ar
Feedback
Tech World MM

Tech World MM

الذهاب إلى القناة على Telegram

Tech သတင်းတွေ Up to Date သိနိုင်ဖို့

إظهار المزيد
2 019
المشتركون
لا توجد بيانات24 ساعات
-37 أيام
-2930 أيام
أرشيف المشاركات
Luxury ဆန်တဲ့ Ancora Red ဆိုတဲ့ ကာလာနဲ့ vivo V50 ပါတဲ့ ဖက်ရှင်ကျတဲ့အရောင်ကိုနှစ်သက်တဲ့ သူတွေအတွက်တော့ မြင်တာနဲ့လိုချင်စရာဖြစ်
Luxury ဆန်တဲ့ Ancora Red ဆိုတဲ့ ကာလာနဲ့ vivo V50 ပါတဲ့ ဖက်ရှင်ကျတဲ့အရောင်ကိုနှစ်သက်တဲ့ သူတွေအတွက်တော့ မြင်တာနဲ့လိုချင်စရာဖြစ်နေမှာပါ #vivoV50 #ZEISSPortraitSoPro #AncoraRed #ComingSoon

OLED Display , FaceID, Apple Intelligence တွေပါတဲ့ iPhone ကို $500 ဝန်းကျင်နဲ့ဖြစ်လာနိုင််မယ်ဆိုပြီး သတင်းထွက်နေတယ် ပိုထူးတာက
OLED Display , FaceID, Apple Intelligence တွေပါတဲ့ iPhone ကို $500 ဝန်းကျင်နဲ့ဖြစ်လာနိုင််မယ်ဆိုပြီး သတင်းထွက်နေတယ် ပိုထူးတာက Design အသစ်နဲ့လဲဖြစ်ဦးမယ်ပေါ့ SE ထဲမှာ ပထမဆုံးပဲ အရင်ဖုန်းတွေက Chipset ပြောင်းပြီး Design အဟောင်းပဲသုံးတာပါ လက်ရှိ Apple ရောင်းနေတဲ့ iPhone တွေကို တချက်ကြည့်ရင် $429 iPhone SE ကိုဖယ်လိုက် ၊ အသစ်က သူ့နေရာကိုဝင်မှာ $599 iPhone 14 ရှိမယ် $699 iPhone 15 ရှိမယ် $599 နဲ့ $699 နဲ့ရောင်းနေတဲ့ iPhone 14 နဲ့ 15 က တစ်ခုကထွက်ထားတာကြာပြီ ၊ Apple Intelligence လဲမရဘူး iPhone 14 ဆိုရင် Notch နဲ့ပဲဆိုတော့ iPhone SE 4 ရဲ့ သတင်းအတိုင်းသာဆိုရင် ပိုသာတာ Dual Camera ပဲရှိတော့မယ် iPhone 15 ကတော့ Dynamic Island ပါတာ ပိုသာမယ်ပေါ့ ဆိုတော့ဗျာ ကျနော်တို့တွေ့နေရတဲ့ iPhone SE သတင်းက တကယ်ရော ဟုတ်ရဲ့လား $600 အောက်နဲ့ရောင်းလာရင်တောင် iPhone 14 ကို Apple က အနားပေးမှဖြစ်တော့မှာပါ စကားမစပ် iPhone SE မှာသုံးလာနိုင်တယ်လို့ သတင်းထွက်နေတာ A18 Chipset ပါ နောက်တစ်ပတ်ထဲ မိတ်ဆက်လာနိုင်တယ်ဆိုတော့ စောင့်ပဲကြည့်ကြတာပေါ့

