cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

VOICE OF AHLONE

နည်းပညာဆိုင်ရာ ပြုပြင်မှုကြောင့်သာ channel အသစ်ပြုလုပ်ထားရခြင်း ဖြစ်သည်။(မစိုးရိမ်ကြဖို့ပါ) ကျွန်တော်တို့ နဲ့အတူ ပြည်သူလူထု သည် စိတ်ဓါတ်ခိုင်မာစွာ နဲ့ ဒီမိုကရေစီ ရရှိသည် အထိချီတက်သွားကြမည်ဟု ယုံကြည်ပါသည် ။ 📡 Informer Acc - @securevoa

إظهار المزيد
لم يتم تحديد البلدلم يتم تحديد اللغةالفئة غير محددة
مشاركات الإعلانات
434
المشتركون
لا توجد بيانات24 ساعات
لا توجد بيانات7 أيام
لا توجد بيانات30 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

စစ်ကောင်စီ၏ လုံခြုံရေးတင်းကျပ်မှုများကို ဖောက်ထွက်၍ ရန်ကုန်ပြည်သူများနှင့်အတူ ရေဘဝဲ နှင့် မဟာမိတ်အဖွဲ့အစည်းများမှ 'လူထုသစ္စာအဓိဌာန်ပြုပွဲ' ကျင်းပ " တရားတဲ့သူသာ နိုင်ကြေးဟေ့၊အားလုံးစုစည်းနေရင်ဘာမှမဖြစ် " စာတန်းကိုကိုင်ဆွဲကာ ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော် မျက်နှာပုံများကိုအသီးအသီးကိုင်ဆောင်လျက် ပြည်သူလူထုနှင့်အတူသစ္စာအဓိဌာန်ပြုခဲ့သည်။ အခုကဲ့သို့သစ္စာအဓိဌာန်ပြုပွဲကျင်းပသည့်အတွက် စစ်ခွေး၊ရဲခွေးများမကြာမီ လာရောက်အကြမ်းဖက်ပြီး အကြောက်တရားထည့်သွင်းနိုင်သည့်အကြောင်းပြောကြားကာ တော်လှန်ရေးလူငယ်များမှ ပြည်သူလူထုကို ဒူးထောက်တောင်းပန်စကားဆိုခဲ့ကြသည်။ အဆိုပါလူထုသစ္စာအဓိဋ္ဌာန်ပြုပွဲကို - ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ ဦးဆောင်ကာ ပြည်သူလူထုနှင့်အတူ - ဗမာ့လူငယ်ကွန်ရက် - Youth Association Of Thingangyun (YAT) - အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို) - စမ်းချောင်းပင်မသပိတ်စစ်ကြောင်း (Sc Strike) - Labour Alliance အဖွဲ့ဝင် (CTUM) - ပညာနန်း​တော်ကိုယ်ပိုင်​ကျောင်း​ကျောင်းသားများသမဂ္ဂ - တော်လှန်​သွေးမကုန် တောင်ဒဂုံသပိတ်အင်အားစု တို့ပေါင်းဆုံ၍ Youth Scout for Democracy (Y.S.D) ၏​မြေပြင်ကင်း​ထောက်ပံ့ပိုးမှုဖြင့် ကျင်းပခဲ့ကြသည်။ ဇူလိုင် ၃၁၊ ၂၀၂၂ ခုနှစ် #လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ #OCTOPUS #ရေဘဝဲ #ဗမာ့လူငယ်ကွန်ရက် @Voiceofahlone
إظهار الكل...
“လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ” ပြည်သူလူထုတစ်ရပ်လုံး မိမိတို့ ယုံကြည်ရာတရားအလိုက် တိုင်တည်သစ္စာအဓိဋ္ဌာန်ပြုကြမည့် “လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ” များကို နိုင်ငံအနှံ့ ပြုလုပ်သွားကြမည်ဖြစ်သည်။ တနင်္ဂနွေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် နိုင်ငံအနှံ့အပြားရှိ ပြည်သူလူထုများအနေဖြင့် မိမိတို့စုဝေးရန် အဆင်ပြေသည့် နေရာဒေသတစ်ခုခုတွင် စုဝေးကြပြီး အောက်ပါ သစ္စာအဓိဋ္ဌာန်တို့ကို ရွတ်ဆို၍ သစ္စာအဓိဋ္ဌာန်ပြုကြမည်။ - တော်လှန်ရေးတွင် မြင့်မြတ်စွာရင်းနှီးပေးဆပ်ခဲ့ကြသူအပေါင်းတို့၏ ကျေးဇူးဂုဏ်ကို ဦးညွှတ်အလေးပြုပါသည်။ - တော်လှန်ရေးပန်းတိုင်ရောက်သည်အထိ ဆက်လက်ချီတက်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုပါသည်။ - တရားမျှတ လွတ်လပ်ခြင်းနှင့် တန်းတူညီမျှခြင်း တို့သည် ဤမြေ၌ တည်ပါစေသတည်း။ - တရားတဲ့သူသာ နိုင်ကြေးဟေ့ ပြည်သူများစုဝေးရာတစ်နေရာရာသို့ ရောက်ရှိရန် အခက်အခဲရှိပါက ကားဟွန်းတီးခြင်း၊ သံပုံးတီးခြင်း တို့ဖြင့် “လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ” ကို ပါဝင်အားဖြည့်နိုင်ပါသည်။ နေ့ရက် - ၃၁ ဇူလိုင် ၂၀၂၂(တနင်္ဂနွေနေ့) အချိန် - နံနက် ၁၀ နာရီ ၃၇ မိနစ် @Voiceofahlone
إظهار الكل...
​​‼️‼️ အရေးပေါ်အခြေအနေ ဖြစ်သဖြင့် အဆုံးထိဖတ်ပေးပါရန်။ 🩸ဇူလိုင် ၂၀မှာ ထွက်ခွာမယ့် တိုတယ် ကုမ္ပဏိဟာ ဖက်ဆစ်အုပ်စုကို ဒေါ်လာသန်း ၂၅၀နှင့် ရှယ်ယာ အကျိုးအမြတ်များစွာ ပေးခဲ့ဖို့ ပြင်ဆင်နေပါတယ်။ 💰 ပြင်သစ်အစိုးရ၏ အခန်းကဏ္ဍဟာ ဖက်စစ်အုပ်စုထံ ဒေါ်လာသန်း ၂၅၀နှင့် ရှယ်ယာ အကျိုးအမြတ်များစွာ ရောက်ရေး/ မရောက်ရေးအတွက် အဆုံးအဖြတ်ပေးမယ့် အဓိကနေရာတွင် ရှိနေပါတယ်။ 🩸 https://www.facebook.com/108745491471914/posts/308125608200567/?sfnsn=mo ကလေးငယ်တွေ၊ လူငယ်တွေ၊ မြန်မာပြည်သူအားလုံး ကို ထပ်မံသတ်ဖြတ်မယ့် ငွေကြေးတွေ စစ်အုပ်စုဆီမရောက်ဖို့ အားလုံးပါဝင်တားဆီးဖို့ မဖြစ်မနေလို့ပါတယ်။ ✋ ဒေါ်လာ သန်း၂၅၀နှင့် ရှယ်ယာများ ဖက်ဆစ်အုပ်စုထံ မရောက်ရှိစေရန် ပြင်သစ်အစိုးရကို ဦးတည်တဲ့ ဆန္ဒပြ လှုပ်ရှားမှာ ပါဝင်ပေးကြပါ။ 🪧လူထု ဆန္ဒထုတ်ဖော်ရေးအတွက် social media အသုံးပြုနေသူ လူထုတစ်ဦးချင်းစီတိုင်း ဇွန်လ (၁၆) ရက်နေ့မှ (၂၀) ရက်နေ့ထိ ပါဝင်ပေးကြပါ။ 🪧 