Deborah Channel
الذهاب إلى القناة على Telegram
လိုချင်ရင် ပေးဆပ်ရမှာ ရင်းရမှာတွေတော့ ရှိပါလိမ့်မယ် အနာဂတ်မြန်မာနိုင်ငံတော်ကြီး ပိုအေးချမ်းနိုင်ဖို့ အတူတူကြိုးစားကလစ်ကြပါစို့
إظهار المزيد276
المشتركون
لا توجد بيانات24 ساعات
-37 أيام
+130 أيام
أرشيف المشاركات
ဘဝမှာ အခင်ဆုံး အချစ်ဆုံးသူငယ်ချင်းရယ်လို့
မရှိဘူး၊ ထားလည်း မထားဘူး
ဘာကြောင့်လဲတော့ မသိဘူး
ကိုယ့်စိတ်က အဲ့အရာကြီးကို လက်မခံနိုင်ဘူး၊ တခါတလေကျရင် စိတ်က Negative ဘက်ကို အမြဲလိုလိုသွားတယ်။
ကိုယ်က သူ့အတွက် အခင်ဆုံး အချစ်ဆုံးသူငယ်ချင်းဖြစ်နေရင်တောင် ကိုယ့်ဘက်က ဘယ်သူ့ကိုမှ
အခင်ဆုံး အချစ်ဆုံးသူငယ်ချင်းရယ်လို့ မသတ်မှတ်ဘူး ၊ သူက ကိုယ့်သူငယ်ချင်းဆိုတာ မှန်တယ်။
အိုခေ ရပြီ သူငယ်ချင်းဖြစ်ပြီဆို ရပြီပေါ့ ဘာကြောင့် အချစ်ဆုံး အခင်ဆုံးတွေဆိုတာ လိုမှာလဲ ?
( စိတ်က အမြဲတွေးနေတဲ့အရာ မကောင်းမှန်း သိတယ် )
ဘုရားရော လူတွေကိုရော အတိုင်းအတာတခုအထိပဲ ယုံကြည်တယ်။
ဘာကိုမှ မယုံပါနဲ့လို့ ကိုယ့်ကိုယ်ကိုယ် သတိပေးရင်း
ဘယ်သူ့ကိုမှ မယုံကြည်ခဲ့ဘူးတဲ့ အခိုက်အတန့်တွေနဲ့
ဘဝမှာ အခင်ဆုံး အချစ်ဆုံးသူငယ်ချင်းရယ်လို့
မရှိဘူး၊ ထားလည်း မထားဘူး
ဘာကြောင့်လဲတော့ မသိဘူး
ကိုယ့်စိတ်က အဲ့အရာကြီးကို လက်မခံနိုင်ဘူး၊ တခါတလေကျရင် စိတ်က Negative ဘက်ကို အမြဲလိုလိုသွားတယ်။
ကိုယ်က သူ့အတွက် အခင်ဆုံး အချစ်ဆုံးသူငယ်ချင်းဖြစ်နေရင်တောင် ကိုယ့်ဘက်က ဘယ်သူ့ကိုမှ
အခင်ဆုံး အချစ်ဆုံးသူငယ်ချင်းရယ်လို့ မသတ်မှတ်ဘူး ၊ သူက ကိုယ့်သူငယ်ချင်းဆိုတာ မှန်တယ်။
အိုခေ ရပြီ သူငယ်ချင်းဖြစ်ပြီဆို ရပြီပေါ့ ဘာကြောင့် အချစ်ဆုံး အခင်ဆုံးတွေဆိုတာ လိုမှာလဲ ?
