ILBC
الذهاب إلى القناة على Telegram
9 946
المشتركون
-724 ساعات
-97 أيام
-6530 أيام
أرشيف المشاركات
9 947
🌞 Summer မတိုင် TBL-EPC (Batch 2) ကို တက်ရောက်ထားနိုင်ပါပြီ!📚
အင်္ဂလိပ်စာအတန်းတွေဆိုတာ နွေရာသီမှ တက်ရမယ်လို့ မဟုတ်ဘူးနော်!
ILBC မှာဆိုရင် တစ်နှစ်ပတ်လုံး ဖွင့်ပေးနေတဲ့ အင်္ဂလိပ်စာအတန်းလေးတွေရှိပါတယ်။
လာမဲ့ November 7 ရက်နေ့မှာလည်း TBL-EPC (Batch 2) English Classes တွေကို စတင်ဖွင့်လှစ်ပေးသွားတော့မှာဖြစ်ပါတယ်။
📅 စနေ၊ တနင်္ဂနွေ (၂) ရက် တက်ရောက်နိုင်တာဖြစ်လို့
ကလေးတွေရဲ့ ကျောင်းချိန်နဲ့လည်းလွတ်
အားလပ်ရက်တွေမှာလည်း ဘာသာစကား အသစ်တစ်ခုအပေါ် အာရုံစူးစိုက်မှု ပိုရှိလာပြီး ကျောင်းသင်ခန်းစာနဲ့ နေ့စဥ်စကားပြော၊ အနာဂတ် ပညာရေးအတွက်ရော အလုပ်အကိုင်အခွင့်အလမ်းတွေအတွက်ပါ အထောက်အကူရှိစေမှာ ဖြစ်ပါတယ်။
📍 On Campus တက်လို့ရသလို
🛜 Online Learning လည်း လုပ်လို့ရတာမို့
အိမ်ကနေပဲတက်တက်၊ ကျောင်းထိပဲ လာတက်တက် အဆင်ပြေပါတယ်။
💬 တက်ရောက်ရမဲ့ Level တွေအတွက် မေးချင်တာဖြစ်ဖြစ်
အသေးစိတ်စုံစမ်းချင်တာဖြစ်ဖြစ် ကျောင်း Page Messenger လေးကို
မေးမြန်းဆက်သွယ်နိုင်ပါတယ်။
အသက် (၅) နှစ်ကနေ စတင်တက်ရောက်နိုင်ပါတယ်နော်!✅✅
𝐂𝐨𝐧𝐭𝐚𝐜𝐭 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧
Front Office: Phone (Or) Viber
09 400 7777 80
09 400 7777 90
#ILBC #ILBCinternationalschool #internationalschool #oncampusclasses #onlineclasses #englishclass
9 947
📚 𝐄𝐧𝐠𝐥𝐢𝐬𝐡 လို ပြောချင်တာတွေ အများကြီးရှိပေမဲ့ စကားလုံးတွေ ထွက်မလာဘူးလား? 🤔
ဒါဆိုရင်တော့ ILBC International School မှာ သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေနဲ့အတူ စနစ်တကျ လေ့ကျင့်သင်ယူနိုင်မဲ့ ILBC TBL-EPC (Batch 2) Classes မှာ တက်ရောက်သင့်ပါတယ်။
𝐈𝐋𝐁𝐂 𝐓𝐁𝐋-𝐄𝐏𝐂 (𝐁𝐚𝐭𝐜𝐡 𝟐) သင်တန်းမှာတော့ –
💥 ကိုယ်သိထားတဲ့ Vocabulary တွေ ပိုမိုကြွယ်ဝလာစေဖို့
💥 Grammar မှန်မှန်နဲ့ ဝါကျတွေ တည်ဆောက်တတ်လာစေဖို့
💥 အသံထွက်မှန်ကန်ပြီး အပြန်အလှန် Conversation တွေမှာ သွက်သွက်လက်လက် ပြောဆိုနိုင်လာစေဖို့ လေ့ကျင့်သင်ကြားပေးသွားမှာပါ။
ဒါ့အပြင် –
💥 AI နဲ့ Digital Learning Resources တွေကို အင်္ဂလိပ်ဘာသာနဲ့ လေ့လာနိုင်ဖို့
💥 Essay Writing, Report Writing နဲ့ Presentation Skills တွေမှာ အသုံးချနိုင်ဖို့
💥 Scholarship နဲ့ University အခွင့်အလမ်းတွေကို ရှာဖွေလေ့လာရာမှာ အဆင်သင့်ဖြစ်စေဖို့
💥 University Studies, International Education, Future Career အတွက် အထောက်အကူဖြစ်စေဖို့ အင်္ဂလိပ်စာအခြေခံကို ခိုင်ခိုင်မာမာ တည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။
━━━━━
📚 အသက် (၅) နှစ်မှ စတင်ပြီး ရွေးချယ်တက်ရောက်နိုင်မဲ့ 𝐋𝐞𝐯𝐞𝐥 တွေ –
