ဇာတ်ညွှန်းများ • FDMN
قناة بسيطة
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Bonus Trip (2024) ⭐IMDB: 4.5/10 (204 Votes) 🎬 #Action #Comedy 🗓 2024 🎞 movie 🌎 #Hungary ⏰ 1 နာရီ 56 မိနစ် 1 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Jackie Chan နဲ့ Chris Tucker တို့ Tommy Lee Jones နဲ့ Will Smith တို့ The Rock နဲ့ Kevin Hart တို့လိုမျိုး မင်းသားနှစ်ယောက်ပေါင်းပြီး အကောင်းဆုံးချပြခဲ့တဲ့ အက်ရှင်ဟာသရုပ်ရှင်တွေကိုသဘောကျတဲ့သူတွေအတွက် အသစ်ထွက်ရှိထားတဲ့ Bonus Trip ဆိုတဲ့ဇာတ်ကားလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့အရမ်းကြီးနာမည်ကြီးပြီးထောက်ပြ စရာလိုတဲ့လူတွေတော့မပါကြပေမဲ့ ဥရောပမှာ အချိန်ပေးပြီး ဘက်ဂျက်ကောင်းကောင်းနဲ့သေချာရိုက်ကူးထားတာမျိုး ဖြစ်တဲ့အတွက် ကြည့်ရအဆင်ပြေတဲ့ နောက်ထပ်နှစ်ယောက် ပေါင်းလောင်းကျော် ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ နှစ်ယောက်ပေါင်းလောင်းကျော်ထဲက ပထမဆုံးတစ်ယောက်ကိုတွေ့ရမှာဖြစ်ပြီး သူ့နာမည်ကတော့ မာရှယ်ဖြစ်ပါတယ်။မာရှယ်ရဲ့တာဝန်ကတော့ ဉာဏ်ရည်ပိုင်ဆိုင်မှု ပစ္စည်းဖြစ်တဲ့ သီချင်းတို့ ရုပ်ရှင်တို့ကို ခိုးကူးပြီးပြန်ဖြန့်တာတို့ ပြန်သုံးစွဲတာတို့လုပ်တဲ့လူတွေကို လိုက်စုံစမ်းရတဲ့အရာရှိ တစ်ယောက်ပဲဖြစ်ပါတယ်။ ဒါပေမယ့်သူ့အတွက် အဲ့လိုအလုပ်ကြီးကအရမ်းပျင်းစရာကောင်းပြီး သူကိုယ်တိုင်ကလှုပ်လှုပ်ရှားရှားအက်ရှင်ဘ၀ကိုကြိုက်တဲ့သူဖြစ်တဲ့ အတွက် တာဝန်ပေးလိုက်တိုင်း ခုတ်ရာတခြားရှရာတလွဲအမြဲတမ်း ဖြစ်နေသူဖြစ်ပါတယ်။အဲ့လိုအလွဲတွေလုပ်နေပေမဲ့လည်း သူ့အထက် အရာရှိသူငယ်ချင်းရဲ့ တူဖြစ်နေတဲ့အတွက် ဘာမှလုပ်မရတော့ ခေါင်းခဲနေရာကနေ ဥရောပမှာ ခိုးကူးအမှုကိုသွားစုံစမ်းဖို့ တခြားဌာနက အရာရှိတစ်ယောက်နဲ့အတူတာဝန်ပေးလိုက်ပါတော့တယ်။ နောက်တစ်ယောက်ကလည်းသူနဲ့နည်းတူ Youtuber တလွဲဆရာကြီး ဖြစ်တဲ့အတွက် နှစ်ယောက်လုံးငါ့လက်ကလွတ်ဗြွတ်ဆိုပြီး ဥရောပကို လွှတ်လိုက်ရာကနေမှ ခိုးကူးကိစ္စထက်ပိုဆိုးတဲ့ ရာဇဝတ်မှုတွေနဲ့ သွားပတ်သတ်မိတဲ့အခါမှာတော့ ဆရာကြီး ၂ ယောက်သားဘယ်လိုတွေ တလွဲတွေလုပ်ပြီး ဘယ်လိုအမှုတွေကိုဖြေရှင်းသွားဦးမလဲဆိုတာကို ရှုစားရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။...
This Ain't I Dream of Jeannie XXX (2010) ⭐TMDB: 50% User Score 🎬 #Adult #Comedy 🗓 2010 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 41 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 This Ain’t I Dream of Jeannie XXX (2010)IMDB : 5Genre : Pornography I Dream of Jeannie ကြည့်ပြီး ဂျင်းနီကိုပစ်မှားဖူးတဲ့လူရှိရင်ဒီ ဇာတ်ကားကြည့်လိုက်ဗျာ။ သရုပ်ဆောင်တွေမညံ့သလို၊အပြင်အဆင်ကလည်း လန်းတယ်။ ဂျင်းနီနေရာကသရုပ်ဆောင်တဲ့ မင်းသမီးလေးကလည်း ချစ်ဖို့ကောင်းချက်ကကြည့်ထွက်၊ ကြားထွက်၊ မြင်ထွက်ရုပ်လေး။ ဒါတင်မကသေးဘူး Lesbian အတွဲလေးကပါပါလိုက်သေးတယ်။ကြည့်လိုက်ကြပါဦး။...
Hashtag Tadev Lagnam (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Comedy #Drama #Family #Romance 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 56 မိနစ် 36 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Hashtag Tadev lagnam (2024) “လေးဆယ်ကျော်အချစ်”IMDb – 8.0/10 ပေါ့ပေါ့ပါးပါးနဲ့ အပျင်းပြေစေမဲ့မာရသီအချစ်ဟာသဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ၃၆ကြိမ်မြောက်ထိ နည်းလမ်းအမျိုးမျိုးနဲ့အိမ်သူသက်ထားရဖို့အရေး ကြိုးစားခဲ့ပေမဲ့ အကြိမ်တိုင်းငြင်းခံခဲ့ရတဲ့ လူပျိုသိုးကြီးတစ်ယောက်။ မိဘတွေမရှိဘဲ ကိုယ်ဝန်သည်နှမဖြစ်သူကိုအိမ်မှာခေါ်စောင့်ရှောက်ပေးနေတဲ့ အစ်ကိုကြီးလည်းဖြစ်။ဒါပေမဲ့လည်း ဇွဲမလျော့သေးဘဲ နောက်ဆုံးကြိုးစားကြည့်တဲ့သူကတော့လေးဆယ်နားကပ်နေတဲ့အပျိုကြီး ဂါယာတရီ။ ဂါယာတရီကတော့ မိုးလင်းကမိုးချုပ်လင်ယူဖို့ပဲ တပူဆာဆာလုပ်နေတဲ့ အမေဖြစ်သူနဲ့အကြောမတည့်လှ။ သူတို့နှစ်ယောက် ဆုံတွေ့ကြချိန်မှာတော့ရယ်စရာမောစရာလေးတွေနဲ့ အပျင်းတော်ပြေစေမှာမို့ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်၊)...
