9 996
المشتركون
لا توجد بيانات24 ساعات
-417 أيام
-14530 أيام
أرشيف المشاركات
9 996
13 Hours: The Secret Soldiers of Benghazi (2016) မြန်မာစာတန်းထိုး
Imdb Ratin 7.4/10 ရထားတဲ့ ကားကောင်းတစ်ကားပါ.။
13 နာရီကြာ Libya နိုင်ငံ Benghazi က တိုက်ပွဲ တခုက ရင်ထဲကို အဲ့လောက်ထိ ရောက်မယ်လို့ မထင်ထားမိတာ အမှန်ပဲလို့ ပထမ ဝန်ခံပါရစေ..(ဒီကားကို ရုံမှာကြည့်ဖို့ ကြိုးစားခဲ့တယ် ..အကြောင်း အမျိုးမျိုးကြောင့် မကြည့်ဖြစ်ခဲ့ဘူး... Review နဲ့ Rating အချို့ကြောင့်လဲပါတယ်...)ဇာတ်လမ်းကို အရမ်းကြိုက်မိတဲ့အတွက် Plot လုံးဝ မပြောတော့ပါဘူး... အနည်းငယ်မှ မ Spoil ချင်ပါဘူး...
2013 တုန်းက Lone Survivor က စစ်ကားကောင်းတကား ဖြစ်မှာပါ..
2014 ဆိုရင် oscar nomination ဝင်ခဲ့တဲ့ American Sniper...
2016 အတွက်ကတော့13 Hours The Secret Soldiers of Benghazi ပဲလို့ပဲပြောပါရစေ.
..ဒီနှစ်အတွက် ပထမဆုံး oscar nomination ဝင်စေချင်မိတဲ့ ဇာတ်ကားပါ...One of Best Heartfelt films လို့ပဲပြောပရစေ....Drama အငွေ့အသက်တွေနဲ့ နိုင်ငံရေး အခြေအနေကို တစေ့တစောင်းမြင်စေခဲ့တဲ့ အရမ်းကောင်းတဲ့ Action ကားတကားပါ...True Story ဆိုတော့ရင်ထဲပိုထိပါတယ်...
ဇာတ်ကား ကြာမြင့်ချိန် 2နာရီ 24မိနစ်ခန့် မှာ ပထမ တနာရီပြီးတာနဲ့ ဆက်တိုက်ဆိုသလို Action အပြည့်ပါ...
9 996
The Dark Tower (2017)
====================
ကမ္ဘာတွေဟာ အများကြီး ရှိနေပြီး ကမ္ဘာတစ်ခုနဲ့ တစ်ခုဟာ စွမ်းရည်တွေ မတူညီကြပါဘူး
ဒီကမ္ဘာတွေ အားလုံးရဲ့ အလယ်ဗဟို တည့်တည့်မှာတော့ ကမ္ဘာကြီးရဲ့ ထောက်တိုင် တစ်ခု
တည်ရှိနေပြီး ထို ထောက်တိုင်ကြီး မရှိတော့တဲ့အခါမှာတော့ ကမ္ဘာတွေဟာ မှောင်အတိပြီး၍
မီးလောင်ကျွမ်းကုန်မှာပဲ ဖြစ်ပါတယ်...
ထို ထောက်တိုင်ကြီးကို ဖျက်ဆီးဖို့ ကြံရွယ်နေသူတွေကတော့ ဝေါ်တာ ဆိုသော မကောင်းဆိုးဝါး နှင့်
အရေခွံခြုံသူများ ဖြစ်ပါတယ် ထိုကဲ့သို့ ဖျက်ဆီးဖို့ရန် အတွက် စိတ်ထားသန့်စင်သော ကလေးများကို
ဖမ်းပြီး စိတ်စွမ်းအင် ထုတ်ယူ၍ ကမ္ဘာတွေရဲ့ အလယ်ဗဟို ထောက်တိုင်ကို တစ်ဖြေးဖြေးအားနည်းစေရန်
တိုက်ခိုက်လျက် ရှိပါတယ်...
