ar
Feedback
U Myint Khaing ( Psychology)

U Myint Khaing ( Psychology)

الذهاب إلى القناة على Telegram
7 483
المشتركون
لا توجد بيانات24 ساعات
-187 أيام
-10430 أيام
أرشيف المشاركات
photo content
+1

စာအုပ်လိုချင်သူများ --------------------------------- ပြန်လည်တောင်းဆိုထားတဲ့သူများတဲ့အတွက် ဒီစာအုပ်လေး နှစ်အုပ်ကို ပြန်လည်ထုတ်ဖြစ်ပါတယ်။ မှာယူလိုသူများ Fb မက်ဆင်ဂျာမှ လည်းကောင်း Viber ဖုန်း 09-676610745 နှင့် 09675763474 သို့လည်း ဆက်သွယ်မှာယူနိုင်ပါသည် လောကမှာ ဘာအရေးကြီးဆုံးလဲ 6500 ကျပ် မြတ်ပဋ္ဌာန်း 3500 ကျပ် အမည် ပေးပို့ရမည့် လိပ်စာ ဖုန်းနံပါတ်တို့ကို သေချာစွာဖြင့် ရေးသားပေးပို့ပေးကြပါရန် ငွေလွဲရမည့်ဖုန်းနံပါတ် 09-793665974 kpay /wavepay U Myint Khaing သို့ ငွေလွဲပြီး ငွေလွဲပြီးကြောင်း မှတ်တမ်းပေးပို့ကြပါရန် လကုန်ပြီး နောက်အပါတ်စ၍ ပို့ပေးပါမည် အုပ်ရေနည်းပါး ပါသဖြင့် လိုချင်သူများ ဆက်သွယ်မှာယူကြပါရန် ဦးမြင့်ခိုင်

photo content

(၇) လပိုင်းအတွက် အထူးအဓိဋ္ဌာန် -------------------------------------------------- နိုင်ငံအတွက် အထူးအရေးကြီးတဲ့အချိန်မို့ ပူးပေါင်းပါဝင် ပေးကြဖို့ တိုက်တွန်းအပ်ပါတယ် ပဋ္ဌာန်း ၂၄ ပစ္စည်းကို သရဏဂုံနဲ့ တွဲပြီးစိပ်ကြပါမယ် ဟေတု ပစ္စယော..အာရမ္မဏ ပစ္စယော...အဓိပတိ ပစ္စယော... အနန္တရ ပစ္စယော....သမနန္တရ ပစ္စယော.....သဟဇာတ ပစ္စယော.. အညမည ပစ္စယော...နိဿယ ပစ္စယော ..... ဗုဒ်ဓသရဏံ ဂစ်ဆာမိ.... ဥပနိဿယ....ပစ္စယော ပုရေဇာတ......ပစ္စယော ပစ္ဆာဇာတ...ပစ္စယော အာသေဝန.....ပစ္စယော ကမ္မ......ပစ္စယော ဝိပါက......ပစ္စယော အဟာရ.....ပစ္စယော ဣန္ဒြိယ....ပစ္စယော ဓမ်မံ သရဏံ ဂစ်ဆာမိ စျာန ပစ္စယော မဂ္ဂ ပစ္စယော သမ္ပယုတ္တ. ပစ္စယော ဝိပ္ပယုတ္တ. ပစ္စယော အတ္ထိ ပစ္စယော နတ္ထိ ပစ္စယော ဝိဂတ. ပစ္စယော အဝိဂတ. ပစ္စယောတိ သံဃံသရဏံ ဂစ်ဆာမိ ပဌာန်း၂၄ပစ္စည်း ၄ ခေါက် ၉၆ သရဏဂုံ...၄ခေါက် ၁၂. ၁၂+၉၆=၁၀၈ ပုတီးတစ်ပတ်ရ ပါမယ် ၉ပါတ်စိတ်ရမှာမို့ မစိပ်နိုင်သူများ ဂုဏ်တော် ကိုးပါး ကို တပါး တပါတ် ကိုးပါတ်စိတ်ကြလို့လည်းရပါတယ်။ တရက်အတွင်း ကိုးပါတ်ပြည့်အောင်စိပ်ကြရပါမယ်။ အရေးကြီးတဲ့အချိန်မို့ ပြန်လည်မျှဝေပေးကြဖို့ တိုက်တွန်းပါတယ်။ ကျွန်တော်တို့နိုင်ငံအတွက် အရေးကြီးတဲ့အချိန်မို့ နိုင်သမျှပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်။ (၇) လပိုင်း တလပဲ စိပ်ကြရမှာပါ ဝင်နေကျအဓိဋ္ဌာန်ကတော့ ပုံမှန်အတိုင်းပဲ ဝင်ကြပါမယ် တထိုင်တည်း မစိပ်နိုင်သူများ အချိန်ခွဲစိပ်လို့လည်း ရပါတယ် မနက်ဖန် မှ စပြီး အဓိဋ္ဌာန် အသစ်ဝင်နိုင်ကြပါပြီ (၁၁-၁၂-၁၃) နေ့များတွင် အချိန်နှင့် စိပ်ကြရပါမည် စိပ်ရမည့်အချိန်အား ထပ်မံကြေငြာပေးပါမည်) ဦးမြင့်ခိုင် မှတ်ချက် ပုဂ္ဂိုလ်ထူးတွေရဲ့ လမ်းညွန်ချက်မို့ မမြင်နိုင်တဲ့အန္တရယ်တွေအတွက် သက်ရောက်မှူ့ရှိစေမှာပါ ယုံကြည်မယ်ဆိုရင် ပါဝင်နိုင်ကြဖို့ အထူးတိုက်တွန်းပါတယ်

