Bioscope Vibes
قناة بسيطة
Well
إظهار المزيدلم يتم تحديد البلدالفئة غير محددة
📈 نظرة تحليلية على قناة تيليجرام Bioscope Vibes
تُعد قناة Bioscope Vibes لاعباً نشطاً. يضم المجتمع حالياً 15 519 مشتركاً، محتلاً المرتبة في فئة اخرى.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 15 519 مشتركاً.
بحسب آخر البيانات بتاريخ 29 سبتمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار 611، وفي آخر 24 ساعة بمقدار 54، مع بقاء الوصول العام مرتفعاً.
- حالة التحقق: غير موثّقة
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 4.95%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 1.68% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 769 مشاهدة. وخلال اليوم الأول يجمع عادةً 261 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 1.
📝 الوصف وسياسة المحتوى
يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
“Well”
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 30 سبتمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة اخرى.
15 519
المشتركون
+5424 ساعات
+2957 أيام
+61130 أيام
أرشيف المشاركات
15 519
သစ္စာဖွဲ့ပျိုးသော သမိုင်း၀င်တေးသွား (琴谱)The Guqin Spectrum 2026
ဒါကတော့ တရုတ်ရိုးရာ ဗျပ်စောင်းတီးခတ်မှု အနုပညာနောက်ခံနဲ့ လူငယ်နှစ်ဦးရဲ့ ဘဝသက်တမ်းတစ်လျှောက်ခံယူခဲ့တဲ့ သစ္စာတရားအကြောင်း ဖြစ်လို့ တကယ့်ကို ရင်ထဲထိစေမယ့် လက်ရာမွန်တစ်ခုလို့ပဲပြောရပါမယ်
ဇာတ်လမ်းအကျဉ်း 📝
အရာရှိတစ်ဦးဖြစ်တဲ့ Cui Yingjie ဟာ ဖန်ကျိုးဒေသဆီကို ရောက်ရှိလာခဲ့ပြီး ဒုတိယမြောက်နှစ်မှာတော့ တေးသံစဥ်လောကတစ်ခုလုံးရဲ့ လေးစားကြည်ညိုခြင်းခံရတဲ့ စောင်းဆရာကြီးကျောက်ဟာ အသက်အရွယ်ကြောင့် ရာထူးကနေ အနားယူတော့မယ်လို့ ကြေညာခဲ့ပါတယ်
ဆရာကြီးဟာ သူတစ်သက်လုံး ထိန်းသိမ်းလာခဲ့တဲ့ လျှို့ဝှက်ဆန်းပြားလှတဲ့ စောင်းသံစဥ်ကျမ်းကြီးကို ဆက်ခံမယ့် မျိုးဆက်သစ် အရည်အချင်းရှိသူကို လိုက်လံရှာဖွေနေခဲ့တာပါ
တစ်ဖက်မှာလည်း ဧကရီမင်းမြတ် ရဲ့ အထူးအလေးပေး ချီးမြှောက်မှုကြောင့် Cui Yingjie ဟာ ဒီစောင်းသံစဥ်ကျမ်းကြီးကို ပြီးဆုံးအောင် ပြုစုဖို့အတွက် တာဝန်ကြီးကို အရေးပေါ် လွှဲပြောင်းရယူခဲ့ရပါတယ်
ဒါပေမဲ့ သူ့ဘေးနားမှာ ကူညီမယ့်သူ လုံးဝမရှိဘဲ အဖက်ဖက်က ပိတ်ဆို့နေတဲ့ အခက်အခဲကြီးနဲ့ ရင်ဆိုင်လိုက်ရပါတယ် အဲဒီလို လမ်းပျောက်နေတဲ့အချိန်မှာပဲ သူဟာ လူမှုပတ်ဝန်းကျင်ရဲ့ ဖိနှိပ်မှုတွေကြောင့် ဘဝပျက်လုနီးပါး ဆင်းရဲဒုက္ခရောက်နေတဲ့ အရပ်သား စောင်းဆရာလေး Wang Shoubai နဲ့ မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ပါတော့တယ်
အထက်တန်းစား အရာရှိကြီးနဲ့ အခြေခံလူတန်းစား စောင်းသမားလေးဖြစ်တဲ့ သူတို့နှစ်ယောက်ဟာ တေးသံစဉ်ကို အခြေခံပြီး တစ်ယောက်ကိုတစ်ယောက် နားလည်အဖော်ပြုပေးခဲ့ကြပါတယ်
နှစ်ပေါင်း (၃၀) ဆိုတဲ့ ရှည်လျားလှတဲ့ ကာလပတ်လုံး လောကဓံရဲ့ မုန်တိုင်းတွေ အပြောင်းအလဲတွေနဲ့ အခက်အခဲတွေကို အတူတူ ကြံ့ကြံ့ခံရင်ဆိုင်ရင်း နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်ဟာ လောကမှာ ရှာမှရှားတဲ့ မိတ်ဆွေရင်းတွေ ဖြစ်သွားခဲ့ကြပြီး တရုတ်တေးသံစဉ်သမိုင်းမှာ အထွတ်အထိပ် ရောက်စေမယ့် ခမ်းနားလှတဲ့ စောင်းသံစဥ်ကျမ်းကြီး ကို အောင်အောင်မြင်မြင် ရေးသားပြီးမြောက်ခဲ့ပါတော့တယ်.....
