ar
Feedback
Review For You

Review For You

الذهاب إلى القناة على Telegram

Review For You Find your desired book here ! စာအုပ်စာပေ လူ့ မိတ်ဆွေ 📚📖👍🏻💪🏻💡

إظهار المزيد

📈 نظرة تحليلية على قناة تيليجرام Review For You

تُعد قناة Review For You (@obbychanmin) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 21 741 مشتركاً، محتلاً المرتبة 1 355 في فئة الكتب والمرتبة 4 834 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 21 741 مشتركاً.

بحسب آخر البيانات بتاريخ 02 ديسمبر, 2024، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار 0، وفي آخر 24 ساعة بمقدار 0، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 0‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً N/A‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 0 مشاهدة. وخلال اليوم الأول يجمع عادةً 0 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 0.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
Review For You Find your desired book here ! စာအုပ်စာပေ လူ့ မိတ်ဆွေ 📚📖👍🏻💪🏻💡

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 03 ديسمبر, 2024) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الكتب.

21 741
المشتركون
لا توجد بيانات24 ساعات
لا توجد بيانات7 أيام
لا توجد بيانات30 أيام
أرشيف المشاركات
photo content

#သူမ #ဂျာနယ်ကျော််မမလေး " လှ... စိတ်မကောင်းဖြစ်နေသလား " " ဖြစ်မနေနဲ့၊ လောကမှာ လူလုပ်ရင် အကြောင်းအမျိုးမျိုးကြုံရမှာပဲ၊ကြုံလာရင် ကြံရမှာပဲ " သက်သက်နဲ့ လှကတကယ်ကိုဘဝတူသူငယ်ချင်း‌ေတွ။နှစ်ယောက်လုံးကချမ်းသာကြသလို တစ်ဦးတည်းသောသမီး‌ေတွလည်းဖြစ် ပဲခူးအိမ်မှာ အိမ်ချင်းကပ်ရပ်မို့ပိုခင်ကြတယ်။သက်သက်က ရန်ကုန်အလည်သွားချင်တယ် ပူဆာလို့ သက်သက်နဲ့လှနှစ်‌ေယာက်တည်းရန်ကုန်‌ေရာက်‌ေနခိုက် စစ်တွင်းမို့ပဲခူးအိမ်ကြီးကိုဗုံးထိသွားပြီး