PACES DIGEST
الذهاب إلى القناة على Telegram
7 246
المشتركون
+224 ساعات
+147 أيام
+8630 أيام
أرشيف المشاركات
7 246
Long time, No Mnemonics ‼️
Mnemonics တွေ share မပေးရတာကြာပြီ
Here again!
📚 𝕃𝕚𝕧𝕖 𝔸𝕥𝕥𝕖𝕟𝕦𝕒𝕥𝕖𝕕 𝕍𝕒𝕔𝕔𝕚𝕟𝕖𝕤 📚
Mnemonics as 𝑴𝒀 𝑪𝒐𝒛𝒚 𝑹𝑶𝑴𝑬 𝑻𝑹𝑰𝑷𝑺
𝑴 - Mumps
𝒀 - Yellow fever
𝑪𝒐𝒛𝒚 - Cholera
𝑹 - Rubella
𝑶 - Oral Polio, Oral typhoid
𝑴 - Measles
𝑬 - Endemic typhus, Encephalitis (JBE)
𝑻 - Tuberculosis (BCG)
𝑹 - Rota
𝑰 - Intranasal Influenza
𝑷 - Plaque
𝑺 - Shingles (VZV)
Hope you all enjoy learning with PACES Digest 💛
#PACES_DIGEST
#Mnemonics
7 246
ကဲ မနေ့က Mosquito borne diseases တွေ share ထားတော့ ဒီနေ့ Other vector borne diseases တွေ ထပ် share ပေးပါမယ်
ဘာ vector တွေ ကျန်မလဲဆိုတော့
Fly, Tick, Bug, Mite, Louse, Flea
Fly က 3 ကောင် မှတ်ပါမယ်
𝐁𝐥𝐚𝐜𝐤 𝐟𝐥𝐲 - River blindness (also called Onchocerciasis, 𝐕𝐢𝐬𝐢𝐨𝐧 𝐛𝐞𝐜𝐨𝐦𝐞𝐬 𝐛𝐥𝐚𝐜𝐤 လို့ မှတ်လို့ရပါတယ်)
𝐓𝐬𝐞𝐭𝐬𝐞 𝐟𝐥𝐲 (T သံဖြောက် ပြီး SeSe fly လို့ထွက်ပါတယ်) - Sleeping sickness (also called African Trypanosomiasis, 𝐒𝐒 𝐟𝐨𝐫 𝐒𝐒)
𝐒𝐚𝐧𝐝 𝐟𝐥𝐲 - Leishmaniasis (ဒါတော့ ဒီတိုင်းမှတ်ပါ)
𝐓𝐢𝐜𝐤 𝐛𝐨𝐫𝐧𝐞 𝐝𝐢𝐬𝐞𝐚𝐬𝐞𝐬 တွေကို မှတ်တဲ့အခါ 𝐇𝐚𝐫𝐝 𝐋𝐚𝐫𝐠𝐞 𝐓𝐢𝐜𝐤 𝐁𝐑𝐈𝐂𝐊 လို့ မှတ်ပါ
𝐇𝐚𝐫𝐝 - Hard tick
𝐋𝐚𝐫𝐠𝐞 - Lyme disease
𝐓𝐢𝐜𝐤 - Tick borne encephalitis, Tick borne relapsing fever
𝐁 - Babesiosis
𝐑 - Rocky Mountain spotted fever
𝐈 - Indian tick typhus
𝐂 - Congo-Crimean hemorrhagic fever
𝐊 - Kyasanur Forest disease
𝐁𝐮𝐠 - American Trypanosomiasis/Chaga’s disease ( 𝐀𝐁𝐂 - 𝐀𝐦𝐞𝐫𝐢𝐜𝐚𝐧, 𝐁𝐮𝐠, 𝐂𝐡𝐚𝐠𝐚 လို့ မှတ်လို့ရပါတယ်)
Typhus ကို မှတ်တဲ့အခါ တစ်မျိုး တစ်ကောင်လို့ မှတ်ပါ
Scrub typhus - 𝐌𝐢𝐭𝐞
Epidemic typhus - 𝐋𝐨𝐮𝐬𝐞 (also carries Louse borne relapsing fever)
Endemic typhus - 𝐅𝐥𝐞𝐚 (also carries Plague)
ဒါဆို အရေးကြီးတဲ့ Vector borne diseases တွေ အကုန်ပါသွားပါပြီ
