ar
Feedback
EHS Myanmar

EHS Myanmar

الذهاب إلى القناة على Telegram

This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.

إظهار المزيد
934
المشتركون
لا توجد بيانات24 ساعات
+47 أيام
+730 أيام
أرشيف المشاركات
သင်ရိုးအသစ်ဖြင့်သင်ကြားမည့် Environmental Sustainability online course အပတ်စဉ် (၅) အတွက် သင်တန်းသားလက်ခံနေပါပြီနော်။ အသေးစိတ်ကို https://www.facebook.com/ehsmyanmar/posts/pfbid0Z6hDUii6FuJw2x1yds7ybWmf8huMyZYSaPXfBxhRMfds6SBhUpaTDj9sec9K82CLl ဒီမှာလေ့လာလိုက်ပါနော်။

photo content

နေ့စဉ်အသုံးပြုနေရတဲ့ ပစ္စည်းတစ်ခုချင်းစီက သဘာဝပတ်ဝန်းကျင်အပေါ်ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနေနိုင်သလဲ? ===================================================== EHSMyanmar | 9.2.2023 သင်အသုံးပြုနေတဲ့ ပစ္စည်းတစ်ခုချင်းစီက သဘာဝပတ်ဝန်းကျင်အပေါ်ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနေနိုင်သလဲဆိုတာကို တွေးကြည့်ခဲ့ဖူးပါသလား? ဥပမာ - ဈေးကနေ သွားပွတ်တံတစ်ချောင်းဝယ်လာရင်း ဒီသွားပွတ်တံက eco-friendly ဖြစ်ရဲ့လားဆိုတဲ့ အတွေးမျိုးပေါ့။ ဒီလိုအတွေးတွေအတွက် အဖြေကို ရှာဖွေကြည့်မယ်ဆိုရင် အဖြေဟာ Life Cycle Assessment (LCA) မှာ တည်ရှိနေပါတယ်။ Life Cycle Assessment (LCA) ဆိုတာကတော့ ကုန်ပစ္စည်းတစ်ခု၊ လုပ်ငန်းတစ်ခုရဲ့ သက်တမ်းတစ်လျှောက် သဘာဝပတ်ဝန်းကျင်အပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနေလဲဆိုတာကို စိစစ်အကဲဖြတ်တဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ သဘာဝသယံဇာတအရင်းအမြစ်တွေကနေ ကုန်ကြမ်းပစ္စည်း ထုတ်ယူတာကစလို့ ကုန်ချောပစ္စည်းဖြစ်အောင် ထုတ်လုပ်တာ၊ ဈေးကွက်မှာ တင်ပို့ရောင်းချနိုင်ဖို့ ထုတ်ပိုးမှုအဆင့်ဆင့်နဲ့ ဖြန့်ဝေရေး၊ အဲ့ဒီ့နောက် ကုန်ပစ္စည်း အသုံးပြုမှုကနေ နောက်ဆုံး စွန့်ပစ်အမှိုက်ဖြစ်သွားတဲ့တိုင်အောင် ယန္တရားလည်ပတ်မှုတစ်လျှောက်လုံးမှာ LCA က ပါဝင်ပတ်သတ်နေမှာပါ။ Life Cycle Assessment (LCA) က အခန်းကဏ္ဍတွေအများကြီး ပါဝင်တာမို့ ထင်သလောက် ရိုးရှင်းတဲ့ လုပ်ငန်းစဉ်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် LCA ကနေတစ်ဆင့် ကျွန်တော်တို့ မြင်တွေ့နေတဲ့ ကုန်ပစ္စည်း၊ လုပ်ငန်းတွေရဲ့ မတူညီကွဲပြားမှုတွေကို လေ့လာနိုင်မှာဖြစ်ပြီး ကမ္ဘာမြေအပေါ် သက်ရောက်နေတဲ့ အကျိုးဆက်တွေကိုလည်း လျော့ကျအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ Life Cycle Assessment (LCA) အကြောင်း အသေးစိတ်လေ့လာသင်ယူချင်တယ်ဆိုလျှင်တော့ မကြာခင်ဖွင့်လှစ်တော့မယ့် Environmental Sustainability Course (Batch 5) ကို တက်ရောက်လေ့လာဖို့ဖိတ်ခေါ်ချင်ပါတယ်။ သင်တန်းအသေးစိတ်ကို ဒီမှာလေ့လာလိုက်ပါ။ https://www.facebook.com/ehsmyanmar/posts/724493035752116 ရေးသားသူ - ယွန်းနန္ဒာ ☎️ အသေးစိတ်သိရှိလိုပါက EHS Myanmar Facebook Page သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပြီး ဖုန်းနံပါတ် (+95) 09770501186 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။ --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #onlinecourse #environmental #Sustainability #LifeCycleAssessment