AirPods တွေမှာ နှလုံးခုန်နှုန်းတိုင်းနိုင်တဲ့ Sensor ပါလာဖို့က သေချာသလောက်ရှိပြီ PowerBeats Pro 2 က အားကစားသမားတွေအကြိုက်ပဲနေ
AirPods တွေမှာ နှလုံးခုန်နှုန်းတိုင်းနိုင်တဲ့ Sensor ပါလာဖို့က သေချာသလောက်ရှိပြီ PowerBeats Pro 2 က အားကစားသမားတွေအကြိုက်ပဲနေမှာပါ အဓိက အချက်က Heart Rate Monitoring လုပ်လို့ရမယ် အရင်ကထက် ပိုပါး ၊ ပိုပေါ့မယ် ၊ ကြိုးမဲ့အားသွင်းစနစ်ရမယ့် အားသွင်းဘူးပါလာမယ် နောက်ပြီး နားထဲမှာ အံဝင်ခွင်ကျဖြစ်စေဖို့ရယ် အားကစားလုပ်တဲ့အချိန် ကျွတ်မကျဖို့ ရယ်ကို သေချာလုပ်ထားတယ် ပြောတယ် Active Noise Cancellation, Transparency Mode နဲ့ Adaptive EQ တွေလဲရဦးမယ် Powerbeats တွေက အမြဲထုတ်တဲ့ Product တော့မဟုတ်ဘူးဗျ Pro ဆိုရင် 2019 က နောက်ဆုံးထုတ်ထားတာဆိုတော့ အခုမှဆိုအတော်ကြာနေပြီ 2010 က စပြီးထုတ်တယ် 2014, 2016, 2019 မှာပဲ အသစ်တွေမိတ်ဆက်ခဲ့တော့ Product Lineup က ဆယ်စုနှစ် တခုကျော်အကြာမှာတောင် အမျိုးအစား ၅ ခုပဲရှိသေးသဗျ Pro Model ဆိုရင် အခုမှ ၂ မျိုးပဲရှိသေးတယ် သုံးတဲ့သူတွေကတော့ တကယ်တန်ချက်ပဲ

Meizu မြန်မာစျေးကွက်ကိုပြန်လာပြီ https://telegra.ph/Meizu-%E1%80%99%E1%80%94%E1%80%99%E1%80%85%E1%80%80%E1%80%80%E1%80%80%E1%
+1

First Sale Bonus နဲ့ဆိုတော့ ၄သိန်းမကျော်တဲ့စျေးနဲ့ realme Note 60x ကိုဝယ်ယူနိုင်မယ် “စျေးတန် အကြမ်းခံ အရွေးမှန်” ဆိုတဲ့ realme ရဲ့အသစ်ထွက်ရှိလာတဲ့ Note 60x က အခုချက်ချင်းအမြန်ဆုံးဝယ်ယူမယ်ဆိုရင် First Sale Bonus ပေးထားတဲ့အတွက် 4(4+8)GB + 64GB version အတွက် ၃သောင်း သက်သာခွင့်နဲ့ 3(3+5)GB + 64GB version အတွက် ၂သောင်းသက်သာခွင့်တွေကို ရယူနိုင်မှာြဖစ်ပါတယ်။ တရားဝင်စျေးတွေကို ဖော်ပြရရင် RAM 4GB + ROM 64GB က ၄၂၉,၉၀၀ ကျပ်နဲ့ RAM 3GB + ROM 64GB က ၃၉၉,၉၀၀ ကျပ်တို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ၄၂၉,၉၀၀ ကျပ် အတွက် ၃၉၉,၉၀၀ ကျပ်၊ ၃၉၉,၉၀၀ ကျပ်အတွက် ၃၇၉,၉၀၀ ကျပ် အသီးသီးပဲကျသင့်မှာဖြစ်ပါတယ်။ ဒီအခွင့်အရေးက အခု ဖေဖော်ဝါရီလကုန်အထိပဲဖြစ်လို့ မြန်မြန်ဝယ်ရင်တော့ အခွင့်အရေးကို မြန်မြန်ရယူနိုင်မှာဖြစ်ပါတယ်။ အရောင်အတွက် အစိမ်းနုရောင်နဲ့ အနက်ရောင် ၂မျိုးကိုရွေးချယ်နိုင်ပါတယ်။ ArmorShell Protection စနစ်ပါဝင်လို့ တော်ရုံလွတ်ကျတဲ့ဒဏ်တွေကို ကာကွယ်ပေးသလို၊ IP54 Rating ပါထောက်ပံ့ထားလို့ တော်ရုံဖုံဝင်တာ ရေစင်တာတွေအတွက်လည်း မှုစရာမလိုပါဘူး။ မျက်နှာပြင်ကလည်း ၆.၇၄ လက်မအရွယ်ရှိလို့ မြင်ကွင်းကျယ်ကျယ်ရှိမှာြဖစ်သလို 90Hz ​Screen Refresh Rate ကိုပါထောက်ပံ့ပေးထားပါတယ်။ မျက်နှာပြင်ကိုလည်း Reinforced Glass နဲ့ကာကွယ်ထားလို့ တော်ရုံအပွန်းအစင်းဒဏ်တွေကိုပါ ကာကွယ်ပေးထားဦးမှာဖြစ်ပါတယ်။ အွန်လိုင်းအသုံးပြုမှုအတွက် တစ်ရက်တာအနည်းဆုံးအားခံစေမယ့် 5000mAh ဘက်ထရီကိုအသုံးပြုပေးထားပါတယ်။ ၄၈လကြာ သွက်လက်ညက်ညောတဲ့ အာမခံချက်လည်းရှိတော့ နှစ်တွေကြာသွားရင်တောင် ဖုန်းသစ်တစ်လုံးလို သွက်လက်တဲ့အတွေ့အကြုံကိုရရှိနေစေဦးမှာ ဖြစ်ပါတယ်။ စျေးတန်တန်နဲ့ အကြမ်းခံဖုန်းသုံးချင်သူတွေအတွက် realme Note 60x က ၄သိန်းစျေးတန်းမှာ ရွေးချယ်စရာတစ်ခုအဖြစ် ရှိနေပါတယ်။