🔹 Advanced
🔹 Upper-Intermediate
🔹 Intermediate
🔹 Pre-Intermediate
🔹 Elementary
🔹 Beginner
⟶ အခုမှ အင်္ဂလိပ်စာကို စတင်လေ့လာမဲ့ ကလေးတွေအပြင်
⟶ English Skills ကို ပိုမိုတိုးတက်အောင် Upgrade လုပ်ချင်သူတွေအတွက်ပါ
⟶ On Campus / Online စိတ်ကြိုက် ရွေးချယ်တက်ရောက်နိုင်ပါတယ်။
━━━━
📅 𝐂𝐨𝐮𝐫𝐬𝐞 𝐃𝐮𝐫𝐚𝐭𝐢𝐨𝐧
7 November, 2026 မှ 21 February, 2027 အထိ
⏰ 𝐂𝐥𝐚𝐬𝐬 𝐓𝐢𝐦𝐞𝐭𝐚𝐛𝐥𝐞
➥ Yangon, Mandalay, Nay Pyi Taw, Lashio, Monywa, Myeik
Saturday & Sunday – 8:00 AM to 12:00 Noon
➥ Taunggyi, Myitkyina
Saturday & Sunday – 9:00 AM to 1:00 PM
💻 𝐂𝐥𝐚𝐬𝐬 𝐅𝐞𝐞𝐬
➥ On Campus – 1,000,000 MMK
➥ Online – 700,000 MMK
➥ Admission Fees
⭐️ New Students – 200,000 MMK
⭐️ Old Students – 50,000 MMK
📝 𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐋𝐢𝐧𝐤𝐬
🔴 New Students – Registration Link:
https://tinyurl.com/26-27-EPC-New-Reg-Form-Batch-2
🟢 Existing Students – Registration Link:
➥ Student ID ရှိပြီးသား 2026–2027 ILBC TBL-EPC (Batch 1) တက်ရောက်ထားသူများသာ အပ်နှံရန်။
https://tinyurl.com/26-27-EPC-OldStd-Batch-2
Registration Form မှာ ဖြည့်ထားတဲ့ Email ထဲကို Confirmation Mail ဝင်လာတဲ့အခါ စာရင်းပေးသွင်းမှု အောင်မြင်ကြောင်း သိရှိနိုင်ပါတယ်။
☎️ 𝐂𝐨𝐧𝐭𝐚𝐜𝐭 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧
Front Office: Phone (Or) Viber
09 400 7777 80
09 400 7777 90
━━━━
🏫 𝐎𝐧 𝐂𝐚𝐦𝐩𝐮𝐬 𝐂𝐥𝐚𝐬𝐬𝐞𝐬 – 𝐒𝐜𝐡𝐨𝐨𝐥 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧𝐬
📍 𝙸𝙻𝙱𝙲 𝙸𝚗𝚝𝚎𝚛𝚗𝚊𝚝𝚒𝚘𝚗𝚊𝚕 𝚂𝚌𝚑𝚘𝚘𝚕 𝚈𝚊𝚗𝚐𝚘𝚗 (𝚃𝚑𝚞𝚠𝚊𝚗𝚊 𝙲𝚊𝚖𝚙𝚞𝚜)
Address: Lay Dauk Kan Road, Thuwana Football Stadium, Thingankyun Township, Yangon.
Phone: 09 262773009, 09 400777780, 09 400777790
Google Map: https://goo.gl/maps/PsPT32q83rpzhmod7
📍𝙸𝙻𝙱𝙲 𝙸𝚗𝚝𝚎𝚛𝚗𝚊𝚝𝚒𝚘𝚗𝚊𝚕 𝚂𝚌𝚑𝚘𝚘𝚕 𝙼𝚊𝚗𝚍𝚊𝚕𝚊𝚢 (𝙸𝙶𝙲𝚂𝙴 𝟷 𝙲𝚊𝚖𝚙𝚞𝚜)
Address: 30th Street, Between 53rd & 54th Street, Kankauk Ward, Chan Aye Thar Zan Township, Mandalay.
Phone: 09 402641280, 09 443771372
📍𝙸𝙻𝙱𝙲 𝙸𝚗𝚝𝚎𝚛𝚗𝚊𝚝𝚒𝚘𝚗𝚊𝚕 𝚂𝚌𝚑𝚘𝚘𝚕 𝙽𝚊𝚢 𝙿𝚢𝚒 𝚃𝚊𝚠
Address: Thazin St, Near Diplomat Zone, Dekkhinathiri Tsp, Nay Pyi Taw.
Phone: 09 940881860, 09 940881861
📍𝙸𝙻𝙱𝙲 𝙸𝚗𝚝𝚎𝚛𝚗𝚊𝚝𝚒𝚘𝚗𝚊𝚕 𝚂𝚌𝚑𝚘𝚘𝚕 𝙼𝚢𝚒𝚝𝚔𝚢𝚒𝚗𝚊 (𝙾𝙽 𝙲𝙰𝙼𝙿𝚄𝚂 𝙾𝙽𝙻𝚈)
Address: No.11, Zawkyun St., Thidar Block, Myitkyina, Myanmar.
Phone: 09 429326678, 09 970942753, 09 880923597
📍𝙸𝙻𝙱𝙲 𝙸𝚗𝚝𝚎𝚛𝚗𝚊𝚝𝚒𝚘𝚗𝚊𝚕 𝚂𝚌𝚑𝚘𝚘𝚕 𝚃𝚊𝚞𝚗𝚐𝚐𝚢𝚒 (𝚂𝚑𝚊𝚗 𝚀𝚞𝚎𝚎𝚗 𝙲𝚊𝚖𝚙𝚞𝚜)
Address: 167, B Road, Between 6th & 7th Street, Shwe Taung Kyar Housing, Shan Queen, Kan Gyi Quarter, Taunggyi.
