BAM Channel
الذهاب إلى القناة على Telegram
4 694
المشتركون
-1124 ساعات
-647 أيام
-26730 أيام
أرشيف المشاركات
4 694
Freddie Haggerty vs. Yonis Anane (Yonis က အောက်ကြေး ပါးပါးလေးပါ။ ပြီးတော့ Freddie က အနီထောင့်ဖြစ်ပါတယ်)။
Jonathan Haggerty ရဲ့ ညီနဲ့ Nabil Anane ရဲ့ ညီပါ။ အလဲထိုးဘုရင်နဲ့ နည်းစနစ်တွေ့မယ့်ပွဲပါ။
Yonis Anane က ဖျော်ဖြေမှုကောင်းတဲ့သူပါ။ ကြည့်ကောင်းမှာသေချာပါတယ်။
သူတို့အစ်ကိုတွေကလည်း သေချာစိုက်ကြည့်နေကြမှာပါ။ 😂
4 694
Lie Mengyeng vs. Pereira ပွဲမှာ Liu ကတော့ အပေါ်ကြေး ခပ်ကြမ်းကြမ်းပါ။
Superbon နဲ့ပွဲတည်ထားရာကနေ စူပါဘွန်းက ဒဏ်ရာရလို့ အခုပြိုင်ဘက်နဲ့ထိုးရတာပါ။ ခါးပါတ်လုရမယ့်အခွင့်အရေးကနေ သာမာန်ပွဲပြန်ဖြစ်သွားလို့ တော်တော်ကို ဒေါသထွက်ခဲ့တဲ့ သူပါ။ ဒီပွဲမှာ အဲဒီဒေါသတွေကို မြင်ရမယ်ထင်ပါတယ်။
4 694
ဒီည Inner Circle ရဲ့ Main ပွဲပါ၊ ထူးဆန်းစွာပဲ Nabati က အပေါ်ကြေးပါ။
Yod IQ က နိုင်ပွဲ ၉ ပွဲဆက်ပေမယ့် အောက်ကြေးပါ။ ရရှားသားကြီးကို Bookie တွေက ဘယ်လောက်ထိယုံကြည်ကြတယ်ဆိုတာပါ... ဒါပေမယ့် သူက ၁ နှစ်ပိတ်ပင်ခံရရာကနေပြန်လာတာပါ၊ ပွဲဝေးတဲ့ဒဏ် မြင်ရမလား၊ အဲဒါလေးတော့ စိုးရိမ်စရာရှိတယ်။
ဒါပေမယ့် တော်တတော်ကို ကြည့်လို့ကောင်းမယ့်ပွဲပါပဲ။
4 694
Vero အတွက် ခက်ခဲနိုင်မယ့်ပွဲ၊ အဓိကကတော့ Kickboxing ပွဲဖြစ်နေလို့ပါပဲ။
Power နဲ့ Pressure အားပြိုင်မယ့်ပွဲပါပဲ။ Vero ကတော့ အောက်ကြေးပါ။ ကာနာက အထက်ကြေးပါ (ဒါကဖြစ်သင့်ပါတယ်)။
ညနေ အဖြေတွေ့ရတော့မှာပါ။
4 694
Dayakaev Vs. Superlek 2 မကျေပွဲကို ပြန်တည်လိုက်ပါပြီ။ August 7, Inner Circle မှာပါ။
ပထမပွဲက ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ပြီးသွားခဲ့တယ်၊ Dayakaev က ကပ်သီလေးအမှတ်နဲ့နိုင်သွားတယ်။ ပရိတ်သတ်တွေတောင်းဆိုမှုကြောင့် ပြန်တည်ပေးတယ် ထင်ပါတယ်။
ဒီတစ်ခေါက်တော့ Dayakaev အနေနဲ့ ဝိတ်ကျဖို့ မျှော်လင့်လို့မရပါဘူး။ ပွဲကောင်းတစ်ပွဲပါပဲ။