photo content

photo content
+3

photo content
+3

ဘုရားကြီးကျေးရွာ၊ တွံတေးမြို့နယ်ရှိ မင်္ဂလာလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် ဘက်စုံအလှူငွေအဖြစ် ကျပ်သိန်း ၂၀ ကို realme က သွားရောက်လှူဒါန်းပေးခဲ့ realme က ပုံမှန်လှူဒါန်းပေးလျက်ရှိတဲ့ REAL HOPE အစီအစဥ်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ဘုရားကြီးကျေးရွာရှိ မင်္ဂလာလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့သွားရောက်ကာ ကျောင်းရှိမိဘမဲ့ကလေးသူငယ်များရဲ့ဘက်စုံကိစ္စရပ်များတွင် အသုံးပြုနိုင်စေဖို့ အလှူငွေကျပ် သိန်း ၂၀ ကို realme ကသွားရောက်ကာလှူဒါန်းပေးခဲ့ပါတယ်။ realme က အခုလို လှူဒါန်းပေးခြင်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်အဖြစ် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလတုန်းက သွားရောက်လှူဒါန်းပေးခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိတွင် ကျောင်းထိုင်ဆရာတော် ဦးပညာက ကလေးငယ်ပေါင်း ၂၅၀ ဝန်းကျင်ခန့်ကို ထိန်းသိမ်းစောင့်ရှောင်းထားပြီး အဆိုပါကလေးငယ်များထဲတွင် အထက်တန်းအဆင့် ကျား/မ စုစုပေါင်း ၆၉ဦး၊ အလယ်တန်းအဆင့် ကျား/မ စုစုပေါင်း ၇၄ဦး၊ မူလတန်းအဆင့် ကျား/မ စုစုပေါင်း ၈၀ဦးတို့နဲ့အတူ လသားအရွယ်နဲ့ အတန်းမတက်ရသေးသော ကျား/မ ကလေးငယ် စုစုပေါင်း ၂၀ ဦးတို့ပါဝင်ကြပါတယ်။ လက်ရှိအခြေအနေအရ ဆရာတော်အနေနဲ့ ကလေးငယ်များရဲ့အနာဂတ်အတွက် တတ်နိုင်သမျှကြိုးစားအားထုတ်ပေးလျက်ရှိပြီး ကလေးသူငယ်များရဲ့ရေရှည်အကျိုးကို ပိုမိုရွက်ဆောင်နိုင်စေဖို့ အလှူရှင်များကို မျှော်လင့်လိုလားလျက်ရှိပါတယ်။ သဒ္ဓါကြည်ဖြူအလှူရှင်များအနေနဲ့လည်း ကလေးငယ်များရဲ့စားဝတ်နေရေးအတွက် အာဟာရဒါနအလှူပဲဖြစ်ဖြစ်၊ ပညာသင်ကြားရေးထောက်ပံ့စရိတ်အလှူပဲဖြစ်ဖြစ် မိမိတို့တတ်နိုင်သလောက် သွားရောက်လှူဒါန်းနိုင်ဖို့ပါ ထပ်ဆင့်နှိုးဆော်ပေးလိုက်ပါတယ်။ (ဆက်သွယ်လှူဒါန်းနိုင်မယ့် ဖုန်းနံပါတ်များ > 09-450 000 882၊ 09-799 297 884၊ 09-428 615 008 ) နောက်ပိုင်းမှာလည်း realme အနေနဲ့ နောက်ထပ်လိုအပ်လျက်ရှိတဲ့နေရာများကို REAL HOPE အစီအစဥ်ရဲ့လက်ကမ်းဝေမျှပေးလှူခြင်းအဖြစ် ဆက်လက်ကြိုးစားလုပ်ဆောင်ပေးသွားဦးမှာဖြစ်ပါတယ်။

