cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

Gen-Y Connect

إظهار المزيد
مشاركات الإعلانات
273
المشتركون
لا توجد بيانات24 ساعات
-17 أيام
-530 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

Repost from JUNTO CONTIGO
Photo unavailableShow in Telegram
၂၀၂၄ တောင် ရောက်လာပြီ မျစ်ဇိမ ကအခုထိ အကြမ်းဖက် စကစ လို့ မရေးပဲ စစ်ကောင်စီ လို့ပဲ ရေးသားပြီး အစိုးရပုံစံ ဆက်လက်ဖော်ပြနေဆဲပါ .. အကြမ်းဖက် စကစ ရဲ့ သတင်းတွေကို မြန်မာ့အသံ နဲ့ မြဝတီတို့လို အချိန်နဲ့တပြေးညီ ဖော်ပြပြီး ဝါဒဖြန့်နေဆဲ ဖြစ်ပါတယ် ..
إظهار الكل...
ဒီလိုအဆင့်ဆင့်တိုးတတ်လာတာ အကိုအမတို့ရဲ့ အင်အားတွေလည်း ပါဝင်ပါတယ်ခင်ဗျာ မအလ ကို ဖြုတ်ချနိုင်တဲ့အထိ ဆက်လက်ချီတက်ကြပါစို့ခင်ဗျာ အဲ့ပေ့ချ်လေးကိုလည်း like မလုပ်ရသေးရင် Like ထားပေးပါဦးခင်ဗျာ https://www.facebook.com/share/p/xg4pbJwScYNXbzBU/?mibextid=WC7FNe
إظهار الكل...
Repost from Myat Tun Oo
NUG သတိထားရမည့် မီဒီယာ ဒီမိုစနစ်မှာ မီဒီယာတွေရှိပါတယ်။ ဘယ်နိုင်ငံမှာမ ဘက်မလိုက်တဲ့ မီဒီယာမရှိပါ။ အမေရိကန်မှာ CNN ဆို ယခင်က ဘက်မလိုက်သလိုရှိခဲ့ပေမယ့် ထရမ့်ကို မကြိုက်ဘဲ ထရမ့်ဆန့်ကျင်ဘက်ကို ဘက်လိုက်ခဲ့ပါတယ်။ Fox News က လက်ယာပါတီဘက်လိုက်ပြီး MSNBC က ဒီမိုကရက်ပါတီဘက်လိုက်ပါတယ်။ အင်္ဂလန်မှာက ဘီဘီစီက ဘက်မလိုက်ရဆိုပေမယ့် တစ်ခါတလေမှာ လက်ဝဲယိမ်းလို့ ပြဿနာတက်ပါတယ်။ အီလွန်မတ်စ်က Twitter ယခု X ကို မယူခင်က Twitter က အလုပ်သမားတွေက လက်ဝဲယိမ်းလို့ ဖြုတ်ခဲ့ရပါတယ်။ သူ့ကိုဝိုင်းတိုက်ကြပါတယ်။ သူက သူလုပ်စရာ လုပ်သွားခဲ့ပါတယ်။ ထိုအချိန်က Twitter က သမ္မတရွေးကောက်ပွဲမှာ ဘိုင်ဒင်အနိုင်ရဖို့ သူ့သားသတင်းကို ဖုံးကွယ်ပေးထားတာကို Elon က ဖော်ထုတ်ခဲ့ပါတယ်။ ဒီနေရာမှာ မီဒီယာအချို့ရဲ့ ဘက်လိုက်မှုကို လေ့လာရအောင်။ ပထမက ဗိုလ်သံမဏီကိစ္စပါ။ ဗိုလ်သံမဏိဟာ အနောက်ဥရောပမှာ နေဖူးသူပါ။ သူက လူ့အခွင့်အရေးစံနှုန်းတွေကို ပွဲစားလူလိမ်တွေထက်နားလည်သူပါ။ အမေစုထောက်ခံသူပါ။ ဘုန်းကြီးကနေ လက်နက်ကိုင်တော်လှန်ပြီး အစဉ်အလာရှိသူပါ။ သူ့လက်အောက်ကလူ ပြစ်မှုကျူးလွန်ရာမှာလဲ သူက NUG စစ်ဆေးတာ ခံယူမယ်ဆိုပြီး ပြောခဲ့ အစစ်ခံခဲ့ပါတယ်။ ဒါပေမယ့် မီဒီယာအများစုက ဝိုင်းတိုက်ခဲ့ကြပါတယ်။ NLD က ဦးအောင်ကြည်ညွန့်အမျိုးကိုတောင် ဆွဲထည့်လိုက်ပါသေးတယ်။ အဲ့ဒီအချိန်က ဝိုင်းသမခဲ့တဲ့ မီဒီယာတွေ ယခုအချိန်သေနေကြပါပြီ။ အဆိုပါမီဒီယာတွေ နဂါးက လူသတ်လိုက်တာကို ဘာများ အကြီးအကျယ်သတင်းထုတ်ခဲ့ပါသလဲ? ဘယ်မဖျာသေနေကြပါသလဲ? ဒီနေရာမှာ NUG ကလူများအနေနဲ့ မီဒီယာများထဲမှ မိမိဖာသာ ဘီဘီစီမြန်မာပိုင်းကနေ အထုတ်ခံထားရသူများနဲ့ အင်တာဗျူးရာမှာ ဆင်ခြင်သင့်ပါတယ်။ အထူးသဖြင့် တသီးပုဂ္ဂလမီဒီယာဆိုသူတွေနဲ့ အင်တာဗျူးကို ရှောင်ပါ။ ထိုသူများက PLA နဲ့ အဆက်အသွယ်ရှိပြီး တတိယအင်အားစုထဲကပါ။ သူတို့ နဂါးကိုမေးတဲ့မေးခွန်းက အင်မတန်လွယ်ပြီး NUG ကို ဆီလိုအပေါက်ရှာမေးတယ်ဆိုတာ NUG အတွင်းဝန်နဲ့ အင်တာဗျူးကထဲက သိဖို့ကောင်းပါတယ်။ NUG အနေနဲ့ အင်တာဗျူးပေးလိုရင် မိမိအောက်ကမဟုတ်တဲ့ မီဒီယာဆိုရင်တောင် ဘီဘီစီလောက်ရွေးရင်ရပါပြီ။ ဒါပေမယ့် တတိယအင်အားစုနဲ့ တရုတ်ထောက်ပံ့မီဒီယာများကိုတော့ ရှောင်ပါ။ ယခုဆို နဂါးက လူလိမ်ဆိုတာ ပေါ်လာနေပါပြီ။ သူ့ကို ယုံသူများကလဲ ရှိမှာပါ။ ပထမအလိမ်ခံရတာက မသိလို့ဆိုရင် ဒုတိယ တတိယ အလိမ်ခံရရင်တော့ မိမိညံ့တာပါ။ နဂါးရဲ့အတွေးအခေါ်က စစ်တပ်နဲ့ တတိယအင်အားစုနဲ့ဆင်ပြီး သူက လွတ်တော်အမတ်တွေက သူ့လောက်မတော် သူ့လောက်မတတ်ကြောင်း မအလပြောသလို ပြောနေတာပါ။ ဒီနေရာမှာ စာရေးသူတို့က ပြည်သူရွေးကောက်ခံထံက မအလက အာဏာလက်နက်အားကိုးနဲ့ အာဏာသိမ်းတာကို တိုက်နေတာပါ။ မူအရတိုက်နေတာပါ။ တရုတ်ဩဇာခံ လက်နက်ကိုင်အဖွဲ့ကို အာဏာပေးဖို့မဟုတ်သလို ပါတီတစ်ဖွဲ့ကို အာဏာပေးဖို့မဟုတ်ပါ။ လူမျိုးစုတစ်ခုကို အာဏာပေးဖို့မဟုတ်ပါ။ ပြည်သူက ရွေးကောက်တင်မြှောက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို အာဏာပေးဖို့ပါ။ လက်နက်ကိုင် နယ်မြေတွေက ဇရပ်မဟုတ်ပါ။ စာရေးသူက ကချင်မှာနေသူကို