Wise တရုတ်စာ သင်တန်း
ဒီ channel အား တရုတ်စာလေ့လာလိုသူများအတွက် လွယ်ကူစွာလေ့လာနိုင်ရန်ဖွင့်လစ်ထားခြင်းဖြစ်ပါသည်။ သင်တန်း ကိစ္စအပ်လိုပါကအောက်ပါfacebook page မှာ အပ်နိုင်ပါတယ်ရှင့်။ https://www.facebook.com/learnmandarinwithwise/
إظهار المزيد📈 نظرة تحليلية على قناة تيليجرام Wise တရုတ်စာ သင်တန်း
تُعد قناة Wise တရုတ်စာ သင်တန်း (@wisechineselanguagecentre) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 16 250 مشتركاً، محتلاً المرتبة 12 400 في فئة التعليم والمرتبة 8 269 في منطقة Myanmar.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 16 250 مشتركاً.
بحسب آخر البيانات بتاريخ 07 يوليو, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار 145، وفي آخر 24 ساعة بمقدار 9، مع بقاء الوصول العام مرتفعاً.
- حالة التحقق: غير موثّقة
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 16.88%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 4.23% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 2 742 مشاهدة. وخلال اليوم الأول يجمع عادةً 687 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 17.
📝 الوصف وسياسة المحتوى
يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
“ဒီ channel အား တရုတ်စာလေ့လာလိုသူများအတွက် လွယ်ကူစွာလေ့လာနိုင်ရန်ဖွင့်လစ်ထားခြင်းဖြစ်ပါသည်။
သင်တန်း ကိစ္စအပ်လိုပါကအောက်ပါfacebook page မှာ အပ်နိုင်ပါတယ်ရှင့်။
https://www.facebook.com/learnmandarinwithwise/”
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 08 يوليو, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة التعليم.
جاري تحميل البيانات...
| التاريخ | نمو المشتركين | الإشارات | القنوات | |
| 08 يوليو | +15 | |||
| 07 يوليو | +9 | |||
| 06 يوليو | +1 | |||
| 05 يوليو | +6 | |||
| 04 يوليو | +5 | |||
| 03 يوليو | +5 | |||
| 02 يوليو | +7 | |||
| 01 يوليو | +8 |
| 2 | စာရေးရမှာကြောက်ပြီး 4 skills မသင်ဘဲ အချိန်ဖြုန်းတော့မလို့လား? 🤔
တရုတ်စာလေ့လာတဲ့အခါ အခက်ခဲဆုံးလို့ထင်ရတဲ့ "တရုတ်စာလုံး (Hanzi) ရေးတာ" ကို ကြောက်ပြီး စကားပြောသီးသန့်ပဲ လေ့လာမယ်လို့ တွေးနေပါသလား?
တကယ်တော့ Listening, Speaking, Reading, Writing ဆိုတဲ့ 4 Skills လုံးကို မျှတအောင် မလေ့လာဘူးဆိုရင် ရေရှည်မှာ သင်ယူမှုခရီးစဉ်က တစ်ဝက်တစ်ပျက်နဲ့ ရပ်တန့်သွားတတ်ပါတယ်။ အထူးသဖြင့် အလုပ်လုပ်ဖို့ ရည်ရွယ်ထားရင် စာဖတ်ခြင်းနဲ့ စာရေးခြင်းစွမ်းရည်က မဖြစ်မနေ လိုအပ်လာပါပြီ။
