ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

EHS Myanmar

EHS Myanmar

الذهاب إلى القناة على Telegram

This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.

إظهار المزيد
868
المشتركون
-124 ساعات
+27 أيام
+230 أيام
أرشيف المشاركات
photo content

အသုံးမလိုတော့တဲ့ပစ္စည်းတွေကို ပြန်ရောင်းနိုင်မယ့် Platform တစ်ခုအကြောင်း တစေ့တစောင်း မိမိတို့ လုပ်ငန်းခွင်၊ အလုပ်ရုံ၊ အိမ်၊ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများမှ နေ့စဉ် အသုံးမလိုတော့တဲ့ ပြန်သုံး၍ရသော Waste တွေထွက်ရှိလို့နေပါတယ်။ ဒီအကျိုးဆက်တွေကြောင့် အမှိုက်ပုံရဲ့ ထုထည်ဟာလည်း အရှိန်အဟုန်နှင့်အတူ ကြီးထွားနေပါတယ်။ ဒီလိုပြသနာတွေကိုဖြေရှင်းဖို့ Waste To Wealth လို့ခေါ်တဲ့ Prevent Plastics ကပြုလုပ်ထားတဲ့ Platform တစ်ခုကအသင့်ရှိလို့နေပါတယ်။ မိမိလုပ်ငန်းမှာအသုံးမလိုတော့တဲ့ပစ္စည်းတွေ‌သည် တခြားသူများအဖို့ ဈေး‌သက်သက်သာသာနဲ့ ရရှိနိုင်တဲ့ ကုန်ကြမ်းများဖြစ်လို့နေပါတယ်။ ထို Platform ပေါ်မှာ ရောင်းသူရော ၀ယ်သူရောပါရှိနေပြီး မိမိတို့စိတ်ကြိုက် ရောင်းခွင့်၊၀ယ်ခွင့်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ နေ့စဉ် မိမိလုပ်ငန်းမှထွက်ရှိနေတဲ့အမှိုက်တွေကို ပြန်ရောင်းချင်လို့ပဲဖြစ်ဖြစ်၊ မိမိလုပ်ငန်းအတွက်ကုန်ကြမ်းတွေကို ဈေးသက်သာစွာဖြင့် ဝယ်ယူချင်လို့ပဲ ဖြစ်ဖြစ်၊ Platform အကြောင်းစိတ်၀င်စားလို့ ၀င်ရောက်လေ့လာချင်တာပဲဖြစ်ဖြစ် Waste To Wealth Platform မှာ Register လုပ်ပြီး ၀င်ရောက်လေ့လာနိုင်ပါတယ်။ Platform မှာ ဘာသာစကား၂ခု (မြန်မာ၊English) ဟုထားရှိထားပြီး မိမိအားသန်ရာဘာသာစကားဖြင့်လေ့လာနိုင်တယ်။ 📌 Register လုပ်ရန် https://waste-to-wealth.com/ ----------------------------------------------------------------------- "𝙂𝙖𝙞𝙣𝙞𝙣𝙜 𝙠𝙣𝙤𝙬𝙡𝙚𝙙𝙜𝙚 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙬𝙞𝙨𝙙𝙤𝙢. 𝙎𝙝𝙖𝙧𝙞𝙣𝙜 𝙞𝙩 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙝𝙪𝙢𝙖𝙣𝙞𝙩𝙮." Don't forget us to follow us on instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #METoME #MicroEffortToMillionEffects #Mediapartnership

