cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

MOVIE NIGHT

إظهار المزيد
مشاركات الإعلانات
959
المشتركون
+324 ساعات
+97 أيام
+630 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

2:12:56
Video unavailableShow in Telegram
Shang Chi (2021)
إظهار الكل...
1070.60 MB
Photo unavailableShow in Telegram
Shang-Chi and the legend of the Ten rings(2021 Marvel ရဲ့ 2021 ထွက် ဟီးရိုးကားကြီးကိုတင်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ကတော့ End Game အပြီး ကာလကိုအခြေခံထားပါတယ်။ စူပါဟီးရိုးကြိုက်သူတွေအတွက် လုံး၀အကြိုက်တွေ့မဲ့ကားလေးပါ။ Shang Chi ဇာတ်ကောင်သာ Marvelဟီးရိုးတွေထဲမှာ သိုင်းအတော်ဆုံးဇာတ်ကောင်ပါ။ တရုတ်ဆိုတော့ တော်တာပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းက ဒဏ္ဍာရီလာ စွမ်းအားတွေပိုင်ဆိုင်ထားတဲ့ ကွင်းဆယ်ကွင်း ရှိပါတယ်။ အဲ့ကွင်းတွေရဲ့ တစ်ဦးတည်းသောကိုင်ဆောင်သူဟာ နတ်ဘုရားရဲ့စွမ်းအားကိုတောင်ရနိုင်ပါတယ်။ ဒီလက်စွပ်ပိုင်ရှင်ကတော့ ရှန်းချီရဲ့ဖခင်ပါ။ အလွန်စွမ်းအားကြီးတဲ့ကွင်းနဲ့စွမ်းအားကို ပိုင်ဆိုင်ထားတဲ့ ရှန်းချီရဲ့ဖခင်ဟာ လောဘအတောမသတ်နိုင်ဘဲ ထာလောဆိုတဲ့ မှော်ဆန်တဲ့ရွာကိုပါသိမ်းပိုက်ဖို့ကြိုးစားလာပါတော့တယ် ။ မင်းသားကတော့ သူ့အဖေခိုင်းတာတွေမလုပ်ချင်လို့ ငယ်ငယ်ကတည်းကအိမ်ကနေထွက်လာခဲ့တာပါ။ လျှို့ဝှက်တဲ့နေရာမှာရှိနေပြီး ဘယ်သူမှမကျူးကျော်နိုင်တဲ့ ဒီရွာလေးကို သူတကယ်သိမ်းပိုက်နိုင်ပ့ါမလား။ ရှန်းချီးဆိုတဲ့ ကောင်လေးကရော ဒီကွင်းတွေနဲ့ ဘယ်လိုပတ်သက်မှုရှိနေမှာလဲ၊
إظهار الكل...
2:05:21
Video unavailableShow in Telegram
Twilight of the Warriors Walled In (2024) 720p WEB-DL CM
إظهار الكل...
Twilight of the Warriors Walled In (2024) 720p WEB-DL CM.mp4720.85 MB
Photo unavailableShow in Telegram
Twilight of the Warriors: Walled In (2024) Louis Koo ၊ Sammo Hung ၊ Richie Jen ၊ Lam Raymond စတဲ့ ဟောင်ကောင်မင်းသားတွေတစ်သီကြီးသရုပ်ဆောင်ထားတဲ့ အက်ရှင်ဝေဝေဆာဆာနဲ့ ဟောင်ကောင်မြို့ထဲက သီးခြားတံတိုင်းမြို့အကြောင်းအက်ရှင်ကားကိုတင်ပေးလိုက်ပါပြီ။ ဇာတ်လမ်းကတော့ ၁၉ရာစုနှစ် ဟောင်ကောင်ရဲ့အုပ်ချုပ်ရေး မတည်ငြိမ်တဲ့ကာလကိုအခြေခံထားတာဖြစ်ပါတယ်။ အဲဒီအချိန်ကာလမှာ မဟာမိတ်အဖွဲ့က ဟောင်ကောင်ကိုပထမဆုံးခိုလှုံခွင့်ရဆိပ်ကမ်းအဖြစ် သတ်မှတ်လိုက်တဲ့အတွက် ဟောင်ကောင်ကိုခိုလှုံလာတဲ့ ဒုက္ခသည်တွေအများကြီးရောက်လာကြတယ်။ ဟောင်ကောင်ရဲ့တစ်ချို့အပိုင်းတွေမှာ အုပ်ချုပ်ရေးမဲ့တဲ့အနေအထားဖြစ်နေတဲ့အတွက် လူမိုက်အုပ်စုဂိုဏ်းတွေဖွဲ့ပြီး ပိုင်နက်ရဖို့ အင်အားပြိုင်တိုက်ခိုက် နေကြတဲ့အချိန်ဖြစ်တယ်။ ဒုက္ခသည်လူငယ်တစ်ယောက်က လူမိုက်ခေါင်းဆောင်တစ်ယောက်ကို ပြဿနာရှာမိရာကနေပြီးတော့ ကျိုလုံတံတိုင်းမြို့ကိုရောက်သွားပြီး ခိုလှုံရာကနေစတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းအများကြီးမပြောတော့ပါဘူး မင်းသားကြီးတွေနဲ့ အရည်အသွေးရှိရှိရိုက်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့အတွက် အက်ရှင်ကားကြိုက်သူတွေ ဟောင်ကောင်ဂိုဏ်းစတားကား ပရိသတ်တွေအတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်လို့ပဲပြောပါရစေ။
إظهار الكل...