photo content

စီးပွားရေးကို ရသလောက်ရှာကြပါ။ ----------------- လောကီစီးပွားရှာတဲ့အခါ အယူအဆ အမျိုးမျိုးအထွေထွေရှိကြတယ် ဘယ်လောက်ရှာရမှာလည်း ဘယ်လောက်ဆို တင်းတိမ်သင့်ပြီလဲ ရသလောက်ရှာတာကို လောဘဇော တိုက်တယ်လို့ ခေါ်သလား ချမ်းသာပြီးရောဆိုပြီး မတရားစီးပွားရှာသင့်သလား မိမိမှာ ပြည်စုံပြီဆိုပြီး စီးပွားရှာတာ ရပ်သင့်သလား စသဖြင့် အယူအဆအမျိုးမျိုး ရှိကြပေမဲ့ ဗုဒ္ဓက စီးပွားရှာတဲ့အခါ လေးချက်နဲ့ညီအောင် ရှာဖို့တိုက်တွန်းခဲ့ပါတယ် ၁ = ရှိသလောက်နှင့် မတင်းတိမ်ပါနှင့် ၂ = တရားသဖြင့် ရသလောက်ရှာထားပါ ၃ = မတရားသဖြင့်တော့ မရှာကြပါနှင့် ၄ = ရသလောက်နှင့် ရောင့်ရဲတင်းတိမ်ပါ အဲဒီလေးချက်နဲ့ညီအောင်ရှာကြပါ အပူအပင်ကင်းတာကိုတွေ့ရပါလိမ့်မယ်။ ငယ်ရွယ်တဲ့အချိန်မှာ စီးပွားရေးကို သမာအာဇိဝကျကျ ရသလောက် ရှာဖွေသင့်လှပါတယ်၊ စီးပွားပြည့်စုံတော့ ဒါန သီလ သမထ ဝိပသနာတရားတွေကို စိတ်အေးချမ်းသာစွာ လုပ်ပြီး နိဗ္ဗာန်အတွက် ပါရမီဖြည့်လို့ရနိုင်တာမို့ စီးပွားရှာလို့ကောင်းတဲ့ ငယ်ရွယ်တဲ့အချိန်မှာ ရသလောက်ရှာကြပါ။ ဦးမြင့်ခိုင် Share

photo content

အချိန်မဖြုန်းနဲ့ ----------- မင်းရဲ့အချိန်က အကန့်အသတ်ရှိတယ် ဒါ့ကြောင့် တခြားသူတွေရဲ့ မျှော်လင်းချက်နဲ့ အချိန်ကုန်မခံပါနဲ့။ မနက်တိုင်းအိပ်ယာထပြီး တခြားသူတွေရဲ့ မျှော်လင့်ချက် တောင်းဆိုချက်တွေနောက်လိုက်နေရင် ဒါဟာ အရမ်းရူးသွပ်ရာ ကျသွားပြီ။ အရင်တုန်းက အမှန်တရားက အခုလည်းမှန်ဆဲပဲ တစုံတယောက်ရဲ့ ဘဝထဲမှ နေရင်း ကိုယ့်ဘဝကိုအချိန်ကုန်မခံနဲ့။ မင်းရဲ့ ကိုယ်ပိုင်စိတ်ကူး အိမ်မက်ကိုစွန့်ပစ်ပြီး မင်းရဲ့စောပြီး အောင်မြင်ခဲ့သူတွေရဲ့ လုပ်ရပ်အတိုင်း လိုက်လုပ်နေစရာမလိုဘူး။ မင်းရဲ့ အချိန်ဆိုတာ ရောက်လာလိမ့်မယ်၊ မင်းအဆင်သင့်ဖြစ်မှာမဟုတ်ဘူး၊ ဒါပေမဲ့ အဆင်သင့်ဖြစ်နေဖို့လဲ မလိုဘူး။ မမျှော်လင့်ထားတဲ့ အရာတွေထဲက မျှော်လင့်ချက်တွေကိုရှာဖွေပါ၊ စိန်ခေါ်မှူ့တွေထဲမှာ သတ္တိကိုရှာဖွေပါ။ တယောက်တည်းလျှောက်ရမဲ့ ဘဝခရီးမှာ ကိုယ့်ရည်မှန်းချက်ကို ရှာဖွေပါ အာရုံမပြန့်လွင့်နဲ့ ကိုယ့်ရည်မှန်းချက်ကိုအာရုံစိုက် ။ တာဝန်ယူမှူ့ တာဝန်ခံမှူ့ မရှိပဲ ဂုဏ်သတင်းလိုချင်သူတွေအများကြီးရှိတယ် အလုပ်မလုပ်ပဲ အခမ်းအနားမှာဝင်ပြီး ယောင်တတ်သူကို သတိထားပါ။ ကိုယ်ပိုင်ဟန်နဲ့ ထူးခြားပါ နောက်လူတွေအတွက် တန်ဖိုးရှိတဲ့အရာကို ချန်ခဲ့ပါ။ မင်း ဒီပစ္စည်းဥစ္စာကို သေရင်ယူမသွားနိုင်ဘူး တခြားသူတွေဆီကို မင်းလွဲပေးရမယ်ဆိုတာလည်း မမေ့ပါနဲ့။ ဒါ့ကြောင့် ရှာသမျှပစ္စည်းအပေါ်တပ်မပ်မှူ့ကင်းပါစေ။ crd Than Bula

