ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

Crown Education

Crown Education

الذهاب إلى القناة على Telegram
5 709
المشتركون
لا توجد بيانات24 ساعات
-187 أيام
-5530 أيام
أرشيف المشاركات
❝အာရှ တက္ကသိုလ်တွေရဲ့ Intake Deadlines တွေက ဘယ်လောက် ကြိုတင် ပြင်ဆင်ရမလဲ?❞ ■ ■ ■ ■ ■ ■ ■ ■ ■ အာရှ တက္ကသိုလ်များ (Japan, Singapore, Thailand, Malaysia, Vietnam) တွင် တစ်နှစ်လျှင် Intake (၂) ကြိမ်မှ (၄) ကြိမ်အထိ ခေါ်ယူလေ့ ရှိပါတယ်။ 2027 ခုနှစ်အတွင်း ကျောင်းစတင် တက်ရောက်လိုပါက မိမိ တက်ရောက်လိုသော တက္ကသိုလ်ရဲ့ လျှောက်လွှာ ပိတ်ရက်များကို စောစီးစွာ စစ်ဆေးပြီး စာရွက်စာတမ်းများ ပြင်ဆင်ထားသင့်ပါတယ်။ 📅 အာရှ တက္ကသိုလ်များရဲ့ 2027 Intake များအတွက် ကြိုတင်ပြင်ဆင်လျှောက်ထားရန်- B.link/CrownMeet

❝ဂျပန်ပုဂ္ဂလိကတက္ကသိုလ်တွေရဲ့ Japan English Track Program တွေမှာ ပညာသင်ဆု လျှောက်ထားနိုင်လား?❞ ■ ■ ■ ■ ■ ■ ■ ■ Ritsumeikan APU, KUAS, TIU, ICLA တို့မှာ နှစ်စဥ် နိုင်ငံတကာ ကျောင်းသူ ကျောင်းသားများအတွက် 30% မှ 100% Tuition Reduction Scholarship များ လျှောက်ထားနိုင်ပါတယ်။ 2027 စာသင်နှစ်အတွက် Scholarship လျှောက်ထားချင်သူများ အတွက် ကျောင်းသားဘက်မှ (၁၈) နှစ်ပြည့်ထားရန်နှင့် ပညာရေးအထောက်အထား၊ စာရွက်စာတမ်း၊ Bank Statement တို့ကို အသေးစိတ် မဖြစ်မနေ ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ 📅 Japan English Medium Track အတွက် အခမဲ့ ဆွေးနွေးတိုင်ပင်ရန်: B.link/CrownMeet

❝ကနေဒါနိုင်ငံမှာ Post Graduate Work Permit (PGWP)လျှောက်ထားလို့ရနိုင်တဲ့ ပရိုဂရမ်တွေ ရှိလား?❞ ■ ■ ■ ■ ■ ■ ■ ■ ကနေဒါမှာ ကျောင်းတက်ပြီး PGWP လျှောက်ဖို့ ပြင်ဆင်နေသူများအတွက် ကျောင်းရွေးချယ်မှုက အလွန် အရေးပါလာပါတယ်။ ထိပ်တန်း Public University ကြီးများသာမက ကနေဒါပုဂ္ဂလိကတက္ကသိုလ် တစ်ခုဖြစ်တဲ့ University Canada West (UCW) နဲ့ အစိုးရကောလိပ်များဖြစ်ကြတဲ့ Langara College, Douglas College တို့ဟာဆိုရင်လဲ ဘွဲ့ရရှိပြီးနောက် နေထိုင်ခွင့်နှင့် အလုပ်အကိုင်အခွင့်ရေးရယူနိုင်ရန် Post-Graduation Work Permit (PGWP) လျှောက်ထားခွင့်ရရှိစေသည့် ပရိုဂရမ်များကို အဓိကထား သင်ကြားပို့ချပေးတာ ဖြစ်ပါတယ်။ PGWP-Eligible အတွက် ရည်ရွယ်သည့် Undergraduate Program များအပြင် Postgraduate Program များအတွက် Business, Engineering, IT, Technology နှင့် Health-related Program တို့ကို သင်ယူလျှောက်ထားနိုင်ပါတယ်။ 📅 Canada PGWP-Eligible Program အတွက် အသေးစိတ် ဆွေးနွေးတိုင်ပင်ရန်: B.link/CrownMeet

