Star Blossoms Wonderland
الذهاب إلى القناة على Telegram
978
المشتركون
لا توجد بيانات24 ساعات
لا توجد بيانات7 أيام
لا توجد بيانات30 أيام
أرشيف المشاركات
⭐️Reprogramming Yourself
Computer တစ်လုံးကို Program အသစ်ပြန် Reset ချပြီး
Coding ရေးရသလို မသိစိတ်ထဲမှာ အယူအဆဟောင်းတွေ၊ မလုပ်ရဲတဲ့ ကြောက်စိတ်တွေ၊ ဒီလောက်ပဲ တတ်နိုင်တာပါ ဆိုတဲ့ Limit လုပ်ခံထားရတဲ့ကန့်သတ်ချက်တွေကို Delete အရင် လုပ်လိုက်ရပါတယ်
Reprogram ပြန်လုပ်ဖို့ ထိရောက်စေတဲ့ နည်းကတော့
Journaling, Affirmations နဲ့ Subliminals တွေပဲ ဖြစ်ပါတယ်
မိမိဘဝကို ဘယ်လိုပုံစံမျိုး တည်ဆောက်ချင်တာလဲ ချရေးကြည့်ပါ လက်ရှိ ပြောနေရတဲ့ စကားတွေထဲမှာ ကိုယ် မကြိုက်တဲ့ စကားတွေ၊ ကိုယ့်ကို လာပြောတဲ့ သတ်မှတ်ချက်တွေကို ပြောင်းပြန် ပြန်ရေးပါ
ဥပမာ- မင်းဟာ အသုံးမကျဘူး ဘောင်မဝင်ဘူး ဘာလုပ်လုပ် အဆင်မပြေဘူး လို့ ပြောခံရဖူးတယ် ဆိုရင်
🌱ငါဟာ ဘာမဆို လုပ်နိုင်တယ် အရမ်းတော်တယ် ဘာလုပ်လုပ် လွယ်ကူတယ်
🌱ငါဟာ ကိုယ့်ကိုယ်ကို ဘောင်ခတ်မထားဘူး လွတ်လပ်တယ်
မကြိုက်ဆုံး စကားကို ပြောင်းပြန် ပြန်ကောက်ပြီး သုံးနှုန်း ပြောဆိုခြင်းဟာ ကိုယ့်ရဲ့ Affirmation ပါပဲ
Subliminals တွေကတော့ မသိစိတ်ကို Program ပြန်ရေးဆွဲတဲ့ Affirmations တွေကို နောက်ကွယ်သီချင်းထဲမှာ မြှုပ်ထားတဲ့ Music လေးတွေ ဖြစ်ပါတယ် Dream Life, Love, Career, Financial Abundance, Happy Family
မိမိဟာ Heal ဖြစ်ချင်တာလား
Money Magnet ဖြစ်ချင်တာလား
အလုပ်အကိုင်ရချင်တာလား
နိုင်ငံခြား ထွက်ချင်တာလား
Specific Person ကို Manifest လုပ်ချင်တာလား
Soul Mate ကို Attract လုပ်ချင်တာလား
ခေါင်းစဉ် အမျိုးမျိုးနဲ့အစုံ ရှိပါတယ်
သို့သော် Twinflame Soul Mate Connection မျိုး ဖြစ်ခဲ့ရင်တော့ Union အတွက် Manifest လုပ်၍ မရနိုင်ပါ တခြားသော ကုစားခြင်းတွေကို ဆက်သွားကြရပါလိမ့်မယ်