photo content

6 လပိုင်း 7 လပိုင်း အထူးသတိထားကြပါနော် ကြောက်စရာ သဘာဝဘေးကြီးတွေ လာဖို့များပါတယ် တခြားနိုင်ငံတွေမှာ ပိုဖြစ်မယ်ဆိုပေမဲ့ မြန်မာပြည်လည်း အဖျားတော့ခတ်နိုင်တာမို့ ကုသိုလ်များများ လုပ်ကြဖို့ တိုက်တွန်းပါတယ် ဦးမြင့်ခိုင်

photo content

#ကံတွေက မျက်နှာ မလိုက်ဘူး။ =========== သီဟိုဠ်မှာ ကပ်ဘေးဆိုက်တုန်းက တဆယ့်နှ နှစ် မိုးခေါင်ခဲ့တယ်၊ စားဝတ်နေရေး ကြပ်တည်းလွန်းလို့ အစာအာဟာရ ချို့တဲ့ပြီး ရာဂစိတ်တောင် မဖြစ်ကြလို့ ခလေးမွေးတာတွေ မရှိသလောက်ပဲတဲ့။ လူတွေငတ်ကြတော့ ရဟန်းသံဃာတော်တွေလည်း ဆွမ်းမရရှိကြပဲ အာဟာရပြတ်ပြီးပြန်လွန်တော်မူတာ အများကြီးပဲလို့ မှတ်တမ်းတွေအရ သိရတယ်။ ထူးဆန်းတာတခုက တောအုပ်ကြီးရဲ့ တဘက်တချက်စီမှာ ရဟန္တာပေါင်း တစ်သောင်းနှစ်ထောင်စီသီတင်းသုံးနေကြတယ်တဲ့၊ လူတွေက ငါတို့သာ ငတ်ပါစေ သံဃာတော်တွေမငတ်စေရဘူး ဆိုပြီး စပါးတွေ သုံးနှစ်စာတောင် လှောင်ပေးထားတယ်။ အဲဒီစပါးတွေဟာ တညတည်းနဲ့ကြွက်တွေကိုက်သွားတာ ကုန်သွားလို့ ရဟန္တာပေါင်းနှစ်သောင်းလေးထောင်ဟာ သံ ဝေဂ ရကြပြီး တောအုပ်အလယ်မှာ ပရိနိဗ္ဗာန်ပြုသွားကြတယ်တဲ့။ ကပ်ဘေးဆိုတာ သတ္တဝါတွေ ရဲ့ အကုသိုလ် ကံ တူရာတူရာစုမိကြလို့ အကျိုးပေးတာပါ။ ဗုဒ္ဓ ကလည်း သတ္တဝါတိုင်းသံသရာမှာ မပြုလုပ်ဘူးတဲ့အကုသိုလ်မရှိဘူးလို့ ဟောထားလေတော့ ဘယ်လိုအကုသိုလ်မျိုး မဆို ဝင်ရောက်အကျိုးပေးဖို့ အဆင်သင့်ပါပဲ။ အခု ဒီကနေ့ကမ္ဘာကြီးပေါ်မှာ ဖြစ်နေတာဟာ ကပ်ဘေး ပါပဲ ၊ ကပ်သုံးပါးဘေး ဖြစ်တဲ့ ရောဂါဘေး လက်နတ်ဘေး ငတ်မွတ်ဘေး အထင်အရှားဖြစ်ပေါ်နေတာ အားလုံးအသိပါ၊ ကိုယ့်တနိုင်ငံတည်းမဟုတ်ပါဘူး။ အဲဒီတော့ သိဟိုဠ်ကပ်ဘေးတုန်းကတောင် ဆယ့်နှစ် နှစ်မိုးခေါင်တယ် ရဟန္တာကြီးတွေ အပါအဝင် သံဃာတော်အရှင်မြတ်တွေအများကြီးပျံလွန်တော်မူခဲ့ကြတယ်။ သီဟိုဠ် မှာ ကပ်ဘေးမဖြစ်ခင်က ဇရပ်မှန်သမျှ ရဟန္တာ မဖြစ်ဘူးတဲ့ ဇရပ်မရှိဘူးတဲ့၊ လူသောတာပန် လူသကဒါဂါမ် လူအနာဂါမ် တွေမှ အများကြီးပါ၊ ကောင်းကင်မှာ စျန်ကစားသူတွေ စျာန်ပျံသူတွေ များလွန်းလို့ စပါးလှန်းတာတောင် နေရောင်မရလို့ မခြောက်ဘူး တဲ့။ အရိယာကြီးတွေ ဘယ်လောက်များလဲ စဉ်းစားကြည့်ကြပေါ့။ သိန်းပေါင်းများစွာရှိတဲ့ သံဃာတော်တွေဟာ ကပ်ဘေးပြီးတော် တစ်ထောင့်ခြောက်ရာ(1600) ပဲ ကျန်တော့တယ်တဲ့၊ ဒီသာသနာဟာ သံဃာတော် တစ်ထောင့်ခြောက်ရာ နဲ့ ပြန်လည် ရှင်သန်ခဲ့ရတာပါ။ ဒါကိုကြည့်ခြင်အားဖြင့် သီဟိုဠ် ကပ်ဘေးဟာ ဘယ်လောက်ထိ ဆိုးလဲ ဆိုတာ အဖြေပေါ်ပါတယ် ဒါ့ကြောင့် ကပ်ဘေးကာလဆိုတာ တသံသရာလုံးက အကုသိုလ် တွေဝင်ရောက်အကျိုးပေးတဲ့သဘောမို့ ငါကတော့ အခုကောင်းတာလုပ်တာပဲ မပါနိုင်ဘူးမထင်နဲ့ ငါက​ တော့ သာသနာကိုစောင့်ရှောက်နေတဲ့ ရဟန်းတော်ပဲ ငါကေတာ့ သာသနာပြန့်ပွားအောင်ပြုနေတဲ့သူပဲ ဆိုပြီး မပါဘူး မထင်နဲ့ ငါက တာ့ ပရိတ်ပဋ္ဌာန်းတွေ အများကြီးပူဇော်နေတာပဲ ဆိုပြီ ကိုယ့်ကိုကိုယ် လုံခြုံပြီ မထင်နဲ့ ငါက တော့ အများကောင်းကျိုးလုပ်နေတာပဲလေ ဆိုပြီးလွတ်မယ် မတွေးနဲ့ အကုသိုလ်ဟာ ရောဂါဘေး လက်နတ်ဘေးငတ်မွတ်ဘေး ဆိုတဲ့ ကပ်သုံးပါး တပါးနဲ့ ဝင်ရောက်ပြီးအကျိုးပေးတတ်တယ်။ သွားသတိ လာသတိ နေသတိ ထိုင်သတိ အိပ်သတိ နဲ့ အစစအရာရာ သတိထား။ ဗုဒ္ဓ ရဲ့ တရားတော်တွေကို စဉ်ဆက်မပြတ် လိုက်နာကျင့်သုံးပြီး ကံတွေကိုပြုပြင် ပြောမှား ဆိုမှားလုပ်မှား မဖြစ်အောင် ဥာဏ်နဲ့ နေထိုင် ကပ်ဘေး ဆိုတာ သူတော်ကောင်ဖြစ်ဖြစ် လူယုတ်မာဖြစ်ဖြစ် ဘယ်သူ့ကိုမှ ချမ်းသာမပေးဘူး။ အခု ကောင်းတာလုပ်ပေမဲ့ သံသရာမှာ မကောင်းတာလုပ်ခဲ့တာတွေအများကြီးပါ အမေ အဖေ သတ်ခဲ့တာတောင် မရေမတွက်နိုင်အောင် များပြားတယ်ဆိုတော့ ကျန်တဲ့ကံတွေပြောမနေနဲ့။ အစစအရာရာသတိထားပါ ကံတွေက မျက်နှာမလိုက်ဘူး။ ဦးမြင့်ခိုင်