photo content

ရာသီဥတု ဖောက်ပြန်မှုက ရေချိုဂေဟစနစ်ကို ဘယ်လိုသက်ရောက်မှုရှိနေလဲ? ----------------------------------------------- EHS Myanmar | 7.8.2024 ကမ္ဘာပေါ်ရှိ လူနှင့် သက်ရှိသတ္တဝါများ အသက်ရှင်နေထိုင်ရေးအတွက် ရေသည် မရှိမဖြစ်လိုအပ်သော အခြေခံအကျဆုံး အရာတစ်ခုဖြစ်သည်။ ကမ္ဘာ့မြေမျက်နှာပြင်၏ ၇၀% ကျော်ကိုရေများဖြင့် လွှမ်းခြုံထားသော်လည်း ၎င်းတို့အနက် ၃% ခန့်သာ ရေချိုများဖြစ်သည်။ ကမ္ဘာ့မိုးလေဝသအဖွဲ့၏ အဆိုအရ ကမ္ဘာပေါ်ရှိ ရေချိုပမာဏ၏ ၀.၅% မျှသာ အမှန်တကယ် အသုံးပြု၍ ရကြောင်း သိရှိရပါသည်။ ယနေ့ ကမ္ဘာ့နိုင်ငံအသီးသီးတွင် များစွာကြုံတွေ့ခံစားနေရသော အဓိက ပြဿနာမှာ ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်း (Climate Change) ဖြစ်သည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများစုတွင် မိုးခေါင်ခြင်း၊ ပူပြင်းခြောက်သွေ့မှုပြင်းထန်လာခြင်း၊ အချိန်အခါမဟုတ်မိုးများခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းများ ဖြစ်ပေါ်မှု များပြားလာခြင်း၊ ရေခဲပြင်ရေခဲတောင်များ အရည်ပျော်မှုကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ ဆားပေါက်မြေများ များပြားလာခြင်း စသည့်အကြောင်းအရာများကြောင့် ရေချိုပမာဏ ရရှိမှုမှာ နည်းပါးလာသည်။ ထို့ကြောင့် ၂၀၅၀ ခုနှစ်ရောက်သည့်အခါ ကမ္ဘာ့လူဦးရေ၏ သုံးပုံနှစ်ပုံ (၅ ဘီလီလျံ) ခန့်သည် အနည်းဆုံး တစ်လကြာ ရေပြတ်လပ်မှုကို ကြုံတွေ့ရနိုင်သည်ဟု ကမ္ဘာ့ကုလသမဂ္ဂက ကြိုတင်ခန့်မှန်းထားသည်။ ဤသို့ ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းသည် ကျွန်ုပ်တို့ နေထိုင်ရာ ကမ္ဘာမြေကြီးအတွက် စိန်ခေါ်မှုဖြစ်သည့်အပြင် လူသားများနှင့် သက်ရှိသတ္တဝါများစွာအတွက် မရှိမဖြစ်လိုအပ်သော မြစ်၊ ချောင်း၊ အင်းအိုင်၊ ရေကန်များ နှင့် ရေချိုအရင်းအမြစ် ဂေဟစနစ်ကို ခြိမ်းခြောက်နေသည့် အရာတစ်ခုဖြစ်သည်။ ရာသီဥတုပြောင်းလဲမှု၏ တိုက်ရိုက်အကျိုးဆက်များထဲမှ တစ်ခုမှာ မိုးရွာသွန်းမှုပုံစံများ ပြောင်းလဲလာခြင်းဖြစ်သည်။ အချို့ဒေသများတွင် မိုးသည်းထန်းစွာရွာသန်းပြီး ရေကြီးရေလျှံမှုများ ပိုမိုကြုံတွေ့ရပြီး အချို့ဒေသများတွင်မူ ကာလကြာရှည်စွာ မိုးခေါင်မှုကို ကြုံတွေ့ရသည်။ ထိုမှတစ်ဆင့် ရေချိုအရင်းအမြစ်များ၏ သဘာဝအတိုင်း ပြန်လည်ဖြည့်တင်းမှုကို အနှောင့်အယှက်ဖြစ်စေပြီး ရေချိုရရှိမှုကို ထိခိုက်စေသည်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ကမ္ဘာတစ်ဝှမ်းတွင် တစ်နှစ်ထက်တစ်နှစ် အပူချိန် ပိုမိုမြင့်မားလာသည်။ ဤသို့ ကမ္ဘာကြီးပူနွေးလာမှုသည် ရေခဲတောင်များနှင့်ရေခဲပြင်များကို အရည်ပျော်စေပြီး ပင်လယ်ရေမျက်နှာပြင်ကို မြင့်တက်စေသည်။ ထို့အပြင် ပူပြင်းသောအပူချိန်သည် ရေကန်များ နှင့် မြစ်များ၏ အငွေ့ပျံနှုန်းကို ပို၍တိုးမြင့်စေပြီး ပင်လယ်ရေသည် ကမ်းရိုးတန်း ရေတိမ်လွှာများအတွင်းသို့ ဝင်ရောက်လာကာ ရေချိုနေရာများတွင် ပင်လယ်ဆားငန်ဓာတ်များ တိုးလာစေသည်။ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် ရေချိုရရှိနိုင်မှုနည်းပါးခြင်းနှင့် ရေအရည်အသွေးပြောင်းလဲမှုများသည် သောက်သုံးရေထောက်ပံ့မှုများ၊ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများတွင် ရေအသုံးပြုမှုကို ထိခိုက်စေနိုင်သည့်အပြင် လူမှုအသိုက်အဝန်းအတွက် ကျန်းမာရေး အန္တရာယ်များလည် ဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် လူနှင့်သက်ရှိသတ္တဝါများ အသက်ရှင်နေထိုင်ရန်အတွက် ရေချိုဂေဟစနစ်များကို ထိန်းသိမ်းကာကွယ်ရန်အတွက် ကျွန်ုပ်တို့ နေ့စဉ်ဘဝတွင် ရေအသုံးပြုမှုကို လျှော့ချခြင်း၊ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကိုလျှော့ချခြင်း၊ ရေအသုံးပြုမှုအသိပညာပေးလုပ်ငန်းများ မြှင့်တင်ခြင်း၊ ရေသိုလှောင်မှုနှင့်ဖြန့်ဖြူးရေး အခြေခံအဆောက်အအုံများ တိုးမြှင့်ခြင်း၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို လျော့ပါးစေရန် ရေရှည်တည်တံ့သောဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အနာဂတ်မျိုးဆက်များအတွက် ရေချိုအရင်းအမြစ်များ ရရှိရန် ကာကွယ်ကူညီပေးရန်မှာလည်း အရေးကြီးပါသည်။ ဤသို့ ရာသီဥတုဖောက်ပြန် စိန်ခေါ်မှုများကြားမှ သန့်ရှင်းပြီး ကျန်းမာသော ရေချိုဂေဟစနစ်များကို ရှင်သန်ကြီးထွားလာစေရန် လူထုအားအသိပညာပေးကာ တကူတကွလုပ်ဆောင်ကြပါစို့။ ရေးသားသူ - Kyaw Naing (EHS Myanmar) ကိုးကား - www.usbr.gov, www.nationalgeographic.org, myanamr.un.org, www.seametrics.com --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #FreshWaterEcosystem #freshwater #climatechange #freshwaterconservation