❝ကနေဒါတက္ကသိုလ်ကြီးများရဲ့ Direct Entry မမီရင် ဘယ်လို Pathway တွေနဲ့ တက်လို့ရလဲ?❞ ■ ■ ■ ■ ■ ■ ■ ■ ကနေဒါ တက္ကသိုလ်ကြီးများသို့ တိုက်ရိုက်ဝင်ခွင့် လိုအပ်ချက် မပြည့်မီသေးသူများအတွက် FIC (Fraser International College), WLIC, TMUIC, ICM, UICC စသည့် Pathway College များမှတစ်ဆင့် Simon Fraser University, Wilfrid Laurier University, Toronto Metropolitan University, University of Manitoba, University of Lethbridge များသို့ တိုက်ရိုက် ကူးပြောင်းတက်ရောက်နိုင်သော လမ်းကြောင်းများ ရှိပါတယ်။ အဆိုပါ Pathway College များမှ စတင်တက်ရောက်နိုင်မယ့် လမ်းကြောင်းများကို CROWN Education နှင့် အသေးစိတ်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ 📅 Canada Direct vs Pathway လမ်းကြောင်းများ - B.link/CrownMeet

❝Germany Public Universities vs Private Universities ဘာကွာလဲ?❞ ■ ■ ■ ■ ■ ■ ■ ■ 2027 ခုနှစ် ဂျာမနီမှာ ကျောင်းတက်ဖို့ စဉ်းစားနေရင် ဒါလေး ကြိုတင်သိထားသင့်ပါတယ်။ Public Universities တွေက ကျောင်းလခ မကုန်ကျသလောက်ဖြစ်ပေမယ့် ဝင်ခွင့်နဲ့ ဘာသာစကား လိုအပ်ချက်တွေမှာ မြင့်မားလျက်ရှိပါတယ်။ Private Universities (ဥပမာ - GISMA,​​ Whitecliff, SRH) တွေကတော့ English-taught program တွေကို ရွေးချယ်သင်ယူနိုင်ပြီး တစ်နှစ်လျှင် Intake အများအပြား ခေါ်ယူလေ့ရှိတာကြောင့် လျှောက်ထားရာမှာ ပိုမိုမြန်ဆန်လွယ်ကူလေ့ရှိပါတယ်။ 📅 2027 Study Plan အတွက် မိမိ Academic Background နှင့် သင့်တော်သော လမ်းကြောင်းအတွက် တိုင်ပင်ဆွေးနွေးရန်- B.link/CrownMeet

❝2027 Intake တွေအတွက် Application တွေကို ဘယ်အချိန် ကြိုတင် လျှောက်ထားရမလဲ?❞ ■ ■ ■ ■ ■ ■ ■ ■ 2027 Intake များအတွက် Canada, Australia, Europe တက္ကသိုလ်အများစု၏ လျှောက်လွှာများကို သက်ဆိုင်ရာ Intake များမတိုင်မီ (၅)လ မှ (၇)လ အလိုတွင် စတင်ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ ကျောင်းသူ ကျောင်းသားများအနေဖြင့် စောစီးစွာ ပြင်ဆင်လျှောက်ထားခြင်းဖြင့် ပညာသင်ဆုအခွင့်အလမ်း ပိုမို ရရှိနိုင်ပြီး ဗီဇာ ပြင်ဆင်ချိန် လုံလောက်စွာ ရရှိမှာ ဖြစ်ပါတယ်။ 📅 2027 Intake အမီ ကြိုတင်ပြင်ဆင်ရန် ဆွေးနွေးရန် - B.link/CrownMeet