( စိတ်က အမြဲတွေးနေတဲ့အရာ မကောင်းမှန်း သိတယ် )
ဘုရားရော လူတွေကိုရော အတိုင်းအတာတခုအထိပဲ ယုံကြည်တယ်။ ယုံကြည်မှုဆိုတဲ့စကားလုံး ၃ လုံးကို အရမ်းသဘောကျတယ်၊ ဘာကြောင့်ဆို ခုခေတ်ကာလအခြေအနေနဲ့ကြည့်မယ်ဆိုရင် အားလုံးက ယုံကြည်မှုနဲ့ပဲ အလုပ်လုပ်နေကြလို့။ ဒါပေမဲ့ ဘယ်သူ့ကိုမှ အလွယ်တကူမယုံကြည်ဖို့နဲ့
ဘယ်သူ့ကိုမှ မယုံကြည်ခဲ့ဖူးတဲ့ အခိုက်အတန့်တွေ ရှိတယ်။
Repost from Hlaing Info
လောက်ကိုင်မြို့အတွင်းရှိ ကျန်တပ်ရင်းအားလုံး လက်နက်ချအညံ့ခံ(ရုပ်/သံ)
ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲဖြင့် ဇော်မဲလုံး ဖြေရှင်းပါမည်......
#HlaingInfo
Repost from Hlaing Info
▪︎Breaking News
လောက်ကိုင်ဒကစတစ်ခုလုံး MNDAAထံလက်နက်ချ ပြီး
မြို့ကို MNDAA သိမ်းပိုက်
ဇန်နဝါရီလ ၄ ရက်
ကိုးကန့်ဒေသတွင် နောက်ဆုံးကျန်ရှိသည့် စစ်ကောင်စီတပ်၏ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်-ဒကစ (လောက်ကိုင်)သည် ယနေ့ညနေတွင် MNDAA ထံ လက်နက်ချအရှုံးပေးလိုက်ပြီဖြစ်သည်။
"တပ်ထဲမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရော၊ ဝန်ထမ်းတွေရောအားလုံး ကားတွေနဲ့ ပြန်ပို့မယ်။ ဒကစက လက်နက်ချမယ်ဆိုတာ တပ်(စစ်ကောင်စီ) ဖက်ကိုလည်း တင်ပြပြီးပြီ။ ဝပြည်ဘက်ကနေဖြတ်ပြီး ကျိုင်းတုံကိုပို့မယ်လို့ သိထားတယ်" ဟု လောက်ကိုင်မှ MNDAAနှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။
လောက်ကိုင်ဒကစသို့ MNDAA တပ်ဖွဲ့ဝင်များ ဝင်ရောက်သွားသည့်ရုပ်သံမှတ်တမ်းများလည်း ယနေ့ညပိုင်းတွင် လူမှုကွန်ရက်၌ ပြန့်နှံ့နေသည်။
မြေပြင်မှသတင်းရင်းမြစ်၏အဆိုအရ ဒကစလောက်ကိုင်အရေးကိစ္စတွင် စစ်ကောင်စီနှင့် MNDAAတစ်စုံတရာညှိနှိုင်းပြီးခဲ့သည်ဟုသိရှိရကြောင်း ပြောသည်။
ဆက်လက်ဖတ်ရှူရန် -⤵️⤵️⤵️
Repost from Myan Crypto (Be a Master of Crypto - MCM)
Tea Talk Program ပြန်လာပါပြီ🎉
🔺
ဒီတစ်ပတ် Tea Talk comeback မှာတော့ multimedia journalist နဲ့ producer တစ်ဦးဖြစ်တဲ့ ကိုအောင်ခန့်ကို ဖိတ်ခေါ်ထားပါတယ်🔻