မိဘ‌ေတွ‌ေရာ အိမ်တွေပါ အစရှာမရပဲ ပြာပုံကိုပဲ‌ေတွ့ကြရ‌ေတာ့တယ်။ သူတို့လည်းချက်ချင်းဆိုသလိုဆင်းရဲသွားကြပြီး လှကဆရာမလုပ်‌ေပမယ့် ရတာနည်းသလို သက်သက်ကလည်း ငှက်ဖျားဖြစ်လို့နားနေရတာ‌ေပါ့။ ငေွပိုလေးရမလားဆိုပြီး ကားပွဲစားလုပ်တာ့မှပဲ ငွေ ၂၅၀၀/ကို လှက ကားသွားကြည့်စဥ် ကြဲလာသော ဗုံးများကို ရှောင်တိမ်းရင်း ကျပျောက်ခဲ့‌ေသးတယ်။။နဂိုတည်းက ခြိုးခြံ‌ေနရတာမို့ အဲ့ငွေတွေကိုမလျော်နိုင်တဲ့အဆုံး သက်သက်ရဲ့အဖေရှိစဉ်ကဘုရားဌာပနာဖို့ ထားထားတဲ့ ဒေါင်းရုပ်လေးကို လှကျပျောက်တဲ့ ငွေအစား ခေတ္တအပေါင်ထားခဲ့ရတယ်။သက်သက်အခြေအနေသက်သာတာနဲ့ ရန်ကုန်မှာအလုပ်ရှာတော့ ဝန်ကြီးဦးမင်းဟန်အိမ်မှာ အိမ်မှုကိစ္စတွကို စီမံပေးရတဲ့ အိမ်တော်ထိန်း‌ေခါင်းအလုပ်ကို ဝင်‌ေငွကောင်းကောင်းရလို့လုပ်ဖြစ်သွားတယ်။ သက်သက်ရဲ့ အလုပ်လုပ်ပုံ၊နေပုံထိုင်ပုံ၊ အိမ်‌ေထာင်မှုကျွမ်းကျင်ပုံ‌‌နဲ့ ရုပ်ရည်တို့ကို ဦးမင်းဟန်ကမြင်မြင်ချင်းကိုသ‌ေဘာကျန‌ေတာ့တာ။ဒါမယ့် စေ့စပ်ထားတဲ့ ဆယ်ကျော်သက်အရွယ် ရီရီကရှိ‌ေန‌ေသး‌ေတာ့ သူ့ရဲ့ခံစားချက်တွေကို ပူလောင်စွာနဲ့ မြိုသိပ်နေရတယ်။ သက်သက်ကလည်း သဘောကျသလိုရှိ‌ေပမယ့် ရီရီနဲ့‌ေစ့စပ်ထားတဲ့ဦးမင်းဟန်ရှေ့ သူကိုယ်သူသိမ်းဆည်းပြီးတည်ငြိမ်စွာ‌ေနပြတာကို မြင်နေရတဲ့ ဦးမင်းဟန်ကတာ့ ပိုပြီးနာကျင်ခံစားရစေတယ်။ သက်သက်ရဲ့အလုပ်လုပ်တ‌ဲ့နေရာမှ‌ေစ့စပ်‌ေသချာမှု‌ေတွ၊ ဘယ်လိုအခက်အခဲဒုက္ခမျိုးကိုမဆို စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီး လုပ်သင့်လုပ်ထိုက်တာ‌ေတွကို ဆုံးဖြတ်လုပ်ကိုင်သွားတာမျိုးတွေ၊ သူ့ရဲ့စိတ်ကိုထိန်းချုပ်ပြီး ကိုယ့်ကိုကိုယ် အကောင်းဆုံးသိမ်းဆည်းသွားတာတွေက တကယ်ကိုအားကျစရာကာင်းပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ လုပ်နိုင်စွမ်း‌ေတွကို ဆရာမကြီးကထင်သာမြင်သာ‌ေတွ့အာင် ရေးပြထားတာမို့ အမျိုးသမီးတေ‌ွ‌အတွက် ဖတ်ကိုဖတ်သင့်တ‌ဲ့‌ စာအုပ်တစ်အုပ်ပါ။ ဘဝမှာ ဒီစာအုပ်‌ေလးမဖတ်လိုက်ရရင် နောင်တရနိုင်တာမို့ ဖတ်ဖို့တိုက်တွန်းလိုက်ပါရစေ။ #reviwed by Khing 🤍