photo content

❝ပြည်ပမှာ Hospitality & Tourism ဘာသာရပ် တက်ရောက်ဖို့ ကျောင်းရွေးနေတယ်ဆိုရင် ဒီအချက်လေးတွေပါ၊ မပါ စစ်ဆေးကြည့်ပါ❞ ■ ■ ■ ■ ■ ■ ■ ■ ■ 🏨🇨🇭Hospitality & Tourism ဘာသာရပ်တွေဆိုတာ စာအုပ်ထဲမှာတင် သင်ယူလို့မရတဲ့ ဧည့်ဝတ်ဝန်ဆောင်မှုကို အခြေခံသော Practical Science ဘာသာရပ်တစ်ခု ဖြစ်ပါတယ်။ မိမိတက်ရောက်ချင်တဲ့ တက္ကသိုလ်ဟာ အနာဂတ်မှာ Professional တစ်ယောက်ဖြစ်လာအောင် ဘယ်လိုပံ့ပိုးပေးနိုင်မလဲဆိုတာ အောက်ပါအချက် (၅) ချက်နဲ့ စစ်ဆေးကြည့်နိုင်ပါတယ်။ 🙋1)နိုင်ငံတကာ အသိအမှတ်ပြုတဲ့ တက္ကသိုလ်လား၊ Hospitality & Tourism ဘာသာရပ်တွေအတွက် နာမည်ကျော်ကြားမှု ရှိသလား။ 🙋2) မိမိ သင်ယူမယ့်ကျောင်းမှာ Internship Program ပါသလား၊ ကျောင်းက ဘယ်လို ကူညီ ပေးနိုင်သလဲ။ 🙋3) ဟိုတယ်စီမံခန့်ခွဲမှုအပြင် ခေတ်သစ်စီးပွားရေးနဲ့ ကိုက်ညီတဲ့ ဘာသာရပ်ခွဲတွေ (Event Management, Entrepreneurship, etc.) ရွေးချယ်စရာ ရှိလား။ 🙋4)လက်တွေ့သင်ယူနိုင်ဖို့ Campus အတွင်း Facilities လုံလောက်စွာ ထားရှိပေးလား။ 🙋5) ကျောင်းပြီးပါက အလုပ်အကိုင်ရရှိဖို့ ဘယ်လို Industry ချိတ်ဆက်မှုတွေ ရှိသလဲ။ ဆိုတဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှူ့ရန် https://crown.edu.mm/hospitalitytourism/

