ဝါ စိမ်း နီ
الذهاب إلى القناة على Telegram
6 782
المشتركون
-524 ساعات
-517 أيام
-15230 أيام
أرشيف المشاركات
6 783
သီပေါတံတားကိစ္စကို ဘူမသိကိုးမသိနဲ့ဝင်အာမချောင်ကြနဲ့ ။
တရုတ်ကကုန်သွယ်ရေးလမ်းရဲ့ သီပေါတံတား တစ်ဘက်ခြမ်းကိုMNDAA လက်ထဲထည့်ထားပြီးMNDAA ကြားခံနဲ့ ကုန်သွယ်ရေးကိုလုပ်ချင်တယ် ။
မြန်မာအစိုးရက သူပုန်ကို ကြားခံမထားနိုင်ဘူး
G to G ပဲ လုပ်မယ်ဆိုပြီး
ကုန်သွယ်ရေးလမ်း ပိတ်ထားတာ ။
အဲဒါကိုအထူအပါး နားမလည်တဲ့ ကိုယ်စားလှယ်က
တံတားကို အတင်းဖွင့်ခိုင်းနေတာ ။
အဲဒီကောင်တရုတ်မွေးစားသား ဖြစ်သွားတာလားတောင်
မသိဘူး ။
အကျင့်ပျက်ခြစားခေတ်မှာ
အာရှလမ်းပိတ်တော့
ထော့ကော်ကိုးလမ်းက ထွက်သလိုမျိုး
သီပေါတံတားပိတ်တော့
လှေနဲ့ကူးတဲ့ တရားမဝင်လမ်း ပေါ်လာတာကတော့
ဘာမှမထူးဆန်းဘူး ။
နှစ်နိုင်ငံ ကုန်သွယ်ရေးကို
ကြားခံခွင့်ပြုလိုက်ရင်
အဲဒီဘက်ခြမ်းကို
တရုတ်ရဲ့ကိုလိုနီနယ်မြေအဖြစ်
တရားဝင် အသိအမှတ်ပြု ပေးလိုက်သလိုဖြစ်သွားမယ် ။
နှစ်နိုင်ငံကုန်သွယ်ရေးသည်
G to G ပဲ ဖြစ်ရမယ် ။
နိုင်ငံရေးကို ဝင်ငံချင်ရင်
ဒီလောက်ကလေးတော့ နားလည်ကြပါ။
သိမြင်ကြားကြပါစေ
6 783
ထုတ်ပြန်ချက် ၅ ရပ်အပေါ် ပြည်သူများရဲ့အမြင်
Three Big Strategy အရ တရုတ်၊ အိန္ဒိယ၊ ရုရှားတို့နဲ့ စီးပွားရေးတိုးမြှင့်ဆောင်ရွက်မှု၊ နိုင်ငံရေးအရ ထောက်ခံအားပေးမှု၊ လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းလာရင် မြန်မာက အာဆီယံကို လိုအပ်တာထက် အာဆီယံက မြန်မာကို ပိုလိုအပ်လာပါလိမ့်မယ်။
-
အဖွဲ့အလိုက် တန်းတူညီတူမရရင် ပဋိညာဉ်ကို လေးစားလိုက်နာသင့်တယ်ဆိုတဲ့ တစ်နိုင်ငံချင်းအလိုက် ထိတွေ့ဆက်ဆံနိုင်ရင်လည်း မြန်မာအတွက် အကျိုးရှိပါတယ်။
-
မြောက်ကိုရီးယားစကားလုံး အငှားသုံးရရင် အနောက်အုပ်စု ပါးစပ်အငှားအဖြစ် အသုံးချခံနေရတဲ့ အာဆီယံရဲ့တောင်းဆိုချက် Five Point Consensus ဟာ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုဆိုတာကတော့ ထင်ရှားလှပါတယ်။
-
အချုပ်အခြာအာဏာကိုမထိခိုက်ဘဲ အဖြစ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ပြီး ပုံမှန်ဆက်ဆံရေးပြန်ရအောင်လုပ်မယ်ဆိုတဲ့ ရပ်တည်ချက်ကတော့ ပြည်သူအများ ထောက်ခံအားပေးလျက်ရှိပါတယ်။
-
ထွက်လိုက်တာလည်း ကောင်းပါတယ်ဆိုတဲ့ ပြည်သူတွေရဲ့တိုက်တွန်းချက်ကိုတော့ အစိုးရက သတိကြီးကြီးထားပြီး တုံ့ပြန်နေတယ်လို့ပဲ ယူဆပါတယ်။
ခင် ညို ချော
6 783
စိတ်ဝင်စားစရာ !
