cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

MSI - MYANMAR SECRET INFORMATIONS

Subscribe to MSI – first to get the most up-to-date and reliable "Political & Revolution" news. TELEGRAM https://t.me/msi22222

إظهار المزيد
مشاركات الإعلانات
27 063
المشتركون
-624 ساعات
+307 أيام
-9330 أيام
توزيع وقت النشر

جاري تحميل البيانات...

Find out who reads your channel

This graph will show you who besides your subscribers reads your channel and learn about other sources of traffic.
Views Sources
تحليل النشر
المشاركاتالمشاهدات
الأسهم
ديناميات المشاهدات
01
စကစတပ်မှ မိုးမိတ်မြို့နယ်ရှိ TNLAတပ်စခန်းအား ပေါင်(၅၀၀)ဗုံးဖြင့် လာရောက်တိုက်ခိုက်
6051Loading...
02
အာရက္ခဒေသအတွင်း အာရက္ခတပ်‌တော် (AA) ထိန်းချုပ်ထားရာ မြို့၊ ရပ်ရွာများအပါအဝင် မောင်တော၊ သံတွဲ၊ အမ်း အစရှိသော စစ်ရေးအထိနာနေသည့် နေရာများရှိ ရပ်ရွာများအတွင်းသို့ စစ်ကောင်စီမှ လေကြောင်း၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာနေ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၁) ရက် အာရက္ခဒေသအတွင်း စစ်ရေးအထိနာနေ၍ ရှုံးမဲမဲကာ မိုက်ရူးရဲဆန်နေသည့် ဖက်ဆစ် စစ်ကောင်စီသည် အာရက္ခတပ်တော်ထိန်းချုပ်ထားရာ မြို့ ၊ ရပ်ရွာများနှင့် လက်ရှိ တိုက်ပွဲများ ပြင်းထန်နေသည့် မောင်တော၊ အမ်း၊ သံတွဲ စသည့် မြို့နယ်များနှင့် အနီးအနားကျေးရွာများရှိ အရပ်သားပြည်သူလူထုနေထိုင်ရာ မြို့၊ ရပ်ရွာ များ၊ ဆေးရုံဆေးခန်း၊ စျေး၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် အရပ်သားပြည်သူ သွားလာလှုပ်ရှားရာ နေရာများအား ပစ်မှတ်ထား၍ ရေကြောင်း၊ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများကို တစ်နေ့ ထက်တစ်နေ့ ပိုမိုပြုလုပ်လျက်ရှိသည်။ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၄/၅) ရက်များ၌လည်း အရပ်သား ပြည်သူများနေထိုင်ရာ သံတွဲမြို့နယ်၊ ဆင်ခေါင်း ကျေးရွာအား ဖက်ဆစ် စစ်ကောင်စီမှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် အပြစ်မဲ့ အရပ်သား ပြည်သူများစွာ ထိခိုက်ဒဏ်ရာရ၊ သေဆုံးခဲ့ပြီး ရွာလုံးကျွတ်နီးပါး ပျက်စီးဆုံးရှုံးခဲ့သည်။ အဆိုပါ စာရင်းများကို မိမိတို့မှထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၁) ရက်၊ နံနက် (၉) နာရီနှင့် (၉) နာရီ (၃၅) မိနစ် ဝန်းကျင်တွင် ဖက်ဆစ် စစ်ကောင်စီ၏ Y12 လေယာဉ်သည် ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ မြို့ပေါ်ရပ်ကွက် (၁)၊ သဝင်ချောင်းကျေးရွာ ဘုန်းကြီးကျောင်းအနီးဝန်းကျင်၊ မနော်သီရိကျေးရွာနှင့် လက်ပံပြားကျေးရွာများအား လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှု (၄) ကြိမ်ပြုလုပ်ခဲ့သကဲ့သို့ ဒရုန်းများဖြင့်လည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အထက်ဖော်ပြပါနေရာ များသို့ ရန်သူ့ ဒရော့ဗုံး (၁၃) ကြိမ်ထက်မနည်း ကျရောက်ပေါက်ကွဲခဲ့သည်။ ဤတိုက်ခိုက်မှုဖြစ်စဉ်အတွင်း အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသမီး (၆) ဦးနှင့် အမျိုးသား (၄) ဦးတို့မှာ အကြီးစား၊ အ‌လတ်စား၊ အသေးစား ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ပြီး နေအိမ်အချို့လည်း ပျက်စီးဆုံးရှုံးခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၁) ရက်၊ ပေါက်တောမြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း- (၁) ပေါက်တောမြို့၊ ရပ်ကွက် (၁) မှ ဦးညီညီအောင် (၃၇) နှစ်နှင့် ဦးနေဝင်း (၃၈) နှစ်၊ (၂) ပေါက်တောမြို့နယ်၊ သဝင်ချောင်းကျေးရွာ ဘုန်းကြီးကျောင်းအနီးဝန်းကျင်မှ ဒေါ်နှင်းချေ (၃၈) နှစ်၊ ‌ဒေါ်အေးကျော့စိန် (၅၃) နှစ် နှင့် ဦးအောင်ကျော်စိုး (၄၅) နှစ်၊ (၃) ပေါက်တောမြို့နယ်၊ လက်ပံပြားကျေးရွာမှ မချေယဉ်သန်း (၁၆) နှစ်၊ ဒေါ်နုအေး (၃၀) နှစ်၊ ဒေါ်ဇနီးမယ် (၅၀) နှစ်၊ ဒေါ်ဦးမေသန်း (၅၇) နှစ် နှင့် ဦးလှမောင်သန်း (၂၈) နှစ် တို့မှာ အလတ်စား၊ အသေးစား ထိခိုက် ဒဏ်ရာအသီးသီး ရရှိခဲ့ပြီး ပေါက်တော၊ မြို့ပေါ်ရပ်ကွက် (၁) မှ ဦးညီညီအောင်တွင် အပြင်းစား ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ နောက်ဆက်တွဲ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှု၊ ပျက်စီးမှုများအား သိရှိရပါက ထပ်မံတင်ပေးသွားပါမည်။ ဓာတ်ပုံ-၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၁) ရက်၊ နံနက် (၉) နာရီနှင့် (၉) နာရီ (၃၅) မိနစ် ဝန်းကျင်တွင် ဖက်ဆစ် စစ်ကောင်စီ၏ Y12 လေယာဉ်နှင့် ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသော ပေါက်တောမြို့မှ အပြစ်မဲ့ အရပ်သားပြည်သူများ သတင်းနှင့်ပြန်ကြားရေး အာရက္ခတပ်တော်
6420Loading...
03
https://t.me/msi22222/130220 https://t.me/msi22222/130221 https://t.me/msi22222/130222 https://t.me/msi22222/130223
10Loading...
04
ချောက်မှာ ပျူစောထီးတွေက ဒေသခံတွေကို ဖမ်းဆီး၊ လုယက်တာတွေပါလုပ်နေ မကွေး၊ ဇွန် ၁၁၊ ၂၀၂၄။ မကွေးတိုင်း၊ ချောက်မြို့နယ်က ကျေးရွာအချို့မှာ ပျူစောထီးတွေက ဆက်ကြေးကောက်နေတဲ့အပြင် ဒေသခံတွေကိုဖမ်းဆီး၊ လုယက်တာတွေနဲ့ နေအိမ်မီးရှို့တာတွေပါ လုပ်လာတယ်လို့ ချောက်မြို့ ဒေသခံတဦးက ပြောပါတယ်။ ကုန်းကြီးရွာအုပ်ချုပ်ရေးမှူး ကျော်လင်းနဲ့ အိုင်ကြီးကျေးရွာအုပ်ချုပ်ရေးမှုး ဌေးမြင့်အောင်တို့ ဟာ စစ်ကောင်စီအကူအညီနဲ့ ပျူစောထီးတပ်ဖွဲ့ ဖွဲ့ပြီး ကုန်းကြီးရွာ၊ ကျေးနီလမ်းခွဲမှာ လမ်းသွားလမ်းလာတိုင်းဆီက တဦးကို ငွေကျပ် ၅၀၀၀ ဆက်ကြေးကောက်နေတာလို့ ဆိုပါတယ်။ အဲ့ဒီလမ်းဟာ ညောင်ဇင်၊ ရွာမ၊ ကံတိုင်၊ ကံသစ်ကုန်း၊ ဂွေးပင်ကြီး၊ ဂွေးပင်လေး၊ တုံရွာစတဲ့ကျေးရွာ ၁၅ ရွာကျော်လောက် အသွားအလာလုပ်နေတဲ့လမ်းဖြစ်ပြီး ဒေသခံတွေအနေနဲ့ ချောက်မြို့ကို လာရင်လည်း အဓိကအသုံးပြုရတဲ့လမ်းဖြစ်သလို လက်ရှိမှာတော့ ဒေသခံတွေဟာ အဲ့ဒီလမ်းပေါ်က ဖြတ်သွားဖို့ကို စိုးရိမ်နေကြရပါတယ်။ သတင်းအပြည့်အစုံ... https://www.myaelattathan.org/articles/ချောက်မှာ_ပျူစောထီးတွေက_ဒေသခံတွေကို_ဖမ်းဆီး_လုယက်တာတွေပါလုပ်နေ
8390Loading...
05
Media files
9710Loading...