ကဲ နှစ်ပေါင်း ၃၀ ကြာ သစ္စာတရားတွေနဲ့ ရေးစပ်ခဲ့တဲ့ သူတို့ရဲ့ ဘ၀တေးသွားကို SoulKingdom မှာ အခုပဲ ကြည့်ရှုခံစားလိုက်ရအောင်
15 519
Gold Land (2026) စဆုံး
ဒီတစ်ခေါက်မှာတော့ ချစ်စရာမင်းသမီးလေး Park Bo Young နဲ့ ပရိသတ်အချစ်တော်
Lee Kwang Soo တို့ရဲ့ Crime, Thriller ဇာတ်လမ်းတွဲအသစ်လေး ထွက်ရှိလာပြီ ဖြစ်ပါတယ်။
Cast တွေအနေနဲ့ကတော့ Park Bo Young၊ Lee Kwang Soo တို့အပါအဝင် Kim Sung-Cheol၊
Lee Hyun-Wook နဲ့ Kim Hee Won စတဲ့ အခြားသော ဝါရင့်သရုပ်ဆောင်ကြီးများပါ ပါဝင်ထားကြပါတယ်။
ဇာတ်လမ်းအညွှန်း ~
နိုင်ငံတကာလေဆိပ်မှာ လုံခြုံရေးစစ်ဆေးရေးဝန်ထမ်း ဖြစ်တဲ့ Kim Hee-Ju (Park Bo Young) ဟာ
ချစ်သူဖြစ်တဲ့ လက်ထောက်လေယာဥ်မှူး Lee Do-Kyeong (Lee Hyun-Wook) ကြောင့်
မှောင်ခိုအဖွဲ့အစည်းတစ်ခုကနေ ရွှေတွေ မတော်တဆ ရရှိခဲ့ပါတယ်။
ဒီလိုကနေ အလိုလောဘကြောင့်ပဲ ရွှေတွေကို အလွန်အမင်းစွဲလမ်းသွားတဲ့ Kim Hee-Ju တစ်ယောက်
ငွေတိုးချေးစားသူ Jang Wook (Kim Sung Chul)၊ ဂွန်းဆောင်းဂိုဏ်းရဲ့ အမှုဆောင် Park Ho Cheol
(Lee Kwang Soo) နဲ့ စုံထောက် Kim Jin-Man (Kim Hee Won) အပါအဝင် လူအမျိုးမျိုးရဲ့
မငြိမ်မသက်မှုတွေ၊ လောဘတွေနဲ့ သစ္စာဖောက်မှုတွေရဲ့ ဗဟိုချက် ဖြစ်လာတဲ့ အခါမှာတော့.....
Kim Hee-Ju တစ်ယောက် ရွှေချောင်းအားလုံးကို စွန့်လွှတ်ပြီး ထွက်ပြေးသွားမလား.....