2:54:42
Video unavailableShow in Telegram
Oppenheimer
إظهار الكل...
video_2023-08-11_01-47-11.mp4966.17 MB
Photo unavailableShow in Telegram
Oppenheimer (2023) ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲကတစ်ကားဖြစ်တဲ့ အော့ပန်ဟိုင်းမားကို တင်ပေးထားပါတယ်။အကြည်ထွက်ဖို့က အတော်ကိုကြာဦးမှာမို့ အကြည်ဆုံး cam ဗားရှင်းကို ဘာသာပြန်ပြီးတင်ပေးထားပါတယ်။ဘာသာပြန်ဖို့ စာဖိုင်အမှန်လည်းမရသေးတာကြောင့်ကွက်လပ်အချို့တော့ပါပေမဲ့ အားလုံးနီးပါးနားလည်တော့ ပြ pooန်ပေးထားပါတယ်။Peaky Blinder ရဲ့ မင်းသား Cillian Murphy ကဒေါက်တာ ဂျေ ရောဘတ် အော့ပန်ဟိုင်းမားအဖြစ်ခေါင်းဆောင်ပါဝင်ထားပြီး၊ နာမည်ကြီးတွေဖြစ်တဲ့Robert Downey Jr., Emily Blunt, Matt Damon, Rami Malekတို့ အစုံပါဝင်ထားပါတယ်။ဒီရုပ်ရှင်ဟာ သမိုင်း၊ ဒရာမာ၊ အထ္ထုပ္ပတ္တိ အမျိုးအစားပဲဖြစ်ပါတယ်။သမိုင်းကို နည်းနည်းလေး ကြားဖူးသူတိုင်းတောင်ဟီရိုရှီးမားနဲ့ နာဂါဆာကီကို ကြားဖူးကြမှာပါ။ဒီရုပ်ရှင်ထဲက ပုဂ္ဂိုလ်ကတော့ အဲဒီမြို့နှစ်မြို့ကိုကျဲချခဲ့တဲ့ အနုမြူဗုံးကို တီထွင်ခဲ့တဲ့ သူပါပဲ။သမိုင်းတလျှောက် အကျော်ကြားဆုံးလူတွေထဲကတစ်ယောက်ဖြစ်ပါတယ်။
إظهار الكل...
