ar
Feedback
ဗဟုသုတ ဒိုင်ယာရီ 📓📓

ဗဟုသုတ ဒိုင်ယာရီ 📓📓

الذهاب إلى القناة على Telegram

သိမှတ် ဖွယ်ရာ သုတအဖြာဖြာ

إظهار المزيد
1 729
المشتركون
لا توجد بيانات24 ساعات
-77 أيام
-5130 أيام
أرشيف المشاركات
မနက်ဖြန် လပြည့်နေ့မှာ လာဘ်ဖွင့်ရန် အကောင်းဆုံး အချိန် - နေ့လည် 12 :12 မိနစ် အချိန်သည် လာဘ် ဖွင့်ဖို့ အကောင်းဆုံး အချိန်ဖြစ်သည် .... အဖြူရောင် ပန်း / ၉ ပွင့် ကို ရေ အိုးထဲမှာစိမ် သကြား အဖြူ ၃ ဇွန်း ထည့် ပေါက်ပေါက် တစ်ဆုပ် ထည့်၍ အိမ်ရှေ့ /အိမ်တွင်း/အိမ်ရှိ သစ်ပင် များအား လိုက်၍ ပါတ်ဖြန်းပေးပါ .. ထိုအချိန်မှာဘဲ လာဘ်ခေါ်ဂါထာကို ၂၇ ခေါက်ရွတ်ဖတ်ပါ အချိန်မစမှီကတည်းက ပစ္စည်းများကို ကြိုရှာထားပါ #လာဘ်လာဘအထူးပွင့်ကြပါစေ 👏🏼👏👏🏻👏 #ဤပိုစ့်ကိုရှဲလ်ခြင်းကြောင့်_တစ်ဦးမှ_စတစ်ရာ_သိရှိစေခြင်းဖြင့်_ကုသိုလ်ပြုနိုင်ကြပါစေ 👏

တစ်ချို့ ကူညီမှုပေးတဲ့ ဆိုတာ ပေးသင့်တဲ့ သူဖြစ်နေလို့ ပေးရမယ့် အနေထား /ပေးသင့်တဲ့ အခြေနေ ဖြစ်နေလို့ ပေးကိုပေးရမယ့်သူဖြစ်နေလို့ ပေးတာ ... အဲဒါကို သူတို့လဲ ရတာဘဲ .. ငါ့လဲ ရရမယ့်ဆိုတဲ့ အချောင်စိတ် မမွေးကြနဲ့ ... အဲကူညီမှုက မင်းအတွက် သူများကို အရာရာ အားကိုးချင်တဲ့ အဆိပ်အတောက် တစ်ခုဖြစ်သွားမယ် #ကူညီသင့်တဲ့သူကို_ဘဲ_ကူညီပေးပ့ါမယ်

လောင်းကစား အစီရင် အပ်တဲ့အခါ တစ်ချို့ ထိုးသားတွေ က နှစ်ပိုင်း ငွေကံ ညံ့တယ် ထိုအခါကျရင် အစီရင် ပြုလုပ်လို့ မရတဲ့ အခါ လပိုင်း /ရက်ပိုင်း ကို အထူးစစ်ပေးရပါတယ် လပိုင်း မကောင်းတဲ့ အချိန်မှာ လဲ ရက်ပိုင်းအကောင်းကို သေချာရှာစစ်ရပါတယ် ... ထိုလ ပိုင်း ရက် ပိုင်း တွေမှာအစီရင် ပြုပေးပါတယ် မိမိလိုချင်တဲ့ အတိုင်းအတာတစ်ခုရောက်ရင် နားပါ ဆက်လုပ်တာကတော့ သင်တို့အပိုင်းပါ ...... #လောင်းကစားအစီရင်အဆောင်