ရွှေချောင်းတွေကို ရအောင်ယူပြီး လွတ်မြောက် အောင် လုပ်သွားမလား... ဆိုတာကို ရင်တထိတ်ထိတ်နဲ့
ကြည့်ရှုခံစားရမှာဖြစ်လို့ အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း စောင့်မျှော်ကြည့်ရှုပေးပါဦးနော်။
ချန်နယ်joinကြည့်ပါ👇👇👇
https://t.me/+NOBL7w1vj0M3MDdl
ဇာတ်ကားလင့်ခ်👇👇👇
https://t.me/c/3774947924/112
15 519
Iron Lung (2026)
IMDb Rating (6.5) / Rotten Tomatoes (60%)
နာမည်ကြီး YouTuber တစ်ယောက်ဖြစ်တဲ့ Markiplier (Mark Fischbach) ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး သရုပ်ဆောင်ထားတဲ့ Sci-Fi Horror ဇာတ်ကားသစ်လေး "Iron Lung" အကြောင်း ပြောပြပေးမယ်နော်။ ဒီကားက ၂၀၂၂ ခုနှစ်က ထွက်ခဲ့တဲ့ နာမည်ကြီး အင်ဒီဂိမ်း (Indie Game) "Iron Lung" ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ အာကာသထဲက သွေးပင်လယ်ကြီးထဲမှာ ရေငုပ်သင်္ဘောလေးနဲ့ သွားရတဲ့ ဇာတ်လမ်းဆိုတော့ အသက်ရှူကျပ်စရာ ကောင်းလောက်အောင် သည်းထိတ်ရင်ဖို ကြည့်ရမယ့် ကားမျိုးပါ။
ဒီကားကို ဒါရိုက်တာ Mark "Markiplier" Fischbach က ရိုက်ကူးထားပြီး Markiplier ကိုယ်တိုင်အပြင် Caroline Kaplan, Troy Baker နဲ့ Seán McLoughlin (Jacksepticeye) တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ Sci-Fi နဲ့ Horror အမျိုးအစား ဇာတ်ကားဖြစ်ပြီး ကြာချိန်အနေနဲ့ ၂ နာရီ ၇ မိနစ် ရှိပါတယ်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့က ထွက်ရှိထားတာ ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
"The Quiet Rapture" လို့ခေါ်တဲ့ အဖြစ်အပျက်ကြီးတစ်ခုကြောင့် စကြာဝဠာထဲက ကြယ်တွေ၊ ဂြိုဟ်တွေ အကုန်လုံး ရုတ်တရက် ပျောက်ကွယ်သွားခဲ့တယ်။ အာကာသစခန်းတွေပေါ်မှာ ကျန်ခဲ့တဲ့ လူနည်းစုလေးပဲ အသက်ရှင်ကျန်ရစ်ခဲ့တာပေါ့။ ဆယ်စုနှစ်တွေ ကြာလာတဲ့အခါမှာတော့ လိုအပ်နေတဲ့ သယံဇာတတွေ ရှာဖို့အတွက် "AT-5" လို့ခေါ်တဲ့ လဂြိုဟ်တစ်ခုကို သူတို့ တွေ့သွားခဲ့တယ်။ အဲဒီဂြိုဟ်ပေါ်မှာက ရေတွေအစား သွေးတွေနဲ့ ပြည့်နေတဲ့ သွေးပင်လယ်ကြီး ရှိနေတာပါ။
