3 527
المشتركون
-124 ساعات
-117 أيام
-5030 أيام
أرشيف المشاركات
3 527
မွေးရာပါ HIV ပိုးကူးစက်ခံထားရတဲ့ အမျိုးသားဟာ အိမ်ထောင်ပြု၊ ကလေးယူလို့ရလား? ဗီဒီယိုလေးထဲမှာ အဖြေရှာကြည့်လိုက်ရအောင်။
စိတ်၀င်စားဖို့ကောင်းပြီး ပညာရမယ့် Video လေးတွေ ကြည့်ဖို့ ဒီကို နှိပ်ပြီး U=U ရဲ့ TikTok Channel ကို Follow လုပ်ပါ - https://bit.ly/3NTDec3
#UequalsUMyanmar #TheRoom
3 527
ခရစ်စမတ်နဲ့ နှစ်သစ်အချိန်အခါမှာ HIV နဲ့ ပတ်သက်တဲ့ ရှေးရိုးစွဲအယူအဆတွေနဲ့ ခွဲခြားနှိမ့်ချဆက်ဆံတာတွေကို အဆုံးသတ်လိုက်ကြပါစို့။
HIV ကူးစက်ခံထားရပေမယ့်လည်း
🩺 ART ဆေး ပုံမှန်သောက်တယ်။
🙌 U=U အခြေအနေလည်း ရောက်နေပြီဆိုရင်
🙌 လိင်ကနေတစ်ဆင့် တစ်ဖက်လူကို HIV ပိုး မကူးစက်နိုင်တော့ပါဘူး။
ဒီအကြောင်းကို ကိုယ့်ပတ်၀န်းကျင်ကသူတွေဆီ လက်ဆင့်ကမ်း မျှဝေလိုက်ပါ။ ခရစ်စမတ်နဲ့ ၂၀၂၅ မှာ ခွဲခြားဆက်ဆံမှုကင်းတဲ့ လက်ဆောင်တွေ ပေးကြရအောင်။
#UEqualsU
#MerryChristmas
#HappyNewYear
3 527
+3
ဒီနေ့ ဒီဇင်ဘာလ (၁)ရက်နေ့မှာ ကျရောက်တဲ့ “ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ (World AIDS Day)” မှာ “ရှေ့ဆက်အတူ U=U” နဲ့အတူ ပူးပေါင်း ပံ့ပိုးပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 🤝
HIV နဲ့ AIDS လုံးဝအဆုံးသတ်သွားဖို့အတွက်
* ကာကွယ်ကုသမှုကို လူတိုင်း လက်လှမ်းမီနိုင်ရေး
* ပိုးဆက်လက်မပြန့်ပွားရေး
* HIV ပိုးကူးစက်ခံရသူကို မခွဲခြားဘဲ တန်းတူအခွင့်အရေး ပေးနိုင်ရေး တို့ကို
အားလုံးဝိုင်းဝန်းဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ 🙌
ဒါ့ကြောင့် ဒီနှစ်ဆောင်ပုဒ်အတိုင်း "အိုင်ဒီအက်စ်ကင်းဝေးဖို့၊ သာတူညီမျှအလေးပေးလို့၊ အားလုံးဝိုင်းဝန်းပံ့ပိုးစို့” နော်။
#UequalsU
#WorldAIDSDay
#TakeTheRightsPath
#အိုင်ဒီအက်စ်ကင်းဝေးဖို့သာတူညီမျှအလေးပေးလို့အားလုံးဝိုင်းဝန်းပံ့ပိုးစို့
3 527
ကိုယ့်ရဲ့ ချစ်ရသူ ဒါမှမဟုတ် လက်တွဲဖော်က HIV ပိုး ကူးစက်ခံထားရပြီ ဆိုပါစို့။ ဘယ်လိုလေး ဂရုစိုက်ကြမလဲ❓