ကိုယ်တိုင် စာမေးပွဲဖြေဖို့ စာဖတ်တဲ့အခါ ဒါလေးနီးမှ ကပ်ဖတ်မယ်လုပ်လို့ ရပေမဲ့ သူများကို ပြန်သင်တဲ့အခါ နားလည်ရမဲ့စာ နားလည်ပြီး မှတ်မိအောင် အလွတ်မှတ်ရမဲ့စာ ဘယ်လိုလွယ်လွယ်အလွတ်မှတ်ရင် အဆင်ပြေမလဲ စဉ်းစားပြီး မှတ်ပေးသင်ပေးဖြစ်တာလေးတွေပါ
Hope you all enjoy learning with PACES Digest 💛
#PACES_DIGEST
#Vector_borne
7 246
Mosquito borne diseases တွေကို ဘယ်လို မှတ်ကြမလဲ
Mosquito borne diseases တွေ မှတ်တဲ့အခါ ရောနေတတ်လား
ဘယ်လို လွယ်အောင် mnemonics နဲ့ မှတ်ရမလဲ ပြောပြပေးပါမယ်
Mosquito species လေးမျိုး ရှိပါတယ်
Culex, Aedes, Anopheles & Mansonia ပါ
တခုချင်းစီမှတ်ရအောင်
🦟 𝐂𝐮𝐥𝐞𝐱
Culex က သယ်တဲ့ diseases တွေကို 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 & 𝐖𝐞𝐬𝐭𝐞𝐫𝐧 𝐅𝐞𝐦𝐚𝐥𝐞𝐬 𝐀𝐫𝐞 𝐂𝐮𝐭𝐞 လို့မှတ်ပါ
𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 - Japanese B Encephalitis
𝐖𝐞𝐬𝐭𝐞𝐫𝐧 - West Nile virus
𝐅𝐞𝐦𝐚𝐥𝐞𝐬 - Filariasis
𝐀𝐫𝐞 - viral Arthritis
𝐂𝐮𝐭𝐞 - Culex
🦟 𝐀𝐞𝐝𝐞𝐬
Aedes က သယ်တဲ့ diseases တွေကို 𝐀 𝐅𝐮𝐫𝐢𝐨𝐮𝐬 & 𝐃𝐚𝐧𝐠𝐞𝐫𝐨𝐮𝐬 𝐘𝐞𝐥𝐥𝐨𝐰 𝐙𝐨𝐨 𝐂𝐡𝐢𝐜𝐤𝐞𝐧 𝐢𝐧 𝐑𝐢𝐟𝐭-𝐕𝐚𝐥𝐥𝐞𝐲 လို့မှတ်ပါ (တောင်ကြားက ကြောက်စရာ အန္တရာယ်ရှိတဲ့ Zoo က ထွက်ပြေးလာတဲ့ အဝါရောင်ကြက်ပေါ့ 😁)
𝐀 - Aedes
𝐅𝐮𝐫𝐢𝐨𝐮𝐬 - Filariasis
𝐃𝐚𝐧𝐠𝐞𝐫𝐨𝐮𝐬 - Dengue fever
𝐘𝐞𝐥𝐥𝐨𝐰 - Yellow fever
𝐙𝐨𝐨 - Zika virus
𝐂𝐡𝐢𝐜𝐤𝐞𝐧 - Chikungunya
𝐑𝐢𝐟𝐭-𝐕𝐚𝐥𝐥𝐞𝐲 - Rift-Valley fever
🦟 𝐀𝐧𝐨𝐩𝐡𝐞𝐥𝐞𝐬 ကတော့ လွယ်ပါတယ်
အားလုံးသိတဲ့ Malaria & Filariasis ပါ
(Filariasis က Mosquito species တိုင်း သယ်နိုင်ပါတယ်)
🦟 𝐌𝐚𝐧𝐬𝐨𝐧𝐢𝐚 က ခြင်တိုင်းသယ်တဲ့ Filarisis & Chikungunya (Aedes ကလဲသယ်)ပါ
ဒါဆို မှတ်လို့လွယ်သွားမယ်ထင်ပါတယ်
နောက်နေ့ other Vector borne diseases တွေ တင်ပေးပါအုံးမယ်
Hope you all enjoy learning with PACES Digest 💛
#PACES_DIGEST
#Mosquito
7 246
+7
Autoimmune conditions တွေ ပို common ဖြစ်လာတဲ့ အချိန်မှာ Autoimmune hepatitis ဆိုတာလဲ သိသင့်တဲ့ topic ပါ
ဒီနေ့ EASL Autoimmune hepatitis 2025 guidelines share ပေးချင်ပါတယ်
Ab တွေ, Investigations, Treatment induction, maintenance စတာတွေ ဘာအသစ်ပါလဲ ဖတ်ကြည့်ကြပါအုံး
Download link >> https://www.journal-of-hepatology.eu/action/showPdf?pii=S0168-8278%2825%2900173-4