လက်ရှိ မိမိ နေထိုင်ရာ မှာ စိတ်ထဲ မသန့်တာမျိုး နေရတာ လေးလံမှိုင်းနေတဲ့ အခါ စိတ်ထဲ မကြည်လင် တဲ့ အချိန်မျိူးတွေ ငွေကြေး ကံ အားနည်းနေတဲ့ အချိန်မှာ ပရုတ်လုံး (၉ ) လုံးကို ရေများများဖြင့်စိမ် အုန်းညွှန် ၃ ညွှန့် ကို ကိုင်၍ အဌာနမေတံ ဂါထာတော် ကို ၂၇ ခေါက်ရွတ် ရွတ်ဖတ်ပြီးပါက ကိုယ်နေထိုင်ရာ အိမ် တံခါးပေါက် ခြံဝန်း ဆိုင် ခန်းပါတ်လည်တို့မှာ ပရုတ်လုံးစိမ်ထားသောရေကို အုန်းညွှန့်နဲ့ လိုက်၍ ပါတ်ဖြန်းပေးပါ .... #ဆုတောင်းစရာမလိုပါ ⚜️

⚜️နှစ်သစ် မင်္ဂလာ ⚜️ နှစ်ဆန်း တစ်ရက်နေ့မှ စ၍ ...... ပူပင်ဒုက္ခသောက ကင်းဝေးကြသူများ ဖြစ်ကြပါစေသား စိတ်၏ ဒုက္ခ ခန္ဓာ ၏ ဒုက္ခမှ လဲ ကင်းဝေးကြပါစေ ပြုသမျှ ကုသိုလ်များလဲ တောင်းသောဆု လိုသောဆု ကောင်းသောဆု များ နဲ့ ပြည့်စုံနိုင်ကြပါစေ 👏🏻👏🏻👏🏻

ကုသိုလ် ကောင်းမှု လုပ်တိုင်း ဆု တောင်းတာ ထက် ကိုယ်ရဲ့ ကောင်းမှုကို မျှဝေ တာက ပိုပြီး အကျိူးထူးစေပါတယ် ..... တစ်ချို့ ... ဘာလေးလုပ်လုပ် ဆုတောင်းခိုင်းကြတယ် ဆရာ က တော့ ဆုတောင်းတာထက် ကိုယ်ပြုတဲ့ ကုသိုလ် ကို မျှ​ ဝေ ပေးရတာကိုဘဲ ပို နှစ်သက်ပါတယ် ... ဥပမာ -- ကျွန်ုပ် ယခု ပြုသမျှ ကုသိုလ်ကောင်းမှု အစုစုကို စကြာဝဠာ ၌ အတွင်းရှိကြကုန်သော သတ္တဝါ အပေါင်း နဲ့တကွ သူတော်ကောင်း သူမြတ်လောင်းတို့ အား ပေးဝေပါ၏ .. ကျွနိုပ် ပြုသမျှ ကုသိုလ် အစုကို သာဓု ခေါ်ဆိုကြပါ ကုန်လော ...... ဆု မတောင်းရဘူးလိုတော့ မဟုတ်ပါ .... မိမိဘက်က အကြောင်းတစ်ခုကို သစ္စာပြုပြီးမှ ဆုတောင်းတာ အကောင်းဆုံးပါ ... #ပူဆာတာနဲ့ပူဇော်တာကွဲချင်ရုံမျှသာ 👏👏👏👏