❤️ HIV ပိုးကူးစက်ခံရသူတိုင်းအတွက် အရေးကြီးဆုံးက ART ဖြစ်ပါတယ်။ ဒါ့ကြောင့် နေ့တိုင်း အချိန်မှန် ဆေးသောက်ဖြစ်ဖို့ သတိပေးပါ။
❤ သောက်နေတဲ့ ART ထိရောက်မှု ရှိ/မရှိ သိနိုင်ဖို့က တစ်နှစ်တစ်ကြိမ် Viral Load စစ်ဆေးပေးဖို့ လိုပါတယ်။ ဒါကြောင့် ပိုးကောင်ရေ ပုံမှန် စစ်ဆေးနိုင်အောင် သတိပေးဖို့လည်း မမေ့ပါနဲ့နော်။
❤️ အားမငယ်အောင်၊ စိတ်ဓာတ်မကျအောင်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိအောင် ချစ်ရသူ၊ မိသားစုတွေက နွေးထွေးကြင်နာပေးပါ။
ချစ်ခြင်းမေတ္တာနဲ့ ဖေးမအားပေးမှုတွေက ပိုးရှိသူတွေအတွက်တော့ ရှေ့ဆက်ဖို့ အားအင်တွေ ဖြစ်ပါတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ အတူတူကျော်ဖြတ်ကြရအောင်နော်။
ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ HIVပိုးကို အနိုင်ယူလိုက်ပါ။
3 527
လောဘမကြီးပါဘူး
ဆန္ဒလေးတစ်ခုပါပဲ
.
ခု ART ဆေးကို ပုံမှန်သောက်နေတယ်။
.
သွေးစစ်လို့ HIV ပိုးထိန်းချုပ်နိုင်ပြီ၊
U=U ဖြစ်ပြီဆိုရင်...
ကျွန်တော်သိပ်ချစ်ရတဲ့သူနဲ့ တစ်မိုးအောက်မှာ တူတူနေမယ်...
ပြီးရင်သာယာတဲ့မိသားစုလေးတည်ဆောက်မယ်ဗျာ။
.
ချစ်ရတဲ့သူကို ဘေးကင်းစေချင်တဲ့
ဆန္ဒလေးတစ်ခုပါပဲ...
3 527
ART ဆေးနဲ့ ကုသမှုခံယူမယ်ဆိုရင် ပိုးမရှိသူတစ်ယောက်လိုပဲ ကျန်းမာစွာ ဘဝကို ရှင်သန်သွားနိုင်မှာပါ။🤗
HIV ပိုးရှိသွားရင် ဘဝပျက်သွားမယ်၊ လူဖြစ်ရှုံးသွားမယ်ဆိုတာတွေက ဟိုးတုန်းက အယူအဆတွေပေါ့။❌
ကိုယ့်မှာ HIV ပိုး ရှိနေနိုင်တယ်လို့ သံသယရှိရင် သွေးစစ်ဖို့ကသာ အဓိက။ 🩸
✔️သွေးစစ်ကြည့်လို့ HIV ပိုး မရှိရင် HIV ကူးစက်ခံရအောင် ဆက်လက်ကာကွယ်သွားနိုင်မယ်။
✔️ပိုးရှိနေရင်လည်း စိတ်ဓာတ်ကျသွားစရာ မလိုပါဘူး။ ဆေးပုံမှန်သောက်ကြမယ်လေ။✊
စောစောသွေးစစ်ပြီး စောစောသိရင် စောစောကုသမှုခံယူပြီး လက်ရှိဘ၀အတိုင်း ကျန်းကျန်းမာမာ ဆက်နေထိုင်သွားနိုင်ပြီပေါ့။💪
ဒါဆိုရင် HIV ပိုးစစ်ဆေးဖို့ ဘာလို့တွန့်ဆုတ်နေရဦးမှာလဲ။🤗
#UequalsU #ARTWorks