အဲဒီ သွေးပင်လယ်ကြီးထဲကို စူးစမ်းလေ့လာဖို့ ဆိုက်မွန် (Simon) လို့ခေါ်တဲ့ အကျဉ်းသားတစ်ယောက်ကို စေလွှတ်လိုက်ပါတယ်။ သူ့ကို "Iron Lung" လို့ နာမည်ပေးထားတဲ့ သေးငယ်ကျဉ်းမြောင်းတဲ့ ရေငုပ်သင်္ဘောလေးထဲ ထည့်ပြီး အပြင်ကနေ ဂဟေဆော်ပိတ်လိုက်တယ်။ ရေအောက်ဖိအားကို ခံနိုင်အောင် ပြတင်းပေါက်တွေကိုပါ သံပြားတွေနဲ့ ပိတ်ထားတော့ အပြင်ကို ဘာမှ မမြင်ရဘူး။ အပြင်ကိုမြင်ရဖို့ တစ်ခုတည်းသောနည်းလမ်းက ရေငုပ်သင်္ဘောအပြင်ဘက်မှာ တပ်ထားတဲ့ ကင်မရာအစုတ်လေးနဲ့ ဓာတ်ပုံရိုက်ပြီး ကြည့်ဖို့ပဲ ရှိတော့တယ်။
ဆိုက်မွန်တစ်ယောက် ဒီမစ်ရှင်ကို အောင်မြင်အောင် လုပ်နိုင်ရင် လွတ်ငြိမ်းချမ်းသာခွင့် ရမယ်ဆိုတဲ့ ကတိနဲ့ သွေးပင်လယ်ကြီးရဲ့ အောက်ခြေကို ဆင်းသွားခဲ့ရတယ်။ အပြင်ကိုမမြင်ရ၊ အသက်ရှူကျပ်လောက်အောင် ကျဉ်းကျပ်နေတဲ့ သင်္ဘောလေးထဲမှာ သူဘာတွေ ဆက်ကြုံတွေ့ရမလဲ၊ သွေးပင်လယ်အောက်မှာ ဘာတွေရှိနေလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရမှာပါ။
ပြတင်းပေါက်မရှိတဲ့ ရေငုပ်သင်္ဘောလေးထဲမှာ အပြင်မှာ ဘာရှိနေမှန်းမသိရဘဲ သွားနေရတဲ့ ခံစားချက်ကို သေချာလေး ပုံဖော်ထားနိုင်တယ်။ ဓာတ်ပုံတစ်ချက် ရိုက်လိုက်တိုင်း အပြင်မှာ ဘာများပေါ်လာမလဲဆိုပြီး ကြည့်နေရတဲ့သူပါ ရင်တမမ ဖြစ်နေစေတယ်။
ဂိမ်းထဲက အငွေ့အသက်တွေကို ရုပ်ရှင်ထဲမှာပါ အပြည့်အဝရအောင် Markiplier က သေချာလေး ဖန်တီးထားတယ်။ ဂိမ်းကို ဆော့ဖူးတဲ့သူတွေအတွက်ရော၊ မဆော့ဖူးတဲ့သူတွေအတွက်ပါ စိတ်ဝင်စားစရာ ကောင်းအောင် တင်ဆက်ထားတယ်။ Jacksepticeye လို နာမည်ကြီး YouTuber တွေပါ ပါဝင်ထားတော့ ပရိသတ်တွေအတွက် ပိုပြီး သဘောကျစရာပါ။
ဒါက သူ့ရဲ့ ပထမဆုံး ဒါရိုက်တာလုပ်တဲ့ ဇာတ်ကားရှည်ဖြစ်ပေမဲ့၊ ရိုက်ကူးရေး၊ အသံပိုင်းဆိုင်ရာနဲ့ တင်ဆက်မှုတွေက တော်တော်လေးကို ကောင်းမွန်ပါတယ်။
ကြောက်စရာ သရဲတွေ အများကြီးမပါဘဲ ပတ်ဝန်းကျင် အနေအထားနဲ့တင် လူကို ခြောက်ခြားသွားစေမယ့် အသက်ရှူကျပ်စရာ (Psychological/Claustrophobic) Horror ကားမျိုးကို ကြိုက်တယ်ဆိုရင်တော့ လက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားပါ။
ချန်နယ်joinကြည့်ပါ👇👇👇
https://t.me/+NOBL7w1vj0M3MDdl
ဇာတ်ကားလင့်ခ်👇👇👇
https://t.me/c/3774947924/109
15 519
ဒဏ္ဍာရီထဲက ယင်းယန်ကြေးမုံ
(阴阳镜) Y*i*n*gY*a*n*g M*i*r*r*o*r 20*26
ဇာတ်လမ်းအကျဉ်း 📝
စုန့်မင်းဆက် ဧကရာဇ် ကျန့်စုန့် လက်ထက် ငယ်ရွယ်ဖျတ်လတ်တဲ့ ပေါင်ချိန် နဲ့ သူငယ်ချင်းဖြစ်သူ ကုန်းစွန်းချဲ့တို့ဟာ နှစ်ပေါင်းများစွာ မြှုပ်နှံထားတဲ့ မတရားမှုကို အတူတူ ခြေရာခံခဲ့ကြပါတယ်