တစ်ခါ တစ်လေ ယတြာ အဆောင် ပေးတဲ့ အခါမှာ ထိုသူ ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကို မြင့်တင်တဲ့ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှု တစ်ခု ပါတက်ပါတယ် ထိုအရာကို လှေနံဓါးထစ် သတ်မှတ်၍ မရပါ ... ဒါ့ကြောင့်လဲ တစ်ချို့ဆရာများက အယုံကြည်မလွန်ကဲအောင် နောက် မလုပ်ဖို့ သစ္စာ ဆိုခိုင်းခြင်းဖြစ်တယ် ဥပမာ ... ဖဲသမား တစ်ယောက်က ဖဲအမြဲ ရှုံးနေလို့ ဗေဒင် ဆရာ ဆီ သွားမေးတယ် ... အနိုင် အရှုံး သိချင်လို့ သိရရင် နောက် ဖဲ ဘယ်တော့မှ မကစားတော့ဘူး ပေါ့ ဗေဒင်ဆရာ ဆီလာခါနီး သူကလေး ကစားနေတဲ့ ဘောလုံးက ပေါက် သွားတော့ သူအတွက် ဘယ်လို နိမိတ်မျိူးဖြစ်နေမလဲ မေးကြည့်တော့.. ဗေဒင် ဆရာက မင်း ဘယ်တော့မှ လောင်းကစား ကို မကစားတော့ဘူးဆိုရင် ငါ့ မင်းကို လောင်းကစား နိုင်တဲ့ ဓာတ်လုံးပေးမယ် ... မင်းသစ္စာဆိုရမယ် ဖဲသမားကလဲ သစ္စာဆိုပါမယ့် ဖဲနိုင်ခဲရင် နောက်ထပ် ဖဲ ထပ် မ ကစားတော့ပါ့ဘူး သစ္စာဆိုတယ် ... နိမိတ်အရ ဖဲနိုင်မယ့်သိတဲ့ ဗေဒင်ဆရာ က စက်ဘီးဘောသီး တစ်လုံးကို ယူပေးလိုက်တယ် ... ဖဲသမားကလဲ သူမနိုင်ဖူးတဲ့ ငွေအမောက် ငါးသောင်းကျော်ထိ နိုင်တယ် နိမိတ်အရ ဘောလုံးဟာ လေတွေစုဝေးရာ ဖြစ် ဖဲသမားကလဲ ရှုံးနေသူ / လေများများဆိုတော့ ဘောလုံးကို ဒိုင်အဖြစ်ယူလိုက်တယ် / ဘောလုံးဟာကွဲထွက်သွားတယ်ဆိုတော့ ဒိုင်မှာရှိတဲ့ငွေကုန်မယ့်သဘော ဒိုင်မှာရှိတဲ့ငွေကြေးဟာ ဖဲသမားထဲရောက်ကုန်တာပေ့ါ .... နိမိတ်အရ နိုင်မှာ သိပေ့မယ်လဲ .. ထိုသူရဲ့ စိတ်ပိုင်းဆိုင်ရာ ကို ယုံကြည်မှု ပိုရှိအောင် လုပ်ပေးလိုက်တဲ့ သဘောပါဘဲ ဆိုလိုရင်းကတော့ .. တစ်ချို့မေးသူတွေက လှေနံဓါးထစ် ဒီလို ရ ထား တယ် နောက်လဲ ဒီလို ရမယ်ဆိုတာ ပုံသေ စိတ်ထဲ သတ်မှတ်ကြတယ်... အချိန် ဒေသ ကာလ တွေက လူတစ်ယောက်ရဲ ဘဝ ကို ကောင်းကောင်းပြောင်းလဲ ပေးနိုင်ပါတယ် ... #ဖတ်ဖူးသောဆန်းစာအုပ်မှ ⚜️⚜️⚜️⚜️

တခူးလ မှာ .. မည့်သည့် နေ့သားသမီး ဘဲ ဖြစ်ဖြစ် ကိုယ့် မွေးနေ့တိုင်းမှာ . နွားနို့ /နို့ထမင်း/နို့ဆန်ပြုတ် မိမိ အဆင်ပြေရာ ကပ်လှုပေးပါ့ 🥛 ..... #ကံမြင့်လာဘ်ပွင့် ⚜️⚜️

''ဇေယျ ဟောတု မင်္ဂလာ ကောင်းသော နံနက်ခင်းမှာ ၇ ရက်သားသမီး အပေါင်း ကောင်းသော ဆု ၊ တောင်းသော ဆု ၊ လိုသော ဆု နှင့် ပြည့်ဝကြပါစေ ...... ဧဟိ ဧဟိ့ ဓန လာဘံ ဥုံမ် ဓန သုခ လာဘံ အထူးပြည့်ကြစေသော် ....👏👏👏

ကံ က အရှိကို ပေး၍ ညဏ် က အသိ ကိုပေးပါတယ် ....... ကံရှိတဲ့ အခါ ညဏ်က အသိရှိပြီး ဆုပ်ကိုင်နိုင်ရင် ထိုသူသည် .. ချမ်းသာမှုဆိုတဲ့ သုခ ကို ခံစားရပါတယ် ... ကံကို စစ်ပါ ____ ညဏ်က ကူပါ ☝️🧠☝️

