ar
Feedback
BAM Channel

BAM Channel

الذهاب إلى القناة على Telegram

တိုက်ခိုက်ရေးအားကစားများသတင်းများ တင်ဆက်ပါသည်။

إظهار المزيد
4 684
المشتركون
-1124 ساعات
-647 أيام
-26730 أيام
أرشيف المشاركات
လာမယ့် သောကြညမှာ Thway Lin Htet နှင့် Ye Yint Naung ပွဲ ရှိပါတယ်။ 💪💪 သွေးလင်းထက်ကတော့ Inner Circle မှာပါပြီး ရဲရင့်နောင်ကတေ
+1
လာမယ့် သောကြညမှာ Thway Lin Htet နှင့် Ye Yint Naung ပွဲ ရှိပါတယ်။ 💪💪 သွေးလင်းထက်ကတော့ Inner Circle မှာပါပြီး ရဲရင့်နောင်ကတော့ FREE ကြည့်လို့ရတဲ့ထဲ ပါပါတယ်။

Inoue က ပဲ အမှတ်နဲ့ နိုင်သွားပါတယ်။ တော်တော်လေး အပြန်အလှန်ရှိတဲ့ပွဲပါ။ သူတို့ကြော်ငြာခဲ့တာနဲ့လည်း ထိုက်တန်ပါတယ်။ ပညာကောင်းလွန
Inoue က ပဲ အမှတ်နဲ့ နိုင်သွားပါတယ်။ တော်တော်လေး အပြန်အလှန်ရှိတဲ့ပွဲပါ။ သူတို့ကြော်ငြာခဲ့တာနဲ့လည်း ထိုက်တန်ပါတယ်။ ပညာကောင်းလွန်းကြတာကွာ... Fight IQ တွေက ကောင်းလိုက်တာဗျာ်

ပေါ်က မလာတော့ဘူးဗျာ်။ Sorry!!!

အသံ အဆင်ပြေလားဗျ

ဒီပွဲကို လွှင့်ပေးမယ်နော်၊ လိုင်းမကောင်းတာရှိရင် ဆောရီးပါနော်... 🙏🏼 ဒီပွဲက ကောင်းလွန်းလို့ပါ၊ ကျတော်ကိုယ်တိုင်က boxing fan
ဒီပွဲကို လွှင့်ပေးမယ်နော်၊ လိုင်းမကောင်းတာရှိရင် ဆောရီးပါနော်... 🙏🏼 ဒီပွဲက ကောင်းလွန်းလို့ပါ၊ ကျတော်ကိုယ်တိုင်က boxing fan ဆိုတော့...😅 အခုလာပါတော့မယ်။

Takuma Inoue က Kazuto Ioka ကကို အမှတ်ပြတ်နဲ့နိုင်ပြီး သူ့ခါးပါတ်ကို ထိန်းထားနိုင်ခဲ့ပါတယ်။ Takuma Inoue က Naoya Inoue ရဲ့ ညီဖ
+1
Takuma Inoue က Kazuto Ioka ကကို အမှတ်ပြတ်နဲ့နိုင်ပြီး သူ့ခါးပါတ်ကို ထိန်းထားနိုင်ခဲ့ပါတယ်။ Takuma Inoue က Naoya Inoue ရဲ့ ညီဖြစ်ပါတယ်။ မကြာခင် သူအစ်ကို Naoya Inoue ရဲ့ ခေါင်ပွဲ လာပါတော့မယ်နော်။