လူမှုကွန်ရက်မှာ အဖြူအစိမ်းဝတ်ကျောင်းဆရာမတွေက
စစ်ဝတ်စုံနဲ့လူကိုထိုင်ကန်တော့နေရတယ်
ပညာရေးက စစ်ဖိနပ်အောက်ရောက်သွားပြီ ဘာညာ ပေါ့လေ
သတင်းတွေပြန့်နေတာကိုတွေ့ပါတယ် …..
ဒီတော့ နဲနဲ စပ်စုကြည့်မိတယ်။
ဓာတ်ပုံတွေရဲ့ logo အရသတင်း Source ကတော့ မဲခေါင်သတင်း လို့တွေ့ရပါတယ်။
သေချာကြည့်လိုက်တော့
ကကပြည် ရဲ့ logo နဲ့ တိုင်းရဲ့ logo ဆိုင်းဘုတ်ပါ
အထက ၇ တောင်ကြီး ဆိုတဲ့ ကျောင်းဆိုင်းဘုတ်ပုံလေးပါ ထပ်တွေ့ရတယ်
ဪ
ဒါဆိုရင်တော့ ကကပြည် ကျောင်းဖြစ်မယ်လို့ ထင်မိပါတယ်။
ကကပြည်ကျောင်းဆိုတာ မင်္ဂလာဒုံက အောင်ဆန်းသူရိယ လှသောင်းကျောင်း (အထက ၂ မင်္ဂလာဒုံ) လို မျိုး
ဟိုးအရင်ထဲက စည်းကမ်းတွေ ကြီးပြီး ထူးချွန်ကြတဲ့ ကျောင်းသားတွေ ရဲ့ မွေးဖွားရာပေါ့။
ကျောင်းအုပ်ကြီးတွေက ပညာရေးစိတ်ဝင်စားပြီး အရည်အချင်းရှိတဲ့ ဗိုလ်မှူးတွေ ဗိုလ်မှူးကြီးတွေ တာဝန်ပေးထားလေ့ရှိပါတယ်။
တစ်နိုင်ငံလုံး အဲ့လိုကျောင်းမျိုး ပြည်နယ်နဲ့ တိုင်းအနှံ့ ဆယ်ကျောင်းကျော်လောက် ရှိမယ်ထင်ပါတယ်။
ကကပြည်ကျောင်းဆိုရင်တော့ ကျောင်းအုပ်ကြီးက တပ်မတော်သားအရာရှိပဲ ဖြစ်မှာပေါ့။
ဆရာဆရာမတွေကတော့ ပညာရေးဝန်ထမ်းတွေပဲပေါ့။
ဒါဆိုဗျာ
သူ့ကျောင်းမှာ သူ့ကျောင်းအုပ်ကြီးကို သူ့ဆရာဆရာမတွေ ကျောင်းသားတွေ ကန်တော့တာ ဘာဆန်းသလဲဗျာ။
မီဒီယာ ကို မကောင်းတဲ့နေရာမှာ မသုံးကြပါနဲ့
ကျောင်းတွင်း ဆရာကန်တော့ပွဲလား
ကျောင်းအုပ်အရာရှိ တာဝန် အပြောင်းအလဲ
နှုတ်ဆက်ကြတာလား ဖြစ်ရပ်မှန်က
ဘာမှန်းတော့မသိပေမယ့်
မြင်ကွင်းပုံရိပ်ကို မသိကြတဲ့ ရိုးသားတဲ့ ပြည်သူလူထု တပ်မတော်မုန်းတီးဖွယ် ပညာရေးလောကမိသားစု
အထင်အမြင်မှားဖွယ်၊ တိုင်းပြည်မငြိမ်သက်ဖွယ် သတင်းတု သတင်းမှား တစ်ပုဒ် အဖြစ် အသုံးချခံနေတာ ဝမ်းနည်းစရာပါ …..