photo content

#စိတ်ရ‌ဲ့ငြိမ်သက်ခြင်း(stillness) #‌ဆရာမထက်ထက်ထွန်း လောကကြီးမှာ လူတေ‌ွနေ့တိုင်းရုန်းကန်လှုပ်ရှားပြီးဖြတ်သန်းကြရတယ်။ ဝမ်းသာပျော်ရွှင်တာတွေ၊ အဆင်မ‌ေပြတာ‌ေတွ ဒေါသ‌ေတွ ဝမ်းနည်းပူ‌ေဆွးရတာတေ‌ွ‌ စတဲ့ ကိစ္စ‌ေပါင်းစုံ စိတ်ခံစားချက်ပေါင်းစုံ ကိုတချို့ကနေ့စဉ်ကြုံရ၊ တချို့ကတော့ ဘဝကိုနေ့စဉ်လုပ်နေကြအရာတွေကိုပဲ ထပ်ခါတလဲလဲ လုပ်ရင်းနဲ့ ငြီးငွေ့စွာဖြတ်သန်းရတာမျိူးပေါ့။ ဒီလိုမျိုး စိတ်ခံစားချက်ပေါင်းစုံနဲ့ ငြီးငွေ့စရာကောင်းတဲ့အခြေအနေ‌ေတွအတွက် သေချာပါက် အေးချမ်းတည်ငြိမ်စရာ စိတ်ထွက်ပေါက်တစ်ခု ရှိမှပဲ နေ့ရက်တိုင်းကို လူတိုင်း အဆင်ပြေ‌ေပြဖြတ်သန်းနိုင်မှာပါ။ ဆရာမထက်ထက်ထွန်းရဲ့ဒီစာအုပ်‌ေလးမှာတာ့ စာအုပ်ရဲ့နာမည်လေးအတိုင်းပဲ တကယ်ကိုစိတ်ကို‌ေအးချမ်းတည်ငြိမ်စေတဲ့ စာတိုလေးတွအများကြီးကို စုပြီးစာအုပ်အ‌ေနနဲ့ ရေးထားတာပါ။ "စိတ်ချမ်းသာမှုဟာ ဘဝမှာအလိုချင်ဆုံးအရာပါလို့လည်း ပြောကြတယ် တကယ်တမ်း တို့အရင်ဆုံးလုပ်ရမှာက စိတ်ကို ငြိမ်သက်‌ေအာင်ထားတတ်ဖို့ပါ ။ တိတ်နေတဲ့စိတ်က‌ေလးကို ပြုစုတတ်ဖို့ပါ။" "လူတွေမှာ စိတ်ဆင်းရဲမှု အများဆုံး ဖြစ်ရတာဟာ အတောမသတ်နိုင်တဲ့‌ေမျှာ်လင့်ချက်‌ေတွ‌ေကြာင့်ပါ" စာအုပ်ကိုဖွင့် ဖတ်လိုက်တာနဲ့ တကယ်ကို‌ေအးချမ်းတဲ့‌ေနရာတစ်ခုကိုရာက်သွားသလိုမျိုး ခံစားရတယ်။စာတိုလေးတွေဆိုပေမယ့် တကယ်ကိုစိတ်ကို‌ေအးချမ်း‌ေစတာပါ။တစ်နေ့တည်း အများကြီးဖတ်တာမျိုးထက် တစ်နေ့ကိုနည်းနည်းလေး ကိုယ့်ရဲ့စိတ်အဆင်မပြေတဲ့ အချိန်မျိုးလေးတွေမှာဖတ်ရင်ပိုထိရောက်ပါတယ်။စာဖတ်ရုံနဲ့ စိတ်အေးချမ်းမှုကိုခံစားချင်တဲ့သူတိုင်းအတွက် တကယ်ကိုသင့်‌ေတာ်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်မှာပါ။ #reviewed by Khing 🤍

Pdf link မတွေ့လို့ audiobook linkပေးထားပါတယ်👇👇 https://youtu.be/RrI6YTFTlKg?si=e1fH9evvugeSQNqb

