ar
Feedback
တက္ကသိုလ်ဘုန်းနိုင်

တက္ကသိုလ်ဘုန်းနိုင်

الذهاب إلى القناة على Telegram

" ငါ့စာဖတ်၍ မမြတ်တိုင်စေ မရှုံးစေသား ပျင်းပြေ နှစ်ခြိုက် တွေးဖွယ်ထိုက်ရာ တပိုဒ်တလေ တွေ့ငြားလေမူ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ ငါအမွန်အမြတ် ငါအတတ်ဟု စာဖတ်သူပေါ် ခေါင်းကိုကျော်၍ ငါသော်ဆရာ မလုပ်ပါတည်း ... "

إظهار المزيد

📈 نظرة تحليلية على قناة تيليجرام တက္ကသိုလ်ဘုန်းနိုင်

تُعد قناة တက္ကသိုလ်ဘုန်းနိုင် (@tktpn) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 12 643 مشتركاً، محتلاً المرتبة 1 950 في فئة الدافع و الاقتباس والمرتبة 9 786 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 12 643 مشتركاً.

بحسب آخر البيانات بتاريخ 25 سبتمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار 76، وفي آخر 24 ساعة بمقدار -2، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 25.45‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 9.57‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 3 218 مشاهدة. وخلال اليوم الأول يجمع عادةً 1 210 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 56.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
“" ငါ့စာဖတ်၍ မမြတ်တိုင်စေ မရှုံးစေသား ပျင်းပြေ နှစ်ခြိုက် တွေးဖွယ်ထိုက်ရာ တပိုဒ်တလေ တွေ့ငြားလေမူ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ ငါအမွန်အမြတ် ငါအတတ်ဟု စာဖတ်သူပေါ် ခေါင်းကိုကျော်၍ ငါသော်ဆရာ မလုပ်ပါတည်း ... "”

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 26 سبتمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الدافع و الاقتباس.

12 643
المشتركون
-224 ساعات
+107 أيام
+7630 أيام
أرشيف المشاركات
images.webp0.23 KB

images.webp0.23 KB

" မိုးည အိပ်မက်မြူ " ကျွန်တော့်ဘဝရဲ့ပထမဆုံး inspiration အကြီးဆုံးပေးခဲ့တဲ့လူကဆရာတက္ကသိုလ်ဘုန်းနိုင်ပါ စာဖတ်တတ်စအရွယ်ကတည်းက ဂျာနယ်တွေ ကာတွန်းတွေ မဂ္ဂဇင်းတွေဖတ်ခဲ့ပေမယ့် အရွယ်တစ်ခုရောက်လာတော့ အသည်းထဲထိစွဲစေတာဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ဝတ္ထုတွေပါပဲ ကျွန်တော့်အကြိုက်ဆုံးတစ်ပုဒ်ကို ရီဗျူးပေးပါဆိုတော့ ရှည်ရှည်ဝေးဝေးစဉ်းစားမနေပါဘူးလေ "မိုးညအိမ်မက်မြူ"ဆိုတဲ့ကျွန်တော့်အကြိုက်ဆုံး တစ်အုပ်ပေါ့ဗျ ဒီစာအုပ်က စိတ်ကိုအလိုလိုက်သူတွေ လူတွေနဲ့ပက်သက်လို့စိတ်ဒဏ်ရာရတဲ့အခါအဝေးဆုံးပြေးတတ်သူတွေအဖို့ ဒီစာအုပ်လေးက ဖတ်ရအကိုက်ညီဆုံးနဲ့ခံစားမှုအပြည့်စုံဆုံးပေးနိုင်လိမ့်မှာပါ စာအုပ်က ခေါင်းစဉ်နဲ့လိုက်ဖက်အောင်ပဲ ရီရီမှိုင်းမှိုင်းထွေထွေနဲ့ လွမ်းဖွယ်အတိပြည့်စုံစေမှာ အဲ့ထဲမှာ ကျွန်တော်သဘောအကျဆုံး စာနှစ်ကြောင်းရှိတယ် တစ်ခုက " ပါးဖောင်းတဲ့သတ္တဝါတွေဟာမိုက်လုံးကြီးတယ် " တဲ့ ဒုတိယတစ်ခုက "ချစ်ရသူနဲ့ကွေကွင်းရခြင်းဟာလည်း ဒုက္ခတစ်မျိုးပဲ" တဲ့ အဲ့နှစ်ကြောင်းကကျွန်တော့်စိတ်အာရုံထဲမှာအမြဲထင်ဟပ်နေတယ် ဘာကြောင့်လဲဆို ပါးဖောင်းသတ္တဝါတွေဟာကျွန်နော့်အနားမှာအမြဲလိုတွေ့နေရတာရယ် ချစ်ရသူတွေနဲ့ကွေကွင်းလေ့ရှိတာကြောင့်ဖြစ်နေတယ် နောက်တစ်ချက်အနေနဲ့က ဒီစာအုပ်နဲ့ပက်သက်လို့ဝမ်းနည်းဖို့ကောင်းတာတစ်ခုက မိခင်မေတ္တာပဲ မောင်ညိုမှိုင်းလေးဟာ လူတော်တစ်ဦးဖြစ်လျက်သားနဲ့ မိခင်မေတ္တာကိုအပြည့်အဝမခံစားရရှာဘူး လောကကြီးမှာဒီလိုလူတွေအများကြီးပဲ ကျွန်တော်လည်းအပါအဝင်ပဲ ဒါကြောင့်မို့လည်းဒီစာအုပ်က ဆရာတက္ကသိုလ်ဘုန်းနိုင်စာအုပ်တွေထဲမှာကျွန်တော်အကြိုက်ဆုံးဖြစ်နေရတာဖြစ်မယ် ဒီနေရာမှာကျွန်တော်နောက်တစ်ခုကပြောချင်တာက ဒီစာအုပ်ကိုဖတ်ပြီးတဲ့အခါရတဲ့အသိတရားက မိခင်မေတ္တာဟာ မိခင်တစ်ဦးထဲစီကမဟုတ်ပဲ ကျွန်တော်တို့ တိုးဝင်လေ့ရှိတဲ့ ချစ်သူရည်းစားစီကလည်းရရှိနိုင်တယ် ကံဆိုးစွာပဲ ဒီဖက်ခေတ်မှာ ဒါမျိုးအမျိုးသမီးတွေရှားလာပါတယ် ကျွန်တော်သဘောအကျဆုံးအချက်ကတော့ ဝတ္ထုရဲ့နောက်ခံကားချပ်ပဲ ကျွန်တော့်စိတ်ထဲမြင်ယောင်ကြည့်တဲ့ ပေါင်းတည်က ခြံကျယ်ကြီး သစ်တောတန်းတွေ လယ်ကွက်တွေ၊စမ်းချောင်းနဲ့ တိုက်ကြီးတစ်တိုက်အလယ်မှာ တယောတူရိယာနဲ့ခမ်းနားတဲ့စာကြည့်ခန်းကြီးက စာနဲ့ဖော်ပြထားပေမယ့် ကျွန်တော့်အမြင်အာရုံမှာသိပ်ကို ထင်ဟပ်ပြီး အမှတ်ရနေစေတယ် ဒါတွေကြောင့်ပဲ ဒီစာအုပ်ကိုလူအများဖတ်ကြည့်စေချင်တာ သာယာလှတဲ့နေရာကြီးအလယ်မှာ စိတ်ဒဏ်ရာတွေရှိတဲ့လူငယ်လေး ဘယ်လိုဇာတ်ကြောင်းတွေနဲ့ဘယ်လိုဖွဲ့နွဲ့ထားလဲသိပ်ကိုစိတ်ဝင်စားဖို့ကောင်းတယ် ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက ဇာတ်လိုက်ကျော် မောင်ညှိုမှိုင်းရဲ့စိတ်ဒဏ်ရာတွေအကြောင်း ပြန်လည်တူးဆွပုံဖော်ထားတာက သနားဖို့လည်းကောင်းသလို အတုယူစရာတွေလည်းအများကြီး ရောက်ရာပေါက်ရာပြေးလွှားပြီး ကျရာအလုပ်လုပ် ကျွေးတာလေးစားပြီးနေရတဲ့မောင်ညှိုမှိုင်းတစ်ယောက်အကြောင်းကို သူ့နေရာကနေသာဝင်ပြီးခံစားဖတ်ကြည့် ဒီစာအုပ်ဟာခင်ဗျားအကြိုက်လုံးဝဖြစ်စေရမယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ရဲရဲကြီးအာမခံရင်း ဒီနေရာကနေပဲ ပထမဆုံးရီဗျူးလေးကို အဆုံးသတ်လိုက်ရပါတယ်ခင်ဗျာ (PN-035 ပါခင်ဗျာ မိုးညအိပ်မက်မြူနဲ့ပက်သက်လို့ သေချာလေး ဖတ်ရှူထားပြီး အရေးသားကောင်းမွန်စွာ ရေးနိုင်တာ တွေ့ရပါတယ် Congratulations ပါခင်ဗျ။ )