Love 4 Sale (2024) ⭐- 🎬 #Bollywood #Comedy #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 2 မိနစ် 21 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Love 4 Sale (2024)”ပျားရည်ထောင်ချောက်'”================================= ၂၀၂၄ က ထွက်ရှိခဲ့တဲ့ မာလျာလမ်စကားပြောမှုခင်းဆန်ဆန် ဒရာမာရုပ်ရှင်လေးကို ပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ မှုခင်းဆန်တယ်ဆိုပေမဲ့တခြားမှုခင်းရုပ်ရှင်တွေလို ဆီရီယယ်ကေလာတွေကိုလူလွန်မသား စုံထောက်တွေက မရှိတဲ့သဲလွန်စကိုရှာပြီးဖမ်းဖို့ကြိုးစားတဲ့ဇာတ်လမ်းမျိုးမဟုတ်ပါဘူး။ ဒီဘက်ခေတ်မှာ မကြာမကြာတွေ့နေရတဲ့နှစ်ကိုယ်ကြားဓာတ်ပုံဗွီဒီယိုတွေ ပြန့်နေတဲ့ကိစ္စတွေကို ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ မာလျာလမ်လူမျိုးတွေ အနေများတဲ့မြို့ငယ်လေးတစ်ခုရဲ့ ရဲစခန်းကို အမေရိကန်က မာလျာလမ်လူမျိုးတစ်ယောက်ရောက်လာတယ်။ ပြီးတော့ အဲဒီမြို့က ဟန်နီဆိုတဲ့ကောင်မလေးတစ်ယောက်ကသူ့ကို အဖော်အချွတ်ပုံတွေပြပြီး ငွေနှစ်သိန်း(ဗမာငွေမဟုတ်)လိမ်သွားတယ်လို့တိုင်ချက်ဖွင့်တယ်။ အဲဒီအမှုကို စုံစမ်းကြည့်လိုက်တော့အမေရိကန်ကလူကို ရိုက်စားလုပ်သွားတဲ့သူကဟန်နီမဟုတ်ဘဲ ဟန်နီရဲ့ရည်းစားဖြစ်နေတာတွေ့ရတယ်။ ယုံကြည်မှုကို အလွဲသုံးစားလုပ်ခံလိုက်ရတဲ့ဟန်နီကသူ့သိက္ခာကို ပြန်ဆယ်ဖို့ကြိုးစားပြီး သူ့ရည်းစားရဲ့နောက်ထပ်သားကောင်တွေကိုပါ ကယ်ဖို့လုပ်ရင်းကနေ နောက်ထပ်အများကြီးပိုကြီးတဲ့ပြဿနာတွေနဲ့ရင်ဆိုင်ရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ V~ Star~ Cym~ KKKZ နဲ့ ZweYan တို့ပါ။)...
Anxiety (2023) ⭐TMDB: 54% User Score 🎬 #Drama 🗓 2023 🎞 movie 🌎 #Germany #Poland #Switzerland ⏰ 1 နာရီ 32 မိနစ် 5 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 polish- german ပူးပေါင်းရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးက မယ်ဂိုဇာတာနဲ့ လုပ်ခ့်ခါဆိုတဲ့ ညီအစ်မနှစ်ယောက်ကြားက ရင်းနှီးတဲ့ဆက်ဆံရေးကို ခရီးစဉ်တိုလေးတစ်ခုမှာ မြင်တွေ့ ရမှာဖြစ်ပါတယ်။ မယ်ဂိုဇာတာက ကင်ဆာရောဂါခံစားနေရသူဖြစ်ပြီး လူ့လောကကို စွန့်ခွာချင်သူပါ၊ သူ့ညီမဖြစ်သူ လုခ့်ခါကတော့ သူ့ဘဝကို အရှုံးမပေးဘဲ ဆက်တိုက်ခိုက်နိုင်အောင် အားပေး နိုင်တယ်လို့ ယုံကြည်ပါတယ်။ အတိတ်က အကြောင်းတွေနဲ့ ငိုကြ ရယ်ကြ ၊ ရန်ဖြစ်ကြရင်း ညီအစ်မနှစ်ယောက်ကြားက real ဖြစ်တဲ့ ဆက်ဆံရေးမျိုးကို ဝမ်းနည်းဝမ်းသာ တစိမ့်စိမ့် ခံစားကြည့်ရှုရမှာပါ။ Magdalena Cielecka က မယ်ဂိုဇာတာ အဖြစ်ပါဝင်ထားပြီး Marta Nieradkiewicz က လုခ့်ခါအဖြစ် သရုပ်ဆောင်ထားပါတယ်။...
G-Men (2023) ⭐IMDB: 5.6/10 (111 Votes) 🎬 #Comedy #Drama #Romance 🗓 2023 🎞 movie 🌎 #Japan ⏰ 2 နာရီ 32 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 G-Men (2024) ကျောင်းကို အတန်းတွေ ခွဲလိုက်တာမှာ G အတန်းကို ရောက်လာကြတဲ့သူတွေက ဆိုးသပါ့ဆိုတဲ့သူတွေ အကုန်ရောက်လာတဲ့အတန်းပါ။ ဒါပေမယ့် ဒီအတန်းရဲ့ အစဥ်အလာရှိပါတယ်.. အဲ့ဒါကတော့ ဒီအတန်းက ကျောင်းသားတွေက လျှို့ဝှက်ဖွဲ့စည်းထားတဲ့ အဖွဲ့ရှိပြီး အဲဒီအဖွဲ့က ကျောင်းသူကျောင်းသားတွေကို ပြင်ပအဖွဲ့က လာထိရင် ပြန်ချပါတယ်။ ဒီမှာလည်း ဒီလို စိတ်ထားရှိတဲ့သူတွေ စုလာပါတယ်။ ဒီဇာတ်လမ်းက ခပ်မြူးမြူးလေးပါ။ ဒါရိုက်တာTôichirô Rutô က စီစဥ်ရိုက်ကူးထားပြီးတော့ IMDb rating 5.6 ရရှိထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့Thy Santaဖြစ်ပါတယ်။)...