photo content

#ပန်းရိုင်းတစ်ရာ #ဆရာမမိုးမိုးအင်းလျား ပန်းရိုင်းလေး‌ေတွလို့ပြောလိုက်တာနဲ့ အရောင်သိပ်မလှ အနံသိပ်မရှိတဲ့ပန်းလေး‌ေတွကို ပြေးမြင်ကြမှာပါ။အလှပန်းလေးတွေလို့ ပြောရင် ပန်းရိုင်းလေးတွေရဲ့ ဆန့်ကျင်ဘက် လှပပြီးအနံ‌ေမွှးတဲ့ ပန်းလေးတွေကိုမြင်ကြတာ။ တချို့မိန်းကလေးတွေက အလှပန်းလေးတွေလို နေနိုင်ကြပေမယ့် တချို့မိန်းကလေးတွေကတော့ ပန်းရိုင်းလေး‌ေတွလို ဘဝကိုဖြတ်သန်းရတယ်။ ပန်းကမ္ဘာ၊ ချယ်ရီမြေ တို့လိုဆိုင်တွေမှာ မိန်းက‌ေလးစားပွဲထိုးသုံးပြီး မိန်းကလေးတွေက အလျဉ်းသင့်သလိုဧည့်ခံရတဲ့ အရက်ရောင်းတဲ့ စားသာက်ဆိုင်‌ေတွက‌ေတာ့ ဘဝတူပန်းရိုင်း‌ေလးတွရဲ့စုရပ်ပေါ့။ တချို့ကသဘောကျလို့လုပ်ကြပေမယ့် တချို့ကဘဝပေးအခြေအနေအရ လုပ်ရပြီး တချို့ကတော့ ပိုတိုးတက်တဲ့ဘဝကိုရောက်ဖို့လုပ်ကြရတယ်။ အဖေဆုံးပြီး အခြေအနေတချို့ကြောင့် ၁၀တန်းမအောင်တဲ့အေးအေးဦးလည်း ဆိုင်လာဧည့်သည်တချို့ရဲ့ ထိကပါးရိကပါး စကားတွအာက်မှာ အလုပ်လုပ်ရတာပေါ့။အိမ်ကလူတွေကိုသူရှာ‌ေကျွး‌ေပမယ့် သူတို့က‌ေအး‌ေအးဦးအလုပ်ကို သူများကို‌ေပြာရမှာရှက်‌ေနဆဲ။ပတ်ဝန်းကျင်ကလည်း အထင်သေးဆဲ။တစ်‌ေန့ ဆိုင်ကိုလာတဲ့ဧည့်သည်အထွန်းဆို‌‌တဲ့ပညာတတ်ကောင်‌ေလးက တစ်မူထူးခြားတာမို့ ရင်းနှီးပြီး အေးအေးဦး‌ေရာ ‌ေကာင်လးပါ အချင်းချင်းသ‌ေဘာကျခဲ့တယ်။ဒါမယ့် ‌ေအးအေးဦးထင်ထားသလို အထွန်းက‌‌နားမလည်‌ေပးနိုင်သလို