2023, Mexican fighter, Edgar Tabares နဲ့ပွဲမှာ Rodtang အတွက် Pad ကိုင်ပေးတဲ့ Matt Lucas ပါ။ အဲမှာ Rodtang က "ငါတို့ Pad ကို အ
2023, Mexican fighter, Edgar Tabares နဲ့ပွဲမှာ Rodtang အတွက် Pad ကိုင်ပေးတဲ့ Matt Lucas ပါ။ အဲမှာ Rodtang က "ငါတို့ Pad ကို အေးဆေးပဲ ပုံမှန်ပဲ ကစားရအောင်" ဆိုပြီး ပြောခဲ့ပါတယ်တဲ့။ နောက်နေ့ပဲ တိုက်ပွဲဝင်တော့မယ့်သူက အဲလိုပြောတာ ကျတော့်အတွက်တော့ အဲဒါက Ref Flag (သတိထားထားရမယ့်အချက်) ဖြစ်ခဲ့ပါတယ်။ အဲဒါ ၂၀၂၃ ကပါ။ ဆိုလိုတာက Rodtang အနေနဲ့ သူ့ရဲ့နောက်ဆုံး လေး ငါးပွဲလောက်မှာ စိတ်အပြည့်အဝမပါတာ သိသာတယ် ပေါ့။ ပြိးတော့ ရှင်းရှင်းပြောရရင် ဝမ်းကလည်း လွယ်ကူလွန်းတဲ့ ပြိုင်ဘက်တွေကိုပေးပြီး သူ့ကိုနာမည်တည်ဆောက်ပေးတာပါ။ အခုတော့ အကုန်ပျက်စီးကုန်ပြီးလို့ပြောရမလား????????????

Van ပွဲက ၇ ရက်ကျော်ကျော်လေးပဲ လို့ပါတော့တယ်... အခုထိတော့ Van က အောက်ကြေးပါးပါးလေး ပေါက်နေပါတယ်။ Van ကတော့ တတိယချီမှာ အလဲထိုးမ
Van ပွဲက ၇ ရက်ကျော်ကျော်လေးပဲ လို့ပါတော့တယ်... အခုထိတော့ Van က အောက်ကြေးပါးပါးလေး ပေါက်နေပါတယ်။ Van ကတော့ တတိယချီမှာ အလဲထိုးမယ်လို့ ကြွေးကြော်ထားပါတယ်။ မကြာခင်လာပါတော့မယ်။

အခုလာနေတဲ့ UFC Perth ရဲ့ ခေါင်ပွဲပါ။ စောင့်ကြည့်စရာ ၂ ပွဲရှိပါတယ်။ ပထမတစ်ခုကတော့ ခေါင်ပွဲ Jack Della Maddelena vs. Carlos Pra
+1
အခုလာနေတဲ့ UFC Perth ရဲ့ ခေါင်ပွဲပါ။ စောင့်ကြည့်စရာ ၂ ပွဲရှိပါတယ်။ ပထမတစ်ခုကတော့ ခေါင်ပွဲ Jack Della Maddelena vs. Carlos Prates တို့ရဲ့ Welterweight bout (170 lbs.) ဖြစ်ပါတယ်။ Prates က Dave Leduc နဲ့လည်း ထိုင်းမှာ မွေထိုင်းထိုးခဲ့ဖူးတဲ့သူပါ (Dave က အမှတ်နဲ့နိုင်ခဲ့ပါတယ်)။ Prates က အပေါ်ကြေးနည်းနည်းလေးပေါက်ပါတယ်။ ချန်ပီယံဟောင်း၊ အိမ်ရှင်ဖြစ်တဲ့ Maddelena ကတော့ အောက်ကြေးပါးပါးလေးပါ။ ဒုတိယ စောင့်ကြည့်ရမယ့်ပွဲကတော့ Flyweight တန်းပွဲပါ။ Van ကို အထင်စောင်း၊ အထင်သေးခဲ့ဖူးတဲ့ Steve Erceg နှင့် Tim Elliot တို့ရဲ့ပွဲပါ။ (စကားမစပ် December, 2024 မှာ Van က Tim Elliot ကို တစ်ခေါက်စိန်ခေါ်ခဲ့ဖူးပါသေးတယ်)။ ဒီပွဲမှာ Erceg က အပေါ်ကြေးပါ။