06
မူးယစ်သုံးစွဲသူများအား PSLF/TNLA မှ အကျင့်စာရိတ္တပြုပြင်ပေးပြီး ပြန်လွှတ်ပေး နမ့်ဆန်၊ ဇွန်လ (၁၁) ရက် တအာင်းပြည်သတင်း တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ နမ့်ဆန်မြို့၌ တအာင်းပြည်အတွင်း မူးယစ်ဆေးဝါးသုံးစွဲများကို PSLF/TNLA မှ အကျင့်စာရိတ္တပြုပြင်ပေးပြီး ပြန်လွှတ်ပေးသည့်အခမ်းအနားကို ဇွန်လ (၁၁) ရက်တွင်ပြုလုပ်ခဲ့သည်။ တအာင်းပြည် နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင် နမ္မတူ စသည့် မြို့နယ်မှ မူးယစ်ဆေးဝါးသုံးစွဲသူများကို PSLF/TNLA မူးယစ်ဆေးဝါး တိုက်ဖျက်ရေး တပ်ဖွဲ့မှ ဖမ်းဆီးပြီး (၆)လကြာ အကျင့်စာရိတ္တပြုပြင်ရေးခစန်းတွင် ထားရှိပြီး အကျင့်စာရိတ္တပြုပြင်ပေးခဲ့သည်။ အချို့ကမူ မိဘများကိုယ်တိုင် လာရောက်အပ်နှံပြီး စာရိတ္တပြုပြင်ပေးရန် တောင်းဆိုမှုများလည်းရှိသည်။ ထိုထဲတွင် လူဦးရေ (၅၀)ရှိပြီး အမျိုးသမီး (၂) ဦးလည်းပါဝင်ပါသည်။ ပထမအကြိမ် အကျင့်စာရိတ္တပြုပြင်ရေးစခန်းတွင် ပို့ဆောင်ခံရပါက (၆) လ ပြစ်မှုခံရမှာဖြစ်ပြီး ဒုတိယအကြိမ် ထပ်မံသုံးစွဲပါက (၃)နှစ်ကြာ အကျင့်စာရိတ္တပြုပြင်ရေးစခန်းသို့ ပို့ဆောင်ခံရမည်ဖြစ်သည်။ ၁၀၂၇ စစ်ဆင်ရေးမတိုင်ခင်ထိ စစ်ကောင်စီထိန်းချုပ်သည့် နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊​နမ္မတူ မြို့များတွင် မူးယစ်ဆေးဝါးသုံးစွဲသူများပြားပြီး ယခု PSLF/TNLA အုပ်ချုပ်သည့်မြို့နယ်များတွင် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ပြီးနောက် မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူများကို ထိရောက်စွာအရေးယူနိုင်ခဲ့သည်။ #PSLF/TNLA #သတင်းနှင့်ပြန်ကြားရေး #အကျင့်စာရိတ္တပြုပြင်ရေးစခန်း
9300Loading...
07
ထိုင်းတွင် ပြစ်ဒဏ်ကျခံပြီးသော မြန်မာ ၁၂၀ ကို ကော့သောင်းဘက် ပြန်ပို့ အလုပ်သမားများကို ရနောင်းမြို့မှတစ်ဆင့် စက်လှေများဖြင့် ကော့သောင်းမြို့ကိုပို့ဆောင် လိုက်ခြင်းဖြစ်သည်။ ပုံ - ရနောင်လဝကနှင့် ကော့သောင်း (ပြန်/ဆက်) သတင်းအပြည့်အစုံဖတ်ရန် > https://www.facebook.com/DaweiWatch/posts/831314109147939?ref=embed_post
8321Loading...
08
ပြည်မြို့မှာ လမ်းသွားလမ်းလာတွေကို VPN ရှိမရှိ စစ်ဆေးပြီး ဒဏ်ငွေပေးဆောင်ခိုင်း ပြည်၊ ဇွန်၁၁၊ ၂၀၂၄။ ပဲခူးတိုင်း အနောက်ခြမ်း ပြည်မြို့မှာ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာတွေရဲ့ ဖုန်းတွေကို ယူကြည့်ပြီး Virtual Private Network (VPN) ရှိမရှိကြည့်ကာ ဖျက်ခိုင်းပြီ ဒဏ်ကြေးဆောင်ခိုင်းတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဇွန်လ ၁၁ရက် ဒီနေ့မနက်ပိုင်းမှာ ပြည်မြို့က နေရာအချို့မှာ ရဲတပ်ဖွဲ့ဝင်တွေက တားဆီးစစ်ဆေးပြီး ဒဏ်ငွေ ၅သောင်းအထိပေးဆောင်ရသူတွေရှိတယ်လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။ "စစ်တာကတော့ ဈေးတွေထဲရော ဗိုလ်ချုပ်လမ်းရော အမှတ် ၁ စခန်းရှေ့တွေရော ပတ်စစ်နေတယ်။ သူတို့ လှမ်းခေါ် ပြီး ဖုန်းခနပြအုံး စစ်တယ်။ VPN ရှိလား ရှိရင် ဖျက်ထားပါလို့ပြောလိုက်တယ်" လို့ ဒေသခံတဦးက ပြောပါတယ်။ စစ်ကောင်စီက မေလ ၃၀ရက်ကစတင်ကာ VPN အသုံးပြုမှုကို ပိတ်ပင်လိုက်ပြီးနောက်မှာ ထောင်ချအရေးယူဖို့ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး အခုလို စစ်ဆေးတာတွေ လုပ်လာခဲ့တာဖြစ်ပါတယ်။ သတင်းအပြည့်အစုံ... https://www.myaelattathan.org/articles/ပြည်မြို့မှာ_လမ်းသွားလမ်းလာတွေကို_VPNရှိမရှိ_စစ်ဆေးပြီး_ဒဏ်ငွေပေးဆောင်ခိုင်း
7755Loading...