စာရေးရတာ ကြောက်စရာမဟုတ်ပါဘူး။ စနစ်ကျတဲ့ သင်ကြားမှုပုံစံနဲ့ဆိုရင် အလွယ်လေးပါ။
Wise Chinese ရဲ့ website bundle မှာ တရုတ်စာလုံးတွေကို အခြေခံကနေ တစ်ဆင့်ချင်းသင်ပေးတာဖြစ်လို့
တရုတ်စာလုံးတွေဆိုတာတကယ်တမ်း စနစ်တစ်ကျလေ့လာတက်ရင် မခက်ဘူးဆိုတာသိလာနိုင်ပါတယ်
အချိန်မဆွဲဘဲ သင့်ရဲ့ တရုတ်စာစွမ်းရည်ကို အခုပဲ အဆင့်မြှင့်တင်လိုက်ပါ။ အသေးစိတ်ကို Wise ရဲ့ Messenger တွင် လာရောက်မေးမြန်းနိုင်ပါသည်။ 💬
t.me/yinyinwise | 895 |
| 3 | အလုပ်စတက်တဲ့နေ့မှာသတိထားသင့်တာလေးတွေကိုရုပ်ရှင်ကြည့်ရင်းလေ့လာကြည့်ရအောင်
t.me/yinyinwise | 1 964 |
| 4 | ရုံးသစ်၊ ကုမ္ပဏီအသစ်မှာ ပထမဆုံးနေ့ အလုပ်စဆင်းတဲ့အခါ ဘယ်လို နှုတ်ဆက်မလဲ? ရုံးခန်းထဲက နေရာတွေကိုရော တရုတ်လို ဘယ်လိုခေါ်လဲ? 🏢✨
ဒီနေ့ သင်ခန်းစာလေးမှာတော့ ကုမ္ပဏီအသစ်မှာ အလုပ်စဝင်တဲ့ ပထမဆုံးနေ့ မှာ ကြုံတွေ့ရမယ့် အခြေအနေတွေကို ဇာတ်လမ်းတွဲလေးကနေတဆင့် သဘာဝအကျဆုံး လေ့လာသွားကြပါမယ်။
💡 ဒီ Video ထဲမှာ အဓိက လေ့လာရမယ့် အမိုက်စား လုပ်ငန်းခွင် ဝေါဟာရများ -
• 藏着点锋芒 (cáng zhe diǎn fēngmáng) - (ရုံးသစ်ရောက်ခါစ) အရမ်းကြီး မထင်ပေါ်စေနဲ့ (Keep a low profile)
• 工位 (gōng wèi) - အလုပ်စားပွဲ / ရုံးစားပွဲ
• 实习生 (shí xí shēng) - အလုပ်သင် (Intern)
• 入职 (rù zhí) - အလုပ်စဝင်သည်
• 转正 (zhuǎn zhèng) - အမြဲတမ်းဝန်ထမ်းအဖြစ် ပြောင်းလဲသည် (Probation အောင်သည်)
• 离职 (lí zhí) - အလုပ်ထွက်သည်
• 做功课 (zuò gōng kè) - (အလုပ်မစခင်) ကြိုတင်လေ့လာ ပြင်ဆင်လာသည်
🔔 နောက်ထပ် တရုတ်စာသင်ခန်းစာ အသစ်တွေကို လက်မလွတ်ရအောင် Subscribe လုပ်ထားဖို့ မမေ့နဲ့နော်!
https://youtu.be/VFVjezSEKXA | 1 889 |
| 5 | သင်ယူမှုခရီးမှာ သူငယ်ချင်းနဲ့အတူဆိုရင် ပိုပျော်ဖို့ကောင်းတယ်! 🤝✨
သင်တန်းတက်ဖို့ စိတ်ကူးနေပါသလား? Wise တရုတ်စာသင်ကျောင်းမှာ သူငယ်ချင်း (သို့) မိသားစုဝင်တစ်ယောက်ယောက်နဲ့ Basic to HSK5 bundle class လေးအတူတူလာရောက်အပ်နှံမယ်ဆိုရင် သင်တန်းကြေး 10% discount ကို ချက်ချင်းရရှိမှာဖြစ်ပါတယ်။
တစ်ယောက်တည်းထက် နှစ်ယောက်ဆို ပိုအဆင်ပြေပြီး ပိုပျော်ဖို့ကောင်းတာမို့ အခုပဲ အတူတူလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
📍 အသေးစိတ်သိရှိလိုပါက
t.me/yinyinwise | 1 868 |
| 6 | "အချိန်ကုန်သက်သာပြီး လေ့လာရတာ နားလည်လွယ်တယ်" 🌟
WISE တရုတ်စာသင်တန်းကျောင်းရဲ့ သင်ကြားမှုပုံစံကို သဘောကျပြီး အခုလို နွေးထွေးတဲ့ မှတ်ချက်လေး ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။
WISE chinese နဲ့တူတူတရုတ်စာကိုလေ့လာရင်
နားလည်လွယ်ခြင်း: သင်ခန်းစာတွေကို ရှင်းလင်းလွယ်ကူစွာ စနစ်တကျ သင်ကြားပေးခြင်း။