International Sub တွေလည်း များစွာ ရှိပါတယ်
Burmese Sub Maker တွေထဲမှာတော့ Cajel ကို သဘောကျရဆုံးပါ
⭐️Self Reflection
အခုမှ စပြီး Healing Journey ကို စတင်ချင်တယ် ဘယ်ကစရမှန်း မသိဘူး ဆိုရင်တော့
Step 1. ကိုယ့်အကြောင်းကို သေသေချာချာ ပြန်သုံးသပ်ကြည့်ပါ
ဆေးကို မရှာခင်မှာ ကိုယ့်အနာရဲ့ အတိမ်အနက်ကို သိရှိထားဖို့ လိုပါတယ် ကိုယ်ဟာ ဘယ်နေရာမှာ ဒဏ်ရာရထားတာလဲ ဘယ်နားတွေမှာတော့ နာကျင်နေတယ် ဆိုတာ သိမှ ကိုယ်နဲ့ ကိုက်ညီမယ့် ဆေးကို ရှာတွေ့နိုင်တာ ဖြစ်တယ် Self Reflection အတွက် အကောင်းဆုံးနည်းလမ်းကတော့ Meditation နဲ့ Journaling ဖြစ်ပါတယ်
ဒီမေးခွန်းလေး ၅ ခုကို စာရွက်ထဲမှာ ချရေးပြီး ဖြေပါ အချိန်ယူပါ အလျင်မလိုလည်း ဖြစ်ပါတယ်
၁။ ငါဟာ ဘယ်လိုလူမျိုးလဲ
၂။ ငါ့ရဲ့ အကြောင်းကို ဘယ်လောက်ထိ နားလည်ထားသလဲ
၃။ ငါ ရင်ဆိုင်ရမှာ ကြောက်ပြီး ရှောင်ပြေးနေတဲ့ အရာတွေက ဘာတွေလဲ ဘာလို့ ကြောက်တာလဲ
၄။ ငါ့ရဲ့ ကောင်းတဲ့ အချက်၅ ချက်
မကောင်းဘူး လို့ ယူဆတဲ့ အချက် ၅ ချက်
ဘာလို့ ကောင်းတယ်လို့ ထင်တာလဲ
ဘာလို့ မကောင်းဘူး လို့ ထင်တာလဲ
၅။ ငါ့ကို ဘယ်အရာတွေက နာကျင်စေတာလဲ
ဘာလို့ နာကျင်ခဲ့တာလဲ
How to Heal Yourself (Part-1)
ကိုယ့်ကိုယ်ကိုယ် ဘယ်လို ကုစားကြမလဲ အပိုင်း-၁
ကိုယ့်ကိုယ်ကိုယ် ကုစားခြင်းခရီးကို မစတင်ခင်မှာ ဘာကြောင့် ကုစားဖို့ လိုအပ်သလဲဆိုတာကို ပထမဆုံး နားလည်ထားဖို့ လိုအပ်ပါတယ်
မိမိဟာ ကိုယ်ကိုယ်ကိုယ် ကုစားချင်တယ်
မိမိ အကြောင်းကို ပိုပြီး အတွင်းကျကျ နားလည်ချင်တယ်
“မင်းအကြောင်းကို ပြောပြပါ” လို့ လူတွေ မေးလာရင်
“ကိုယ့်နာမည်က ဘယ်သူ၊ ဘယ်မှာနေတယ် ဘာအလုပ်လုပ်တယ် အဖေ အမေ ဘယ်သူကနေ မွေးဖွားလာတယ် လက်ရှိမှာ အသက်က ဘယ်လောက်” ဆိုတဲ့ ယေဘုယျ ကျတဲ့ အချက်အလက်တွေနဲ့တင် မပြည့်စုံပါဘူး
မိမိဟာ ဘယ်လို စိတ်နေ သဘောထားရှိတဲ့သူ ဖြစ်တယ်