09
Media files
9070Loading...
10
တအာင်းပြည်ပညာရေးကောင်စီဖွင့်လှစ်သည့် စာသင်ကျောင်းများမှ ကျောင်းသူကျောင်းသားများ ပုံရိပ် (သတင်းဓါတ်ပုံ) နမ့်ခမ်း၊ ဇွန်လ ၁၁ ရက် တအာင်းပြည်သတင်း PSLF/TNLA အုပ်ချုပ်သည့် တအာင်းပြည်ရှိ မြို့နယ်အသီးသီးတွင် Ta'ang Land Education Council (TLEC)မှ ဦးဆောင်ကာ စာသင်ကျောင်းများကို ယမန်နေ့ ဇွန်လ ၁၀ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လာရောက်ပညာသင်ယူနေကြသည့် ကျောင်သူ/သားများ၏ ပုံရိပ်ဖြစ်ပါသည်။ #PSLF/TNLA #သတင်းနှင့်ပြန်ကြားရေးဌာန
8440Loading...
11
ဟိုင်ဂင်သဘောတူချက်ကို စစ်ကောင်စီ ချိုးဖောက်နေတယ်လို့ TNLA ပြော (ရုပ်/သံ) မိုင်းခြိူဝ်းဇာရ်၊ ဇွန် ၁၁၊ ၂၀၂၄ အာဏာသိမ်း စစ်ကောင်စီတပ်ဟာ ဟိုင်ဂင်သဘောတူစာချုပ်ပါ အပစ်ရပ်ရေး အချက်တွေကို ချိုးဖောက်နေတယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ဧရာ၀တီကို ပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်ထဲက TNLA တပ်စခန်း တခုကို ဇွန်လ ၉ ရက်နေ့ညနေမှာ စစ်ကောင်စီက လေကြောင်းကနေ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးတဲ့နောက် အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။ မိုးမိတ်မြို့နယ် ပန်တင်နဲ့ မန်ပိန်းကျေးရွာအကြားရှိ TNLA တပ်စခန်းတခုကို ပေါင် ၅၀၀ ဗုံး အပါအဝင် ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုကြောင့် TNLA တပ်ဖွဲ့ဝင် ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ တယ်လို့ TNLA က အတည်ပြုပါတယ်။ https://youtu.be/_4J8lGeEDd8 စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR
7861Loading...
12
ရန်ကုန်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား လုပ်ကြံရန် ကြံစည်ဟု စွပ်စွဲကာ လူ ၉ ဦးကို စစ်ကောင်စီ ဖမ်းဆီး https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * ရန်ကုန်မြို့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား လုပ်ကြံရန် ကြံစည်သည်ဟုစွပ်စွဲကာ လူ(၉)ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ကြောင်း စစ်ကောင်စီသတင်းဌာနများက ၂၀၂၄ခုနှစ် ဇွန်လ(၁၀)ရက်နေ့က ဖော်ပြသည်။ ဖမ်းဆီးခံရသူများမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ ရန်ကုန်(UG)အဖွဲ့ဝင်များဖြစ်ပြီး ၂၀၂၄ခုနှစ် ဇွန်လ(၈)ရက်နေ့တွင် သန်လျင်တံတားအမှတ်(၃) ဖွင့်ပွဲတက်ရောက်မည့် စစ်ခေါင်းဆောင်ကို (၁၀၇)မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် စီစဉ်နေသူများဖြစ်သည်ဟု စစ်ကောင်စီသတင်းဌာနများက