photo content
+3

အဏ္ဏဝါဂေဟစနစ်နဲ့ပတ်သက်ပြီး သင်ဗဟုသုတ ဘယ်လောက်ကြွယ်ဝလဲဆိုတာ ဆန်းစစ်ကြည့်ရအောင်။ ဒီနေ့မှာတော့ အဏ္ဏဝါဂေဟစနစ်နဲ့ သက်ဆိုင်တဲ့ မေးခွန်းလေးတွေကို ပြင်ထားပေးပါတယ်။ ရွေးချယ်ပြီး ဖြေရတဲ့ မေးခွန်းလေးတွေဖြစ်တာမို့လို့ ပေါ့ပေါ့ပါးပါးနဲ့ လွယ်လွယ်ကူကူဖြေဆိုနိုင်မှာပါ။ ပုံတစ်ပုံချင်းစီရဲ့အောက်မှာ သက်ဆိုင်ရာမေးခွန်းနဲ့ အဖြေပါ ဖော်ပြထားတာမို့လို့ မသိသေးတဲ့ အကြောင်းအရာထဲကဆိုရင်လည်း ဗဟုသုတတိုးပွားသွားမယ်လို့ ယုံကြည်ပါတယ်။ နောက်ပြီး ဘယ်နှခု အဖြေမှန်ခဲ့လဲဆိုတာကို comment မှာ ရေးသွားပေးပါဦးနော်။ ပိုးစုန်းကြူး (EHS Myanmar) မှ စုစည်းတင်ဆက်သည်။ ကိုးကား - WWF, National Geographic, UNESCO, Conserveturtles,Lampipark --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #MarineEcosystem #MarineLife #savemarinelife #marineconservation

photo content

EHS Myanmar's Monthly Theme: What is it for August? -------------------------------------------------- 🇲🇲 EHS Myanmar မှ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (Sustainable Development Goals) များကို အထောက်အကူပြုစေရန် ရည်ရွယ်၍ တစ်လနှင့်တစ်လ မတူညီသော ခေါင်းစဥ် (Theme) များကို အလှည့်ကျဖြင့် Knowledge Sharing များ ပြုလုပ်ပေးနေပါသည်။ 🌧မိုးရာသီဖြစ်တဲ့လျှောက် ရေကြီးရေလျှံမှုတွေနဲ့အတူရေချိုထိန်းသိမ်ရေးအတွက် "Fresh Water Ecosystem - August" Theme ကိုရွေးချယ်ထားပါသည်။ 🫗ရာသီဥတုဖောက်ပြန်ပြောင်းလာမှုနဲ့အတူ မိုးသည်းထန်ရွာရွာသွန်းခြင်းတို့ကြောင့် လူသားတွေအပြင် ရေပေါ်ရေအောက်သက်ရှိလောက တို့အတွက် ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့ အပြင် လူသားတွေအသက်ရှင်ဖို့ အတွက်မရှိမဖြစ်လိုအပ်တဲ့ ရေချိုများ၏အရေးပါပုံ နှင့် ရေချိုဂေဟဗေဒစနစ်တို့ နှင့်ဆက်စပ်တဲ့ အကြောင်းအရာတွေကို ယခု Theme ဖြင့် ဆောင်းပါးများရေးသားခြင်း၊ Content များဖန်တီးခြင်း၊ အွန်လိုင်းဟောပြောပွဲများလုပ်ဆောင်ခြင်း၊ အွန်လိုင်းကမ်းပိန်းများစီစဉ်ခြင်း၊ Instagram တွင် Post အသစ်များရေးသားခြင်း စသည့် နည်းလမ်းများဖြင့် အသိပညာများရရှိအောင်ကြိုးစားပေးသွားမှာ ဖြစ်ပါသည်။ 😍 Fresh Water Ecosystem - August နှင့်ပတ်သတ်ပြီး စိတ်ဝင်စားလို့ လေ့လာသင်ယူချင်တယ်ဆိုရင်တော့ EHS Myanmar page ကို see first လုပ်ထားဖို့မမေ့ပါနဲ့ဦး။ ----------------------------------------------------------------------- "𝙂𝙖𝙞𝙣𝙞𝙣𝙜 𝙠𝙣𝙤𝙬𝙡𝙚𝙙𝙜𝙚 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙬𝙞𝙨𝙙𝙤𝙢. 𝙎𝙝𝙖𝙧𝙞𝙣𝙜 𝙞𝙩 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙝𝙪𝙢𝙖𝙣𝙞𝙩𝙮." Don't forget us to follow us on instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #environmental #sustainability #marine #ecosystem #SDG