3 527
ကိုယ့်ချစ်သူနဲ့ နှစ်ယောက်တစ်ဘဝ ပေါင်းစည်းပြီး သေတစ်ပန်သက်တစ်ဆုံး အတူနေသွားကြဖို့ဆိုတာက စုံတွဲတွေတိုင်း မျှော်လင့်ကြတဲ့အရာပါ။
HIV ပိုးရှိနေလို့ ချစ်ရသူနဲ့ လမ်းခွဲလိုက်ကြရမယ်ဆိုတာမျိုးကို ဘယ်သူမှ မလိုချင်ကြဘူးပေါ့။ 🙎♀️🙎
ချစ်လျက်နဲ့ HIV ကြောင့် လမ်းခွဲရတဲ့ ခေတ်က ကျန်ခဲ့ပါပြီ။ ကုရာနတ္ထိဆေးမရှိဆိုတာ ခေတ်မီဆေးဝါးတွေမရှိခင် ဟိုးရှေးရှေးတုန်းက ပြောခဲ့ကြတာပါ။ ART ဆေးကို ပုံမှန်အချိန်မှန်သောက်ပြီး ပိုးကောင်ရေစစ်ဆေးမှုအဖြေမှာ နှစ်ကြိမ်ဆက်တိုက် ပိုးကောင်ရေမတွေ့တော့ရင် U=U အခြေအနေကို ရောက်သွားပါပြီ။ အဲဒါဆိုရင် ပိုးမရှိသူတစ်ယောက်လိုပဲ သက်တမ်းစေ့ ကျန်းကျန်းမာမာ နေသွားနိုင်တယ်။ ကိုယ့်အိမ်ထောင်ဖက်နဲ့ သားသမီးယူပြီး မိသားစုဘဝထူထောင်မယ်ဆိုလည်း အိုကေတယ်နော်။ 🤰
ဒါကြောင့် HIV ပိုးရှိနေနိုင်တယ်လို့ သံသယရှိနေရင် ချက်ချင်း သွေးစစ်မယ်။ စောနိုင်သမျှအစောဆုံး ART ဆေးနဲ့ ကုသမှုခံယူမယ်။ ပိုးကောင်ရေကို ပုံမှန်စစ်ဆေးပြီး Not Detected, Undetectable အဖြေရအောင် ကြိုးစားမယ်။ U=U အခြေအနေကို ရောက်သွားပြီဆိုရင် အသည်းကွဲစရာ မလိုတော့ပါဘူးနော်။ 👩❤️💋👨
3 527
🩸 HIV ပိုးကူးနိုင်တဲ့ အခြေအနေနဲ့ ထိတွေ့ထားတဲ့ ဘော်ဒါတွေနဲ့ ဆုံရင် သွေးစစ်ဖို့ အကြံပေးပါ။
💊 HIV ပိုးကူးစက်ခံထားရရင် ART ဆေးနဲ့ ကုသမှု ခံယူဖို့ တိုက်တွန်းပါ။
🥳 ART ဆေးသောက်နေသူတွေက ကျန်းမာပြီး သက်တမ်းစေ့နေနိုင်တယ်။ ပိုးထိန်းချုပ်နိုင်တဲ့ အခြေအနေဖြစ်သွားရင်လည်း ကိုယ့်အဖော်ဆီကိုလည်း လိင်မှတစ်ဆင့် ပိုးမကူးနိုင်တော့ဘူး ဆိုတဲ့ U=U သတင်းစကားကို မျှဝေပါ။
🤝 ART ဆေးသောက်နေတဲ့ HIV ပိုးရှိသူတွေက U=U ဖြစ်အောင် ကြိုးစားနေထိုင်ပြီး ပတ်၀န်းကျင်ကို HIV ပိုး ဖြန့်ဖြူးသူမဖြစ်အောင် တာ၀န်ယူထားကြသူတွေဖြစ်လို့ ပစ်ပယ်တာ နှိမ်ချတာတွေ မလုပ်သင့်ပါဘူး။
HIV ပိုးကူးစက်ခံတဲ့သူတိုင်းက ပိုးထိန်းထားမယ်။ U=U ဖြစ်နေမယ်ဆိုရင် တခြားသူဆီကို ပိုးကူးစက်နိုင်ခြေက တဖြည်းဖြည်းလျော့ကျလာပြီးတော့ နောက်ဆုံးမှာ ကျွန်တော်တို့အားလုံး မျှော်လင့်တဲ့ လူမှုပတ်၀န်းကျင်ကနေ HIV ပိုးက နှုတ်ဆက်ထွက်ခွာသွားမှာပဲဖြစ်ပါတယ်။
