cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

Min Zaw Lwin

إظهار المزيد
مشاركات الإعلانات
14 695
المشتركون
+2124 ساعات
+2017 أيام
+1 08130 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

ဆရာတော်ကြီးရဲ့ ပြောစကားဖြစ်တဲ့ သည်းခံ၊ ခွင့်လွှတ်၊ မေ့ပျောက်ပေးပါဆိုတဲ့ စကားလုံးအပေါ် ပြင်ပ မီဒီယာတွေက အဓိက ကုတ်ယူပြီး ရေးသားလာကြတာ တွေ့ရတယ်။ အဓိက သူတို့ ဖြစ်စေချင်တဲ့ ဦးတည်ချက်က သံဃာထုက ဒီအရေးနဲ့ပတ်သက်ပြီး တော်လှန်ရေးကို ပါလာစေချင်ပုံပဲ။ ခက်တာက ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အားလုံးလက်ခံကြတဲ့ အမှန်တရားက ၂ ချက်ပဲ ရှိတာ တွေ့ရတယ်။ နံပါတ်(၁) အချက်က ဒီဖြစ်ရပ်ဟာ နှစ်ဖက်စလုံး အမှားရှိတယ်ဆိုတဲ့ လက်ခံချက်ပဲ။ ဒီနယ်မြေဟာ ပဒက်ပေါတယ်။ ဆရာတော်မကြွခင်ကတည်းက ငါန်းဇွန်ဟာ Alphard တစီး ကို ဝိုင်းပစ်ခဲ့တဲ့ ဖြစ်စဉ်က ပူပူနွေးနွေး ရှိထားပြီးသား။ ဒီအရပ်ဟာ ခရီးမသွားသင့်တဲ့ အရပ်ဖြစ်သလို မှန်မချပဲ အတင်းမောင်းတဲ့ ကိစ္စ အပေါ်မှာ အားလုံးက ယူကျိုးမရ ဖြစ်ထားကြတယ်။ နံပတ်(၂) အချက်က လုံခြုံရေးဆိုင်ရာ ရှု့ထောင့်ပဲ။ ချောင်းမြောင်းလုံကြံ ခံရတဲ့ ပြဿနာဟာ စစ်ဆင်ရေးမှာ ကြိုတင်ပြင်ဆင်ခွင့် မရတဲ့ ကိစ္စကြီး တခုဖြစ်တယ်။ ဆုံးရှုံးမှုလည်း ပိုများတယ်။ ဒါကို အရေးယူစေချင်ရင်တော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ မှာ ထိခိုက်မှု ဖြစ်စေနိုင်တယ်။ သံဃာအပါး ၁၀၀ ကျော် အသတ်ခံရချိန်တောင် လမ်းပေါ်မထွက်၊ တုပ်တုပ်မလှုပ်ရဲ၊ အသံမထွက်ရဲခဲ့ကြတဲ့ သံဃာအတုတွေက ခုချိန်မှ ဆရာတော်ဘုရားက သည်းခံ၊ ခွင့်လွှတ်မေ့ပျောက်ဖို့ပြောတဲ့အပေါ်မှာ ရင်ထုမနာ ဖြစ်နေကြတာကလည်း ထူးဆန်းတယ်။ မသိရင် ....မကျေနပ်တဲ့ သံဃာတွေအားလုံး လမ်းပေါ်ထွက် ဆန္ဒပြကြကွာလို့ ပြောစေချင်ပုံပဲ။ ဘယ်အစိုးရ လက်ထက်မှာမှ ဒီလို ထေကြီး ဝါကြီးဆရာတော်ကြီးတွေက တိုင်းပြည်ညီညွှတ်ရေးပျက်ပြားစေတဲ့ အဆိုအမိန့်တွေကို မိန့်မှာ မဟုတ်တာသိသိနဲ့ သူတို့ဖြစ်စေချင်သလို ဖြစ်မလာတဲ့အပေါ် မှာ တရားခံ ရှာလိုက်ပုံလို့ပဲ တွေးပါတယ်။ သူတို့ကိုးကွယ်ယုံကြည်လက်ခံတဲ့ ဆရာတော်ရဲ့ မိန်းမကိစ္စ အရှုပ်အထုပ်ပေါ်ချိန်မှာ တိတ်တိတ်နေပြီး ပြဿနာမကြီးထွားအောင် သည်းခံဖို့ ပြောတဲ့သူကိုမှ လက်ညိုးထိုးပြတာကတော့ ....လူရယ်စရာ ဖြစ်တာပေါ့။ နရီမိုး
إظهار الكل...