From Hilde, with Love (2024) ⭐IMDB: 7.0/10 (659 Votes) 🎬 #Biography #Drama #History 🗓 2024 🎞 movie 🌎 #Germany ⏰ 2 နာရီ 5 မိနစ် 7 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 From Hilde with Love (2024) IMDb Rating (7.0) / Rotten Tomatoes (80%) ဒုတိယကမ္ဘာစစ်ကာလမှာ ဟစ်တလာရဲ့ နာဇီဝါဒဟာ သူ့လူမျိုးအတွက် ဦးတည်လို့ ဘယ်လိုပဲဆိုဆို နာဇီဝါဒကို ဂျာမန်ပြည်တွင်းထဲမှာပဲ လက်ခံသူတွေရှိခဲ့သလို လက်မခံသူတွေလည်း ရှိခဲ့တယ်။ ဒီကာလက ဝါဒရေးရာတွေ အမြင်က ရှင်းမယောင်နဲ့ အသေးစိတ်ကြည့်ရင် တော်တော်ရှုပ်ထွေးတာတော့ အားလုံးသိပြီးကြသလိုပါပဲ။ အာရင်ဘတ်စာတွေထဲကလိုပဲ စစ်ပွဲကာလနဲ့ လူ့အမြင်တွေ လူသားဆန်မှုတွေက ရှင်းမရတဲ့ချည်ခင်တွေလိုပါပဲ။ ဒီဇာတ်လမ်းကတော့ အဲဒီလိုဇာတ်လမ်းတွေထဲက တစ်ခုဖြစ်တဲ့ ဇာတ်လမ်းပါပဲ။ ဇာတ်ကတော့ Hildeဆိုတဲ့ ဂျာမန်မလေးအကြောင်းပါ။ သူက ဒုတိယကမ္ဘာစစ်ကာလမှာ နာဇီဝါဒါကိုဆန့်ကျင်ပြီး ကွန်မြူနစ်ဝါဒကို အားပေးပြီး ရုရှတွေနဲ့ ဆက်သွယ်ခဲ့လို့ သေဒဏ်ပေးခံခဲ့ရတဲ့သူပါပဲ။ ၁၉၄၂ နှစ်ကုန်ပိုင်းမှာ ကိုယ်ဝန်ရှိနေတုန်း ဂတ်စတာပိုတွေဖမ်းခေါ်သွားတာခံခဲ့ရပြီး ထောင်ထဲမှာပဲ ကလေးမွေးခဲ့ပြီး ၁၉၄၃နှစ်ကုန်ပိုင်းမှာ ကွပ်မျက်ခံခဲ့ရပါတယ်။ ကွပ်မျက်မခံရရင် ဒီသနားစရာ မိန်းကလေးက ဟစ်တာလာဆီ အသနားခံစာ တင်ခဲ့ပေမဲ့ ဟစ်တလာက ပယ်ချခဲ့ပါတယ်။ ရုပ်ရှင်ထဲတော့ စစ်ရေးကို ထည့်မပြောသွားပေမဲ့လည်း ၁၉၄၃နှစ်စပိုင်းမှာ အရှေ့ပိုင်းစစ်မျက်နှာမှာ စတာလင်ဂရက်တိုက်ပွဲမှာ ဂျာမန်တွေရှုံးခဲ့တယ်။ ဒုတိယကမ္ဘာစစ်ကို အဆုံးအဖြတ်ပေးခဲ့တဲ့ တိုက်ပွဲလို့လည်းဆိုကြတယ်။ ဒီတိုက်ပွဲမှာ ဆိုဗီယက်နိုင်ပြီးဂျာမန်တွေအားလျော့သွားပြီးနောက်မှ မဟာမိတ်တွေက ဆက်တိုက်ခဲ့တယ်လည်း ဆိုကြတယ်။ ဒါက ထည့်စဉ်းစားရမယ့်အချက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သမိုင်းက ဘယ်တော့မှ တစ်လမ်းတည်းမသွားခဲ့သလိုပေါ့။ (အညွှန်းနဲ့ဘာသာပြန်ကတော့WiRa Aungဖြစ်ပါတယ်။)...
Costly Korikalu (2023) ⭐TMDB: 0% User Score 🎬 #Bollywood #Drama 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 31 မိနစ် 4 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Costly Korikalu 2024 (ဈေးကြီးတဲ့ အိပ်မက်များ) ယခုတစ်ခါမှာတော့ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ထုံအအနဲ့ အတန်းပညာပြည့်စုံအောင်မတတ်ခဲ့ရတဲ့ဝရိန်သမားလေး ဆူဘာ့ရှ်အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။ လူတိုင်းက အသုံးမကျတဲ့သူလို့ပဲ မြင်နေတဲ့ဆူဘာ့ရှ်ဆိုတဲ့ကောင်လေးတစ်ယောက်ဟာငယ်စဉ်အခါက မိဘတွေဟာ ငွေကြေးမတတ်နိုင်တဲ့အတွက်နဲ့ပညာကို ပြီးပြည့်စုံအောင် သင်ကြားမပေးနိုင်ခဲ့ပါဘူး။ ဒီအတွက်နဲ့ သူဟာ မိဘတွေကို ပိုက်ဆံရှာပြီး လုပ်ကျွေးမယ်လို့ ကြံနေတုန်းမှာပဲမိဘတွေဟာ ဆုံးပါးသွားခဲ့ပါတယ်။ ဒီလိုနဲ့ မြို့မှာဝရိန်ဆိုင်ဖွင့်ထားတဲ့အစ်ကိုတစ်ယောက်ကလုပ်ကိုင်စားနိုင်ဖို့ ပညာသင်ပေးမယ်ဆိုပြီးခေါ်သင်ပေးပေမဲ့ ထုံထုံအအ ဆူဘာ့ရှ်တစ်ယောက်ကတော့၃လကြာတဲ့အထိ ဘာမှ မတတ်လာတဲ့နောက်မှာ ရွာကို ပြန်လွှတ်ခြင်းခံလိုက်ရပါတော့တယ်။ လက်ထဲမှာ ရူပီး၁ရာပဲ ကျန်တော့ပြီး အဲဒီလက်ကျန်ငွေလေးမကုန်ခင်အလုပ်ရှာရမယ်လို့တွေးရင်း ခြေဦးတည့်ရာလျှောက်လာရင်းညဘက်ရောက်လာတော့ တွေ့ရာနေရာ ဝင်အိပ်နေပါတော့တယ်။ ဒီလိုအိပ်နေတုန်းမှာပဲ သူ့အနားကို အိတ်တစ်လုံးကျလာတာနဲ့ခေါင်းခုပြီးအိပ်နေလိုက်ပါတယ်။ အချိန်အတော်ကြာ အိတ်ကိုလာယူတဲ့သူလည်းမရှိအဲဒီနားမှာလည်း ရဲတွေက ခြေချင်းလိမ်လာတော့ အိတ်ကိုဆွဲပြီး တခြားပြေးပါတော့တယ်။ တကယ်တော့ အဲဒီအိတ်ဟာ ဘဏ်ဓားပြတိုက်ရာကနေပြုတ်ကျလာခဲ့တာဖြစ်ပြီး အဲဒီအိတ်ထဲမှာ ငွေတွေအပြည့်ရှိနေခဲ့ပါတယ်။ဆူဘာ့ရှ်တစ်ယောက် အဲဒီငွေအိတ်ကြီးနဲ့အတူ ရွာပြန်ပြီး ဘာတွေဆက်ဖြစ်လာမလဲ …..ဘဏ်ဓားပြမှုကို စုံစမ်းနေတဲ့ အရာရှိတွေကရော ဒီအမှုကြီးကို လိုက်နိုင်ပါ့မလား ….ဆူဘာ့ရှ်တစ်ယောက်ရော ဘာတွေဘယ်လိုကြုံတွေ့ရဦးမလဲ ….ဆိုတာတွေကိုကြည့်ရှုရမဲ့ ဒရာမာကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~Cym~Star ~KKKZ~ZweYan တို့ပဲဖြစ်ပါတယ်)...