စွပ်စွဲဖော်ပြသည်။ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၆၁)ရပ်ကွက် သင်္ဘောကျင်းဝန်ထမ်းအိမ်ယာဝန်းအတွင်းရှိ သစ်သားလိုင်းခန်း အဟောင်း၌ စိန်ကြီး(ခ)အောင်ထွေး (၂၆)နှစ်၊ ချိုကြီး(ခ)ဟိန်းထက်အောင် (၁၈)နှစ်၊ မင်းသူ (၃၀)နှစ်၊ မောင်ဟိန်း (၂၄)နှစ်၊ အောင်သူရထွန်း (၂၅)နှစ်၊ ပြည့်ဖြိုးဇော် (၁၈)နှစ်နှင့် ထက်အာကာလင်း (၂၆)နှစ်တို့ (၇)ဦးအား (၁၀၇) မမရှော့တိုက်ဒုံး (၂) လုံး ၊ ဖြူးစ် (၂)ခု၊ လက်ပစ်ဗုံး (၂)လုံး၊ ဘတ္ထရီအိုး (၂)လုံး၊ ဝါယာကြိုးခွေ (၄)ခွေနှင့် အခြား ဆက်စပ်ပစ္စည်းများနှင့်အတူ ဇွန်လ(၈)ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။ ထို့နောက် ဇွန်လ(၉)ရက်နေ့တွင် ရှော့တိုက်ဒုံးပစ်ခတ်ရန် ပူးပေါင်းပါဝင်သူများဖြစ်သော ချစ်ကေခိုင်(၃၈)နှစ်အား ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၇၂)ရပ်ကွက်၊ သဇင်လမ်း၊ အမှတ်(၉၃)နေအိမ်မှ လည်းကောင်း၊ ဇာနည်အောင် (ခ)ကိုဇာ (၃၂)နှစ်အား ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၇၂)ရပ်ကွက်၊ ဗန္ဓုလလမ်း၊ အမှတ်(၁၁၁) နေအိမ်မှ (၁၀၇) မမ ရှော့တိုက်ဒုံးတစ်လုံး၊ ဖြူးစ်တစ်ခုတို့ဖြင့်လည်းကောင်း ဖမ်းဆီးရမိသည်ဟု ဆိုသည်။ News : https://www.tachileik.net/mm/news/36238 #TachileikNewsAgency
9262Loading...
13
မဲဆောက်ရှိ နွေဦးတမာန်ရုံးခန်းကို စစ်ကောင်စီ၏ တိုင်ကြားမှုကြောင့် ထိုင်းအာဏာပိုင်များ ဝင်စစ်ကာ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ဟုဆို 11 June 2024 By Bala / MPA ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ နွေဦးတမာန်တော်လှန်ရေးထောက်ပို့ရုံးခန်းကို မြန်မာစစ်ကောင်စီ၏ တိုင်ကြားမှုကြောင့် ထိုင်းအာဏာပိုင်တို့က ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဇွန်လ ၁၀ရက်၊ ထိုင်းစံတော်ချိန် ညနေငါးနာရီခွဲကျော်တွင် မဲဆောက်မြို့ရှိ နွေဦးတမာန်တော်လှန်ရေးထောက်ပို့ရုံးခန်းအတွင်း ထောက်ပို့တာဝန်ခံလင်မယားနှင့် ထောက်ပို့ရဲဘော် အမျိုးသားနှစ်ဦးတို့ ရှိနေစဉ် ထိုင်းအာဏာပိုင် ၁၅ဦးဝန်းကျင် ရောက်ရှိလာကာ တစ်နာရီကျော်ကြာ စစ်ဆေးခဲ့ကြောင်း နွေဦးတမာန် ထောက်ပို့ပြန်ကြားရေး CDM ကျောင်းဆရာ နွေဦးနိုင် (ပဲခူး) က ပြောသည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/ty52knma Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
9142Loading...
Repost from PSLF/TNLA News
01:08
Video unavailableShow in Telegram
စကစတပ်မှ မိုးမိတ်မြို့နယ်ရှိ TNLAတပ်စခန်းအား ပေါင်(၅၀၀)ဗုံးဖြင့် လာရောက်တိုက်ခိုက်
إظهار الكل...
