Bioscope Vibes
قناة بسيطة
Well
إظهار المزيدلم يتم تحديد البلدالفئة غير محددة
📈 نظرة تحليلية على قناة تيليجرام Bioscope Vibes
تُعد قناة Bioscope Vibes لاعباً نشطاً. يضم المجتمع حالياً 15 520 مشتركاً، محتلاً المرتبة في فئة اخرى.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 15 520 مشتركاً.
بحسب آخر البيانات بتاريخ 29 سبتمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار 611، وفي آخر 24 ساعة بمقدار 54، مع بقاء الوصول العام مرتفعاً.
- حالة التحقق: غير موثّقة
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 4.95%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 1.68% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 769 مشاهدة. وخلال اليوم الأول يجمع عادةً 261 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 1.
📝 الوصف وسياسة المحتوى
يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
“Well”
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 30 سبتمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة اخرى.
15 520
المشتركون
+5424 ساعات
+2957 أيام
+61130 أيام
أرشيف المشاركات
15 525
၂၁ရာစုကြင်ယာတော်
Perfect Crown (2026) စ/ဆုံး
၂၁ ရာစုမှာ ဇာတ်အိမ်တည်ပြီး ကိုရီးယားမင်းဆက်ကို ဆက်လက်အသစ်သွင်းထားတဲ့ Perfect Crown သို့မဟုတ် 21st century Crown's Wife.
ဂုဏ်အဆင့်အတန်းကလွဲပြီး ဘာမဆိုပိုင်ဆိုင်ထားတဲ့ Seong Hui Ju။ လုပ်ငန်းစုကြီးရဲ့ ဒုတိယသမီးအနေနဲ့မွေးလာပေမဲ့ အရည်အချင်း၊ ရုပ်ရည်၊ ငွေကြေး စတာတွေကို ပိုင်ဆိုင်ထားတာမို့ သူပြင်လို့မရတဲ့ သာမန်လူတန်းစားဆိုတဲ့အရာအပေါ်အားမလိုအားမရဖြစ်နေသူ။ ဒီအဆင့်အတန်းကို ပြင်ဖို့ ကြိုးစားချင်သူ။
မင်းသားကြီးအီအန်ကတော့ နတ်ရွာစံဘုရင်ရဲ့ ကြင်ရာတော်ကမွေးတဲ့ဒုတိယသားသာဖြစ်တာမို့ တော်ဝင်ဂုဏ်ဒြပ်ဖြစ်တဲ့ မင်းသားကြီးဆိုတဲ့ဂုဏ်ကလွဲလို့ ဘာမှပိုင်ဆိုင်ခွင့်မရှိတဲ့သူ။ သို့သော်ငြား မွေးရာပါကျက်သရေနဲ့နှစ်လိုဖွယ်ကောင်းမှုကြောင့် အများပြည်သူကြား အချစ်အခံရဆုံးတော်ဝင်မျိုးနွယ်အဖြစ် သတ်မှတ်ခံရသူ။