Cat Girl (2013) ⭐TMDB: 60% User Score 🎬 #Adult #Drama #Romance 🗓 2013 🎞 movie 🌎 # ⏰ 1 နာရီ 26 မိနစ် 2 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 ******************** ဂျွန်ချောက သရုပ်ဆောင်ဖြစ်ဖို့ ကြိုးစားနေတဲ့သူတစ်ဦးဖြစ်ပြီး သူ့ရဲ့ချစ်သူကောင်မလေး ဟျွန်းဂျူနဲ့ အတူနေနေပါတယ် .. ။ ဟျွန်းဂျူက လက်ထပ်ဖို့ ဆန္ဒရှိတာဖြစ်လို့ မိဘတွေနဲ့ ဂျွန်ချောကို တွေ့စေချင်နေပေမဲ့ ဂျွန်ချောကတော့ ဇာတ်လိုက်မင်းသားလုပ်ရပြီးနောက်မှပဲ မိဘတွေကို သွားတွေ့ပါရစေဆိုပြီး အချိန်ဆွဲထားတဲ့အတွက် ဟျွန်းဂျူလည်း ဂျွန်ချောကို ပြတ်မယ်ပြောပြီး အိမ်ကနေ နှင်ထုတ် လိုက်ပါတော့တယ် .. ။ ဂျွန်ချောတစ်ယောက် နေစရာမရှိဖြစ်နေချိန်မှာပဲ စီနီယာတစ်ယောက်က သူ အလုပ်ခရီးထွက်နေတုန်း သူ့အိမ်က ကြောင်လေးကို ကြည့်ပေးထားပါဆိုပြီး တောင်းဆိုလာပါတယ်။ ဒါပေမဲ့ တကယ်တမ်း သွားကြည့်လိုက်တော့ ကြောင်လေးမဟုတ်ဘဲ စကားမပြောနိုင်တဲ့ အိမ်ပြေးကောင်မလေး ဖြစ်နေပါတယ်။ ဒီလိုနဲ့ ဂျွန်ချောနဲ့ ကြောင်မလေးလို့ ခေါ်တဲ့ အိမ်ပြေးကောင်မလေးနဲ့ အတူတူ နေထိုင်ဖြစ်သွားပြီး နှစ်ဦးသား ရင်းနှီးလာကြတဲ့အခါမှာတော့...
Big Rage (2024) ⭐IMDB: 3.7/10 (134 Votes) 🎬 #Action #Thriller #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 26 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိသတ်တွေအတွက် အက်ရှင် ဇာတ်ကားတစ်ကားကို ယူဆောင်လာပါပြီ။ ၂၀၂၄ ခုနှစ်တုန်းက ထွက်ရှိခဲ့ပြီးတော့ ဒါရိုက်တာ Waymon Boone က ရိုက်ကူးထားပါတယ်။ အဓိကသရုပ်ဆောင်တွေအဖြစ် Fabian Arnold, Meredith Thomas, Justin Powell, David Millbern တို့က ပါဝင် ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောပြရရင် ပြန်ပေးဆွဲခံလိုက်ရတဲ့ လီသီယမ်မိုင်းပိုင်ရှင် သူဌေးကြီးရဲ့သမီးကို လက်ဝှေ့ သမားဟောင်းနှစ်ယောက်က ပြန်လည်ကယ်တင်ဖို့ ကြိုးစားကြပါတယ်။ အဲဒီလိုနဲ့ သူတို့နှစ်ယောက်ရဲ့အတိတ်ဆိုးတွေ ပြန်ပေါ်လာပြီးတော့ တစ်ယောက်ရဲ့စိတ်ဒဏ်ရာကို တစ်ယောက်ကကုစားပေးရင်း စွန့်စားမှုတွေကြားထဲကနေ ပြန်ပေးဆွဲခံလိုက်ရတဲ့သူကို ကယ်တင်ကြပုံကို ရှုစားကြရမှာပါ။ အက်ရှင်ခန်းတွေက ကြည့်လို့ကောင်းပြီးတော့ ဇာတ်လမ်းက အကြမ်းစားတွေချည်းပဲမဟုတ်ဘဲ emotional ဖြစ်စေတဲ့ အခန်းလေးတွေလည်း ပါပါတယ်။...