28.08 MB
👍 6
Repost from AA Info Desk
အာရက္ခဒေသအတွင်း အာရက္ခတပ်‌တော် (AA) ထိန်းချုပ်ထားရာ မြို့၊ ရပ်ရွာများအပါအဝင် မောင်တော၊ သံတွဲ၊ အမ်း အစရှိသော စစ်ရေးအထိနာနေသည့် နေရာများရှိ ရပ်ရွာများအတွင်းသို့ စစ်ကောင်စီမှ လေကြောင်း၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာနေ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၁) ရက် အာရက္ခဒေသအတွင်း စစ်ရေးအထိနာနေ၍ ရှုံးမဲမဲကာ မိုက်ရူးရဲဆန်နေသည့် ဖက်ဆစ် စစ်ကောင်စီသည် အာရက္ခတပ်တော်ထိန်းချုပ်ထားရာ မြို့ ၊ ရပ်ရွာများနှင့် လက်ရှိ တိုက်ပွဲများ ပြင်းထန်နေသည့် မောင်တော၊ အမ်း၊ သံတွဲ စသည့် မြို့နယ်များနှင့် အနီးအနားကျေးရွာများရှိ အရပ်သားပြည်သူလူထုနေထိုင်ရာ မြို့၊ ရပ်ရွာ များ၊ ဆေးရုံဆေးခန်း၊ စျေး၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် အရပ်သားပြည်သူ သွားလာလှုပ်ရှားရာ နေရာများအား ပစ်မှတ်ထား၍ ရေကြောင်း၊ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများကို တစ်နေ့ ထက်တစ်နေ့ ပိုမိုပြုလုပ်လျက်ရှိသည်။ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၄/၅) ရက်များ၌လည်း အရပ်သား ပြည်သူများနေထိုင်ရာ သံတွဲမြို့နယ်၊ ဆင်ခေါင်း ကျေးရွာအား ဖက်ဆစ် စစ်ကောင်စီမှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် အပြစ်မဲ့ အရပ်သား ပြည်သူများစွာ ထိခိုက်ဒဏ်ရာရ၊ သေဆုံးခဲ့ပြီး ရွာလုံးကျွတ်နီးပါး ပျက်စီးဆုံးရှုံးခဲ့သည်။ အဆိုပါ စာရင်းများကို မိမိတို့မှထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၁) ရက်၊ နံနက် (၉) နာရီနှင့် (၉) နာရီ (၃၅) မိနစ် ဝန်းကျင်တွင် ဖက်ဆစ် စစ်ကောင်စီ၏ Y12 လေယာဉ်သည် ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ မြို့ပေါ်ရပ်ကွက် (၁)၊ သဝင်ချောင်းကျေးရွာ ဘုန်းကြီးကျောင်းအနီးဝန်းကျင်၊ မနော်သီရိကျေးရွာနှင့် လက်ပံပြားကျေးရွာများအား လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှု (၄) ကြိမ်ပြုလုပ်ခဲ့သကဲ့သို့ ဒရုန်းများဖြင့်လည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အထက်ဖော်ပြပါနေရာ များသို့ ရန်သူ့ ဒရော့ဗုံး (၁၃) ကြိမ်ထက်မနည်း ကျရောက်ပေါက်ကွဲခဲ့သည်။ ဤတိုက်ခိုက်မှုဖြစ်စဉ်အတွင်း အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသမီး (၆) ဦးနှင့် အမျိုးသား (၄) ဦးတို့မှာ အကြီးစား၊ အ‌လတ်စား၊ အသေးစား ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ပြီး နေအိမ်အချို့လည်း ပျက်စီးဆုံးရှုံးခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၁) ရက်၊ ပေါက်တောမြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း- (၁) ပေါက်တောမြို့၊ ရပ်ကွက် (၁) မှ ဦးညီညီအောင် (၃၇) နှစ်နှင့် ဦးနေဝင်း (၃၈) နှစ်၊ (၂) ပေါက်တောမြို့နယ်၊ သဝင်ချောင်းကျေးရွာ ဘုန်းကြီးကျောင်းအနီးဝန်းကျင်မှ ဒေါ်နှင်းချေ (၃၈) နှစ်၊ ‌ဒေါ်အေးကျော့စိန် (၅၃) နှစ် နှင့် ဦးအောင်ကျော်စိုး (၄၅) နှစ်၊ (၃) ပေါက်တောမြို့နယ်၊ လက်ပံပြားကျေးရွာမှ မချေယဉ်သန်း (၁၆) နှစ်၊ ဒေါ်နုအေး (၃၀) နှစ်၊ ဒေါ်ဇနီးမယ် (၅၀) နှစ်၊ ဒေါ်ဦးမေသန်း (၅၇) နှစ် နှင့် ဦးလှမောင်သန်း (၂၈) နှစ် တို့မှာ အလတ်စား၊ အသေးစား ထိခိုက် ဒဏ်ရာအသီးသီး ရရှိခဲ့ပြီး ပေါက်တော၊ မြို့ပေါ်ရပ်ကွက် (၁) မှ ဦးညီညီအောင်တွင် အပြင်းစား ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ နောက်ဆက်တွဲ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှု၊ ပျက်စီးမှုများအား သိရှိရပါက ထပ်မံတင်ပေးသွားပါမည်။ ဓာတ်ပုံ-၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၁) ရက်၊ နံနက် (၉) နာရီနှင့် (၉) နာရီ (၃၅) မိနစ် ဝန်းကျင်တွင် ဖက်ဆစ် စစ်ကောင်စီ၏ Y12 လေယာဉ်နှင့် ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသော ပေါက်တောမြို့မှ အပြစ်မဲ့ အရပ်သားပြည်သူများ သတင်းနှင့်ပြန်ကြားရေး အာရက္ခတပ်တော်
إظهار الكل...