photo content

🇪🇺❝EU University Journey - Live Talk with RAI Graduates❞🎓 Hungary နိုင်ငံရှိ ဥရောပ ဆေးတက္ကသိုလ်ကြီးများတွင် တက်ရောက်သင်ယူနေကြသည့် RAI ကျောင်းသူ ကျောင်းသားများ၏ အတွေ့အကြုံများ ■ ■ ■ ■ ■ ■ ■ ■ ■ အထက်တန်းပညာရေး (သို့) O Level အပြီး ဥရောပဆေးတက္ကသိုလ်ကြီးများတွင် သင်ယူလျှောက်ထားလိုသော ကျောင်းသူ ကျောင်းသားများမဖြစ်မနေတက်ရောက်သင့်သော အွန်လိုင်း Webinar ပွဲလေး ဖြစ်ပါတယ်။ 🇪🇺🧑‍⚕️ဆေးတက္ကသိုလ်တက်ရောက်ဖို့ ဥရောပနိုင်ငံတွေကို ဘာကြောင့် ဦးစားပေးရွေးချယ်ဖြစ်ခဲ့လဲ… 🇪🇺🧑‍⚕️အထက်တန်းပညာရေးအပြီး ဥရောပတက္ကသိုလ်ဝင်ခွင့်တွေအတွက် Foundation,Entrance Exam, Interview တွေနဲ့ ဘာသာရပ်ဆိုင်ရာ Biology, Chemistry, Physics တွေမှာ ဘယ်အဆင့်ထိပြင်ဆင်ခဲ့ရလဲ.. 🇪🇺🧑‍⚕️General Medicine (MBBS) သင်ယူနေကြတဲ့ Hungary နိုင်ငံရှိ ထိပ်တန်းအစိုးရတက္ကသိုလ်များဖြစ်သည့် Semmelweis University Vs University of Szeged ၏ ကျောင်းပတ်ဝန်းကျင်နှင့် သင်ကြားမှုပုံစံများ.. . 🇪🇺🧑‍⚕️လက်ရှိတက်ရောက်နေတဲ့တက္ကသိုလ်အသီးသီးတွင် ထားရှိပေးထားသော သင်ကြားရေး အထောက်အကူပြု ခေတ်မီ VR/AR နည်းပညာများ၊ Clinical Skills Labs များနှင့် တကယ့်လူနာကဲ့သို့ လေ့ကျင့်နိုင်တဲ့ Simulation စနစ်များနှင့် သင်ယူမှုများအကြောင်း.. 🇪🇺🧑‍⚕️ဥရောပဆေးတက္ကသိုလ်တွေမှာ တက်ရောက်နေစဥ် သင်ယူကျက်မှတ်ရတဲ့ Anatomy & Medical Terminology တွေ၊ Oral Exam တွေဖြေဆိုရတဲ့ စိန်ခေါ်မှုအတွေ့အကြုံများနဲ့ 🇪🇺🧑‍⚕️ဥရောပယဥ်ကျေးမှု၊ ဘာသာစကားအခက်အခဲ၊ အစားအသောက်၊ ရာသီဥတုနဲ့ပါတ်သက်ပြီး ဘယ်လိုအသားကျအောင်နေထိုင်ရလဲ… 🇪🇺🧑‍⚕️ဥရောပနိုင်ငံတွင် တရားဝင် အချိန်ပိုင်းလုပ်ကိုင်ခွင့်ပေးသော Part time အကြောင်းအရာများအပြင် ကျောင်းသားဘဝနဲ့ ကိုယ်ပိုင်အချိန်ကို မျှမျှတတဖြစ်အောင် ဘယ်လိုစီမံခန့်ခွဲကြလဲ.. 🇪🇺🧑‍⚕️EU Medical Degree ရရှိပြီးပါက ဥရောပတစ်ခွင်မှာ ဆရာဝန်အဖြစ် အသက်မွေးဝမ်းကြောင်းပြုနိုင်မယ့် ကျောင်းသားတစ်ယောက်ရဲ့ ရှု့ထောင်အမြင််များနှင့် အနာဂတ်အလားအလာများ… စတဲ့အကြောင်းအရာတို့ကို မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။ Register Here: https://crownedu.info/webinar 🗓️Date : April 25th, 2026 (Saturday) ⏰Time : 5 PM (MMT) 🌐Place: Zoom