3 527
HIV လို့ ပြောတဲ့အခါ ကိုယ်နဲ့ မသက်ဆိုင်ဘူးလို့ ခံစားမိနေတုန်းလား။ HIV ကာကွယ်ရေးနည်းလမ်းတွေကိုရော သိသလိုလို မသိသလိုလို ဖြစ်နေတုန်းလား။ ဒါဆိုရင် ဒီပို့စ်က သင့်အတွက်ပါ။ HIV ကူးစက်ခံရတာကနေ ကာကွယ်ဖို့ဆို
👩❤️💋👨အတူနေချိန်တိုင်း ကွန်ဒုံးသုံးပါ။
💉 အပ်နဲ့ချွန်ထက် ပစ္စည်းတွေ သုံးရမယ့်အချိန်တိုင်းမှာ တစ်ခါသုံး ပစ္စည်းတွေကိုပဲ သုံးပါ။ အခြားသူတွေနဲ့ ဝေမျှ မသုံးစွဲပါနဲ့။
ကိုယ်တိုင် HIV ပိုးမရှိရုံနဲ့ အေးဆေးဖြစ်ပြီလားဆိုရင် အဖြေကတော့ မဖြစ်သေးဘူးလို့ပဲ ပြောပါရစေ။ ဘာလို့လဲဆိုတော့…ကျွန်တော်တို့ ပတ်၀န်းကျင်မှာ ကိုယ်တိုင် HIV ပိုးရှိမှန်း မသိသေးတဲ့သူတွေ၊ ကုသမှုမခံယူရသေးတဲ့ HIV ကူးစက်ခံရသူတွေ ကျန်နေသေးလို့ပါပဲ။ ကူးစက်မှုတွေ စတင်တဲ့နေရာပေါ့ဗျာ။
3 527
😋ONS မယ် High fun မယ် ဆိုရင် HIV ကိုတော့ မေ့မထားနဲ့နော် အမျိုးတို့။
🔴 HF မူးယစ်ဆေးတွေက နှစ်ဦးသားပဲဖြစ်ဖြစ်၊ group နဲ့ပဲဖြစ်ဖြစ် လိင်ဆက်ဆံတဲ့အခါ အချိန်ကြာကြာဆက်ဆံနိုင်ဖို့အတွက် အသုံးပြုကြပါတယ်။
ဒီမူးယစ်ဆေးတွေက ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်တာမို့ မသုံးတာတော့ အကောင်းဆုံးပါပဲ။
ဒါပေမယ့် မူးယစ်ဆေးသုံးဖြစ်သွားပြီး အရမ်းတက်ကြွနေတဲ့ အခြေအနေမှာ HIV ကာကွယ်ဖို့ -
❤️🔥အမျိုးသားသုံး/ အမျိုးသမီးကွန်ဒုံးကို စနစ်တကျနဲ့ အမြဲတမ်း အသုံးပြုသင့်ပါတယ်။
💝ကွန်ဒုံးကို တခြား HIV ကာကွယ်ရေးနည်းလမ်းတွေနဲ့လည်း တွဲဖက်သင့်ပါတယ်။
ဥပမာ PrEP ပေါ့။ PrEP လည်း On ထား.. စနစ်တကျ ကွန်ဒုံးကိုလည်း သုံးပြီး နှစ်ထပ်ကွမ်း ကာကွယ်ပြီးမှသာ… ကဲ။ ✌️
HIV ရှိမရှိ ပုံမှန် သွေးစစ်ဖို့ကတော့ အရေးကြီးဆုံး။
3 527
လူတစ်ဦးနဲ့တစ်ဦး ရည်မှန်းချက်တွေ၊ ပန်းတိုင်တွေ မတူညီကြပါဘူး။ ရှင်သန်နေထိုင်ပုံချင်းလည်း ကွာခြားကြပါတယ်။