ကိုအောင်ခန့်ဟာ 2015 ခုနှစ်ကစလို့ The Myanmar Times မှာ ဓာတ်ပုံသတင်းထောကက်အဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး စစ်အာဏာသိမ်းပြီးချိန်မှာတော့ The Myanmar Times ရဲ့ Head of Multimedia အဖြစ်ကနေ နှုတ်ထွက်ခဲ့ပါတယ်🔹
🔺
ဒီနောက်မှာတော့ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်လို့ နိုင်ငံတကာသတင်းဌာနတွေနဲ့အတူ ပူးပေါင်းသတင်းရယူမှုတွေလုပ်ခဲ့ပြီး 2022 ခုနှစ်အစောပိုင်းမှာတော့ Japan media agency တစ်ခုဖြစ်တဲ့ Kyodo news နဲ့ လက်တွဲပြီး ထိုင်းနဲ့မြန်မာ့ နိုင်ငံရေးသတင်းထောက်အဖြစ် လုပ်ကိုင်နေပါတယ်။ တဆက်တည်းမှာပဲ ကိုအောင်ခန့်ဟာ အခြားသော နိုင်ငံတကာ အဖွဲ့အစည်းတွေအတွက် သုတေသနပိုင်းနဲ့ အကြံပေးအပိုင်းဆိုင်ရာတွေကို အချိန်ပိုင်းဝင်ရောက် လုပ်ကိုင်နေသလို Educational Platformအချို့မှာလည်း သတင်းပညာရပ်ကို ပို့ချသင်ကြားပေးနေပါတယ်🔻
🔺
ဒီနေ့ည ၉ နာရီအချိန်မှာ ပြုလုပ်သွားမယ့်Tea Talk 012 မှာတော့ ကိုအောင်ခန့်ဟာ Crypto Nova က Indicolite နဲ့အတူ နိုင်ငံသားသတင်းထောက်တစ်ယောက်ရဲ့ အခန်းကဏ္ဍနဲ့ သတင်းအစီရင်ခံရာနောက်ကွယ်က စိန်ခေါ်မှုနဲ့ အန္တရာယ်တွေအကြောင်းကို ဆွေးနွေးမျှဝေပေးသွားမှာဖြစ်ပါတယ်🔺
Tea Talk 012 ကို https://t.me/myancryptochannel?livestream ကနေ ဝင်ရောက်နားဆင်နိုင်ပါတယ်🔺
Repost from ACFS Online Library
ဒို့၏အမွေအနှစ် အပိုင်ပစ္စည်း အကျိုးခံစားရာ ဖြစ်သည်ဟူသော လူ့ ဘာသာ၊ လူ့တရားနှင့်အညီ ကမ္ဘာဦးကာလ လူတို့၏စည်းရုံးမှု၌ လူအပေါင်းတို့၏ သဘောဆန္ဒအရ လူအဝှမ်း၏ အကျိုးကို ကောင်းစွာဆောင်ရွက်နိုင်အံ့သော ပုဂ္ဂိုလ်ကို ရွေးကောက်၍ သမ္မတ တင်မြှောက်ကြသော မဖောက် မပြန် မစွန်းမငြိ ပကတိ သန့်ရှင်းဖြူစင်သော မူလလူ့ဝါဒနှင့်လျော်စွာ စည်းကမ်းဥပဒေ သေချာထင်ရှားစွာ ပိုင်းခြား သတ်မှတ် တူညီသောတရား၊ တူညီသောအခွင့်အရေး၊ တူညီသောအဆင့်အတန်းအားဖြင့် ကမ္ဘာအရှည် တည်စိမ့် သောငှာ လူအပေါင်းတို့၏ ဆန္ဒသာလျှင် အဓိကဖြစ်သော၊ သမ္မတမြန်မာနိုင်ငံတော် တည်းဟူသော မြတ်သော အဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ။