ဒီအရွယ်ထိ ရင်မဆိုင်ချင်ဘဲ ရှောင်ပြေးလေ့ရှိတဲ့ ဝှက်ထားတဲ့ စိတ်ဒဏ်ရာတွေရဲ့ အတိမ်အနက်၊
မျိုသိပ်ထားတဲ့ အစိုင်အခဲတွေ၊
ကိုယ့်ဘဝကို လက်မခံချင်ဘဲ ဖြစ်ရတဲ့ မကျေနပ်မှုတွေ၊
သူတစ်ပါးအပေါ် အနိုင်ယူ ဗိုလ်ကျခဲ့တာတွေအတွက် တောင်းပန်လိုက်ဖို့လိုတာတွေ (သို့မဟုတ်)
မိမိအပေါ် အမှားတွေကျူးလွန်ခဲ့တဲ့သူတွေကို ခွင့်လွှတ်ကျေအေးပေးလိုက်ဖို့ မေ့လျော့နေခဲ့တာ၊
ဒေါသကြီးတာ၊ မနာလိုဖြစ်တာ၊ တဏှာကြီးတာ၊ မာနကြီးတာ၊ အတ္တကြီးတာ၊ လောဘကြီးတာ၊
သူတစ်ပါးကို ထိန်းချုပ်ချင်တာ
တချို့ကကျတော့ မိမိတို့ရဲ့မိဘ၊ မိသားစုနဲ့ ပတ်သက်ပြီး ရရှိလာတဲ့ စိတ်ဒဏ်ရာ အတိမ်အနက်တွေ ရှိချင်ရှိမယ်
မိမိ အကြောင်းလို့ ပြောလိုက်ရင် ကောင်းတာတွေရော ကွယ်ဝှက်ထားတတ်ကြတဲ့ မကောင်းတာတွေရော အားလုံးက မိမိကိုယ်တိုင်ပဲ ဖြစ်ပါတယ်
ပြင်ပလောကမှာ မမြင်ရတဲ့ တစ်ဝဲလည်လည်ဖြစ်နေတဲ့ Karmic Cycle ကြီးမှာ ကံအဟောင်းက မကျေသေးခင်မှာ ကံအသစ်တွေ ထပ်ခါ ထပ်ခါ ပြုလုပ်နေမိကြပါတယ်
ကံကြွေး အသစ်တွေ မပြုမိအောင် ဂရုစိုက်ရင်း ကံအဟောင်းတွေကိုလည်း အားမကြီးလာတော့အောင် ကုစားကြရတယ် Karma(ဝဋ်)ကို ရှောင်လွှဲလို့ မရပေမယ့်
သူကပေးတဲ့ သင်ခန်းစာတွေကိုတော့ ယူတတ်ဖို့ လိုအပ်ပါတယ်
မိမိတို့ မျိုးဆက်မှာတင် ဒီ Karma စက်ဝန်းကြီးကို အားမကြီးလာတော့အောင် ရပ်တန့်သွားနိုင်အောင် လုပ်ဖို့ တာဝန်ရှိသူကတော့ မိမိကိုယ်တိုင်ပဲ ဖြစ်ပါတယ်
နောက်မျိုးဆက်ကို ဒါတွေ လက်ဆင့်မကမ်းဖြစ်တော့အောင် ကိုယ့်တာဝန်ကို ကိုယ်ယူတတ်ဖို့ လိုအပ်တာ ဖြစ်ပါတယ်
မိမိဟာ ကိုယ့်ရဲ့ Soul တစ်ခြမ်းဖြစ်တဲ့ Other Half နဲ့ တွေ့ဆုံခဲ့သည်ဖြစ်စေ မတွေ့ဆုံရသေးသည်ဖြစ်စေ New Earth ရဲ့Vibration နဲ့ ကိုက်ညီဖို့အတွက် မိမိရဲ့ Low Vibration ပုံစံအဟောင်းကို စွန့်ခွါကြရတယ် ဒီအတွက် ကုစားကြရပါတယ်
🌱တစ်ကြော့ပြန် ကံကြွေးအသစ်တွေ ထပ်မလာတော့ဘဲ Karma Cleansing ဖြစ်စေဖို့
🌱ချစ်ခြင်းမေတ္တာ Frequency ကို ချိတ်ဆက်နိုင်စေဖို့