မှတ်မိလွယ်ခြင်း: ထိရောက်တဲ့ လေ့ကျင့်မှုတွေကြောင့် သင်ခန်းစာတွေကို ခေါင်းထဲမှာ အလွယ်တကူ စွဲကျန်ရစ်စေခြင်း။
အချိန်ကုန်သက်သာခြင်း: အချိန်တိုအတွင်း အကျိုးရှိရှိနဲ့ တိုးတက်မှုမြန်ဆန်စေခြင်း။
စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေမှာ အသေအချာပါပဲ။ တက်ရောက်နေတဲ့ ကျောင်းသား/သူတွေရဲ့ အခုလို တိုးတက်မှုနဲ့ ကျေနပ်မှုတွေက WISE အတွက်တော့ အကောင်းဆုံး ခွန်အားတွေပါပဲ။
စာသင်ချိန်ကို အကျိုးရှိရှိ အသုံးချပြီး ထိရောက်တဲ့ တရုတ်စာသင်ကြားမှုစနစ်ကို လိုချင်တယ်ဆိုရင်တော့ WISE မှာ ယုံကြည်စိတ်ချစွာ လာရောက်အပ်နှံနိုင်ပါပြီ။ 💬✨
t.me/yinyinwise
#WISE #StudentFeedback #ChineseLanguage #LearnChinese #တရုတ်စာ #တရုတ်စာသင်တန်း #Education | 2 191 |
| 7 | Chinese Grammarလေးလေ့လာကြည့်ရအောင်
t.me/yinyinwise | 2 177 |
| 8 | တိုက်ရိုက်ကြီး ငြင်းရမှာ အားနာနေလား? တရုတ်လို ယဉ်ယဉ်ကျေးကျေးနဲ့ ကိုယ်မလုပ်ချင်တဲ့အရာကို ဘယ်လိုငြင်းဆိုမလဲဆိုတာ ဒီနေ့ လေ့လာကြည့်ရအောင် 🇨🇳✨👇
1️⃣ 这次就算了吧
[ Zhè cì jiù suàn le ba ]
ဒီတစ်ခေါက်တော့ ထားလိုက်ပါတော့။
2️⃣ 不太方便
[ Bù tài fāngbiàn ]
အဆင်မပြေလို့ပါ။ (သိပ်မအားလို့ပါ။)
3️⃣ 下次再说吧
[ Xià cì zài shuō ba ]
နောက်တစ်ခေါက်မှပဲ ထပ်ပြောကြတာပေါ့။
4️⃣ 谢谢你的好意,但是我没法参加
[ Xièxiè nǐ de hǎoyì, dànshì wǒ méi fǎ cānjiā ]
စေတနာကို ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်/ကျွန်မ မပါဝင်နိုင်လို့ပါ။
https://t.me/yinyinwise | 3 202 |
| 9 | https://youtu.be/l9lbZzg3C14 | 3 918 |
| 10 | 🎬 ရုပ်ရှင်ကြည့်ရင်း တရုတ်စာလေ့လာချင်ပေမယ့် ဘယ်ကနေစရမလဲ မသိဖြစ်နေလား? 🤔
WISE Chinese မှာပဲ ရနိုင်မယ့် "3 Step Movie Course" လေးနဲ့ဆိုရင် ရုပ်ရှင်ကြည့်ရင်း တရုတ်စကားပြောကို မြန်မြန်ဆန်ဆန် တတ်မြောက်သွားစေမှာပါ။ ဘယ်လို အဆင့်တွေနဲ့ သင်ကြားပေးမလဲဆိုတာ ကြည့်လိုက်ရအောင်! ✨
1️⃣ STEP 1: Vocabulary 📚
ဇာတ်ကားထဲမှာပါတဲ့ နေ့စဉ်သုံး ဝေါဟာရတွေ၊ သဒ္ဒါ (Grammar) တွေနဲ့ အသုံးအနှုန်းတွေကို အရင်ဆုံး အသေးစိတ် ရှင်းလင်းသင်ကြားပေးပါတယ်။
2️⃣ STEP 2: Explanation 💡
လေ့လာထားတဲ့ စာတွေကို လက်တွေ့မှာ ဘယ်လိုအသုံးချရမလဲဆိုတာ သေချာသိရှိနိုင်ဖို့အတွက် စာကြောင်းတည်ဆောက်ပုံတွေကို အသေးစိတ် ထပ်မံရှင်းပြပေးပါတယ်။
3️⃣ STEP 3: Listen and Speak 🗣
ကိုယ်တိုင် လေ့လာထားတဲ့ အသုံးအနှုန်းတွေကို သုံးပြီး ဇာတ်ကောင်တွေနေရာမှာ ဝင်ရောက်ကာ လက်တွေ့ စကားပြော လေ့ကျင့်နိုင်အောင် သေချာစီစဉ်ပေးထားပါတယ်။
🔥 အထူးအခွင့်အရေးအနေနဲ့...
ဒီလို တစ်ဆင့်ချင်း သေချာစီစဉ်ပေးထားတဲ့ "Movie Course" အပြင် "HSK 1 ကနေ 5 အထိ Course ကြီး တစ်ခုလုံး" ကိုပါ ပေါင်းပြီး...