2:06:32
Video unavailableShow in Telegram
mongol.mp41512.80 MB
Mongol (2007) IMDB - 7.2/10 Genres - War/Action 1300. ကွပ်မျက်ခံရလုနီးပါး 5နှစ်အရွယ်ကလေးလေးဟာ အနာဂတ်မှာ စွမ်းအားအကြီးဆုံးဘုရင်ဖြစ်လာသောအခါ.. ကမ္ဘာပေါ်မှာအကြီးမားဆုံးအင်ပါယာဖြစ်တဲ့မွန်ဂိုအင်ပါယာကြီးကိုတည်ထောင်ခဲ့သူ၊ မွန်ဂိုလူမျိုးတို့အတွက်ဥပဒေတစ်ရပ်ကိုပထမဆုံးရေးဆွဲပြဌာန်းခဲ့သူ ဂျင်ဂျစ်ခန်းရဲ့ဘဝဇာတ်ကြောင်းကိုရိုက်ကူးထားတာပါ။ သူ့ရဲ့ငယ်စဉ်ဘဝမှာ လူမျိုးစုခေါင်းဆောင်ဖြစ်တဲ့ဖခင်ဟာအဆိပ်ခပ်အသတ်ခံခဲ့ရပြီး လူမျိုးစုအတွင်းသစ္စာဖောက်ခံရကာ သူတို့မိသားစုပိုင်ဆိုင်သမျှပစ္စည်းတွေသိမ်းယူခံရပြီး သူကိုယ်တိုင်လည်း ရန်သူတွေဖမ်းဆီးကျွန်ပြုတာခံခဲ့ရပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီကြမ်းတမ်းခက်ထန်မှုတွေအကြားက ဘယ်လိုရုန်းကန်လွတ်မြောက်ခဲ့ပြီး မိသားစုပြန်လည်ပေါင်းစည်းနိုင်ဖို့တိုက်ပွဲဝင်ခဲ့ရတာတွေ၊ ကြီးမားကျယ်ပြန့်တဲ့မွန်ဂိုအင်ပါယာကြီးဖြစ်လာအောင်တည်ထောင်ခဲ့တာတွေ၊ တကွဲတပြားဖြစ်နေတဲ့မွန်ဂိုလူမျိုးတွေကိုစုစည်းပြီး ရန်သူတွေကိုလက်စားချေရန်ကြွေးဆပ်ခဲ့တာတွေကို စိတ်ဝင်စားဖွယ်ရိုက်ကူးထားတာမို့ ကြည့်ရှုအားပေးလိုက်ကြပါဦး။
إظهار الكل...
2:04:58
Video unavailableShow in Telegram
Embrace of the Serpent(2015)
إظهار الكل...
Embrace.of.the.Serpent.2015.BLU-RAY.720P(CM).mp41458.21 MB
Photo unavailableShow in Telegram
ဒီရုပ်ရှင်ဟာ အမေဇုန်တောအုပ်ထဲကို ဆေးဖက်ဝင် အထွတ်အမြတ်သစ်ပင်တစ်မျိုးသွားရှာခဲ့တဲ့သိပ္ပံပညာရှင်နှစ်ယောက်ရဲ့ ဒိုင်ယာရီကို ဇာတ်လမ်းဆင်ရိုက်ကူးထားတာပါ။ Embrace of the Serpent(2015) IMDB: 7.8/10 ၂၀၁၅ခုနှစ်ကထွက်ရှိခဲ့တဲ့ ခရီးသွား ဖြူမဲရုပ်ရှင်ဖြစ်ပြီး ဆုတံဆိပ်တွေလည်း များစွာရရှိထားပါတယ်။ကိုလန်ဘီယာရဲ့ ပထမဆုံးသော Oscar nomianted ရုပ်ရှင်လို့လည်းဆိုကြပါတယ်။ ဇာတ်ကားထဲက သိပ္ပံပညာရှင်နှစ်ယောက်ဟာ ဒီတောအုပ်ထဲကို အတူတူခရီးသွားကြတာမဟုတ်ဘဲတစ်ယောက်ပြီးမှ တစ်ယောက်၊ ၁၉၀၉ခုနှစ်နဲ့ ၁၉၄၀ခုနှစ်တွေမှာ နှစ်သုံးလောက်ခြားပြီးမှ ခရီးထွက်ဖြစ်ခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ အတူတူပါပဲ။ ယာကရူနာဆိုတဲ့ ဆေးဖက်ဝင်ရှားပါးသစ်ပင်ကိုသွားရှာတာပါ။သူတို့နှစ်ဦးလုံးရဲ့ခရီးစဉ်မှာ ကာရာမာကာတဲ ဆိုတဲ့ နယ်ခံနတ်ဆရာကြီးနဲ့တွေ့ခဲ့ကြပါတယ်။နတ်ဆရာကြီးဟာ သူ့လူမျိုးစုမှာ တစ်ဦးတည်းရှင်ကျန်သူဖြစ်ပြီး သူတို့ဓလေ့တွေ အစဉ်အလာတွေ သမိုင်းတွေကို ထိန်းသိမ်းထားသူပါ။ ဒီခရီးစဉ်နှစ်ခုမှာ ဘာတွေကြုံတွေ့ရမလဲ၊အမေဇုန်လူမျိုးစုတွေ ဓလေ့တွေကဘယ်လိုတွေဆိုတာ မြင်တွေ့နိုင်မယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။
إظهار الكل...
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.