photo content

❝ဂျာမနီပုဂ္ဂလိကတက္ကသိုလ်များ၏ ယေဘူယျဝင်ခွင့်စံနှုန်းများနှင့် သိရှိထားသင့်သမျှ အချက်အလက်များ❞ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ 🇩🇪ဂျာမနီ အစိုးရတက္ကသိုလ် Vs ပုဂ္ဂလိကတက္ကသိုလ်ကျောင်းများရဲ့ ယေဘူယျ ဝင်ခွင့်သတ်မှတ်ချက်နှင့် စံချိန်စံညွှန်းတွေက ဘယ်လိုကွာခြားမှုရှိသလဲ? 🇩🇪ဂျာမနီ အစိုးရတက္ကသိုလ်တွေရဲ့ မြင့်မားတဲ့ဝင်ခွင့်သတ်မှတ်ချက်တွေထက် ကျောင်းသားတစ်ဦးချင်းစီရဲ့ စိတ်အားထက်သန်မှုနဲ့ Individual Profile ကို ပိုဦးစားပေးတဲ့ ပုဂ္ဂလိကတက္ကသိုလ်တွေအကြောင်းလေ့လာချင်လား?.. 🇩🇪World-wide Accreditation ရရှိထားပြီး Practical Skills ကို အလေးပေးတဲ့ Applied Science ပုဂ္ဂလိကတက္ကသိုလ်မှာ လျှောက်ထားဖို့ဆိုရင် ဘာတွေလိုအပ်မလဲ? 🇩🇪OSSD, A-Level, GED, IGCSE, Myanmar High School အောင်မြင်ထားသူတွေနဲ့ Bachelor Degree Holder တွေအတွက် ပညာရေးနောက်ခံအလိုက် ပြင်ဆင်ထားသင့်သည်များနှင့် ပုဂ္ဂလိကကျောင်းတွင် လျှောက်ထားရန် လိုအပ်ချက်များ... 🇩🇪 Data Science, AI, Digital Business စတဲ့ ခေတ်ရေစီးကြောင်းဘာသာရပ်တွေကို Practical Skills အဓိကထား သင်ယူနိုင်တဲ့ Applied Science တက္ကသိုလ်အကြောင်း.. 🇩🇪ကျောင်းသူ ကျောင်းသားတွေအတွက် အခွင့်အလမ်းပိုမိုများပြားစေမယ့် စိတ်ဝင်စားဖွယ် ပုဂ္ဂလိကတက္ကသိုလ်တွေမှာ ဘယ် Intake တွေရှိလဲ?.. 🇩🇪ဂျာမနီပုဂ္ဂလိကကျောင်းများတွင် လျှောက်ထားနိုင်သော ပညာသင်ဆုများနှင့် အရစ်ကျခွဲသွင်းနိုင်သော school fees အကြောင်းအရာများ… 🇩🇪အစိုးရတက္ကသိုလ်တွေမှာ ဝင်ခွင့်ကြာမြင့်စွာ စောင့်ဆိုင်းနေရတဲ့ကျောင်းသားတွေအနေနဲ့ ပုဂ္ဂလိကကျောင်းတွေကို ရွေးချယ်ရင် ဘယ်လိုအားသာချက်တွေ ရှိနိုင်မလဲနှင့် ဘာတွေသတိထားသင့်သလဲ..စတဲ့အကြောင်းအရာတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 👉Register Here: https://crownedu.info/seminar 🗓️Date: May 2nd, 2026 (SAT) ⏰Time: 10:00 AM to 12:00 NOON 🏢 Venue: CROWN Education Yangon Office