4 694
+1
စူပါဘွန်း နဲ့မထိုးရလို့ ဒေါသနဲ့ထွက်လာတဲ့ Liu Mengyang က Pereira ကိုတွန်းလိုက်ပါတယ်။
ပွဲနီးမှ ဒဏ်ရာနဲ့နှုတ်ထွက်လို့ စူပါဘွန်းက ပြင်းပြင်းထန်ထန် ဝေဖန်ခဲပါသေးတယ်။ ဒီပွဲမှာတော့ သူ့ဒေါသတွေကိုသူ့ပြိုင်ဘက်အပေါ် အကုန်သွန်းချမယ်ထင်ပါတယ်။ တရုတ်သားလေး နိုင်မှရမှာပါ။
နိုင်ရင်တော့ ပွဲပြီးအင်တာဗူးမှာ စူပါဘွန်းကို ခပ်ကြမ်းကြမ်းဖဲ့လိမ့်မယ်ထင်တယ်။
4 694
+1
Vero Nika vs. Kana Face Off
အရပ်က အတူတူပဲဟ၊ Kickboxing ဖြစ်နေတဲ့အတွက် ဂျပန်သူကတော့ အားသာချက်ရှိတယ်။ Vero Nika ကတော့ ပညာသုံးပြီး ကစားဖို့လိုသလို့၊ အဲလိုပဲ ကစားသွားမယ်ထင်ပါတယ်။
ဂျပန်သူနဲ့အပြိုင်ဆော့လို့မရဘူး၊ ဟိုက ခြေလက်လွှတ်တာအရမ်းကောင်းတယ်၊ ပါဝါကတော့ မပြောပလောက်ဘူး။ ကိုယ့်လူက ပါဝါသာမယ်၊ ဒါပေမယ့် လက်အိတ်အထူဖြစ်နေတော့ အလဲထိုးဖို့က ခက်လိမ့်မယ်။ အဲတော့အမှတ်ပေးရောက်မယ်။
ကိုယ့်လူက ထိချက်တိကျတယ်၊ ခြေလက်လွှတ်တာနည်းတယ်။ ဟိုက ခြေလက်လွှတ်တာများပြီး တိကျမှုနည်းတယ်။ အဲတော့ ရှီးယားခိုဟန်နဲ့ပွဲကလိုလည်းဖြစ်သွားနိုင်ပါတယ်။
4 694
နက်ဖြန် ခေါင်ပွဲထိုးမယ့် ယွက်နိုင်ခယူ နဲ့ နဘာတီ ပါ။ နဘာတီရဲ့ ဆေးပိတ်ပင်မှုကအပြန် ပထမဆုံးထိုးရမယ့်ပွဲဖြစ်ပါတယ်။
ယွက်အိုင်ခယူ ဆိုတာကလည်း တကယ်ကို နည်းစနစ်နဲ့ ပညာကောင်းလွန်းတဲ့သူပါ။ နဘာတီကတော့ ကြည့်ရတာ လေ့ကျင့်မှုပြည့်ဝခဲ့လားမသိပါဘူး၊ ဘော်ဒီကအရင်ပုံစံတော့ မပေါက်သလိုပဲ။ ဒါပေမယ့် ရရှားသားဖြစ်တဲ့အတွက် မာတာတော့မာပြီးသားပါ။
တော်တော်လေးကို ကြည့်လို့ကောင်းမယ့် နည်းစနစ်ချင်း ယှဉ်ပြိုင်ကြည့်မယ့်ပွဲပါ။ ပုံမှန်အားဖြင့် ရရှားသားတွေက ထိုင်းတွေကိုနိုင်တာများတယ်၊ ဒါပေမယ့် ယွက်အိုင်ခယူ နှင့် ရမ်ဘိုလက်တို့ကတော့ ရရှားသားတွေကိုအနိုင်ရတာများပါတယ်။
နက်ဖြန် Inner Circle ရဲ့ ခေါင်ပွဲမှာထိုးကြမှာပါ။
4 694
ကယ် Jake Paul ရဲ့ MVP MMA ကိန်းဂဏန်းတွေထွက်လာပါပြီ။