ဒီညထိုးမယ့် Boxing ပါ။ ONE Samurai ထက် ၁၀ ဆလောက်ကြေးများမယ့်ပွဲပါ။ 😂
ဒီညထိုးမယ့် Boxing ပါ။ ONE Samurai ထက် ၁၀ ဆလောက်ကြေးများမယ့်ပွဲပါ။ 😂

ဘယ်လောက်ပဲ ထိုင်းမှာနေတယ်၊ ကြီးပြင်းလာတယ်၊ လေ့ကျင့်လာတယ်ပြောပြော မြန်မာကတော့ မြန်မာပါပဲ😅 - တိုက်စစ်များပြီး ခံစစ်နည်းတာကို ဆိုလိုတာပါ။ အားလုံး ကောင်းသောညပါဗျာ်။ နက်ြဖန်ပြန်တွေ့ကြမယ်။

ဒီည ထိုးသွားတဲ့ မြန်မာကစားသမား Dawit ဒုတိယချီမှာပဲ အလဲထိုးနဲ့ရှံးပါတယ်။ ၄ ကြိမ်အလဲထိုးခံရပြီး နောက်ဆုံးတစ်ခုမှာ ပြန်မထနိုင်တေ
ဒီည ထိုးသွားတဲ့ မြန်မာကစားသမား Dawit ဒုတိယချီမှာပဲ အလဲထိုးနဲ့ရှံးပါတယ်။ ၄ ကြိမ်အလဲထိုးခံရပြီး နောက်ဆုံးတစ်ခုမှာ ပြန်မထနိုင်တော့တာပါ။ ပြိုင်ဘက်က ပါဝါသာတယ်၊ Dawit က ခံစစ်လိုတာသိသာတယ်၊ တိုက်စစ်ကိုအာရုံစိုက်တာများပြီး ပြန်လာတဲ့ တန်ပြန်ထိုးချက်တွေကို မရှောင်နိုင်တာ။

ONE Samurai 1 ပြီးနောက် Rodtang နဲ့ပါတ်သက်တဲ့ Chatri ရဲ့ မှတ်ချက်တွေက မကြည်ဖြူခဲ့ပါဘူး။ သူ့ကိုနာမည်တပ်မပြောတာတစ်ခုပဲ... ဒါပေမ
ONE Samurai 1 ပြီးနောက် Rodtang နဲ့ပါတ်သက်တဲ့ Chatri ရဲ့ မှတ်ချက်တွေက မကြည်ဖြူခဲ့ပါဘူး။ သူ့ကိုနာမည်တပ်မပြောတာတစ်ခုပဲ... ဒါပေမယ့် နာမည်တပ်စရာလည်းမလိုခဲ့ပါဘူး၊ အားလုံးက သိနေပြီးသားဖြစ်ပါတယ်။ "ကိုယ်က အေးဆေးနေလွန်းရင်၊ အဲဒါက ကိုယ့်ကိုကျရှုံးစေတာပါပဲ... ငွေ နှင့် ကျော်ကြားမှုက ကိုယ့်ခေါင်းထဲရောက်သွားရင် ဒီလိုပါပဲ၊ ကိုယ့်ဘေးနားမှာ လူမှန်တွေမထားဘူး၊ ကောင်းကောင်းမလေ့ကျင့်တော့ဘူး၊ အဲဒီရဲ့ ဥပမာကို စောနက ကျတော်တို့တွေ့ခဲ့ရတယ်လေ" ဆိုပြီး လောလောလတ်လတ် အလူးအလဲအလဲထိုးခံရတဲ့ Rodtang နဲ့ ပါတ်သက်ပြီး မှတ်ချက်ပေးခဲ့တာပါ။ PS: နိုင်ငံခြား ပရိတ်သတ်တော်တော်များများကတော့ Rodtang ကို ONE က ပက်ပက်စက်စက် လျစ်လျူရှုနေတယ် ဆိုပြီးဝေဖန်နေကြပါတယ်။