Phone: 09 940881875, 09 404404802
📍𝙸𝙻𝙱𝙲 𝙸𝚗𝚝𝚎𝚛𝚗𝚊𝚝𝚒𝚘𝚗𝚊𝚕 𝚂𝚌𝚑𝚘𝚘𝚕 𝙻𝚊𝚜𝚑𝚒𝚘
Address: No. (11/kha), Lwe Kan Mein Block, Dhamma Yeikthar Street, Region (16), 8th Quarter, Lashio.
Phone: 09 757179659, 09 256072478
📍𝙸𝙻𝙱𝙲 𝙸𝚗𝚝𝚎𝚛𝚗𝚊𝚝𝚒𝚘𝚗𝚊𝚕 𝚂𝚌𝚑𝚘𝚘𝚕 𝙼𝚢𝚎𝚒𝚔
Address: Maharsi Sarsana Yeikthar St., La Min Yard, La Min Qtr, Yaypone Estate, Myeik.
Phone: 09 8627077, 09 8763521, 09 897 366132, 09 752766132, 09 955266132
📍𝙸𝙻𝙱𝙲 𝙸𝚗𝚝𝚎𝚛𝚗𝚊𝚝𝚒𝚘𝚗𝚊𝚕 𝚂𝚌𝚑𝚘𝚘𝚕 𝙼𝚘𝚗𝚢𝚠𝚊 (𝙾𝙽𝙻𝙸𝙽𝙴 𝙾𝙽𝙻𝚈)
Phone: 09 967733334
#ILBC #ILBCinternationalschool #internationalschool #oncampusclasses #onlineclasses #englishclass
9 947
🌎 English ကို စာမေးပွဲအတွက်တင်မဟုတ်ဘဲ ဘဝတစ်လျှောက် အသုံးချနိုင်ဖို့ သင်ကြားပေးသွားမဲ့ ILBC TBL-EPC (Batch 2) Classes!
အသက် (၅) နှစ်ကစလို့ အင်္ဂလိပ်စာကို Grammar, Vocabulary, Pronunciation တွေအားလုံးကို စနစ်တကျနဲ့ ပိုင်ပိုင်နိုင်နိုင် သင်ယူချင်တဲ့ ကလေးတွေအတွက် ILBC International School က ဆရာ၊ ဆရာမတွေနဲ့ သင်ကြားနိုင်မဲ့ ILBC TBL-EPC (Batch 2) အင်္ဂလိပ်စာ တန်းခွဲတွေရှိပါတယ်။
ဒီအတန်းတွေမှာတော့ -
Reading Comprehension, Grammar, Punctuation, Essay & Letter Writing စတဲ့ အင်္ဂလိပ်စာစွမ်းရည်တွေကို တိုးတက်လာစေဖို့အပြင် လက်တွေ့အသုံးချနိုင်တဲ့ ဘာသာစကားစွမ်းရည်တွေကိုပါ လေ့ကျင့်သင်ယူနိုင်မှာ ဖြစ်ပါတယ်။
👩🏫 ILBC ရဲ့ Professional Development Programme ကို တက်ရောက်ထားပြီး Child Psychology ကို နားလည်တတ်ကျွမ်းတဲ့ အတွေ့အကြုံရှိ ဆရာ၊ ဆရာမတွေက စာတွေ့၊ လက်တွေ့ နှစ်မျိုးစလုံးနဲ့ စနစ်တကျ သင်ကြားပေးသွားမှာပါ။
👧🏻 အသက် ၅ နှစ်မှ ၁၆ နှစ်အထိ တက်ရောက်နိုင်ပြီး On Campus နဲ့ Online Classes နှစ်မျိုးထဲက ကိုယ်နဲ့အဆင်ပြေရာကို ရွေးချယ်နိုင်ပါတယ်။
ဘာသာစကားတစ်ခုကို ငယ်ငယ်ကတည်းက ကြိုတင်သင်ယူပြင်ဆင်ထားခြင်းက ကျောင်းစာသင်ခန်းထဲအတွက်တင်မဟုတ်ဘဲ နေ့စဉ်ဘဝ၊ တက္ကသိုလ်ရွေးချယ်မှု၊ အလုပ်လျှောက်ထားမှု အခွင့်အလမ်းတွေအတွက်ပါ သော့ချက်တစ်ခု ဖြစ်စေမှာပါ။
ဒါကြောင့် အခုပဲ Register လုပ်လိုက်ပါ။
📅 Course Duration
7 November, 2026 မှ 21 February, 2027 အထိ
💰 Complete Course Fees
🟢 On Campus – 1,000,000 MMK
🔵 Online – 700,000 MMK
Admission Fees
• New Students – 200,000 MMK
• Old Students – 50,000 MMK
📍 On Campus Classes ကို Yangon, Mandalay, Nay Pyi Taw, Lashio, Monywa, Myeik, Taunggyi နဲ့ Myitkyina မြို့တွေမှာ တက်ရောက်နိုင်ပါတယ်။
📝 Registration Links
🔴 New Students
Registration Link: https://tinyurl.com/26-27-EPC-New-Reg-Form-Batch-2
🟢 Student ID ရှိပြီးသား 2026-2027 ILBC TBL-EPC (Batch 1) တက်ရောက်ထားသူများသာအပ်နှံရန်
Existing Students - Registration Link: https://tinyurl.com/26-27-EPC-OldStd-Batch-2
Registration Form မှာ ဖြည့်ထားတဲ့ Email ထဲကို Confirmation Mail ဝင်လာတဲ့အခါ စာရင်းပေးသွင်းမှု အောင်မြင်ကြောင်းသိနိုင်ပါတယ်။
အသေးစိတ်ကိုတော့ အောက်ပါ ဖုန်းနံပါတ်တွေကို ဆက်သွယ်နိုင်ပါပြီ။
☎️ Front Office: 09 400 7777 80 , 09 400 7777 90
📲 Viber: 09 400 7777 80 , 09 400 7777 90
▬▬ ▬▬ ▬▬
On Campus Classes ဖွင့်လှစ်ပေးသွားမည့်ကျောင်းခွဲများ
🏫 ILBC International School Yangon (Thuwana Campus)
Address: Lay Dauk Kan Road, Thuwana Football Stadium, Thingankyun Township, Yangon.