🌱ကမ္ဘာသစ်ရဲ့ ကြိမ်နှုန်းနဲ့ မိမိရဲ့ကြိမ်နှုန်းဟာ ကိုက်ညီဖို့ အတွက် ဖြစ်ပါတယ်
🌱စိတ်ဒဏ်ရာတွေ ကုစားပြီးတာကြောင့် မိမိရဲ့ စိတ်နှလုံးအိမ်မှာ သန့်ရှင်းသွားတဲ့အခါ နေရာလွတ်တွေ ပိုထွက်လာတယ် Manifestation တွေ ပိုမြန်ဆန်လာတယ် မိမိက စိတ်ညွှတ်လိုက်တာနဲ့ လက်တွေ့ အလျင်အမြန် ဖြစ်လာရတယ်
🌱မိမိဟာ အရာအားလုံး တစ်ခုနဲ့ တစ်ခု ချိတ်ဆတ်နေတဲ့ Connection တွေကို နားလည်သိမြင်လာပြီး ရောင့်ရဲတင်းတိမ်လာနိုင်မယ် မိမိရဲ့ နေထိုင်ရှင်သန်ခြင်းက ကျေနပ်စရာ ကောင်းလာပါမယ်
ဒါဆိုရင်တော့ Healing လုပ်ရတဲ့ ရည်ရွယ်ချက်တွေကို နားလည်သဘောပေါက်သွားလိမ့်မယ်လို့ ယူဆပါတယ်
Healing လုပ်ဖို့အတွက် အမျိုးအစားတွေ များစွာရှိပါတယ် မိမိ လိုအပ်နေတဲ့ ကုစားခြင်းက ဘာလဲ ဆိုတာကို အရင်ဆုံး သိထားဖို့ လိုပါတယ် အနာသိမှ ဆေးရှိမှာ ဖြစ်ပါတယ်
Healing အမျိုးအစားတွေက ကျယ်ပြန့်ပြီး များစွာ ရှိတာကြောင့် အကုန် ရေးဖို့ အချိန်လေး လိုပါတယ် MT အချိန်ရရင် ရသလို တစ်ရက်ချင်းစီ အပိုင်းခွဲပြီး တင်ပေးသွားပါမယ်
#MTinWonderland 🌱

🌱Focus on a kind heart
ကြင်နာတတ်တဲ့ နှလုံးသားကို မွေးမြူပါ
တစ်နေ့ထက် တစ်နေ့ မင်းဟာ ကမ္ဘာမြေကို ချစ်တတ်ပြီး ဤမြေပေါ်က လူသားတွေ သတ္တဝါလေးတွေ ပအပေါ် ကြင်နာတတ်တဲ့ လူသားလေးတစ်ဦး ဖြစ်ဖို့အတွက် အာရုံစိုက်ပေးပါ
🌱Focus on your Peace
မင်းရဲ့ ငြိမ်းချမ်းမှု အတွက် အာရုံစိုက်ထားပါ
ဘာမှ မတွေးတောဘဲ နှလုံးခုန်သံကို ငြိမ်ငြိမ်လေး နားထောင်ပေးလို့ ရသလို
မင်းရဲ့ အသက်ရှုတဲ့ ဝင်သက် ထွက်သက် လေ အပူ အအေး ကို သိနေရင်ကို လုံလောက်မှုရှိပါတယ်
အဲ့ဒီအချိန်လေး တစ်မိနစ်လောက်က ရှုပ်ထွေးနေတဲ့ တစ်နာရီထက် ပိုပြီးပြည့်စုံစေပါလိမ့်မယ်
ကိုယ်ဟာ Energy Sensitivity မြင့်တဲ့သူဖြစ်နေရင် ဒီလှိုင်းတွေကို ပိုခံစားမိပါလိမ့်မယ် လူတွေရဲ့အနားမှာ နေတဲ့အခါ သူတို့ဘယ်လို ခံစားချက်တွေ ထုတ်လွှတ်သလဲ အလွယ်တကူ သိမြင်နားလည်နိုင်တယ်