အပေါ်ယံ ဝတ်စုံက အသွင်သဏ္ဌန်ပါ
အနန္တကျေးဇူးရှင် ဆရာဂုဏ် က အနှစ်သာရပါ။
6 783
+1
▪️ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးကျေးရွာရှိ Popa Garden Resort ဟိုတယ်တွင် တည်းခိုနေထိုင်နေသည့် အပြစ်မဲ့ပြည်သူ ၁၁ ဦးကို PDF အကြမ်းဖက်အဖွဲ့က အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွား
-
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးကျေးရွာရှိ Popa Garden Resort Hotel သို့ ဇူလိုင်လ ၂၇ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်၌ PDF အကြမ်းဖက်အဖွဲ့ အင်အား (စိစစ်ဆဲ) က မော်တော်ယာဉ်များဖြင့် ရောက်ရှိလာပြီး အဆိုပါ Popa Garden Resort Hotel ၌ ရောက်ရှိတည်းခိုနေကြသူများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်နေ ဦးဝေလင်းထိုက် (၃၆) နှစ်၊ မအေးသန္တာမိုး (၂၀) နှစ်၊ မောင်သူရိန်ကျော် (၂၇) နှစ်၊ ဦးသိန်းထွန်း (၅၈) နှစ်၊ ဦးစိုးကျော်သူ (၃၀) နှစ်၊ ဦးညွန့်ထွေး (၃၀) နှစ်၊ ဦးဇင်မင်းဟိန်း (၃၆) နှစ်၊ မောင်အာကာ (၁၆) နှစ်၊ ကျောက်တန်းမြို့နယ်နေ ဦးဖြိုးဇင်ဦး (၃၁) နှစ်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်နေ ဒေါ်နန်းနန်းအေး (၅၇) နှစ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ငပုတောမြို့နယ်နေ မောင်ဖြိုးဝေကျော် (၂၅) နှစ်တို့အားအကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
Sandi Myint Aung
https://t.me/sandimyintaung969969
6 783
+7
AA အဖွဲ့နှင့် PDF များ လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်
၂၉-၇-၂၀၂၆ ရက်နေ့ယနေ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်တွင် AA ၂၀ ဦး ၊ PDF ၈ ဦး၊ BPLA ၂ ဦး၊ ပကဖ ၁ ဦး၊ ယာဉ်မောင်း ၁ ဦး စုစုပေါင်း ၃၂ ဦးသည် မောင်းပြန်သေနတ် ၁၃ လက်၊ ခဲယမ်းအများအပြားနှင့် အတူ တပ်မတော်ထံအလင်းဝင်..
6 783
နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် AA အဖွဲ့ဝင် ၂၀ ဦးနှင့် PDF အမည်ခံအဖွဲ့ဝင် ၁၂ ဦးတို့ လက်နက်ခဲယမ်းများနှင့်အတူ ဉပဒေဘောင်အတွင်းသို့ ဝင်ရောက်သည်။ နေပြည်တော်၊ ၂၀၂၆ ဇူလိုင် ၂၉
6 783
+7
ဖလမ်းမြိုပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာ ချင်းပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ကွင်းဆင်းစစ်ဆေး
6 783
+9
Breaking News
ကလေး -တမူးနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ရေး နေ့မနား/ညမနား အစွမ်းကုန်ကြိုးစားဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းများဟာ ယနေ့မှာ ခမ်းပါတ်မြို့နယ်၊ ဘုက်ကန်စံပြကျေးရွာကိုပါ ထပ်မံ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်းသိရှိရပါသည်။