Phone: 09262773009, 09 400777780, 09 400777790
Google Map: https://goo.gl/maps/PsPT32q83rpzhmod7
🏫 ILBC International School Mandalay (IGCSE 1 Campus)
Address: 30th Street, Between 53rd & 54th Street, Kankauk Ward, Chan Aye Thar Zan Township, Mandalay.
Phone: 09 402641280, 09 443771372
🏫 ILBC International School Nay Pyi Taw
Address: Thazin St, Near Diplomat Zone, Dekkhinathiri Tsp, Nay Pyi Taw.
Phone: 09 940881860, 09 940881861
🏫 ILBC International School Myitkyina (ON CAMPUS ONLY)
Address: No.11, Zawkyun St., Thidar Block, Myitkyina, Myanmar.
Phone: 09 429326678, 09 970942753, 09 880923597
🏫ILBC International School Taunggyi (Shan Queen Campus)
Address: 167, B Road, Between 6th & 7th Street, Shwe Taung Kyar Housing, Shan Queen, Kan Gyi Quarter, Taunggyi.
Phone: 09 940881875, 09 404404802
🏫 ILBC International School Lashio
Address: No. (11/ kha), Lwe Kan Mein Block, Dhamma Yeikthar Street, Region (16), 8th Quarter, Lashio.
Phone: 09 757179659, 09 256072478
🏫 ILBC International School Myeik
Address: Maharsi Sarsana Yeikthar St., La Min Yard, La Min Qtr, Yaypone Estate, Myeik.
Phone: 09 8627077, 09 8763521, 09 897 366132, 09 752766132, 09 955266132
🏫ILBC International School Monywa (ONLINE ONLY)
Phone: 09967733334
#ILBC #ILBCinternationalschool #internationalschool #oncampusclassses #onlineclasses #englishclass
9 947
📢 Join the ILBC Team as an Invoicing Assistant!
စာရင်းဇယားတွေကို သေချာကိုင်တွယ်နိုင်ပြီး ဂဏန်းတွေ၊ Excel နဲ့ Data တွေကြား လုပ်ကိုင်ရတာ နှစ်သက်သူတွေအတွက် ILBC မှာ Invoicing Assistant ရာထူး ခေါ်ယူနေပါပြီ။
အလုပ်လျှောက်ထားရန် လိုအပ်ချက်များ
★ Diploma သို့မဟုတ် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူ ဖြစ်ရမည်။
★ Microsoft Office အပြင် Excel ကို ကောင်းမွန်စွာ အသုံးပြုနိုင်သူဖြစ်ရမည်။
★ ဂဏန်းများ၊ တွက်ချက်မှုများနှင့် Data Entry ပိုင်းတွင် ကျွမ်းကျင်သူဖြစ်ရမည်။
★ အချက်အလက်များကို အသေးစိတ် ဂရုတစိုက် စစ်ဆေးနိုင်ပြီး တိကျမှန်ကန်မှုရှိသူဖြစ်ရမည်။
★ English Communication & Writing Skills ကောင်းမွန်သူဖြစ်ရမည်။
★ အလုပ်များကို စနစ်တကျ စီမံနိုင်ပြီး Time Management ကောင်းမွန်သူဖြစ်ရမည်။
★ သက်ဆိုင်ရာဌာနများနှင့် လိုက်လျောညီထွေစွာ ပူးပေါင်းလုပ်ကိုင်နိုင်သူဖြစ်ရမည်။
★ တာဝန်ယူမှုရှိပြီး စိတ်ရှည်ကာ မိမိနှင့်သက်ဆိုင်သော ပညာရပ်အသစ်များကို လေ့လာနိုင်သူဖြစ်ရမည်။
✅️ Invoicing, Accounting, Finance သို့မဟုတ် Administration ပိုင်း အတွေ့အကြုံရှိသူကို ဦးစားပေးခေါ်ယူပါမည်။
လုပ်ဆောင်ရမည့် တာဝန်များ
ꪜ ကျောင်းသားများ၏ Invoices များကို တိကျမှန်ကန်စွာ ပြင်ဆင်၊ စစ်ဆေးပေးရမည်။
ꪜ Student Master Files များကို စနစ်တကျ သိမ်းဆည်းပြီး Update ပြုလုပ်ရမည်။
ꪜ Registration Fees, School Fees, Discounts, FOC, Sibling Discounts နှင့် သက်ဆိုင်ရာ Fees များကို စစ်ဆေးရမည်။
ꪜ အတည်ပြုထားသော Student Program, Campus နှင့် Dropout အပြောင်းအလဲများကို ဆောင်ရွက်စီမံရမည်။
ꪜ Daily Amendment Files နှင့် Supporting Documents များကို ထိန်းသိမ်းရမည်။