၆။ သိကြကုန်လော့။ ယနေ့ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ဤအချိန်မှစ၍ ငါတို့၏မူလအပိုင်ဖြစ်သော လုံး၀ လွတ်လပ်ရေးကို ငါတို့ပြန်၍ ယူပြီ။ တိုင်းရင်းသားအပေါင်းတို့ သွေးစည်းညီညွတ်လျက် အခွင့်အရေး၊ အဆင့်အတန်း တူညီသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ပြီ။ ငါတို့လွတ်လပ်ရေးနှင့် ငါတို့နိုင်ငံတော်ကြီး၏ သစ္စာကို ကမ္ဘာဆုံးတိုင် မယိမ်းမယိုင်တည်မည်။ ငါတို့သည် လွတ်လပ်သောနိုင်ငံ ဖြစ်သည် နှင့်အညီ ကမ္ဘာ့လွတ်လပ်သော နိုင်ငံအပေါင်းတို့ တရားသဖြင့် ကျင့်ဆောင်အပ်သော ကျင့်၀တ်ကို စောင့်ရှောက် ကျင့်ဆောင်မည်။ ငါတို့၏ လွတ်လပ်ရေးကို ငါတို့ ချစ်မြတ်နိုးသည်နှင့်အညီ တပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့ လေးစား စောင့်စည်းမည်။ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့ လိုလားသူများနှင့် လက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်မည်။
ဤ ငါတို့ ကြေညာချက်ကို တကမ္ဘာလုံး တယောက်မကျန် ကြားသိစေသတည်း။
**
တော်လှန်ရေးသမားအချင်းချင်းကို
တလရ ဆိုတာ ဘာလဲလို့ မေးလိုက်တာ မသိဘူးတဲ့ ကျွန်မမှာဖြင့် အံ့သြသွားတာပဲ
မကြာဖူး မမြင်ဖူးဘူးတဲ့လေ
တလရ ကာလ ၃ နှစ်ဆိုတဲ့အချိန်နည်းလာလေ
စဥ်းစားကြည့်
တလရဆိုတာ ဘာမှန်းမသိနေရင် ငပေါထင်နေကြမှာပေါ့✌️
ကဲ မိတ်ဆွေတို့ တလရ ဆိုတာ ဘာလဲ 🙄
Repost from Hlaing Info
နှစ်တွေဘယ်လောက်ကြာကြာ ခုချိန်ထိ နားထောင်လို့ကောင်းနေဆဲ 😭
ဘဝအဆက်ဆက် အာဏာရူးတသိုက်နဲ့ ဝေးပါစေ အစ်ကိုရေ 😭
ကောင်းရာသုဂတိလားပါစေ အစ်ကိုရေ 😭
စစ်အာဏာရှင်များ၏ မတရားဖမ်းဆီးခြင်းကို ခံရပြီး အကြမ်းဖက်ညှဉ်းပန်းနှိပ်စက်မှုကြောင့် Dec 30 2023 တွင် ပုသိမ်အကျဉ်းထောင်တွင်း ကျဆုံးခဲ့သော ဧရာဝတီတိုင်း ဖျာပုံမြို့မှ တေးသံရှင် ကိုစံလင်းစံ၏ “မုန်းမေ့မရ” တေးသီချင်းအား Tribute အနေဖြင့် ဖော်ပြပေးလိုက်ပါသည်။
#tribute_to_KoSanLinnSan
#HlaingInfo
Repost from Brilliant Educational Institute
2024 မှာ သိကိုသိသင့်တဲ့ စာလုပ်နည်းငါးမျိုး📌📌
လာမယ့်နှစ်သစ်မှာတော့ လူရွေးမှန်ဖို့ထက် စာလုပ်နည်းရွေးမှန်ဖို့ကပိုအရေးကြီးနေပါပြီ၊၊ ဒါမှလည်း စိတ်သစ်၊ လူသစ်နဲ့ အောင်မြင်မှုအသစ်တွေရနိုင်မှာလေ၊ ဟုတ်တယ်မို့လား Listies တို့?