photo content
+3

ဂိမ်းအတွက်ဆို နိုင်ပွဲတွေဆက်ဖို့ သခင်ကြီး realme 13 (5G) နဲ့စိတ်ကြိုက်ပလေးနိုင်ပြီ ဒီဇင်ဘာလအတွင်းဝယ်ယူရင် ၆လ မှန်ကွဲအာမခံပါ တစ်ပါတည်းရယူနိုင် အပူအပင်ကင်းကင်း စိတ်ကြိုက်နိုင်ပွဲတွေဆက်ဖို့ဆိုရင် ကြာကြာကစားလေဖုန်းအပူမြင့်တက်မှုကို ကာကွယ်ပေးထားတဲ့ realme ရဲ့ အသစ်ထွက် realme 13 (5G) စမတ်ဖုန်းနဲ့ စိတ်ကြိုက်ပလေးနိုင်တော့မှာဖြစ်ပါတယ်။ ဖုန်းပူတာ၊ ဖုန်း lag ပြီးနှေးကွေးတာတွေကို မေ့ထားပစ်လိုက်လို့ရသလို ဒီဇင်ဘာလအတွင်း ဝယ်ယူမယ်ဆိုရင် ၆လ မှန်ကွဲအာမခံကိုပါရရှိဦးမှာဖြစ်ပါတယ်။ မတော်တဆ ဖုန်းမျက်နှာပြင်ကွဲသွားတဲ့ အခြေအနေမျိုး အတွက် အထူးပေးအပ်ထားတဲ့ အာမခံဝန်ဆောင်မှုတစ်ခုလည်းဖြစ်ပါတယ်။ realme 13 (5G) စမတ်ဖုန်းသစ်အတွက် RAM ပမာဏကို 26GB အထိအမြင့်ဆုံးရယူနိုင်စေမယ့် RAM 26GB (12GB+14GB) + ROM 256GB version ကို ၁,၂၉၉,၉၀၀ ကျပ်နဲ့ဝယ်ယူနိုင်မှာဖြစ်ပြီး Speed Green နဲ့ Dark Purple အရောင် ၂မျိုးကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ကြိုတင် Pre-order မှာမယ်ဆိုရင် အရေအတွက် ကန့်သတ်ထားတဲ့ Portable Bluetooth Speaker နဲ့ ကျောပိုးအိတ်တို့ကို ရယူနိုင်မှာဖြစ်လို့ မြန်မြန်လေးမှာဖို့ တိုက်တွန်းလိုက်ချင်ပါတယ်။ ATOM ရဲ့ အထူး package ခံစားခွင့်တွေကိုလည်း SIM အသစ်၊ SIM အဟောင်းအလိုက် ရယူခံစားနိုင်ဖို့ ပေးအပ်ထားပါတယ်။ realme 13 (5G) မှာ အလန်းစား GT Mode ပါဝင်တဲ့အတွက် Frame Rate မှာ အတည်ငြိမ်ဆုံးအဖြစ် 60 FPS နှုန်းနဲ့ကစားနိုင်မှာဖြစ်သလို ဒီစျေးတန်းမှာ ပထမဆုံးပါဝင်လာတဲ့ အအေးခံစနစ် Stainless Steel Vapor Cooling System ကြောင့် ကြာကြာဆော့ကစားလေ ဖုန်းပူလာစေတဲ့အချက်ကိုပါ လျှော့ချသက်သာစေဦးမှာဖြစ်ပါတယ်။ Dimensity 6300 Chipset ရဲ့စွမ်းဆောင်ရည်ကို Optimization အမြင့်ဆုံးအနေအထားရအောင် လုပ်ဆောင်ပေးထားတဲ့အတွက် သွက်လက်ညက်ညောတဲ့ ဂိမ်းအတွေ့အကြုံကောင်းတွေကို ရရှိစေမှာဖြစ်ပါတယ်။ 120Hz Eye Comfort Display ကိုအသုံးပြုထားတဲ့ ၆.၇၂ လက်မအရွယ်အစားရှိတဲ့ မျက်နှာပြင်ကလည်း စွမ်းဆောင်ရည်နဲ့လိုက်ဖက်တဲ့ ထိတွေ့တုံ့ပြန်မှုတွေကို ပေါင်းစပ်ပံ့ပိုးပေးထားတာဖြစ်ပါတယ်။ ဖုန်းကြာကြာကစားဖို့ အဓိကလိုအပ်တဲ့ အမြန်အားသွင်းစနစ်မှာလည်း 45W Fast Charge နဲ့တွဲဖက်ပေးထားတာကြောင့် 5000mAh ဘက်ထရီက အားဝင်မြန်စေသလို အားလည်းပိုခံစေမှာဖြစ်ပါတယ်။ ဓတ်ပုံရိုက်ကူးမှုအတွက် 50MP OIS စနစ်ကင်မရာက Still အငြိမ်ဓာတ်ပုံတွေကို Day Light မှာရော Low Light မှာပါ စိတ်တိုင်ကျရိုက်ယူနိုင်စေသလို 2K စနစ်နဲ့ Video တွေဖမ်းယူမယ်ဆိုရင်လည်း OIS စနစ်ထောက်ပံ့ထားလို့ လက်မငြိမ်သက်မှုကြောင့်ဖြစ်ပေါ်တဲ့အားနည်းချက်တွေကိုပါ အပြည့်အဝကာကွယ်ပေးထားဦးမှာဖြစ်ပါတယ်။ ရှေ့ဘက် Selfie ကင်မရာအတွက် 16MP shooter ကိုတပ်ဆင်ပေးထားပါတယ်။ ဂိမ်းမင်းဆိုလာထား စိတ်ကြိုက်အောင်ပွဲတွေဆင့်ပွါးဖို့ realme 13 (5G) စမတ်ဖုန်းသစ်ကို realme အရောင်းကောင်တာရှိတဲ့ဆိုင်တွေမှာ ဒီဇင်ဘာလ ၆ ရက်ကနေစတင်ရောင်းချပေးသွားမှာဖြစ်ပါတယ်။