💰 သင်တန်းကြေး - ၂၅၀,၀၀၀ ကျပ် တည်းနဲ့ Lifetime Access (ရာသက်ပန်) လေ့လာခွင့်ရရှိမှာ ဖြစ်ပါတယ်! 🤩
🎁 ဒါ့အပြင် ရရှိမယ့် Bonus လေးတွေကတော့ -
✅ တစ်ပတ်တစ်ရက် တစ်ယောက်ချင်း စကားပြော (Speaking) သီးသန့်လေ့ကျင့်ပေးခြင်း
✅ Speaking lessons တွေနဲ့ပါ တွဲဖက်သင်ကြားပေးခြင်း
✅ နားမလည်တာရှိရင် အချိန်မရွေး စာမေးမြန်းနိုင်ခြင်း
✅ အိမ်စာတွေကိုလည်း သေချာပြန်လည်စစ်ဆေးပေးခြင်း ... တို့ပဲ ဖြစ်ပါတယ်။
💯 တရုတ်စာကို အခြေခံကစပြီး အလုပ်ခွင်ဝင်နိုင်တဲ့အထိ သေချာလေ့လာချင်တယ်ဆိုရင်တော့ ဒီ Course လေးက အသင့်တော်ဆုံးပါပဲ။
📩 အသေးစိတ်သိရှိလိုပါက message မှာ ယခုပဲ စုံစမ်းအပ်နှံနိုင်ပါပြီနော်! 👇
t.me/learnmandarinwithwise
#WISEChinese #MovieCourse #LearnChinese #HSK1to5 #ChineseLanguage #StudyWithMovies #တရုတ်စာလေ့လာကြမယ် | 4 385 |
| 11 | ဒီသင်ခန်းစာတစ်ခုထည်းကနေဘယ်လိုအသုံးဝင်တဲ့စာလုံးတွေလေ့လာလို့ရမလဲ????
နေ့စဉ်ဘဝမှာရော၊ ရုပ်ရှင်တွေထဲမှာပါ အမြဲကြားရတတ်တဲ့ အသုံးအနှုန်း (၄) ခုကို မျှဝေပေးလိုက်ပါတယ်။ 👇
1️⃣ 迫不得已 (pò bù dé yǐ)
အဓိပ္ပါယ် - ဘယ်လိုမှ မတတ်သာလို့ / တခြားရွေးချယ်စရာ မရှိတော့လို့ 🤷♂️
2️⃣ 乱哄哄 (luàn hōng hōng)
အဓိပ္ပါယ် - ရှုပ်ယှက်ခတ်နေသည် / ဆူညံပွက်လောရိုက်နေသည် 😵💫
3️⃣ 一眼望到头 (yì yǎn wàng dào tóu)
အဓိပ္ပါယ် - ကြည့်လိုက်တာနဲ့ အနာဂတ် (လမ်းဆုံး) ကို မြင်နေရသည် 🛣️
4️⃣ 阿谀奉承 (ē yú fèng chéng)
အဓိပ္ပါယ် - ဖားယားမြှောက်ပင့်သည် 🗣️
ဒီလိုမျိုးအသုံးဝင်တဲ့တရုတ်စကားပြောသင်ခန်းစာလေးတွေကိုရုပ်ရှင်ကြည့်ရင်း wiseနဲ့အတူသင်ယူနိုင်ပါပြီနော်
🎓 Wise Chinese မှာ HSK 1 ကနေ 5 အထိ...
💼 လုပ်ငန်းခွင်သုံး တရုတ်စာတွေရော၊
🎬 ရုပ်ရှင်တွေနဲ့ပါ သင်ရမယ့် ဒီ Course ကြီး တစ်ခုလုံးကို...
🔥 ၂ သိန်း ၅ သောင်း (250,000 Ks) တည်းနဲ့ တစ်သက်တာ လေ့လာခွင့် (Lifetime Access) ရရှိမှာ ဖြစ်ပါတယ်။
t.me/yinyinwise
#WiseChinese #LearnChinese #ChineseVocabulary #HSK #WorkplaceChinese #StudyWithMovies #တရုတ်စာလေ့လာကြမယ် | 3 568 |
| 12 | "တရုတ်စာက ခက်တယ်" ဆိုတဲ့ အယူအဆကို အပြည့်အဝ ပြောင်းလဲပေးလိုက်တဲ့ Wise Chinese ရဲ့ ထိရောက်သော သင်ကြားမှုပုံစံ ✨
တရုတ်စာလေ့လာရတာ ခေါင်းကိုက်စရာကြီးလို့ ထင်နေတုန်းပဲလား? 🤯
အချိန်တွေအများကြီးပေးပြီး ကျက်မှတ်နေရမယ်... အသံထွက်တွေက ခက်ခဲလွန်းတယ်... အလုပ်တစ်ဖက်နဲ့ဆို ပိုတောင် မဖြစ်နိုင်ဘူးလို့ တွေးမိနေရင်တော့ သင့်ရဲ့လေ့လာမှု 'ပုံစံ' ကို ပြောင်းလဲဖို့ အချိန်တန်ပါပြီ။
Wise Chinese က ဒီအခက်အခဲတွေကို ဘယ်လို ဖြေရှင်းပေးမလဲ?