ကဲ အဲဒီတော့ ကိုထွန်းလင်းက အသုံးများပြီး အကျိုးရှိတဲ့ Study techniques လေးတွေကို မျှဝေပေးပါမယ်၊ ကိုယ့်အတွက် အဆင်ပြေမယ့် နည်းလမ်းလေးတွေရွေးပြီး စနစ်တကျ စာလေ့လာကြရအောင်ပါဗျ၊၊💁
1️⃣ Feynman Technique📒👑
🔶 ဒီနည်းလေးကတော့ သူငယ်ချင်းတွေနဲ့ စာအတူတူလုပ်ရတာ သဘောကျတဲ့သူတွေ၊ ကိုယ်လေ့လာတဲ့အရာပေါ်မှာ သေချာစေ့စေ့စပ်စပ်သိချင်သူတွေအတွက် သင့်တော်ပါတယ်၊၊
🔷 ဘယ်လိုသုံးရမလဲဆိုရင်တော့ ပထမအဆင့်အနေနဲ့ စာကို ကိုယ့်ဘာသာ နားလည်အောင်ဖတ်ပါ၊ ဒါမှမဟုတ် ဆရာတွေသင်တာ သေချာလိုက်နားထောင်ပါ၊၊ ကိုယ့်ဘာသာ နားလည်သွားပြီလို့ယူဆရင် ကိုယ့်ရဲ့သူငယ်ချင်း တစ်ယောက်ယောက်ကိုရှင်းပြကြည့်ပါ၊၊ သူကထပ်ပြီးမေးတဲ့ မေးခွန်းတွေကိုလည်းဖြေကြည့်ပါ၊၊ တကယ်လို့ ကိုယ့်သူငယ်ချင်းက လုံးဝနားလည်သွားတယ်၊ သူမေးတဲ့မေးခွန်းတွေကိုလည်း ကိုယ်ကဖြေနိုင်တယ်ဆိုရင်တော့ စာကိုသေချာရသွားပြီဆိုတဲ့သဘောပါပဲ၊၊
2️⃣ Pomodoro Technique📓👑
🔶 ဒီနည်းကတော့ အထူးသဖြင့် အချိန်ဆွဲတက်တဲ့သူတွေ၊ အာရုံစိုက်ရတာ ခက်တဲ့သူတွေ၊ time management မကောင်းတဲ့သူတွေအတွက် အဆင်ပြေပါတယ်၊၊
🔷 သူကတော့ စာကြည့်တဲ့အချိန်တွေကို ခွဲပြီး နားချိန်တွေထည့်ထားတဲ့သဘောပါ၊ ပုံမှန်အားဖြင့် 25 min စာကြည့်ပြီး၊ 5 min break ယူတာပါ၊၊ စာကြည့်ချိန်မှာ သေချာကြည့်ပြီး နားချိန်မှာ လုံးဝနားလိုက်တာမျိုးပဲဖြစ်ပါတယ်၊၊
3️⃣ SQ3R Method📙👑
🔶 ဒီနည်းလမ်းကတော့ စာမေးပွဲအတွက်ပြင်ဆင်နေတဲ့သူတွေ၊ အရင်ကလေ့လာပြီးသားစာတွေကို စနစ်တကျလေး မှတ်မိချင်တဲ့သူတွေကအတွက်အဆင်ပြေပါတယ်၊၊
🔷 SQ3Rမှာ-
🔹 Survey - စာအကုန်ပြန်ဖတ်တာ မဟုတ်ဘဲ မြင်သာတာလေးတွေကိုပဲ အရင်ဆုံး Skimmingလုပ်ပြီး note ထုတ်ပါ၊
🔹 Question - ဒီစာနဲ့ပတ်သတ်ပြီး ကိုယ်ဘာသိထားလဲ၊ ဘာတွေမှတ်မိသေးလဲဆိုတာ မေးခွန်းထုတ်ပါ၊
🔹 Read - ပြီးမှ အကုန်လုံးကိုသေချာပြန်ဖတ်ပါ၊၊
🔹 Recite - ဖတ်ပြီးတာနဲ့ စာတွေကို ကိုယ့်စကားလုံးနဲ့ကိုယ် ပြန်ပြောကြည့်ပါ၊၊
🔹 Review - နောက်ဆုံးမှာတော့ ကိုယ်အကုန်နားလည်ပြီလားဆိုတာ ဆန်းစစ်ပါ၊ Quiz တွေဖြေကြည့်ပါ၊ နားမလည်တဲ့အပိုင်းကိုပြန်ကြည့်ပါ၊၊
4️⃣ Mind Mapping📓👑