အထွန်းကလည်းသူနေ‌ေစလုပ်‌ေစချင်သလိုမလုပ်နိုင်တဲ့ အေးအေးဦးနဲ့ အဆင့်တွေအရမ်းမတက်ခင်မှာရပ်ခဲ့ကြတယ်။အထွန်းနဲ့မိသားစုပတ်ဝန်းကျင်ကြောင့်ပဲပြောရမလားပဲ အေးဦးတစ်‌ေယာက်သူများအတွက်ပဲမ‌ေတွးပဲ သူ့ရဲ့တိုးတက်ရာတိုးတက်ကြာင်းတွေတွေးခဲ့တော့တယ်။ "လူတွေကိုမခံချင်လို့ ပညာတတ်တဲ့လူတွက ပညာမတတ်ပဲ အလုပ်လုပ်စားရင် အထင်သေးကြတယ်၊အလုပ်လုပ်ရင်း ပညာသင်ပြမယ်၊ပညာတတ်ရင်လည်း အလုပ်ဆက်လုပ်ပြမယ်"ဆိုပြီး အမေ့ကို ပြောပြီး "ဘာများစိတ်ပျက်စရာရှိလည်းအနွဲ့ရဲ့၊ လူတိုင်းလူတိုင်း ကိုယ့်အကြောင်းနဲ့ကိုယ်ရှိကြတာပဲ၊ ဒါကြောင့် ခုတော့ကိုယ် ဘာမှစိတ်မပျက်တော့ဘူး၊ဘယ်သူ့အတွက်မှလည်း စိတ်မညစ်တော့ဘူး၊သူတို့ကမှကိုယ့်အတွက် မစဉ်းစားတာ၊မဟုတ်ဘူးလား၊လူတွေကသူများဘက်ကို မကြည့်ဘူး၊ကိုယ့်ဘက်ပဲ ကိုယ်ကြည့်တတ်တာ အနွဲ့ရဲ့ ဒီတော့ကိုယ်ကလည်း ကိုယ့်အတွက်ပဲ ကြည့်တော့မယ်"လို့ ဘဝတူအနွဲ့ကို အားပးတယ်။ ဒီစာအုပ်လးဖတ်ပြီး ဘဝကိုသူများအတွက်ရှင်သန်‌ေနရတဲ့ သူတွေကိုပို ကိုယ်ချင်းစာလာမိတယ်။နောက်ပြီးကိုယ်သာလျှင် တကယ်ပြောင်းလဲချင်ရင် ဘယ်အချိန်မဆို ချက်ချင်းစိတ်ပိုင်းဖြတ်ပြီး ပြုပြင်ပြာင်းလဲလို့ရတယ်ဆိုတာသိလာရတယ်။ စာအုပ်ကပါးပါး‌ေလးနဲ့ တစ်ထိုင်တည်းဖတ်လို့ရတဲ့ စာအုပ်ပေမယ့် တစ်ထိုင်တည်းမှာအသိတွရနိုင်တာမို့ ဖတ်ဖတ်ရကျိုးနပ်မယ့် စာအုပ်တစ်အုပ်ဖြစ်မှာပါ။ #reviewed by Khing 🤍