🎯 ပျော်စရာကောင်းတဲ့ သင်ယူမှု: စာအုပ်ကြီးကိုပဲ အလွတ်ကျက်နေရတာမျိုး မဟုတ်ဘဲ၊ ရုပ်ရှင်တွေ၊ ကာတွန်းတွေကနေတစ်ဆင့် သဘာဝကျကျနဲ့ မှတ်မိလွယ်အောင် သင်ကြားပေးပါတယ်။
🗣 ၁-၁ Zoom ဖြင့် လက်တွေ့လေ့ကျင့်ခြင်း: အသံထွက်မှားမှာကို စိတ်ပူစရာမလိုတော့ပါဘူး။ တစ်ပတ်တစ်ခါ 老师 (ဆရာ/မ) တွေနဲ့ 1-on-1 တိုက်ရိုက် စကားပြောပြီး အသံထွက်ကို (၁) နှစ်တိတိ သေချာ ပြင်ဆင်လေ့ကျင့်နိုင်ပါတယ်။
⏳ ဖိအားကင်းတဲ့ အချိန်ဇယား: ကိုယ်ပိုင် Website ကနေ ဗီဒီယိုသင်ခန်းစာများကို တစ်သက်တာ (Lifetime) ကြည့်ရှုခွင့်ရမှာဖြစ်လို့၊ အလုပ်အားတဲ့အချိန်မှ စိတ်အေးချမ်းသာစွာ လေ့လာနိုင်ပါတယ်။
Basic to HSK 5 Bundle Course တစ်ခုလုံး (လုပ်ငန်းခွင်သုံးနဲ့ နေ့စဉ်သုံး သင်ခန်းစာများအပါအဝင်) ကို သင်တန်းကြေး ၂၅၀,၀၀၀ ကျပ် တစ်ကြိမ်တည်းပေးသွင်းရုံနဲ့ ရရှိမှာပါ။ 💰
စိတ်ညစ်စရာ သင်ယူမှုတွေကနေ ရုန်းထွက်ပြီး၊ ယုံကြည်မှုရှိရှိ တရုတ်စကားပြောနိုင်ဖို့ အခုပဲ Wise Chinese နဲ့ လက်တွဲလိုက်ပါ။ 🤝
t.me/yinyinwise | 3 255 |
| 13 | တရုတ်စာရဲ့ အခြေခံစာကြောင်းတည်ဆောက်ပုံကိုသေချာသိရဲ့လား? | 3 302 |
| 14 | https://youtu.be/m48QKwX2Djw?si=-qfLBpKHBX0aNUVH | 3 675 |
| 15 | "Wise Chinese နဲ့ ညနေအားချိန်ထဲက နာရီဝက်လောက်ကို အကျိုးရှိရှိ အသုံးချပြီး HSK 5 အထိ အမြန်ဆုံးသင်ယူကြမယ်။💯"
📍အလုပ်ပြီးလို့ နားနေတဲ့ ညနေခင်း နာရီဝက်ဟာ ဖုန်းပွတ်ရင်းနဲ့တင် ကုန်သွားနိုင်သလို၊ ကိုယ့်ရဲ့ Career ကို မြှင့်တင်ပေးမယ့် တရုတ်စာ Level တစ်ခုအဖြစ်လည်း ပြောင်းလဲပစ်လို့ ရပါတယ်။
👇Wise Chinese ရဲ့ Official Website က ဒါကို ဖြစ်အောင် ဖန်တီးပေးနေပါပြီ။
💻 ဘာလို့ Website နဲ့ လေ့လာတာ ပိုထိရောက်တာလဲ?