ဒီလိုမျိုး တူညီတဲ့အချက်ကိုယ်စီရှိပြီး တစ်ယောက်ရဲ့လိုအပ်ချက်ကို တစ်ယောက်ကဖြည့်စွက်နိုင်တာမို့ စာချုပ်နဲ့လက်ထပ်ဖို့အကြောင်းဖန်လာတဲ့အခါမှာတော့ တစ်တိုင်းပြည်လုံးကို အုတ်အော်သောင်းနင်းဖြစ်လာစေပါတော့တယ်။
ဘုရင်နေရာကို အပိုင်ချုပ်ကိုင်ချင်တဲ့ တော်ဝင်မျိုးနွယ်များအကြား စီးပွားရေးအမြင်နဲ့ ထက်မြက်တဲ့ကြင်ရာတော်တစ်ဦးအဖြစ် Hui-Ju တစ်ယောက် မင်းသားကြီး Yi-An ဘက်က ဘယ်လိုကူညီရပ်တည်မလဲ။ Yi-An ကရော သိုဝှက်ထားတဲ့ရည်မှန်းချက်တွေ ရှိနေလား။ ဟန်ဆောင်လက်ထပ်မှုအကြား ရှားပါးတဲ့အချစ်စစ်ကို ရှာနိုင်မလား ဆိုတာကို ကြည့်ရှုခံစားရအောင်ပါ။
ချန်နယ်joinကြည့်ပါ👇👇👇
https://t.me/+NOBL7w1vj0M3MDdl
ဇာတ်ကားလင့်ခ်👇👇👇
https://t.me/c/3774947924/30
15 525
သေမင်းတမန် Biker (သို့) ရပ်တန့်မရနိုင်သော ကံကြမ္မာ
D_e-a_t-h C-y_c-l_e (2-0-2-6)
IMDB ⭐️ 5/10
ဇာတ်လမ်းအကျဉ်း
အမှောင်ထု ကြီးစိုးတဲ့ ညတစ်ညမှာ ညီအစ်မနှစ်ယောက်ရဲ့ ဘဝဟာ ရက်စက်တဲ့ ယာဉ်တိုက်မှုတစ်ခုကြောင့် ရုတ်ချည်း ပြောင်းလဲသွားခဲ့တယ်။ ကားမောင်းသမားဟာ သက်သေဖျောက်ဖို့အတွက် ဒဏ်ရာပြင်းပြင်းထန်ထန် ရနေတဲ့ ညီမဖြစ်သူကိုပါ ရက်ရက်စက်စက် သတ်သွားခဲ့ပေမဲ့...
အစ်မဖြစ်သူက သေမင်းဆီက ရုန်းထွက်လွတ်မြောက်လာတဲ့ကိုတော့ သူ မသိခဲ့ပါဘူး။
မျက်မြင်သက်သေ အစ်မဖြစ်သူက တရားခံကို ဖော်ထုတ်ခဲ့ပေမဲ့...
ငွေနဲ့ အာဏာရှိတဲ့ အသိုင်းအဝိုင်းက အရာရာကို ဖုံးဖိပြီး သူ့ရဲ့ စွပ်စွဲချက်တွေကို ဖိနှိပ်ပစ်ခဲ့ကြပါတယ်။
ဒါပေမဲ့ တရားဥပဒေက မျက်ကွယ်ပြုထားတဲ့ တရားမျှတမှုကို “သူ” က ကိုယ်တိုင် လာယူပေးတဲ့အခါမှာတော့...
အာဏာရှိ မိသားစုဝင်တွေ တစ်ယောက်ပြီးတစ်ယောက် ရက်ရက်စက်စက် အသတ်ခံလာရပြီး အခင်းဖြစ်နေရာတိုင်းမှာ အနက်ရောင် ဦးထုပ်ဆောင်းထားတဲ့ “Biker” တစ်ယောက်ကလွဲလို့ ဘာသဲလွန်စမှ ကျန်မနေခဲ့ပါဘူး။
ဒီအမှုဆိုးကြီးကို စုံစမ်းဖို့အတွက် မိသားစုက သတင်းထောက်ဖြစ်တဲ့ မောင်လေးကို ပြန်ခေါ်ခဲ့ရတဲ့အခါ...
တကယ်တော့... သွေးအေးအေးနဲ့ အမဲလိုက်နေတဲ့ အနက်ရောင် Biker က ဘယ်သူများလဲ?
နာကျည်းချက်တွေနဲ့ ပြည့်နေတဲ့ နစ်နာသူ မိသားစုဝင်တစ်ယောက်လား?
ဒါမှမဟုတ် တရားဥပဒေအထက်က နတ်ဆိုးတွေကို အပြစ်ပေးမဲ့ သေမင်းတမန်လား?
သွေးကြွေးကို သွေးကြွေးနဲ့ ဆပ်တာကရော တကယ့် တရားမျှတမှုရော ဟုတ်နိုင်ပါ့မလား?