Hope you all enjoy learning with PACES Digest 💛
#PACES_DIGEST
#AIH
7 246
+5
ဒီနေ့တော့ EASL ရဲ့ HBV guidelines 2025 ကို share ပေးချင်ပါတယ်
HBV ဆိုတာ Important topic လဲဖြစ် နာမည်ကြီး European guidelines လဲ ဖြစ်တာမို့ ဖတ်သင့်တဲ့ guidelines ပါ
HBV Investigations, When to Start treatment, Treatment options, When to Stop treatment, HCC Surveillance စသဖြင့် အရေးကြီးတဲ့ sections တွေ အကုန်ပါတာမို့ ဖတ်ကြည့်ကြပါအုံး
အမ Major system Hepatology class မှာလဲ HBV မသင်ရသေးခင် ထွက်လာတော့ အတော်ပဲ ဖြစ်သွားတယ်
Download link >> https://www.journal-of-hepatology.eu/action/showPdf?pii=S0168-8278%2825%2900174-6
Hope you all enjoy learning with PACES Digest 💛
#PACES_DIGEST
#HBV
7 246
Share ပေးဖူးပေမဲ့လဲ Question banks တွေ ဝယ်လို့ရလား လာလာမေးကြလို့ အမ Page မှာ စာအုပ်/PDF File မရောင်းပါ
ကိုယ်ပိုင် Notes တွေကလွဲရင် အမရှာထားတဲ့ တချို့ ဝယ်ထားတဲ့ Question banks တွေ MRCP Notes တွေအားလုံးကို ကျူရှင်တက်သည်ဖြစ်စေ မတက်သည်ဖြစ်စေ free share ပေးထားပါတယ်
For MRCP 1 all Q banks & Notes >> https://drive.google.com/drive/folders/1Qt4lAPfmKrIDDTzVGM34Jo7m-NCBZSVR
For MRCP 2 all Q banks & Notes >> https://drive.google.com/drive/folders/1R6to32BuP7ds3gJe6rio9rnh7qc-5bt0
Hope you all enjoy learning with PACES Digest 💛
#PACES_DIGEST
#Q_banks
7 246
ဒီနေ့တော့ NICE Chronic heart failure 2025 guidelines draft ကို share ပေးချင်ပါတယ်
Official က July 8 မှ release လုပ်မှာပါ
MRCP exam တွေအတွက် important source ဖြစ်တဲ့ NICE ကလဲ ESC/ACC AHA တွေနဲ့ မကွာပါဘူး
ဖတ်ကြည့်ကြပါအုံး
Download link >> https://drive.google.com/file/d/1EUvfHGKo0xzLkDsNGcn7ek68vw5MqsXb/view?usp=drivesdk
Hope you all enjoy learning with PACES Digest 💛
#PACES_DIGEST
#Heart_failure
7 246
ဒီနေ့တော့ Causes of Hyperprolactinemia ကို ဘယ်လိုစဉ်းစားရမလဲ မှတ်ရမလဲဆိုတာ တင်ပေးလိုက်ပါတယ်
✅ Physiological increase လား?