Mayweather စီစဉ်ထားတဲ့ Mike Tyson နှင့် Kickboxing champion ဟောင်း Mike Zambidis တို့နဲ့ထိုးမယ့် သရုပ်ပြပွဲတွေက ဖြစ်ဖို့အလားအ
Mayweather စီစဉ်ထားတဲ့ Mike Tyson နှင့် Kickboxing champion ဟောင်း Mike Zambidis တို့နဲ့ထိုးမယ့် သရုပ်ပြပွဲတွေက ဖြစ်ဖို့အလားအလာနည်းနေပါတယ်။ အကြောင်းရင်းကတော့ $7.25 Million အခွန်ပေးဖို့ပျက်ကွက်တဲ့ကိစ္စကြောင့် US ပြည်တွင်းအခွန်အဖွဲ့အစည်းက သူ့ရဲ့ Passport ကို ရုပ်သိမ်းဖို့ (သို့မဟုတ်) သက်တမ်းတိုးဖို့ ပိတ်ပင်မည့်အကြောင်း သူ့ကိုမကြာသေးခင်က အသိပေးလိုက်တယ်လို့ သိရပါတယ်။ သူ့ရဲ့အကြီးမားဆုံးကိစ္စကတော့ September 19 ရက်မှာ ကျင်းပဖို့ သဘောတူလက်မှတ်ရေးထိုးပြီးသာားဖြစ်တဲ့ Manny Pacquiao နဲ့ မကျေပွဲထိုးဖို့ပါ (သရုပ်ပြပွဲမဟတ်ဘဲ အတည်ပွဲပါ)။ ဒါကို နှစ်ဘက်သဘောတူလက်မှတ်ထိုးပြီးမှာ Netflix က ကြေငြာခဲ့ပါတယ်။ ဒါပေမယ့် Mayweather က လွန်ခဲ့တဲ့လကပဲ အဲဒီပွဲက အတည်ပွဲမဟုတ်ဘဲ သရုပ်ပြပွဲပဲလို့ မီဒီယာတွေကိုပြောလိုက်တာကနေ ဒီပြဿနာတွေက စတော့တာပါ။ (ဒါက အတည်ပြုထားပြီး သတင်းတွေဖြစ်ပါတယ်)။ အဲတော့ ဒီသရုပ်ပြပွဲတွေက တကယ်ဖြစ်လာမလား၊ ပျက်သွားမလား... အချိန်ကပဲ အဖြေယူလာမယ်ထင်ပါတယ်။

🔥🔥 Inoue vs. Nakatani ပွဲကြီး နက်ဖြန် လာပါတော့မယ်။ 122 တန်း Undisputed Championship (ဝိတ်တန်းတစ်ခုရဲ့ ရှိသမျှခါးပါတ်အားလုံး
🔥🔥 Inoue vs. Nakatani ပွဲကြီး နက်ဖြန် လာပါတော့မယ်။ 122 တန်း Undisputed Championship (ဝိတ်တန်းတစ်ခုရဲ့ ရှိသမျှခါးပါတ်အားလုံး ပေါင်းစည်းပွဲ) ပါ။ ကြေးအနေထားအရတော့ ချန်ပီယံ Inoue က အထက်ကြေး (1.29) ဖြစ်ပြီး စိန်ခေါ်သူ Nakatani ကတော့ အောက်ကြေး (4.34) ပေါက်နေပါတယ်။ ကြေးကကွာပေမယ့် ဘာမဆိုဖြစ်နိုင်ပါတယ်၊ သူ့ရဲ့ ဘက်လက်သီးက Inoue ကို ဒုက္ခပေးနိုင်ပါတယ်။