လက်နက်တတ်ပေးပြီး ကချင်ကိုသွားခိုင်းရင် KIA က လက်ခံမယ်လို့ သင်ထင်ပါသလား? ထို့အတူ စာရေးသူက ရခိုင်တောင်ပိုင်းနေသူကို လက်နက်တတ်ပေးပြီး သူ့နယ်သူပြန်တာဆိုပြီး သံတွဲကိုပြန်ခိုင်းရင် AA က လက်ခံမှာပါလား? ယခု PLA အဖွဲ့နေထိုင်နေတဲ့ MNDAA နဲ့ TNLA နယ်ထဲက တိုင်းရင်းသားတွေကို လက်နက်တတ်ပေးပြီး သူတို့နယ်ထဲ သူတို့ပြန်တာဆိုရင် MNDAA နဲ့ TNLA က ထိုအဖွဲ့တွေကို လက်ခံမယ်လို့ သင်ထင်ပါသလား? ထို့အတူ စာရေးသူက ရန်ကုန်နယ်ခံတွေကို လက်နက်တတ်ပေးပြီး ရန်ကုန်ကို ပြန်ခိုင်းရင် မအလက လက်ခံမယ်လို့ သင်ထင်ပါသလား? အဖြေကရှင်းပါတယ်။ နဂါးကို ပြည်သူကခန့်ထားတာမဟုတ်ပါ။ သူ့ရွာမှာ သူ့ဖာသာနေတာ ပြဿနာမရှိသေးပေမယ့် သူများနေရာမှာ လာရှုတ်ရင် အရေးယူရမှာပါ။ ပြည်သူက စဉ်းစားရမှာက ဆီးရီးယားလိုဖြစ်ချင်လား? လစ်ဗျားလိုဖြစ်ချင်လား? ဒါမှမဟုတ် တော်လှန်ရေးအမြန်ပြီးအောင် NUG ကို အရှိန်အဟုန်နဲ့ ဝန်းရံမှာလားဆိုတာပါ။ နောက်ဆုံးကတော့ ပြည်သူသာ အဓိကပါ။ NUG လဲ နဂါးတ မီဒီယာများ ဘီဘီစီ အလုပ်ထုတ်ခံထားရသူများနဲ့ အင်တာဗျူးရှောင်နိုင်ပါစေ။ https://www.myattunoo.com/post/nug-သတ-ထ-ရမည-မ-ဒ-ယ
إظهار الكل...
NUG သတိထားရမည့် မီဒီယာ

ဒီမိုစနစ်မှာ မီဒီယာတွေရှိပါတယ်။ ဘယ်နိုင်ငံမှာမ ဘက်မလိုက်တဲ့ မီဒီယာမရှိပါ။ အမေရိကန်မှာ CNN ဆို ယခင်က ဘက်မလိုက်သလိုရှိခဲ့ပေမယ့် ထရမ့်ကို မကြိုက်ဘဲ ထရမ့်ဆန့်ကျင်ဘက်ကို ဘက်လိုက်ခဲ့ပါတယ်။ Fox News က လက်ယာပါတီဘက်လိုက်ပြီး MSNBC က ဒီမိုကရက်ပါတီဘက်လိုက်ပါတယ်။ အင်္ဂလန်မှာက ဘီဘီစီက ဘက်မလိုက်ရဆိုပေမယ့် တစ်ခါတလေမှာ လက်ဝဲယိမ်းလို့ ပြဿနာတက်ပါတယ်။ အီလွန်မတ်စ်က Twitter ယခု X ကို မယူခင်က Twitter က အလုပ်သမားတွေက လက်ဝဲယိမ်းလို့ ဖြုတ်ခဲ့ရပါတယ်။ သူ့ကိုဝိုင်းတိုက်ကြပါတယ်။ သူက သူလုပ်စရာ လုပ်သွားခဲ့ပါတယ်။ ထိုအချိန်က Tw

Repost from Khit Thit Media
09:02
Video unavailableShow in Telegram
စစ်လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုး၏ ဝန်ချတောင်းပန်မှု
إظهار الكل...