photo content

သဘာဝပတ်ဝန်းကျင်ကျန်းမာရေး (Environmental Health) ကို ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးတိုးတက်မှုတွင် မည်ကဲ့သို့ပေါင်းစပ်နိုင်မည်နည်း။ ===================================================== EHSMyanmar | 5.2.2023 ကျန်းမာသောပတ်ဝန်းကျင်သည် ကျွန်ုပ်တို့၏နေ့စဉ်ဘဝရှင်သန်ရေးအတွက်ကျန်းမာသောပတ်ဝန်းကျင် မရှိမဖြစ်လိုအပ်ပါသည်။ ကျွန်ုပ်တို့စားသောက်သည့်အစားအစာများ၊ ကျွန်ုပ်တို့ရှူရှိုက်သည့်လေနှင့် ကျွန်ုပ်တို့နေထိုင်အလုပ်လုပ်ကိုင်သည့်နေရာများသည် လုံခြုံပြီး ကျန်းမာသန့်ရှင်းနေရန် လိုအပ်ပါသည်။ ထိုသို့ သန့်ရှင်းသော သဘာဝပတ်ဝန်းကျင်တွေရှိမှာသာ ကျွန်ုပ်တို့လူသားတွေ၏ ကျန်းမာရေးတွေကောင်းမွန်မှာဖြစ်ပါသည်။ ကျန်းမာသော လူသားအရင်းအမြစ်တွေရှိမှလဲ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေလုပ်ဆောင်နိုင်မှာဖြစ်ပါသည်။ နေကောင်းကျန်းမာနေမှသာ မိမိမိသားစု၏ စားဝတ်နေရေးအတွက် အလုပ်လုပ်နိုင်မှာဖြစ်ပါသည်။ ထိုကဲ့သို့ပင် ကျန်းမာကြံ့ခိုင်သော လူသားအရင်းအမြစ်တွေမရှိလျှင်လဲ နိုင်ငံ့စီပွားရေးတိုးတက်မှုရှိလာနိုင်မှာမဟုတ်ပါလား။ ထို့ကြောင့် သန့်ရှင်းသောလေ (Clean Air) နှင့် သန့်ရှင်းသော သောက်ရေသုံးရေ (Pure Water) တို့ရှိရန်သည် အခြေခံကျဆုံးသော sustainable facts ဖြစ်ပါသည်။ ကျန်းမာကောင်းမွန်သန့်ရှင်းသော သဘာဝပတ်ဝန်းကျင်များဖန်တီးပေးခြင်း (သို့မဟုတ်) ပတ်ဝန်းကျင်ညစ်ညမ်း ထိခိုက်မှုများလျော့နည်းအောင်လုပ်ဆောင်ခြင်းသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု၏ အဓိကကျဆုံးသော component များထဲတွင်တစ်ခုအပါအဝင်ဖြစ်ပါသည်။ အတိုချုပ်ရသော် sustainable development ဖြစ်အောင်လုပ်ဆောင်ဖို့အတွက် ကျန်းမာတဲ့လူသားအရင်းအမြစ်တွေ (healthy people) တွေလိုအပ်ပါသည်။ Healthy people တွေရှိမှလဲ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု (economic development) ကိုလုပ်ဆောင်နိုင်မှာဖြစ်သည့်အပြင် တိုင်းပြည်စီးပွားရေး၊ မိသားစုစီးပွားရေး ကောင်းမွန်မှုမရှိပါကလဲ ကျန်းမာသော လူသားအရင်းအမြစ်တွေမရှိနိုင်ပါ။ ထိုကဲ့သို့ ကျန်းမာသော လူသားအရင်းအမြစ်တွေမရှိသည့်အတွက်ကြောင့် သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့ခိုင်မြဲမှု (environmental sustainability) နှင့် ကောင်းမွန်သောပတ်ဝန်းကျင်ကျန်းမာရေး (environmental health) ကိုလဲဖြစ်စေမှာမဟုတ်နိုင်ပါ။ သန့်ရှင်းသောသဘာဝပတ်ဝန်းကျင်မရှိပါကလဲ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမဖြစ်ပေါ်နိုင်သလို ကျွန်ုပ်တို့လူသားတွေရဲ့ သက်ရှင်ကျန်းမာမှုကိုလဲများစွာသက်ရောက်လာမှာဖြစ်ပါသည်။ ။ Environmental Health နှင့် Sustainable Development တို့အသေးစိတ်ကိုလေ့လာသင်ယူချင်တယ်ဆိုလျှင်တော့ မကြာခင်ဖွင့်လှစ်တော့မည့် Environmental Sustainability Course (Batch 5) ကို တက်ရောက်လေ့လာဖို့ဖိတ်ခေါ်ချင်ပါသည်။ သင်တန်းအသေးစိတ်ကို ဒီမှာလ့လာလိုက်ပါ။ https://www.facebook.com/ehsmyanmar/posts/pfbid02cgqtifaTjzJCDbNvmDg2EJ566wTHxQUw2j2as24jPsa23oFnf1gHqyYmeyLJ12uzl ရေးသားသူ - နိုင်ကျော်လူ ☎️ အသေးစိတ်သိရှိလိုပါက EHS Myanmar Facebook Page သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပြီး ဖုန်းနံပါတ် (+95) 09770501186 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။ --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #environemntalhealth #onlinecourse #environmental #Sustainability

photo content

EHS Myanmar's Monthly Theme: What is it for February? -------------------------------------------------- 🇲🇲 EHS Myanmar မှ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (Sustainable Development Goals) များကို အထောက်အကူပြုစေရန် ရည်ရွယ်၍ တစ်လနှင့်တစ်လ မတူညီသော ခေါင်းစဥ် (Theme)များကို အလှည့်ကျဖြင့် Knowledge Sharing များ ပြုလုပ်ပေးနေပါသည်။ ⛰ ယခု (၂၀၂၃) ခုနှစ်ရဲ့ ပထမဆုံး theme အတွက် ယခုဖေဖော်ဝါရီလအတွက်မှာတော့ "Forests and Wetland" Theme ကိုရွေးချယ်ထားပါသည်။ 🏭 ဖေဖော်ဝါရီလ (၂) ရက်နေ့တွင်ကျရောက်သော် နိုင်ငံတကာရေဝပ်ဒေသများထိန်းသိမ်းရေးနေ့ကိုဂုဏ်ပြုသောအားဖြင့် ရေဝပ်ဒေသထိန်းသိမ်းခြင်းဆိုင်ရာပညာပေးခြင်း နှင့် သစ်တောဝန်းကျင်များကို ထိန်းသိမ်းစောင့်ရှောက်သင့်ပုံတို့သိရှိစေရန် ပညာပေးဆောင်းပါးများရေးသားတင်ဆက်ခြင်း၊ free online course များလမ်းညွှန်ပေးခြင်း၊ Podcast အစီအစဉ်များထုတ်လွှင့်ခြင်း၊ နှင့် စာအုပ်ကောင်းများ မျှဝေခြင်းတို့ကို ပြုလုပ်ပေးသွားပါမည်။ ✌️ Forests and Wetland Theme နှင့်ပတ်သတ်ပြီး စိတ်ဝင်စားလို့ လေ့လာသင်ယူချင်တယ်ဆိုရင်တော့ EHS Myanmar page ကို see first လုပ်ထားဖို့မမေ့ပါနဲ့ဦး။ ----------------------------------------------------------------------- "𝙂𝙖𝙞𝙣𝙞𝙣𝙜 𝙠𝙣𝙤𝙬𝙡𝙚𝙙𝙜𝙚 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙬𝙞𝙨𝙙𝙤𝙢. 𝙎𝙝𝙖𝙧𝙞𝙣𝙜 𝙞𝙩 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙝𝙪𝙢𝙖𝙣𝙞𝙩𝙮." #EHSMyanmar #Forests #Wetlands #february #SDG