ဒီလိုကြိုးစားရင်း ခလုတ်တိုက်လဲကျတတ်တာလည်း သဘာဝပဲ မဟုတ်လား။ လဲကျတိုင်း ပြန်ထတတ်ဖို့နဲ့ အကောင်းဆုံး ဆက်လက် ကြိုးစားနိုင်ဖို့ကတော့ အရေးအကြီးဆုံးပါပဲ။ စိတ်ဓာတ်ကျနေတာက အဖြေမဟုတ်ပါဘူး။
အရှုံးမပေးဘဲ ရည်မှန်းထားတဲ့ဆီရောက်အောင် အကောင်းဆုံး ဘယ်လိုရှေ့ဆက်ရမလဲဆိုတာ ဒီဗီဒီယိုကိုကြည့်ရင်း ခွန်အားယူလိုက်ကြရအောင်။ https://youtu.be/uicOlMLijAw?si=7mMwNaRT6dW6uxQD
3 527
ကိုယ်ခံအားနည်းနေတဲ့ HIV ပိုးရှိသူတွေမှာတော့
တီဘီပိုးက အဆုတ်တင်မကဘဲ သွေးထဲကတစ်ဆင့် ပျံ့နှံ့နိုင်လို့ အခြားကိုယ်အင်္ဂါ အစိတ်အပိုင်းတွေဆီပါ ရောက်ဖို့ ပိုလွယ်ကူပါတယ်။ 😮😮
ကိုယ်ခံအားအလွန်အမင်းကျဆင်းနေရင် တီဘီရောဂါရှိနေလည်း သလိပ်စစ်ကြည့်တဲ့အခါ တီဘီပိုး မတွေ့နိုင်ပါဘူး။ 🙁🙁
HIV ပိုးရှိသူတွေမှာလည်း တီဘီရောဂါ အဖြစ်များလို့ တီဘီရောဂါလက္ခဏာမရှိဘူးဆိုရင်တောင် ကျွမ်းကျင်သူတွေက တီဘီကာကွယ်ဆေး သောက်ဖို့ ညွှန်းကြတာပေါ့ဗျာ။ ဒါကြောင့် တီဘီဆေး ဖြစ်ဖြစ်၊ တီဘီကာကွယ်ဆေးဖြစ်ဖြစ် သောက်သုံးဖို့ ဆရာဝန်/ ဆရာမက ညွှန်ကြားလာပြီဆိုရင် သေချာသောက်ရပါမယ်။ ✅💊
တီဘီဆေးတွေက ပြင်းတယ်၊ ဆေးပူတွေ ဆိုတာက ယုံတမ်းစကားတွေပါ။ ဆေးသောက်နေရင်း တစ်ခုခု ခံစားရရင် ဆေးခန်းမှာ ပြောပြဖို့တော့ လိုပါတယ်။ ဒါမှသာ အားလုံး လိုချင်ကြတဲ့ ကျန်းမာပျော်ရွှင်ပြီး သက်တမ်းစေ့နေနိုင်တဲ့ ဘဝကို ရကြမှာပေါ့ဗျာ။ 🤩🤩
3 527
+3
ဘယ်သူမဆို တီဘီရောဂါဖြစ်နိုင်တဲ့ အခြေအနေ နှစ်ခုရှိပါတယ်။
1️⃣အရင်တုန်းက ရှူရှိုက်မိပြီး ခန္ဓာကိုယ်ထဲမှာ ခိုအောင်းနေတဲ့ တီဘီပိုး နဲ့
2️⃣အခုမှ ရှူရှိုက်မိတဲ့ တီဘီပိုး။
ဘယ်အချိန်မှာပဲ ကူးလာ ကူးလာ၊ တီဘီပိုးတွေ ပွားများလာတဲ့အခါကျ တီဘီရောဂါဖြစ်လာတော့တာပါပဲ။
ကိုယ်ခံအားကောင်းတဲ့လူတွေမှာ တီဘီရောဂါဖြစ်ရင် သလိပ်စစ်ရုံနဲ့ တီဘီပိုးတွေ့ဖို့လွယ်လို့ တီဘီရောဂါရှိမှန်း အလွယ်တကူ သိနိုင်တယ်။
ကိုယ်ခံအားနည်းနေတဲ့ HIV ပိုးရှိသူတွေမှာတော့
တီဘီပိုးက အဆုတ်တင်မကဘဲ သွေးထဲကတစ်ဆင့် ပျံ့နှံ့နိုင်လို့ အခြားကိုယ်အင်္ဂါ အစိတ်အပိုင်းတွေဆီပါ ရောက်ဖို့ ပိုလွယ်ကူပါတယ်။ 😮😮