✅ Pathological tumor ကြောင့်လား?
✅ Excretion impair ဖြစ်တဲ့ CKD လား?
✅ Prolactin inhibiting hormone ဖြစ်တဲ့ Dopamine နဲစေတဲ့ drugs တွေကြောင့်လား?
✅ Stalk ကိုဖိတဲ့ Disconnection hyper-prolactinemia လား?
✅ Ig G နဲ့ တွဲနေတဲ့ Macroprolactinemia လား? စသဖြင့် causes တွေကို သေချာမှတ်မိနားလည်စေဖို့ share ပေးလိုက်ပါတယ်
ဒါ Major system class ရဲ့ recording video ပါ
ဒီလို ပုံစံမျိုးသင်တဲ့ Major system class မှာ လာမဲ့ 20.6.25 မှာ Hepatology စပါမယ်.
Can inbox for more informations!!
Video duration - 10:48 min
Hope you all enjoy learning with PACES Digest 💛
#PACES_Digest
#Prolactin
7 246
လွန်ခဲ့တဲ့ ၂ နှစ်လောက်က တင်ထားတာလေး ပြန်တင်ပေးလိုက်ပါတယ်
ကိုယ်တိုင် စာသင်နေပေမဲ့ Self-study ကို တကယ်အားပေးတာ
Limitless ဖြစ်တာ တအားသဘောကျ
တွေးရင်တွေးသလောက် ရှာရင်ရှာသလောက် နားလည်တယ်
Motivated & Enthusiastic ဖြစ်ရင် ဖြစ်သလောက် အကျိုးရှိတယ်
Cons ကတော့ Time-consuming ဖြစ်တာပေါ့/ ဆရာပြောရင် ၂ နာရီလောက်နဲ့ ပြီးမှာ ကိုယ့်ဟာကိုယ်ဆို ၂ ရက်လောက် ကြာချင်ကြာတာ ရှာရပြုရဆိုတော့ Resource မသိရင် အဆင်မပြေတာမျိုးတော့ရှိတယ်
ပြီးတော့ ကိုယ်ကိုယ်တိုင် စာလုပ်ရမှာ ပျင်းတတ်ရင်တော့ သွားမစနဲ့ Chapter ၁ ခုကို ၁ နှစ်တွေ ဘာတွေ ဖြစ်သွားမယ် 😅
***************************************
မှတ်မိအောင် စာဘယ်လို ဖတ်ရမလဲ??
ခဏ ခဏ မေးခံရတဲ့ မေးခွန်း
စာတွေဖတ်ပြီး မမှတ်မိဘူး အမ
ဘယ်လိုမှတ်မိအောင် လုပ်ရမလဲပေါ့
တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပေမဲ့ အမ point of view ကနေ အကြံပေးပါမယ်
အတိုချုပ်ပြောရရင်
၁။ တကယ် နားလည်အောင် လုပ်ပါ
၂။ Diagram or Scratch ရေးကြည့်ပါ
၃။ နားလည်ပြီး scratch အကြမ်းပြင်ထားတဲ့စာကို တွေ့တဲ့သူ တစ်ယောက်ယောက်ကို ဆွဲပြီးသင်ပေးလိုက်ပါ
အချုပ်က အဲဒါပါပဲ
နားမလည်တဲ့စာဟာ ကြာကြာခေါင်းထဲမစွဲပါဘူး
အဲဒါကြောင့် အပေါ်ယံမဟုတ်ဘဲ သေချာနားလည်အောင်လုပ်ပါ
ဒီမှာ Pathophysiology ကို အရမ်း emphasize လုပ်ချင်ပါတယ်
Pathophysiology သိရင် CF, Complications တွေ ဘာလို့ဖြစ်လာလဲသိမယ်/ ဘယ် Investigation သည် ဘာလို့လုပ်ရလဲ/ ဘာလို့ ဒီ treatment ပေးရလဲ သိလာပါလိမ့်မယ်
နားလည်ပြီးသွားတိုင်းလဲ ခေါင်းထဲ ရှင်းမကျန်ခဲ့ပါဘူး
ရှင်းသွားအောင် Flow diagram တခုဖြစ်ဖြစ် ကိုယ်စိတ်ကူးပေါက်သလို အကြမ်းချဆွဲလိုက်ပါ
(အမဆို စာသင်ပြီးတိုင်း Notes ပြန်ရေးဖို့ အမြဲပြောပါတယ်/ ရေးကြလားလဲ မသိပါဘူး 😅)
ခုတော့ ရှင်းသွားပြီ
ကြာကြာမှတ်မိဖို့က လိုသေးတယ်