15 525
မင်္ဂလာဦးညမှာ ဘယ်သူ့ကို tတ်မလဲ
A_n E-n_e-m_y W-i-t_h-i_n (2-0-2-6)
IMDB ⭐️ 4.5/10
"မင်္ဂလာဦးညမှာ ယောက္ခမကို သတ်မလား၊ ကိုယ်ချစ်ရတဲ့ သတို့သမီး အသတ်ခံရတာကို ထိုင်ကြည့်နေမလား"
မင်္ဂလာပွဲဆိုတာ လူတစ်ယောက်ရဲ့ဘဝမှာ အပျော်ဆုံးနေ့တစ်နေ့ပါ။ ဒါပေမဲ့ ကိုယ့်ရဲ့မင်္ဂလာဦးညဟာ သွေးစွန်းတဲ့ ညတစ်ညဖြစ်လာမယ်ဆိုရင်ရော…
Narnia ဇာတ်ကားတွေထဲက ပီတာလို့ ပြောလိုက်ရင် အားလုံးသိကြမယ့် ပရိသတ်အချစ်တော် မင်းသားချော William Moseley ခေါင်းဆောင်ပါဝင်ထားတဲ့ အသစ်စက်စက် Action Thriller ကားကြမ်းကြမ်းလေးတစ်ကားကို ဘော်ဒါတို့အတွက် ခုပဲ တင်ဆက်ပေးလိုက်ပါပြီ။
ဇာတ်လမ်းကတော့ ကေလက်ဘ်ဆိုတဲ့ လူငယ်လေးဟာ ချမ်းသာပြီး အာဏာရှိတဲ့ မိသားစုတစ်ခုက ကောင်မလေး ဂျူလီယာနဲ့ လက်ထပ်လိုက်ပါတယ်။ ဇိမ်ခံဟိုတယ်ကြီးတစ်ခုမှာ မင်္ဂလာဧည့်ခံပွဲကို အကြီးအကျယ်ကျင်းပနေတုန်းမှာပဲ ကေလက်ဘ်ရဲ့ အိတ်ကပ်ထဲကို ဂြိုဟ်တုဖုန်းတစ်လုံး ရောက်လာပါတယ်။
အဲဒီဖုန်းထဲကနေ "ဝံပုလွေ" လို့ခေါ်တဲ့ ကြေးစားလူသတ်သမားတစ်ယောက်က ဆက်လာပြီး "ညသန်းခေါင်မတိုင်ခင် မင်းရဲ့ ယောက္ခမဖြစ်သူကို သတ်... မသတ်ရင် မင်းရဲ့ သတို့သမီး သေမယ်" ဆိုပြီး ရွေးချယ်စရာမရှိတဲ့ အကြပ်အတည်းတစ်ခုကို ဖန်တီးလိုက်ပါတော့တယ်။
အပြင်မှာတော့ မင်္ဂလာပွဲလာ ဧည့်သည်တွေက သီချင်းသံတွေနဲ့ ပျော်ပျော်ပါးပါး ကခုန်နေကြပေမဲ့၊ အထဲမှာတော့ ကေလက်ဘ်တစ်ယောက် အချိန်နဲ့အမျှ အသက်လုနေရပါပြီ။ အချိန်ကလည်း တဖြည်းဖြည်း ကုန်လာသလို၊ ဒီချမ်းသာတဲ့ မိသားစုနောက်ကွယ်က အကျင့်ပျက်ခြစားမှုတွေ၊ ရက်စက်တဲ့ လျှို့ဝှက်ချက်တွေကလည်း ဘူးပေါ်သလို တစ်ခုပြီးတစ်ခု ပေါ်လာတဲ့အခါ…
ကိုယ်ချစ်ရတဲ့ မိန်းမကို ကယ်ဖို့အတွက် ကေလက်ဘ်တစ်ယောက် လူသတ်သမားဘဝကို ခံယူမလား... ဒီပဟေဠိဆန်တဲ့ The Wolf ရဲ့ တကယ့်ရည်ရွယ်ချက်ကရော ဘာလဲ... ဆိုတာကို ဇာတ်လမ်းအစကနေ အဆုံးထိ ရင်တမမနဲ့ ကြည့်ရှုရမှာပါ။
Ready or Not လိုမျိုး Single-location thriller ဇာတ်ကွက်မျိုးကိုမှ သဘောကျတဲ့သူတွေ၊ အချိန်နဲ့အမျှ ပြေးနေရတဲ့ Cat and Mouse လို Survival Action ကားတွေကို ကြိုက်တဲ့သူတွေအတွက်တော့ ဒီကားက အကြိုက်တွေ့စေမှာ အသေအချာပါပဲ။
ချန်နယ်joinကြည့်ပါ👇👇👇
https://t.me/+HVoHJA7B_VQ0M2Vl
ဇာတ်ကားကြည့်ရန်👇👇👇
https://t.me/c/2557595956/2270
15 525
ခိုးယူခံရသော အရိပ်
(盗影迷局) The Lost Shadow 2026
"တစ်ခါတလေကျရင် ကျေးဇူးတရားဆိုတာ ဝတ်ရုံတစ်ခုလို ကိုယ့်ကို နွေးထွေးစေပေမဲ့ အဲဒီဝတ်ရုံကပဲ ကိုယ့်ကို အမှောင်ထုထဲ ဆွဲခေါ်သွားတဲ့ ကြိုးတစ်ချောင်းလည်း ဖြစ်နေရင်..."