ကိုယ်ခံအားအလွန်အမင်းကျဆင်းနေရင် တီဘီရောဂါရှိနေလည်း သလိပ်စစ်ကြည့်တဲ့အခါ တီဘီပိုး မတွေ့နိုင်ပါဘူး။ 🙁🙁
3 527
ဟိုအဖု ၊ ဒီအဖု ဟိုနားယားတာ ဒီနားယားတာတွေကို ကြည့်ပြီး HIV ပိုးရှိမရှိ ကောက်ချက်ချလို့ မရဘူးနော်။ 🚫🚫
HIV ပိုးကူးစက်နိုင်တဲ့ အပြုအမူလည်း လုပ်ထားတယ်၊ ကိုယ့်ကိုယ်ကိုယ်လည်း သံသယရှိတယ်ဆိုရင် သွေးစစ်ဖို့က အရေးကြီးဆုံး။ 🩸🩸
ဒီလိုသွေးမစစ်ဘဲ အင်တာနက်ပေါ်မှာ လိုက်ရှာပြီး ကိုယ့် ခြင်ကိုက်ဖု၊ မိတ်ဖုတွေနဲ့ တိုက်စစ်ရင်တော့ အလဟဿ စိုးရိမ်တာပဲ အဖတ်တင်မှာပေါ့ဗျာ။ HIV ပိုးက ခုခံအားကို ဖျက်ဆီးတယ်။ မသိလိုက် မသိဘာသာပဲ နေရင်တော့ အချိန်ကြာလာတာနဲ့အမျှ ခုခံအားစနစ်ပျက်စီးပြီး ခုခံအားကျတဲ့ရောဂါ ဖြစ်နိုင်တာပေါ့။
အချိန်မီသိရင်တော့ ART ဆေးမှန်မှန်သောက်ပြီး ခုခံအားစနစ် မပျက်စီးအောင် တားဆီးနိုင်ပါတယ်။ ကျန်းကျန်းမာမာလည်း နေနိုင်ပါတယ်။ 👫👬
ရောဂါလက္ခဏာတွေကို ကြည့်ရုံနဲ့ HIV ပိုး ရှိ/မရှိ ဘယ်လိုမှ မသိနိုင်လို့ စောစောသိ၊ စောစောကုသနိုင်ဖို့ အခုပဲ သွေးသွားစစ်ကြည့်လိုက်ကြရအောင်ဗျာ။ 🌟🌟
3 527
HIV က ဒီ လို မတော်တဆမှုတွေကနေလည်း ကူးနိုင်တယ်ဆိုတာ သိထားလား သူငယ်ချင်း။
🛑 HIV ပိုးရှိသူရဲ့ သွေးကိုသွင်းမိတာ
🛑 HIV ပိုးရှိသူမိခင် မှ သန္ဓေသားကို ကူးစက်တာ
🛑 မသန့်ရှင်းတဲ့ ဆေးထိုးအပ်၊ ဆေးထိုးပြွန်ကနေ ကူးစက်ခံရတာ
🛑 မိမိအိမ်ထောင်ဖက်ကနေ ကူးစက်ခံရတာ
ဒါကြောင့်မို့ HIV ပိုးကူးစက်ခံရသူတိုင်းကို ကိုယ့်အထင်တစ်ခုတည်းနဲ့ အလွယ်တကူ တံဆိပ်ကပ်တာမျိုး လုံးဝ မလုပ်သင့်ပါဘူး။
3 527
HIV ပိုးရှိသူတွေက အိမ်ထောင်ပြုကလေးယူလို့ရတယ်ဆိုတာ တကယ်ရော ဟုတ်ပါ့မလား။
#UequalsUMyanmar
3 527
ဘဝဇာတ်ကြောင်းအမျိုးမျိိုးနဲ့ ရောက်ရှိလာတဲ့သူတွေကို နှစ်သိမ့်ဆွေးနွေး ပညာပေးနေသူတစ်ဦး…
Counsellor တစ်ယောက်ဖြစ်ဖို့အတွက် သူ့ဘဝရဲ့ ဘယ်အရာတွေကများ ကြီးမားတဲ့ တွန်းအားဖြစ်စေခဲ့တာလဲ။
Counsellor တစ်ယောက်ရဲ့ ဖြစ်တည်မှုကို သိနိုင်ဖို့ "The Room" ဇာတ်လမ်းတွဲရဲ့ နောက်ဆုံးအပိုင်းမှာ ကြည့်ရှုနိုင်ပါပြီ။