ဇွန်လ ၁၆၊ ၁၇၊ ၁၈ - ဓါတ်ပုံကန်ပိန်းမှာ ပါဝင်ပေးပါ။ ဇွန် ၁၉၊ ၂၀ - ကော့မန့် ကန်ပိန်း မှာပါဝင်ပေးပါ။ ဇွန်လ ၁၆ - ၂၀ အတွင်း Twitter Team for Revolution ရဲ့ လမ်းညွှန်ချက်အတိုင်း Tweet လုပ်ပေးကြဖို့ပါ။ 🔗အသေးစိတ်ကို ပုံတစ်ပုံချင်းစီရဲ့အောင်မှာ တင်ပေးထားပါတယ်နော်။ 1. ယခု petition အရေအတွက် https://bit.ly/oilgasmyanmar ✍️ နှင့်အတူ (လက်မှတ်မထိုးရ သေးသူတွေ ပါဝင်ပေးပါနော်) 2. ဓါတ်ပုံ ကန်ပိန်း၊ ကော့မန့် ကန်ပိန်း မှာ ပါဝင်မယ့် လူထုအင်အား ကို မှတ်တမ်းတင်ပြီး ပြင်သစ်အစိုးရထံ မြန်မာပြည်သူလူထုရဲ့ သဘောထားကို ပေးပို့သွားမှာဖြစ်ပါတယ်။ 🚨 ဓါတ်ပုံ ပို့စ် တင်တဲ့အခါ #NoExemption နဲ့ ပြင်သစ် သမ္မတ အကောင့်ကို https://www.facebook.com/EmmanuelMacron မဖြစ်မနေ မန်းရှင်းပြီး ရေးပေးရန် အထူးလိုအပ်ပါသည်။ 🚨 #NoExemptions #FreezePaymentsToJunta #Total_StopSponsoringJunta #BloodMoneyMyanmar #z_fighter
إظهار الكل...
1 comment
#ဦးအောင်ဆန်းသမီးနေကောင်းကျန်းမာပါစေ 🙏🕊 “ဦးအောင်ဆန်းသမီး နေကောင်းကျန်းမာပါစေ” ဘန်နာကိုင်ဆောင်ကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မွေးနေ့ ရန်ကုန်တွင် ချီတက်ဆန္ဒပြ ရန်ကုန်၊ ဇွန် ၁၉ ယနေ့ ဇွန်လ ၁၉ ရက်တွင် ကျရောက်သော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ရန်ကုန်တွင် Yangon Revolution Force - YRF (Soft Strike Community)၊ ရန်ကုန်ရဲ့သူပုန်များသပိတ်ကော်မတီ (YRSC)၊ Revolution Force - RF၊ ဗမာ့လူငယ်ကွန်ရက်နှင့် အခြေခံကျောင်းသားများရေးရာအဖွဲ့ (အကရ) တို့မှ ပူးပေါင်းချီတက် ဆန္ဒပြခဲ့ကြသည်။ ယနေ့ ပြောက်ကျားသပိတ်ချီတက်မှုတွင် “ဦးဆောင်ဆန်းသမီး နေကောင်းကျန်းမာပါစေ” ဟူသော စာသားနှင့်အတူ “ဖမ်းဆီးထားသော နိုင်/ကျဉ်းများ ချက်ချင်းလွှတ်” ဟူသောကြွေးကြော်သံများဖြင့် ဟစ်ကြွေးဟာ အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေး ဆန္ဒပြကြသည်။ Photo - AAMIJ @voiceofahlone
إظهار الكل...
Photo unavailableShow in Telegram
77𝐭𝐡 𝐇𝐚𝐩𝐩𝐲 𝐁𝐢𝐫𝐭𝐡𝐝𝐚𝐲 𝐎𝐮𝐫 𝐋𝐞𝐚𝐝𝐞𝐫💕 19.6.2022 𝐌𝐨𝐭𝐡𝐞𝐫 𝐃𝐚𝐰 𝐀𝐮𝐧𝐠 𝐒𝐚𝐧 𝐒𝐮𝐮 𝐊𝐲𝐢 💕 တာဝန်သိမှု နဲ့ အတူ ကြောက်ရွံ့ခြင်း နှောင်ကြိုးတွေ ကို ရုန်းဖြတ်ပြခဲ့သူ✊ အနှောင်အဖွဲ့မှ လွတ်မြောက်ပါစေ ။ ကျန်းမာပါစေ ။ မကြောက်တရား အဓွန့်ရှည်ပါစေ။💪 @voiceofahlone
إظهار الكل...