အိမ်တစ်အိမ် ဘဲ ဖြစ်စေ အလုပ်ခန်းမှာ ဘဲ ဖြစ်စေ ဆိုင်တစ်ဆိုင်မှာ ဖြစ်စေ .... သန့်ရှင်းမှု /သန့်ရှင်းရေး သည် . အကောင်းဆုံး လာဘ်လာဘ ဖွင့်နည်း ဖြစ်သည် .........

ဗေဒင် ဟောတဲ့ နေရာမှာ ဟောကိန်း ဟောပေးရတဲ့ အချိန်က .. စိတ်ပင်ပန်းဆုံးဘဲ :.. .. အ​ဝတ်အထည်ရောင်းတာနဲ့ အကျိူးပေးမပေး မေးတဲ့သူ ကို ဇာတာစစ် လိုက်တော့အကျိူးမပေးဘူး သူက လဲဆိုင်ဖွင့်ပြီးမှ လာမေး တော့ ဟောရတဲ့ နေရာမှာ အခက်တွေ့ပါ့ ... လူတစ်ယောက်ရဲ့ စိတ်အားထက်သန်မှုကို ရိုက်ချိုးပစ် လိုမကောင်း နောက်လူ တစ်ယောက် ကျ စားသောက်ဆိုင် ဖွင့်ဖို့ လာမေးတယ် ... သူက တော့ မလုပ်ခင် လာမေး တာပါ ဒါပေ့မယ် သူနဲ့က အကျိုးမပေးဘူး ... ထိုသူကလဲ စိတ်အားထက်သန်နေတာ ဒီလုပ်ငန်းကို .. အကျိုးမပေးဘူးလိုဟောလိုက်တော့ သူကလက်မခံ .. ဆိုင်ဖွင့်လိုက်ရော တစ်နှစ်လောက်ဘဲကြာတယ် ...အ​​ကြွေးပါ တင်ပါလေရော ဆိုင်လဲဆက်လုပ်လို့မရ .... ​ရှေ့ဖြစ်လာမယ် အရာတစ်ခုကို မြင်စေဆိုပြီး ပြ မရတော့လဲ အခက်သား ... ပါးစပ်ကနေ မရဘူးလို့ပြောတာကို မဖြစ်ခင်မှာတော့ အယုံအကြည် နည်းကြတဲ့ သူတွေ ကြည့်ပါဘဲ ... ဖြစ်လာမယ့်် အချိန်လဲရောက်ရော ...နစ်နာသူက 〰️❓❓ #ဘယ်ဗေဒင်ဆရာမှ အနိဌ ဟောကိန်း မှန်တာမျိူးကို မနှစ်သက်ကြပါ .... ဣဌ ဖြစ်စေသော ကောင်းခြင်းဟောကိန်းကိုသာ မှန်စေချင်ကြပါသည် ..👏👏