GDx3ihgO35chiXUBAIkZmmbGQkEFbmdjAAAF.mp434.13 MB
မဖြစ်မနေ သင်တို့သိသင့်တယ်ထင်လို့ မျှဝေပါသည်။ မစ်ရှင်အတွက် ချထားတဲ့ Bluetooth စပီကာတွေကို ပိတ်သူ၊ ဖယ်ရှားသူ၊ ဖျက်ဆီးသူများရှိပါက သတ်မှတ်ထားသည့် အချိန်အတွင်း စပီကာများသည် မိုင်းအဖြစ် ပေါက်ကွဲခြင်းဖြစ်ပေါ်သည် ဟု Alpha Operation က ထုတ်ပြန်ထားပါတယ်။ #အေအန်န်အမ်မ်တိ Telegram Channel https://t.me/ANMTarnoldmyotint/6511?single
إظهار الكل...
Repost from JUNTO CONTIGO
၁၀၂၇ အစတုန်းက MOD Page Story မှာ အရက်ဝိုင်း ပုံတင်ထားတယ်ဆိုပြီး ပက်ပက်စက်စက် ဝိုင်းပြောကြတဲ့သူတွေ အခုလည်း အကြမ်းဖက် စကစ နဲ့ MNDAA ဆွေးနွေးတယ် အပစ်အခတ်ရပ်စဲတော့မယ်ဆိုပြီး လေသံပေး ပြောနေကြတဲ့သူတွေ ဘယ်သူတွေလဲ ?? တလရ ဗန်းပြ မျက်နှာဖုံးတွေ ကွာတာ ကွာတာ ဆိုတာ .. အဓိက ပြည်သူ့သစ္စာဖောက် မီဒီယာတွေ နဲ့ နိုင်ငံရေး ဖျာခင်းလိုသူတွေပါပဲ .. ကျတော်တို့ အချင်းချင်းက လက်ခြင်းမြဲပြီးသားပါ .. ပြည်သူသာလျှင် အဓိကပါ … #1027 #JuntoContigo 13-Dec 2023
إظهار الكل...
Repost from JUNTO CONTIGO
Photo unavailableShow in Telegram
#ဒလန်နောင်း ရဲ့ အရေးအသား အမှန်တကယ်ရေးသားရမှာက - လွိုင်ကော်မြို့ပေါ်ရှိ အကြမ်းဖက်ရဲတပ်ဖွဲ့ရုံးကို ကရင်နီပူးပေါင်းတပ်များ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ - အကြမ်းဖက်စကစ က ပြည်နယ်တခုလုံးအားထားရာ အဓိကစျေးကြီးကို မီးရှို့ဖျက်ဆီးခဲ့ တစ်ပူးခြေရာနင်းလာတဲ့မြန်မာနောင်း ဟာ ဇော်မဲလုံး အာဘော်အတိုင်း စျေးမီးလောင်တာ PDF ကြောင့်ဟု ပြည်သူတွေ အထင်အမှားအောင် လိမ်လည်ရေးသားထားပါတယ် .. ၁၁-၁၂-၂၀၂၃
إظهار الكل...
Repost from JUNTO CONTIGO
Photo unavailableShow in Telegram
အကြမ်းဖက် စကစ လက်အောက်ခံ အကြမ်းဖက်သမားများကို ရှင်းလင်းနိုင်ခဲ့ လို့ရေးရမှာ … မသိရင် အိမ်မှာနေရင်း လုပ်ကြံခံရဆိုတော့ အဲ့ မအလ တွေအတွက် #ဒလန်နောင်း #တစ်ပူးခြေရာနင်းလာတဲ့မြန်မာနောင်း က စပိအောက် ပေးနေတာလား ? ဆွေဝင်း ဘယ်ရောက် အမေရိကားရောက် 🙄
إظهار الكل...