Photo unavailableShow in Telegram
AYF နဲ့ SC Strikeသည် စစ်အာဏာရှင်စနစ်ကို အတူတကွတော်လှန်နေကြသော မဟာမိတ်ညီနောင်များဖြစ်ပါသည်။ယခုချိန်ထိ စမ်းချောင်းသပိတ်စစ်ကြောင်း page မှ သူများမှာ ဘေးကင်းစွာရှိနေကြပါသည်။ စိတ်ချရသောသူများမှ ပေ့ချ်ကိုကိုင်တွယ်နေခြင်းဖြစ်၍ စမ်းချောင်းသပိတ်စစ်ကြောင်းနှင့် ယုံကြည်စိတ်ချစွာဖြင့် အတူတူဆက်လက်တော်လှန်နိုင်ပါသည်ဟု sc strike နှင့်မဟာမိတ်ဖွဲ့ထားသော အလုံလူငယ်တပ်ဦး ( AYF )မှ ထပ်လောင်းပြောကြားလိုပါသည်။ #ScStrike #ayf #voiceofahlone
إظهار الكل...
Repost from VOICE OF AHLONE
Photo unavailableShow in Telegram
အလုံလူငယ်တပ်ဦး "Ahlone Youths Front(AYF)"နှင့် စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(Sc Strike) တို့မှ မဟာမိတ်ဖွဲ့စည်းကြောင်းကြေငြာညာခြင်း။ အလုံလူငယ်တပ်ဦး "Ahlone Youths Front(AYF)" နှင့် စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(Sc Strike) တို့သည် မင်းအောင်လှိုင်ဦးဆောင်သည့် ခိုးဆိုးလုနှိုက်လူသတ်အကြမ်းဖက်စစ်အုပ်စုအား တော်လှန်နေသည့် ညီနောင်များဖြစ်သည်နှင့်အညီ ၂၀၂၂ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် မဟာမိတ်အဖြစ် ပူပေါင်းကာ ဆက်လက်တော်လှန်တိုက်ပွဲဝင်ရန် ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး မဟာမိတ်ညီနောင် ဖွဲ့စည်းလိုက်ကြောင်း အသိပေးကြေညာအပ်ပါသည်။ အလုံလူငယ်တပ်ဦး ( AYF ) စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ( Sc Strike ) 1 - May - 2022 #အလုံလူငယ်တပ်ဦး #VoiceofAhlone ( ပြန်ကြားရေး )
إظهار الكل...
ရန်ကုန်မြို့ မှပြည်သူများ တော်လှန်ရေး အင်အားစုများနှင့်အတူ ပူးပေါင်းပါဝင်ပေးရန် မေတ္တာရပ်ခံ သုည/People's Spring ရန်ကုန်မြို့ရှိ ဒေသခံပြည်သူများအ​နေဖြင့် အာဏာသိမ်းစစ်​ကောင်စီကိုတော်လှန်ရေးသည် မိမိတို့နှင့်ဆိုင်သည် ဟု မှတ်ယူပြီး ​တော်လှန်​ရေးအတွက် နိုင်ရာဝန်အား ထမ်း၍ တဖက်တလမ်း မှ ပူးပေါင်းပါဝင်ပေးကြပါရန်မြို့ပြတော်လှန်ရေးအင်အားစုများက ယနေ့ (ဇွန်လ ၁၇) ၌မေတ္တာရပ်ခံခဲ့သည်။ ပြီးခဲ့သည့် ဇွန်လ ၁၃ ရက် ညပိုင်းတွင် စမ်းချောင်း၊ ကြည့်မြင်တိုင်၊ တာမွေ နှင့် ရန်ကင်းမြို့နယ် အသီးသီးတို့တွင် မြေပြင်သပိတ် ကော်မတီဝင် ရဲဘော် ၃၀ကျော်မှာ အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးခံခဲ့ရသည်။ ဇွန် ၁၄ ၊ ၁၅ ၊၁၆ရက်များတွင်လည်း ထပ်မံဖမ်းဆီး