ဇာတ်လမ်းကတော့ မိန်းကလေး Yue Liang ဆီက စတင်ခဲ့တာပါ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က သူမရဲ့ မိသားစုတစ်ခုလုံးဟာ လူယုတ်မာတွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်
ဒီအမှုအတွက် အမှန်တရားကို ရှာဖို့ Yin-Yang Mirror က အမှားအမှန်ကို ခွဲခြားပေးနိုင်တယ်ဆိုတဲ့ ကောလာဟလကြောင့် သူမဟာ သင်္ချိုင်းဂူထဲကို ဝင်ရောက်ခိုးယူရာကနေ မတော်တဆ စက်ယန္တရားတွေကို ထိမိပြီး ကျန်ကျောင်းလည်း ဂူထဲမှာ ပိတ်မိသွားပါတော့တယ်
ကျန်ကျောင်းကို ကယ်ဖို့အတွက် ဉာဏ်ကောင်းတဲ့ ပေါင်ချိိန်ကို သရဲတစ္ဆေပုံပြင်တွေနဲ့ လှည့်စားပြီး ခေါ်ဆောင်ခဲ့ရပါတယ် ဒါပေမဲ့ ပေါင်ချိန်ကတော့ သရဲတစ္ဆေတွေကို မယုံကြည်ဘဲ သူ့ရဲ့ ဉာဏ်ပညာနဲ့သာ စက်ယန္တရားတွေကို ဖြေရှင်းပြီး ကျန်ကျောင်းကို ကယ်ထုတ်ခဲ့ပါတယ်
အမှန်တရား ပေါ်ပေါက်လာချိန်မှာတော့ ပေါင်ချိန်ဟာ အဲဒီ ယင်းယန်ကြေးမုံ ဒဏ္ဍာရီကိုပဲ ပြန်လည်အသုံးချပြီး တရားခံကို စိတ်ခြောက်ခြားစေကာ အပြစ်ဝန်ခံအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်
ဒါက ပေါင်ချိန်ဆိုတဲ့ အမည်နာမ တရားမျှတမှုရဲ့ ပြယုဂ်အဖြစ် စတင်လူသိများလာခဲ့တဲ့ ပထမဆုံးခြေလှမ်းပါပဲ
ချန်နယ်joinကြည့်ပါ👇👇👇
https://t.me/+sHLyxfc2smVhYzVl
ဇာတ်ကားကြည့်ရန်👇👇👇
https://t.me/c/2704450145/829
15 519
G*o*d*a*r*i G*a*t*t*u*p*a*i*n*a (20*26) ဂိုဒါရီမြစ်ကမ်းဘေး
ရာဂျူးဟာ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်နေတတ်တဲ့ သုံးဘီးသမားလေးတစ်ယောက်ဖြစ်ပါတယ်။
တစ်ရက်တော့ ပါဆင်ဂျာလိုက်ပို့ရင်း ရာဂျူးဟာ လမ်းမှာ မာယာဆိုတဲ့ ဆတ်ဆတ်ကြဲ အင်ဂျင်နီယာကျောင်းသူလေးကိုတွေ့ခဲ့ပါတယ်။
မြင်မြင်ချင်း ကြွေသွားတဲ့ရာဂျူးဟာ မာယာ့အကြောင်း စုံစမ်းကြည့်တဲ့အခါ မာယာဟာ တိုက်ဆိုင်စွာပဲ သူ့ညီမရဲ့ သူငယ်ချင်းဖြစ်နေပါတယ်။
သူတို့ရဲ့ ဇာတ်လမ်းဟာ အစပိုင်းမှာ သာယာဖြောင့်ဖြူးနေပေမဲ့ စည်းကမ်းကြီးတဲ့ မာယာ့အဖေကြီးက သူတို့ဇာတ်လမ်းကိုသိသွားတဲ့အခါမှာတော့...။
ဖခင်ဖြစ်သူရဲ့ မျှော်လင့်ချက်၊ သမီးအပေါ်ထားတဲ့ သံယောဇဉ်နဲ့ ရာဂျူးရဲ့ကြိုးစားမှုတွေကြားမှာ သူတို့အချစ်ဇာတ်လမ်းက ဘယ်လိုဖြစ်သွားမလဲဆိုတာကို ဒီရုပ်ရှင်ထဲမှာမြင်ကြရမှာပါ။
15 519
အင်ဒို ဟာသ သရဲကားသစ်
B_e-f-o-r_e G-r-a-n-n-y G-e_t-s U-s (2-0-2-6)
IMDB ⭐️ 7.3/10
"အဘွားရေ... သွားချင်ရာသာ တစ်ယောက်တည်းသွားပါ... မြေးတွေကိုတော့ လာမခေါ်ပါနဲ့..."