"သာ၍ဝေးရာ ဆီကိုပါ" ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ ဝတ္ထုတွေထဲက အကြိုက်ဆုံးတစ်ပုဒ်ကို review ပေးပါဆိုရင်တော့ "သာ၍ဝေးရာဆီကိုပါ" ဆိုတဲ့ ဝတ္တုလေးကိုပြောပြချင်ပါတယ်။ ဒီဝတ္ထုလေးက ကျမကို ဆရာ့လက်ရာတွေနဲ့ပထမဆုံးထိတွေ့ပေးခဲ့တာပဲဖြစ်ပါတယ်။ 🍂🍂🍂 ဒီဝတ္ထုလေးထဲမှာဆိုရင်.... ရက်စက်တဲ့ဟိုးတက်ဖက်လူလောက ကနေ ထွက်ပြေးလာတဲ့လူတစ်ယောက်ဟာ   အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ခြေဦးတည့်ရာ ထွက်ပြေးရင်း မြစ်ဝကျွန်းပေါ်မှာရှိတဲ့ နယ်မြို့လေးတစ်မြို့ဆီ  ရောက်လာခဲ့ရတယ်။ 🍃🍃🍃 အမှတ်မထင်ပဲ သူရောက်လာခဲ့တဲ့ဒီမြို့လေးရဲ့ မြို့သူမြို့သားတွေကသူ့ကို  ကိုသာဓု လို့ နာမည်ပေးထားတယ်။ မြို့ကလေးတင်လှတာမဟုတ်ပဲ မြို့နေလူကပါ စိတ်ထားလှကြတာကို ကိုသာဓုသိလိုက်ရတယ်။ 🌷🌷🌷 တက္ကသိုလ်ကျောင်းသူ မသင်းနု ဆိုတဲ့မိန်းကလေးက ကိုသာဓုမြို့ကိုရောက်ရောက်ချင်း မျက်စိသံယောဇဉ်ဖြစ်စေခဲ့တဲ့မိန်းကလေးပါ။  သွက်လက်ပြီးဖော်ရွေတဲ့ မသင်းနုက ကိုသာဓုဗိုက်ဆာနေတုန်း ထမင်းကျွေးခဲ့တဲ့ ထမင်းရှင်လေးတစ်ဦးလည်းဖြစ်ပါသေးတယ်။ မသင်းနုရဲ့ ဦးကြီး က လယ်သမားကြီးတစ်ယောက်ဖြစ်ပါတယ် ။ သားတစ်ယောက်ကို ဆုံးရှုံးဖူးတဲ့ဦးကြီးက  ကိုသာဓုကို ကရုဏာသက်တဲ့စိတ်နဲ့ အိမ်မှာ သားအဖြစ်မွေးစားထားတယ်။ စိတ်ချမ်းမြေ့စရာစတင်မှုကလေးပါပဲ။ 🌤🌤🌤 မသင်းနုဟာ ကိုသာဓု နဲ့စစ‌တွေ့တုန်းက ဝတ်လာတဲ့ ကိုသာဓုရဲ့အိန်ကျီကနေ ထူးခြားမှုတစ်ခုကို ရှာတွေ့ခဲ့တယ်။ နောက်ပိုင်းမှာ ကိုသာဓုဟာ သာမန်လူတစ်ယောက်မဟုတ်ဘဲ မိမိအတိတ်ကိုမေ့မျောနေတဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတာကို မသင်းနုနဲ့သူ့သူငယ်ချင်း တွေက သတိထားမိခဲ့ကြပါတယ်။ မသင်းနုတို့သတိထားမိသလို မြို့ကရောက်လာတဲ့ ရဲမှူးကြီး ကလည်း သတိထားမိပြန်တော့ ကိုသာဓုမှာပြဿနာတွေ တစ်မျိုးပြီးတစ်မျိူး ကို ရင်ဆိုင်လာရပါတော့တယ်။ 🍁🍁🍁 ကိုသာဓုဆိုတာ ဘယ်လိုလူမျိုးလဲ ၊ ဘယ်ကနေလာတဲ့သူလဲ ၊ ဘယ်လိုရာထူးမျိုးပိုင်ဆိုင်တဲ့သူလဲ ၊ သူ့အတိတ်မှာ ဘယ်လိုစိတ်ဒဏ်ရာတွေရှိခဲ့လဲဆိုတာကို ပေါ်ပေါက်ဖို့ မသင်းနု ကြိုးစားပုံတွေ။ ကိုသာဓုနဲ့ သူအတိတ်မေ့လာတဲ့ သူ့ကိုယ်သူနဲ့ အားပြိုင်မှုတွေ။ 🌱🌱🌱 ""ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်"" ရဲ့ ဝတ္ထုခေါင်းစဉ် ဖြစ်တဲ့ သာ၍ဝေးရာဆီကိုပါ ဆိုတဲ့အတိုင်း  ရက်စက်သော ဟိုလောကဆီမှာဘက်မှ ငြိမ်းချမ်းသောလောက ဒီမှာဘက်ကို ပြေးထွက်လာရပုံတွေ အကြောင်းကို  တစ်စိမ့်စိမ့်နဲ့ ဖတ်ရှုရမှာဖြစ်ပါတယ်။ တစ်ကြောင်းပြီးတိုင်းတစ်ကြောင်း ၊ တစ်ရွက်ပြီးတစ်ရွက် ဖတ်နိုင်လောက်အောင် အရေးအသားက ဆွဲငင်မှုအားကောင်းလှတဲ့ ဒီ သာ၍ဝေးရာဆီကိုပါ ဆိုတဲ့ ဝတ္ထုလေးကို  "10/10" အဖြစ်  review ပေးချင်ပါတယ်။ ✨✨✨ စာဖတ်သူတို့ကိုလည်း ဖတ်ကြည့်ဖို့တိုက်တွန်းလို့ပါတယ်ရှင့်။ ( PN-006 ပါ ခင်ဗျ တွေ့ရခဲတဲ့ Review လေးတခုဖြစ်ပြီး အရေးသားပိုင်းဆိုင်ရာ ကောင်းမွန်စွာ ရေးသားနိုင်တာတွေ့ရပါတယ် ဆရာ့ရဲ့လက်ရာတွေထဲ အကောင်းဆုံးတွေထဲက‌ တပုဒ်မို့ မဖတ်ရသေးရင် ဖတ်ကြည့်စေချက်ပါတယ်ဗျ )