🤬 10👍 1 1
إظهار الكل...
MSI - MYANMAR SECRET INFORMATIONS

တော်လှန်ရေးကို ဘယ်လောက်ထိ ပါဝင်ချင်ကြလဲ? (ကိုယ်တိုင်ရင်ဆိုင်နေရတဲ့ ယခုလက်ရှိအခြေအနေအပေါ် မူတည်ပြီး ရိုးရိုးသားသားဖြေဆိုပါရန်) ၂၀၂၄ တစ်နှစ်သာ / ၂၀၂၅ အထိသာ / နောက် ၅ နှစ်အထိ / နောက် ၁၀ နှစ်အထိ / နောက် ၁၀နှစ် နှင့်အထက် / အဆုံးထိ (တစ်သက်လုံး/တစ်ဘဝလုံး/အသက်ရှင်နေသမျှ)

Photo unavailableShow in Telegram
ချောက်မှာ ပျူစောထီးတွေက ဒေသခံတွေကို ဖမ်းဆီး၊ လုယက်တာတွေပါလုပ်နေ မကွေး၊ ဇွန် ၁၁၊ ၂၀၂၄။ မကွေးတိုင်း၊ ချောက်မြို့နယ်က ကျေးရွာအချို့မှာ ပျူစောထီးတွေက ဆက်ကြေးကောက်နေတဲ့အပြင် ဒေသခံတွေကိုဖမ်းဆီး၊ လုယက်တာတွေနဲ့ နေအိမ်မီးရှို့တာတွေပါ လုပ်လာတယ်လို့ ချောက်မြို့ ဒေသခံတဦးက ပြောပါတယ်။ ကုန်းကြီးရွာအုပ်ချုပ်ရေးမှူး ကျော်လင်းနဲ့ အိုင်ကြီးကျေးရွာအုပ်ချုပ်ရေးမှုး ဌေးမြင့်အောင်တို့ ဟာ စစ်ကောင်စီအကူအညီနဲ့ ပျူစောထီးတပ်ဖွဲ့ ဖွဲ့ပြီး ကုန်းကြီးရွာ၊ ကျေးနီလမ်းခွဲမှာ လမ်းသွားလမ်းလာတိုင်းဆီက တဦးကို ငွေကျပ် ၅၀၀၀ ဆက်ကြေးကောက်နေတာလို့ ဆိုပါတယ်။ အဲ့ဒီလမ်းဟာ ညောင်ဇင်၊ ရွာမ၊ ကံတိုင်၊ ကံသစ်ကုန်း၊ ဂွေးပင်ကြီး၊ ဂွေးပင်လေး၊ တုံရွာစတဲ့ကျေးရွာ ၁၅ ရွာကျော်လောက် အသွားအလာလုပ်နေတဲ့လမ်းဖြစ်ပြီး ဒေသခံတွေအနေနဲ့ ချောက်မြို့ကို လာရင်လည်း အဓိကအသုံးပြုရတဲ့လမ်းဖြစ်သလို လက်ရှိမှာတော့ ဒေသခံတွေဟာ အဲ့ဒီလမ်းပေါ်က ဖြတ်သွားဖို့ကို စိုးရိမ်နေကြရပါတယ်။ သတင်းအပြည့်အစုံ... https://www.myaelattathan.org/articles/ချောက်မှာ_ပျူစောထီးတွေက_ဒေသခံတွေကို_ဖမ်းဆီး_လုယက်တာတွေပါလုပ်နေ
إظهار الكل...