Celebrating Clouded Leopard Day! 🐆 Join us in raising awareness and protecting these magnificent creatures. Let's work toget
Celebrating Clouded Leopard Day! 🐆 Join us in raising awareness and protecting these magnificent creatures. Let's work together to ensure a future where they can thrive in the wild. #EHSMyanmar CloudedLeopardDay #WildlifeConservation #WildlifeProtection

photo content

Employee announcement - Operations Department ——————————————————————— EHS Myanmar- 27/07/2024 မောင်အောင်သူသည် အသက်(၁၈)နှစ်အရွယ် ကတည်းကပင် အကျိုးအမြတ်မယူသော လူမှုအဖွဲ့အစည်းတွင် စေတနာ့ဝန်ထမ်းအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ရပ်ရွာဒေသဖွံ့ဖြို့ရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့ပါသည်။ သူသည် ကျား/မရေးရာတန်းတူညီမျှမှု ရရှိရေး ၊ အမျိုးသမီးသမီးများနှင့် ကလေးသူငယ်အခွင့်အရေးများရရှိခြင်းနှင့် အကြမ်းဖက်ဖက်မှုများ လျော့နည်းလာခြင်း အစရှိသော လူမှုဖွံဖြိုးရေးလုပ်ငန်းများနှင့် လူသားချင်းစာနာမှုဆိုင်ရာ စီမံချက်၊ ပရောဂျက်များတွင်လည်း တာဝန်ယူ လုပ်ဆောင်လျက်ရှိပါသည်။ အောင်သူသည် မတူညီသော အခန်းကဏ္ဍအသီးသီးမှတဆင့် မိမိ၏ စွမ်းဆောင်ရည်များကို မြင့်တင်လိုသောကြောင့် EHS Myanmar အဖွဲအစည်းတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး (Environmental Conservation) ၏ အရေးပါမှုကို မြှင့်တင်နိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာရပ်များ ဝေမျှနိုင်ရန် လစဉ် အွန်လိုင်းပညာပေးဆွေးနွေးပွဲများနှင့် လှုံ့ဆော်မှု ကမ်ပိန်းများကိုလည်း ကို ပါဝင်လုပ်ကိုင်လျက်ရှိပြီး EHS Myanmar မှ ဖွင့်လှစ်သင်ကြားသည့် သင်တန်းများတွင်လည်း သင်ကြားရေးလက်ထောက် (Teaching Assistant) အဖြစ် လုပ်ဆောင်ပေးလျက်ရှိပါသည်။ သူသည် EHS Myanmar ၏ Capacity Building Training များ နှင့် Soft Skill Training ပေါင်းများစွာကိုလည်း တက်ရောက်အောင်မြင်ခဲ့သူတစ်ယောက်ဖြစ်ပါသည်။ အောင်သူသည် EHS Myanmar ၏ Operations Department တွင် အလုပ်သင် (Operations Intern) အဖြစ် ၆ လ လုပ်ကိုင်ပြီးနောက် ယခုအခါ The Environment, Health, and Safety Myanmar (EHS-Myanmar) ၏ Project Assistant ရာထူးဖြင့် အဖွဲ၏ ပရောဂျက်များ၊ သဘာဝပတ်ဝန်းကျင်ပညာပေးခြင်းလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်လျက်ရှိပါသည်။ #EHSMyanmar #EmployeeAnnouncement #projectassistant #operationsdepartment

photo content

ကျောရိုးမဲ့သတ္တဝါများကို အဓိက စားသုံးလေ့ရှိပါသည်။ လိပ်ကြက်တူရွေးကို အပူပိုင်းဒေသတွင် အများဆုံးတွေ့ရပြီး ၎င်းတို့သည် ပုံသဏ္ဌာန်အားဖြင့် ကျောခွံတွင် အလွန်လှပသော အကြေးကွက်များပါရှိသည့်အပြင် ၎င်းတို့၏ နှုတ်သီးမှာ ကြက်တူရွေး (သို့မဟုတ်) စွန်နှုတ်သီး ပုံသဏ္ဌာန်ရှိသောကြောင့် လိပ်ကြက်တူရွေး (သို့မဟုတ်) လိပ်စွန်ဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။ အထက်ပါ ရေနေသတ္တဝါများ မျိုးသုဉ်းပျောက်ကွယ်သွားနိုင်သည့် အဓိကအကြောင်းအရင်းများမှာ (၁) အလွန်အကျွံ ဖမ်းစီးခြင်း၊ တရားမဝင် ရောင်းဝယ်ဖောက်ကားခြင်း (၂) ၎င်းတို့ နေထိုင်ကျက်စားရာနေရာများ ပျက်စီး ဆုတ်ယုတ်လာခြင်း (၃) ဒေသမျိုးရင်း ဋ္ဌာနေ မျိုးစိတ်များ မဟုတ်ဘဲ ပြင်ပမျိုးစိတ်များ ကျူးကျော် ဝင်ရောက်လာခြင်း (၄) ပင်လယ်ကမ်းခြေဒေသများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းနှင့် စွန့်ပစ်အမှိုက်များ များပြားလာခြင်း စသည့် အကြောင်းအရာများကြောင့် ရေနေသတ္တဝါများသည် မျိုးသုဉ်းပျောက်ကွယ်သွားနိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရပါသည်။ ရေးသားသူ - Kyaw Naing (EHS Myanmar) ကိုးကား - Environmental Studies Courses in Myanmar --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #SaveMarineLife #MarineConservation #Protectourocean #EndangeredSpecies