ဒီတော့ ကိုယ့်ရဲ့ မေတ္တာလှိူင်းတွေနဲ့ ဝန်းရံ ကာကွယ်ထားတဲ့ Peaceful Positive Energy ကို မပျောက်ပျက်စေဖို့ ကာကွယ်ထားဖို့ ပြန်ပြီး သန့်စင်ပေးဖို့ လိုအပ်တယ်
ကိုယ်ဟာ အရမ်း Energy Drain ဖြစ်စေတယ်လို့ ခံစားရတဲ့ ရက်တွေမှာ အပြင်ကနေ ပြန်လာတဲ့အခါ ဆားနဲ့ ရေချိုးသန့်စင်တာပဲဖြစ်ဖြစ် White Sage နဲ့ Cleansing လုပ်ပေးတာဖြစ်ဖြစ် သီချင်းဖွင့်ပြီး ကခုန်တာပဲဖြစ်ဖြစ် လှုပ်လှုပ်ရှားရှား Exercise တစ်ခုခု ပြုလုပ်ပေးနိုင်တယ်
🌱Focus on protecting Your Energy
မင်းရဲ့ Energy ကို ကာကွယ်ဖို့ အာရုံစိုက်ပါ
လောကရဲ့ အရာရာတိုင်းက စွမ်းအင်လှိုင်းကလေးတွေ နဲ့ တုန်ခါစီးဆင်းပြီး တစ်ခုနဲ့ တစ်ခု ချိတ်ဆက် ဖြစ်တည်နေတာ ဖြစ်တဲ့အတွက် ကိုယ်က မမြင်နိုင်ကြပေမယ့်
ကိုယ့်ရဲ့ Body ထဲက Cell တွေထဲမှာ စုပ်ယူ ထားကြတဲ့ စွမ်းအင်လှိုင်းတွေ ရှိတာပါပဲ
လူစု လူဝေးထူထပ်တဲ့ နေရာတွေသွားတဲ့အခါ ပိုသတိထားမိပါတယ် လူသားတွေဟာ စိတ်သောက ရောက်နေသူတွေ၊ ဒေါသထွက်နေသူတွေ၊ လောဘကြီးတတ်သူတွေ၊ မနာလိုသူတွေ၊ အတ္တများနေသူတွေ ရုန်းကန်လှုပ်ရှားနေကြတဲ့ ပုံစံမျိုးစုံ ရှိတတ်ကြတယ် ကိုယ်ရောင်ကိုယ်ဝါတွေ ရနံ့ပေါင်းစုံ Body Temperature အစုံကို အာရုံ ၆ ပါးက ခံစားသိရှိနိုင်ပါတယ်
🌱Focus on your Growth
မင်းရဲ့ တိုးတက်မှုအတွက် အာရုံစိုက်ပါ
မနေ့ကထက် ဒီနေ့ မင်းဟာ ပိုပြီး စိတ်အေးချမ်းဖို့ ဘဝရဲ့ နေထိုင်ရတဲ့ ရည်ရွယ်ချက်တွေကို သိရှိနားလည်လာဖို့
မင်းရဲ့ နှလုံးသားချက္ကရာကို နိုးကြားစေပြီး
မင်းရဲ့ Intuition နဲ့ Wisdom ကို ပိုပြီး ကျယ်ပြန့်လာစေဖို့အတွက် အာရုံစိုက်ပေးပါ
🌱Focus on Deep connections