photo content

တန်ခူး လကုန်ထိ ထိုးကြပါ ---------------- ရွှေဘိုမီးလောင်ခါနီး ဝေဘူဆရာတော်ဘုရားကြီးက အလျားကိုးလက်မ အနံ ကိုးလက်မ ရေတွင်းလေးတွေ အိမ်တိုင်းတူးခိုင်းတယ်၊ ယုံတဲ့သူတူးတယ် မယုံတဲ့သူမတူးဘူး၊ မြို့တဝက်လောက် မီးလောင်သွားတယ် ရေတွင်းတူးတဲ့အိမ်တွေ အများစု လွတ်သွားတယ် ဆရာတော်ကြီးက သတ္တဝါတွေဟာ ကယ်ချင်းတိုင်းကယ်မရဘူး ဗျ တဲ့။ ကိုးလက်မရေတွင်းဟာ မီးငြိမ်းသတ်ဖို့မလုံလောက်ပါဘူး ယတြာ ဓါတ်ရိုက်ဓါတ်ဆင်ပါ။ ခလေးတွေအများကြီးသေတဲ့ရွာကို လက်တဆစ်လောက် တမာသားကြေးစည်လေးတွေ ခလေးတွေ လည်ပင်းမှာစွဲခိုင်းတယ် ခလေးတွေအသေရပ်သွားတယ် အညာတမာ မာတာတာ တမာခါးခါး ငါမစား ဆိုတဲ့စကားအတိုင်း ဘီလူး ပြိတ္တာတွေကြောင့်ဖြစ်တဲ့ သေတဲ့ခလေးတွေလည်း မသေတော့ဘူး။ ယတြာ ဓါတ်ရိုက်ဓါတ်ဆင်ပါ။ လယ်တီဆရာ တော်ဘုရားကြီးလည်း ပေရွက် စလူရွက်တွေဟာ ပထရမတကြောင်းဆွဲအက္ခရာပုံစံရေးပြီး လည်ပင်းဆွဲခိုင်းတာတွေ ရေစိမ်သောက်ခိုင်းတာတွေ လုပ်ပေးတော့ လူအများချမ်းသာရာ ရသွားတယ်။ ယတြာ ဓါတ်ရိုက်ဓါတ်ဆင်ပါ။ အမြဲသုံးစရာမလိုပေမဲ့ တခါတရံ သုံးရပါတယ် အထူးသဖြင့် အခုလို ကပ်ဘေးကာလတွေမှာ နည်းမျိုးစုံနဲ့ လူတွေသေကြရတယ် အဲဒီလိုအသေအပျောက်များတဲ့အခါ လူသားတွေမမြင်နိုင်တဲ့ မြေဘုတ် ပြိတ္တာ ဘီလူး တွေဟာ လူတွေထပ်ပြီးသေကြေအောင် သူတို့ တန်ခိုးက္ကုဒ္ဓိပါတ် နဲ့ ကြိုးစားကြတယ်၊ သူတို့ဟာ ဒုတ်ဓါးလက်နတ် မကြောက်ပေမဲ့ လောကီအစီအရင်ကိုတော့ ကြောက်ကြတယ် ဒါ့ကြောင့် သူတော်ကောင်းကြီးတွေဟာ လိုအပ်တဲ့အခါမျိုးမှာ အသုံးပြုပြီးကယ်လေ့ရှိပါတယ်၊ လယ်တီ ဝေဘူ ဆရာတော်ကြီးတွေဟာ အရိယာစာရင်းဝင်ကြီးတွေပါပဲ။ သတ္တဝါတွေအသေအပျောက်များတော့မယ်ဆိုရင် ပုဂ္ဂိုလ်ထူးတွေက သူတို့ သက်ဆိုင်ရာတွေကနေတဆင် သတ္တဝါတွေအတွက် ကူညီကြလေ့ရှိတယ်။ သပြေ ကန့်ကော် ဩဇာ သုံးညွန့်စီ ထိုးခိုင်းတာဟာ ရေကြီးခါနီးမှာ တခါ ထိုးခိုင်းတယ် ငလျင်ကြီးလှုပ်ခါနီးမှာ မထေရ်ကြီးတပါးက သေသေချာချာ မှာသွားတာ ပါ လက်ညှိုးထိုးပြီး သပြေ ကန့်ကော် ဩဇာ ထပ်ပြီးထိုးခိုင်းလိုက်ပါတဲ့။ ကျွန်တော်တင်ပေးတဲ့ နေစွဲတွေကို ပြန်ရှာကြည့်ကြပါ တွေ့ပါလိမ့်မယ်။ အဲဒီအရာဟာလည်း လောကီအစီအရင် ဓါတ်ရိုက်ဓါတ်ဆင်ပါပဲ ကျွန်တော်ပြောလို့ လိုက်လုပ်တဲ့သူတွေ အန္တရယ် ကင်းမကင်း ကိုယ်တိုင် လေ့လာကြည့်ကြပါ။ အခု ပြောတဲ့ သပြေ ကန့်ကော် ဩဇာသုံးညွန့်စီကို တန်ခူးလကုန်တဲ့အထိ ဆက်လက်ထိုးထားကြပါ။ နေ့တူ နံတူ တွေလည်း ရပါတယ် နေ့တူနံတူ အသီးတွေလည်းရပါတယ် ညှိုးသွားရင်အသစ်ပြန်လဲပေးကြပါ။ တခုပဲ သိထားကြပါ လောကီ ဓါတ်ရိုက်ဓါတ်ဆင်ဟာ ယုံကြည်မှ အကျိုးပေးတာပါ။ ဦးမြင့်ခိုင်