👍 9
ပြောလိုက်ရင် မကောင်း ဖြစ်တော့မယ် ကာတာနိုင်ငံရောက် ဆရာတော်ဘုရားကြီးကို ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၃ ဒီဇင်ဘာ ၁၂ ရက်နေ့လောက်မှာ လာတွေ့ရင်းနဲ့ တပည့်တော်ရဲ့ ဆရာတော်လုပ်ပါဆိုပြီး စည်းရုံးသိမ်းသွင်းတဲ့ ရုပ်သံဖိုင်ကို ကြည့်ဖူးသူလည်း ရှိကောင်းရှိလိမ့်မယ်။ ဆရာတော်ကတော့ ညီညွှတ်ရေးကို ဦးစားပေးသူမို ငါကတော့ တတိုင်းပြည်လုံးရဲ့ ဆရာတော်ပဲ လုပ်မယ်ဆိုပြီး ဖြေခဲ့ဖူးတယ်။ သံဃာတော်အပါး ၁၀၀ ဝန်းကျင်ခန့် အသတ်ခံရပြီးချိန်မှာတောင် ယနေ့ အချိန်ထိ အပေါက်တွေပိတ်နေပြီး အသံမထွက်ခဲ့တဲ့ အဖွဲ့က သူတို့လို့ ရည်ရွယ်ချက်ရှိရှိ မဟုတ်ဘဲ သံဃာ ၁ ပါးကို မှားပြီးတော့ ပစ်ခတ်မိတဲ့ ဖြစ်စဉ်ပဲ ဖြစ်နိုင်ချေရှိတာကို ဆွေ့ဆွေ့ခုန်နေကြရင် ပြောလိုက်ရင် မကောင်းဖြစ်တော့မယ်။ ဒေါ်စုကတော့ ခုချိန်ဆို သူကို မွှေမွှေ..မွှေမွှေ လို့ခေါ်ပြီး ကပ်ဖားရပ်ဖားလုပ်ခဲ့တဲ့ သူရဲ့ မတော်ရတဲ့ သားသမီးဆိုးတွေကြောင့် ထောင်ထဲမှာ နောင်တတွေတော်တော်ရနေလောက်ပြီ။ ဘာလို့လဲဆိုတော့ သူကို ထောက်ခံတဲ့သူမှန်သမျှက ဉာဏ်ရည်နိမ့်ပါးပြီး အကောင်းအဆိုးကို ကောင်းကောင်း ဝေဖန်မပိုင်းခြားနိုင်လို့ပဲ။ #MinZawLwin
إظهار الكل...
👍 11
Photo unavailableShow in Telegram
တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ ပြည်ပြေးမီဒီယာတွေရဲ့ သတင်းအမှား၊ အချက်အလက်အမှားနဲ့ ကိန်ဂဏန်းအမှားတွေကို ဝါဒဖြန့်ချိနေခြင်းများအပေါ် မယုံကြည်ကြဖို တိုက်တွန်းလိုပါတယ်။ #MinZawLwin
إظهار الكل...
👍 2
ပရိတ်ကြီး_၁၁_သုတ်_ဖားအောက်ဆရာတော်.mp35.53 MB
Photo unavailableShow in Telegram
မဟုတ်တာလည်း လုပ်ထားသေးတယ် ကြောက်တတ်လိုက်တာလည်းနှစ်ယောက်မရှိဘူး။😂😂😂 #MinZawLwin
إظهار الكل...