လူ့သဘာဝရဲ့ အားနည်းချက်ကို အသုံးချပြီး လှည့်စားတတ်တဲ့ လောကကြီးအကြောင်းကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ကားမျိုးဖြစ်တာမို့ အကြိုက်တွေ့စေမှာပါ
ဇာတ်လမ်းအကျဉ်း 📝
Chen Jianye ဟာ လေဖြတ်နေတဲ့ မိခင်အိုကြီးကို အကောင်းဆုံး ပြုစုစောင့်ရှောက်ဖို့အတွက် ငွေကြေးအသည်းအသန် လိုအပ်နေသူတစ်ဦးပါ ဒီလိုအားနည်းချက်ကို သိတဲ့ Shi Daokuan ရဲ့ လှည့်စားမှုကို ယုံမိပြီး Chen JianYe ဟာ မတော်တဆ ကြီးလေးတဲ့ ခိုးမှုတစ်ခုထဲမှာ ပါဝင်ပက်သက်မိသွားပါတယ်
အမှားကို သိလို့ ရဲစခန်းမှာ ဝန်ခံဖို့ ပြင်ဆင်နေချိန်မှာပဲ Shi DaoKuan က သူ့အပေါ်မှာ ထားခဲ့တဲ့ အပေါ်ယံ ကျေးဇူးတရားတွေနဲ့ ပြန်လည်နှောင်ဖွဲ့လိုက်တာကြောင့် Chen JianYe ဟာ ပိုပြီး နက်ရှိုင်းတဲ့ ရာဇဝတ်မှုတွင်းထဲကို ကျဆင်းသွားခဲ့ရပါတယ်
ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ Shi Daokuanရဲ့ အတ္တကြီးမှုနဲ့ လောဘဇာတ်ရုပ် အစစ်အမှန် ပေါ်လာတဲ့အခါမှာတော့ Chen JianYe ဟာ မိသားစုအပေါ်ထားတဲ့ သံယောဇဉ်နဲ့ ဥပဒေကြားမှာ နောက်ဆုံး ဘယ်လိုဆုံးဖြတ်ချက်ကို ချလိုက်မလဲဆိုတာ....
ဒီကားမှာ ငွေကြောင့် အမှားလုပ်မိသူ နဲ့ ကျေးဇူးတရားကို လက်နက်သဖွယ် အသုံးချသူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အားပြိုင်မှုကို ထိထိမိမိ ရိုက်ပြထားတဲ့အပြင်
အမှောင်ထဲက ရုန်းထွက်ပြီး အလင်းကို ရှာဖွေမယ့် ဒီခရီးစဉ်ကို SoulKingdom မှာ အခုပဲ အားပေးကြည့်ရှုလိုက်ရအောင်
15 525
Off Campus (2026) S1
+++++++++++++
အပိုင်း ( ၁ မှ ၈ ) အထိ စ / ဆုံး
[ အချစ်ခန်းများ ရဲရဲတင်းတင်း ပါဝင်သောကြောင့် မိသားစုနှင့်အတူ ကြည့်ရှုရန် မသင့်တော်ပါ။
လူငယ်ပရိသတ်တွေ အကြိုက်တွေ့မယ့် Hockey Romance ကားကောင်းလေး ဖြစ်ပါတယ်။ ]
ဒီစီးရီးဟာ စာရေးဆရာမ Elle Kennedy ရဲ့ နာမည်ကျော် လူငယ်အချစ်ဝတ္ထုတွဲကို အခြေခံပြီး ရိုက်ကူးထားတဲ့ Sport Romance