အင်ဒိုသရဲကားဆိုတာနဲ့ ကြောက်ဖိုကောင်းလှပါပြီဆိုတဲ့အထဲ... ဟာသလေးပါ အချိုးကျကျ နှောထားတဲ့ ၂၀၂၆ ခုနှစ်ထွက် အင်ဒို Hit ဖြစ်နေတဲ့ Horror-Comedy ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။
ဒီကားထဲမှာဆိုရင် ပရိသတ်တွေရဲ့ အချစ်တော် မင်းသားချော Angga Yunanda နဲ့ လူရွှင်တော် မင်းသား Dodit Mulyanto တိုက အမြွှာညီအစ်ကိုတွေဖြစ်တဲ့ ဟက်စတူ နဲ့ အက်ဘာ တိုအနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာပါ။
ဇာတ်လမ်းကတော့ ဟက်စတူနဲ့ အက်ဘာတိုရဲ့ အဘွားဖြစ်သူဟာ အင်မတန် ထူးဆန်းတဲ့ ၆ ဂဏန်းစုံတဲ့ နေ့တစ်နေ့မှာ ရုတ်တရက် ကွယ်လွန်သွားခဲ့ရာကနေ စတင်ပါတယ်။ ထုံးစံအတိုင်း အသုဘချပြီးရင် ပြီးပြီပေါ့လို ထင်စရာရှိပေမဲ့... သူတိုအဘွားက သာမန်မဟုတ်ခဲ့ပါဘူး။
သေဆုံးသွားတဲ့ အဘွားရဲ့ ဝိညာဉ်က မြေးနှစ်ယောက်ကို နေ့ရောညပါ အရိပ်တကြည့်ကြည့်နဲ့ လိုက်လံခြောက်လှန့်နေပါတော့တယ်။ ပိုဆိုးတာက အဘွားကြီးက တမလွန်ကို တစ်ယောက်တည်း မသွားချင်ဘဲ သူ့နောက်ကို အဖော်အဖြစ် လိုက်ခဲ့ဖို "အစားထိုးမယ့်သူ" ကို မြေးနှစ်ယောက်ကို အတင်းရှာခိုင်းနေတဲ့အခါ…
အဘွားနောက်ကိုလည်း ကိုယ်တိုင် မလိုက်ချင်၊ အဘွားကိုလည်း ကြောက်ရနဲ့ ဒီညီအစ်ကိုနှစ်ယောက် အသက်လုပြေးရင်း ကြောက်ကြောက်နဲ့ ဘယ်လို တလွဲတချော်တွေ ဗျာများကြမလဲ။ အဘွားကြီး သူတိုကို အမိမဖမ်းခင် အစားထိုးမယ့်သူကို အချိန်မီ ရှာတွေ့သွားမလားဆိုတာကို ရယ်မော ထိတ်လန့်ဖွယ် ရှုစားရမှာပါ။
ကြောက်လည်းကြောက်ရ အူတက်အောင်လည်း ရယ်ရမယ့် ဇာတ်ကားကောင်းလေးမို ပိတ်ရက်မှာ သူငယ်ချင်းတွေ မိသားစုတွေနဲ့ အတူတူ ကြည့်ရှုဖို လုံးဝ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။
ချန်နယ်joinကြည့်ပါ👇👇👇
https://t.me/+NOBL7w1vj0M3MDdl
ဇာတ်ကားလင့်ခ်👇👇👇
https://t.me/c/3774947924/103
15 519
Leader 2026 ခေါင်းဆောင်
IMDb 7.1
မိန်းမ မရှိတော့တည်းက သမီးဖြစ်သူသာ အရာရာနဲ့ ဘဝကြီးတစ်ခုလုံးကို သမီးဆီပုံအပ်ထားတဲ့ ဆာခ်သီ။ သမီးကို အလိုလိုက်လွန်းလို့ ဘေးလူတွေပါ ကြည့်မရဖြစ်ရတာလည်း သူတို့သားအဖပဲ။
ကားဝပ်ရှော့မှာအလုပ်လုပ်ရင်း ဘဝကို အေးအေးဆေးဆေးပဲ ဖြတ်သန်းနေသူပေါ့ သူအလုပ်လုပ်တဲ့ဝပ်ရှော့ရဲ့ ပင်တိုင်ဖောက်သည်က ဆော့တ်တဲ့ ရာဇဝတ်မှု မှန်သမျှ အကုေဆန်လုပ်တဲ့ကောင်။