photo content

❝ကျောင်းလခ 40% Tuition Fee Waiver အထိ သက်သာခွင့် ရရှိမယ့် Psb Academy Singapore ၏ International Student Diploma Merit Scholarship❞ ■ ■ ■ ■ ■ ■ ■ 🎓စင်ကာပူနိုင်ငံရဲ့ ထိပ်တန်းပုဂ္ဂလိကပညာရေးကျောင်းတစ်ခုဖြစ်တဲ့ PSB Academy မှာ တက်ရောက်လိုတဲ့ မြန်မာကျောင်းသူ ကျောင်းသားတွေအတွက် ကျောင်းလခ 40% Tuition Fee Waiver သက်သာခွင့် ရရှိမယ့် International Student Diploma Merit Scholarship ကို အခုပဲ CROWN Education မှာ လျှောက်ထားနိုင်ပါပြီ။ 🎓Eligibility & Selection Criteria 🚩ကျောင်းသူ ကျောင်းသားများအနေနဲ့ မိမိရွေးချယ်ထားသော Diploma ဘာသာရပ်အတွက် 40% Tuition Fee Waiver ရရှိမှာ ဖြစ်ပါတယ်။ 🚩Scholarship ရရှိထားသူများအနေနဲ့ အဆိုပါ 40% Tuition Fee Waiver နှင့်အတူ 2026 July Intake နှင့် နောက်ပိုင်း Intake များတွင် တက်ရောက်သင်ယူနိုင်ပါတယ်။ 🎓လျှောက်ထားနိုင်သည့် Full-time Diploma များ 📖Diploma in Business Administration (Accounting and Finance) 📖Diploma in Business Analytics 📖Diploma in Business Administration (Digital Marketing) 📖Diploma in Cyber Security 📖Diploma in Electrical Engineering Technology 📖Diploma in Electrical Engineering with Robotics 📖Diploma in Global Supply Chain Management 📖Diploma in Graphic Design and Media 📖Diploma in InfoComm Technology 📖Diploma in Mechancial Engineering Technology 📖Diploma in Media and Communications 📖Diploma in Sport and Exercise Sciences 📖Diploma in Tourism and Hospitality Management ✅ဘယ်သူတွေလျှောက်ထားနိုင်လဲ။ 🧑‍🎓တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ပျမ်းမျှရမှတ် 65% နှင့်အထက် ရှိသူများ။(သို့မဟုတ်) 🧑‍🎓GED ရမှတ်ဖြင့် လျှောက်ထားပါက GED Overall Score 640 နှင့်အထက် ရရှိထားသူများ။ 🎓ပညာသင်ဆုရရှိပါက ကျောင်းသူ ကျောင်းသားများအနေနဲ့ ကျောင်းတက်ရောက်မှု အနည်းဆုံး 90% ရှိရမယ့်အပြင် ကျောင်းမှခေါ်ယူသည့် Student Leadership နှင့် Ambassador activities များတွင် ပါဝင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ 🎓လျှောက်ထားလိုသူများအနေဖြင့် Application Fee S$490 (non refundable) ပေးသွင်းရန် လိုအပ်ပြီး Psb Academy Singapore ၏ International Student Diploma Merit Scholarship နှင့်ပါတ်သက်၍ အသေးစိတ်ကို CROWN Education တွင် Appointment ရယူကာ စတင် လျှောက်ထားနိုင်ပါကြောင်း သီတင်းကောင်းပါးလိုက်ရပါတယ်။ ✔️APPLICATION DEADLINE: 29 May 2026 🌐TO SCHEDULE AN APPOINTMENT: B.link/CrownMeet

❝နိုင်ငံတကာ ပညာသင်ဆု Up to 10,000 USD အထိ ပညာရေးအခွင့်အလမ်းများကို တစ်နေရာတည်းတွင် သိရှိနိုင်မယ့် GLOBAL EDUCATION SUMMIT 2026❞ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ▣ နိုင်ငံတကာမှ ထင်ရှားကျော်ကြားတဲ့ တက္ကသိုလ်ပေါင်း (၁၀၀) ကျော်မှ ပေးအပ်ချီးမြှင့်မည့် ပညာသင်ဆု Up to 10,000 USD အခွင့်အလမ်းများကို Global Education Summit 2026 တွင် လာရောက်မေးမြန်းနိုင်မှာဖြစ်တဲ့အတွက် ပြည်ပတွင်ပညာသင်ယူမည့် ကျောင်းသူ ကျောင်းသားတိုင်း လက်မလွှတ်သင့်တဲ့အခွင့်အရေးဖြစ်ပါတယ်။ 🗓️ Event Schedule & Venues 📍 YANGON | March 6th | 9:00 AM - 12:00 PM | @ Novotel Max Ballroom 📍 MANDALAY | March 8th | 10:00 AM - 12:00 PM | @ Ceremon Grand Ballroom 🌍 Participating Countries: UK • Canada • Czech Republic • Finland • France • Germany • Hungary • Ireland • Italy • Japan • Malaysia • Netherlands • Singapore • Switzerland • Thailand 🎓Unlock Your Future with 100+ Global Universities! FREE ENTRY! 👉Register at Here: https://crown.edu.mm/ges2026/