(နောက်ဆက်တွဲပုံများထပ်မံဖော်ပြပေးပါမည်)
တိုက်ပွဲသတင်းစုံ
6 783
ပြည်တွင်းစစ်ကြောင့် အညာ ပုပ္ပါးကို ဧည့်သည်မလာတော့ဘူးလို့ ငြီးသတဲ့။ တကယ်တော့ အညာဒေသရဲ့ ငြိမ်းချမ်းသာယာမှုက အညာ PDF တွေ ကိုယ်တိုင်ပဲ ဖျက်ဆီးခဲ့ကြတာ မဟုတ်ဘူးလားပေါ့။
ပုဂံ-ညောင်းဦး ဆိုတဲ့ ရှေးဟောင်း အမွေအနှစ် နယ်မြေမှာ လက်နက်ကိုင် PDF တွေ စဖွဲ့တယ်။ တော်လှန်ရေး အကြောင်းပြပြီး ခရီးသွားတွေကို ပြန်ပေးဆွဲတယ်။ ဥပမာ -ခိုင်နှင်းဝေတို့ ပြဿနာရဲ့ နောက်ကွယ်မှာလည်း ဘယ်လောက်ပေးလိုက်ရသလဲ ဆိုတဲ့ မြုပ်ကွက်တွေ ရှိခဲ့မှာပဲ။ ဓားပြသာသာ PDF တွေ အနေနဲ့ ဒီလို အပေးအယူမှ မလုပ်ရင် နာရီပိုင်းလောက်နဲ့ ဘယ်ပြန်လွတ်လာမလဲ။ ဒါက ဟိုးလေးတကြော်ကြော် ဖြစ်ခဲ့တဲ့ ကိစ္စ အနည်းအကျဉ်းပဲရှိသေးတယ်။ တခြား လူမသိ၊ သူမသိ ပြန်ပေးဆွဲခံရတဲ့ ကေစ့်တွေလည်း အများကြီး။
ဆိုတော့...တော်လှန်ရေး လို့ နာမည်ခံထားတယ်။ ပြန်ပေးဆွဲပြီး ငွေတောင်းတဲ့ လက်နက်ကိုင်တွေ ရှိနေမှတော့ ဒီဒေသက ဧည့်ခရီးသွားတွေ ဘယ်လိုလုပ် လာစရာ အကြောင်း ရှိမလဲ။ ဘယ်လောက်ပဲ ယဉ်ကျေးမှု နယ်မြေပါ ပြောပြော၊ ဧည့်မလာလို့ စီးပွားပျက်ကပ်ဖြစ်နေရပါပြီလို့ ဆိုဆို ....PDF တွေ မရှိတဲ့ တနေ့ရောက်မှပဲ ...မူလ အနေအထားကို ရောက်လိမ့်မယ်။ ဒါတောင် ဒီဒေသမှာ သမိုင်းအမဲစက်က ကျန်ခဲ့ပြီ။
(နရီမိုး)
6 783
နှစ်ဝါထပ် ဝါဆိုလပြည့်နေ့၏ထူးခြားချက်များ တရားဒေသနာတော်
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
🙏🙏🙏🙏🙏
https://t.me/Ashinandarmarlrbiwitha
6 783
ဝါဆိုလပြည့်နေ့မှာဥပုသ်စောင့်ခြင်းအဓိပ္ပါယ် တရားဒေသနာတော်
သစ္စာရွှေစည်ဆရာတော် အရှင်ဥတ္တမ
🙏🙏🙏🙏🙏
https://t.me/thitsarshwesisayardaw
6 783
ဝါဆိုလပြည့် ဓမ္မစကြာနေ့မှာ ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းများ ပြည့်စုံကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ၊ ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေ ၊ ရတနာသုံးပါးကို ဆည်းကပ်ပူဇော်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ။
6 783
လူငယ်တွေရဲ့ အသက်တွေ ဘဝတွေကို ချနင်းပြီး ကိုယ်ကျိုးအတွက်ပဲကြည့်နေတဲ့ အကြမ်းဖက် NUG ကကောင်တွေအနေနဲ့ မင်းတို့ကြောင့် ဘဝပျက်သွားတဲ့သူတွေ၊ ကမ္ဘာပျက်သွားတဲ့သူတွေအကြောင်းကို မင်းတို့တွေ စဉ်းစားကြည့်ဖူးလား... သူတို့မျက်ရည်တွေအတိုင်း မင်းတို့မိသားစုတွေလည်းပူလောင်ကြဦးမှာပါ.. လူငယ်တွေလည်း သဘောပေါက်ကြပေါ့...
6 783
ရခိုင်အစွန်းရောက်အကြမ်းဖက်ကောင် စာရေးဆရာအမည်ခံ ဝေဟင်အောင် က ရခိုင်အမျိုးသမီးထုနဲ့ တော်လှန်ရေးရဲမေများကို နှမချင်း မစာမနာ စော်ကားပြောဆိုနေပြီဆိုပဲ...