World Wetland Day, February 2 ============================================================= The most endangered environment o
World Wetland Day, February 2 ============================================================= The most endangered environment on Earth is wetlands, which are disappearing three times faster than forests. Since 1970, 35% of the world's wetlands have disappeared in just 50 years. In order to stop the rapid loss of wetlands and promote conservation and restoration efforts, it is vital that we increase national and international knowledge of them. The perfect moment to raise awareness of these vitally important ecosystems is on World Wetlands Day. Source - United Nations #EHSMyanmar #internationaldays #wetland

photo content

Calling Volunteers For Data Enumerators Position (online Part-time positions) ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ 🌍ရာသီဥတုဖောက်ပြန်ပြောင်းလဲလာသည်နှင့်အမျှ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းမှ ပြည်သူများသည် ရာသီဥတုဖောက်ပြန်ခြင်းဆိုင်ရာ စိုးရိမ်ပူပန်မှုများ၊ စိတ်ဓာတ်ကျခြင်းနှင့် အပြစ်ရှိကြောင်း ခံစားလာကြရသည်။ ထို့ကြောင့် EHS Myanmar အနေဖြင့် 2022-2023 ခုနှစ်အတွက် ထိုပြဿနာအပေါ် ထိရောက်သော ဖြေရှင်းနည်းများကို ရှာဖွေဖော်ထုတ်ရန် "A Review and Assessment of Climate Change Anxiety in Yangon Region" ဆိုသည့်ခေါင်းစဉ်ဖြင့် (Mini Research) သုတေသနစာတမ်းငယ်တစ်စောင်အား ပြင်ဆင်ဆောင်ရွက်လျက်ရှိပါတယ်။ . 🌍 ထိုကဲ့‌သို့ သုတေသနစာတမ်း ပြုစုရာတွင် စာပေပြန်လည်သုံးသပ်ခြင်း (Literature review)၊ ရာသီဥတုပြောင်းလဲမှုဒဏ်အပေါ် လူများ၏ ထင်မြင်ယူဆချက်များကို မေးခွန်းများ (Questionnaires) မေးခြင်းဖြင့် စစ်တမ်းကောက်ယူရန် လိုအပ်ပါသည်။ ထို့ကြောင့် ရန်ကုန်မြို့၏ မြို့ပြ ခရိုင်များ (ကမာရွတ်၊ အလုံ၊ ဗိုလ်တစ်ထောင်၊ ကျောက်တံတား၊ မရမ်းကုန်း၊ သင်္ဃန်းကွန်း၊ အင်းစိန်၊ မင်္ဂလာဒုံ၊ ဒဂုံမြို့သစ်၊ တွံတေး) မှ စုစုပေါင်း ဒေတာအရေအတွက် ၄၂၀ ကို ကောက်ယူရန် လိုအပ်ပါသည်။ အဆိုပါမြို့နယ်များမှ မေးခွန်းများ (Online Questionnaires)များကို စစ်တမ်းကောက်ယူရန် စေတနာ့ဝန်ထမ်း ( Volunteer) ၁၃ ဦးကို ခေါ်ယူသွားမည်ဖြစ်ပါသည်။ . 📢 Volunteer တစ်ယောက်အနေနဲ့ ဘာတွေလုပ်ရမလဲ? (၁) Volunteer တစ်ဦးလျှင် သတ်မှတ်ရက်အတွင်း မိမိတာဝန်ယူထားသော မြို့နယ်မှ အနည်းဆုံး လူ(၃၅)ဦးထံ Online Questionnaires ဖြင့် စစ်တမ်းကောက်ယူရန် လိုအပ်ပါသည်။ (၂) Volunteer များသည် ဒေတာစုဆောင်းခြင်း (Data Collection) လုပ်ငန်းစဉ်ကို Google Form မှ လုပ်ဆောင်ပေးရမှဖြစ်ပြီး အွန်လိုင်းအချိန်ပိုင်းအလုပ်လုပ်ရန်သာ လိုအပ်ပါသည်။ (၃) Volunteer များသည် မိမိ Supervisor ထံ ဒေတာကောက်ယူခြင်းနှင့်ပတ်သတ်၍ နေ့စဉ်သတင်းပို့ရန် လိုအပ်ပါသည်။ (၄) Volunteer များသည် ဒေတာအပြည့်အစုံ လူ(၃၅)ဦးထံမှ စုဆောင်းပြီးနောက် Supervisor များထံ Microsoft Excel format ဖြင့် ပေးပို့ရန် လိုအပ်ပါသည်။ 📢 Volunteer လျှောက်ထားနိုင်သူများ (၁) Environmental (သဘာဝပတ်ဝန်းကျင်ဆိုင်ရာ) သို့မဟုတ် Sustainability-related Subjects (‌ရေရှည်တည်တံ့မှုနှင့်ပတ်သက်သော ဘာသာရပ်များ) ကိုစိတ်ဝင်စားသော ဘွဲ့ကြိုကျောင်းသားများဖြစ်ရပါမည်။ (လုပ်ငန်းအတွေ့အကြုံရှိရန်မလိုအပ်ပါ) (၂) Zoom Conference အပါအဝင် အွန်လိုင်းတူးလ်များ၊ Microsoft Excel၊ Google Forms နှင့် Google Sheets တို့တွင် အခြေခံကျွမ်းကျင်မှု ရှိရပါမည်။ (၃) Laptop သို့မဟုတ် Desktop PC ရှိပြီး Wi-Fi သို့မဟုတ် Mobile Internet ကောင်းမွန်စွာအသုံးပြုနိုင်သော သူများကို ဦးစားပေးပါမည်။ 📢 EHSမှာ Volunteer လုပ်ခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများ (၁) သုတေသနတွင် ပါဝင်ကူညီပေးသော Certificate of Participation ရရှိခြင်း။ (၂) Internet Allowance ရရှိခြင်း။ (၃) သုတေသီများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိုးရိမ်ပူပန်မှု အကြောင်းအရာတို့ကို အနီးကပ်လေ့လာနိုင်ခွင့်ရှိခြင်း။ (၄) EHS Myanmar ၏ (၃ လ) Internship Program တွင် တိုက်ရိုက်ရွေးချယ်ခံရမည့် အခွင့်အလမ်းရရှိနိုင်ခြင်း တို့ ဖြစ်ပါသည်။ 📌 Volunteer လျှောက်လိုပါက အောက်ပါ Google Form တွင် ဝင်ရောက်ဖြည့်စွက်၍ စာရင်းပေးသွင်းနိုင်ပါသည်။ (မှတ်ချက်။ ။အီးမေးလ်လိပ်စာနှင့် ဖုန်းနံပါတ်မှန်မှန်ကန်ကန် ဖြည့်ရန် လိုအပ်ပါသည်။) Apply here ‼️ https://forms.gle/S71XoZ81wvRLb33y9 📌 Application Deadline - February 7, 2023 (5:00 PM) 📌 ရွေးချယ်ခံရသူများအား ဖေဖော်ဝါရီ ၁၂ ရက်‌နေ့မတိုင်မီ ဖုန်း သို့မဟုတ် အီးမေးလ်ဖြင့် အကြောင်းကြားသွားမည်ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက အောက်ပါ Linkထဲမှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။ 👇 https://drive.google.com/file/d/10v5aU39WzcJk8agE4fc3WjG7p0D7i8T8/view?usp=share_link Myanmar Information Management Unit (MIMU) မှာလဲဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင့်။ 👇 http://themimu.info/jobs-for-myanmar-nationals --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #volunteer #climateanxiety #dataenumerator #online #partime