မြန်မာနိုင်ငံတွင် မျိုးသုဉ်းပျောက်ကွယ်နိုင်သည့် အန္တရာယ်ကျရောက်နေသော ရေအောက်သတ္တဝါများ ----------------------------------------------- EHS Myanmar | 30.7.2024 ကမ္ဘာကြီး၏ သုံးပုံ နှစ်ပုံခန့်သည် ပင်လယ်၊ သမုဒ္ဒရာများဖြစ်ပြီး ကမ္ဘာမြေမျက်နှာပြင်၏ ၇၀% ကျော်ကို ရေများဖြင့် လွှမ်းခြုံထားပါသည်။ ပင်လယ်၊ သမုဒ္ဒရာ ရေပြင်များသည် ကျွန်တော်တို့ လူသားများအတွက် အရေးပါရုံသာမက ပင်လယ်နေ ရေနေသတ္တဝါများအတွက်လည်း များစွာအရေးကြီးပါသည်။ ပင်လယ်၊ သမုဒ္ဒရာများသည် မတူကွဲပြားသော ရေအောက် ဇီဝမျိုးစုံမျိုးကွဲသတ္တဝါများအတွက် တစ်ခုနှင့်တစ်ခု အပြန်အလှန်မှီခို အကျိုးပြုနေကြသည့်နေရာများ ဖြစ်သည့်အပြင် ၎င်းတို့ နေထိုင်ကျက်စားရာ နေအိမ်များလည်း ဖြစ်ပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် မျိုးတုံးမည့် ဘေးအန္တရာယ် ကျရောက်နေသော သတ္တဝါ မျိုးစိတ်ပေါင်း ၃၃၁ မျိုးရှိကြောင်း သဘာဝထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ဆွစ်ဇာလန် အခြေစိုက် အပြည်ပြည်ဆိုင်ရာသမဂ္ဂ (IUCN) ၏ အစီရင်ခံစာမှာ ဖော်ပြထားတာကို တွေ့ရပါသည်။ အဆိုပါ ၃၃၁ မျိုးတွင် ငှက်မျိုးစိတ်များ၊ မျောက်ဝံများ၊ အာရှဆင်၊ ကျား၊ သင်းခွေချပ်များနှင့် ရေနေသတ္တဝါမျိုးစိတ်များလည်း ပါဝင်ပါသည်။ ၎င်းမျိုးစိတ်များအနက် မြန်မာနိုင်ငံတွင် မျိုးသုဉ်း ပျောက်ကွယ်သွားနိုင်ခြေရှိသည့် အန္တရာယ်ကျရောက်နေသော ရေနေသတ္တဝါ (၄) မျိုးအကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါသည်။ ၎င်းတို့မှာ- (၁) ဧရာဝတီလင်းပိုင် (Irrawaddy dolphins) (၂) ဖျံ (Otter) (၃) ရေဝက် (Sea cow) (4) လိပ်ကြက်တူရွေး (Hawksbill turtles) တို့ဖြစ်ကြပါသည်။ 📌 ဧရာဝတီလင်းပိုင် - ဧရာဝတီလင်းပိုင်များသည် လူများနဲ့အတူတကွ ပူးပေါင်းကာ ငါးဖမ်းသည့် အလေ့အထရှိသောကြောင့် Ecotourism တွင် ကျော်ကြားသည့် မျိုးစိတ်တစ်မျိုးလည်းဖြစ်ပါသည်။ ခရီးသွားများ အဝေးကနေ လာရောက်ပြီး တယုတယ ကြည့်ရှုလေ့လာကြသည့်အတွက် ဒေသခံများသည်လည်း ဝင်ငွေများစွာရရှိနေကြပါသည်။ သို့သော် ယခုအခါ ဧရာဝတီလင်းပိုင်များသည် မျိုးသုဉ်းပျောက်ကွယ်သွားနိုင်သည့် အန္တရာယ်ကျရောက်နေသော မျိုးစိတ်တစ်ခုဖြစ်ပါသည်။ ၂၀၂၀ ခုနစ် WCS ၏ ခန့်မှန်းချက်အရ ဧရာဝတီလင်းပိုင်အရေအတွက်မှာ ၇၉ ကောင်မျှသာ ရှိတော့ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။ ဧရာဝတီလင်းပိုင်များကို ရေချိုရေငန်စပ် မြစ်၊ ချောင်း၊ အင်းအိုင် နှင့်ကမ်းခြေတစ်လျှောက်တွင် အများအားဖြင့် တွေ့မြင်ရသည်။ 📌 ဖျံ - နောက်မျိုးစိတ်တစ်ခုမှာ Eurasian Otter ဖြစ်ပါသည်။ ဖျံသည် မြန်မာနိုင်ငံတွင် မျိုးသုဉ်းအန္တရာယ် ကျရောက်လုနီးပါး (near threatened) မျိုးစိတ်တစ်ခုဟု သတ်မှတ်ခံထားရသည်။ ၎င်းတို့ကို ကုန်းပေါ်တွင် တွေ့ရှိရသည့်အပြင် ရေချို၊ ရေငန် နှစ်မျိုးလုံးတွင် တွေ့ရှိနိုင်ပါသည်။ ဖျံထီးများသည် ၁၈ လ ခန့်တွင် အရွယ်ရောက်ကြပြီး ဖျံအမများမှာ ၂၄ လ ကြာမှ အရွယ်ရောက်ကြသည်။ ဖျံများ၏ ဘဝသက်တမ်းမှာ ၁၇ နှစ်ကြာအထိ အသက်ရှင်နေထိုင်နိုင်ကြသည်။ ၎င်းတို့သည် ရေကူးသည့်အခါ တစ်နာရီလျှင် ၁၂ ကီလိုမီတာအထိ လျင်မြန်စွာ ကူးခပ်နိုင်ပြီး ရေချိုတွင် ၈ မိနစ်ကြာအောင် ရေငုပ်နိုင်ကာ ရေငန်တွင် ၄ မိနစ်အထိ ရေငုပ်နိုင်သော မျိုးစိတ်များဖြစ်ကြပါသည်။ ၎င်းတို့သည် ပုစွန်၊ ကဏန်း ၊ဖား ၊ကြွက် နှင့် တွားသွားသတ္တဝါများကို အဓိက စားသုံးကြပါသည်။ 📌 ရေဝက် - ပင်လယ်နို့တိုက်သတ္တဝါ (Marien Mammals) များသည့် ရေဝက်များကို ဒေသအခေါ်အဝေါ်အရ ရေသူမ၊ လင်းရှူး၊ ရေနွား၊ ရေကုလားအုတ် ဟူ၍ အမျိုးမျိုးခေါ်ဝေါ်ကြသည်။ ရေဝက်များကို မြန်မာနိုင်ငံတွင် ရခိုင် နှင့် တနင်္သာရီတိုင်းဒေသများတွင် အများဆုံးတွေ့မြင်နိုင်ပါသည်။ ရေဝက်များသည် ပင်လယ်မြက်၊ ရေညှိ၊ ငါး၊ ခရု၊ ရေခူ နှင့် ရေဆလပ်များကို အစာအဖြစ် စားသုံးကြပါသည်။ အခြားသော ပင်လယ်နို့တိုက်သတ္တဝါများနှင့် မတူညီသည့်အချက်မှာ ရေဝက်များသည် ဆင်များနှင့်နီးစပ်သော မျိုးရိုးဆက်နွယ်မှုရှိခြင်းနှင့် ၎င်းတို့သည် အသားစားသတ္တဝါမဟုတ်ဘဲ အပင်နှင့်အရွက်များကိုသာ စားသုံးသော အချက်ဖြစ်ပါသည်။ ရေဝက်များ၏ ပုံသဏ္ဌာန်မှာ သေးငယ်သော မျက်ဝန်း၊ တိုသော ရေယက်၊ ပြန့်ကားသောနှုတ်သီး၊ အထက်အောက် ရွေ့လျားနိုင်သော အမြီးများ ပါရှိပြီး ချစ်စရာကောင်းသော ပင်လယ်ရေဝက်များ ဖြစ်ကြပါသည်။ ရေဝက်များသည် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို လျော့ကျစေနိုင်သော ကာဗွန်သိုလှောင်သည့် လုပ်ငန်းစဉ်များကိုလည်း ပံ့ပိုးပေးသည့်အပြင် ရေဝက်များရှိသည့် မြက်ခင်းပြင်ကို ကြည့်ခြင်းအားဖြင့် ကောင်းမွန်သော ဂေဟစနစ်တစ်ခုဖြစ်ကြောင်းကိုလည်း သိရှိနိုင်ပါသည်။ 📌 လိပ်ကြက်တူရွေး- လိပ်ကြက်တူရွေးသည် တစ်ကောင်တည်း သီးသန့်နေထိုင်သည့် အလေ့အကျင့်ရှိပြီး ၎င်းတို့သည် ၃ နှစ်မှ ၄ နှစ်ခွဲအကြာတွင် အရွယ်ရောက်လေ့ရှိကြပြီး ပုံမှန်အားဖြင့် နှစ်တစ်ရာကျော် အသက်ရှင်နေထိုင်နိုင်သည်ဟု လူသိများကြသည်။ သို့သော် ယခုအခါ လိပ်ကြက်တူရွေးမျိုးစိတ်သည် ၃၂ နှစ်မျှသာ အသက်ရှင်နေနိုင်သည်ဟု သိရှိရပါသည်။ ၎င်းတို့သည် သန္တာကျောက်တန်း၊ ကျောက်ခဲများ အနီးအနားတွင် နေထိုင်ကျက်စားလေ့ရှိပြီး ရေညှိ၊ ရေမော်၊ ပင်လယ်မြက်များကို စားသုံးသည့်အပြင် ပင်လယ်အောက်ခြေကြမ်းပြင်တွင်ရှိသော