photo content

#မာလာရီ #ဆရာမဂျာနယ်ကျော်မမလေး ရုပ်ရှင်မင်းသမီးတစ်ယောက်ရဲ့ ဘဝ‌ေနာက်ကွယ်က ဒူးနဲ့မျက်ရည်သုတ်ရတဲ့အထိဆိုးရွားစွာ ရပ်တည်ခဲ့ရတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ အဆိုးပြီးရင်အ‌ေကာင်းလာတယ်‌ေပြာကြ‌ေပမယ့် ဘဝမှာအကြာင်းအရာကိစ္စတစ်ခုအတွက် တစ်ခါကံဆိုးပြီးရင် နောက်တစ်ခါထပ်ပြီး ကံဆိုးနိုင်တယ်ဆိုတာ‌ေကာ ဖြစ်နိုင်ပါ့မလား။ မသိန်းကျင်' (ခ)မကျင် ကတော့အသက် (၅) နှစ် အရွယ် က စလို့ ဇာတ်သဘင်လောက ကို ဝင်ရောက်ခဲ့ပြီး ဒေါ်လေးဖြစ်သူရဲ့ ဇာတ်ထဲမှာ "အောင်မြကျင်" အဖြစ်၊ နယားပျံ ဆရာခ ဇာတ်ထဲမှာ မင်းသားကြီးရွှေနှင့် တွဲဖက်ပြီး အောက်ချင်းဖို၊ အောက်ချင်းမ ပြဇာတ် ကို ကပြ ဖျော်ဖြေရပါတယ်။ ဒီလိုနဲ့ အသက် (၁၅) နှစ်အရွယ်မှာ မင်းသား 'အောင်ဝိဇ္ဇာ' ကိုအချစ်ဦးအဖြစ် ချစ်မိပြီးအိမ်ထောင်ကျခဲ့ရတယ်။အမေကိုကြောက်ပြီး မိန်းမကိုပြဿနာအမျိုးမျိုးရှာ စိတ်ဒုက္ခပးအပြီးမှာတြာ့ ကွာရှင်းလိုက်ကြတယ်။ ဒုတိယ ကမ္ဘာစစ်အပြီး ပြဇာတ်များ ပြန်ကလာချိန်မှာတော့ ပြဇာတ်မင်းသမီး'မာလာရီ' ဖြစ်လာပြီး သူပါတဲ့ ပြဇာတ်တိုင်း လူကြိုက်များကြတယ်။ အောင် မြင်လာပေမယ့် ခါးက သေနတ်ကို ကြောက်ရတာကြောင့် မိန်းမရှိတဲ့ 'ဗိုလ်အောင်သိန်း' ကို လက်ထပ်ခဲ့ရပြီး 'ဗိုလ်အောင်သိန်း' ကပဲ သူ့ဘဝ အလုံးစုံကို စိုးမိုးခြယ်လှယ် ပါ‌‌ေတာ့တယ်။ မာလာရီ(ခ)ကြည်ကြည်ဌေးအဖို့ ယောကျား‌ေပးတဲ့တစ်လ၃၀၀ကလွဲပြီး ကျန်တာသိခွင့်မရှိ၊ ငါးပိရည်နဲ့ တို့စရာကိုသာ အားပါးတရ စားပြီး၊ဘာအဝတ်အစားဝတ်မယ်ကအစ ရွေးချယ်ခွင့်မရှိပဲ ကိစ်စ‌သေး‌သေး‌လေးကအစ ရိုက်နှက်ကြိမ်းမောင်းစိတ်ဒုက္ခပေးတာတွေကို ဝဋ်ကြွေးအဖြစ်မှတ်ယူပြီး မိခင်ရဲ့စကား"ငါ့သမီး ဒီဝဋ်ကြွေးက လွတ်ချင်ရင် သူလုပ်သမျှ အကုန်လုံး ခွင့်လွှတ်လိုက်" ဆိုတဲ့စကားကိုဦးထိပ်ပန်ဆင်ပြီး ဘဝတစ်သက်တာ စိတ်ဆင်းရဲပင်ပန်းခံပြီး မကွာရှင်းပဲ‌ေနခဲ့တယ်။ ရုပ်ရှင်ဘက်မှာလျှမ်းလျှမ်းတာက်အောင်မြင်၊အကယ်ဒမီ‌ေတွအများကြီးရပေမယ့် ဆရာမကြီးရဲ့ ပီပြင်တဲ့အ‌ေရးအသားနဲ့ ပိတ်ကား‌ေနာက်ကွယ်ကသူ့ဘဝအ‌ေကြာင်းသိပြီး တကယ်ကိုမခံစားနိုင်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဖြည်းဖြည်းချင်းဖတ်ခဲ့ရတယ်။ဒီလိုအဖြစ်အပျက် မြင်ကွင်းမျိုးကို တွေ့ကြုံခဲ့ရ၊တွေ့ကြုံဆဲလူတွေအတွက် အနာကိုပြန်ဆွသလိုကို အတော်ခံရခက်တာ။လူတိုင်းမှာ အခက်အခဲကိုယ်စီ ဒဏ်ရာကိုယ်စီရှိ‌ေပမယ်လို့ ဒါမျိုးကတာ့တော်တော်ဆိုးတာ‌ေပါ့။အမျိုးသမီးတွေအနေနဲ့ ဖတ်ကိုဖတ်သင့်တဲ့စာအုပ်တစ်အုပ်ပါလို့ပြောပါရစေ။ #reviewed by Khing 🤍