International Zerbra Day, January 31 ================================================ International Zebra Day takes place eve
International Zerbra Day, January 31 ================================================ International Zebra Day takes place every year on January 31st and exists for one purpose; to raise conservation efforts for these amazing, yet endangered animals. #EHSMyanmar #internationaldays #zebra

photo content
+2

Environmental Sustainability Online Course Batch-5 --------------------------------------------------------- 🌐 ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင် အားလုံးပဲစောင့်မျှော်နေကြပြီဖြစ်တဲ့ Environmental Sustainability Course Batch 5 (Intermediate Level) ကို သင်ရိုးအသစ်ဖြင့် ဖွင့်လှစ် သင်ကြားသွားမှာဖြစ်ပါတယ်။ 🌐 EHS Myanmar သည် မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်ပြီး ရပ်ရွာလူထု၏ပတ်ဝန်းကျင်အသိအမြင်ကိုမြှင့်တင်ရန် ရည်ရွယ်တည်ထောင်ခဲ့ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများနှင့် ၎င်းတို့ကို လျှော့ချခြင်းနှင့် သက်ဆိုင်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာမြှင့်တင်ခြင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်အကဲဖြတ်ခြင်းနဲ့ Environmental Engineering နှင့် Environmental Sciences ကဲ့သို့သောနယ်ပယ်များမှ တန်ဖိုးရှိသည့် အသိပညာများကိုမျှဝေပေးလျက်ရှိသော ထိပ်တန်း NGO အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ 🌐 ဘာတွေသင်မှာလဲ? - Life Cycle Assessment (LCA), - Circular Economy, - Environmental Sustainability practices, - Environmental Hazards and Public Health, - Environmental health risk assessment (EHRA), - etc. 🌐 Life Cycle Assessment ဆိုတာဘာလဲ? https://www.instagram.com/p/Cn9c-KorrRe/?igshid=MDJmNzVkMjY= 🌐 ဘယ်သူတွေသင်မှာလဲ? နိုင်ငံတကာတက္ကသိုလ်များမှာ သဘာ၀ပတ်၀န်းကျင်ဆိုင်ရာဘာသာရပ်များကို ဘွဲ့လွန်မဟာတန်း၊ ပါရဂူတန်းအသီးသီးတို့မှာ တက်ရောက်ပြီး အထူးပြုလေ့လာနေသည့်အပြင် ပညာပေးဆောင်းပါးများရေးသားလျက်ရှိတဲ့ The Environment, Health and Safety Myanmar (EHS Myanmar) Organization မှ အတွေ့အကြုံရှိ ဆရာ၊ဆရာမများက course material (lecture notes, ebooks, quiz, etc.) ဖြင့် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ 🌐ဘယ်သူတွေတက်သင့်သလဲ? Environmental Sustainability (သဘာ၀ပတ်၀န်းကျင်ရေရှည်တည်တံ့ခိုင်မြဲရေး) သင်တန်းကို ဘွဲ့ကြိုကျောင်းသား/ ကျောင်းသူများ၊ ဘွဲ့လွန် ကျောင်းသားကျောင်းသူများ အတွက် အထူးသင့်လျော်ပြီး လုပ်ငန်းခွင်ဝင်ရောက်နေတဲ့ လူငယ်များလည်း လက်တွေ့အသုံးချနိုင်မှာဖြစ်ပါတယ်။ 🌐 ဘယ်အချိန်တွေလဲ? ဘယ်နှပတ်လဲ? ရုံးချိန်လွတ် ၃ ပတ်တာသင်တန်းဖြစ်ပြီး ပြီးဆုံးပါက သင်တန်းချိန် နှင့် assessment ပြည့်မှီအောင်မြင် သူများကို certificate ပေးအပ်သွားမှာဖြစ်ပါတယ်။ အချိန်။ ။ ညနေ ၆:၃၀ မှ ည ၈:၃၀ နာရီ အထိ နေ့ရက်။ ။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ မတ်လ ၅ ရက်နေ့အထိ (စနေနေ့ နှင့် တနင်္ဂနွေနေ့များ) သင်ကြားရေးစနစ်။ ။ ZOOM Video Conferencing မှတ်ချက်။ ။ ဆရာ/ဆရာမများ၏ စာသင်ကြားမှုပေါ်မူတည်၍ စာသင်ချိန် ၂နာရီမှ ၂နာရီခွဲဝန်းကျင် ကြာမြင့်နိုင်ပါသည်။ 🌐သင်တန်းကြေး ကကော? online ကနေပေးလို့ရရဲ့လား? သင်တန်းကြေးက ၃၈ ၀၀၀/- ကျပ်သာဖြစ်ပြီး