မင်းအပေါ် ကောင်းစေချင်လို့ လမ်းပြပေး Support ပေးနေသူတွေကို အသိအမှတ်ပြု ကျေးဇူးတင်ပါ မင်းက မသိလိုက်၍ ဖြစ်စေ သိသည် ဖြစ်စေ မင်းကို အားပေးကူညီပေးဖို့ အသင့်ရှိကြတဲ့သူများဟာ အမှန်တကယ် ရှိနေကြပါတယ် သူတို့တွေက စကြဝဠာကြီးက မင်းကို ကူညီစောင့်ရှောက်ဖို့ ကိုယ်စား စေလွှတ်လိုက်တဲ့ သူတွေလည်း ဖြစ်နိုင်ပါတယ် မင်းနဲ့ မသိတဲ့ လမ်းမှာတွေ့တဲ့ သူစိမ်းတစ်ယောက်လည်း ဖြစ်နိုင်တယ် မင်းက မသိပေမယ့် မင်းကို သူတို့က သိနေကြတဲ့သူတွေလည်း ဖြစ်နိုင်ပါတယ်
သူတို့တွေကို ပို့ဆောင်ပေးတဲ့အတွက် စကြဝဠာကြီးကို ကျေးဇူးတင်ပါ
🌱Focus on your Dreams
မင်းရဲ့ အိပ်မက်တွေကို အာရုံစိုက်ပါ
လမ်းလျှောက်သင်ခါစ ကလေးငယ်တိုင်းက ချော်လဲမှာ ကြောက်နေရင် လမ်းကို ဖြောင့်ဖြူးစွာ လျှောက်နိုင်ကြမှာ မဟုတ်ပါဘူး မေးခွန်းတိုင်းအတွက် အဖြေကို ရှာရင် တွေ့နိုင်တာ ဖြစ်ပါတယ် မင်းဟာ လဲကျမှာ ကြောက်နေလို့ မဖြစ်တဲ့အခြေအနေမှာ ဘာကို ရွေးချယ်မလဲ ဆိုတာ သတ္တိရှိရှိ ဆုံးဖြတ်ချက်ချပါ
“My business is to focus on myself“
နေ့တိုင်း ဒီစကားလေးကို ပြောလေ့ရှိပါတယ်
“ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်ဖို့က ကိုယ့်အလုပ်ပဲ” ဖြစ်ပါတယ်
ကိုယ့်ကိုယ်ကိုယ် ပြန်တည်ဆောက်ဖို့ အတွက် အရင်ဆုံး လိုအပ်နေတာကတော့ ကိုယ့်အကြောင်းကို ကိုယ်တိုင် အတွင်းကျကျ သိရှိနားလည်ခြင်း ဖြစ်ပါတယ်
ကိုယ်ဟာ ကိုယ့်ရဲ့ ဖြစ်တည်မှုကို လေးစားတတ်ရဲ့လား
ကိုယ့်ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်ကို နားလည်ထားရဲ့လား
ကိုယ့်ရဲ့ Passion ကိုယ့်ရဲ့ ရှင်သန်ရတဲ့ ရည်ရွယ်ချက်တွေကို ရှာဖွေတွေ့ရှိထားရဲ့လား
ဒီလောကမှာ ဘာအတွက် ရှင်သန်နေတာလဲ ဆိုတာလေးကို ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ
ဟန်ချက်ညီတဲ့ ဘဝတစ်ခုကို တည်ဆောက်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ်ရယ်၊ ကိုယ်နဲ့ သက်ဆိုင်တဲ့ အရာတွေအပေါ်မှာပဲ အာရုံစိုက်ထားဖို့ လိုပါတယ်
အောက်မှာတော့ အာရုံစိုက်ဖို့ လိုအပ်တဲ့ အရာလေးတစ်ချို့ကို ရေးသားဖော်ပြလိုက်ပါတယ်🌱⭐️
#MTinWonderland 🌱
ကိုယ်ဟာ သိပ်လှပတဲ့ အံ့ဩစရာ ကမ္ဘာကြီးတစ်ခုဆီ ရောက်သွားတယ် လို့ မြင်ကြည့်ပါ