မေတ္တာနဲ့ အရင်းခံ တည်ဆောက်ထားတဲ့ ဒီလူ့ဘောင်မှာ ချစ်ခြင်းသဒ္ဓါနဲ့ ဂရုဏာဗြဟ္မစိုရ်တရားဟာ စိတ်နာသူတွေအထင်မှားသလောက် မခေါင်းပါးပါဘူး - မိုးည အိပ်မက်မြူ

မေတ္တာနဲ့ အရင်းခံ တည်ဆောက်ထားတဲ့ ဒီလူ့ဘောင်မှာ ချစ်ခြင်းသဒ္ဓါနဲ့ ဂရုဏာဗြဟ္မစိုရ်တရားဟာ စိတ်နာသူတွေအထင်မှားသလောက် မခေါင်းပါးပါဘူး - မိုးည အိပ်မက်မြူ

" လွမ်း " စာဖတ်သူတို့ ဘဝမှာ အမြဲတမ်းအစွန်းရောက်တဲ့သူမျိုးနဲ့ ကြုံဖူးကြလား၊ ချစ်တော့လဲ ကမ်းမမြင် လမ်းမမြင်၊ မုန်းပြီဆိုလဲ ရေဆုံးမြေဆုံး ဖြစ်နေတဲ့ လူမျိုးတွေကိုပေါ့၊ အဲ့လို လူတစ်ယောက်အတွက် ချစ်ရတဲ့သူနဲ့ မုန်းရတဲ့သူက လူတစ်ယောက်တည်း ဖြစ်သွားရင်ရော ဘယ်လိုမျိုး ခံစားရမလဲ၊ အဲ့လိုလူတစ်ယောက်အကြောင်းကိုတော့ စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင်က စိတ်ပညာလေး အနည်းအကျဉ်းနဲ့ ပုံဖော်ထားတဲ့ စာအုပ်လေး တစ်အုပ်ရှိပါတယ်။ ကျွန်တော် review လုပ်ပေးချင်တဲ့ စာအုပ်လေးနာမည်ကတော့ “လွမ်း” လို့ ခေါ်ပါတယ်၊ ဒီစာအုပ်လေးက ဆရာ့ရဲ့ အခြားစာအုပ်တွေနဲ့ မတူပဲ သိပ်ပြီး review သိပ်မလုပ်ကြတဲ့ စာအုပ်လေးဆိုလဲ မမှားပါဘူး၊ ဇာတ်လမ်းအစမှာ ဒေါက်တာမင်းညိုဆိုတဲ့ နိုင်ငံခြားမှာ ပညာသင်ရင်း ပါရဂူဘွဲ့ရလာတဲ့ ဆရာဝန်တစ်ယောက်က စစ်ကိုင်းဘက်ကို လာရင်းကနေ မထင်မှတ်ပဲ လူတစ်ယောက် ရေနစ်တာကို ကယ်ဖို့ဖြစ်လာခဲ့တယ် ရေနစ်သူကို ကယ်ရင်း ကိုယ်တိုင်ပါ ရေနစ်ခဲ့ရသော မင်းညိုကို အရေးပေါ်သို့ အားချင်း ပို့ဆောင်ကြပါတယ်။ ထိုစဉ် ဆေးရုံမှာ ဖခင်၏ နှလုံးရောဂါနဲ့ မေ့လဲသွားခြင်းကြောင့် ရောက်လာတဲ့ လွမ်းဆိုတဲ့ ကောင်မလေးလဲ ရှိနေပါတယ်၊ စင်စစ်သူမအဖေဟာလဲ ရောဂါအခံကြောင့် အချိန်မီ ကုသဖို့ လိုအပ်နေခဲ့ပါတယ်၊ အရင်ရောက်သည့် လူနာဖြစ်တဲ့ သူမအဖေကို ကျော်ပြီး အရေးပေါ်လူနာဖြစ်သည့် ဒေါက်တာမင်းညိုကိုသာ အရင် ခွဲစိတ်ခန်းထဲ ထည့်လိုက်ကြတာကြောင့် ဒေါက်တာမင်းညိုက အသက်အန္တရာယ်မှ လွတ်ခဲ့သော်လဲ လွမ်းရဲ့ ဖခင်ဖြစ်သူမှာ အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဖခင်ဖြစ်သူကို မှီခိုရင်း ရပ်တည်ရတဲ့ မိသားစုဟာ ဖခင်မရှိတဲ့နောက်မှာ လွန်စွာ ကမောက်ကမဖြစ်လာကြပါတယ်၊ ထိုသို့ ဖြစ်လာလေလေ မင်းညိုအပေါ် နာကျည်းလာရင်းကနေ အမုန်းကြီး မုန်းလာပါတယ်၊ တစ်ဖက်မှာလဲ မိမိ အမှားကြောင့်လို့ ခံယူထားတဲ့ မင်းညိုဟာလဲ ခွင့်လွှတ်မှုကို တောင်းခံရင်း လွမ်းဆိုတဲ့ကောင်မလေးကို ချစ်မိသွားရှာပါတယ်၊ ဒီလိုရှုပ်ထွေးလာတဲ့ အခြေအနေကနေ ဖြစ်လာတဲ့ အချစ်တစ်ခုကို မင်းညိုတစ်ယောက်အနေနဲ့ ဘယ်လို ရှင်သန်မွေးမြူမလဲ၊ တောင်းပန်မှုကို လက်သင့်မခံချင်တဲ့ လွမ်းကရော ဘယ်လိုအကြောင်းကြောင့်နဲ့ရော အမုန်းတွေ ပြေသွားမလဲ ဆိုတာကို ဇာတ်အိမ်ဆန်းဆန်းနဲ့ ရေးထားတဲ့ စာအုပ်မျိုးပဲ ဖြစ်ပါတယ်။ ထို့အပြင် ဒီစာအုပ်လေးဟာ မင်းညိုရဲ့ အစွန်းရောက်နေတဲ့ လူတစ်ယောက်ကို ပေးဆပ်ဖို့ပဲ ရွေးချယ်လိုက်တဲ့ ပုံကို သေချာရေးထားတဲ့ စာအုပ်လေးလဲ ဖြစ်တာမို့ စာဖတ်သူအနေနဲ့ မတူညီတဲ့ ရသမျိုးကို အချိန်တိုတိုနဲ့ ပေးနိုင်မယ့် စာအုပ်လေး တစ်အုပ်မို့ အချိန်ပေးပြီး ဖတ်သင့်တဲ့ စာအုပ်ကောင်းလေး တစ်အုပ်ဖြစ်မယ်လို့လဲ ကျွန်တော်ယုံကြည်ပါတယ်။ ( PN -032 ပါ ခင်ဗျ ဆရာ့ရဲ့စာအုပ်တွေထဲ Review သိပ်ပြီးမရေးကြတဲ့ ဝတ္ထုတပုဒ်ပါ ဒီဝတ္ထုလေးကို မှတ်မှတ်ရရ Review ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ အရေးသားပိုင်း ဆွဲဆောင်နိုင်ပြီး တွေ့ရခဲတဲ့ Review တခုဖြစ်တာကြောင့် ရွေးချယ် ထားပါတယ်ဗျ)