photo content

ဘာဖြစ်ဖြစ် ကုသိုလ် လုပ်ပါ ----------------- ဘဝမှာ အဆင်မပြေတာတွေ ကြုံတဲ့အခါတိုင်း ကုသိုလ်ကောင်းမှုကို ပိုပြီးပြုလုပ်ပါ။ အဆင်မပြေလည်း ကုသိုလ်လုပ်၊ အဆင်ပြေရင်လည်း ကုသိုလ်လုပ်၊ အတိုက်အခိုက်ကြုံရင်လည်း ကုသိုလ်လုပ်၊ အနှောက်အယှက်ရှိရင်လည်း ကုသိုလ်လုပ်၊ ပိုပြီးအဆင်မပြေရင် ပိုပြီးကုသိုလ်လုပ်၊ လုပ်နေရင်းနဲ့ကို ပိုဆိုးလာနေရင်လည်း စိတ်ဓာတ်မကျနဲ့။။ ယုံကြည်မှုအပြည့်၊ ဇွဲကြီးကြီးနဲ့သာ ဆက်လုပ်။ သေချာပေါက်ကို ကုသိုလ်က ကိုယ့်ကို စောင့်ရှောက်ပါလိမ့်မယ်။ ယုံကြည်မှုနဲ့ ဇွဲရှိမှုကိုတော့ မလျော့စေနဲ့။ ဘဝမှာ ကုသိုလ်တွေ အားကြီးလာရင် အကုသိုလ်တွေ၊ အဆိုးတွေ အားနည်းသွားမှာပဲလေ။ သောက်ရေခွက်လောက်ရှိတဲ့ ရေထဲကို ဆားတစ်ကုတ်လောက် ပစ်ထည့်ရင် အဲဒီရေခွက် ငန်တူးသွားမှာပေါ့။ ရေအပြည့်ရှိနေတဲ့ ရေကန်ကြီးထဲကို ဆားတစ်ကုတ်လောက် ပစ်ထည့်ကြည့်ပါလား၊ ရေအရသာ ဘာမှပြောင်းမှာ မဟုတ်ဘူးလေ။ ရေက များနေတာကိုး။ ဒီလိုပဲ ကုသိုလ်တွေ အားကြီးနေရင် အကုသိုလ်ဟာ အသေးအမွှားလေးပဲ ဖြစ်သွားမှာပေါ့။ ဒါကြောင့် ကုသိုလ်ကောင်းမှုကို လျော့မတွက်ပါနဲ့။ အဆင်တစ်ခါမပြေတိုင်း ကုသိုလ်တစ်ခု တိုးလုပ်ပါ။ ပိုပြီးမပြေရင် ပိုပြီးလုပ်ပါ။ ကုသိုလ်အားကြီးလာရင် အားလုံးက အဆင်ပြေသွား မှာပါ အမှန်ပါပဲ။ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ ဦးမြင့်ခိုင်