ဝေါ်တာကို လက်စားချေလိုစိတ်ပြင်းပြစွာ ရှာဖွေနေတဲ့ အချိန်မှာ သူ့ကို လာရှာတဲ့ ဂျိတ် နဲ့ စတင်တွေ့ပြီး
ဝေါ်တာ ကို ရှာဖို့ ဂျိတ် ရဲ့ စိတ်စွမ်းအင် အကူအညီကိုယူကာ နှစ်ဦးသား ပူးပေါင်းမိခဲ့ပါတယ်...
ဝေါ်တာ ကြောက်ရတဲ့ နောက်ဆုံးမျိုးဆက် သေနတ်သမား ရိုလန် နှင့် ဝေါ်တာ ရှာဖွေနေသော စိတ်စွမ်းအင်မြင့်သူ ဂျိတ်တို့ဟာ
ဝေါ်တာကို ကလဲ့စားချေရန် ရှာဖွေခဲ့ကြသော အခါမှာတော့.....
9 996
The Body (2012)
------------------------
IMDB (7.5/10)
ဇာတ်လမ်းကိုမကြည့်ခင်မှာ ဒီကားရဲ့ Rating ကိုမြင်ရုံနဲ့ ဇာတ်ကားကောင်းတစ် ကားဆိုတာ ပြောဖို့လိုမယ်မထင်ပါဘူး
ဒီဇာတ်လမ်းလေးကတော့ ကျွန်တော်တို့ နေထိုင်နေတဲ့ လောကကြီးထဲမှာ နေ့စဉ်ဖြစ် လေ့ဖြစ်ထရှိတဲ့ ကားတိုက်မှု့ မတော်တဆမှူတွေ ရမ်းကားမှုတွေ တာဝန်မဲ့တဲ့ လူတွေကို ပညာပေးထားတဲ့ကားပါ
ဇာတ် လမ်းအစမှာ လုံး၀ဇာတ်ကို ကောင်းကောင်းကြီးဖုံးအုပ်ထားပြီး ပြီးခါနီးလေးမှသာ လှလှပပကြီးဖွင့်ချသွားတာပါ
ဇာတ်လမ်းပြီးခါနီးလေ ကောင်းလေပဲ၊ ဇာတ်လမ်းအစလာတာနဲ့ လူသေရုံမှာည စောင့်အလုပ်သမားဟာ ထိတ်လန့် ခြင်းများစွာနဲ့ လူသေရုံထဲကနေ ပြေးထွက်လာခဲ့ပါတယ်
သူဘာလို့လန့်ပြီး ပြေးထွက်လာတာလဲ၊ ဒီကားလေးကလည်းဘရိုးစင်းတယ်ထင်ရပေမယ့်.ရှုပ်ထွေးမှုနဲ့ လျှိုဝှက်ချက်တွေပြည့်နှက်နေပါတယ်
9 996
A Werewolf Boy (2012)
Song Joong Ki စစ်မှု မထမ်းခင် လွန်ခဲ့တဲ့ ၄ နှစ် ၂၀၁၂မှာ ရုံတင်ပြသခဲ့ပြီး ကြည့်ရှုသူတွေရဲ့ အားပေးမှု နဲ့ အသိအမှတ် ပြုု ခံခဲ့ရတဲ့ ဇာတ်ကားပါ။ စိတ်ကူးယဉ် အချစ်ဇာတ်လမ်း ဖြစ်ပြီး တကယ့် ပုံပြင်လေး တပုဒ်ကို ကြည့်နေရသလို ခံစားရစေပါတယ်။အဆုတ်ရောဂါသက်သာအောင် လေကောင်းလေသန့် ရှူ ရင်း အနားယူဖို တောရွာဘက်ကို ပြောင်းရွှေ့လာကြတဲ့ မိန်းမပျို လေးတို မိသားစုနဲ့ ဝံပလွေလုလင်ပျို တို တွေ့ဆုံမိကြရာက ဒီပုံပြင်ဆန်တဲ့ အချစ်ဇာတ်လမ်းလေး ပေါ်ပေါက် လာပါတော့တယ်။ မိန်းမပျိုလေးနဲ့ တွေ့မှပဲ ဝံပုလွေတစ်ကောင်လိုနေထိုင်တဲ့ ကောင်လေးက လူသားတယောက်လို စားသောက်နေထိုင်ပုံကို သင်ယူရပြီး သီချင်း