မိမိအဆင်ပြေတဲ့ online payment တွေနဲ့ပေးချေနိုင်ပါတယ်။ 🤩 EHS Myanmar ၏ Partnership Organizations များမှ Members များ နှင့် ကျောင်းသား/ ကျောင်းသူဟောင်းများကတော့ Alumni Discount ရရှိမှာဖြစ်ပါတယ်။ 🌐 သင်တန်းသားဦးရေ ကန့်သတ်ထားတဲ့အတွက်ကြောင့် ထိထိရောက်ရောက် အေးအေးဆေးဆေးလေ့လာသင်ယူနိုင်မှာဖြစ်ပြီး ဆရာ/ဆရာမ များနှင့် discussion session တွေများလဲထည့်သွင်းထားပါသေးတယ်။ ဒါကြောင့် သင်တန်းတလျှောက်လုံး တက်ကြွစွာပါဝင်ဆွေးနွေး ဖို့တော့လိုပါမယ်နော်။ 🌐 သင်တန်းလျှောက်လွှာကို အောက်ဖော်ပြပါ Link မှတစ်ဆင့် ဖြည့်ပြီးလျှောက်ထားနိုင်ပါပြီ။ သင်တန်းကြေးပေးသွင်းထားသူစာရင်းနှင့်သာ သင်တန်းသားအရေအတွက်ကိုစဥ်းစားမည်ဖြစ်သောကြောင့် မကျန်ခဲ့အောင် registration ပြီးလျှင် သင်တန်းကြေးမြန်မြန်ပေးသွင်း ဖို့တော့လိုပါမယ်နော်။ မှတ်ချက်။ ။ ငွေလွှဲပြီးပါက သင်တန်းကြေးသွင်းပြီးကြောင်း EHS Myanmar ​၏ Messenger Chat Box သို့ လာရောက်အကြောင်းကြားပေးရန် လိုအပ်ပါသည်။ 📌 Registration Form - https://forms.gle/DmQyCT81QgWBd4Sa6 Environmental Sustainability Course ရဲ့လျှောက်လွှာတွေကိုတော့ ဖေဖော်ဝါရီလ (၁၅) ရက်နေ့အထိ လက်ခံပေးသွားမှာ ဖြစ်ပါတယ်။ Batch 1 မှ Review များ - https://www.facebook.com/ehsmyanmar/posts/438878044313618 Batch 3 မှ Review များ - https://www.facebook.com/108833677318058/posts/521757932692295/ ☎️ အသေးစိတ်သိရှိလိုပါက EHS Myanmar Facebook Page သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပြီး ဖုန်းနံပါတ် (+95) 09770501186 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ Learn more at www.ehsmyanmar.org --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #onlinecourse #environmental #Sustainability

photo content

[English Below] EHS Myanmar Research Team မှ မကြာခင်ရက်ပိုင်းအတွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာသုတေသနပိုင်းတွင်လုပ်ကိုင်နိုင်မည့် "လူငယ် Volunteer" များခေါ်ယူသွားဖို့ရှိပါတယ်။ Telegram Channel နှင့် Facebook Page တို့မှတဆင့်ကြေငြာပေးသွားပါမှာဖြစ်တဲ့အတွက် Stay tuned ပါ။ The EHS Myanmar Research Team will recruit young volunteer participants. In the near future, it will be announced via the Telegram Channel and Facebook Page. Stay tuned. EHS Myanmar's Telegram Channel - https://t.me/ehsmyanmar #EHSMyanmar #ResearchTeam #volunteer

International Reducing CO2 Emissions Day, January 28 ================================================ International Reducing
International Reducing CO2 Emissions Day, January 28 ================================================ International Reducing CO2 Emissions Day set by the United Nations falls on January 28th. It is meant to promote the development and application of measures aiming to reduce greenhouse gas emissions. It is linked with the 13th Sustainable Development goal, 'Climate Action'. The amount of CO2 derives from human activity, and comes from fossil fuels, agriculture, transport. It needs to be reduced to preserve food systems, terrestrial and wetland ecosystems, freshwater resources, human health, and more. #EHSMyanmar #internationaldays #reduceCO2 #CO2emission