ကံညံ့နေတဲ့ အခါ စိတ် ပါ မညံ့အောင် နေရတယ် ငါ့ ဒီနှစ်ထဲ ကံညံ့နေတာဘဲ ဘာမှ လုပ်မရဘူးဆိုတဲ့ အတွေးကလဲ မှားတယ် ပြသနာ ဖြစ်တိုင်း ငါ့ ကံ ညံ့နေတာဘဲလို့တွေးတာလဲ မှားတယ် စီးပွားရေး လုပ်တာ ရှုံးတဲ့ အခါ ငါ့ ကံညံ့နေတာဘဲလို့တွေးတာလဲမှားပါတယ် လူ အများကြီးထဲမှာ ကိုယ်ကို စွပ်စွဲ ပြောဆိုခံနေရလဲ ငါ့ ကံညံ့ နေလို့ဘဲလို့တွေးတာ မှားပါတယ် ငါ့ တော့ ကံညံ့နေတာဘဲ ဖြစ်ချင်ရာဖြစ် မှား မှောက်အိပ်မယ်ဆိုတဲ့ အတွေးကလဲ မှားပါတယ် ကံညံ့တယ်ဆိုတိုင်း အကုန်လုံးညံ့တယ် ထင်နေကြတာလဲ မှားပါတယ် .. နေ့ 7နေ့ /ဂြိုလ် 8 ခွင်/ ရာသီ 12ပါး / နက္ခတ် 27 လူံး /ဒါ့တွေ အကုန်လုံး တစ်ပြိုင်တည်းဘယ်သူမှ မညံ့ပါ အကုန်လုံးလဲ မပြည့်စုံနိုင်ပါ.. ကောင်းတဲ့ နှစ်တွေမှာလဲ ဘာတွေကို လုပ်ရင် မကောင်းဘူးဆိုတာ ရှိတယ် ... ​ဥပမာ .. အစားစာ တိုင်းစားလို့ရတယ် ဆိုပေ့မယ် .. အဲအစားစားထဲမှာမှ ကိုယ်နဲ့ မတည့်တဲ့ အစားစာ ဆိုတာ ရှိတယ် .. ခန္ဓာကိုယ်က ကောင်းနေပေ့မယ် ကိုယ်နဲ့ မတည့်တဲ့ အစားစာကလဲ ကိုယ်စားလိုက်ရင် ကိုယ်ကို ဥပါဒ် ပေးနိုင်ပါတယ် ...... #ကိုယ်ရဲ့လက်ခံနိုင်စွမ်းကို မြင့်ကြပါ 🫵

21.3.23 နေ့အတွက် လာဘ်လာဘ ကောင်းစေရန် မြတ်စွာဘုရားရှင် အား ပဲထမင်း ကပ်လှူ၍ လာဘသိဒ္ဓိ ပြည်စုံစေမယ့် နံနက် 9:15 မိနစ်တွင် မိမိ ရသော ဂါထာ တစ်ပုဒ်ကို 27 ခေါက်ရွတ်ဖတ်ပေးပါ #ဥုံမ်လာဘ်အထူးပြည့်စေသော်

ငွေ ဝင်တာနဲ့ ငွေ မြဲတာ မတူညီပါ တစ်ချို့က အစီရင်လုပ်လို့ ငွေဝင် တယ် .. ငွေကတော့ ဝင်မှာဘဲ ဝင်ပြီး အဖတ်မတင် လိုက်ရင်လဲ အချည်းနှီးဘဲ ငွေဝင်တယ် ပြန်ကုန်တယ် . ငွေမြဲတာကျ အဲလိုမဟုတ်ဘူး ငွေဝင်တယ် အဲငွေက စုဆောင်းမိတယ် နောက်ထပ်လဲ ငွေက ထပ်ဝင်တယ် ပိုင်ဆိုင်မှုကို အထောက်အကူပြုပေးတယ် .. ငွေဝင်ဖို့ရာလွယ်တယ် ငွေမြဲဖို့ရာခက်တယ် 〰️〰️〰️

ယခု ကာလ ကျန်းမာရေး ညံ့နေသူများ ပြုလုပ်ရန် ယတြာ လင်ဗန်း တစ်ချပ် ထဲမှာ အနီရောင် ပိတ်စခင်း၍ သပြေ ၉ ညွှန့်ကို စက်ဝိုင်းပုံစံ ပြု အလယ်ဗဟိုတွင် နို့ ထမင်း( နို့ဆန်ပြုတ်) ကို ကြွေပန်းကန် အလုံးဖြင့် အိမ် ဘုရားအား ကပ်လှု ပေးပါ 👏👏👏 ကပ်လှုပြီးပါက မိိမိဖြစ်နေသော ရောဂါ ဝေဒနာ အမြန်ဆုံးပျောက်ကင်းရန်ဆုတောင်းပေးပါ .... 👏 #အဆင်ပြေကြပါစေ ➰➰