ꪜ IT, Accounting, HR, Front Office, School Departments များနှင့် သက်ဆိုင်ရာအသင်းအဖွဲ့အလိုက် Fee-related ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်ရမည်။
ꪜ Calculation များကို စစ်ဆေးပြီး Invoice ကွာဟချက်များကို ရှာဖွေ စိစစ်ရမည်။
ꪜ Invoicing Department ၏ SOPs နှင့် Approval Procedures များကို လိုက်နာနိုင်ရမည်။
ꪜ တာဝန်ယူမှု တာဝန်ခံမှုရှိပြီး၊ ကျောင်းလုပ်ငန်းခွင်တွင် လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
📍 Work Location: ILBC Campus (Yangon)
🕘 Work Hours: 8:00 am to 4:00 pm (Monday to Friday), Half Day (Saturday or Sunday)
စိတ်ဝင်စားသူများအနေဖြင့် 25 September, 2026 (Friday) နောက်ဆုံးထားပြီး
📧 recdept@ilbcedu.com သို့ Email ပေးပို့ လျှောက်ထားနိုင်ပါသည်။
စိစစ်ရွေးချယ်ခံရသောသူများကို ပြန်လည်ဆက်သွယ်ပေးသွားပါမည်။
9 947
🎉 KooBits CP Donation Challenge မှာ CP 2 Million နီးပါးအထိ ရထားပြီနော်!
KooBits Application ကို အသုံးပြုပြီး Maths နဲ့ Science ဘာသာရပ်တွေကို လေ့လာနေကြတဲ့ ILBC Primary 1 မှ Primary 6 ကျောင်းသူ၊ ကျောင်းသားတွေရဲ့ စုပေါင်းကြိုးစားမှုကနေ သတင်းကောင်းလေးတစ်ခု ထပ်မံရရှိလာပါပြီ။
ဩဂုတ်လ ၁ ရက်နေ့ကစတင်ခဲ့တဲ့ CP Donation Challenge ရဲ့ Peer Challenge, Sunday Mini Challenge နဲ့ Daily Challenge တွေမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ကြိုးစားလေ့ကျင့်မှုကြောင့် အခုဆိုရင် CP ပေါင်း 2 Million နီးပါးအထိ ရရှိထားပြီပဲ ဖြစ်ပါတယ်။
Learning Hours တွေကို အကျိုးရှိရှိ အသုံးချရင်း Challenge တွေမှာ အားတက်သရော ပါဝင်လေ့ကျင့်ပေးခဲ့ကြတဲ့ ကျောင်းသူ၊ ကျောင်းသား တစ်ဦးတစ်ယောက်ချင်းစီကို ILBC ကနေ ကျေးဇူးတင်ဂုဏ်ပြုလိုက်ရပါတယ်။ ❤️
ILBC Primary 1 to Primary 6 students have reached nearly 2 Million CP through their active participation in KooBits’ CP Donation Challenge, where they have been learning Maths and Science through Peer Challenges, Sunday Mini Challenges and Daily Challenges since August 1. ILBC proudly congratulates and appreciates every student for their dedication, enthusiasm and continued commitment to learning.
#ILBC #ILBCinternationalschool #internationalschool #koobits #maths #singaporemaths #science #CPchallenge #2millionpoints
9 947
🌟 Saungpokki Thai Language – Basic Level Regular Class 🌟
ထိုင်းဘာသာစကား အခြေခံ ရှိပြီးသားသူများအတွက် Saungpokki ရဲ့ Basic Level Regular Class လေးကို လာမည့် စက်တင်ဘာလ (၉) ရက်နေ့မှာ စတင်ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။ 💛
ဒီအတန်းလေးမှာဆိုရင် ကျောင်းသား/သူများအနေဖြင့် ဗျည်းနှင့် သရ မှန်မှန်ကန်ကန် အသံထွက်ဖတ်နိုင်ရန် သင်ခန်းစာများ၊ ထိုင်းဘာသာစကားပြောဆိုရာတွင် အသံအနိမ့်အမြင့် (Thai Tones) သင်ခန်းစာများကိုပါ စနစ်တကျ သင်ကြားပေးသွားမည်ဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ဝင်စားစရာ ထိုင်းပုံပြင်လေးများကိုပါ ဖတ်ရှုရင်း နေ့စဉ်အသုံးချနိုင်မဲ့ ထိုင်းစကားပြောသင်ခန်းစာများကိုပါ လက်တွေ့ရဲရဲဝံ့ဝံ့ ပြောဆိုနိုင်အောင် အနီးကပ် လေ့ကျင့်ပေးသွားမှာဖြစ်လို့ စကားပြောခြင်းစွမ်းရည်များကို သိသိသာသာ တိုးတက်လာစေမှာဖြစ်ပါတယ်။
ဒီအတန်းလေးမှာ ဘယ်သူတွေတက်ရောက်သင့်လဲ?