Learning pyramid ဆိုပြီး Google မှာ ရိုက်ကြည့်လိုက်
Learning ရဲ့ 90% သည် By teaching others ပါ
သူများကို စာသင်တဲ့သူဟာ အများကြီး ပိုမှတ်မိပါတယ်
သူများကို သဘောပေါက်အောင်ပြောရတာဖြစ်တဲ့အတွက် ကိုယ်တိုင်ရှင်းရှင်းလင်းလင်း ပိုသိရတယ်
Repeat လုပ်ရာလဲရောက်တယ်
အဲ့တော့ Guide လုပ်ဖို့ စာသင်စားဖို့ ပြောတာမဟုတ်ဘူး
ကိုယ့်သူငယ်ချင်း တစ်ယောက်ယောက်ကို ဆရာစားမချန်ဘဲ သင်ပေးလိုက်ပါ
ကိုယ့်အတွက်လဲ အကျိုးရှိပါတယ်
Ok နံပါတ် (၁) အချက် တကယ်နားလည်အောင် လုပ်ဖို့က အခက်ဆုံး!
ဘယ်လိုလုပ်ကြမလဲ
ရှင်းပြနိုင်တဲ့ ဆရာတွေဆီ ကျူရှင်တက်ကြတယ်/ ဆရာတွေနဲ့ ဖတ်ကြတယ်
ဆရာက နားလည်ပြီးသားကို ပြောပြတာဆိုတော့ အချိန်ကုန် သက်သာတယ်
Resource တွေ အရမ်းရှာစရာမလိုဘူး
မတက်နိုင်ရင်ကော
That’s still fine ပါ
But you must have enthusiasm & enough time.
Medicine ဖတ်ဖို့ ဆိုရင်တော့ အမအကြိုက်အရ အကြံပေးနိုင်ပါတယ် (Just my opinion)
ဖတ်မဲ့ Topic တစ်ခု ရွေးပါ
https://calgaryguide.ucalgary.ca ကို ဝင်ပြီး သူနဲ့ ဆိုင်တဲ့ Pathophysiology flow chart ရှာပါ
ဖတ်ကြည့်ပါ
အကုန်နားလည်အုံးမှာ မဟုတ်ဘူး
YouTube ကနေ Pathophysiology နဲ့ဆိုင်တဲ့ video တစ်ခုခုကြည့်ပါ
အမကြိုက်တဲ့ channel ကတော့ ဒီ ၃ ခုပါ (တွေ့ကရာ မကြည့်ပါနဲ့)
အဆင်ပြေဆုံး ဖြစ်မယ်ထင်တဲ့ တစ်ခုရွေးကြည့်ပါ
https://youtube.com/c/NinjaNerdScience
https://youtube.com/c/osmosis
https://youtube.com/c/MedicosisPerfectionalis
(ဒီမှာ Pathophysiology ကို detail ရေးထားတဲ့ Harrison လိုမျိုး ဖတ်လဲရပါတယ်
First learner တွေအတွက် တစ်ယောက်တည်းဖတ်ရင် လည်နေပြီး ခရီးမရောက်တတ်လို့ပါ)
Pathophysiology အကြောင်းနားလည်သွားပြီ ဆိုတာနဲ့ Text book (I would like to recommend Davidson) ဖတ်ပါ
တစ်ချို့ symptoms/complications တွေ ဘာလို့ဖြစ်လဲ နားမလည်တာမျိုးတွေ ရှိနိုင်တယ်
Google မှာ တည့်ပဲ Why (symptom) occurs in (disease) ဆို ရိုက်ရှာ
ပေါ်လာတဲ့ link တွေထဲက သေချာရှင်းပြထားတာမျိုး ဖတ်ပြီး နားလည်အောင်လုပ်ပါ
(သေချာ reasonably ရှင်းပြထားတာမျိုး စိတ်ချရတဲ့ explanation မျိုး ရှာဖတ်ပါ)
Undergrad အတွက်ဆို ဒီလောက်ဆို ရပါပြီ
PG တွေ International exam တွေ ဖြေမဲ့သူတွေ Update သိဖို့လိုရင် Investigations & Treatment ပိုင်းအတွက် Disease နဲ့ ဆိုင်တဲ့ နာမည်ကြီး guideline (eg GOLD for COPD) ရှာဖတ်တာဖြစ်ဖြစ် UpToDate website မှာ ဝင်ဖတ်တာဖြစ်ဖြစ် လုပ်ပါ
ပြီးရင် ဖတ်ထားတာတွေကို scratch ရေးပါ
တစ်ယောက်ယောက်ကို ခေါ်ရှင်းပြလိုက်ပါ