ပါဝါကြီးလွန်းလို့ ရဲတွေတောင် မျက်စိမှိတ်နေရတဲ့လူ။ ဒီလိုလူကို စုံစမ်းချင်တဲ့ ရဲမေမလေးတစ်ယောက်က ဆော့တ်ကားမှာ ခြေရာခံစက်တပ်ပြီး အတွင်းစကားနှိုက်ဖို့ကြံပါတယ်။
ဒီခြေရာခံစက်ကိစ္စက ဆာခ်သီ့ဆီရောက်လာပြီး သမီးဖြစ်သူပါ အန္တရာယ်ကျလာတဲ့အခါ....။
သူ တစ်ခါမှ မကျင်လည်ဖူးတဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ ရာဇဝတ်မှုတွေ၊ လျှို့ဝှက်ချက်တွေကြားထဲ ရောက်သွားတဲ့အခါမှာတော့
တစ်ဖက်က ဥပဒေရဲ့ ဖိအား၊ တစ်ဖက်ကလည်း အမှောင်လောကရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ဘဝက သေရေးရှင်ရေးတမျှ စိုးရိမ်စရာ အခြေအနေကို ရောက်ရှိသွားပါတော့တယ်
အဲဒီလို ကျဉ်းထဲကျပ်ထဲ ရောက်နေတဲ့ အခြေအနေမျိုးထဲကနေ သူ့ရဲ့ အသက်ထက်ချစ်ရတဲ့ မိသားစုဝင်တွေကို အန္တရာယ်ကင်းကင်းနဲ့ ကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက် နည်းလမ်းပေါင်းစုံ သုံးပြီး အစွမ်းကုန် ဘယ်လိုပြန်လည်ရုန်းကန် တိုက်ခိုက်သွားမလဲဆိုတာကိုတော့...
ချန်နယ်joinကြည့်ပါ👇👇👇
https://t.me/+sHLyxfc2smVhYzVl
ဇာတ်ကားကြည့်ရန်👇👇👇
https://t.me/c/2704450145/823
15 519
Salmokji: Whispering Water (2026)
IMDb Rating (6.5)
2003 ခုနှစ်ထွက် A Tale of Two Sisters ရဲ့ ၂၃ နှစ်ကြာ record ကို ကျော်ပြီး ကိုးရီးယားရုပ်ရှင် သမိုင်းတစ်လျှောက်မှာ လူကြည့်အများဆုံး Horror ရုပ်ရှင်အဖြစ် စံချိန်တင်သွားတဲ့ ရုံတင်သရဲကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါပြီ။
နာမည်ကြီး Midnight Horror Story အစီအစဉ်မှာလည်း ထည့်သွင်းဖော်ပြခံရဖူးသလို သရဲခြောက်တဲ့နေရာအဖြစ် နာမည်ကြီးတဲ့ "ဆားလ်မို့ဂျီ ရေလှောင်ကန်"အကြောင်းကို နောက်ခံထား ရိုက်ကူးထားပြီး Lovely Runner ထဲက မင်းသမီး Kim Hye-Yoon, Knight Flower ထဲက မင်းသား Lee Jong-Won, Good Partner ထဲက မင်းသား Kim Jun-Han, Pyramid Game ထဲက မင်းသမီး Jang Da-A တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။
- ဇာတ်လမ်းအကျဉ်း -
ထူးဆန်းတဲ့ ကောလာဟလတွေ မပြတ်ထွက်နေပြီး လူသူအပျောက် အရမ်းများတဲ့ ဆားလ်မို့ဂျီ ရေလှောင်ကန်ရဲ့ လမ်းမြင်ကွင်းမှာ ရိုက်ကူးဖူးခြင်းမရှိဘဲ ပေါ်လာတဲ့ ကြက်သီးထဖွယ် ပုံရိပ်တစ်ခု...