photo content

#ပင်လယ်မှာစံပယ်တွေပျိုးခဲ့တယ် #ဆရာမထက်မြတ်နိုင်ဇင် " "မင်းရောက်လာမယ်ဆိုတာကြိုသိ‌ေနလို့ ငါတံခါးဖွင့်ထားတာ" "လောကကြီး မဆုံးမချင်း တစ်ယောက်တည်း အသက်ရှင်နေရတာဟာ ပင်ပန်းလွန်းတဲ့ကျိန်စာတစ်ခုပါမြသားရယ်။မင်းလက်နဲ့သတ်တာကို ငါစောင့်‌ေနတာပါ" တစ်ကမ္ဘာပေါ်မှာမင်းတစ်‌ေယာက်တည်းကသာ ငါရဲ့ရှင်သန်ခြင်းကိုဖန်တီးခဲ့တာ" ဒေါ်မြသားစင်၏လက်ကို အတင်းဆွဲကာ ဓားကိုကိုင်ပြီး သူ့ရင်ဘတ်‌ေနရာသို့ချိန်ထိုးပေးနေ၏။ဒေါ်မြသားစင်၏လက်ကတော့ တဆက်ဆက်နဲ့ တုန်လာရင်းက ဓားကိုပင်မကိုင်နိုင်တော့ပဲ ဇွဲမာန်ဆုတ်ကိုင်ထားသည့်လက်ကပင် ဓားကိုကိုင်လျက်သားဖြစ်‌ေန၏။" မိန်းမတစ်ယောက်ကြောင့် ဘဝပျက်လုနီးပါးဖြစ်ခဲ့ရပြီး ဘဝကိုခေါက်ရိုးကျိုး‌ေနသကဲ့သို့ ရှင်သန်နေသော‌ေကျာ်နေခ(ခ)ဇွဲမာန် အဖွားက အလိုလိုက်သလို သွက်လတ်ဖျက်လတ် ပြီး ထူးဆန်းတဲ့ချစ်စရာအမူအကျင့်‌ေလး‌ေတွနဲ့ လောကကြီးကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပွင့်လင်းရိုးသားစွာ ဖြတ်သန်းနေတဲ့ ပုလဲပျိုစင် မိဘမဲ့ချစ်စရာ ‌‌ေမြးမ‌ေလးပိုင်ဆိုင်ထား‌ေသာ်လည်း မိဘ‌ကို‌ေကြာက်ယုံပြီး လူတစ်‌ေယာက်ကို နာကျင်မုန်းတီး‌ေအာင် လုပ်ခဲ့မိတဲ့ ဒေါ်မြသားစင် မထင်မှတ်ဘဲ ပ‌ျင်းရိငြီး‌ေငွ့စရာ‌ေကာင်းတဲ့ ကျော်‌ေနခရဲ့ ဘဝထဲ ‌‌‌‌‌‌‌‌‌‌‌‌‌‌ဒေါ်မြသားစင်ရဲ့မြေး ပုလဲပျိုစင်က ဝင်ရောက်လာခဲ့ပြီး ကျဉ်း‌ေမြာင်းလှတဲ့‌ေလာကကြီးထဲ ကံကြမ္မာအလှည့်အ‌ေပြာင်းက သူတို့သုံးယာက်ကို ဆုံစေတဲ့ အခါ အတိတ်ကပတ်သက်မှုတွေရှိခဲ့ဖူးတဲ့ ဒေါ်မြသားစင်နဲ့ ကျော်‌ေနခ(ခ)ဇွဲမာန်တို့ကြားထဲ ဘာမှမသိသေးတဲ့ ပုလဲပျိုစင် ဝင်ရောက်လာချိန်မှာတော့ ပုလဲပျိုစင်တို့အတွဲ ပျော်ရွှင်နိုင်ပါ့မလား။ ကိုယ်မုန်းတီးတဲ့ သူရဲ့မြေးကိုမှချစ်မိသွားတဲ့ ကျော်‌ေနခအတွက်ရာ လူတစ်ယာက်ကိုမထင်မှတ်ဘဲ မုန်းတီးနာကျင်သွားအာင် လုပ်မိတဲ့ ဒေါ်မြသားစင်ရော ဇာတ်သိမ်းလှပါ့မလား။ နောက်ဆုံးဇာတ်သိမ်းထိကိုတဖြည်းဖြည်းဆွဲခေါ်သွားတာမို့ စိတါလှုပ်ရှားဖွယ်ဖတ်ရှုရမှာပါ။ လူငယ်‌ေရာ လူကြီးရာအတွက်ပါ ဆင်ခြင်စရာလေးတွေပါတာမို့ လူကြီးလူငယ်မရွးဖတ်သင့်ပါတယ်။ #reviewed by Khing 🤍