ကျည်ကာနဲ့ ပတ်သက်ရင် ကိုယ်က ထရော်မာရှိတယ်။ အာဏာသိမ်းစ သပိတ်တိုက်ပွဲတွေမှာ စစ်ကောင်စီက ကျည်အစစ်တွေသုံးပြီး ဖြိုခွဲမှုတွေ လုပ်လာတုန်းက ကျည်ကာအတွက်ဆိုပြီး နည်းလမ်းအမျိုးမျိုး ရှာဖွေခဲ့ကြတယ်။ သံဒိုင်းကာလေးတွေ သစ်သားဒိုင်းလေးတွေနဲ့ Defense Team တွေ လုပ်ကြတယ်။ ရှေ့ဆုံးကနေ လူငယ်တွေ ဒိုင်းကိုင်တက်ကြတယ်။ ဒိုင်းတွေ၊ ဓါတ်ငွေ့ကာ Mask တွေအတွက် အခုလို Fundraising တွေကလည်း မရှိသေးတော့ လူငယ်တွေ သူတို့မုန့်ဖိုးလေးတွေ စုပြီး လုပ်ကြတယ်။ ကိုယ်ကလည်း အစောဆုံး၅၀၅ အထုတ်ခံရတဲ့ ဝရမ်းပြေးဆိုတော့ ရှောင်တိမ်းနေရချိန်။ လှည်းတန်းမှာ သပိတ်ထွက်နေတဲ့ လူငယ်အဖွဲ့ထဲက အရင်ကတည်းက သိခဲ့တဲ့ လူငယ်တစ်ယောက်က ဒိုင်းတွေအတွက် ကူပေးပါဦးဆိုလို့ ပြေးလွှားနေရတဲ့ကြားကပဲ ငွေပို့လိုက်တယ်။ နောက်ရက်တော့ သစ်သားဒိုင်းလေးတွေ ပုံပို့လာတယ်။ မောင်လေးတို့ရေ… ဒါတွေက ကျည်အစစ်မကာဘူးနော်၊ ရာဘာကျည်လောက်ပဲ ကာတာမို့ အရမ်းအားမကိုးနဲ့လို့ မှာဖြစ်လိုက်သေးတယ်။ ဖေဖော်ဝါရီ နောက်ဆုံးရက် ညီညီအောင်ထက်နိုင် ကျဆုံးတဲ့ ပစ်ခတ်ဖြိုခွဲခံရတဲ့နေ့မှာ အဲ့သပိတ်စစ်ကြောင်းက လှည်းတန်းမှာ။ ကျဆုံးကြတဲ့ ဓါတ်ပုံတွေ တက်လာတော့ (အမှတ်မမှားရင်) ဇင်လင်းထိုက်ဆိုတဲ့ ကျဆုံးသွားတဲ့ မောင်လေးတစ်ယောက်အကြောင်း ကြားရတယ်။ ကိုယ်ငွေပို့လိုက်တဲ့ အဖွဲ့ဆီက သစ်သားဒိုင်းလေးကိုင်ပြီး ပစ်ခတ်ကြတဲ့အချိန်မှာ ဒိုင်းမပါတဲ့သူတွေကို သူက ကာပေးပြီး သွားခိုင်းသတဲ့။ အဲ့အချိန်မှာပဲ ကျည်က သူ့ဒိုင်းကို ဖောက်ပြီး မျက်နှာကိုမှန် ကျဆုံးခဲ့တာတဲ့။ တစ်နေကုန် ကျဆုံးသွားတဲ့ လူရာချီရဲ့ ပုံတွေကို ကြည့်ရင်း ငိုနေမိတဲ့ကိုယ်ဟာ ဒီသတင်းကြားချိန်မှာ တကယ်ရင်ကွဲပက်လက်ပဲ။ ငါပို့လိုက်တဲ့ငွေနဲ့ လုပ်ထားတဲ့ ကျည်မကာနိုင်တဲ့ ဒိုင်းကြောင့် အရဲကိုးမိပြီး အခုလိုဖြစ်သွားလားဆိုတဲ့ Guilty Conscience ဟာ တကယ် အသဲကွဲစေတာပဲ။ အဲ့ကတည်းက ကိုယ်ဟာ ကျည်ကာအတွက်ဆိုရင် ပိုပြီး Serious ဖြစ်တယ်။ ကျည်တကယ်ကာနိုင်ရဲ့လားဆိုတာကို တအားသံသယကြီးတယ်။ ကျည်ကာအတွက်ဆိုရင် အရမ်းလုပ်ပေးချင်ခဲ့တယ်။ ဒါပေမယ့် တော်လှန်ရေးရဲ့ အနေအထားအရ ကျည်ကာထက် အရှည်အတို အတောင့်ရှိဖို့က အရေးကြီးနေချိန်မို့ ကျည်ကာဘက် မလုပ်နိုင်ခဲ့ဘူး။ အခု စစ်ရေးအရ ကျည်ကာလိုအပ်လာပြီဖြစ်တဲ့ Battle ရင်ဆိုင်ရမယ့် စစ်ကြောင်းနှစ်ကြောင်းအတွက် ကျည်ကာတွေလိုအပ်လာပြီဆိုတဲ့အချိန်မှာ ဘယ်လိုမှ မငြင်းရက်နိုင်ဘူး။ တကယ်ဆို ဒီရက်ထဲ ကိုယ်အတော်ဖျားနေတာ။ တစ်လအတွင်း ဒုတိယအကြိမ်ဖျားတာဆိုတော့ အတော်ဒဏ်ပိနေပြီ။ ဆရာဝန်ကလည်း အိပ်ရေးဝအောင်အိပ်ပြီး နားပါလို့ ညွှန်ကြားပေမယ့် Project ရက်နဲ့ တိုက်နေပြန်တယ်။ နောက်လရွှေ့ဖို့ကလည်း စစ်ရေးအရ ဘယ်လိုမှ ရွှေ့မရ၊ မလုပ်နိုင်လိုက်ရင် ဒီစစ်ကြောင်းနှစ်ခုက ထိခိုက်မှုမှန်သမျှကို အပြစ်ရှိသလို ခံစားနေမိတော့မှာ။ ဒါ့ကြောင့် နေမကောင်းပေမယ့် အားတင်းပြီး ရအောင်လုပ်မယ်လို့ ဆုံးဖြတ်ပြီး Project Armor ကို စဖြစ်တာ။ ကိုယ်က ဆုတောင်းသီးသန့်တွေ၊ အလုပ်မပါတဲ့စေတနာတွေကို မုန်းပါတယ်။ တော်လှန်ရေး အောင်ပါစေဆိုတာထက် တော်လှန်ရေး အောင်မြင်အောင် ကြိုးစားမယ်ဆိုတဲ့ သန္နိဌာန်ကိုပဲ ကြိုက်တယ်။ ရဲဘော်တွေ ဘေးကင်းပါစေဆိုတာ စိတ်ထဲ နွေးထွေးပေမယ့် ရဲဘော်တွေ ဘေးကင်းအောင် တပ်ဆင်မယ်ဆိုတဲ့ အလုပ်ပါတဲ့ အလုပ်ပါတဲ့ Actionကို ပိုကြိုက်တယ်။ တော်လှန်ရေးအောင်ဂါထာဆိုတာ အခြားမဟုတ်ဘူး။ “ဥုံ… တော်လှန်ရေးအတွက် စောက်လုပ်လုပ် “ ဒါ… လိုတိုရှင်းပဲ။ ရဲဘော်တွေ ဘေးကင်းပါစေဆိုတာအတွက် ဂါထာကတော့ “ဥုံ- Project Armor မှာ ပါ” ဒါပဲ။ ကဲ… ချက်ဘောက်လာကြဝေ့။
إظهار الكل...
Repost from JUNTO CONTIGO
00:05
Video unavailableShow in Telegram
စစ်ကိုင်းမှာ ဘာလုပ်လုပ် စိုးဝင်းဆွေ ဆန္ဒ ပါဝင်ရမည် 😂🤭 မပါရရင် ကန့်လန့်တိုက်မည် .. ကန့်ကွက်မည် .. စိုးဝင်းဆွေ က ဘယ်သူလဲ ? ဘာလို့ NUG နဲ့ CRPH ကို ကန့်လန့်တိုက်နေတာလဲ ? အဖြေကတော့ ရှင်းပါတယ် .. သက္ကမိုးညို နောက်လိုက်တပည့်ဖြစ်နေလို့ပါ ..
إظهار الكل...
video.mp45.56 KB
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.