ဆိုပြတာကိုလဲ ဘဝမှာ ပထမဆုံး ကြားဖူးသွားတဲ့ ကောင်လေး အတွက်တော့ အဲဒီ ချစ်စဖွယ်ကောင်မလေးသာ သူ့ဘဝ သူကမ္ဘာလို ခံစားမိသွားမှာ အသေအချာပါပဲ။အဲဒီကောင်လေးမှာရော ဘာအစွမ်းတွေ ရှိနေတာလဲ၊သူရဲ့ ဘဝဇာတ်ကြောင်းကလဲ ဘယ်လိုလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှူရင်း ကောင်လေးရဲ့ ဖြူစင်တဲ့ချစ်ခြင်းနဲ့ သစ္စာတရားဟာ ကြည့်ရှု သူတွေရဲ့ နှလုံးသားကို ဆွဲကိုင်လှု ပ်ခတ်မယ့် ဇာတ်လမ်းကောင်းလေး တစ်ပုဒ်လို ညွှန်းချင်ပါတယ်။
9 996
12 Strong (2018)
---------------------------
IMDB (6.5/10)
စစ်ကားကောင်းကောင်းမှ ကြည့်ချင်တယ်ဆိုတဲ့ စစ်ကားကြိုက်ပရိသတ်တွေအတွက် 12 Strong ဆိုတဲ့ ရုံတင်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ
ဒီရုပ်ရှင်ဟာ Doug Stanton ရဲ့ဖြစ်ရပ်မှန်ဝတ္ထု Horse Soldiers ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပါတယ်၊ ဒီရုပ်ရှင်မှာဆိုရင်တော့ 9/11 အဖြစ်အပျက်အပြီး အာဖဂန်နစ္စတန်ကို ပထမဆုံးစေလွှတ်ခံရတဲ့ အမေရိကန်တပ်ဖွဲ့အကြောင်ကို အဓိကထားပြီး ပြသထားတာပါ
ဇာတ်လမ်းအကျဉ်းလေးကတော့ ကပ္ပတိန်မစ်ချ်နယ်လ်ဆန်ဦးဆောင်ပြီး တပ်သား ၁၂ ယောက်သာပါဝင်တဲ့ တပ်ဖွဲ့တစ်ဖွဲ့ဟာ အာဖဂန်စစ်ခေါင်းဆောင်တစ်ယောက်နဲ့ ပူးပေါင်းပြီး တာလီဘန်နဲ့ အယ်လ်ကေဒါးတွေလက်ထဲကျရောက်နေတဲ့ မြို့၊ နယ်မြေတွေကို ပြန်လည်သိမ်းယူနိုင်ဖို့ ကြိုးပမ်းကြရတာဖြစ်ပါတယ်
တာလီဘန်တွေနဲ့ယှဉ်ရင် လက်နက်အင်အား၊ လူအင်အားလဲ မမျှသလို နယ်မြေလဲမကျွမ်းကျင်ကြတဲ့ နယ်လ်ဆန်တို့အဖွဲ့ သူတို့ရဲ့မစ်ရှင်တွေကို အောင်နိုင်ပါ့မလား
သူတို့ရဲ့မဟာမိတ်စစ်ခေါင်းဆောင်ဆိုတာလဲ ယုံကြည်ရရဲ့လားဆိုတဲ့ သို့လော သို့လောတွေ အများကြီးပါဝင်ပါတယ်
9 996
Mr. Zoo: The Missing VIP - 2020
လျှို့ဝှက်အေးဂျင့်တယောက်ဖြစ်တဲ့ဂျူထယ်ဂျူက တိရိစ္ဆာန်တွေဆိုအရမ်းမုန်းတဲ့သူပပေါ့။
သူနဲ့ဆန့်ကျင်ဖက်သူ့သမီးလေးဆိုယောင်းကတော့တိရိစ္ဆာန်တွေကိုအရမ်းချစ်တတ်တဲ့အပြင် တိရိစ္ဆာန်ဆေးကုဆရာဝန်ဖြစ်ချင်နေတဲ့ကလေးမလေးပါ။