photo content
+3

အခုထွက်ရှိလာတဲ့ ဗားရှင်းမှာဆိုရင် 6GB Memory နဲ့အတူ Storage အားဖြင့် 256GB ပါရှိလာတာကြောင့် OPPO A3 ဗားရှင်းအသစ် ဖုန်းတွေဟာ ဂိမ်းကစားခြင်းတိုင်းအတွက် အချိန်တိုင်းချောမွေ့တဲ့ လုပ်ဆောင်မှုကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ် ColorOS 14 ရဲ့ Trinity Engine ကလဲ အဆင့်မြင့် ကွန်ပျူတာပါဝါမော်ဒယ်များမှ တစ်ဆင့် ကွန်ပျူတာအရင်းအမြစ်များအတွက် တိကျစွာ အချိန်ဇယားဆွဲခြင်းဖြင့် Turbocharge စွမ်းဆောင်ရည်ကို ပိုမိုထိရောက်စေနိုင်မှာဖြစ်ပါတယ် ဒီလိုတီထွင်ဆန်းသစ်မှုနှစ်ခုကြောင့် OPPO A3 Series ရဲ့ 6GB RAM + 128GB ROM ထုတ်ဝေမှုကနေ OPPO ရဲ့ 36 လကြာ Fluency Protection စမ်းသပ်မှုကို အောင်မြင်ခဲ့တာ ဖြစ်ပါတယ် ချောမွေ့သွက်လက်တဲ့ ဂိမ်းကစားမှုအတွေ့အကြုံနဲ့အတူ ဈေးနှုန်းတူ ဖုန်းများအကြား အမာကြောဆုံး ဖြစ်တဲ့ OPPO A3 Series ရဲ့ OPPO A3 (6+256) ဗားရှင်းအသစ်ကို ၈၀၉,၉၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပြီး ဝယ်ယူသူများအတွက် OPPO AI တံဆိပ်ပါ Tote Bag တွေကို လက်ဆောင်အဖြစ် ပေးအပ်သွားမှာ ဖြစ်ပါတယ်