" တပြည်သူ မရွှေထား " 'ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်' လို့ ဆိုလိုက်တာနဲ့ အားလုံးသိကြတဲ့အတိုင်းပါပဲ၊ စာပေလောကမှာ legendary ဆန်ဆန် ရပ်တည်နေတဲ့ extraordinary author တစ်ယောက်ပါ။ နှလုံးသားနူးညံ့သူတိုင်း၊ literary art ကောင်းကောင်းကို appreciate လုပ်တတ်သူတိုင်းဟာ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ စာအုပ်တွေနဲ့ ကင်းနိုင်မယ့်သူ မရှိသလောက်ရှားပါလိမ့်မယ်။ ဆရာ့ရဲ့ ထင်ရှားကျော်ကြားလှတဲ့ စာပေလက်ရာတွေထဲမှာ “တပြည်သူ မရွှေထား” ဝတ္ထုဟာဆိုရင် မေ့ထားလို့မရတဲ့ all-time favorite novel တစ်ပုဒ်လို့တောင် ပြောလို့ရပါတယ်။ ဒီဝတ္ထုဟာ ဖတ်ဖူးသူတိုင်းရဲ့ ရင်ထဲမှာ lingering emotion တစ်ခုခု ကျန်နေစေမယ့် ဝတ္ထုတစ်ပုဒ်အဖြစ် ကျော်ကြားပါတယ်။ သက်ဝင်လှုပ်ရှားစရာကောင်းတဲ့ description တွေ၊ deep characterization တွေနဲ့အတူ သုတ၊ ရသ၊ အတွေးအမြင်၊ သမိုင်းနောက်ခံ၊ တရားသဘော၊ ဂီတဆိုင်ရာတွေကို detail ကျကျ၊ စေ့စေ့စပ်စပ် ရေးသားထားတာကို တွေ့ရတယ်။ “စာအုပ်တွေထဲမှာ ဘဝတွေရှိတယ်” ဆိုတဲ့စကားအတိုင်း ဒီစာအုပ်ဟာ အင်္ဂလိပ်တို့ အရေးနိမ့်ပြီး ဆုတ်ခွာရချိန်၊ ဂျပန်တွေ ဝင်ရောက်ကြီးစိုးချိန်၊ တစ်ဖန် အင်္ဂလိပ်တို့ ပြန်လည်သိမ်းပိုက်ချိန်ဆိုတဲ့ historical background သုံးခုကြားက မြန်မာနိုင်ငံကို setting ယူထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ “ မောင့် .. ထားသခင် မြစိမ်းရှင်ထံ မကြင်သူအား ကြင်မိမှားမို့ သနားခွင့်ထူး မပန်ဖူးပါ ” လူတွေဟာ မွေးဖွားလာပုံချင်း မတူကြသလို ဘဝကံအကျိုးပေးခြင်းတွေလည်း မတူကြပါဘူး။ မိဘမရှိ၊ ဆွေမျိုးသားချင်းမရှိဘဲ အမတစ်ယောက်တည်းကိုသာ အားကိုးနေရတဲ့၊ ယောက်ဖရဲ့ မကြည်ဖြူမှုဒဏ်ကို ခံရင်း၊ ကျရာအလုပ်ကို လုပ်ကိုင်ရှာဖွေနေရသူ ဆင်းရဲသားကျောမွဲလူတန်းစား လူငယ်တစ်ယောက်။ တစ်ဖက်မှာတော့ ငယ်ငယ်ကတည်းက ပိုးမွေးသလို ယုယ‌ထွေးပွေ့စွာ privileged life တစ်ခုနဲ့ ကြီးပြင်းလာတဲ့ အင်္ဂလိပ်ဝန်မင်းရဲ့ တစ်ဦးတည်းသောသမီး။ ဘဝအခြေအနေ၊ social status တွေဟာ မိုးနဲ့မြေလို ကွာခြားလွန်းတဲ့ ဒီလူနှစ်ယောက်အကြောင်းကို ဆရာကြီးက ဘယ်လို detail ကျကျ ရေးသားထားမလဲ။ အလွှာချင်းကွာခြားလှတဲ့ သူတို့နှစ်ဦး ဘယ်လိုများ တွေ့ဆုံကြမလဲ။ အဲ့ဒီ encounter ရဲ့နောက်မှာ ဘယ်လို consequences တွေ ဆက်ဖြစ်လာမလဲ။ လောကဓံရိုက်ခတ်မှုတွေဟာ လူကို ရင့်ကျက်စေပြီး ဘဝနာတတ်စေကြောင်းကို ဇာတ်ဆောင် မြတ်ဆွေနဲ့ ဆရာကြီးက ဘယ်လို parallel ယှဉ်ပြထားမလဲဆိုတာလည်း ဒီဝတ္ထုရဲ့ အားသာချက်တစ်ခုပါပဲ။ ဒါ့အပြင် မသန်စွမ်းသူတွေအပေါ် လူ့အသိုင်းအဝိုင်းရဲ့ prejudice တွေ၊ လွဲမှားနေတဲ့ အယူဝါဒတွေကိုလည်း ဆရာကြီးက subtle but powerful way နဲ့ ထိထိမိမိ ပြုပြင်တင်ပြထားပါတယ်။ မသန်စွမ်းပညာရှိ ဆရာကြီး ဦးချမ်းသာဆိုတဲ့ character ဟာလည်း “မသန်ပေမယ့် မစွမ်းတာမဟုတ်”၊ " မသန်ပေမယ့် စွမ်းတယ် "ဆိုတဲ့ message ကို အင်မတန်လေးနက်စွာ ပေးနိုင်ခဲ့တယ်လို့ ခံစားရတယ်။ အချစ်ကို အယုံအကြည်မရှိ၊ မာနကြီးပြီး နှလုံးသားမာကြောတဲ့ ထားတစ်ယောက် အချစ်ကို ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုသွားမလဲ။ ထားရဲ့ရင်ဘတ်ထဲကို မြတ်ဆွေဟာ ဘယ်လိုများ slowly and deeply နေရာယူသွားနိုင်ခဲ့မလဲ။ ဆုံစည်းခြင်းနဲ့ ခွဲခွါခြင်းဆိုတဲ့ အလွှာပါးပါးကလေးတစ်ချပ်မှာတောင် မငိုချင်တဲ့ ထား၊ မငိုခဲ့တဲ့ ထား၊ ထားက ငိုရစ်လို့ ဆိုခဲ့တဲ့အတိုင်း ငိုဖြစ်အောင် ငိုခဲ့တဲ့ 'ထားရာနေ စေရာသွားဘဝ' မြတ်‌ဆွေ။ ဒီလို heartbreak ဆန်ဆန် ဝမ်းနည်းဖွယ်အတိ scene တွေကို စာဖတ်ပရိသတ်တွေ ရင်ထဲ၊မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်လာအောင် ဆရာကြီး ဘယ်လိုရေးသားထားမလဲ။ မမြင်နိုင်တဲ့ ကံကြမ္မာတွေနဲ့ ဘဝသံသရာကြားမှာ မမျှော်လင့်ထားတဲ့ ထားနဲ့ မြတ်ဆွေတို့ရဲ့ surprising ending ကို ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်က ဘယ်လိုချပြသွားမလဲဆိုတာကတော့ ဒီဝတ္ထုရဲ့ unforgettable charm တစ်ခုပါပဲ။ “Stephen King” ပြောသလို “Books are a uniquely portable magic” ဆိုတဲ့စကားက ဒီဝတ္ထုနဲ့ အရမ်းလိုက်ဖက်တယ်လို့ ထင်မိတယ်။ စာဖတ်သူ ကျွန်မကိုယ်တိုင်လည်း ဇာတ်ကောင်တွေနဲ့အတူ emotional journey တစ်ခုထဲ စီးမြောနေခဲ့ရတယ်။ “ထားရေ တချို့အရာတွေကျတော့ ထိုင်ပြီးငေးကြည့်နေခွင့်ရတာကိုက အရသာ ဥပမာဆိုရရင် တုံးခုလို့မှ မမှီတဲ့ လမင်းကြီးကို ဝါးထရံပေါက်လေးကနေတဆင့် ချောင်းကြည့်နေရသလိုမျိုးပေါ့” လူတစ်ယောက်ဟာ ကိုယ်မြတ်နိုးတဲ့သူကို ဘယ်လောက်အထိ တန်ဖိုးထားနိုင်ကြောင်း၊ အချစ်ရဲ့ deep emotion တွေ၊ သိမ်မွေ့နက်နဲပုံတွေကို ခံစားချင်ရင်၊ အချစ်ရဲ့စွမ်းအားဟာ လူတစ်ယောက်ရဲ့ဘဝကို turning point တစ်ခုလို ပြောင်းလဲသွားစေနိုင်ပုံကို မြင်ချင်ရင်၊ လွမ်းမောကြေကွဲဖွယ်ရာ classic romance novel ကောင်းတစ်ပုဒ်ကို ဖတ်ချင်ရင်တော့ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ “တပြည်သူ မရွှေထား” ဝတ္ထုကို ဖတ်ရှုကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေရှင်။ ( PN-013 ရဲ့ လက်ရာပါခင်ဗျာ သပ်ရပ်လှပတဲ့ အရေးသားကောင်း လေးတခုလို့ မြင်မိပါတယ်။ Congratulations ပါ ခင်ဗျ )

"သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်... " မြန်မာ့စာပေလောကမှာ “Art for Art’s Sake” ဆိုတဲ့ အနုပညာအယူအဆကို ပြောဆိုကြတဲ့အခါ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ကို ဖန်တီးမှုအင်အား အလွန်မြင့်မားတဲ့ စာရေးဆရာတစ်ဦးအနေနဲ့ သတ်မှတ်ကြမှာ အသေအချာပါပဲ။ဆရာကြီးရဲ့ စာပေလက်ရာ‌တွေကို ဖတ်ဖူးသူတိုင်းအတွက် အထူးတလည် ညွှန်းဆိုစရာမလိုလောက်အောင် စာဖတ်ပရိသတ်တွေရဲ့ ရင်ထဲမှာ deeply rooted ဖြစ်နေတဲ့ ဝတ္ထုတစ်ပုဒ်ကတော့ “သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်…ခိုင်” ပါပဲ။ စာအုပ်ထုတ်ဝေစဉ်ကတည်းက Best Seller အနေနဲ့ အသိအမှတ်ပြုခံခဲ့ရတဲ့အပြင်၊ ဒီနေ့အချိန်အထိလည်း မြန်မာ့စာပေလောကရဲ့ Classic novel တစ်အုပ်အနေနဲ့ တင်စားခေါ်ဝေါ်ခံရဆဲပါပဲ။ "Best Seller တိုင်းဟာ Classic မဟုတ်။ သို့သော် Classic တိုင်းဟာ Best Seller ဖြစ်ခဲ့ဖူးရမယ်” ဆိုတဲ့ ကမ္ဘာ့စာပေပညာရှင်တို့ရဲ့ ဆိုရိုးစကားအတိုင်း “သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်…ခိုင်” ဝတ္ထုဟာ ၁၉၆၄ ခုနှစ်မှ ယနေ့အထိ နှစ်ပေါင်းခြောက်ဆယ်ကျော်တိုင်အောင် အကြိမ်ကြိမ် ပြန်လည်ရိုက်နှိပ်ခံနေရဆဲ မြန်မာ့ဂန္ထဝင်ဝတ္ထုရှည်ကြီးတစ်အုပ် ဖြစ်နေဆဲပါပဲ။ “ရွက်ဝါကြွေသော နွေတိုင်လျှင် မမေ့နိုင်ဘဲလျက်က သတိမရရဲချင်သော ဇာတ်လမ်းတစ်ပုဒ်…” ဒီဝတ္ထုဟာ simply a love story မဟုတ်ဘဲ လူ့နှလုံးသားရဲ့ contradiction နဲ့ unspoken emotions တွေကို နူးညံ့သိမ်မွေ့စွာ ဖော်ပြထားတဲ့ psychological masterpiece တစ်ပုဒ်လို့ပင် ဆိုနိုင်ပါတယ်။ လူကြီးဆိုတာ ငယ်ရာကနေ ကြီးပြင်းလာသူ‌တွေ ဖြစ်သလို လူတိုင်းမှာ ကိုယ့်ငယ်ဘဝဇာတ်လမ်းတွေ ရှိကြစမြဲပါပဲ။ ခိုင့်ငယ်ဘဝဖြတ်သန်းပုံတွေဟာ ဘယ်လောက်ထိ ဆန်းကြယ်နက်ရှိုင်းခဲ့သလဲ။ မောင်နဲ့ ခိုင်တို့ရဲ့ တွေ့ဆုံမှုဟာ fate တစ်ခုလား၊ coincidence တစ်ခုလား။ ခိုင့်နှလုံးသားထဲမှာ မောင်တစ်ယောက်တည်းသာ အစဉ်ရှိနေခဲ့‌ပေမဲ့၊ မောင်ကရော ဟိုးအစကတည်းက လှိုင့်ကိုသာ သူ့ရဲ့နှလုံးသားထဲ ထည့်ထားနှင့်ပြီးသားလား။ မောင်ဟာ မိခိုင်ကို သူငယ်ချင်းအချစ်နဲ့သာ ချစ်ခဲ့တာလား၊ ဒါမှမဟုတ် ချစ်လျက်နဲ့ ကိုယ့်နှလုံးသားကိုယ် ပြန်လည်လှည့်ဖျားကာ indifferent ဟန်ဆောင်ခဲ့ခြင်းလား။ ခိုင်ဝတ္ထုမှာ ဆရာကြီးရဲ့ စာ‌ပေအရေးအသားဟာ subtle ဖြစ်လွန်းတာကြောင့် မြှုပ်ကွယ်ထားတဲ့ ခံစားချက်‌တွေကိုတောင် စာဖတ်သူတွေက line by line analysis လုပ်ရတဲ့အထိ ထိုးထွင်းစဉ်းစားကြတယ်။ ဒါကြောင့်လည်း “ခိုင်” ဝတ္ထုနဲ့ပတ်သတ်လို့ ဒီနေ့အထိ discussion တွေ၊ debate တွေ မပြီးဆုံးနိုင်သေးတာဖြစ်မယ်။ အရာအရာကို ပိုကောင်းအောင်ဆိုပြီးလုပ်ခါမှ ဘဝကြီးဟာ ပိုဆိုးသွားတတ်တာမျိုးလား။ ဘယ်သူ့ကိုမှ မျက်ရည်မကျစေချင်ဘူးဆိုတဲ့ မောင်.... နောက်ဆုံးတော့ မောင်ကိုယ်တိုင်ရော၊ မောင့်ကိုချစ်တဲ့၊ မောင်ကချစ်တဲ့ လှိုင့်ကိုရော၊ မငိုရတဲ့ ချစ်ခြင်းနဲ့ပဲ ချစ်ပါရ‌စေပြောပြီး ခိုင့်ကို လောကအလယ် ရပ်တည်နိုင်စွမ်း မရှိတော့တဲ့အထိ၊ ငိုဖို့ မျက်ရည်ကုန်ခမ်းတဲ့အထိ ဘယ်အရာတွေက ဖြစ်စေခဲ့တာလဲ။ မောင်နှင့် လှိုင်၊ ကိုကိုနှင့် မြိုင်… ယောင်္ကျားတွေဟာ ကိုယ်ချစ်တဲ့သူကို priority အဖြစ်ထားတတ်ကြသလား။ အဲ့ဒီ priority တွေရဲ့ နောက်ကွယ်မှာ ကြိုင်နဲ့ ခိုင်တို့လို့ အမျိုးသမီး‌တွေအပေါ် ဘယ်လို emotional damage တွေ ကျရောက်ခဲ့ရသလဲ။ မောင်၊ ကိုကို၊ ငြိမ်းမောင်၊ တင်မောင်ညွန့် စတဲ့ ယောင်္ကျားဇာတ်ကောင်တွေဟာ ကိုယ်ချစ်တဲ့သူကို နှလုံးသားအပ်နှင်းပိုင်ခွင့်ရှိကြပေမယ့် ကြိုင်နဲ့ ခိုင်တို့လို အမျိုးသမီးတွေမှာတော့ ကိုယ်ချစ်တဲ့သူကို နှလုံးသားပေးအပ်ပိုင်ခွင့်၊ ပြန်လည်တောင်းဆိုပိုင်ခွင့်တို့ မရှိခဲ့ကြတဲ့ အဲဒီ gender inequality ကို ဆရာကြီးက သိမ်မွေ့လှပတဲ့ အရေးအသားတွေနဲ့ ဘယ်လိုနာကျင်ဖွယ်ကောင်းအောင် ရေးဖွဲ့ထားသလဲ။ “လူတစ်ယောက်ဟာ သူ့ကိုသတိရနေမယ့်သူရှိနေသရွေ့ တကယ်မသေဆုံးဘူး” လို့ ဆိုရင် နှစ်လွှာပေါင်းမှ တစ်ရွက်မည်တဲ့ ရွက်စွယ်တော်ကို မြင်မိတိုင်း ခိုင်နဲ့အတူ မောင့်ကိုပါ သတိရမိတတ်သလို၊ ဆရာကြီးကိုလည်း တပါတည်း အောက်မေ့သတိရမိတတ်တာမို့ ဆရာဟာ ကျွန်မတို့ရင်ထဲမှာ အမြဲရှင်သန်နေလိမ့်ဦးမှာပါ။ ခိုင့်အတွက် ရင်နင့်ခဲ့ရသူများ၊ မောင့်အတွက် အော့နှလုံးနာခဲ့ရသူများ၊ ငြိမ်းမောင်အတွက် မျက်ရည်ကျခဲ့ရသူများ၊ လှိုင့်အတွက် ကြေကွဲဝမ်းနည်းခဲ့ရသူများ…ထိုသူတို့ ဘာကြောင့် အသည်းနင့်ခဲ့ကြသလဲ၊ ဘာကြောင့် နှလုံးသည်းပွတ်အတွင်း ရင်ဆို့ကြေကွဲခဲ့ကြသလဲ ဆိုတာကို သိချင်ရင်၊ ရသစာပေကောင်းတစ်အုပ်ကို ဖတ်ရှုချင်ရင်၊ သင်ဟာ sensitive heart ရှိသူ တစ်ဦးဖြစ်ခဲ့ရင် ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ “သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်…ခိုင်” ဝတ္ထုကို ဖတ်ရှုကြည့်ပါလို့ ကျွန်မအနေနဲ့ တိုက်တွန်းနှိုးဆော်လိုက်ပါရစေရှင် ။ ( PN -10 ရဲ့ လက်ရာလေးပါ ဘာကြောင့် ရွေးချယ်ခဲ့လဲဆိုတာ စာဖတ်သူတို့ကို အထွေအထူး ပြောစရာ လိုမယ် မထင်ပါဘူးဗျ Congratulations ပါခင်ဗျာ )