Text book ကြီး Blind ထိုင်ဖတ်တာထက် အများကြီး ပိုနားလည်/ ပိုမှတ်မိပါလိမ့်မယ်
Good luck with your studies!!
Hope you all enjoy learning with PACES Digest 💛
#PACES_DIGEST
#Study
7 246
💥💥 Basic Science YouTube Videos 💥💥
ဒီနေ့တော့ Junior တွေအတွက် Basic science YouTube channel လေးတွေ share ပေးချင်ပါတယ် (စာပြန်နွှေးချင်တဲ့ Basic science ပြန်ဖတ်ချင်တဲ့ graduate တွေအတွက်လဲ ပါပါတယ်)
Career အတွက် လေ့လာဖို့ဆိုတာ ကျူရှင်တွေတက်မှ မဟုတ်ပါဘူး
YouTube မှာ အများကြီးရှိပါတယ်
အစ်မက ကောင်းနိုးရာရာတွေ စုပေးထားပါတယ်
ဒီထဲက မကြိုက်လဲ ကိုယ်ဖတ်ချင်တဲ့ topic ကို search bar မှာ ရိုက်ရှာပြီး အဆင်ပြေရာ ကြည့်ပါဖတ်ပါ
Anatomy >> https://youtube.com/c/Kenhub
Anatomy by Kenhub (Play list ကနေ ဝင်ကြည့်ပါ)
Physiology >> https://youtube.com/playlist?list=PLYcLrRDaR8_eAjmngd289ghWijs2wfqnj Physiology by Medicosis Perfectionalis
BC >> https://youtube.com/playlist?list=PLVnjTkEwv-uMN7iB8phOMLDV7TS9IuqtK
Biochemistry by Lecturio Medical
Pharmacology >> https://youtube.com/c/SpeedPharmacology
Pharmacology by SpeedPharmacology
Microbiology >> https://youtube.com/playlist?list=PLV8aLwPHgil14IaJhrYUewwUS3HHGdviu Microbiology by ATP
Pathology >> https://youtube.com/playlist?list=PL3oAYNQ024sjOBlr-8pEsnpnfXcDkGz6n Pathology by Washington Deceit
အောက်က channel တွေကတော့ Basic science topics တွေကော Internal medicine related topics တွေကောအတွက် အကောင်းဆုံး channel တွေပါ
https://www.facebook.com/share/1ELzh7M9CL/?mibextid=wwXIfr
Hope you all enjoy learning with PACES Digest 💛
#PACES_DIGEST
#Basic_science
7 246
MRCP Exam အတွက် ပြင်နေကြသူတွေအတွက် MRCP နဲ့ ပတ်သက်ပြီး knowledge sharing လုပ်ပေးတဲ့ YouTube channels တွေ share ပေးလိုက်ပါတယ်
MRCP UK Examinations https://youtube.com/@mrcpukonline?si=3MFL_mMEphErbXp6 (official websites, share how to apply/ how to create my MRCP account/ marking system/ example questions/ example PACES Scenarios)
MRCP Syndrome https://youtube.com/@mrcpsyndrome?si=XJIOySvtyGd-EOTc (share study tips/ exam experiences)
Ace your MRCP https://youtube.com/@aceurmrcp?si=6l6TBqpwYh5vpC4F (share study tips/ exam experiences/ NHS Job haunting)