😁 12👍 4
Photo unavailableShow in Telegram
𝘾𝘿𝙈 ဝင်တယ်ဆိုတဲ့ ပြင်သစ်နိုင်ငံ၊ မြန်မာသံရုံးမှ သံရုံးစာရေး အမျိုးသမီးဟာ ကိုယ်ရေးကိုယ်တာ လူမှုရေးအခက်အခဲတွေကြောင့် မြန်မာနိုင်ငံကို မပြန်လိုတဲ့အတွက် နိုင်ငံရေးအကာအကွယ်ရယူကာ ခွင့်မဲ့ပျက်ကွက်ခဲ့ခြင်းဖြစ်ကြောင်း နစက ထုတ်ပြန် 𝘾𝘿𝙈 ပြုလုပ်သွားကြောင်း သတင်းထွက်ပေါ်နေသည့် ပြင်သစ်နိုင်ငံ၊ ပါရီမြိုရှိ မြန်မာနိုင်ငံသံရုံး၌ သံရုံးစာရေး တာဝန်ထမ်းဆောင်လျက်ရှိသည့် ဒေါ်ဌေးဌေးဝင်း သည် သားဖြစ်သူ ပြင်သစ်နိုင်ငံတွင် ဆက်လက်ပညာသင်ကြားနိုင်ရေး နှင့် သမီးဖြစ်သူ ဆေးကုသမှုခံယူနိုင်ရေးစသည့် ၎င်း၏ ကိုယ်ရေးကိုယ်တာ လူမှုရေးအခက်အခဲများကြောင့် မြန်မာနိုင်ငံသို မပြန်လိုသဖြင့် နိုင်ငံရေးအကာအကွယ်ရယူကာ ခင်ပွန်း၊ သား၊ သမီးနှင့်အတူ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်မှစ၍ ခွင့်မဲ့ပျက်ကွက်ခဲ့ခြင်းဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲက အသိပေးထုတ်ပြန်ထားပါတယ်။
إظهار الكل...
👍 18😁 2
03:22
Video unavailableShow in Telegram
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၃)သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများ သက်ဆိုင်ရာသင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိ
إظهار الكل...
60.23 MB
👍 16
02:22
Video unavailableShow in Telegram
ပြင်သစ်နိုင်ငံ ၊ ပါရီမြို့ရှိ မြန်မာသံရုံးမှ သံရုံးစာရေး ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ခွင့်မဲ့ပျက်ကွက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်
إظهار الكل...
4.90 MB
👍 14
ဆရာတော်ဘုရားကြီးကို ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၃ ဒီဇင်ဘာ ၁၂ ရက်နေ့လောက်မှာ လာတွေ့ရင်းနဲ့ တပည့်တော်ရဲ့ ဆရာတော်လုပ်ပါဆိုပြီး စည်းရုံးသိမ်းသွင်းတဲ့ ရုပ်သံဖိုင်ကို ကြည့်ဖူးသူလည်း ရှိကောင်းရှိလိမ့်မယ်။ ဆရာတော်ကတော့ ညီညွှတ်ရေးကို ဦးစားပေးသူမို့ ငါကတော့ တတိုင်းပြည်လုံးရဲ့ ဆရာတော်ပဲ လုပ်မယ်ဆိုပြီး ဖြေခဲ့ဖူးတယ်။ တကယ်တော့ ဆရာတော်ဘုရားကြီးနား နေဖူးသူတွေ ဆိုရင် ဆရာတော်ဘုရားရဲ့ လက်ရင်း တပည့်တွေတောင် အနီထောက်ခံ အားပေးများတယ်ဆိုတာ သိကြမှာပါ။ တချို့ တချို့သော ဘာမှန်းမသိတဲ့ ငနီကြောင်တွေတော့ ဒါတွေသိမှာမဟုတ်ပါဘူး။ ဆရာတော်ကြီးနဲ့ ဒေါ်စုအစိုးရ ခွာပြဲသွားရတဲ့ အကြောင်းက တနိုင်ငံလုံးက ရဟန်းသံဃာတွေကို