photo content

ကမ္ဘာ့အကြီးအဆုံးအမြဲစိမ်းတော အမေဇုန်ကြီး ၏ ဟက်တာပေါင်း (၁ ၂၀၀ ၀၀၀) ကျော်ပျက်ဆီးဦးမည်ဖြစ်ကြောင်းခန့်မှန်းထားပါတယ်။ ဟုတ်ပြီ... ခု စာရေးသူတို့မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ကဏ္ဍကို ခန့်မှန်းသုံးသပ်ကြည့်ကြပါစို့။ ၁။ လျှပ်စစ်ကဏ္ဍမှာတော့ Clean Energy ကို ယခုနှစ်များမှာ အသုံးပြုနိုင်ဖို့ခက်ခဲနေပါဦးမယ်။ ဆိုလာစွမ်းအင်ကို မြန်မာပြည်အထက်ပိုင်းအချို့မှာ project တွေအကောင်အထည်ဖော်နေသည်ဟုသိရသော်လည်း တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ခက်ခဲ့ပါဦးမယ်။ ၂။ လျှပ်စစ်ကားသုံးစွဲမှုကဏ္ဍမှာလဲ မူဝါဒဥပဒေများချမှတ်မည်ဟု သတင်းများထွက်နေသော်လည်း လက်တွေ့မှာ အောင်မြင်နိုင်ချေနည်းနေပါသေးသည်။ တနိုင်ငံလုံးမဆိုထားနှင့် မြို့ပြကြီတွေမှာတောင် လျှပ်စစ်မီးမမှန်တဲ့ပြဿနာကြောင့် ကာဗွန်ထုတ်လွှတ်မှုနည်းသည့် လျှပ်စစ်ကားများကိုတွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ဖို့ကအလှမ်းဝေးနေဆဲပါ။ ၃။ သဘာဝဘေးအန္တရာယ်ခြိမ်းခြောက်မှုမှာဆိုလျှင်လဲ မြန်မာနိုင်ငံ Vulnerability အဖြစ်ဆုံးနိုင်ငံတွေမှာ ပါနေပြီး ဖြစ်ပါတယ်။ ဒါကြောင့် သဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့ အပူလွန်ကဲခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ဆိုင်ကလုန်းမုန် တိုင်းများဝင်ရောက်ခြင်း၊ ရေကြီးရေလျှံမှုဖြစ်ခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းခြင်း စတဲ့ natural hazards တွေကို ခံစားနေရဦးမှာဖြစ်ပါတယ်။ ဒါ့အပြင် (၂၀၂၂) ခုနှစ်အတွေ့အကြုံများအရ ငလျင်ဒဏ်ကိုလဲသတိထားဖို့လိုပါမယ်။ ၄။ ပလတ်စတစ်နှင့်အမှိုက်ပြသနာကတော့ ဆက်လက်ရှိနေပါဦးမယ်။ (၂၀၂၂) ခုနှစ် ဒီဇင်ဘာကထွက်ရှိတဲ့ Organisation for Economic Co-operation and Development (OECD) ၏ အစီအရင်ခံစာအရ မြန်မာနိုင်ငံတစ်လုံးမှာထွက်ရှိတဲ့အမှိုက်များရဲ့ (၁၆%) က ပလတ်စတစ်အမှိုက်တွေဖြစ် ပါတယ်။ (၂၀၃၀) ခုနှစ်တွင် တစ်နိုင်ငံလုံးအတွက် Waste Collection ရာနှုန်းပြည့် လုပ်ဆောင်မည်ဟု ချမှတ်ထားသော်လည်း ယခုနိုင်ငံရေးအခင်းအကျင်းများကြောင့် အနည်းငယ်နှောင့်နှေးသွားမည်။ တဖက်မှာလဲ The National Plastic Action Plan ကိုရေးဆွဲနေသည်ဟုသိရပြီး ဘယ်တော့ပြဌာန်းမလဲဆိုတော့မသိရပါ။ ၅။ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုတွေဖြစ်တဲ့ လေထုညစ်ညမ်းမှု၊ ရေညစ်ညမ်းမှု၊ သန့်ရှင်းသောရေရှားပါးမှု နဲ့ ကောင်းမွန်သော မိလ္လာစနစ်ရရှိမှုတို့အတွက် EHS Myanamar အပါအဝင် INGO နှင့် NGO များကဝိုင်းဝန်းလုပ်ဆောင်နေကြသော်လည်း ပြည့်စုံဖို့အတွက်ကတော့ လိုအပ်နေပါဦးမယ်။ အထူးသဖြင့် လေထုညစ်ညမ်းမှုအတွက် ကဏ္ဍအလိုက်တိကျသောမူဝါဒများမရှိသေးသလို မော်တော်ယာဉ်ညစ်ညမ်းမှုများ အတွက်လဲ enforcement မရှိနိုင်သေးပါ။ ၆။ Global Forest Watch အဖွဲ့ကြီး၏ ကိန်းဂဏန်းများအရ မြန်မာနိုင်ငံမှာ (၂၀၀၁) ခုနှစ်မှာ (၂၀၂၁) ခုနှစ်အထိ သစ်တော (၅၇%) ကိုဆုံးရှူံးခဲ့ပြီးဖြစ်ပါတယ်။ သစ်တောဆုံးရှုံးမှုမှာ ရှမ်းပြည်နယ်တွင် (၁.၄၇) Mha ဖြင့် အများဆုံးဖြစ်ပြီး တနင်္သာရီတိုင်းမှာ (၄၈၇) kha ဖြင့်ဒုတိယနေရာမှာရှိပါတယ်။ (၂၀၂၃) မှာလဲ သစ်တောပြုန်းတီး မှုများဆက်လက်ဖြစ်ပေါ်လာနိုင်ပြီး မတည်ငြိမ်သောဒေသတွေမှာ ပိုမိုအဖြစ်များလာကြောင်းသုံးသပ်ထားကြပါတယ်။ နိဂုံးချုပ်ရသော် (၂၀၂၃) ခုနှစ်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆုတ်ယုတ်မှုတွေကို တွေ့ကြုံခံစားလာရနိုင်ပါ တယ်။ ဒီအချက်ကြောင့်ကနေပဲ တွန်းအားတစ်ခုသဖွယ်ဖြစ်ပြီး Sustainable Developement ဖြစ်အောင် ကမ္ဘာ့နိုင်ငံအသီးသီးက မရွေ့ချင်လဲရွေ့နေရသလိုဖြစ်လို့လာနေပါတယ်။ ဒါကတော့အကောင်းဖက်က မြင်ကြည့်တာပါ။ စာရေးသူတို့နိုင်ငံမှာတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းကဏ္ဍက ခေတ်အဆက်ဆက် နောက်ဆုံးမှစဉ်းစားတဲ့ အလေ့အကျင့်ကရှိနေခဲ့တာဖြစ်တဲ့အတွက် ယခုနှစ်လဲ သိသာသောပြောင်းလဲမှုတွေ တွေ့ရမယ်လို့မထင်မိပါ။ သိသာသောပြောင်းလဲမှုတွေလို့ဆိုလိုတာဖြစ်တဲ့အတွက် အရွေ့အနည်းငယ်တော့ ၂၀၂၁၊ ၂၀၂၂ ထက်တော့ ဖြစ်လာလိမ့်မည်ဟုယူဆရပါသည်။ ဘယ်လိုပဲဖြစ်နေပါစေ... သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးမှုတွေကတော့ ကျွန်ုပ်တို့လို NGO တွေက ဆက်လက်လုပ်ဆောင်ပေးနေရဦးမှာဖြစ်ပါတယ်။ ။ ရေးသားသူ - နိုင်ကျော်လူ ကိုးကား - Quantum Commodity Intelligence, Forrester.com, Theguardian.com, Environmental Defence,Global Waste Index 2022, The World Bank, Organisation for Economic Co-operation and Development. -------------------------------------------------------- EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်သိရှိနိုင်ဖို့ telegram channel ကိုအခုပဲ အခမဲ့ join လိုက်ပါ။ https://t.me/ehsmyanmar #EHSMyanmar #Environmental #ClimateChange #Global #Myanmar #2023