တစ်နေ့သူ့သမီးလေးကကြောင်တစ်ကောင် သခင်ပျောက်နေတာကို ကယ်တင်ဖို့ အဖေဖြစ်သူဂျူထယ်ဂျူကိုသခင်ရှာပေးဖို့အကူအညီတောင်းလိုက်ပါတယ်။တိရိစ္ဆာန်မုန်းသူကြီး ဂျူထယ်ဂျူဆိုသည်မှာလည်း အဲ့ကြောင်ကို သူလက်ထဲထည့်တာနဲ့ အမှိုက်ပုံးထဲပစ်ထည့်လိုက်တယ်။အဲ့အချိန်ကစပြီးသူဘဝကအပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပါတယ်။
အဲ့အချိန်ကစပြီးသူတိရိစ္ဆာန်စကားကိုနားလည်သွားတာပါ။တိရိစ္ဆာန်တွေရဲ့ခံစားချက်တွေ၊ပြောစကားတွေကိုနားလည်သွားပြီးနောက် ဂျူထယ်ဂျူတစ်ယောက်ဘယ်လိုပြောင်းလဲသွားမှာလဲဆိုတာကို ပရိတ်သတ်ကြီး ကိုယ်တိုင်ပဲခံစားကြည့်ရှုလိုက်ကြပါ ဇာတ်လမ်းဇာတ်အိမ်လေးကလည်းကောင်း ဟာသလေးတွေနဲ့တဝါးဝါးတဟားဟားရယ်ရမှာဖြစ်တဲ့အတွက် ကြည့်ပျော်မယ့်ကားကောင်းလေးတစ်ကားဆိုတာတော့အသေအချာပါပဲလို့ညွှန်းချင်ပါတယ်။
9 996
Housebound (2014)
"Housebound"ဇာတ်ကားလေးကတော့ ၂၀၁၄ ခုနှစ်က ထွက်ခဲ့တဲ့ horror-comedy အမျိုးအစား ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းမှာ မိန်းကလေးတစ်ယောက် အမှုဖြစ်လို့ ငယ်စဥ်က နေခဲ့တဲ့အိမ်မှာ အကျယ်ချုပ်ကျပြီးနောက် သူ့နေအိမ်မှာ သရဲခြောက်နေတဲ့ အဖြစ်အပျက်တွေကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။
Horror-comedy တွေရဲ့ ထုံးစံအတိုင်း ကြောက်တစ်လှည့်၊ ရယ်တစ်လှည့် ကြည့်နေရင်း ဇာတ်လမ်းထဲ နစ်မျောသွားအောင် ဒါရိုက်တာ Gerard Johnstone က ရိုက်ကူးဖန်တီးထားပါတယ်။ ဒီကားလေးက ရုပ်ရှင်ဆုပေးပွဲတွေမှာ ဆု(၆)ခုရပြီး ဆန်ကာတင် (၂၂)ခေါက် ပါဝင်ထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်လို့ လက်လွတ်မခံဘဲ ကြည့်သင့်တဲ့ကားလို့ တိုက်တွန်းလိုက်ပါတယ်
9 996
My True Friends: The Begining (2022)
ထိုင်း Action, Drama အသစ်လေး လာပါပြီ။ လူငယ်သဘာဝကို ပေါ့ပေါ့ပါးပါးရိုက်ကူးပြသထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပြီး ဖြစ်ရပ်မှန်တစ်ခုကို အခြေခံရိုက်ကူးထားတာပါ။
ဒီဇာတ်လမ်းလေးမှာတော့ ရဲဘော်ရဲဘက်လို သူငယ်ချင်းကောင်းတွေက ဘဝအတွက် ဘယ်လောက်အရေးပါလဲ?