The Veil (2023) ⭐TMDB: 50% User Score 🎬 #Mystery #Horror #Thriller #Drama #ScienceFiction 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 10 မိနစ် 15 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 The Veil 2024=======IMDb rating – 5.3/10 ဒါရိုက်တာ Cameron Beyl ရိုက်ကူးထားတဲ့Horror/Mystery အမျိုးအစား ရုပ်ရှင်ဖြစ်ပါတယ်။ Rating ကတော့ အတော်အသင့်အနေအထားလေးမှာပဲရှိပေမယ့်ကြည့်ရတာ အတော်လေး အဆင်ပြေပါတယ်။ ဇာတ်လမ်းကတော့ အနားယူသွားတဲ့ခရစ်ယာန်ဘုန်းကြီးတစ်ပါးဟာ ဆိုလာမုန်တိုင်း (သို့) နေမုန်တိုင်း ဖြစ်နေတဲ့ညမှာမိန်းမတစ်ယောက်က အိမ်တံခါးလာခေါက်လို့ အိပ်ရာက နိုးလာခဲ့ပါတယ်။ ၎င်းမိန်းမ အိမ်ထဲရောက်လာတဲ့အခါမှာတော့ထူးဆန်းတဲ့ကိစ္စတွေ ဖြစ်လာခဲ့ပြီး ဘုန်းကြီးနဲ့ ဆက်စပ်နေတယ်ဆိုတာပါသိရှိလာခဲ့ပါတယ်။ ဆိုလာမုန်တိုင်းဖြစ်နေတဲ့ အတောအတွင်း ကောင်းကင်ကြီးတစ်ခုလုံးဟာလည်း ထူးဆန်းစွာနဲ့အစိမ်းရောင်သန်းနေပါတယ်။ နောက်ပိုင်း ဘာတွေ ထူးထူးဆန်းဆန်းဆက်ဖြစ်လာမလဲဆိုတာကိုတော့ ရုပ်ရှင်ကြည့်ပြီးပဲ အဖြေရှာကြည့်ပါတော့။...
Salut d'Amour (2015) ⭐IMDB: 7.2/10 (599 Votes) 🎬 #Comedy #Drama #Romance 🗓 2015 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 51 မိနစ် 58 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Salut d’Amour (2015) ************************ IMDb….7.2 ကျွန်တော်တို့ CM ကနေ ယခုတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ Comedy, Romance နဲ့ Drama အမျိုးအစားလေးဖြစ်တဲ့ Salut D’ Amour လို့ အမည်ရတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ ကျွန်တော်တို့ တော်တော်လေးရင်းနှီးပြီးသားဖြစ်တဲ့ မင်းသားကြီး Park Geung Hyung၊ မင်းသမီးကြီး Youn Yuh Jung၊ မင်းသား Jo Jin Woong၊ မင်းသမီး Han Ji Min၊ EXO အဖွဲ့ဝင် Park Chan Yeol နဲ့ မင်းသမီး Moon Ga Yeong တို့လို နာမည်ကြီးသရုပ်ဆောင် များစွာ ပါဝင်ထားပါသေးတယ်။ -ဇာတ်လမ်းအကျဉ်း- ဒေါသကြီးတဲ့ ရေတပ်သားဟောင်း စစ်ပြန်ကြီးတစ်ဦးဖြစ်တဲ့ ဂင်ဆောင်ချီး (Park Geung Hyung) ဟာ ဂင်ဂျန်ဆူ (Jo Jin Woong) ပိုင်တဲ့ မားကတ်တစ်ခုမှာ အလုပ်လုပ်နေတဲ့သူတစ်ဦးဖြစ်ပါတယ်။ တစ်နေ့ ဆောင်ချီးရဲ့ ဘေးအိမ်ကို ပန်းဆိုင်ပိုင်ရှင်ဖြစ်တဲ့ အင်မ်ဂွန်နင်း (Youn Yuh Jung) တစ်ယောက် အိမ်ပြောင်းလာခဲ့ကာ မိတ်ဖွဲ့ခဲ့ပါတယ်။ ဒေါသအိုးဆောင်ချီးတစ်ယောက် နူးညံ့တဲ့အင်မ်ဂွန်နင်းကြောင့် တဖြည်းဖြည်းပြောင်းလဲလာပြီး ခံစားချက်တွေ အရောင်ဆိုးလာတဲ့အခါ အသက်ကြီးစုံတွဲဖြစ်တဲ့အလျောက် ဂင်ဆောင်ချီးနဲ့ အင်မ်ဂွန်နင်းတို့ နှစ်ယောက် သူတို့ရဲ့ ဆက်ဆံရေးကို ဘယ်လိုရှေ့ဆက်ကြမလဲ.. သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းကို အင်မ်ဂွန်နင်းရဲ့ သမီးဖြစ်သူ ဂင်မင်ဂျောင်း (Han Ji Min) က ကန့်ကွက်လာတဲ့အခါမှာရော ထိုအခက်အခဲကို ဘယ်လိုကျော်လွှားကြမလဲဆိုတာကိုတော့ နွေးထွေးပြီး နှလုံးသားအရည်ပျော်ကျမတတ် ကြည့်လို့ကောင်းတဲ့ Salut D’ Amour ဆိုတဲ့ဇာတ်ကားလေးမှာ ကြည့်ရှုပေးပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Theint မှ ရေးသားထားပါတယ်။)...
Keep Breathing (2022) ⭐IMDB: 5.3/10 (15 k Votes) 🎬 #Action #Adventure #Drama #Thriller 🗓 2022 🎞 tv mini series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 40 မိနစ် 15 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 IMDb Rating – 5.3 /10 ဒီစီးရီးကတော့ Netflix က ထုတ်လွှင့်တဲ့ ဒရမ်မာစီးရီးတစ်ခုဖြစ်ပြီးအဓိကဇာတ်ဆောင်အနေနဲ့ Scream၊ Abigail နဲ့ Your Monster ရုပ်ရှင်တို့မှာ ပါဝင်ခဲ့တဲ့မင်းသမီး Melissa Barrera က ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ – လစ်ဗ်ဆိုတဲ့ ရှေ့နေမလေးတစ်ယောက်က ကနေဒါက မြို့လေးတစ်မြို့ကို သွားဖို့အတွက် သူမလက်မှတ်ဝယ်ယူထားတဲ့ လေယာဉ်က ရာသီဥတုဆိုးဝါးလို့ သူမရောက်ရှိရာ လေဆိပ်ကို မဆိုက်ကပ်နိုင်တဲ့အခြေအနေဖြစ်လာပါတော့တယ်။ အဲ့လေဆိပ်မှာရှိနေစဉ် ယောက်ျားနှစ်ယောက်က ကိုယ်ပိုင်လေယာဉ်နဲ့ သူမသွားချင်တဲ့ မြို့ကိုသွားမယ်ဆိုပြီး ပြောဆိုသံကြားလိုက်ရတဲ့အခါ… သူစိမ်းယောက်ျားနှစ်ယောက်ဖြစ်နေပေမယ့် သူမကိစ္စကလည်း အရေးကြီးနေတော့ ထိုလူနှစ်ယောက်ကို တောင်းတောင်းပန်ပန်နဲ့ပဲ သူမကိုတင်ခေါ်ဖို့ပြောပါတော့တယ်။ အစကတော့ ဟိုလူနှစ်ယောက်က အင်တင်တင်လုပ်နေပေမယ့် သူမဘက်က အတင်းအကြပ်တောင်းဆိုခဲ့တဲ့အတွက် သူမကို တင်ခေါ်လာပါတော့တယ်။ ဒီလိုနဲ့ သူတို့သုံးယောက်သား ကနေဒါရဲ့ အနောက်မြောက်ဘက်ကို ထွက်လာစဉ် တောနက်တစ်နေရာ၌ လေယာဉ်ကပျက်ကျသွားပြီးနောက် အသက်ရှင်အောင် မနည်းရုန်းကန်ပြီး လေယာဉ်ထဲက ထွက်လာပါမှ….. သူမကိုခေါ်တင်လာတဲ့ လူနှစ်ယောက်က သူမကို အမှန်အတိုင်းမပြောခဲ့တဲ့ကိစ္စတွေရှိနေကြောင်း သိလိုက်ရတဲ့အခါ …. ဘာတွေဆက်ဖြစ်မလဲ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Nway Oo K Zaw က တင်ဆက်ထားပါတယ်။)...