MRCP Road https://youtube.com/@mrcproad?si=_EhksKvyb1r_4FDp (share notes/ guidelines)
MRCP Updates https://youtube.com/@mrcp_updates?si=5yqkFQ-IzNP6sk18 (share podcasts for questions)
Bite-sized MRCP https://youtube.com/@bitesizedmrcp?si=e0XB_1WTImK8E5Lt (share BOF questions)
MRCP Part 1 lectures https://youtube.com/@mrcppart1lectures569?si=u8fdhwIHxA2VnRuz (share theory explanation videos)
MRCP UK & Ireland exam courses https://youtube.com/@mrcpthinkblink?si=BYg58teOHWNx848K (share theory explanation videos)
MRCP Part 1 Preparation course https://youtube.com/playlist?list=PLl898k-d0skxXY0Iq2e42Wqy2msqdyVbM&si=X7AZVBTgn4dQJwVf (share theory explanation videos)
ကိုယ့်ဟာကိုယ်စာဖတ်/ကျူရှင်တက်ပြီး အရှိန်ရနေသူတွေက အကုန်လိုက်ကြည့်နေစရာ မလိုပါဘူး
ကိုယ့် flow နဲ့ကိုယ် ဆက်ဖတ်ပါ
MRCP ကို ဘာမှန်းမသိဘူး ဖတ်ကြည့်ချင်တယ် ဆိုရင် ကြည့်လို့ရအောင် share ပေးတာ ဖြစ်ပါတယ်
Medicine အေးအေးဆေးဆေးဖတ်ချင်သူတွေအတွက်က အောက်က link မှာ သပ်သပ် share ပေးထားတဲ့ YouTube channel တွေက အများကြီး ပိုကောင်းပါတယ်
https://www.facebook.com/share/1AUWoMznD1/?mibextid=wwXIfr
Hope you all enjoy learning with PACES Digest 💛
#PACES_DIGEST
#MRCP
7 246
+5
Comparison of the Latest ESC, ACC/AHA/ACCP/HRS, and CCS Guidelines on the Management of Atrial Fibrillation
ဒီနေ့တော့ recent AF guidelines တွေ comparison လုပ်ထားတဲ့ 2025 released article ကို share ပေးချင်ပါတယ်
Guideline တခုစီ ဖတ်ထားရင်တောင် ဒီလို ယှဉ်ပြထားတာ ဖတ်လိုက်တော့ ပိုမြင်သာသွားမှာပါ
Download link >> https://drive.google.com/file/d/1S9SE_eYZGETCPj781Z2kC1KFUU0W81TF/view?usp=drivesdk
Hope you all enjoy learning with PACES Digest 💛
#PACES_DIGEST
#Atrial_fibrillation
7 246
Hypoadrenalism ရဲ့ Causes တွေကို တခါတည်းမှတ်မိနားလည်အောင် ရှင်းပြထားပါတယ်
အချိန် ၁၀ မိနစ်လောက်ပေးပြီး မှတ်ကြည့်ပါအုံး
Video duration - 10:48 min
Hope you all enjoy learning with PACES Digest 💛
#PACES_Digest
#Hypoadrenalism
7 246
+1
အရင်ကထွက်ထားတဲ့ PACES Text books/ Notes တွေက format အဟောင်းနဲ့ များပါတယ်
ဒီနေ့တော့ 2024/2025 မှ release ထားတဲ့ Clinical communication & Clinical consultation စာအုပ်ကို share ပေးချင်ပါတယ်
3/2023 & 2024 diets တွေမှာ မေးသွားတဲ့ Questions တွေနဲ့ ခပ်ဆင်ဆင်တွေလဲ အများကြီး ပါတာမို့ ဖတ်သင့်ပါတယ်