အမျိုးအစား စီးရီးတစ်ခုဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ Briar တက္ကသိုလ်ရဲ့ နာမည်ကျော် Ice Hockey အသင်းက ကစားသမားလေးယောက်နဲ့ သူတို့ရဲ့
အချစ်ဇာတ်လမ်းတွေကို တစ်ယောက်ချင်းစီ အသားပေး ရိုက်ကူးထားတာပါ။
ပထမဆုံးအပိုင်းမှာတော့ ဟော်ကီ အသင်းခေါင်းဆောင် Garrett Graham နဲ့ ဂီတမေဂျာက ကျောင်းသူလေး Hannah Wells တို့ရဲ့
ဇာတ်လမ်းကို မြင်တွေ့ရမှာပါ။
Garrett ဟာ သူ့ရဲ့ GPA အမှတ်တက်ဖို့အတွက် Hannah ကိုစာကူလုပ်ပေးဖို့ အကူအညီ တောင်းခံရာကနေ သူတို့နှစ်ယောက်ကြားမှာ
သဘောတူညီချက်တစ်ခု စတင်ခဲ့ပါတယ်။
တစ်ယောက်ကိုတစ်ယောက် အသုံးချရာကနေ တဖြည်းဖြည်းနဲ့ အစစ်အမှန် ချစ်မိသွားကြပုံ၊ တက္ကသိုလ်ကျောင်းသားဘဝရဲ့ ရုန်းကန်မှုတွေနဲ့
ဟော်ကီလောကရဲ့ ပြိုင်ဆိုင်မှုတွေကို ရိုမန်တစ်ဆန်ဆန် ပုံဖော်ထားပါတယ်။ ဒီစီးရီးဟာ ပေါ့ပေါ့ပါးပါးနဲ့ ရင်ခုန်စရာ Romance Series တွေကို
နှစ်သက်တဲ့သူတွေအတွက် တကယ်ကို အကြိုက်တွေ့စေမဲ့ စီးရီးတစ်ခုပါပဲ။
ချန်နယ်joinကြည့်ပါ👇👇👇
https://t.me/+sHLyxfc2smVhYzVl
ဇာတ်ကားကြည့်ရန်👇👇👇
https://t.me/c/2704450145/725
15 525
The Loved One (2026)
ဒီကားက "ဝေးကွာနေတဲ့ ချစ်ခြင်းမေတ္တာ" (Long Distance Love) နဲ့ "စွန့်လွှတ်အနစ်နာခံမှု" အကြောင်းကို အဓိကထား ရိုက်ပြထားတာပါ။
ဇာတ်လမ်းထဲမှာ မင်းသားနဲ့ မင်းသမီးက ငယ်ချစ်ဦးတွေ ဖြစ်ကြပေမယ့် ဘဝပေးအခြေအနေကြောင့် တစ်ယောက်က ပြည်ပမှာ အလုပ်သွားလုပ်ရပြီး၊ ကျန်ခဲ့တဲ့သူကတော့ မိသားစုတာဝန်တွေကို ထမ်းဆောင်ရင်း ဝေးကွာခဲ့ကြသူတွေပေါ့။
နှစ်အတော်ကြာမှ ပြန်ဆုံကြတဲ့အခါမှာတော့ သူတို့ကြားမှာ အရင်လို အချစ်တွေရှိနေသေးပေမယ့် လက်ရှိဘဝရဲ့ အခြေအနေတွေ၊ မိသားစု အကျပ်အတည်းတွေနဲ့ အသစ်ရောက်လာတဲ့ ပတ်ဝန်းကျင်တွေကြောင့် သူတို့ရဲ့အချစ်က ရှေ့ဆက်ဖို့ ခက်ခဲနေတဲ့အကြောင်းကို ရင်နင့်အောင် ရိုက်ပြထားပါတယ်။
ဖိလစ်ပိုင်အချစ်ကားတွေရဲ့ ထုံးစံအတိုင်း စိတ်ကူးယဉ်ဆန်ရုံတင် မဟုတ်ဘဲ တကယ့်ဘဝမှာ ဖြစ်ပျက်နေတဲ့ လူမှုရေးအခက်အခဲတွေကိုပါ ထည့်သွင်းထားလို့ ကြည့်ရတာ တော်တော်လေး ခံစားချက်ပါစေပါတယ်။