photo content

ရာသီဥတုဖောက်ပြန်မှုက သမုဒ္ဒရာကို ဘယ်လိုသက်ရောက်မှုရှိနေလဲ? ----------------------------------------------- EHS Myanmar | 29.7.2024 ကမ္ဘာ့မျက်နှာပြင်ရဲ့ 70% ခန့်ကို လွှမ်းခြုံထားတဲ့ သမုဒ္ဒရာများဟာ ကမ္ဘာကြီးရဲ့ ရာသီဥတုနဲ့ အပြန်အလှန်ဆက်နွယ်မှုရှိပါတယ်။ သမုဒ္ဒရာများက ကမ္ဘာတစ်ဝှမ်း ဒေသအလိုက် ရာသီဥတုအခြေအနေများကို လွှမ်းမိုးနိုင်သလို ရာသီဥတုပြောင်းလဲမှုများသည်လည်း သမုဒ္ဒရာများအပေါ် များစွာသက်ရောက်မှုရှိနိုင်ပါတယ်။ ဒီလိုအပြန်အလှန်သက်ရောက်မှုရှိနေတဲ့ စက်ဝန်းဟာ ရိုးရှင်းတယ်ထင်ရပေမယ့် အမှန်တကယ်မှာတော့ ထင်ထားတာထက် များစွာပိုရှုပ်ထွေးပါတယ်။ ဒါဆို ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုက သမုဒ္ဒရာတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိနေတာလဲ? သမုဒ္ဒရာတွေဟာ ကမ္ဘာ့ ရာသီဥတုအတွက် အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်သလို ကမ္ဘာ့ ကာဗွန် စုပ်ယူမှုအများဆုံးကိုလည်း သမုဒ္ဒရာတွေကပဲ လုပ်ဆောင်ပါတယ်။ ကမ္ဘာမြေကို ရောက်ရှိလာတဲ့ နေရောင်ခြည်စွမ်းအင်အများစုကို စုပ်ယူနိုင်ပြီး ပုံမှန်အားဖြင့် လေထုပူနွေးမှုလောက် သမုဒ္ဒရာပူနွေးမှုက မမြန်ပါ။ သို့သော်လည်း မကြာသေးမှီ နှစ်များအတွင်း အပြောင်းအလဲများစတင်လာပါတယ်။ သမုဒ္ဒရာများဟာ ဖန်လုံအိမ်ဓာတ်ငွေ့သက်ရောက်မှုကြောင့် အပိုစွမ်းအင် ၉၀ ရာခိုင်နှုန်းနီးပါးကို စုပ်ယူလာကြပြီး ရေအနက် မီတာ ၁၀၀၀ အထိ ပူနွေးလာနေပါတယ်။ ဒါကြောင့် ပင်လယ်ရေဟာ အပေါ်မျက်နှာပြင်မှာ အေးပြီး ပေါ့ပါးတဲ့ရေ၊ ပိုနက်ရှိုင်းတဲ့ အလွှာမှာဆိုရင် ပူနွေးတဲ့ ရေများဖြင့် သဘာဝအတိုင်း အလွှာလိုက် ဖွဲ့စည်းသွားပြီး သမုဒ္ဒရာအတွင်းမှာရှိတဲ့ ရေသတ္တဝါများရဲ့ နေထိုင်ရာနေရာများ နဲ့ ဂေဟစနစ်များမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာစေပါတယ်။ ဒီလို ရာသီဥတုပြောင်းလဲမှုနှင့် ဖန်လုံအိမ်သက်ရောက်မှုကြောင့် သန္တာကျောက်တန်းများ အရောင်ဖျော့လာခြင်း၊ ပင်လယ်ရေမျက်နှာပြင် ပူနွေးလာခြင်း၊ သမုဒ္ဒရာ လည်ပတ်မှု ပုံစံများ ပြောင်းလဲခြင်းနဲ့ မိုးရွာသွန်းမှု အကြိမ်ရေများလာခြင်းကဲ့သို့ ပြင်းထန်တဲ့ အယ်လ်နီညို ဖြစ်ရပ်တွေကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် လေထုပူနွေးလာမှုကြောင့် ရေခဲမြစ်များနဲ့ ရေခဲဒေသများမှ ရေခဲတွေ အရည်ပျော်ကာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှု ၊ တိုက်စားမှု၊ ရေငန်ဝင်ရောက်မှုများ ဖြစ်ပေါ်ပြီးကမ်းရိုးတန်းဒေသများမှာ ပျက်စီးမှုများဖြစ်ပေါ်လျက်ရှိပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ထုတ်လွှတ်မှုမြင့်တက်လာခြင်းကြောင့် သမုဒ္ဒရာများအတွင် အက်စစ်ဓာတ်ဖြစ်စေပြီး ရေနေမျိုးစိတ်များ နေထိုင်ရာနေရာတွေကို ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်စေပါတယ်။ အဏ္ဏဝါမျိုးစိတ်ပေါင်းများစွာရဲ့ ကြီးထွားမှုနဲ့ ရှင်သန်မှုနှုန်းကို လျော့နည်းလာစေပါတယ်။ ကာဗွန်ကြောင့် သမုဒ္ဒရာ အက်စစ်ဓာတ်မြင့်တက်လာမှုရဲ့ အခြေခံအကြောင်းအရင်းမှာ ကမ္ဘာ့နေရာအများအပြားတွင် သစ်တောပြုန်းတီးမှု ဆက်တိုက်ဖြစ်ပွါးနေခြင်းကြောင့် ဖြစ်ပါတယ်။ သမုဒ္ဒရာ ကမ်းရိုးတန်းဂေဟစနစ်များမှာ ပါ၀င်တဲ့ ဆားငံစိမ့်မြေများနဲ့ ဒီရေတောများဟာ ကာဗွန်စုပ်ယူမှုလုပ်ငန်းစဉ်များမှာ အဓိကကျပါတယ်။ ယင်းဂေဟစနစ်များ ပျက်စီးယိုယွင်းလာမှုကြောင့် နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ာနှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ် တန်ချိန် ၁ ဘီလီယံခန့် ထွက်ရှိပြီး ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ထုတ်လွှတ်မှုရဲ့ ၂၀ ရာခိုင်နှုန်းလောက်အထိ မြင့်တက်လာနေပါတယ်။ ကမ္ဘာ့သမုဒ္ဒရာများ၊ ကမ်းရိုးတန်းများ နဲ့ သန္တာကျောက်တန်းများက အဏ္ဏဝါသတ္တဝါများအတွက် နေအိမ်အဖြစ်လည်းကောင်း၊ ကာဗွန်စုဆောင်းမှု၊ အောက်ဆီဂျင်ထုတ်လုပ်မှုအပြင် ရေနေကုန်းနေသတ္တဝါများအတွက် အစားအစာနဲ့ လူတို့အတွက် ဝင်ငွေရစေခြင်း စတဲ့ အရေးပါတဲ့ ဂေဟစနစ်ဝန်ဆောင်မှုများကိုလည်းကောင်း လုပ်ဆောင်ပေးပါတယ်။ ဖန်လုံအိမ်ဓာတ်ငွေ့များ အလွန်အကျွံများပြားလာခြင်းနဲ့အတူ သမုဒ္ဒရာ အပူချိန် မြင့်တက်လာခြင်းနဲ့ သမုဒ္ဒရာအက်ဆစ်ဓာတ်ပြုခြင်းရဲ့ အကျိုးသက်ရောက်မှုက သမုဒ္ဒရာကြီးကိုသာမက ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိအားလုံးအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လို့နေပါတယ်။ ဒါကြောင့် ကမ္ဘာကြီးပူနွေးလာမှု၏အကျိုးဆက်များကို သတိပြုရန်အရေးကြီးလှပါတယ်။ ရေးသားသူ - သင်းသင်းထက်အောင် (EHS Myanmar) ကိုးကား - earth.org --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #globalwarming #climatechange #savetheocean