တစ်ခုခု မေးလိုတာရှိရင် @UUAdmin1 မှာလည်းလာမေးလိုရပါတယ်။
https://youtu.be/LgrmLJuxc6w?si=4OcZZL6fquLRxfhj
3 527
U=U အကြောင်းကို သိပြီးသွားပြီလား။ U=U ဆိုတာကတော့ Undetectable = Untransmittable ရဲ့အတိုကောက်ဖြစ်ပြီး မြန်မာလို ပိုးထိန်းချုပ် = ပိုးမကူး ဖြစ်ပါတယ်။
HIV ပိုးကူးစက်ခံရသူတစ်ဦးက U=U အခြေအနေရောက်သွားရင် ကိုယ့် ပါတနာ/အိမ်ထောင်ဖက်ကိုတောင် လိင်ကနေတစ်ဆင့် HIV ပိုး မကူးစက်စေနိုင်တော့ပါဘူး။
ဒီလို U=U အခြေအနေကို ဆက်ထိန်းထားနိုင်ဖို့ဆိုရင်
✔️ ART ဆေးကို နေ့စဥ် ပုံမှန်သောက်မယ်။
✔️ နှစ်စဉ် ပိုးကောင်ရေစစ်ပြီး ပိုးကောင်ရေအဖြေမှာ Target Not detected (TND) အဖြေထွက်ရပါမယ်။
ဆေးသောက်ပျက်ကွက်ခဲ့ရင်တော့ U=U အခြေအနေ ပျက်သွားနိုင်တာကို သတိပြုရပါမယ်။
U=U နဲ့ပတ်သက်လို့ အသေးစိတ် သိချင်တာတွေ ရှိရင်လည်း ရှေ့ဆက်တို့အတူ U=U Page ရဲ့ Messenger m.me/uequalsumyanmar မှာ လာမေးလို့ရတယ်နော်။
တစ်ခုခု မေးလိုတာရှိရင် @UUAdmin1 မှာလည်းလာမေးလိုရပါတယ်။
#UequalsU
3 527
ကောင်းသည်ဆိုးသည် ရွေးချယ်ခွင့်မရှိဘဲ မွေးဖွားလာရတဲ့ဘဝမှာ အပြစ်ဖို့နေလည်း အလကားပါပဲ။
အကောင်းဆုံး ရှေ့ဆက်လျှောက်နိုင်ဖို့ကသာ အဓိက မဟုတ်လား။
ဒီအခန်းလေးက ပေးတဲ့ ခွန်အားတွေကိုသုံးပြီး ဘဝကို ဘယ်လို ရှေ့ဆက် လျှောက်လှမ်းနေကြသလဲ။
"ရှေ့ဆက်တို့အတူ U=U" ရဲ့ (၄) နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ တင်ဆက်ပေးနေတဲ့ " The Room" ဇာတ်လမ်းတွဲကို အပတ်စဥ်စောင့်မျှော် ကြည့်ရှုနိုင်ပါပြီ။
“The Room” ဇာတ်လမ်းတွဲကို “ရှေ့ဆက်တို့အတူ U=U” ရဲ့ YouTube Channel : https://youtu.be/y6glFwqxr9w?si=OUImmpyzZiKuWMFz မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။
U=U ရဲ့ အခြားသော social media channel တွေကို ကြည့်နိုင်ဖို့ https://linktr.ee/uu.mm ကို ဝင်ရောက်လိုက်ပါ။
တစ်ခုခု မေးလိုတာရှိရင် @UUAdmin1 မှာ လာမေးလိုရပါတယ်။
#UequalsU #TheRoom