ခံခဲံရသည့် လူငယ်အများအပြားရှိခဲ့ရာ ​လေးရက်အတွင်း ဖမ်းဆီးခံ ထားရသူဦးရေမှာ ၆၀ နှင့်အထက်တွင် ရှိနေကြောင်း သိရသည်။ ထို့အပြင်အဆက်အသွယ်ပြတ်တောက်နေသည့် ရဲဘော်များနှင့်ပက်သက်၍သေချာအတည်ပြုချက်မရယူနိုင်​သေးကြောင်း၄င်းတို့၏ သက်ဆိုင်ရာ အစုအဖွဲ့များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များမှတဆင့်သိရှိရကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်သည်။ အလားသဏ္ဍန်တူ ဖြစ်ရပ်မျိုးသည် ၂၀၂၁နိုဝင်ဘာလအတွင်း တွင်ဖြစ်ပွားခဲ့ဖူးပြီး ထိုစဉ်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ပြ‌ ပျောက်ကျား ရဲဘော်များနှင့် ထောက်ပို့ရဲဘော် များအပါအဝင် အင်အားရာ‌ကျော် ဆက်တိုက် ဖမ်းဆီးခံခဲ့ရ‌ပြီး ယင်းဖြစ်စဉ်အပြီးမြို့ပြတွင် စစ်ကောင်စီ၏ ဒုတိယအကြိမ် အမြောက်အမြား ဖမ်းဆီးခံရမှု ဖြစ်လာခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်များသည် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်အချိန်များတွင် ယင်းကဲ့သို့စစ်ဆင်ရေးများ ပြုလုပ်လေ့ရှိပြီးမြို့ထွက်ပေါက်များတွင်အသင့်ပိတ်ဆို့ ထားကာ မြို့ထဲတွင် ဝင်ရောက်မွေနှောက်ပြုလုပ်လေ့ရှိသည့်အတွက် ဒေသခံပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ဖေးမပေးရန် လိုအပ်နေကြောင်း မြို့ပြတော်လှန်ရေးအင်အားစုများက ​ပြောသည်။ ထို့ကြောင့် သာမန်ထက်ပိုသည့် အကြမ်းဖက်စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့တို့၏ယာဉ်တန်းများအား တွေ့ရှိပါက ယုံကြည်ရသည့် Scout Channel များသို့အလျင်မီသတင်းပေးပို့ခြင်း ၊ တိမ်းရှောင်လာသည့် ရဲဘော်များအား ခိုလှုံ့ခွင့်ပြုခြင်း စသကဲ့သို့သော ပူးပေါင်းပါဝင်မှုများ လွန်စွာလိုအပ်နေကြောင်း သပိတ်ကော်မတီဝင် လူငယ်တစ်ဦးက လည်း​ပြေ္သည်။ " ဒေသခံလူထုရဲ့ ပါဝင်ပူးပေါင်းမှုမရှိသရွေ့ တော်လှန်ရေးရဲဘော်တွေအနေနဲ့ သမင်မွေးရင်း ကျားစားရင်း ဖြစ်နေပါလိမ့်မယ် " ဟု ၎င်းက ပြောသည်။ (၂၀၂၁၊ မတ်လအတွင်းက ရန်ကုန်၌ ဆန္ဒပြလူငယ်များကို ဖမ်းဆီးရန် ရှာဖွေနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဓာတ်ပုံ - Getty Images) #လူထုနွေဦး #LuduNwayOo #People'sSpring #PS https://www.ludunwayoo.com https://www.facebook.com/LuduNwayOo https://www.instagram.com/ludunwayoo/ @voiceofahlone
إظهار الكل...
Home - LuduNwayOo

People's Spring

اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.