ရခိုင်အမျိုးသမီးတွေရဲ့ အသက်၊ လုံခြုံရေးနှင့် တရားမျှတမှုအတွက် ရခိုင်ပြည်သူတစ်ရပ်လုံးက တောင်းဆိုနေတာကို အကြမ်းဖက်တော်လှန်ရေးကို အနှောင့်အယှက်ဖြစ်တယ်ဆိုပြီး မုဒိမ်းကျင့်သတ်ဖြတ်ခံနေရတာနဲ့ပတ်သက်ပြီး နှုတ်ပိတ်ငြိမ်ခံနေရမယ်ဆိုပါလား...
မင်း အမေ၊ နှမတွေ အဲလိုဖြစ်မယ်ဆိုရင်ရော....
ဒါဟာ ရခိုင်အမျိုးသမီးတွေအားလုံးကို တန်ဖိုးမထားစော်ကားလိုက်တာပဲ...
6 783
+9
လားရှိုး ၊ ကျောက်မဲ ၊ သီပေါ ၊ နောင်ချို တိုက်ပွဲကာလ သူပုန်ဖျက်ဆီး ခွဲရုံ ၉ ရုံ ၊ ထရန်စဖော်မာ ၈၆ လုံးပြန်ပြင်နေပြီး. မကြာမှီ မီးရတော့မည် ၊ လွိုင်ကော် ၊ လွယ်လင်လေး ၊ လောပိတ ခွဲရုံ ၃ ရုံ ၊ ထရန်စဖော်မာ ၇၃ လုံး ပြင်ပြီးဖြစ်၍ မြို့ရွာများ မီးပြန်ရနေပြီဖြစ်သည်။
ခင် ညို ချော
ဇူ ၂၇ ရက်
6 783
ရန်ကုန် - ပြည် DEMU အမြန်ရထား ရန်ကုန်မှ ၅း၃၀ ထွက် ၊ ပြည် ၁၁း၃၀ ရောက် ၊ ပြည် မှ ၁၃၀၀ အချိန်ထွက် ၊ ရန်ကုန် ၁၉၀၀ အချိန်ပြန်ရောက် ၊ အထက်တန်း ၂ တွဲ ၊ ၂၀၀၀၀ ကျပ် ၊ ပထမတန်း ၄ တွဲ ၊ ၁၅၀၀၀ ကျပ် ၊ ဒညင်းကုန်း ၊ သာယာဝတီ ၊ လက်ပန်တန်း ၊ မင်းလှ ၊ ကြို့ပင်ကောက် ၊ နတ္တလင်း ၊ ပေါင်းတည် ရပ်မည်။
ခင် ညို ချော
ဇူ ၂၆
6 783
+3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် အမျိုးသားစာကြည့်တိုက်(ရန်ကုန်)နှင့် အမျိုးသားပြတိုက်(ရန်ကုန်) တိုသို
သွားရောက်ကြည့်ရှုစစ်ဆေးချက်များမှ ကောက်နုတ်ချက်
6 783
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဝဇီရာနိုင်ငံတကာအဆင့်မီ ဂုဏ်ပြုဇာတ်ရုံ ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ဂုဏ်ပြုအမှာစကားပြောကြားချက်မှ ကောက်နုတ်ချက်
6 783
မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်နှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုအပေါ်
နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ
ဒေါက်တာ ဒေါ်ခိုင်ခိုင်စိုး၏ ဖြေကြားချက်
6 783
+6
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၊ ဒီဇယ်စက်ခေါင်းရုံ(မလွှကုန်း)သို့ သွားရောက်ကြည့်ရှုစစ်ဆေး
ပြည်ပမှရထားတွဲတည် ဆောက်မှုနည်းပညာများကို စဉ်ဆက်မပြတ်လေ့လာပြီး မိမိတို့နိုင်ငံ၏ ရထားတွဲ တည်ဆောက်မှုများ ပိုမိုတိုးတက်လာစေရေး ဆောင်ရွက်သွားရန်လိုကြောင်း
နေပြည်တော်၊ ဇူလိုင် - ၂၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၊ ဒီဇယ်စက်ခေါင်းရုံ(မလွှကုန်း)သို့ သွား ရောက် ကြည့်ရှု စစ်ဆေးသည်။