အဲ့ဒီကမ္ဘာမှာ နံနက်မိုးလင်းတဲ့အခါ ရင်ခုန်စိတ်လှုပ်ရှားမှုနဲ့ အတူ နိုးထလာရတဲ့ နံနက်ခင်းတွေ ရှိတယ်
အဲ့ဒီကမ္ဘာက လူသားတွေက လောဘ ဒေါသ မောဟတွေလည်း မရှိကြဘူး
ဓန ဥစ္စာပစ္စည်းတွေ စားဝတ်နေရေး တွေအတွက် သူတို့မှာ ပူပန်စရာ မရှိဘူး
ပညာအရည်အချင်း မျိုးရိုးအဆင့်အတန်း ရာထူး ဂုဏ်ဒြပ်တွေနဲ့ ပြိုင်ဆိုင်မှုတွေ က သူတို့နေတဲ့ ကမ္ဘာမှာ ကြားတောင် မကြားဖူးတဲ့ အရာတွေ ဖြစ်တယ်
အမုန်းတရားတွေ မနာလိုမှုတွေ အတ္တတွေ မာနတွေလည်း သူတို့ နားမလည်ကြဘူး
စကားလုံးတွေလည်း ဘာမှမလိုဘူး စိတ်ထဲကပဲ ဆက်သွယ် ပြီးအချင်းချင်း နားလည်နိုင်တယ် မျက်လုံးချင်းစကားပြောနိုင်ကြတယ် နှလုံးသား အချင်းချင်း ချိတ်ဆက်နိုင်ကြတယ် တစ်ဦးနဲ့ တစ်ဦး ဟာ Vibration တူညီကြတယ်
အဲ့ဒီ ကမ္ဘာမှာ ညဘက် ရောင်စုံ LED light တွေလည်း မရှိ Stary Night Sky ကို ခမ်းခမ်းနားနားကို မြင်ရတယ်
ငွေကြေးအတွက် ပူစရာမလို၊ ရုန်းကန်ရှာဖွေနေစရာမလိုဘဲ အလိုလို Abundance ဖြစ်နေတယ်
ဒီလို ကမ္ဘာမျိုးသာ တကယ် ရှိလာမယ် ဆိုရင် ယုံကြည်နိုင်မလား Logical Mind Power ကြီးတဲ့ မင်းအတွက်တော့ ဘယ်ယုံလိမ့်မလဲ
အခု ရောက်ရှိနေတဲ့ လက်ရှိ Timeline မှာတော့ မင်းဟာ ပညာရေး စီးပွါးရေး လူမှုရေး ကိစ္စတွေနဲ့ လူ့အသိုင်းအဝိုင်းတစ်ခုကြားမှာ Struggle လုပ်နေရတာကြောင့် ဒါတွေက လက်ရှိဘဝပါ Reality ပါလို့ မင်း ပြောချင် ပြောမှာပေါ့
🌏Reality is Matrix ဖြစ်ပြီး
🌏Matrix is Illusion ပါတဲ့
MT တို့အားလုံးဟာ ဒီ Timeline ကို အချိန်တစ်ခုကြာ ကျော်လွန်ပြီးတဲ့နောက်မှာ
ငြိမ်းချမ်း လှပတဲ့ ကမ္ဘာကို မြင်ကြရလိမ့်မယ် တွေ့ကြုံခံရခွင့် ရကြရဦးမယ်
တို့တွေ့အတူတူ
အတ္တတွေမကြီးတဲ့ ကမ္ဘာသစ်ဆီ သွားကြမယ်
ဒေါသ မရှိတဲ့ ကမ္ဘာသစ်ကို ရွေးချယ်ကြမယ်
ပင်ပန်းဆင်းရဲမှုတွေ သောကတွေ ကင်းဝေးတဲ့ ကမ္ဘာသစ်ကို ဦးတည်ကြမယ်
ချစ်ခြင်းတရားတွေ အပြည့်ပါတဲ့ လူသားတွေကို ဆုံတွေ့ကြမယ်