Thai Language (Thai Consonants) အခြေခံရှိပြီးသားသူများ။
ILBC ကျောင်းသားများအနေဖြင့် Thai PLC (Level-1) ပြီးစီးထားသူများအတွက် အထူးသင့်တော်ပါတယ်။
Saungpokki ရဲ့ Basic Level Regular Class တွင်သင်တန်းကာလအနေနဲ့ကတော့ ၂ လကြာမြင့်မှာဖြစ်ပြီး သင်တန်းကြေးအနေနဲ့ကတော့ မြန်မာငွေ ၁သိန်းကျပ်သာကျသင့်မှာဖြစ်ပါတယ်။ ထို့အပြင် သင်ခန်းစာတွေကို လေ့ကျင့်ရာမှာ အထောက်အကူဖြစ်စေမယ့် Manual Practice Book-2 ကိုလည်း ၅၀,၀၀၀ ကျပ်နဲ့ ရယူနိုင်မှာဖြစ်ပါတယ်။ PLC Level-2 ကို တက်ရောက်ထားပြီး Manual Practice Book-2 ရှိပြီးသားသူများအနေဖြင့် စာအုပ်ထပ်မံဝယ်ယူရန် မလိုအပ်ပါဘူးနော်။ ဒါကြောင့် ထိုင်းဘာသာစကားကို တိုးတက်ကောင်းမွန်အောင်တည်ဆောက်လိုသူများအတွက် အခွင့်အရေးကောင်းတစ်ရပ် ဖြစ်တာမို့ အခုပဲစာရင်းသွင်းလာရောက်အပ်နှံလိုက်တော့နော်။ 📚✨
🌐 သင်တန်းအပ်နှံရန် - https://www.saungpokki.com.sg/
သင်တန်းအသေးစိတ်ကိုလည်း
📫 Telegram: https://t.me/Saungpokki_Official
�� Saungpokki Facebook Page Messenger
📧 Email: saungpokki@ilbc.edu.mm
☎️ Saungpokki Technical Hotline: 09 777450999 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
9 947
အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေနေသူများအတွက် ILBC Yangon Campus တွင် Cashier ဝန်ထမ်းများ ခေါ်ယူနေပါသည်။
Cashier အဖြစ်လျှောက်ထားသူသည် -
📌 နေ့စဥ်၊ လစဥ် ဝင်ငွေနှင့် အသုံးစရိတ်ရှင်းတမ်းများကို တိကျစွာ စီမံခန့်ခွဲနိုင်ရမည်။
📌 လိုအပ်ပါက တာဝန်ကျရာရုံးသို့ သွားရောက်နိုင်ရမည်။
📌 ငွေရှင်းစာအုပ်တွင် Register ပြုလုပ်နိုင်သူဖြစ်ရမည်။
📌 စာရင်းကိုင်ပညာရပ်နှင့်ပတ်သက်ပြီး အခြေခံရှိရမည်။
အလုပ်လျှောက်ထားရန် လိုအပ်ချက်များ
____________________________________
🔔 တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
🔔 LCCI Level 2 နှင့်အထက် ရှိရမည်။
🔔 သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်တွင် လုပ်ငန်းအတွေ့အကြုံ (၁)နှစ်ရှိရမည်။
🔔 ကိုယ်ရည်ကိုယ်သွေးကောင်းမွန်ရမည်။
🔔 လိုက်လျောညီထွေရှိပြီး အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။
🔔 Computer, Word, Excel, Internet နှင့် Email အသုံးပြုနိုင်ရမည်။
🔔 English - Pre Intermediate Level ရှိရမည်။
🔔 လစာ - ညှိနှိုင်း
🔔 Customer Complaint များကို ဖြေရှင်းနိုင်ရမည်။
⏰ အလုပ်ချိန်
• တနင်္လာနေ့မှ သောကြာနေ့အထိ — မနက် ၈:၀၀ နာရီမှ ညနေ ၄:၀၀ နာရီအထိ
• စနေနေ့ (သို့မဟုတ်) တနင်္ဂနွေနေ့ — နေ့တစ်ဝက်
🔎 တည်နေရာ
တာမွေ (သို့မဟုတ်) သင်္ဃန်းကျွန်း
📩 လျှောက်ထားရန်
စိတ်ပါဝင်စားသူများအနေဖြင့် hr@ilbcedu.com သို့ Email ပေးပို့၍ 3rd September, 2026 (Thursday) နောက်ဆုံးထား လျှောက်ထားနိုင်ပါသည်။
📌 သတိပြုရန်
လူကိုယ်တိုင် လာရောက်လျှောက်ထားခြင်းကို လက်ခံမည်မဟုတ်ပါ။
စိစစ်ရွေးချယ်ပြီးသော ဆန်ခါတင်စာရင်းဝင် လျှောက်ထားသူများကိုသာ ပြန်လည်ဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။
#ILBC #ILBCinternationalschool #internationalschool #cashier #jobvacancy #yangon
9 947
● အထူးဝမ်းနည်းကြေကွဲခြင်း