✅ Telegram မှာ ဖိုင်တွေ ရှုပ်ပွနေတာမျိုး မဟုတ်ဘဲ Website ပေါ်မှာ တစ်ရက်ချင်းစီ စနစ်တကျ ခွဲထားတဲ့အတွက် ညနေခင်း နာရီဝက်ကို အာရုံစူးစိုက်မှု အပြည့်နဲ့ လေ့လာနိုင်ပါတယ်။
✅ အလုပ်လုပ်နေရသူတွေအတွက် အချိန်မကုန်စေဘဲ HSK 1 ကနေ 5 အထိ သိသင့်သိထိုက်တဲ့ Information တွေကို လိုတိုရှင်း Module တွေနဲ့ ဖွဲ့စည်းထားပါတယ်။
🤝 Video ကြည့်ရုံတင် မဟုတ်ပါဘူး။ တစ်ပတ်တစ်ရက်မှာ ဆရာမနဲ့ တစ်ဦးချင်း (1-on-1) Zoom ကနေ တွေ့ပြီး ကိုယ့်ရဲ့ အသံထွက်ကို စစ်ဆေးမယ်၊ စကားပြော လေ့ကျင့်
မယ်။
🤝 ဒါဟာ အလုပ်ခွင်မှာ တရုတ်စကားကို ယုံကြည်မှုရှိရှိ ပြောနိုင်ဖို့ အာမခံချက်ပါပဲ။
💰Basic ကနေ HSK 5 အထိ Lifetime Access ရမယ့်အပြင် (၁) နှစ်စာ Zoom Training ပါဝင်တဲ့ ဒီ Bundle တစ်ခုလုံးကိုမှ ၂၅၀,၀၀၀ ကျပ် (တစ်ကြိမ်တည်းပေးရုံ) နဲ့ ရရှိမှာ ဖြစ်ပါတယ်။
📍ညနေခင်းရဲ့ နာရီဝက်တိုင်းကို Wise Chinese ရဲ့ Website မှာ အကျိုးရှိရှိ ဖြတ်သန်းပြီး HSK 5 Holder တစ်ယောက် ဖြစ်အောင် အခုပဲ စတင်
လိုက်ပါ။ 📈
သင်တန်းအပ်နှံရန်နှင့် အခမဲ့ Level စစ်ဆေးရန်:
📩 Messenger: m.me/learnmandarinwithwise
🔗 Telegram: https://t.me/yinyinwise | 4 251 |
| 16 | 🌟 တရုတ်လို "လှတယ်" ဆိုတာကို သဘာဝကျကျ ဘယ်လိုတွေ ပြောလို့ရမလဲ? 🤔
တရုတ်စာလေ့လာနေတဲ့ သူငယ်ချင်းတို့ရေ... "လှတယ်" လို့ပြောချင်ရင် 漂亮 (piào liang) တစ်ခုတည်းကိုပဲ သုံးနေတုန်းလား?
တကယ်တော့ အခြေအနေပေါ်မူတည်ပြီး သုံးလို့ရတဲ့ စကားလုံးလေးတွေ အများကြီးရှိပါတယ်နော်။ ဒီနေ့တော့ သဘာဝကျကျ ချီးမွမ်းလို့ရမယ့် စကားလုံး (၄) လုံးကို မျှဝေပေးလိုက်ပါတယ်။ 👇
✨ 1. 有气质 (yǒu qì zhì)
အဓိပ္ပါယ် - ဆွဲဆောင်မှုရှိတယ်၊ အထာကျတယ်၊ ကြော့ရှင်းတယ်
🗣️ ဥပမာ - 你穿这件衣服很有气质。
(nǐ chuān zhè jiàn yī fu hěn yǒu qì zhì.)
နင်ဒီအင်္ကျီဝတ်ထားတာ အရမ်းဆွဲဆောင်မှုရှိတယ်။
😎 2. 帅 (shuài)
အဓိပ္ပါယ် - ခန့်တယ်၊ မိုက်တယ်
🗣️ ဥပမာ - 他今天打扮得很帅。
(tā jīn tiān dǎ ban de hěn shuài.)
သူဒီနေ့ပြင်ဆင်ထားတာ အရမ်းခန့်တယ်။
💇♂️ 3. 精神 (jīng shen)
အဓိပ္ပါယ် - တက်ကြွလန်းဆန်းနေတယ် (ဆံပင်ညှပ်ပြီးချိန် သို့မဟုတ် သပ်သပ်ရပ်ရပ်ဝတ်ထားချိန်တွင် သုံးသည်)
🗣️ ဥပမာ - 你剪了头发,看起来很精神。
(nǐ jiǎn le tóu fa, kàn qǐ lái hěn jīng shen.)