လူတစ်ယောက်ကို ချစ်ခြင်းဟာ ပိုင်ဆိုင်ရခြင်းဆိုတဲ့ ပန်းတိုင်မှာ အဆုံးသတ်တာ မဟုတ်ပါဘူး လူတ‌စ်ယောက်ကို ပိုင်ဆိုင်ရတိုင်းလဲ သူ့အချစ်ကို ရတယ်လို့ မဆိုသာပါဘူး ဘာကြောင့်လဲဆိုရင် ချစ်ခြင်းနဲ့ ပိုင်ဆိုင်ခြင်းက တိုက်ရိုက်အချိုးကျနေတဲ့ ပုံသေနည်း တခု မဟုတ်လို့ပဲဗျာ - ပိတောက်ပွင့်ဆဲ လသာဆဲဝယ်

Hello ကံထူးသွားတဲ့ လူတွေကို ကြေညာပေးရမဲ့အချိန်ရောက်လာပါပြီခင်ဗျာ မကြေညာခင်မှာ အရင်ဆုံး ပါဝင်ခဲ့ကြတဲ့ လူတစ်ဦးတ‌ယောက်စီတိုင်းကို ရင်ထဲက ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ပေးပို့လာတဲ့ စာလွှာတစောင်စီတိုင်းကို လေးစားစွာနဲ့ သေချာလေး ဖတ်ဖြစ်ပါတယ်။ အကုန်လုံးက တယောက်တမျိုးစီနဲ့ အရေးသား ကောင်းမွန်ကြတာ တွေ့ရပါတယ်ခင်ဗျာ။ တချို့က လိုအပ်ချက်လေးတွေ ရှိပေမဲ့ အကောင်းဆုံးကြိုးစားထားတာ တွေ့ရသလို တချို့ဆို တခေါက်ဖတ်ပြီးတာနဲ့ နောက်တခေါက် ပြန်ဖတ်ကြည့်ချင်လောက်အောင် ကောင်းတဲ့ စာလွှာလေးတွေလဲ တွေ့ရပါတယ်။ ဆရာ့ရဲ့ ခိုင် ဝတ္ထုကို Review ရေးသားထားတာ အများဆုံး တွေ့ခဲ့ရပါတယ် ။ အံ့ဩစရာကောင်းတာက အဆိုပါဝတ္ထုတပုဒ်ထဲကို အမြင်မတူတဲ့ ရှုထောင့်ကနေ တယောက်တမျိုးစီ ရေးသားနိုင်တာပါပဲ။ ဒါကြောင့် တကယ့်ကို ရွေးရခက်ခဲ့ပါတယ် ။ ထပ်မံပြောကြားလိုတာက ဒီထဲမှာ မပါတဲ့သူတွေက ဖတ်ရအဆင်မပြေလို့ မဟုတ်ကြောင်းနဲ့ လာရောက်ပေးပို့သူတွေများတဲ့အတွက် အကောင်းဆုံးတွေချည်း ယှဉ်ရတာကြောင့် အနည်းငယ်လိုအပ်ချက် ရှိသွားလို့ကျန်ခဲ့ရုံသာ ဖြစ်ပါတယ်ခင်ဗျာ။ ကဲ ဒါဆို ဘယ်သူတွေကံထူးသွားမလဲ ရွေးရခက်တဲ့ကြားကနေ အကြိုက်ဆုံး (၁၀)ခု အထိ ရွေးခဲ့ပါတယ် (အစက ၅ပုဒ်ပဲ ရွေးမယ် စဉ်းစားခဲ့တာပါ ) ကံထူးရှင်တွေရဲ့ Code No လေးတွေကတော့ PN - 013 PN - 032 PN - 006 PN - 011 PN - 010 Special Choice - PN 002 Additional Choice - PN 019 PN 003 PN 020 PN 035 တို့ပဲ ဖြစ်ပါတယ်။ ရရှိသွားကြသူများ အားလုံး Congratulations ပါခင်ဗျာ။ မရတဲ့သူများအတွက်လဲ စိတ်မကောင်းဖြစ်ရပေမဲ့ အားမငယ်ပဲ နောက်လာမဲ့ အစီစဉ်တွေမှာလဲ ထပ်မံ ကြိုးစားကြည့်ပေးကြဖို့ အားပေးချင်ပါတယ်ဗျ။ ( Admin မွေးနေ့ လာမဲ့ ၉လပိုင်း မတိုင်ခင်မှာ အခုနဲ့ ပုံစံမတူတဲ့ Giveaway အစီစဉ်လေး ထပ်လုပ်ဖို့ ရှိပါမယ်) ကံထူးရှင်များ @nieh3659 ကို လာပေးပါခင်ဗျာ နောက်ရက်တွေမှာ ကံထူးရှင်တို့ရဲ့ Review စာလွှာလေးတွေနဲ့ အတူ ပြန်လာခဲ့ပါမယ် အားလုံးပဲ ကျန်းမာရေး ဂရုစိုက်ပါဗျ။