၁၉၉၇ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ရန်ကုန်မြို့ရှိ ILBC International School ၏ English Department Head အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသော ဆရာမကြီး နော်ဒိုရင်း (ခ) ဒေါ်ဒိုရင်းသောင်း၊ အသက် (၈၅) နှစ်သည် ၁၇. ၈. ၂၀၂၆ (တနင်္လာနေ့)၊ နေ့လယ် (၁း၃၀) နာရီအချိန်တွင် ခရစ်တော်၌ အိပ်ပျော်သွားပါသဖြင့် ကျန်ရစ်သူ မိသားစုနှင့်ထပ်တူ ILBC International School မှလည်း အထူးဝမ်းနည်းကြေကွဲရပါသည်။
ခရစ်တော်၌ အိပ်ပျော်သွားသော ဆရာမကြီး ဒေါ်ဒိုရင်းသောင်းအား ဘုရားသခင်၏ ထာဝရမေတ္တာနှင့် ငြိမ်သက်ခြင်း၌ အစဉ်အမြဲ အနားယူနိုင်ပါစေကြောင်းနှင့် ကျန်ရစ်သူ မိသားစုဝင်များအားလည်း ဘုရားသခင်မှ နှစ်သိမ့်ခြင်းနှင့် ခွန်အားပေးသနားတော်မူပါစေကြောင်း ILBC မိသားစုမှ ဆုတောင်းပေးအပ်ပါသည်။ 🕊
ILBC မိသားစု
9 947
📢 သင်ကြားရေး ဝါသနာပါသူများ လျှောက်ထားနိုင်ရန် ILBC Yangon Campus တွင် Assistant Teacher များ ခေါ်ယူနေပါပြီ!
ကလေးများ၏ ပညာရေးဖွံ့ဖြိုးတိုးတက်မှုတွင် ပါဝင်ကူညီရင်း Professional Teaching Career ကို စတင်လိုသူများအတွက် ILBC Yangon Campus မှ Assistant Teacher ရာထူးများ ခေါ်ယူနေပါသည်။ စိတ်ပါဝင်စားသူများအနေဖြင့် အမြန်ဆုံးလျှောက်ထားနိုင်ပါသည်။
Assistant Teacher အဖြစ် လျှောက်ထားပါက -
🔵 ILBC မှ စီစဉ်ပေးသော Teacher Training Programme ကို အခမဲ့ တက်ရောက်ခွင့်ရရှိမည်ဖြစ်ပြီး၊ အတွေ့အကြုံရှိ ဆရာ၊ ဆရာမများ၏ လမ်းညွှန်မှုဖြင့် လက်တွေ့သင်ကြားရေးနည်းစနစ်များ၊ သင်ကြားရေးဆိုင်ရာ အသိပညာနှင့် အတတ်ပညာများအပြင် ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လာသော သင်ကြားရေးနည်းပညာများကိုလည်း လေ့လာသင်ယူခွင့် ရရှိမည်ဖြစ်ပါသည်။
🔵 ထို့အပြင် On-Campus Teaching နှင့် Online Teaching နှစ်မျိုးစလုံးတွင် ကျွမ်းကျင်ပိုင်နိုင်စွာ သင်နိုင်သော ဆရာ၊ ဆရာမများဖြစ်လာစေရန် စနစ်တကျ လေ့ကျင့်ပေးသွားမည်ဖြစ်ပါသည်။
🔵 Teaching Career ကို အဆင့်မြှင့်တင်လိုသူများ၊ ပညာရေးနယ်ပယ်တွင် ရေရှည် Career တစ်ခုတည်ဆောက်လိုသူများအတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါသည်။
-----------------------
🔵 Assistant Teacher တစ်ယောက်၏ ILBC တွင် ရရှိနိုင်မည့် အကျိုးခံစားခွင့်များ
✅ လစာ - ၇ သိန်း
✅ အခမဲ့ Teacher Training
✅ Health Care Benefits
✅ လုပ်သက်ပေါ်မူတည်သည့် အခြား Employee Benefits များ
🔵 လျှောက်ထားသူများအနေဖြင့် -
ꪜ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူဖြစ်ရပါမည်။
ꪜ အသက် ၁၈ မှ ၃၀ နှစ်အတွင်းဖြစ်ရပါမည်။
ꪜ အကျင့်စာရိတ္တကောင်းမွန်ပြီး အများနှင့် ဆက်ဆံရေးပြေပြစ်သူဖြစ်ရပါမည်။
ꪜ Teamwork ဖြင့် လုပ်ကိုင်နိုင်သူဖြစ်ပြီး၊ ကလေးများကို စိတ်ရှည်စွာ သင်ကြားပေးနိုင်သူဖြစ်ရပါမည်။
ꪜ သင်ကြားမှုအပေါ် အပြည့်အဝ အာရုံစိုက်ပြီး၊ တိုးတက်မှုကို လိုလားသူ ဖြစ်ရပါမည်။
ꪜ တာဝန်ယူမှုရှိပြီး အချိန်မှန်ကန်စွာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်သူဖြစ်ရပါမည်။
ꪜ ရေရှည်လက်တွဲလုပ်ကိုင်နိုင်သူဖြစ်ရပါမည်။
🔵 အစမ်းခန့်ကာလ (၃) လ
ꪜ အစမ်းခန့်ကာလ (၃)လ ပြည့်အပြီးတွင် သက်ဆိုင်ရာ သင်တန်းဆရာများနှင့် ကျောင်းအုပ်များ၏ ထောက်ခံမှုရရှိမှသာ ဆက်လက် အတည်ပြုခန့်အပ်သွားမည် ဖြစ်ပါသည်။
🔵 လျှောက်ထားရန် လိုအပ်သော စာရွက်စာတမ်းများ
➜ ကိုယ်ရေးအကျဉ်း (CV)
➜ ရောင်စုံဓာတ်ပုံ (၂) ပုံ
➜ ဘွဲ့လက်မှတ်မိတ္တူ
➜ သန်းခေါင်စာရင်းမိတ္တူ
➜ သင်တန်းအောင်လက်မှတ်မိတ္တူ (ရှိပါက)
➜ မှတ်ပုံတင်မိတ္တူ
➜ Portfolio တို့ကို ပူးတွဲတင်ပြပြီး လျှောက်ထားနိုင်ပါသည်။
🎓 Teaching Career ကို ILBC နှင့်အတူ စတင်လိုက်ပါ!