May 2, Tokyo Dome မှာ ပရိတ်သတ်ပေါင်း 55,000 နဲ့ကျင်းပမယ့် Super Bantamweight (122) Undisputed Championship, Boxing ပွဲကြီး။ ရ
May 2, Tokyo Dome မှာ ပရိတ်သတ်ပေါင်း 55,000 နဲ့ကျင်းပမယ့် Super Bantamweight (122) Undisputed Championship, Boxing ပွဲကြီး။ ရှုံးပွဲမရှိတဲ့ ဂျပန်သားနှစ်ယောက် Naoya Inoue vs. Junto Nakatani တို့ရဲ့ ခါးပါတ် ၄ ခု ပေါင်းစည်းပွဲဖြစ်ပါတယ်။ ဒါက ဂျပန်နိုင်ငံရဲ့ အကြီးကျယ်ဆုံး Boxing ပွဲလည်းဖြစ်ပါတယ်။ Inoue က ခါးပါတ်အားလုံးပိုင်ရှင်ဖြစ်ပြီး Nakatani ကတော့ စိန်ခေါ်တဲ့သူပါ။ Inoue ကတော့ ဝိတ်တန်း ၄ ခုမှာ ချန်ပီယံဖြစ်ပြီးပါပြီ၊ Nakatani ကတော့ ၃ ခုမှာချန်ပီယံခါးပါတ်ရထားပြီး ဒါက သူ့ရဲ့ ၄ ခုမြောက် ဝိတ်တန်းခါးပါတ်စိန်ခေါ်ခြင်းဖြစ်ပါတယ်။ ငွေကြေးအရလည်း အတော်ကို ကိန်းဂဏန်းများပြားလွန်းပါတယ်။ ကျတော်တို့သိတဲ့အတိုင်း Boxing က ငွေအများဆုံးပါ။ Inoue ကတော့ ချန်ပီယံအနေနဲ့ $15 Million ခန့်ရမယ်လို့သိရပါတယ်၊ Nakatani ကတော့ စိန်ခေါ်သူဖြစ်တဲ့အတွက် $7 Million ခန့်ရမယ်လို့ သိရပါတယ် (ဒါတွေက ဝန်းကျင်ကိန်းဂဏန်းတွေဖြစ်ပါတယ်၊ ဒီထက်များနိုင်သလို အနည်းငယ် နည်းလည်းနည်းနိုင်ပါတယ်)။ ဒါပေမယ့် အများကြီးတော့ကွာမှာမဟုတ်ပါဘူး။ 1990 မှာ ကျင်းပဲခဲ့တဲ့ Mike Tyson vs. Buster Douglas ပွဲထက်တောင် လူကြည့်များမယ့်ပွဲကြီးဖြစ်ပါတယ်။

"Rodtang အတွက် ကျတော်အရမ်းဝမ်းနည်းတာပေါ့၊ ဘာလို့လဲဆိုတော့ သူအခုဘယ်လောက်ကြေကွဲနေတယ်ဆိုတာ သိတယ်လေ" "ဒါပေမယ့် သူက ကမ္ဘာ့ချန်ပီယံ
"Rodtang အတွက် ကျတော်အရမ်းဝမ်းနည်းတာပေါ့၊ ဘာလို့လဲဆိုတော့ သူအခုဘယ်လောက်ကြေကွဲနေတယ်ဆိုတာ သိတယ်လေ" "ဒါပေမယ့် သူက ကမ္ဘာ့ချန်ပီယံ ကစားသမားတစ်ယောက်ပါ။ သူသာ ကောင်းကောင်းအာရုံပြန်စိုက်နိုင်မယ်၊ လေ့ကျင့်ဖို့၊ သင်ယူဖို့ ဆာလောင်မှု ပြန်ရရင် သူက ကမ္ဘာ့ထိပ်တန်းရောက်နိုင်ပါတယ်" "ကျတော်တို့အားလုံးလိုပါပဲ၊ အရမ်းအေးဆေးလွန်းနေရင် ကျရှုံးရတတ်ပါတယ်" ဆိုပြီး Rodtang နဲ့ ပါတ်သက်ပြီး ပြောသွားခဲ့တာပါ။

