9 212
المشتركون
لا توجد بيانات24 ساعات
+27 أيام
+10930 أيام
أرشيف المشاركات
9 212
+6
မင်မင် ကျောင်းတွင်း စာစီစာကုံး ပြိုင်ခဲ့တုန်းက reference ယူရေးလို့ရအောင် စုဆောင်းသိမ်းဆည်းခဲ့တဲ့ 2017 18 ဝန်းကျင် မြန်မာ့အလင်း သတင်းစာထဲက အမျိုးသားနေ့အထိမ်းအမှတ် ဆောင်းပါး အပိုင်းအစလေးတွေပါ။ လိုအပ်ရင်ယူပြီး စုတုပြုရေးလို့ရအောင် တင်ပေးလိုက်ပါတယ်ရှင့်။
9 212
+1
ဒါကတော့ မင်မင့်လို စာအုပ်နှင့်ရုပ်ရှင် တွဲကြည့်ချင်တဲ့သူတွေအတွက် Pollyanna ရုပ်ရှင်နှင့် anime series တွေပါ။
▪Pollyanna (2003)
https://youtu.be/nmB4JFpUYew?feature=shared
▪The Story of Pollyanna, Girl of Love / Ai Shoujo Pollyanna Monogatari (1986)
https://youtube.com/playlist?list=PLr0MsaDpKsY97nraR9E-Ga4MuE0wZ9fMq&si=ijNKuXJZleS48m3X
9 212
သူ့အိမ်မှာ စားသောက်ဆိုင်ဖွင့်ထားတယ်။
တခါတလေ ကျောင်းအားလပ်ရက်မှာ အမေ့ကို သူကူရတယ်။ ဧည့်ကြို၊ ဧည့်ပို့၊ စားပွဲသိမ်း၊ ပြေစာရှင်းတာကအစ သူဝင်လုပ်ရတယ်။ ကြာတော့ စီးပွားရေးသမားတစ်ယောက်လို သူ အတွက်အချက်တော်လာတယ်။
ဒီလိုနဲ့ တစ်နေ့မှာ ဆိုင်မှာဝင်ကူရင်း ကိုယ့်လုပ်အားခအတွက် စိတ်ကူးရလို့ ပြေစာရေးပြီး အမေ့ကို သူပေးလိုက်တယ်။ ပြေစာပေါ်မှာက.............
(၁)ပန်းကန်ဆေးခ ၅၀၀ကျပ်
(၂)တံမြက်စည်းလှဲခ ၂၀၀ကျပ်
(၃)အပြင်ထမင်းပို့ဆောင်ခ ၃၀၀ကျပ်
(၄)ဈေးဝယ်ထွက်ခ ၁၀၀ကျပ်
(၅)မခိုမကပ်တဲ့ကျွန်တော့် ၁၀၀ကျပ်
အတွက်အပိုဆုငွေ
——————————————————–
စုစုပေါင်း ၁၂၀၀ကျပ်
ပြေစာကိုအမေကြည့်ပြီး ဘာမျှမပြောခဲ့ဘူး။
ညရောက်တော့ သူ့ခေါင်းအုံးဘေးမှာ ငွေကျပ် ၁၂၀၀ ကို တွေ့လိုက်တယ်။ အားရဝမ်းသာ ပိုက်ဆံကိုယူပြီး အိပ်ထဲထည့်မည်အလုပ် ခေါင်းအုံးဘေးမှာ ပြေစာတစ်စောင်ရှိနေတာကို သူတွေ့လိုက်တယ်။ ပြေစာကို သူကြည့်တော့—
အမေ့ပေါ်ကျန်ရှိသောအကြွေးများ.........
(၁)အမေ့အိမ်တွင် ၁၀နှစ်ကျော် ၀ကျပ်အပူအပင်မရှိနေထိုင်ခ
(၂)နေထိုင်သော ၁၀နှစ်အတွင်း ၀ကျပ် စားဝတ်နေရေး
(၃)ကျောင်းလခစာအုပ်ဖိုး ၀ကျပ်
(၄)ဖျားနာစဥ် ဆေးကုသ ၀ကျပ် စောင့်ရှောက်ခ
(၅)မေတ္တာကြီးမားသော မိခင် ၀ကျပ် တစ်ဦးအတွက်အပိုဆု
ပြေစာကိုကြည့်ပြီး သူရှက်ရွံသွားခဲ့တယ်။ ဝမ်းနည်းစိတ်မကောင်းစွာနဲ့ အမေ့အနားသွားပြီး အမေ့ရင်ခွင်ထဲ သူ တိုးဝင်လိုက်မိတယ်။ ကျပ်၁၂၀၀ ကို အမေ့အိပ်ကပ်ထဲ ဂရုတစိုက် သူပြန်ထည့်လိုက်တယ်။ သူ့ကျောကို ပွတ်သပ်ပြီး အမေက ပြုံးနေခဲ့တယ်။
#Crd to ဆရာမနိုင်းနိုင်းစနေ၏ "အမေ့လက်ရေးစာစုများ" စာအုပ်
------------------------------------------------------------------
🍁🍁📖📖📖📖📖📖📖📖📖📖📖🍁🍁
9 212
နှစ်သစ်မှာ ဖတ်ဖို့ Adminရဲ့ လက်ဆောင်ပါ။ positive attitude နှင့် Motivation ဆိုင်ရာ ကောင်းနိုးရာရာတွေ စုစည်းပေးထားပါတယ်။
9 212
မနေ့ညက lunar eclipseဖြစ်တာ မြင်ပြီး ကြယ်တာရာ၊ ဂြိုလ် ၊ black hole စတဲ့ solar system အကြောင်းစိတ်ဝင်စားသူတွေအတွက်....
စာအုပ်က2016 ထုတ် ဆိုတော့ တစ်ချို့ information တွေက update ဖြစ်ချင်မှဖြစ်တော့မှာ ဆိုပေမယ့် စာအုပ်မှာ solar system fact အပြင် နိုင်ငံတစ်ချို့ရဲ့ mythတွေ နာမည်ကျော် voyager 1,2 ရဲ့ လူသိနည်းတဲ့ interesting factတွေ ပါလို့ ဝါသနာရှင်တွေ သဘောကျမယ်လို့ထင်ပါတယ်။...