ကိုယ်ချင်းစာ ကြင်နာတတ်တဲ့ လူသားတွေကို ကြိုဆိုကြမယ်
အသိဉာဏ်ပညာတွေ ဖလှယ်ပေးကြတဲ့ လူသားတွေကို ရှာဖွေကြမယ်
အရာအားလုံးကို ကိုယ့်နှလုံးသားက အရင် စပြီး ဖန်တီး တည်ဆောက်ကြရအောင်ပါ
#MTinWonderland 🌱
ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်ဆိုတာ လူတွေထဲက လူသားတစ်ယောက် ဖြစ်လာဖို့မှ မဟုတ်ဘဲ ကလေးငယ်
မင်း ရှင်သန်နေရတဲ့ အဓိပ္ပါယ်က ဒီထက်မက တန်ဖိုးရှိတယ်
မဟုတ်လား
သစ်ပင်ကြားက နေပျောက်ကလေး
မင်းရဲ့ ပါးပြင်ပေါ် ကျရောက်လာတာကို ခံစားကြည့်ဖို့
မြက်ခင်းပြင်ပေါ် မှာ ခြေထောက်ဗလာနဲ့
လမ်းလျှောက်ကြည့်ဖို့
ပင်လယ်ကမ်းစပ်က သဲသောင်ပြင်ပေါ် မှာ
ခြေဖျားလေးတွေဆီ လှိုင်းတွေရဲ့အထိအတွေ့ကို ခံစားဖို့
မိုးပြေးလေး ရွာတဲ့အခါ ဆောင်းထားတဲ့ ထီးတွေကို လွှတ်ချပြီး မိုးရေထဲ ပျော်ပျော်ပါးပါး ဆော့ကစားဖို့
မှိတ်တုတ် မှိတ်တုတ် ကြယ်လေးတွေကို
တစ်ဝကြီး ငေးမော ကြည့်ဖို့
နံနက်ခင်း နေရောင်ခြည် ခံဖို့
နေဝင်ချိန် Golden Hour ကို
ချစ်ရသူတွေနဲ့အတူ ကြည့်ရဖို့
လူသားတွေကို အပြုံးလေးနဲ့ ချစ်ခင်ဖော်ရွေစွာ ဆက်ဆံဖို့
သတ္တဝါလေးတွေကို ကြင်နာသနားတတ်ဖို့
အမေချက်ကျွေးတဲ့ ဟင်းလျာလေးကို စားခွင့်ရလို့
ကျေးဇူးတင်ကြောင်းပြောပြဖို့
ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းမေတ္တာ ပေးဖို့
ကိုယ်ချစ်ခင်ရသူတွေကို ပျော်ရွှင်အောင် ထားဖို့ …
ဒါတွေအတွက် ရှင်သန်ပေးပါ
လူတစ်ဦးနဲ့ တစ်ဦးက ရှင်သန်နေရတဲ့ အဓိပ္ပါယ်ချင်း တူချင်မှ တူလိမ့်မယ် ဆိုပေမယ့် အသက်ရှူနေရတာချင်းတော့ အတူတူပဲ မဟုတ်လား
မင်း ရောက်ရှိနေတဲ့ ဒီနေရာလေးဟာ အေးချမ်း လုံခြုံပါတယ်
မင်းဟာ ချစ်စရာကောင်းတယ် ဆိုတာကိုရော
မင်းကိုယ်တိုင် သိထားရဲ့လား
မင်းဟာ လုံလောက်မှု ရှိပါတယ်
ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်က ကြီးမားနေဖို့ မလိုပါဘူး
ရိုးရှင်းဖို့ပဲ လိုပါတယ် ကလေးငယ်
#MTinWonderland 🌱