photo content

photo content

Media Partnership Announcement 📢 စိမ်းရိပ် - Green Society မှ စီစဉ်ကျင်းပမယ့် “ဇီဝဇီးကွက် - EcoOwl” လို့ ခေါ်တဲ့ သုံးရက်တာ webinar series program လေးမှာ EHS Myanmar မှ Media Partnership အနေနဲ့ ပါဝင်အားဖြည့်ပေးထားပါတယ်။ “ဇီဝဇီးကွက် - EcoOwl” program ရဲ့ ရည်ရွယ်ချက်ကတော့ လူငယ်များအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ဇီဝမျိုးစုံမျိုးကွဲများနဲ့ ဂေဟစနစ်များအကြောင်းကို သင်ယူနိုင်ပြီး ၄င်းတို့ကို လက်ရှိထိန်းသိမ်းကာကွယ်နေတဲ့ လုပ်ငန်းများရဲ့ အကြောင်းအရာတွေ၊ လူငယ်တွေ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်လုပ်ဆောင်နိုင်မလဲဆိုတာတွေကိုပါ တစ်နေရာတည်းမှာ ပြည့်ပြည့်စုံစုံ ဆွေးနွေးလေ့လာနိုင်စေဖို့အတွက် စီစဉ်ထားတာပဲဖြစ်ပါတယ်။ “ဇီဝဇီးကွက် - EcoOwl” webinar series program ကို August လ 3, 4 နဲ့ 5 ရက်များမှာ သုံးရက်ဆက်တိုက် ည 7:00 မှ 9:00 PM အတွင်း ZOOM မှတစ်ဆင့် စီစဉ်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ Program ရဲ့ တစ်ရက်ချင်းစီအတွက် ဖိတ်ကြားထားတဲ့ guest speaker တွေနဲ့ ဆွေးနွေးသွားမယ့် ခေါင်းစဉ်များကို အသေးစိတ်သိရှိလိုတယ်ဆိုရင် အောက်က link ကနေ တဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 🌱 - https://www.facebook.com/61561939874226/posts/122110086608397995/? တက်ရောက်လေ့လာဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ အခုဖော်ပြပေးထားတဲ့ Google Form က တဆင့် စာရင်းပေးသွင်းလျှောက်ထားနိုင်ပါတယ်။ 🌱 - https://forms.gle/jyNnRaBGA55fawbp9 ----------------------------------------------------------------------- "𝙂𝙖𝙞𝙣𝙞𝙣𝙜 𝙠𝙣𝙤𝙬𝙡𝙚𝙙𝙜𝙚 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙬𝙞𝙨𝙙𝙤𝙢. 𝙎𝙝𝙖𝙧𝙞𝙣𝙜 𝙞𝙩 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙝𝙪𝙢𝙖𝙣𝙞𝙩𝙮." Don't forget us to follow us on instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #EcoOwl #Biodiversity #Ecosystem #SeinYate #Youth #Conservation

Celebrating International Tiger Day 2024 🐅 This annual celebration, held on July 29th, is not only a tribute to these magnif
Celebrating International Tiger Day 2024 🐅 This annual celebration, held on July 29th, is not only a tribute to these magnificent creatures but also a call to action for their conservation. On this International Tiger Day, let's unite to preserve the legacy of tigers and the natural world they inhabit. Together, we can make a difference. Happy International Tiger Day 2024! #EHSMyanmar #internationaltigerday #savetigers #tigerconservation