Three Kilometres to the End of the World (2024) ⭐IMDB: 7.1/10 (768 Votes) 🎬 #Drama #Thriller 🗓 2024 🎞 movie 🌎 #Romania ⏰ 1 နာရီ 44 မိနစ် 9 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Three Kilometres to the End of the World (2024) IMDb Rating (7.1) / Rotten Tomatoes (65%) ကိန်းမှာ ပွဲဦးထွက်ပြခဲ့တဲ့ ရိုမေးနီးယန်းရုပ်ရှင်ပါ။ Palme d’Or ဆု ပြိုင်ဖို့ အရွေးခံခဲ့ရပြီး Queer Palm ဆုရခဲ့တယ်။ ဒီနှစ်အော်စကာမှာ ရိုမေးနီးယန်း ကိုယ်စားပြုအဖြစ် အရွေးခံထားရတဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ ဇာတ်ကတော့ ကိန်းမှာပြခဲ့တဲ့ကားပီပီသသ အန်ဒီဆန်ဆန် ရိုးရိုးရှင်းရှင်းကိုပဲ အခြေအနေတစ်ခုကို ပေါ်လွင်အောင်ပြထားတယ်ပဲ ပြောရမယ်။ ခေတ်ရဲ့ပြင်ပက အစွန်းရောက်တဲ့ ရွာလေးတစ်ရွာနဲ့ ခေတ်ထဲကိုဝင်ပြီး ရွာလေးကို ပြန်လာခဲ့တဲ့ လူငယ်လေးတစ်ယောက်ရဲ့ ကတောက်ကဆတ်တွေ။ အဲဒီရွာကလူတွေရဲ့အစွန်းရောက်ခြင်းတွေနောက်မှာ သူ့အကြောင်းပြချက်နဲ့သူ အကြမ်းဖက်ခြင်းတွေပါလာတာတွေ။ အဲဒီနောက်မှာ ဥပဒေရေးရာတွေပေါ့။ တရားမျှတမှုဆိုတာမျိုးတွေ ရှိရင်တောင် တကယ်မရှိတဲ့ သဘောသဘာဝရဲ့နောက်မှာ သူ့လွတ်မြောက်လမ်းကို အဲဒီလူငယ်လေး ဘယ်လိုရှာသွားလဲ ကြည့်ရမယ့်ရုပ်ရှင်လို့လည်း ပြောလို့ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)...
Love Hurts (2025) ⭐IMDB: 5.4/10 (4 k Votes) 🎬 #Action #Comedy #Romance 🗓 2025 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 23 မိနစ် 55 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Everything Everywhere All at Once ထဲက မင်းသား Ke Huy Quan ပါဝင်ထားတဲ့ ရုပ်ရှင်အသစ်ထွက်လာပါပြီ။ ဟာသ အက်ရှင် သိုင်းကားအမျိုးအစားပါ။ ခပ်မြူးမြူး ခပ်ကြမ်းကြမ်းနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရုံပါပဲ။ ဇာတ်လမ်းကလည်း ရိုးရှင်းပါတယ်။ အတိတ်တုန်းက လက်မရွံ့ဖြစ်ခဲ့တဲ့ ဆရာကြီးက အခု အိမ်ခြေ မြေပွဲစားလေးလုပ်ပြီး အေးဆေးနေနေတာပါ။ အဲဒါကို အတိတ်က ဂိုဏ်းက ပြဿနာတွေ လာရှာတဲ့အခါ အကုန်လုံးကို ပြန်ကျုံးရတဲ့ကားမျိုးပါပဲ။ ဒါရိုက်တာကလည်း John Wick တို့လည်း နာမည်ကြီး အက်ရှင်ကားတွေမှာ စတန့်နည်းပြ ဖိုက်တင်နည်းပြ လုပ်လာတဲ့လူဆိုတော့ အပီကြမ်းပေးထားပါတယ်။ ကြည့်လိုက်ကြပါ။ အက်ရှင်ဖန်တွေ ကြိုက်မှာပါ...