Netflix ရဲ့ အင်အားနဲ့ဆိုတော့ ကိန်းဂဏန်းတွေက အကြီးကြီးတွေပဲ။ Ronda Rousey vs. Gina Carano ခေါ်င်ပွဲကို Live ကြည့်ရှုသူ ၁၇ သန်းကျော် နှင့် main card ပွဲ ၃ ပွဲအားလုံးကိုပျမ်းမျှကြည့်ရှုသူ ၁၂.၄ သန်းရှိပါတယ်။
ဒါက MMA ပွဲတစ်ပွဲကို live ကြည့်ရှုတဲ့အများဆုံးကိန်းဂဏန်းဖြစ်ပါတယ်။ ဒါက Netflix ရဲ့ အင်အားကြောင့်ဖြစ်ပါတယ်။ Netflix မှာ subscriber အရေအတွက်က 325 Million ကျော်ရှိပါတယ်။ UFC နဲ့ လက်တွဲနေတဲ့ ParamountPlus က 79.6 Million ဖြစ်ပါတယ်။
MVP က MMA ပွဲတွေဆက်ကျင်းပမယ်လို့ပြောပါတယ်။ ဘယ်လိုခရီးဆက်ကြမယ် စောင့်ကြည့်ဖို့လိုပါတယ်။
4 694
Stamp Fairtex ရဲ့ Muay Thai ပွဲလာပါပြီ၊ June 26 မှာပါ။
ဒဏ်ရာကနေပြန်သက်သာပြီး အရင် Kickboxing ပွဲ၊ ပြီးရင် Muay Thai, ပြီးမှ MMA ပွဲ ပြန်ထိုးချင်တယ်လို့ ပြောခဲ့တဲ့အတိုင်းပဲ အရင် Kickboxing ပွဲနဲ့ ပြန်လာတယ်။ အခု Muay Thai ပွဲလာပြီ။ ဒီပွဲပြီးရင်တော့ MMA ဘက် ပြန်သွားမယ်ထင်ပါတယ်။
4 694
+1
ဒီပတ်သောကြာ ပွဲတွေပါ။ Vero Nika vs. Kana ပွဲ ပါပါတယ်။ Nabati ပွဲကလည်း တကယ်စိတ်ဝင်စားစရာကောင်းတယ်။ Nabil ညီ Yonis vs. Freddie Haggerty (Jonathan Haggerty ရဲ့ ညီ) ပွဲလည်း ကြည့်ကောင်းလိမ့်မယ်။
4 694
ငါတို့ ဆရာဗန်က တကယ် ဟာသလုပ်တတ်တယ်ကွာ🤣🤣 UFC commentator တွေက "အို... ဟိုမှာ တကယ့်ဆရာကြီး၊ သွေးအေးအေးနဲ့လူသတ်သမားကြီးက ဗန်ကို စိုက်ကြည့်နေတယ်" ပြောတာ... Van က "ငါ့ ကောင်မလေး ငါ့ကိုအဲလိုကြည့်စေချင်လိုက်တာကွာ" တဲ့။ 🤣🤣
4 694
Joshua Van ကတော့ UFC Freedom 250 (အိမ်ဖြူတော်သွားမည့်စာရင်းမှာ ပါလာပါတယ်။)
ဒီအစီအစဉ်ကတော့ လူကြိုက်များတဲ့ UFC ကစားသမားတွေနဲ့ Meet & Greet လုပ်မယ့်အစီအစဉ်ဖြစ်ပါတယ်။
4 694
UFC ကတော့ ပွဲကောင်းတွေကြီးပဲ.... ကြည့်ရတာ Van vs. Pantoja က November or December တစ်လလဖြစ်ဖို့များတယ်။
4 694
July 12 ရက်မှာကစားမယ့် International Fight Week တွဲဆိုင်းတွေပါ။ Royval Vs. Lone'er Kavanagh ပွဲလည်းပါပါတယ်။
