြီး အတော်ကြီးကိုကြမ်းပါတယ်…) တရးဥပဒေစိုးမိုးမှုမရှိတဲ့ မီဇာပူးမြို့မှာမီလျံနာသူဌေးတစ်ဖြစ်လဲမာဖီယားဂိုဏ်းစတားဖြစ်သူ အခန်ဒနန် ထရီပါသီ ဟာသြဇာအာဏာကြီးမားပြီး တစ်မြို့လုံးကိုချုပ်ကိုင်ထားတယ်… သူ့ရဲ့တစ်ဦးတည်းသောသားဖြစ်သူ မူနာ ထရီပါသီ ကတော့ အရည်အချင်းမရှိ ဖခင်ဖြစ်သူရဲ့အမွေစရိုက်အရာနဲ့ထိုက်တန်ခြင်းမရှိဘဲ အာဏာပါဝါ မက်မောတမ်းတနေတဲ့လူတစ်ယောက်… သူဟာမင်္ဂလာပွဲတစ်ခုရဲ့အဖြစ်အပျက်တစ်ခုကြောင့် ရိုးဖြောင့်မှန်ကန်တဲ့ရှေ့နေတစ်ဦးဖြစ်သူ ရမခန်ပါဒစ် နှင့် သူ့သားများဖြစ်ကြတဲ့ ဂူဒူနဲ့ဘာလူး တို့မိသားစုနဲ့ရင်ဆိုင်လာရတော့တယ်.. .ဂူဒူနဲ့ဘာလူးတို့ဟာ သူ့အဖေကိုမီပူဇာမြို့ဘုရင်ရဲ့သားဖြစ်သူရဲ့ အနှောင့်အယှက်အန္တရာယ်ပေးမှုအောက်မှ ကာကွယ်ဖို့အတွက် မီပူဇာမြို့ဘုရင် အခန်ဒနန်ထရီပါသီရဲ့လက်အောက်မှာ အလုပ်လုပ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်. .ဒီလိုလောကမျိုးကြီးဟာ ဝင်ပြီးရင်ပြန်ထွက်မရဘူးဆိုတာသူတို့သိပေမယ့် အဖေကိုလဲကာကွယ်နိုင် ငွေလဲအလွယ်တကူရှာနိုင်မှာဖြစ်တဲ့အတွက် မျက်စိစုံမှိတ်ကာညီအစ်ကိုနှစ်ယောက် ရှေ့ဆက်တိုးခဲ့ကြတဲ့ပြီး မီပူဇာမြို့ဘုရင်ကြီးရဲ့ ခြင်္သေ့များဖြစ်လာကြတဲ့အခါမှာတော့… (၁၉)ပိုင်းထွက်ရှိထားပါတယ်..တစ်ရက်တစ်ပိုင်းတင်ဆက်ပေးသွားပါ့မယ်
...

Insomnia (2024) ⭐IMDB: 6.0/10 (687 Votes) 🎬 #Drama #Thriller 🗓 2024 🎞 tv series 🌎 #UnitedKingdom ⏰ 46 မိနစ် 23 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ စာရေးဆရာမ Sarah Pinborough ရဲ့ ဝတ္ထုကို ပြန်ရိုက်ကူးတင်ဆက်ထားတဲ့ Thriller ဗြိတိန်ကားလေးတစ်ကားပါ….. ဇာတ်လမ်းလေးကတော့……အမ်မာ နဲ့ ဖီဘီဆိုတဲ့ ညီအစ်နှစ်ယောက်ရဲ့အမေက အသက်၄၀ပြည့်မွေးနေ့မှာ ညအိပ်မပျော်တဲ့ရောဂါကနေ စိတ်ဖောက်ပြန်သွားခဲ့ပါတယ်…..အဲဒီညမှာပဲ အမ်မာရဲ့ အစ်မ ဖီဘီ့ကို လည်ပင်းညှစ်ခဲ့ပြီး အမ်မာ့ကိုလည်း မကောင်းတဲ့သွေးပါနေတာကြောင့် အသက်၄၀ပြည့်ရင် သူ့လိုဖြစ်မယ်လို့ပြောခဲ့တာပါ…..အဲဒီလိုဖြစ်ပျက်ပြီးနောက် အမ်မာ နဲ့ ဖီဘီတို့လည်း မွေးစားမိဘတွေဆီရောက်ပြီး ဖြတ်သန်းခဲ့ရာက အမ်မာ့အသက်၄၀ပြည့်မွေးနေ့မရောက်ခင် ၂ပတ်အလိုမှာ အမ်မာက ညဘက်အိပ်မပျော်တဲ့ရောဂါ ခံစားရလာပါတယ်….. သူ့အမေကလည်း သူ့ကိုယ်ထဲမှာ မကောင်းတဲ့သွေးတွေရှိနေတာမို့ အသက်၄၀ပြည့်မွေးနေ့မှာ သူ့လိုဖြစ်လာမယ်လို့ပြောခဲ့တဲ့စကားကို ကြားယောင်ပြီး အမ်မာလည်းကြောက်ရွံ့နေခဲ့ပါတော့တယ်……အဲဒီနောက်မှာတော့ စိတ်ရောဂါခံစားနေရတဲ့သူ့အမေလည်း ဆုံးသွားခဲ့ပြီး အမ်မာလည်း ဒီအဖြစ်ဆိုးကြီးကို ဘယ်လိုဖြတ်ကျော်မလဲဆိုတာ ကြည့်ရှုခံစားရမှာပါ……သူ့အမေပြောခဲ့သလိုပဲ မကောင်းတဲ့သွေးပါနေတာကြောင့် အိပ်မပျော်တာလား စိတ်စွဲနေလို့ပဲ အိပ်မပျော်တာလား ဒီလိုရောဂါမျိုးက မျိုးရိုးများလိုက်တာလားဆိုတာကတော့ ဇာတ်လမ်းလေးထဲမှာဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး
...