👍 10🤬 4🥰 1
Repost from PSLF/TNLA News
Repost from PSLF/TNLA News
မူးယစ်သုံးစွဲသူများအား PSLF/TNLA မှ အကျင့်စာရိတ္တပြုပြင်ပေးပြီး ပြန်လွှတ်ပေး နမ့်ဆန်၊ ဇွန်လ (၁၁) ရက် တအာင်းပြည်သတင်း တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ နမ့်ဆန်မြို့၌ တအာင်းပြည်အတွင်း မူးယစ်ဆေးဝါးသုံးစွဲများကို PSLF/TNLA မှ အကျင့်စာရိတ္တပြုပြင်ပေးပြီး ပြန်လွှတ်ပေးသည့်အခမ်းအနားကို ဇွန်လ (၁၁) ရက်တွင်ပြုလုပ်ခဲ့သည်။ တအာင်းပြည် နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင် နမ္မတူ စသည့် မြို့နယ်မှ မူးယစ်ဆေးဝါးသုံးစွဲသူများကို PSLF/TNLA မူးယစ်ဆေးဝါး တိုက်ဖျက်ရေး တပ်ဖွဲ့မှ ဖမ်းဆီးပြီး (၆)လကြာ အကျင့်စာရိတ္တပြုပြင်ရေးခစန်းတွင် ထားရှိပြီး အကျင့်စာရိတ္တပြုပြင်ပေးခဲ့သည်။ အချို့ကမူ မိဘများကိုယ်တိုင် လာရောက်အပ်နှံပြီး စာရိတ္တပြုပြင်ပေးရန် တောင်းဆိုမှုများလည်းရှိသည်။ ထိုထဲတွင် လူဦးရေ (၅၀)ရှိပြီး အမျိုးသမီး (၂) ဦးလည်းပါဝင်ပါသည်။ ပထမအကြိမ် အကျင့်စာရိတ္တပြုပြင်ရေးစခန်းတွင် ပို့ဆောင်ခံရပါက (၆) လ ပြစ်မှုခံရမှာဖြစ်ပြီး ဒုတိယအကြိမ် ထပ်မံသုံးစွဲပါက (၃)နှစ်ကြာ အကျင့်စာရိတ္တပြုပြင်ရေးစခန်းသို့ ပို့ဆောင်ခံရမည်ဖြစ်သည်။ ၁၀၂၇ စစ်ဆင်ရေးမတိုင်ခင်ထိ စစ်ကောင်စီထိန်းချုပ်သည့် နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊​နမ္မတူ မြို့များတွင် မူးယစ်ဆေးဝါးသုံးစွဲသူများပြားပြီး ယခု PSLF/TNLA အုပ်ချုပ်သည့်မြို့နယ်များတွင် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ပြီးနောက် မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူများကို ထိရောက်စွာအရေးယူနိုင်ခဲ့သည်။ #PSLF/TNLA #သတင်းနှင့်ပြန်ကြားရေး #အကျင့်စာရိတ္တပြုပြင်ရေးစခန်း
إظهار الكل...
7👍 5🤣 1
Repost from Dawei Watch
ထိုင်းတွင် ပြစ်ဒဏ်ကျခံပြီးသော မြန်မာ ၁၂၀ ကို ကော့သောင်းဘက် ပြန်ပို့ အလုပ်သမားများကို ရနောင်းမြို့မှတစ်ဆင့် စက်လှေများဖြင့် ကော့သောင်းမြို့ကိုပို့ဆောင် လိုက်ခြင်းဖြစ်သည်။ ပုံ - ရနောင်လဝကနှင့် ကော့သောင်း (ပြန်/ဆက်) သတင်းအပြည့်အစုံဖတ်ရန် > https://www.facebook.com/DaweiWatch/posts/831314109147939?ref=embed_post
إظهار الكل...
👍 4🔥 1
Photo unavailableShow in Telegram
ပြည်မြို့မှာ လမ်းသွားလမ်းလာတွေကို VPN ရှိမရှိ စစ်ဆေးပြီး ဒဏ်ငွေပေးဆောင်ခိုင်း ပြည်၊ ဇွန်၁၁၊ ၂၀၂၄။ ပဲခူးတိုင်း အနောက်ခြမ်း ပြည်မြို့မှာ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာတွေရဲ့ ဖုန်းတွေကို ယူကြည့်ပြီး Virtual Private Network (VPN) ရှိမရှိကြည့်ကာ ဖျက်ခိုင်းပြီ ဒဏ်ကြေးဆောင်ခိုင်းတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဇွန်လ ၁၁ရက် ဒီနေ့မနက်ပိုင်းမှာ ပြည်မြို့က နေရာအချို့မှာ ရဲတပ်ဖွဲ့ဝင်တွေက တားဆီးစစ်ဆေးပြီး ဒဏ်ငွေ ၅သောင်းအထိပေးဆောင်ရသူတွေရှိတယ်လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။ "စစ်တာကတော့ ဈေးတွေထဲရော ဗိုလ်ချုပ်လမ်းရော အမှတ် ၁ စခန်းရှေ့တွေရော ပတ်စစ်နေတယ်။ သူတို့ လှမ်းခေါ် ပြီး ဖုန်းခနပြအုံး စစ်တယ်။ VPN ရှိလား ရှိရင် ဖျက်ထားပါလို့ပြောလိုက်တယ်" လို့ ဒေသခံတဦးက ပြောပါတယ်။ စစ်ကောင်စီက မေလ ၃၀ရက်ကစတင်ကာ VPN အသုံးပြုမှုကို ပိတ်ပင်လိုက်ပြီးနောက်မှာ ထောင်ချအရေးယူဖို့ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး အခုလို စစ်ဆေးတာတွေ လုပ်လာခဲ့တာဖြစ်ပါတယ်။ သတင်းအပြည့်အစုံ... https://www.myaelattathan.org/articles/ပြည်မြို့မှာ_လမ်းသွားလမ်းလာတွေကို_VPNရှိမရှိ_စစ်ဆေးပြီး_ဒဏ်ငွေပေးဆောင်ခိုင်း
إظهار الكل...
🤬 14😢 2

👍 11