သူတို့ကြောင့် ကိုယ့်ဘဝမှာ ဘယ်လိုအပြောင်းအလဲတွေဖြစ်သွားမလဲဆိုတာ ရိုက်ကူးပြသထားပါတယ်။
ဇာတ်လမ်းအကျဉ်း …
မိဘနှစ်ပါး သေဆုံးသွားတဲ့နောက်မှာ အဘိုးအဘွားရဲ့ အုပ်ထိန်းမှုနဲ့ ညီငယ်တွေကို စောင့်ရှောက်နေတဲ့ ဂန်း …
ကျောင်းမှာ ညီဖြစ်သူ ဂိုင်းကို အနိုင်ကျင့်တဲ့သူတွေနဲ့ အမြဲရန်ဖြစ်လေ့ရှိတဲ့ ဂန်း …
ခဏခဏရန်ဖြစ်တဲ့အဆုံးမှာ ကျောင်းထုတ်ခံရပြီး အစိုးရအထက်တန်းကျောင်းကို စာသင်နှစ်ဝက်မှာ ကျောင်းပြောင်းခဲ့ရတယ်။
ကျောင်းပြောင်းလာတဲ့ ပတ်ဝန်းကျင်အသစ်မှာလည်း ထုံးစံအတိုင်း သူ့မှာသူငယ်ချင်းမရှိပြန်ဘူး။ သူငယ်ချင်း မလိုအပ်ဘူးလို့ အမြဲပြောတတ်တဲ့ ထောင့်မကျိုးတဲ့ဂန်းကို အပေါင်းအသင်းလုပ်ချင်တဲ့သူ နည်းတယ်။
ဒါပေမယ့် ပင့်ဆိုတဲ့ အတန်းခေါင်းဆောင်ကောင်မလေးက နောက်ဆုံးမှာ သူငယ်ချင်းဖြစ်လာခဲ့တယ်။ ဂန်းကိုဆို အမြဲကြည့်မရဖြစ်နေတဲ့ အတန်းထဲက ဂါနဲ့ သူ့သူငယ်ချင်းတွေက
ရောက်ရာအရပ်မှာ ရန်စတတ်တယ်။ ဒါပေမယ့် မထင်မှတ်ထားတဲ့အခြေအနေမှာ ဂန်းကို ကြည့်မရတဲ့သူတွေက ဂန်းနဲ့ရင်းနှီးသွားကြတယ်။
ဂန်းတစ်ယောက် သူငယ်ချင်းတွေရလာတဲ့နောက် သူငယ်ချင်းတွေနဲ့အတူ ဘယ်လိုဆိုးမလဲ?
ရန်သူများတဲ့ဂန်းနဲ့ သူတို့သူငယ်ချင်းတစ်စု ဘယ်လိုတွေဆက်ဖြစ်မှာလဲ?
သူတို့ရဲ့ သူငယ်ချင်းဘဝစတင်မှုလေးကို ဒီဇာတ်လမ်းလေးမှာ ဆက်ပြီး ကြည့်ရှုလိုက်ကြပါဦး။
9 996
Net I Die 2017
မျက်နှာလိမ်းခရင်မ်တံဆိပ်တစ်ခုကို Reviewလုပ်ပေးဖို့ ငှားရမ်းခြင်းခံရတဲ့
အင်တာနက်ဆယ်လီ Monicaတစ်ယောက်
ခရင်မ်ကြောင့်မျက်နှာတစ်ခုလုံးမြင်မကောင်းအောင် စုတ်ပြတ်သွားတဲ့အခါ အရင်ကသူ့ကိုချစ်ခင်သူတွေက သူ့ကိုချိုးနှိမ်ပါတော့တယ်။
ဒီလိုနဲ့စိတ်ဆင်းရဲပြီးသတ်သေသွားတဲ့အခါ သူ့ကို ဒီလိုဖြစ်အောင်လုပ်သူတွေကို ကလဲ့စားချေပါတော့တယ်။
သူသေဆုံးသွားရတာ ဘာကြောင့်လဲ.....
ဘာကြောင့်သူ့ဘ၀ပျက်သွားတယ်ဆိုတာဖြည်းဖြည်းချင်းပေါ်ပေါက်လာပါတော့တယ်.....