နင်ဆံပင်ညှပ်လိုက်တာ၊ ကြည့်ရတာ အရမ်းလန်းသွားတယ်။
👗 4. 显瘦 / 显年轻 (xiǎn shòu / xiǎn nián qīng)
အဓိပ္ပါယ် - ပိန်သွားသလို ထင်ရတယ် / ငယ်သွားသလို ထင်ရတယ်
🗣️ ဥပမာ - 黑色衣服比较显瘦。
(hēi sè yī fu bǐ jiào xiǎn shòu.)
အမည်းရောင်အင်္ကျီက ပိုပြီးပိန်သွားသလို ထင်ရစေတယ်။
🎓 တရုတ်စာ အခြေခံမှစပြီး HSK 5 အထိ သေချာပေါက် တတ်မြောက်ချင်ပါသလား?
✅ အခြေခံ အသံထွက်မှစတင်သင်ကြားပေးခြင်း
✅ သဒ္ဒါ၊ ဝေါဟာရများကို သေချာနားလည်အောင် ရှင်းပြပေးခြင်း
✅ တရုတ်လူမျိုးများနှင့် ရဲရဲဝံ့ဝံ့ စကားပြောဆိုနိုင်ဖို့တစ်ယောက်ချင်းစာမေးပေးမည်
🔥 【 Basic to HSK 5 Bundle 】 အတန်းကို ယခုပဲ အပ်နှံပြီး အထူး Promotion ရယူလိုက်ပါ!
📩 အသေးစိတ်သိရှိလိုပါက Page Messenger သို့ ယခုပဲ စာပို့ပြီး စုံစမ်းနိုင်ပါပြီ။
t.me/yinyinwise | 3 602 |
| 17 | "တရုတ်စာလုပ်ရင်း ခဏခဏ ပျင်းသွားတတ်လား? စာလုပ်ချင်စိတ် မရှိတော့ဘူးလား?
အဲ့ဒါ ကိုယ့်ရဲ့ တိုးတက်မှုကို ကိုယ်တိုင် မမြင်ရလို့ပါ!
Wise Chinese ရဲ့ Basic to HSK 5 Bundle က တရုတ်စာကို အလွယ်ကူဆုံးဖြစ်အောင် သင်ကြားပေးရုံသာမက၊ အကောင်းဆုံး Training ပေးနိုင်အောင် သေချာဖန်တီးထားတာပါ။ သင်ခန်းစာတစ်ခုချင်းစီတိုင်းမှာ Listening, Speaking, Reading, Writing 4 Skills လုံးအတွက် လေ့ကျင့်ခန်းတွေ အများကြီးပါဝင်လို့ လုံးဝ မပျင်းရပါဘူး!"
"သင်ခန်းစာတစ်ခုပြီးတိုင်း တိုးတက်လာတဲ့ ကိုယ့်ရဲ့တရုတ်စာကိုကြည့်ပြီး စာလုပ်ချင်စိတ်တွေ ပိုတက်လာမှာ အသေအချာပါပဲ။ ဒီ 4 Skills လေ့ကျင့်ခန်းတွေကို ဆရာနဲ့ အနီးကပ်ထပ်ပြီး လေ့ကျင့်နိုင်ဖို့ တစ်ပတ် (၁) ရက်၊ (၁) နှစ်တိတိ Zoom 1-on-1 Session တွေလည်း ပါဝင်ပါတယ်။"
"HSK 1 ကနေ 5၊ လုပ်ငန်းခွင်သုံးနဲ့ ရုပ်ရှင်၊ ကာတွန်း Bonus တွေပါဝင်တဲ့ ဒီ Lifetime Course ကြီးကို ၂၅၀,၀၀၀ ကျပ်တည်းနဲ့ ရယူလိုက်ပါ။
ဆက်သွယ်ရန်
https://t.me/yinyinwise | 3 356 |
| 18 | တရုတ်လိုအသက်မေးတက်ပြီလား | 3 571 |
| 19 | တရုတ်စာစသင်မယ်ဆိုရင် "ခက်လွန်းလို့ ငါလုပ်နိုင်ပါ့မလား" ဆိုတဲ့ စိုးရိမ်စိတ်လေးတွေ ဝင်လာတတ်တာ သဘာဝပါ။ အခုပုံထဲက ကျောင်းသားလေးဆိုရင်လည်း အစက မလုပ်နိုင်ဘူးထင်လို့ Level 1 လေးကို အပျင်းပြေ စမ်းတက်ကြည့်ခဲ့တာပါ။
ဒါပေမယ့်... Wise Chinese ရဲ့ သင်ခန်းစာတွေကို စတင်လေ့လာကြည့်တဲ့အခါမှာတော့ "Video လေးတွေက အရမ်းစိတ်ဝင်စားဖို့ကောင်းပြီး စာလုပ်ချင်စိတ်တွေ ပိုဖြစ်လာလို့" Level 5 အထိပါဝင်တဲ့ Bundle Course ကြီးကို ပြောင်းလဲအပ်နှံသွားခဲ့ပါပြီ! 💯
"တရုတ်စာက ပျင်းစရာကောင်းတယ်၊ ခက်တယ်" ဆိုတဲ့ အတွေးတွေကို ဖယ်ထားပြီး Wise နဲ့အတူ ပျော်ပျော်ရွှင်ရွှင် လေ့လာကြည့်လိုက်ရအောင်နော်! 🚀
t.me/yinyinwise | 3 697 |
| 20 | 🛑 谢谢 (Xièxiè) လို့ချည်းပဲ အမြဲပြောနေတုန်းလား?