အဓိကသရုပ်ဆောင်နှစ်ယောက်ရဲ့ သရုပ်ဆောင်ချက်တွေက အရမ်းကို သဘာဝကျပြီး ဖိလစ်ပိုင်ဒရာမာပရိသတ်တွေအတွက်တော့ မျက်ရည်ကျရမယ့် ကားမျိုးပါ။
ဖိလစ်ပိုင်နိုင်ငံရဲ့ လှပတဲ့ ကမ်းခြေဒေသတွေနဲ့ မြို့ပြအလှတွေကို အကောင်းဆုံး ရိုက်ချက်တွေနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
"The Loved One" (2026) ကတော့ အချစ်စစ်ဆိုတာ ပိုင်ဆိုင်ရုံတင် မဟုတ်ဘဲ ကိုယ်ချစ်ရတဲ့သူ (The Loved One) အတွက် အကောင်းဆုံး ဖြစ်စေချင်တဲ့စိတ်နဲ့ ဘယ်လိုဆုံးဖြတ်ချက်တွေ ချကြမလဲဆိုတာကို ရိုက်ပြထားတဲ့ အလွန်ကောင်းမွန်တဲ့ ရိုမန်းတစ်ဒရာမာကားလေးတစ်ကား ဖြစ်ပါတယ်။
ဖိလစ်ပိုင် အချစ်ကားတွေကိုမှ စွဲစွဲလန်းလန်း ကြည့်တတ်တဲ့သူဆိုရင်တော့ ဒါက ၂၀၂၆ အတွက် Must-watch စာရင်းထဲမှာ ပါပါတယ်။
ဇာတ်ကားကြည့်ရန်👇👇👇
https://t.me/burmasubmov/2908
15 525
Bikini Nurses (2026)
ဘီကီနီသူနာပြုဆေးခန်းဆိုတာ နာမည်အတိုင်းပဲ ဘီကီနီဝတ်ထားတဲ့ သူနာပြုချောချောလေး ၃ ယောက်က ဝန်ဆောင်မှုပေးနေတဲ့ ဆေးခန်းပါ။
အဲဒီဆေးခန်းကို နေမကောင်းချင်ယောင်ဆောင်ပြီး ဂရုစိုက်ခံချင်လို့ ခဏခဏလာပြနေတဲ့ ဘီလ်ဆိုတဲ့ သန်းကြွယ်သူဌေးတစ်ယောက်ရှိပါတယ်။
တစ်နေ့မှာတော့ သူ့ရဲ့ လုပ်ရပ်ကို သည်းမခံနိုင်တော့တဲ့အဆုံး ဆေးခန်းက သူနာပြုတစ်ယောက်က စကားအခြေအတင်ပြောရာကနေ ဘီလ်တစ်ယောက် ဒေါသထွက်သွားပြီး ဆေးခန်းကို အပိုင်ဝယ်ပြီး အကုန်လုံးကို အလုပ်ဖြုတ်ဖို့ ကြံစည်ပါတော့တယ်။
ဒီလိုနဲ့ ဆေးခန်းလေးကို မပိတ်ချင်တဲ့ သူနာပြု ၃ ယောက်လည်း အရင်က ဝင်ထွက်သွားလာနေကျ အနုပညာရှင်သူဌေးကြီးတစ်ယောက်ကို ချဥ်းကပ်ပြီး အကူအညီတောင်းရပါတော့တယ်။
ဒီဆေးခန်းလုပွဲမှာ သူနာပြုတွေပဲ နိုင်သွားမလား၊ ဘီလ်ပဲ ဆေးခန်းကို အပိုင်ရသွားမလားဆိုတာတော့ ဇာတ်ကားလေးထဲမှာ စောင့်ကြည့်ရမှာပါ။
15 525
ထိုင်းအောက်လမ်းဟော်ရာကားသစ် ပါနောတူး
P_a-n_o-r 2 (2-0-2-6)
IMDB ⭐️ 6.2/10