photo content

❝Global Education Summit 2026 - နိုင်ငံတကာတက္ကသိုလ်များနဲ့ Student Visa ရရှိမှု အခွင့်အလမ်းများ❞ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ 🌏🧑‍🎓မိမိတို့ရဲ့ အနာဂတ်ပညာရေးအိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေကြတဲ့ ကျောင်းသူ ကျောင်းသားများနှင့် မိဘများအတွက် Global Education Summit 2026 ပညာရေးပွဲကြီး ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ အဆိုပါပညာရေးပွဲကြီးတွင် နိုင်ငံအလိုက် Student Visa ရရှိမှုမြင့်မားသော အောက်ဖော်ပြပါနိုင်ငံများရှိ တက္ကသိုလ်ပညာရေး အခွင့်အလမ်းတွေကိုပါ အသေးစိတ် သိရှိနိုင်မှာ ဖြစ်ပါတယ်။ 🌏🧑‍🎓2026 ခုနှစ်အတွက် နိုင်ငံအလိုက် Student Visa ရရှိမှု အခြေအနေများကို ဖော်ပြပေးလိုက်ရပြီး ဖော်ပြပါ အဆင့်သတ်မှတ်ချက်များသည် 2025-26 ခုနှစ်များအတွင်း CROWN Education မှ ကူညီလျှောက်ထားပေးခဲ့သော ကျောင်းသူ ကျောင်းသားများ၏ ဗီဇာရရှိမှု အခြေအနေများအပေါ် အခြေခံထားခြင်း ဖြစ်ပါသည်။ 👉Register at Here: https://crown.edu.mm/ges2026/ 𝐆𝐋𝐎𝐁𝐀𝐋 𝐄𝐃𝐔𝐂𝐀𝐓𝐈𝐎𝐍 𝐒𝐔𝐌𝐌𝐈𝐓 𝟐𝟎𝟐𝟔- 𝐘𝐀𝐍𝐆𝐎𝐍 🗓️Date: March 6th, 2026 (FRIDAY) ⏰TIME: 9:00 AM - 12:00 NOON 🏢Venue: Novotel Yangon Max Hotel, Pyay Ballroom 𝐆𝐋𝐎𝐁𝐀𝐋 𝐄𝐃𝐔𝐂𝐀𝐓𝐈𝐎𝐍 𝐒𝐔𝐌𝐌𝐈𝐓 𝟐𝟎𝟐𝟔- 𝐌𝐀𝐍𝐃𝐀𝐋𝐀𝐘 🗓️Date: March 8th, 2026 (SUNDAY) ⏰TIME: 10:00 AM - 12:00 NOON 🏢Venue: Ceremon Grand Ballroom Corner of 53rd & 32nd Street, Mandalay Global Education Summit 2026 ပညာရေးဆွေးနွေးပွဲကြီးသို့ တက်ရောက်ရန် စာရင်းပေးသွင်းမှုအခက်အခဲရှိပါက Page Messenger မှ ဖြစ်စေ အောက်ပါ ရုံးဖုန်းနံပါတ်များသို့ (ရုံးချိန်အတွင်း) ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 📞𝐘𝐀𝐍𝐆𝐎𝐍: 𝟎𝟗 𝟖𝟖-𝟏𝟏𝟏-𝟎𝟏-𝟐𝟐/𝟑𝟑/𝟒𝟒 📞𝐌𝐀𝐍𝐃𝐀𝐋𝐀𝐘: 𝟎𝟗 𝟕𝟓𝟖𝟎-𝟐𝟐𝟐𝟐-𝟔/𝟕/𝟖