Download link
Clinical communication >> https://drive.google.com/file/d/1dtDvuL2YMWMi2Hztl5yTF30sFMYhBlMS/view?usp=drivesdk
Clinical consultation >> https://drive.google.com/file/d/1eLljtMGOWcakPpr_Ii372N8pHmDJaN4T/view?usp=drivesdk
Hope you all enjoy learning with PACES Digest 💛
#PACES_DIGEST
#PACES
7 246
AI ခေတ်မှာ AI ကို ခိုင်းကြပါ 😁
အမတော့ Chat GPT သုံးပြီး ကိုယ်လိုချင်တဲ့ Journal တွေ Websites တွေ ရှာတာမျိုး သုံးဖြစ်ပါတယ်
Gemini လဲ ကောင်းပါတယ်
အဲဒါအပြင် Notes တွေ ရေးခိုင်းကြည့်, Algorithm တွေ ဆွဲခိုင်းကြည့်ပါတယ်
စိတ်တိုင်းမကျပါဘူး
ဒါပေမဲ့ တော်တော်သဘောကျတာ တခုရှိပါတယ်
အဲဒါတော့ PACES Communication & Consultation scenario တွေ လုပ်ခိုင်းတဲ့အချိန်ပါ
Candidate informations, Scenario details, Surrogate informations & concerns တော်တော်စုံပြီး ဘယ်လိုပြန်ဖြေရမယ်ဆိုတာမျိုးပါ ပြောပြပေးပါတယ်
Script writing လိုလဲ ရေးခိုင်းလို့ရသလို pdf file လဲ (တစ်နေ့ကို အကန့်အသတ်နဲ့) ထုတ်ပေးပါတယ်
ကိုယ်က Practice လုပ်ချင်တယ်
Surrogate လုပ်ပေးမဲ့သူက concern တွေ မလုပ်တတ်တဲ့ Non-medical person ဖြစ်နေတယ်ဆိုရင် AI ကိုသုံးပြီး ဘယ်လို practice လုပ်သင့်လဲဆိုတာကို ဒီ video လေးမှာ သေချာရှင်းပြထားပါတယ်
Video duration - 6:43 min
Hope you all enjoy learning with PACES Digest 💛
#PACES_DIGEST
#PACES
7 246
𝐍𝐞𝐰 𝐬𝐲𝐬𝐭𝐞𝐦 - 𝐃𝐢𝐚𝐛𝐞𝐭𝐞𝐬
Guideline based Major system class မှာ လာမဲ့ သောကြာနေ့ (6.6.25) Diabetes စပါမယ်
Pathophysiology to updated Management ထိ သင်တဲ့ အတန်းပါ
2025/26 မှာ MRCP 1/2 ဖြေမဲ့သူတွေ အခု Chapter က စ join ထားလို့ရပါတယ်
📌 Teaching platform - Zoom
📌 Videos and Notes share via - Google drive (Unlimited playback access for Unlimited duration)
📌 Date - Every Tuesday & Thursday 8:30 PM, Every Friday 6 PM
အခန်းသစ်စရင် join ဖို့ စာရင်း ပေးထားပြီးသားသူတွေက အမ messenger မှာ လာပြောပေးပါမယ် ❣️
Hope you all enjoy learning with PACES Digest 💛
#PACES_DIGEST
#Diabetes
7 246
+2
Infection မှာ ရောတတ်ကြတဲ့ Incubation period တွေ Isolation period တွေ တစုတစည်းတည်း မှတ်နိုင်စေဖို့ share ပေးလိုက်ပါတယ်
Credit to original uploader. (I got this from Indian study group, Davidson ထဲက အဓိကပြင်ထားတယ် ထင်ပါတယ်)
Hope you all enjoy learning with PACES Digest 💛
#PACES_Digest
#Incubation