ဖြစ်ချင်တော့ ရိုက်ကူးရေးတာဝန်ခံ (Kim Jun-Han) ကလည်း ဆားလ်မို့ဂျီကနေ ပြန်ရောက်လာပြီးတဲ့နောက် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေပြီး ဒီနေ့အတွင်း လမ်းမြင်ကွင်းကို update လုပ်နိုင်ဖို့အတွက် ပြန်လည် ရိုက်ကူးလာဖို့လည်း မဖြစ်မနေ လိုအပ်နေတာကြောင့်
On Road Media ကုမ္ပဏီက ပီဒီ ဟန်ဆူအင်း (Kim Hye-Yoon) ဦးဆောင်တဲ့ ရိုက်ကူးရေးအဖွဲ့က ဆားလ်မို့ဂျီ ရေလှောင်ကန်ဆီ ဦးတည် ထွက်ခွာလာခဲ့ရာမှောင်မည်းနက်ရှိုင်းတဲ့ ရေအောက်မှာ ပုန်းအောင်းနေတဲ့ တစ်စုံတစ်ရာက သူတို့ကို စောင့်ကြိုနေတဲ့အခါမှာတော့....
လူကို အရမ်း ဖမ်းစားတတ်တယ်ဆိုတဲ့ ရေသရဲရှိနေတဲ့ နေရာကိုမှ ခြေချမိသွားကြတဲ့ ဆူအင်းတို့အဖွဲ့ကတကယ်ပဲ ရိုက်ကူးရေးကို ချောချောမွေ့မွေ့ အပြီးသတ်ပြီး အသက်ရှင်လျက် ပြန်ထွက်လာနိုင်ပါ့မလားဆိုတာကို အခုပဲ ကြည့်ရှုလိုက်ကြပါဦး။
15 519
Agak Laen: Menyala Pantiku! (2026)
သူငယ်ချင်းလိုခင်ရတဲ့ ရဲတပ်ဖွဲ့ဝင်စုံထောက်လေးယောက်တို့ဟာ မစ်ရှင်တိုင်းမှာ အမြဲအမှားလုပ်ပြီး ကျရှုံးနေကြတဲ့အတွက် အခုတစ်ကြိမ်မှာတော့ သူတို့အတွက် နောက်ဆုံးအခွင့်အရေးတစ်ခုပဲ ကျန်တော့ပါတယ်
သူတို့ရဲ့ မိသားစုအရေး ငွေကြေးအခက်အခဲကြောင့် ဒီမစ်ရှင်ကို မဖြစ်မနေ အောင်မြင်အောင်လုပ်ကြရမဲ့ ဖိအားရှိနေခဲ့ပါတယ်
အဲဒီမစ်ရှင်မှာ သူတို့ ၄ ယောက်ဟာ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာတစ်ခုထဲကို လျှို့ဝှက်စွာ ဝင်ရောက်ပြီး မြို့တော်ဝန်သား အသတ်ခံရမှုနဲ့ ဆက်နွယ်နေတဲ့ တရားခံကို ရှာဖွေရမှာပါ
ဒါပေမယ့် သူတို့ရဲ့ အလွဲအချော်အဖြစ်အပျက်တွေကြောင့် မစ်ရှင်က ပိုရှုပ်ထွေးလာပြီး အခြေအနေတွေ ဗြောင်းဆန်လာခဲ့ရပါတယ်
သူတို့လုပ်သမျှ အစီအစဉ်တိုင်းက လွဲချော်နေတတ်ပေမဲ့ မထင်မှတ်ထားတဲ့ အခွင့်အရေးတစ်ခုကြောင့် သူတို့ရဲ့ စွမ်းဆောင်ရည်တွေက ဝုန်းခနဲ တောက်ပလာတဲ့အခါ ....
သူတို့တွေ ဘယ်လိုလှည့်ကွက်တွေနဲ့ လူသတ်သမားကို ရှာဖွေဖော်ထုတ်မလဲ....သူတို့မစ်ရှင် အောင်မြင်မလား ရှုံးနိမ့်မလားဆိုတာ...
စိတ်အပန်းဖြေဖို့အတွက် ဟာသကားကောင်းကောင်း ရှာနေရင်တော့ မလွတ်တမ်းကြည့်ရှုဖို့ ညွှန်းဆိုပါရစေ
ချန်နယ်joinကြည့်ပါ👇👇👇
https://t.me/+NOBL7w1vj0M3MDdl
ဇာတ်ကားလင့်ခ်👇👇👇
https://t.me/c/3774947924/96