ဘာသာပေါင်းစုံ ညီညွှတ်ရေးခေါင်းစဉ်နဲ့ ဗုဒ္ဓဘာသာဟာ အခြားဘာသာတွေနဲ့ တန်းတူပါတယ်ဆိုတဲ့ လုပ်ပေါက်ကို NLD ပါတီကိုယ်တိုင်က နေရာမရွေး၊ အချိန်မရွေး ဇောင်းပေးလုပ်လာခဲ့ရာကနေ အစပြုတာ ဖြစ်မယ်လို့ ရိုးရိုးသားသား ယုံကြည်ပါတယ်။ ဆရာတော်ဘုရားကြီးဟာ လူမျိုးမြိုမှာ အင်မတန်စိုးရိမ်တတ်တဲ့ ဆရာတော်ဖြစ်တယ်လို့ စိတ်က ယူဆထားပါတယ်။ ဒီကနေ့ ဖြစ်တဲ့ အရေးမှာလည်း နှစ်ဖက်အမှား ဖြစ်တာကို သိတော်မူသလို စိတ်ဝမ်းမကွဲဘဲ ညီညွှတ်ရေးကိုသာ ဦးစားပေးဖို့ မိန့်ဆိုတာဟာ သမာသမတ်ကျပါတယ်။ ကိုယ်ရယ်ချင်တာတခုက ဒေါ်စုနဲ့ ဆရာတော်တို့ရဲ့ Close ဖြစ်မှု အနေအထားသမိုင်းကြောင်းတောင် မသိကြတဲ့ ငနီကြောင်၊ လဒ တွေ၊ ဆရာတော်ကို မိုက်မိုက်ရိုင်းရိုင်း ပြောခဲ့ကြတဲ့ အဆိုတော် အောင်လတို့ ကအစ ၊ ဂူရွှေး၊ ကတုံး ဆိုပြီး ပက်ပက်စက်စက် ပြောခဲ့ကြတဲ့ အနီကြောင် ထောက်ခံသူတွေ အလယ်၊ သံဃာကိုတောင် သံဃာ မှန်း မသိနိုင်လောက်တဲ့အထိ ရိုင်းစိုင်းယုတ်မာတဲ့သူတွေအဆုံးက ခုဖြစ်စဉ်ကြမှ "သေဆုံးသူက အညတရ ဆရာတော်မဟုတ်ဘူးတို့" ၊ ရွှေကျင် ဂိုဏ်းချုပ်က ဘာမှမပြောတော့ဘူးလား " ဆိုပြီး သံဃာထုအရေး ဖြစ်လာအောင် မြောင်းပေးပြောဆိုနေကြတာတော့ အံ့အားသင့်စရာ ပါပဲ။ တကယ်တော့ သူတို့ထောက်ခံတဲ့ မိခင်ပါတီကအစ မဘသ မလိုအပ်တော့ဘူး၊ ဓမ္မစကူးတွေ ဖွင့်မှာစိုးလို့ နွေကျောင်းပိတ်ရက်ကို  ဆန့်ခဲ့ကြတာတွေ၊ ဇာတိမာန်သီချင်းတောင် ဆိုဖို့ ပိတ်ပင်ခဲ့တာတွေကအစ ရုပ်ပေါက်ခဲ့ကြတာပါ။ တကယ်လို့ NLD ပါတီကသာ ရဟန်း သံဃာတွေကို ဆရာ-တကာ ဆိုတဲ့ ဆက်ဆံရေးမျိုး ထူထောင်ခဲ့ရင်တော့ တစ်မျိုးပေါ့။ နရီမိုး
إظهار الكل...
👍 47 5😁 1
ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီး၏ ဈာပနသို့ သီတဂူဆရာတော်ကြီး ကြွရောက် ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီး၏ ဈာပနသို့ သီတဂူဆရာတော်ကြီး ကြွရောက်ခဲ့ကြောင်း သိရပါတယ်။ သီတဂူဆရာတော်ကြီးသည် ဇွန် ၂၂ ရက်(ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီး၏ ဈာပနစတုတ္ထရက်)တွင် ယခုကဲ့သို့ ကြွရောက်ခဲ့ခြင်းဖြစ်ပါတယ်။ “ကျေးဇူးတော်ရှင်_သီတဂူဆရာတော်ဘုရားကြီး ကြွရာက်ချီးမြှောက်၍ သံဝေဂယူတော်မူပြီး၊ သံဃာတော် အရှင်သူမြတ်တို့အား ဩဝါဒစကားများ မိန့်ကြားတော်မူခဲ့ပါသည်”ဟု ဝင်းနိမ္မိတာရုံစာသင်တိုက်၏ Facebook လူမှုကွန် ရက်စာမျက်နှာတွင် ဖော်ပြထားပါတယ်။
إظهار الكل...
👍 41 2👏 2🥰 1
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.