Kayla's Kin (2024) ⭐IMDB: 2.2/10 (14 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 29 မိနစ် 8 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Kayla’s Kin 2024================= နိုင်ဂျီးရီးယား ကနေပြီးတော့ movie တွေထွက်လာတဲ့အထဲမှာဇာတ်ညွှန်းလေးတွေကမဆိုးဘူးလို့ပြောလို့ရတယ်။ ပညာပေးကလဲ ဇာတ်လမ်းတိုင်းလိုနည်းနည်းမှာတစ်နည်းနဲ့မဟုတ်တစ်နည်း ထည့်ပြီးတော့ပညာပေးတတ်ပါသေးတယ်။သရုပ်ဆောင်တွေရဲ့အရည်ချင်းလဲမဆိုးဘူးပြောလို့ရပါတယ်။ သူတို့ဒီလိုမျိုးဆက်ပြီး ကြိုးစားသွားမယ်ဆိုရင်တော့တစ်နေရာရာတော့ ရောက်လာမှာပါ။ ဇာတ်လမ်းအကျဉ်းလေးကိုပဲဆက်ပြီးပြောလိုက်ကြပါစို့ …ကေလာဆိုတဲ့မိန်းကလေးတစ်ယောက်ကအောင်မြင်နေတဲ့အမျိုးသမီးလုပ်ငန်းရှင်တစ်ယောက်ပါ။ဒါပေမဲ့ သူရဲ့ငယ်ဘဝကတော့လွယ်ကူခဲ့တာတော့မဟုတ်ပါဘူး။ဖခင်ကလူမိုက်ခေါင်းဆောင် မိခင်ဖြစ်သူကဖခင်ရဲ့ရန်ကိုကြောက်တော့ သေချင်ယောင်ဆောင်ပြီးတော့သမီးလေးကို ဖခင်နဲ့ဝေးရာမှာတစ်ဦးတည်းပြုစုပျိုးထောင်ခဲ့တာပါ။ဒီလို ဖခင်မျိုးရှိတာကြောင့် ကေလာကယောကျာ်းသားတွေဆို မုန်းတီးပြီးမြင်သမျှယောကျာ်းတွေကိုအယုံကြည်မရှိတော့တာ။ဒါကိုပြုပြင်ပေးဖို့ကို မိခင်ဖြစ်သူကကော သူငယ်ချင်းကကောကြိုးစားပေမဲ့မအောင်မြင်ခဲ့ဘူး။ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ကိုသဘောကျတဲ့ကောင်လေးတစ်ယောက်ချစ်ရေးဆိုဖို့ကြိုးစားလာတဲ့အခါမှာတော့ကေလာ တစ်ယောက်သူ့ဆုံးဖြတ်ချက်နဲ့သူ့ဘဝကိုဘယ်လိုတွေကပြောင်းကပြန်ဆန်စေမလဲဆိုတာတော့ ဆက်လက်ရှုစားကြပါဦး...
Suits LA (2025) ⭐IMDB: 5.7/10 (689 Votes) 🎬 #Drama 🗓 2025 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 44 မိနစ် 53 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 ဒီစီးရီးကတော့ နာမည်ကြီး ရှေ့နေစီးရီးကြီးဖြစ်တဲ့ Suits ကနေ ခွဲထွက်သွားတာပါ။ ဇာတ်လမ်းနဲ့ ဇာတ်ကောင်တွေ မပတ်သတ်ပေမဲ့ Suits World တစ်ခုတည်းဖြစ်ကြောင်း အတည်ပြုထားပါတယ်။ နောက်ပိုင်းမှာ crossover တွေ ပါလာနိုင်ပါတယ်။ ဟာဗေစပက်တာလည်း ဧည့်သည်အဖြစ်လာဖို့ရှိပါမယ်။ ဒီစီးရီးအဓိက မင်းသားကတော့ Arrow စီးရီးနဲ့ လူတိုင်းသိလာတယ် Stephen Amell ပါပဲ။ သူကတော့ ဟာဗေစပက်တာလိုမျိုးပဲ အရှုံးမရှိတဲ့ ရှေ့နေမျိုးပေါ့။ မိုက်ခ်လို ဉာဏ်ကြီးရှင် ဇာတ်ကောင်မျိုးတော့ မပါသေးပါဘူး။ နောက်ပြီး အယ်လ်အေမှာဆိုတော့ ဟောလိဝုဒ် အမှုတွေ အတော်များများပါပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း ရှေ့နေ ကုမ္ပဏီဦးစီးဖြစ်တဲ့ တက်ဒ်ဟာ အရမ်းတော်ပေမဲ့ ရာဇဝတ်မှုကြီးတွေကို တရားပြိုင်က ဘယ်တော့မှမလိုက်ပါဘူး။ တရားခံတွေကို အမှုလိုက်ပေးရတာအရမ်းမုန်းတဲ့လူပါ။ ရှေ့နေကုမ္ပဏီကြီးမထောင်ခင်ခဲ့လည်း ခရိုင်ရှေ့နေလုပ်ခဲ့ပြီး လူဆိုးတွေကိုပဲ ထောင်ထဲထည့်ဖို့ အမြဲကြိုးစားနေတဲ့သူပါ။ ဒါပေမဲ့ ပြဿနာတစ်ခုကြောင့် အယ်လ်အေကိုပြောင်းလာပြီး အောင်မြင်တဲ့ ရှေ့နေ ကုမ္ပဏီကြီးတစ်ခုကို ဦးစီးနေပါတယ်။ အဲဒီနောက်မှာတော့ သူတို့ရှေ့နေကုမ္ပဏီကို ပြုတ်တဲ့အထိ တိုက်ခိုက်လာမဲ့ ရှေ့နေအားပြိုင်မှုတွေနဲ့ ခက်ခဲတဲ့အမှုတွေကြားမှာ ဘယ်လို ဆက်ရုန်းကန်သွားမလဲ ကြည့်ရမှာပါ။ အပိုင်း ၁ အရတော့ မူရင်း Suits ကို မီနိုင်ချေမရှိပါဘူး။ တစ်ပတ်တစ်ပိုင်းဆိုတော့ စီစန် ၁ အပြီးလောက်မှာပဲ ဘယ်အဆင့်ထိ မီနိုင်မလဲ ဆက်ကြည့်ရမှာပါပဲ။...
Cinderella's Curse (2024) ⭐IMDB: 3.3/10 (1 k Votes) 🎬 #Drama #Fantasy #Horror #Mystery #Romance #Thriller 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 19 မိနစ် 45 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Cinderella’s Curse (2024) ဒီဇာတ်လမ်းကတော့ နာမည်ကျော်စင်ဒရဲလားပုံပြင်ကိုမှ သူ့ရဲ့မူရင်း နတ်သမီးပုံပြင်လိုမဟုတ်ဘဲ ကလေးတွေမကြည့်သင့်တဲ့ ထိတ်လန့်ဖွယ် သွေးအလိမ်းလိမ်းနဲ့ dark horror version ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Cinderella ပုံပြင်အတိုင်း ယုတ်မာတဲ့ သူ့ရဲ့မိထွေးနဲ့အစ်မနှစ်ယောက်က Cinderella ကို နှိပ်စက်တာပေါ့။ ဒါပေမဲ့ ရိုးရာပုံပြင်ထဲက Cinderella က သူ့ကိုမြင်မြင်ချင်းချစ်တဲ့ မင်းသားလေးရှိပေမဲ့ ဒီထဲမှာတော့ မင်းသားလေးက သူ့ရဲ့ မိထွေးဘက်က အစ်မနှစ်ယောက်ထဲက တစ်ယောက်နဲ့ ချစ်သူတွေဖြစ်နေတာပါပဲ။ ပြီးတော့ ပုံပြင်ထဲကလို Cinderella ကို ကပွဲကိုသွားနိုင်ဖို လာပြီးကူညီမှာက နတ်သမီးမေမေ မဟုတ်ဘဲ ချောက်ချားစရာနတ်ဆိုးမိန်းမကြီး ဖြစ်နေတယ်။ ဒီလိုနဲ့ Cinderella က သူ့ကိုနှိပ်စက်ခဲ့တဲ့လူတွေအကုန်လုံးကို ဘယ်လိုမျိုး လက်စားပြန်ချေသွားမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာထိတ်လန့်ဖွယ် သွေးသံတရဲရဲဇာတ်ခန်းတွေနဲ့ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့Thwal Htoo Zinဖြစ်ပါတယ်။)...