photo content

အပါယ်လက်မှတ် ဖြတ်ကြသူများ ---------------- ရဟန်းသံဃာတော်တွေ ကို လူတွေက သဒ္ဓါတရားတွေနဲ့ လှူကြတန်းကြတဲ့အခါ အပြစ်ပြောနေကြတဲ့သူတွေ အများကြီးရှိတယ်၊ မုဒိတာမပွားနိုင်သူရှိသလို တမင်သက်သက် အပုပ်ချနေကြတာတွေလည်း အများကြီးပဲ။ မြတ်စွာဘုရားက ကျောင်းလှူမဲ့သူရှိရင် ကျောင်းနဲ့နေ လှူမဲ့သူမရှိရင် သစ်ပင်အောက်မှာနေတဲ့။ ဆွမ်းလှူမဲ့သူရှိရင် အလှူခံ ဆွမ်းလှူမဲ့သူမရှိရင် ဆွမ်းခံစား၊ ဆွမ်းခံလို့မှ မရရင် သပိတ်ကိုရေကျင်းသောက်တဲ့။ သင်္ကန်းလှူမဲ့သူရှိရင် ဝတ်၊ လှူမဲ့သူမရှိရင် ပံသူကူကောက်ပြီး ဝတ်တဲ့။ ဆေးလှူမဲ့သူရှိရင် အလှူခံ ၊ လှူမဲ့သူမရှိရင် နွားကျင်ငယ်ရေနဲ့ ဇီးဖြူသီး စိမ်သောက် ရောဂါ မဖြစ်ဘူးတဲ့။ မြတ်စွာဘုရားရှင်မှာခဲ့တာရှင်းရှင်လေး။ ကိုယ့်အတွက်တရားအားထုတ်မယ်ဆိုရင် သပိတ်တလုံးသင်္ကန်းသုံထည်နဲ့ တောထဲမှာနေ၊ ခြိုးခြိုးခြံခြံ ကျင့်၊ သာသနာပြုမယ် ဆို မြို့ရွာထဲမှာနေ ကိုယ်နှစ်သက်တဲ့ပုံစံနဲ့ သာသနာပြုခိုင်းတာပ့ပဲ။ အခု သံဃာတော်တွေကို လှူကြတယ်၊ ခေတ်အလိုက် ကား ဖုန်း စတဲ့ အသုံးအဆောင်တွေ လှူကြတယ်၊ ဒါကိုပဲ ရဟန်းဆိုတာ ဇိမ်ခံပစ္စည်းမသုံးရဘူးဘာညာအပြစ်ပြောကြတယ်၊ ကျောင်းကောင်းကောင်းလှူလည်းအပြစ်ပြော ကားကောင်းကောင်းလှူလည်း အပြစ်ပြောနဲ့ ပြောနေကြတာအများကြီးပဲ။ ဘုရားရှင်လည်း ဇေတဝန်မင်းသားလှူတဲ့ ရွှေကျောင်းတော်ကြီးမှာ သီတင်းသုံးတာပါပဲ၊ လာဘ်လာဘ မရှိပေမဲ့ အလှူရှင်တွေရဲ့ သဒ္ဓါတရားကို ချီးမြှောက်ရပါတယ်။ အခုလည်း ရဟန်းသံဃာတော်တွေ ထေရ်ကြီးဝါကြီးတွေလည်း သီလ သမာဓိ ပညာ ပြည့်စုံသွားရင် လာဘ်လာဘ နည်းပြီး ခြိုးခြိုးခြံခြံ နေကြတာပါပဲ၊ ဒါပေမဲ့ အလှူရှင်တွေကို ချီးမြှောက်သောအားဖြင့် အလှူတော့ခံကြပါတယ်၊ ဒါကိုသာဓုခေါ်ရမဲ့အစား အပြစ်ပြောနေကြတာဟာ တော်တော်ကြောက်စရာကောင်းတဲ့အကုသိုလ်တွေပါပဲ။ ဒီကနေ့ ရုပ်ဝတ္တုတွေထွန်းကားပြီး စိတ်ဓါတ်တွေ နိမ့်ကျလာတယ်၊ အဲဒီရေစီးကြောင်းအတိုင်း လူတွေတင်မဟုတ်ပဲ ရဟန်းသံဃာတော်တွေပါ အနည်းအကျဉ်းပါ ပါတယ် ဒါကလည်း ဖြစ်တတ်တဲ့သဘောပါပဲ၊ ဘုရားရှင်လက်ထက်တော်အခါကတောင် ဆဗ္ဗဂီ ရဟန်းဆိုတဲ့ ခြောက်ပါးသောရဟန်းဆိုးအစုအဖွဲ တွေ ရှိတာပါပဲ၊ ဘုရားရှင်ကိုလာဘ်လာဘ မရအောင် သံဃာတော်တွေကို