လူတစ်ယောက်ဟာ ​ဂြိုဟ် သက္ကရာဇ် မကောင်းရင် ကောဇာ သက္ကရာဇ် နဲ့ ကောင်းတဲ့သူ ရှိတယ် ကောဇာ သက္ကရာဇ် မကောင်းရင် လ ပိုင်း ကံဇာတာဆိုတာရှိတယ် လပိုင်း ဇာတာ မကောင်းရင် ရက် ပိုင်း နေ့ ကောင်းဆိုတာ ရှိတယ် နေ့မကောင်းရင် အချိန် ကောင်းဆိုတာရှိတယ် မင်း ဒီနှစ် ကံညံ့နေတာလို့ ဆရာတွေက ဟောတိုင်း အလုံးစုံလုံး အကုန် ညံ့နေတာမဟုတ်ဘူး ... ကောဇာမကောင်းရင် လ . ( လ မကောင်းရင် ရက် / ရက်မကောင်းရင် အချိန်ဆိုတာ ရှိတယ် လူတစ်ယောက်စီတိုင်းမှာ 4 နာရီ 4 မိနစ် 4ရက် 4 လ 4နှစ် အမြဲတမ်း ဇာတာတွေက ပြောင်းနေတာ တစ်ရက်တာ စိုးမိုးတာချင်းကို မတူညီကြပါ ........➰➰

ကံ ညံ့တဲ့ လူ ထက် --- စိတ်ဓါတ် ညံ့တဲ့လူ က ပိုကြောက်စရာ ကောင်းပါတယ် ➰

ကံညံ့နေတဲ့သူ​၏ အကြောက်တရား သည် အများသူငါ ၏ စကား တွေ ဘဲ ဖြစ်သည် ... မနေ့ က ဗေဒင် မေးဖို့ အသိမိတ်ဆွေ တစ်ယောက်က လာ၍ အကူညီတောင်း၍ Mdy .. 54- 110 ထွန်းတုံး ရပ်ကွက် လမ်းသွယ် ၂ ဘက် ... သို့ သွားရပေသည် .. အကြောင်းက ကလေးမ လေး တစ်ဦး သည် စိတ်ဓတ် ကျ၍ .. မိဘ များနဲ့လဲ စကားမပြော . တစ်ယောက်တည်းအခန်းထဲမှာ နေထိုင်ပြီး ဘယ်သူမှ လဲ စကားမပြော မိဘများက စိုးရိမ်၍ အကူလာတောင်းခြင်းဖြစ်သည် ... ထိုကလေး သည် စင်ကာပူ နိုင်ငံသို့ ပညာသွားသင်ရန် ဝင်ခွင့် စာမေးပွဲ ဖြေထားသူဖြစ်သည် ... သူတက်ချင်တဲ့ မေဂျာကို ရပါသော်လဲ သူတက်ရမည့်ကျောင်းသည့် သူ အတွက် အဆင်မပြေ ဖြစ်လို့ဟုပြောသည် ... ဘာကြောင့်မတက်ရတာလဲဆိုတော့ သူတစ်ပါး ၏ စကားများကို နားယောင် သွားသော်ကြောင့်ဖြစ်သည် ... ထိုကျောင်း​၏ အပစ်များ ကျောင်း၏ မကောင်းတဲ့ အချက်များကို သူနဲ့ နီးစပ်သူများက ပြောပြ၍ ကလေးသည် ထိုကျောင်းကို တက်ချင်စိတ်မရှိတော့ဘဲ ငြင်းပယ်လိုက်လေသည် .... နောက်ထပ် ကျောင်းက ဝင်ခွင့်ထပ်ရပါသော်လဲ သူတက်ချင်တဲ့ မေဂျာ မဟုတ်တော့ ကလေးက မိဘ လဲ ပြန်မပြောရဲ စိတ်ထိခိုက်တော့ အခန်းထဲ ဘဲ အောင်းနေလေ တော့သည် .... ထိုကလေး အိမ်ရောက်တော့လဲ ကလေးက ဗေဒင်မေးရမှာကြောက်နေသည် သူ၏ ဇာတာသ​ည် မကောင်းတာတွေဖြစ်မှာစိုးရိမ်နေသည် ....မှန်ပါသည် .ကလေး ဇာတာသည် အညံ့ပိုင်းထဲတွင် ရောက်ရှိနေပါသည် ... ၅ တန့်မှာ 8.12 ဒဿ စားနေသော ကာလ .. အနှောက်ယှက် ရန် ဆုံးရှုံးမှူများသောကာလ .. သူ လက္ခဏာ သူလက် ညာဘက် လက်ခလယ် အောက်တည့်တည့် တွင် မှဲ့ ပါနေသည်ကလဲ မနာလိုသူ .. တစ်ပါးသူ၏ ပြုစားခြင်းခံရတက်သူ .. ရင်းနှီးသူတို့၏ ချောက်တွန်းခြင်း ခံရတဲ့ လက္ခဏာ ဟု ဟောရပေမည်.. သူကို ပြောတဲ့သူများသည်လဲ သူ၏ အပေါင်းအသင်း ဆွေမျိူးများထဲက ဖြစ်သည် ... သူအမေ ပြောတော့ ကလေးက အမှတ် အကောင်းဆုံးရတယ် ဆရာ တဲ့ .. အင်း ......... တယ်လဲ ခက်ပါ့ လူတွေရဲ့ စိတ် ကလေးဇာတာက တော့ ဒီနှစ် 4 လပိုင်း 23 ရက်ကျော်ရင် ပြန်ကောင်းပါပြီး .. စိုးရိမ်စရာ မရှိတော့ပေ့မယ် ကလေး ကိုတော့စိတ်ခွန် များစွာ ပေးရပေသည် ... ဇာတာရှင်က ပညာရေးဇတ်ဆောင် ဂြိုဟ် တွေက အထောက်အပံ အားကောင်းတော့ အမျိားကြီးကြီး စိုးရိမ်စရာတော့ မတွေ့ရပါ သို့သောလဲ မကောင်းတဲ့ နှစ်ပိုင်း အခိုက်အတန့် ရောက်တော့လဲ အနှောက်အယှက် ဆိုတာ ကြုံရတာပါဘဲ ဘယ်တော့မှ သူတစ်ပါးစကားမှာ လမ်းမဆုံးမိစေပါနဲ့ .... မှတ်ချက် ... ဗေဒင် ပညာရပ်သည် ကိုးကွယ်ဖို့မဟုတ်ပါ လောကီ နေထိုင်သူတို့အတွက် အသုံးချ လမ်းညွှန်မှူ ရသော ပညာရပ်တစ်ခုဖြစ်သည် .......