❝ကမ္ဘာ့အဆင့်မီ ပညာရေးကို စင်ကာပူ ပုဂ္ဂလိကကျောင်းတွင် အချိန်တိုတိုဖြင့် ဘွဲ့ဒီဂရီရယူပါ❞ ■ ■ ■ ■ ■ ■ ■ ■ ■ 🎓နိုင်ငံတကာဘွဲ့တစ်ခုကို ရရှိဖို့အတွက် ပုံမှန် (၄) နှစ်ကြာမြင့်မယ့် အချိန်ကို စင်ကာပူပုဂ္ဂလိကကျောင်းတွေမှာ (၂) နှစ် ကနေ (၃) နှစ်အတွင်း သင်ယူပြီးမြောက်နိုင်တဲ့ အခွင့်အလမ်းတွေရှိပြီ ဖြစ်ပါတယ်။ ထို့အပြင် တချိန်တည်းမှာပဲ အနောက်နိုင်ငံ အထင်ကရတက္ကသိုလ်ကြီးများ ဖြစ်တဲ့ ယူကေ၊ သြစတြေးလျ၊ ယူအက်စ် စတဲ့ ထင်ရှားတဲ့တက္ကသိုလ်ကြီးများမှ ပေးအပ်ချီးမမြှင့်တဲ့ ဘွဲ့ဒီဂရီကို ကုန်ကျစရိတ်သက်သာစွာဖြင့် သင်ယူတက်ရောက်ရမှာဖြစ်ပါတယ်။ 🎓ဘာကြောင့် စင်ကာပူမှာ တက်ရောက်သင့်တာလဲ? 🧑‍🎓🇸🇬လုံခြုံစိတ်ချရတဲ့ အာရှနိုင်ငံတွင် သွားရောက်သင်ယူရခြင်း။ 🧑‍🎓🇸🇬အရည်အသွေးမြင့်သင်ရိုးညွှန်းတမ်းဖြစ်တဲ့ UK, Australia နဲ့ USA ရှိ ထိပ်တန်းတက္ကသိုလ်ကြီးများရဲ့ Curriculum အတိုင်း တိုက်ရိုက်သင်ကြားရခြင်း။ 🧑‍🎓🇸🇬အချိန်တိုအတွင်း ဘွဲ့ရရှိခြင်း နှင့် Module များအတိုင်း စနစ်တကျသင်ကြားပေးခြင်းကြောင့် အချိန်ကုန်သက်သာခြင်း။ 🧑‍🎓🇸🇬ဘွဲ့ရရှိရန် အချိန်တိုတွင်းသာ တက်ရောက်ရခြင်းကြောင့် အလုပ်အတွေ့အကြုံကို အခြားသူများထက် စောစီးစွာ ရရှိနိုင်ခြင်း တို့ပဲဖြစ်ပါတယ်။ ဘယ်သူတွေ တက်ရောက်နိုင်သလဲ? 👉GED ကျောင်းသူ ကျောင်းသားများ၊ IGCSE (သို့) တက္ကသိုလ်ဝင်တန်း ကျောင်းသူ ကျောင်းသားများ၊ International Grade 12 အောင်မြင်ထားသူများ၊ HND, NCC, ABE ကျောင်းသူ ကျောင်းသားများနှင့် အသိအမှတ်ပြု ဘွဲ့ဒီဂရီရရှိထားပြီး Master Program တက်ရောက်လိုသူများ။ 🎓စင်ကာပူရှိ ပုဂ္ဂလိကကျောင်းများအကြောင်းနှင့် မိမိနဲ့ကိုက်ညီမည့် ဘာသာရပ်များကို အသေးစိတ် ဆွေးနွေးနိုင်ဖို့ Global Education Summit 2026 မှာ အခမဲ့ တက်ရောက်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။ 👉Register at Here: https://crown.edu.mm/ges2026/ 𝐆𝐋𝐎𝐁𝐀𝐋 𝐄𝐃𝐔𝐂𝐀𝐓𝐈𝐎𝐍 𝐒𝐔𝐌𝐌𝐈𝐓 𝟐𝟎𝟐𝟔- 𝐘𝐀𝐍𝐆𝐎𝐍 🗓️Date: March 6th, 2026 (FRIDAY) ⏰TIME: 9:00 AM - 12:00 NOON 🏢Venue: Novotel Yangon Max Hotel, Pyay Ballroom 𝐆𝐋𝐎𝐁𝐀𝐋 𝐄𝐃𝐔𝐂𝐀𝐓𝐈𝐎𝐍 𝐒𝐔𝐌𝐌𝐈𝐓 𝟐𝟎𝟐𝟔- 𝐌𝐀𝐍𝐃𝐀𝐋𝐀𝐘 🗓️Date: March 8th, 2026 (SUNDAY) ⏰TIME: 10:00 AM - 12:00 NOON 🏢Venue: Ceremon Grand Ballroom Corner of 53rd & 32nd Street, Mandalay