လာဘ်လာဘ မရအောင် အားထုတ်တဲ့ပုဂ္ဂိုလ်တွေ အများကြီးရှိတယ်၊ အခုလည်းရှိတယ် နောင်လည်း ရှိနေဦးမှာပါပဲ။ စာသင်တိုက်ကြီးတွေမှာ စာလိုက်နေကြတဲ့ ရဟန်းသာမဏေတွေရဲ့ တနေ့တာ ကျင့်စဉ်တွေကို သွားလေ့လာကြည့်ကြစမ်းပါ စိတ်ထဲမပါရင်တောင် ပါးစပ်က အလိုလို သာဓုခေါ်သံ ထွက်လာပါလိမ့်မယ်၊ ရဟန်းသံဃာတော်တွေရဲ့ သံဃာ့ဂုဏ် ၊ ထေရ်ကြီး ဝါကြီးတွေရဲ့ သီလ သမာဓိပညာ လူတွေရဲ့ သဒ္ဓါတရား သုံးခုနဲ့ အချိုးကျကျ တည်ဆောက်မှ ဗုဒ္ဓသာသာနာတော်ဟာ အဓွန်ရှည်မှာပါ။ လှူရှင်သလောက်လှူပါစေ၊ လှူချင်တာတွေ လှူပါစေ ဗုဒ္ဓဘာသာစစ်စစ်ဆိုရင် သာဓုခေါ်ဖို့ကလွဲ ပြီး တခြားအကြောင်းတရား မရှိပါဘူး။ အခုပြောနေတာကလည်း ဗုဒ္ဓဘာသာကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ထိုးနှက်နေကြတဲ့နောက်ကို သဒ္ဓါတရားနည်းတဲ့ ဗုဒ္ဓဘာသာတွေ ပါသွားတာတွေ့နေရလို့ အမုန်းခံပြီး သတိပေးရေးသားနေတာပါပဲ။ သူတို့ကြော့ကွင်းထဲ ဝင်မသွားအောင် ဂရုစိုက်ကြပါ သူတို့ဟာ ဘာသာကြီးလေးခုထဲကမှ ဗုဒ္ဓဘာသာတခုတည်းကိုပဲ ရွေးခြယ်တိုက်ခိုက်နေတာပါ တခြားဘာသာအကြောင်းတွေဆိုရင် တခုခု မြိုဆို့ထားကြလို့ အသံမထွက်ကြဘူး၊ သူတို့ရေးတဲ့ သတင်းတွေကို လေ့လာကြည့်ကြ ဗုဒ္ဓဘာသာဆိုရင် အပြစ်သေးသေးလေးကို ကမ္ဘာကျော်အောင် ရေးသားနိုင်ကြတယ်၊ ဗုဒ္ဓဘာသာကောင်းကွက်ကို တခုမှ မရေးဘူး မကောင်းကွက်တွေချည်းရေးပြီး ဖျက်စီးတယ်၊ တခြားဘာသာတွေရဲ့ နေ့ထူးနေ့နေ့မြတ်တွေဆို တခမ်းတနားဂုဏ်ပြုရေးသားကြတယ် ဗုဒ္ဓဘာသာနေ့ထူးနေ့မြတ်တွေကို အိမ်ကဘုရားလည်းအတူတူပဲ သွားစရာမလိုဘူး ဆိုပြီး ရေးသားကြတယ်။ တိုင်းပြည်တခုမှာ ဘာသာနဲ့ ယဉ်ကျေးမှူ့ကို ဖျက်စီးလိုက်တာနဲ့ အဲဒီတိုင်းပြည်ပျက်ပြီ၊ အခု နိုင်ငံကြီးမှန်သမျှ အဲဒီစနစ်တွေနဲ့ ထိုးဖေါက်ပြီး လိုသလို ပုံဖေါ်နေကြတာကို ဗုဒ္ဓဘာသာဝင်တွေ သတနထားရမယ်။ အခုတောင် မြန်မာလူငယ်တွေ ယဉ်ကျေးမှု့ ပျောက်ကုန်ပြီး မိဘ ဆရာ ရတနာသုံးပါး ဂုဏ်ကျေးဇူးတွေ မရှိတော့ဘူး ဒါဟာ ကောင်းတဲ့လက္ခဏာမဟုတ်ဘူး၊ ဒီသဘောက်ု ဗုဒ္ဓဘာသာဝင်တိုင်း သဘောပေါက်သင့်တယ်၊ သူတို့နောက်ကိုလိုက်သွားရင် နောင်သံသရာအတွက် အပါယ်ကလွဲပြီး တခြားမရှိဘူး၊ လူငယ်တွေ သတိထားကြပါ။ သူတို့ကတော့ အပါယ်လက်မှတ်ဖြတ်နေကြပြီ၊ ဦးမြင့်ခိုင်