photo content

#မသိန်းရှင်ဆီပို့ပေးပါ #ဆရာနိုင်ဝင်းဆွေ မီးရထားစီးတဲ့ခရီးသည်‌ေတွအတွက်လက်မှတ်တင်တဲ့ ကုန်တွေအတွက်တန်ဆာလုပ်ပေးရတဲ့ တီဘီစီ မီးရထားလက်မှတ်စစ် ကိုရင်မောင်ကို မြိုလှင်ရထားစီးတဲ့ သူတွေသိကြသလို့ ရထားပေါ်ကုန်တင်ကြတဲ့သူတွေလည်း သိကြတယ်။ ရထားမှာလက်မှတ်မဝယ်ဘဲ စီးတဲ့သူတွေ ကုန်ကို တန်ဆာမလုပ်ပဲ တင်တဲ့သူတွေကို ကိုရင်မောင်က အရေးယူလေ့ရှိပေမယ့် တစ်ချို့ကိုသနားလို့အရေးမယူတော့တာလည်းရှိတာပေါ့။ တချို့ကကိုရင်မောင်နဲ့တခြား လက်မှတ်စစ်တွေကို တန်ဆာမလုပ်နိုင် လက်မှတ်မဝယ်နိုင်လို့ လာဘ်ထိုး ကြတယ်။ ထန်းလျက်တင်တဲ့သူတွေကတော့အများဆုံးပေါ့။ တချို့ကို ကိုရင်မောင်တို့ကခွင့်ပြုပေမယ့် ရဲကစစ်တဲ့အခါကြ ထန်းလျက်ပဲမိသလို တစ်ခါတစ်ခါလူပါမိတာမျိုးကြတော့ ကုန်လည်းဆုံး လူလည်း‌ေထာင်ကျတာ။ကုန်လည်းလိုလူလည်း ထောင်မကျချင်တဲ့အခါကြတော့ မိန်းကလေးတွေက သူတို့ရဲ့ဘဝတွေပါပေးဆပ်လိုက်ရတယ်။ အဲ့ဒီခတ်တုန်းက စားဝတ်‌‌ေန‌ေရး အတွက် ရုန်းကန်ကြရတာ‌ေလ။ အဲ့ထဲမှာ ကုန်စိမ်းသည်မ‌ေလးညိုညို လည်းအပါအဝင်‌။ကိုရင်မောင်လည်း ညိုညိုကိုသနားရာက ချစ်မိသွားသလို ညိုညိုကလည်း မယုံရဲပေမယ့် ပြန်ချစ်မိသွားတယ်။ ညိုညိုကအစက ကုန်စိမ်းပဲတင်ပေမယ့် အမေ့ဆေးဖိုးနဲ့မကာမိတော့ ထန်းလျက်ဘက်ကိုကူးလာတဲ့အခါ... ကိုရင်‌ေမာင်က ညိုညို့ကို ကာကွယ်နိုင်ပါ့မလား။ အခြားထန်းလျက်တင်တ‌ဲ့မိန်းကလေးတွေလိုပဲဖြစ်သွားမလား(သို့) ညိုညို့ဘဝအဆုံးသတ်လှပါ့မလား။ မသိန်းရှင်ဆိုတာဘယ်သူလဲဆိုတာတွေကိုတော့ ဆက်လက်ဖတ်ရှုကြပါအုံးနော်။ မီးရထား‌ေပါ်မှာပါတဲ့ သူတွေရဲ့ ခက်ခက်ခဲခဲရုန်းကန်လှုပ်ရှားရတဲ့ဘဝတွေကို တွေ့မြင်ရသလိုအခုခေတ်အ‌ေခြအနေကို ထင်ဟပ်‌ေစ‌တဲ့ အကြောင်းအရာတွေမို့ ဖတ်ရှုသင့်သောစာအုပ်တစ်အုပ်လို့ ညွှန်းပါရစေ။ #reviewed by Khing 🌼

နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ လိုအင်ဆန္ဒပြည့်ပြီး ကံကောင်းမှု၊ အေးချမ်းမှုတွေ ရောက်ရှိလာပါစေကြောင်း Review For You Admin Teamမှဆ
နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ လိုအင်ဆန္ဒပြည့်ပြီး ကံကောင်းမှု၊ အေးချမ်းမှုတွေ ရောက်ရှိလာပါစေကြောင်း Review For You Admin Teamမှဆုမွန်ကောင်းတောင်းအပ်ပါသည်။

photo content