🔷 Job Application Form: https://bit.ly/Job_Vacancy_AssistantTeachers_2026
🔷 Deadline: 15th August, 2026 (Saturday)
📞 Contact: 09 880 923 594
လူတွေ့အင်တာဗျူးအတွက် ရွေးချယ်ခံရသူများကိုသာ ပြန်လည်ဆက်သွယ်ပေးသွားမည်ဖြစ်ပါသည်။
#ILBC #ILBCinternationlschool #internationalschool #assistantteacher #jobvacancy #yangon #hiring
Could u pls read this post, teacher?
9 947
KooBits Application ကို အသုံးပြုလေ့လာနေကြသော Primary 1 မှ Primary 6 ကျောင်းသူ/သားများအတွက် သတင်းကောင်း!
မြန်မာနိုင်ငံတစ်ဝန်းရှိ ILBC ကျောင်းအသီးသီးတွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော Primary 1 မှ Primary 6 အထိ ကျောင်းသူ/သားများအနေဖြင့် KooBits Application တွင် Math Subject အပြင် အသစ်ထပ်မံထည့်သွင်းထားသော Science Subject ကိုလည်း အသုံးပြု၍ CP Donation Challenge တွင် ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁ ရက် (စနေနေ့) မှစတင်ကာ ပါဝင်လေ့လာယှဉ်ပြိုင်နိုင်ပြီဖြစ်ပါကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။
CP Donation Challenge သည် ကျောင်းသူ/သားများကို ကျောင်းချိန်ပြင်ပအချိန်များ၌ ဂိမ်းများဆော့ကစားမည့် Screen Time များ အစား Learning Time များဖြစ်စေရန် အောက်ပါ Learning Activities များကို စိတ်ဝင်စားဖွယ်ကောင်းစွာ လေ့လာသင်ယူယှဉ်ပြိုင်နိုင်စေမည်ဖြစ်ပါသည်။
Peer Challenge
Sunday Mini Challenge
Daily Challenge
ထို့ပြင် KooBits Application သို့ ဝင်ရောက်အသုံးပြုနည်းနှင့် CP Donation Challenge ဆိုင်ရာ အသေးစိတ်အချက်အလက်များကိုလည်း အောက်ဖော်ပြပါ Link များမှတစ်ဆင့် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။
We are pleased to announce that Primary 1 to Primary 6 students studying at all ILBC schools across Myanmar can now participate in the CP Donation Challenge using both the Math and the newly added Science subjects on the KooBits Application, starting from Saturday, 1 August 2026.
The CP Donation Challenge is designed to encourage students to spend their time outside of school on meaningful learning instead of playing games or engaging in excessive screen time. Through this challenge, students will be able to enjoy learning and participate in the following engaging learning activities:
Peer Challenge
Sunday Mini Challenge
Daily Challenge
Students and parents may also refer to the links below for detailed information on how to access the KooBits Application and learn more about the CP Donation Challenge.
CP Donation Challenge Poster: CP2026 - poster 3.pdf
KooBits User Guide: Koobits ILBC User Guide 2026 V3 3.pdf
KooBits FAQs: Koobits ILBC FAQ 2026 V2 3.pdf
9 947
+1
● International Language & Business Center (ILBC) Company Limited ၏ ဝန်ဆောင်မှုအမှတ်တံဆိပ်များဆိုင်ရာ မူပိုင်ခွင့် (Intellectual Property Rights) နှင့်ပတ်သက်ပြီး ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် မြန်မာ့အလင်းသတင်းစာ၌ လည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် ကြေးမုံသတင်းစာ၌ လည်းကောင်း အများသိရှိစေရန် ထပ်မံ၍ တရားဝင်ကြေညာဖော်ပြထားပြီး ဖြစ်ပါသည်။ အသေးစိတ်ကို အောက်တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။