Hello Giveaway ကံစမ်းလို့ ရနေသေးတယ်နော် လက်ရှိအချိန်ထိ ပါဝင်ထားပြီးသူများလဲ ရရှိထားတဲ့ Code Number လေးတွေ မှတ်ထားပေးပါခင်ဗျာ အားလုံးပဲ ကံကောင်းကြပါစေဗျ🍁

Hello အားလုံးပဲ မင်္ဂလာပါ စောင့်နေကြမယ်ထင်တဲ့ Giveaway Post ပါ Channel ကို ပစ်ထားတာ ကြာ‌တာ‌ေတာင် ဆရာ့ရဲ့စာဖတ်ပရိတ်သတ်တွေအများကြီးပဲ တွေ့နေရသေးလို့ အများကြီး ဝမ်းသာရပါတယ် Channel လေး ဖွင့်တာ ၅နှစ်ကျော်ခဲ့ပြီဖြစ်တာ တကြောင်း၊ ဆရာ့ရဲ့စာပေတွေကို အမြဲတစေ ထိတွေ့စေလိုတာ တကြောင်း စတဲ့ အကြောင်းရင်း တွေကြောင့် ဒီ Post လေးကို ဖန်တီးလိုက်တာဖြစ်ပါတယ်ခင်ဗျာ။ Idea လေး ရှိတာကြာပြီ ဖြစ်ပေမဲ့ အလုပ်ကိစ္စရော ပညာရေးကိစ္စတွေရောကြောင့် ခုမှ အကောင်ထည် ဖော်ဖြစ်ပါတယ်။ အစီစဉ်လေး အကြောင်းပြောမယ်နော် ဒီ Giveaway မှာ ပါဝင်ချင်ရင် ဆရာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ ဝတ္ထုတွေထဲက ဝတ္ထုတပုဒ်အကြောင်းကို Review လေး ရေးပေးရမှာဖြစ်ပါတယ် ပြီးရင်တော့ Admin Acc @nieh3659 ကို ပို့ပေးရမှာဖြစ်ပါတယ်ခင်ဗျာ။ လာရောက်ပေးပို့ထားတဲ့ Review တွေထဲက အကြိုက်ဆုံး (၅) ပုဒ်ကို ရွေးချယ်ကာ ဆရာ့ရဲ့စာအုပ် တယောက်လျှင် တစ်အုပ်စီ လက်ဆောင်ပေးမှာ ဖြစ်ပါတယ် ။ စာအုပ်ကတော့ ဆရာ့ရဲ့စာအုပ်တွေထဲက ကိုယ်ဖတ်ချင်နေတဲ့စာအုပ်၊ သို့မဟုတ် ကိုယ်လိုချင်တဲ့စာအုပ်ကို တောင်းယူခွင့်ရှ်ိပါတယ်။ (Royal Express ရောက်ရှိသောမြို့များသို့ Deli free ဖြင့် ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်) ဒီနေရာမှာ ‌ပြောချင်တာ ရှိပါတယ် ရွေးချယ်မဲ့ Review တွေကို Admin အကြိုက်ရွေးချယ်သွားမှာ ဖြစ်ပြီး ဘက်လိုက်ခြင်း လုံးဝ မရှိစေရကြောင်း အာမခံပါတယ်ခင်ဗျာ ထပ်မံပြောချင်တာကတော့ အရွေးချယ်ခံရတဲ့ Review တွေကို ရက်သတ္တပတ်တခုမှာ တပုဒ်နှုန်းနဲ့ Channel မှာ တင်ပြပေးမှာဖြစ်ပါတယ် အဲ့အတွက် Review ပိုင်ရှင်မှ ခွင့်ပြုပေးရပါမယ် ( အတင်းတော့မတောင်းဆိုလိုပါ ခွင့်မပြုလဲ ရပါတယ်) အဲ့တော့ကာ Channel မှာ ပြန်တင်မဲ့ Review တွေဖြစ်တာကြောင့် စာဖတ်သူများအတွက် ဖတ်ရအဆင်မပြေသော Review များကို Admin ဘက်မှရွေးချယ် သွားမည်မဟုတ်ပါ ခင်ဗျာ။ ဒီကနေ့ ၂၀၂၆ ခုနှစ်၊ မေလ (၈) ရက်နေ့ ပို့စ်တင်တဲ့အချိန်ကစပြီး ၂၀၂၆ ခုနှစ် မေလ (၂၅) ရက်နေ့ ည(၁၁) နာရီ၊ (၅၉)မိနစ် အထိ ပို့ပေးနိုင်ပါတယ် အဲ့နောက်ပိုင်းပေးပို့လာသော စာလွှာများ လက်မခံပါ ။ ကံထူးရှင်များကို မေလ (၂၇) ရက်နေ့ ည(၈)နာရီမှာ ကြေညာပေးပါမယ်။ လက်ဆောင်များ ပေးပို့ခြင်းကို ဇွန်လ ပထမ တပတ်အတွင်း အပြီး ပို့ဆောင်သွားပါမယ်။ ကဲ.... စာလဲ ရှည်သွားပြီ စာချစ်သူတွေရဲ့ စာလွှာလေးတွေ မျှော်နေမယ်ခင်ဗျာ။

Channel ကို အရင်လို ပြန် run ပါမယ် ဆရာ့ရဲ့စာအုပ်တွေကို Giveaway ပေးမဲ့ အစီစဉ်လေးတွေလဲ စဉ်းစားထားတာမလို့ Stay tunned နော် 🫶🫣