"အတိတ်ကို မေ့ဖျောက်ထားနိုင်ပေမဲ့... ကိုယ့်ဆီကပါလာတဲ့ ဝဋ်ကြွေးတွေကိုတော့ ရှောင်ပုန်းလို မရနိုင်ဘူးလေ"
ထိုင်းအောက်လမ်း ဟော်ရာကားကောင်းကောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် ၂၀၂၆ ခုနှစ်ထွက် ထိုင်းဇာတ်ကားသစ်ကြီး "Panor 2" ကို တင်ဆက်ပေးလိုက်ပါပြီဗျာ။
ဒီကားကတော့ အောက်လမ်းပညာကားတွေထဲမှာ နာမည်ကြီးတဲ့ ကာရိုက်တာတစ်ခုဖြစ်တဲ့ ပါနော ရဲ့ အဆက်ဇာတ်လမ်းပဲ ဖြစ်ပါတယ်။
ရှေ့ကားဖြစ်တဲ့ အပိုင်း (၁) တုန်းက ပနော်ဟာ မျက်လုံးသုံးလုံးနတ်ဘုရား (Three-Eyed God) ရဲ့ ကြောက်မက်ဖွယ် စွမ်းအားတွေကို စွန့်လွှတ်လိုက်တယ်ဆိုတာ မှတ်မိကြဦးမှာပါ။ အဲဒီလို စွန့်လွှတ်လိုက်ပြီးတဲ့နောက်မှာတော့ သူမရဲ့ ဘဝကြီးဟာ အစကနေ ပြန်လည်စတင်ရသလို ဖြစ်သွားပြီး သူမရဲ့ မှတ်ဉာဏ်တွေအားလုံးလည်း ဖျက်ပစ်ခံလိုက်ရပါတယ်။
ဒီတစ်ခါ အပိုင်း (၂) မှာတော့ မှတ်ဉာဏ်တွေပျောက်ဆုံးနေတဲ့ ပါနောတစ်ယောက် ဆေးကုသပေးတဲ့ ဆရာမလေးတစ်ယောက်အနေနဲ့ ဘဝသစ်ကို ဖြတ်သန်းဖို ကြိုးစားနေတာပါ။
ဒါပေမဲ့ သူ့ရဲ့ အစစ်အမှန် စွမ်းအားတွေ နိုးထမလာခင်စပ်ကြားမှာတင် ပါနောတစ်ယောက် ပတ်ဝန်းကျင်က လူတွေရဲ့ အမြဲတမ်း အထင်လွဲမှားမှုတွေ၊ အပြစ်တင်မှုတွေကို ဆက်တိုက် ခံလာရပါတယ်။
ပိုဆိုးတာက ပတ်ဝန်းကျင်မှာ လူသေမှုတွေဖြစ်လာတဲ့အခါ လူတွေက ပါနောကိုပဲ လူသတ်သမားဆိုပြီး ဝိုင်းဝန်းစွပ်စွဲလာကြတဲ့အခါမှာတော့…
မှတ်ဉာဏ်တွေမရှိတော့တဲ့ ပါနောတစ်ယောက် ဒီလို အကျပ်အတည်းတွေ၊ စွပ်စွဲမှုတွေကြားကနေ ဘယ်လိုရုန်းထွက်မလဲ။ သူ့ရဲ့ ကိုယ်တွင်းက အစစ်အမှန် စွမ်းအားကြီး နိုးထလာတဲ့အခါမှာရော လူတွေကို ဘယ်လို ပြန်လည်တုံပြန်မလဲဆိုတာကတော့…
ထိုင်းအောက်လမ်း ဟော်ရာကားတွေရဲ့ ထုံးစံအတိုင်း ကျောချမ်းစရာ အဖြစ်အပျက်တွေ၊ အစိမ်းသေ သရဲခြောက်လှန့်မှုတွေနဲ့အတူ ပါနောရဲ့ အမိုက်စား Comeback ကို မြင်တွေ့ရမှာဖြစ်လို လက်မလွတ်တမ်း ခုပဲ ဒေါင်းကြည့်လိုက်ကြပါဦးစို။
ချန်နယ်joinကြည့်ပါ👇👇👇
https://t.me/+NOBL7w1vj0M3MDdl
ဇာတ်ကားလင့်ခ်👇👇👇
https://t.me/c/3774947924/16