လာဘ် ဖွင့်တဲ့ နေရာမှာ -- မိမိ အမှူအကျင့် - အနေအထိုင် အဝတ်အထည်တို့လဲ ပါ့ ဝင်ပါတယ်-- ဗေဒင်ပညာရပ်မှာတော့ ဣဌ - အနိဌ ဆိုပြီး ခွဲထားတာရှိပါတယ် -- ဣဌ သည် အကောင်း - အနိဌ သည် အဆိုးလို့ခွဲထားပါတယ် - အိမ်တစ်အိမ်မှာဆိုရင် အိမ်ရှေ့က ဣဌ- အိမ်နောက်ဖေးက အနိဌ လို ခွဲထားပါတယ် - အိမ်တစ်အိမ်မှာ နံနက်စောစော အနိဌ ဖြစ်စေသော ညစ်ညမ်းဆဲဆို ခြင်းများပြုပါက လာဘ်တိတ်စေပါတယ် - ထို့အတူ အဝတ်အထည်မှာလဲ မနေ့က ဝတ်သောအဝတ်ကို မလျှော်ဖွတ်ဘဲ ပြန်ဝတ်တာမျိူး အဝတ်အထည် များသည် ဧည့်ခန်း - မီးဖိုခန်း - အိပ်ဆောင် ထဲမှာ .. ရှိနေ - ပုံနေပါကလဲ လာဘ်တိတ်စေပါတယ် --- တစ်ချို့ တွေ့ဖူးလို့ တင်ပေးချင်ပါ -- #ဆက်ရန် ➰➰➰