A Complete Unknown (2024) ⭐IMDB: 7.6/10 (35 k Votes) 🎬 #Drama #Music #Biography 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 21 မိနစ် 39 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 A Complete Unknown (2024) IMDb Rating (7.6) / Rotten Tomatoes (81%) ကမ္ဘာပေါ်မှာ စာပေပညာနိုဘယ်ဆုကို ရတဲ့ တေးရေးဆရာ တစ်ယောက်ပဲရှိပါတယ်။ သူ့ကို ဘော့ဒီလန်လို့ခေါ်တယ်။ ဖို့ခ်ဂီတ၊ ကန်းထရီး၊ ပေါ့၊ ရော့ခ်တွေမှာ အလွှမ်းမိုးနိုင်ဆုံး အဆိုတော် တေးရေးဆရာတွေထဲက တစ်ယောက်ပါပဲ။ ဘီတယ်လို Band တွေတောင် သူ့ကို အတုယူအားကျရပါတယ်။ သူ့ရဲ့ “Blowin’ in the Wind” နဲ့”The Times They Are a-Changin'” သီချင်းကတော့ ကမ္ဘာမှာ လူသိအများဆုံးပါပဲ။ ကျွန်တော်တော့သူ့ကို Knocking on Heaven Door သီချင်းနဲ့ စသိခဲ့တာပါပဲ။ အခုတော့ သူ့ရဲ့ဘဝဇာတ်ကြောင်းကို ဒါရိုက်တာ James Mangold က ရိုက်ကူးထားပါပြီ။ ဒီဒါရိုက်တာလက်ရာတွေကိုတော့ Logan တို့ Ford vs Ferrari တို့မှာ ရင်းနှီးပြီးသားဖြစ်မှာပါ။ ဘော့ဒီလန်နေရမှာတော့ မင်းသား Timothée Chalamet ပါဝင်ထားပြီး Edward Norton နဲ့ Elle Fanning တို့ ပါဝင်ထားပါတယ်။ သီချင်းတွေကိုလည်း Timothée Chalamet, Edward Norton, Monica Barbaro နဲ့ Boyd Holbrook တို့က ကိုယ်တိုင်ပဲ ရဲရဲကြီး သီဆိုထားပါတယ်။ အော်စကာဆန်ခါတင်အဖြစ် အကောင်းဆုံး ရုပ်ရှင်ဆု၊ သရုပ်ဆောင်မင်းသားဆု၊ အမျိုးသားဇာတ်ပို့ဆု၊ အမျိုးသမီးဇာတ်ပို့ဆု၊ ဇာတ်ညွှန်းဆု၊ ဝတ်စုံဆု၊ ဒါရိုက်တာဆု၊ အသံဆုတွေ ဝင်ထားပြီးပါပြီ။ Brutalist နဲ့ အပြိုင်ကျဲမဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းထဲမှာတော့ ဘော့ဒီလန်တစ်ယောက် အဆိုတော်ဘဝစတင်လာပုံ၊ ဖို့ခ်ကနေ ကန်းထရီး၊ ပေါ့၊ ရော့ခ်လောကတွေထဲမှာ နေရာယူလာပုံနဲ့ နိုင်ငံရေး အချစ်ရေးတွေကို ပြသထားတာတွေ့ရမှာပါ။ အထုပ္ပတ္တိရုပ်ရှင်ကောင်း ဂီတရုပ်ရှင်ကောင်းကြိုက်ရင်အလွတ်မခံရမဲ့ ရုပ်ရှင်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr.Anderson ဖြစ်ပါတယ်။)...
Get Close 2 (2024) ⭐IMDB: 6.2/10 (40 Votes) 🎬 #Action #Adventure #Crime #Drama #Thriller 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 10 မိနစ် 4 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Get Close 2 ( 2024 ) Slickကတော့ နာမည်ကြီးလူမိုက်တစ်ယောက်ဖြစ်ပြီး သူနဲ့ရန်ဖက်ဖြစ်တဲ့အီတလီလူမျိုး လူမိုက်အဖွဲ့တွေနဲ့ကမ္ဘာ့ရန်ဖက်တွေပါတစ်နေ့မှာတော့ Slickတစ်ယောက် ရန်ဖက်ဖြစ်သူဆီကနေချောက်ချခံလိုက်ရပြီးတဲ့အခါမှာတော့ ဇာတ်မြှုပ်နေရဖို့ဖြစ်လာပါတော့တယ် နှစ်ပေါင်းများစွာ ဇာတ်မြှုပ်နေတာကြာလာတော့ ငွေဝင်ပေါက်ပိတ်လာခဲ့တဲ့အတွက်ကြောင့်သူ့ဆီ အကြွေး၇သောင်းခွဲတင်နေတဲ့ တိုနီဆီ့ကို ရိုးရိုးအကြွေးမတောင်းဘဲတိုနီရဲ့လေးနှစ်အရွယ်သမီးလေးကိုပြန်ပေးဆွဲကာ ကလိမ်ကကျစ်နည်းလမ်းကိုသုံးပြီးအကြပ်ကိုင်ပြန်တောင်းပါတော့တယ် Slickနဲ့ဇာတ်လမ်းရှိဖူးသူ တိုနီဟာလည်းသူ့သမီးလေးကိုပြန်ပေးဆွဲသွားတဲ့အတွက်ကြောင့်တင်းသွားခဲ့ပြီးတော့သူ့သူငယ်ချင်းဖြစ်သူ Mike နဲ့အတူ ဇနီးဖြစ်သူ Kamyaပါ ပါဝင်လာပြီးအတွဲညီညီ သမီးဖြစ်သူကို ဘယ်လိုကယ်တင်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်...