ကျေးဇူးတင်ကြောင်းပြောဖို့ 谢谢 အပြင် တခြားဘယ်လို စကားလုံးလေးတွေ သုံးလို့ရသေးလဲဆိုတာ လေ့လာကြည့်ရအောင်! Native speaker တွေ နေ့စဉ်သုံးလေ့ရှိတဲ့ စကားလုံး (၃) လုံးကို မျှဝေပေးလိုက်ပါတယ် ⬇️
၁။ 麻烦你了 [Máfan nǐ le] - ဒုက္ခပေးလိုက်ရပြီ
💡 ဘယ်အချိန်သုံးလဲ? - သူတစ်ပါးက ကိုယ့်ကို အချိန်ပေး/အားထုတ်ပြီး ကူညီပေးတဲ့အခါမှာ ကျေးဇူးတင်တဲ့အနေနဲ့ သုံးပါတယ်။
🗣 ဥပမာ: 帮我拿一下包,麻烦你了。(Bāng wǒ ná yí xià bāo, máfan nǐ le.)
🇲🇲 ကျွန်တော့်အိတ်လေး ခဏလောက် ယူပေးထားပါ။ ဒုက္ခပေးလိုက်ရပြီနော်။
၂။ 辛苦了 [Xīnkǔ le] - ပင်ပန်းသွားပြီ
💡 ဘယ်အချိန်သုံးလဲ? - တစ်စုံတစ်ယောက်က ကြိုးကြိုးစားစားနဲ့ အလုပ်လုပ်ပေးတဲ့အခါ သူတို့ရဲ့ ပင်ပန်းအားထုတ်မှုကို အသိအမှတ်ပြု ကျေးဇူးတင်တဲ့အနေနဲ့ သုံးပါတယ်။
🗣 ဥပမာ: 今天大家都辛苦了,早点回家休息吧。(Jīntiān dàjiā dōu xīnkǔ le, zǎodiǎn huí jiā xiūxi ba.)
🇲🇲 ဒီနေ့ အားလုံးပဲ ပင်ပန်းသွားကြပြီ။ အစောကြီး အိမ်ပြန်နားကြပါ။
၃။ 多亏你 [Duōkuī nǐ] - မင်းကျေးဇူးကြောင့်ပါပဲ
💡 ဘယ်အချိန်သုံးလဲ? - တစ်ယောက်ယောက်ရဲ့ ကူညီမှုကြောင့် ဆိုးရွားတဲ့အခြေအနေက လွတ်သွားတဲ့အခါမျိုးမှာ သုံးပါတယ်။
🗣 ဥပမာ: 多亏你提醒我,不然我就忘了。(Duōkuī nǐ tíxǐng wǒ, bùrán wǒ jiù wàng le.)
🇲🇲 မင်းသတိပေးလို့ ကျေးဇူးပဲ။ မဟုတ်ရင် ငါမေ့သွားတော့မှာ။
ဒီလိုမျိုး သဘာဝကျကျနဲ့ မှန်ကန်တဲ့ အသုံးအနှုန်းလေးတွေကို စနစ်တကျ လေ့လာချင်တယ်ဆိုရင်တော့... 🎓
တရုတ်စာကို အခြေခံကနေ HSK 5 အထိ 4 skills လုံးကို တစ်နေရာထဲမှာ လေ့လာနိုင်မယ့် Wise Chinese ရဲ့ Basic to HSK 5 Bundle အတန်းလေးကို Message ပို့ပြီး စုံစမ်းနိုင်ပါပြီရှင့်။ 📩
#WiseChinese #LearnChinese #HSK #ChineseVocabulary #Mandarin #Myanmar #StudyChinese | 3 992 |