photo content

ဝမ်းမြောက်နုမော် သာဓုခေါ်ပါ၏ --------------- ကျွန်တော်၏ ကျမ္မာရေးအတွက် Thar Thar အကောင့်ပိုင်ရှင်မှ 10000 ကျပ် ခရီးသွားသံသရာ အကောင့်ပိုင်ရှင်မှ 15000 ကျပ် Moe Moe Htwe အကောင့်ပိုင်ရှင်မှ 10000 ကျပ် Theint Theint အကောင့်ပိုင်ရှင်မှ မွေးနေ့အလှူတော်အဖြစ် 100000 ကျပ် Shwe Sin Linn အကောင့်ပိုင်ရှင်မှ 300000 ကျပ် အချစ်အက္ခရာ အကောင့်ပိုင်ရှင်မှ 10000 ကျပ် Ma Cho အကောင့်ပိုင်ရှင်မှ 25000 ကျပ် Ti Lay အကောင့်ပိုင်ရှင်မှ 30000 ကျပ် Tin Tin Win အကောင့်ပိုင်ရှင်မှ 30000 ကျပ် Htar Htar အကောင့်ပိုင်ရှင်မှ 50000 ကျပ် ဤကုသိုလ်ကြောင့် အလှူရှင်အပေါင်းတို့သည် သက်ရှည်ကျမ္မာ ချမ်းသာခြင်းနှင့် ပြည့်စုံကြပြီးလျှင် မဂ်ဖိုလ်နိဗ္ဗါန်အတွက် အကူအညီအကြောင်း အထောက်အပံ့ကောင်းများ ဖြစ်နိုင်ကြပါစေ ဤကုသိုလ်ကို ဓမ္မမိတ်ဆွေများအပေါင်းတို့အား အမျှပေးဝေပါကုန်၏ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့ သာဓုသာဓုသာဓုပါ ဦးမြင့်ခိုင် မှတ်ချက် မည်သူ့ကိုမျှ အလှူမခံပါဘူး လှူဖို့ ဖုန်းနံပါတ်လာတောင်းတဲ့သူတွေကြောင့် တင်ပေးလိုက်ပါတယ် 09-793665974 kpay/wavepay u myint khaing ပါ တရားဓမ္မများသိချင်ပါကလည်း ဖုန်းဆက် မေးမြန်းနိုင်ပါသည်။ လှူဒါန်းပေးသူ ဓမ္မ မိန်ဆွေများအား ကျေးဇူးအထူးတင်ရှိပါ၏။ ဦးမြင့်ခိုင်