🔶 သူကတော့ Visual learners တွေအတွက်သင့်တော်ပါတယ်၊ စာကို ပိုပြီးတော့လည်း နားလည်လာစေနိုင်ပါတယ်၊၊
🔷 Mind Mapping က ရိုးရိုးလေး ပုံတွေ၊ အရောင်တွေကိုသုံးပြီးတော့ Conceptတွေ Idea တွေကို နားလည်အောင်ကြိုးစားရတဲ့ နည်းလမ်းပဲဖြစ်ပါတယ်၊၊
5️⃣ Studying Before Bed Technique📖👑
🔷 ဒီနည်းလမ်းလေးကတော့ အိပ်ချိန်ပုံမှန်အလုံအလောက်ရှိတဲ့သူတွေနဲ့ Night owls လေးတွေအတွက် ပိုအဆင်ပြေပါတယ်၊၊
🔶 လူတွေရဲ့ ဦးနှောက်က အိပ်တဲ့အချိန်မှာ အချက်အလက်တွေကို process လုပ်ပြီးတော့ Organizeဖြစ်အောင်လုပ်ပေးပါတယ်၊ ဒါကြောင့် အိပ်ရာမဝင်ခင်မှာ စာကြည့်ပြီး တန်းအိပ်ပါ၊ မနက်မှာ စာတွေကို ပြန်ဖတ်ကြည့်လိုက်ရင် ပိုပြီးတော့ နားလည်နေတာကို သိသိသာသာတွေ့ရပါလိမ့်မယ်၊၊
ကဲ၊ ဒီလောက်ဆိုရင်တော့ ကိုယ့်အတွက် ဘယ်နည်းက အဆင်ပြေဆုံးလဲဆိုတာ ရွေးလို့ရသွားမယ်ထင်ပါတယ်၊
ကိုယ်နဲ့ဘာလို့ကိုက်ညီနေတာလဲ ဘာကြောင့်ရွေးဖြစ်လဲဆိုတာလည်း Comment မှာ ပြောသွားပေးကြပါအုံးနော်၊၊ ဒါမှ အရွေးအမြဲမှားတဲ့သူတွေလည်း ကိုယ့်ကိုအတုယူနိုင်မှာလေ😛၊၊
ဒီရက်ပိုင်းတော့
ကဗျာတစ်ပုဒ်ရွတ်ဖြစ်နိုင်အောင်
ကြိုးစားပေးပါ့မယ် 💔
ရွတ်တာက မခက်ပေမဲ့
Edit အတွက်က အချိန်အရမ်းပေးရလို့ လုပ်ဖို့ပျင်းနေတာရော မအားတာတွေများနေလို့ မလုပ်ဖြစ်နေတာပါ။
နွေဦးဘဏ်မှ နွေဦးဘဏ် ချစ်သူတွေအတွက် အကျိုးရှိစေပြီး ဗဟုသုတ ရစရာများကို မျှဝေမယ့် Community Knowledge Sharing အစီအစဥ်လေးကို နှစ်ပတ်တခါ ထုတ်လွှင့်နိုင်ဖို့ ကြိုးစားနေပါတယ်။ ယခုတပတ်အတွက် အလှည့်ကျတာကတော့ Crypto Currency အကြောင်းသိကောင်းစရာ၊ သိသင့်သိထိုက်တဲ့ အခြေခံ မှတ်သားလေ့လာစရာတွေကို Myan Crypto ရဲ့ KOOL မှ Host အဖြစ်တင်ဆက်ပြီး Feliz မှ ရှင်းလင်းပြောကြားပေးသွားမယ့် အစီအစဥ်လေးဖြစ်ပါတယ်။ အောက်ပါ Telegram Channel Link မှ ဝင်ရောက်နားဆင်နိုင်ပါတယ်။
Date: 01 Jan 2024
Time: 8:00 PM MMT
Link : https://t.me/SpringDevBankCommunity?videochat
အေးချမ်းစွာ အနားယူပါ ကလေးလေးရေ 🍀
ကိုယ့်မျက်စိရှေ့ သေ
ကိုယ့်လက်နဲ့ကိုယ်တိုင်မြေတူးပြီး မြှုပ် 🍀😞
အခုလေးတင် ဆုံးသွားတယ် 😢
အိမ်ထဲဝင်လာပြီး အကြောဆန့်ပြီး အော်ရင်း လှဲလိုက်တာ အသက်မရှိတော့ဝာာ 😢
R.I.P ပေပီ 😢🍀✨