Three-Sport World Champion ဖြစ်ချင်ပါတယ်။ အဲတော့ Muay Thai ခါးပါတ်အတွက် Rambolek နဲ့ထိုးချင်ပါတယ်။ ပြီးရင် MMA ဘက်ကိုလည်းသွား
Three-Sport World Champion ဖြစ်ချင်ပါတယ်။ အဲတော့ Muay Thai ခါးပါတ်အတွက် Rambolek နဲ့ထိုးချင်ပါတယ်။ ပြီးရင် MMA ဘက်ကိုလည်းသွားချင်ပါတယ်။ ကျတော်က တိုက်ခိုက်ရေးသမားလေ၊ အဲတော့ လုပ်ကြည့်ချင်တာအမှန်ပဲ။ ................................. အဲဒီအတွက် မနေ့က ချက်ထရီကလည်း သူ့ကိုအဲဒီအတွက် ပွဲတွေစီစဉ်ပေးဖို့ ထည့်ပြောခဲ့ပါတယ်။ ဖြစ်လည်းဖြစ်လာနိုင်ပါတယ်။ လက်ရှိ ၁၄၅ တန်း MMAချန်ပီယံက Mongolia သားကြီး Enkh-Orgil Baatarkhuu ဖြစ်ပါတယ်။

Rodtang vs. Takeru Best Moments (အလဲထိုးတဲ့အပိုင်းတွေ)

Chatri ကတော့ သတင်းစာရှင်းလင်းပွဲမှာ Rodtang ကို စောင်းပြီး ဖဲ့လိုက်ပါတယ်။ "Jonathan Haggerty ကို ကျတော်က တော်တော်သဘောကျပါတယ်။
Chatri ကတော့ သတင်းစာရှင်းလင်းပွဲမှာ Rodtang ကို စောင်းပြီး ဖဲ့လိုက်ပါတယ်။ "Jonathan Haggerty ကို ကျတော်က တော်တော်သဘောကျပါတယ်။ သူက အားကစားသုံးခုရဲ့ ချန်ပီယံဖြစ်ချင်တယ်လေ၊ အဲဒါသာဖြစ်လာရင်တော့ အရမ်းမိုက်တာပေါ့၊ (Muay Thai, Kickboxing, MMA) ခါးပါတ်တွေကို တစ်ကြိမ်တည်းမှာအတူ ကိုင်နိုင်ရင်ိပုတောင်ကောင်းတာပေါ့" "Jonathan ရဲ့ ထူးခြားချက်က သူက သူ့ကစားသမားသက်တမ်းတစ်လျှောက် သူ့အသင်းဖော်တွေကိုမြဲအောင်ထားတယ်။ အမြဲတမ်းကြိုးစားပြီး လေ့ကျင့်ခန်းလုပ်တာကို ကျတော်တို့အားလုံးသိတယ်။ ပြီးတော့ သူကအကောင်းဆုံးနည်းပြတွေ၊ အသင်းဖော်တွေနဲ့နေတယ်။" "ကျတော်တို့ ဒီညမြင်ခဲ့တဲ့အတိုင်းပဲ၊ ငွေတွေအများကြီးရလာရင်၊ နာမည်ကြီးမှုက ကိုယ့်ခေါင်းထဲရောက်လာတယ်။ အရင်လိုမလေ့ကျင့်တော့ဘူး၊ ကိုယ့်ရဲ့ Team လည်းမရှိ။ ကမ္ဘာ့အကြီးမားဆုံး တိုက်ခိုက်ရေးအဖွဲ့အစည်းမှာ ချန်ပီယံတစ်ယောက်ဖြစ်ရတာက မလွယ်ဘူး၊ ထိပ်ရောက်ပြီးရင် အဲနေရာကိုထိန်းထားဖို့က ပိုပြီးတောင် ခက်ခဲပါတယ်" Rodtang အတွက်တော့ အနာပေါ် တုတ်ကျသလိုပါပဲ... သူပြောတာလည်း မှန်နေရာကို...နော်။ 😅