၂၀၂၃ မှာ ကမ္ဘာနှင့်မြန်မာ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်တွေကို ကြိုခန့်မှန်းကြည့်ရာဝယ် ------------------------------------------------------------------------------ EHS Myanmar | 26.1.23 ၁။ သန့်ရှင်းသောစွမ်းအင်ပိုမိုသုံးလာနိုင်ခြင်း ယခုနှစ်သစ်မှာ စွမ်းအင် ကဏ္ဍမှာအပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်လို့ခန့်မှန်းထားကြပါတယ်။ အထူးသဖြင့် လောင်စာစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများအစား Clean Energy ဖြစ်တဲ့ ပြန်လည်ပြည့်ဖြိူးမြဲစွမ်းအင် (Renewable Energy) တွေကို ကမ္ဘာ့နိုင်ငံတော်တော်များများက ပိုမိုအသုံးပြုလာနိုင်ပါတယ်။ ရုရှ နဲ့ ယူကရိန်းတို့ရဲ့ စစ်ပွဲတွေကြောင့်လဲ ကမ္ဘာ့ရေနံ နှင့် ဥရောပနိုင်ငံများ၏ လျှပ်စစ်စွမ်းအင်ကဏ္ဍမှာ လိုအပ်ချက်မှုများဖြစ်ပေါ် ခဲ့တဲ့ အတွက် ရေနံဈေးတွေမြင့်တက်ခြင်း၊ လျှပ်စစ်လုံလောက်မှုမရှိခြင်းတို့ကြောင့် Renewable Energy သုံးဖို့အတွက် ဥရောပနိုင်ငံတွေကို ပိုမိုတွန်းအားပေးသလိုဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် (၂၀၂၃) ခုနှစ်မှာ Clean Energy ကဏ္ဍတွင်ကျယ်လာလိမ့်မယ်လို့ခန့်မှန်းပါတယ်။ ၂။ လျှပ်စစ်ကားအသုံးပြုမှုများလာနိုင်ခြင်း (၂၀၂၂) ခုနှစ်နှစ်ဝက်ကိန်းဂဏန်းများအရ တကမ္ဘာလုံးမှာ Battery-powered Electric Vehicles (BEVs) နှင့် plug-in hybrid electric vehicles (PHEVs) ပေါင်း (၄.၃) သန်းကိုရောင်းချခဲ့ပြီးဖြစ်ပါတယ်။ (၂၀၂၂) ခုနှစ်နှစ်ကုန်မှာ ကားပေါင်း (၁၀.၆) သန်းထိရောင်းချဖို့မျှော်မှန်းထားကြောင်း စာတမ်းအချို့မှာတွေ့ရပါတယ်။ ထို EVs များသုံးစွဲမှုအများဆုံးနိုင်ငံမှာ နော်ဝေးနိုင်ငံဖြစ်ပြီး ရောင်းချမှုအားလုံး၏ (၈၆%) ထိရှိပါတယ်။ တရုတ်နိုင်ငံက (၁၆%) နှင့် အမေရိကန်နိုင်ငံက (၅%) သာရှိပါတယ်။ ထိုကိန်းဂဏန်းများနှင့် အထက်ကပြောခဲ့တဲ့ ရေနံထုတ်လှပ်မှုလျှော့ချလာခြင်း နှင့် ရေနံဈေးမြင့်တက်မှုများ ကိုပေါင်းစပ်လိုက်သည့်အတွက် BEVs နှင့် PHEVs အသုံးပြုမှုက (၂၀၂၃) ခုနှစ်မှာ ဆက်လက်မြင့်တက်လာဦးမယ်လို့ခန့်မှန်းရပါတယ်။ ၃။ ကာဗွန်ဈေးကွက် (သို့မဟုတ်) Carbon Credit တွင်ကျယ်လာနိုင်ခြင်း Carbon Offset ကဏ္ဍ ပိုမိုကျင့်သုံးလာမယ်လို့ ပညာရှင်တွေကခန့်မှန်းထားကြပါသေးတယ်။ အထူးသဖြင့် Fashion ကဏ္ဍ မှာ ပိုမိုအသုံးပြုလာကြပါလိမ့်မယ်။ ကမ္ဘာ့ကုမ္ပဏီကြီးအများအပြားသည် ကာဗွန်ခရက်ဒစ်များ ဖန်တီးခြင်း၊ စစ်ဆေးအတည်ပြုခြင်းနှင့် ရောင်းချခြင်းအတွက် ငွေစုဆောင်းခြင်း စသည့်အလေ့အကျင့်များကို (၂၀၂၃) တွင်ပိုမိုအသုံးပြု လာကြမယ်လို့ ခန့်မှန်းထားပါတယ်။ ၄။ ကမ္ဘာ့အပူချိန်မြင့်တက်လာနိုင်ခြင်း ရာသီဥတုပြောင်းလဲခြင်း (Climate Change) နှင့် ကမ္ဘာကြီးပူနွေးလာခြင်း (Global Warming) တို့က တနှစ်ထက်တနှစ် ပိုမိုဆိုးရွားလာတာကိုသိပြိးသားဖြစ်ကြမှာပါ။ (၂၀၂၂) ခုနှစ် မှာဆိုလျှင် ကမ္ဘာ့အပူအချိန် သည် (0.84°C) ပိုမိုမြင့်လာခဲ့ပြီး၊ ယခုနှစ် (၂၀၂၃) မှာလဲ (1.2°C) ထပ်၍ မြင့်လာနိုင်ကြောင်း သုတေသီများကခန့်မှန်းထားပါတယ်။ ၅။ သဘာဝဘေးအန္တရာယ်များပိုမိုခံစားလာရနိုင်ခြင်း အချက် (၄) ကဖော်ပြခဲ့သလို ရာသီဥတုပြောင်းလဲခြင်းနှင့်ကမ္ဘာကြီးပူနွေးလာခြင်း တို့၏ နောက်ဆက်တွဲအနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးက သဘာဝဘေးအန္တရာယ်များကိုပိုမိုခံစားလာရနိုင်ပါတယ်။ အထူးသဖြင့် Mega City မြို့ပြကြီးတွေမှာ ရေကြီးရေလျှံမှုတွေများလာမယ်၊ ပူလွန်ခြင်း၊ အေးလွန်ခြင်းတွေဖြစ်လာမယ်။ ငလျင်လှုပ်မှုခြင်းနဲ့ ဟာရကိန်းမုန်တိုင်း တို့တွေလဲ ပိုမိုဖြစ်လာနိုင်ကြောင်းခန့်မှန်းထားကြပါတယ်။ ၆။ စွန့်ပစ်အမှိုက်ပြသနာကိုဖြေရှင်းနိုင်ဖို့ခက်ခဲနေပါဦးမည် (၂၀၂၂) ခုနှစ် ကိန်းဂဏန်းများကိုလေ့လာကြည့်တဲ့အခါ တကမ္ဘာလုံးတွင်စွန့်ပစ်အမှိုက်ထုတ်လုပ်မှု (Global Waste Generation 2022) က (၂.၀၁) ဘီလျံတန် အထိရှိခဲ့ပါတယ်။ ဒီထကမှ (၃၀၀) မီလီယံက ပလတ်စတစ်အမှိုက်တွေပဲဖြစ်ပါ တယ်။ ဒီအမှိုက်များတွေအများစုက အမေရိကန်နိုင်ငံမှာဖြစ်ပြီး ထိုစွန့်ပစ်အမှိုက်များရဲ့ တဝက်က Landfill မှာပဲစုပုံနေလျက် ရှိပါတယ်။ စစ်တမ်းတစ်ခုအရ (၂၀၃၀) ခုနှစ်မှာ ယခုထွက်ရှိနေသောစွန့်ပစ်အမှိုက်များ၏ (၇၀%) ကျော်ထက် ပိုမိုများပြားလာနိုင်ကြောင်းခန့်မှန်းထားပါတယ်။ အဲ့ဒီအတွက်လဲ ယခု (၂၀၂၃) ခုနှစ်မှာ စွန့်ပစ်အမှိုက်ထွက်ရှိမှုကိုလျှော့ချနိုင် ဖို့ မရှိနိုင်သေးသလို စနစ်တကျစွန့်ပစ်ခြင်းများကလဲ ဖွံ့ဖြိုးဆဲနိုင်ငံအများစုမှာ ခက်ခဲနေဦးမှာဖြစ်ပါတယ်။ ဒါ့အပြင် Marine Plastics Pollution ကလဲပိုမိုဆိုးရွားလာနိုင်ပြီး အဏ္ဏဝါပလတ်စတစ်ညစ်ညမ်းမှုကိုလဲ ထိန်းချုပ်နိုင်ဖို့ခက်ခဲနေဦးမှာဖြစ် ကြောင်းခန့်မှန်းထားကြပါတယ်။ ၇။ သစ်တောပြုန်းတီးမှုများဆက်ဖြစ်နေဦးမည် Global deforestation statistics 2022 ကိုလေ့လာကြည့်လိုက်လျှင် (၂၀၂၂) ခုနှစ်၌တကမ္ဘာလုံးအတိုင်းအတာ အရ သစ်တော ဟက်တာပေါင်း သန်း (၄၂၀)ကျော်ဆုံးရှုူံးခဲ့ပီဲးဖြစ်ပါတယ်။ ဒီဆုံးရှုူံးမှုက လွန်ခဲ့စောနှစ် (၃၀) ရဲ့ သစ်တောပြုန်းတီးမှု၏ (၁၀.၃၄) ရာခိုင်နှုန်းရှိကြောင်းတွေ့ရပါမယ်။ (၂၀၂၃) ခုနှစ်မှာလဲ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်စေ၊ လူသားတွေကြောင့်ဖြစ်စေ သစ်တောပြုန်တီးမှုများဆက်လက်ဖြစ်ပေါ်နေဦးမည်ဖြစ်ပါတယ်။

photo content