ar
Feedback
Bioscope Vibes

Bioscope Vibes

قناة بسيطة

Well

إظهار المزيد
لم يتم تحديد البلدالفئة غير محددة

📈 نظرة تحليلية على قناة تيليجرام Bioscope Vibes

تُعد قناة Bioscope Vibes لاعباً نشطاً. يضم المجتمع حالياً 15 371 مشتركاً، محتلاً المرتبة في فئة اخرى.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 15 371 مشتركاً.

بحسب آخر البيانات بتاريخ 26 سبتمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار 784، وفي آخر 24 ساعة بمقدار 5، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 6.07‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 1.59‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 933 مشاهدة. وخلال اليوم الأول يجمع عادةً 244 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 1.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
“Well”

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 27 سبتمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة اخرى.

15 371
المشتركون
+524 ساعات
+1337 أيام
+78430 أيام
أرشيف المشاركات
T-h-e M-o-n-g-o-o-s-e (2026) ရှယ်ကြမ်း အက်ရှင်ကားသစ်
T-h-e M-o-n-g-o-o-s-e (2026) ရှယ်ကြမ်း အက်ရှင်ကားသစ်

T*A*X*I (1998) IMDB (7/10) ဒန်နီယယ်ဟာ ပြင်သစ်နိုင်ငံ မာဆေးမြို့မှာ တက္ကစီမောင်းတဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး ကားမောင်းကျွမ်းကျင်မှုမှာတော့ သာမန်တက္ကစီဒရိုင်ဘာတစ်ယောက် မဟုတ်ဘဲ အရှိန်မြင့်ကားမောင်းရာမှာ အလွန်ကျွမ်းကျင်သူတစ်ယောက် ဖြစ်ပါတယ် တစ်နေ့မှာတော့ ကားမောင်းတာ မကျွမ်းကျင်တဲ့ ရဲအရာရှိ အီမီလီယန်နဲ့ တွေ့ဆုံမိပြီး သူ့ဘဝဟာ မထင်မှတ်ဘဲ ပြောင်းလဲသွားပါတော့တယ် အီမီလီယန်ဟာ မာဆေးမြို့ထဲမှာ အန္တရာယ်အရှိဆုံး ဘဏ်ဓားပြဂိုဏ်းတစ်ခုဖြစ်တဲ့ Mercedes အဖြူရောင်ကားတွေ အသုံးပြုတဲ့ ဂျာမန်ဓားပြဂိုဏ်းကို လိုက်လံဖမ်းဆီးနေပေမယ့် အကြိမ်ကြိမ် လက်လွတ်နေခဲ့ပါတယ် နောက်ဆုံးမှာတော့ ဒန်နီယယ်ရဲ့ အံ့မခန်းကားမောင်းကျွမ်းကျင်မှုကို အသုံးချဖို့အတွက် သူ့ကို ကူညီပေးရန် တောင်းဆိုလိုက်ပါတော့တယ် အစပိုင်းမှာ ရဲတွေနဲ့ မပတ်သက်ချင်တဲ့ ဒန်နီယယ်ဟာ အခြေအနေအမျိုးမျိုးကြောင့် အီမီလီယန်နဲ့ ပူးပေါင်းပြီး ဓားပြဂိုဏ်းနောက်ကို လိုက်ဖမ်းရပါတော့တယ် အရှိန်ပြင်းပြင်းနဲ့ လမ်းမပေါ်မှာ ကားလိုက်ဖမ်းတဲ့ အက်ရှင်ခန်းတွေ ရယ်စရာကောင်းတဲ့ အခြေအနေတွေနဲ့ ဒန်နီယယ်နဲ့ အီမီလီယန်တို့ရဲ့ မတူညီတဲ့ စရိုက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ဟာသတွေကိုလည်း အပြည့်အဝ ခံစားရမှာဖြစ်ပါတယ် Luc Besson ရဲ့ ဇာတ်ညွှန်းနဲ့ Gérard Pirès ရဲ့ ဒါရိုက်တာလက်ရာဖြစ်ပြီး အက်ရှင် ကားပြိုင်ပွဲ ဟာသနဲ့ ရဲမှုခင်းဇာတ်လမ်းတွေကို ပေါင်းစပ်ထားတဲ့ ပြင်သစ်ကားကောင်းတစ်ကား ဖြစ်ပါတယ် အရှိန်ပြင်းကားလိုက်ခန်းတွေနဲ့ ပေါ့ပေါ့ပါးပါး ဟာသတွေကို နှစ်သက်သူတွေအတွက် ဖျော်ဖြေမှုကောင်းကောင်း ပေးစွမ်းနိုင်မယ့် Taxi ရုပ်ရှင်စီးရီးရဲ့ ပထမဆုံးကား ဖြစ်ပါတယ် ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+sHLyxfc2smVhYzVl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/2704450145/1585

T*A*X*I (1998)
T*A*X*I (1998)

Pretty Young Love (2025) IMDb Rating (5.9) ဆယ်ကျော်သက် ကျောင်းသူလေးတစ်ယောက်နဲ့ ကျောင်းက ဆရာသစ်တစ်ဦးတို့ကြားက အချစ်ဇာတ်လမ်းကိုရိုက်ကူးထားတဲ့ ဒိန်းမတ် Drama / Romance ကားတစ်ကားပါ။ ဇာတ်လမ်းကတော့ အထက်တန်းကျောင်းသူလေးတစ်ယောက်နဲ့ ကျောင်းဆရာသစ်တစ်ဦးတို့အကြား ဖြစ်ပေါ်လာတဲ့ ရိုမန့်တစ် ဆက်ဆံရေးကနေ စတင်ထားတာပါ။ မဖြစ်သင့်တဲ့ တားမြစ်အချစ်ရေးတစ်ခုဖြစ်တာကြောင့် သူတို့နှစ်ယောက်ဟာ အခြားသူတွေ မသိအောင် လျှို့ဝှက်စွာ တွဲခဲ့ကြပါတယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ သူတို့ကြားက စည်းတွေဟာ မသဲကွဲတော့ဘဲ ဒီလျှို့ဝှက်ချက်ကြီးကပဲ ကျောင်းသူလေးရဲ့ စိတ်ပိုင်းဆိုင်ရာ၊ သူငယ်ချင်းအပေါင်းအသင်း၊ ပညာရေးနဲ့ မိသားစုဆက်ဆံရေး အစရှိတဲ့ ဘဝတစ်ခုလုံးပေါ်ကို တဖြည်းဖြည်းချင်း အဆိပ်အတောက်ဖြစ်ကာ စတင် ထိခိုက်ရိုက်ခတ်လာပါတော့တယ်။ စိတ်ကစားမှုကနေ ဘဝကို ပျက်စီးစေတဲ့ စိတ်ဖိစီးမှုအဖြစ် ပြောင်းလဲသွားတဲ့အခါ သူမအနေနဲ့ ဒီဆက်ဆံရေးဆိုးကြီးထဲကနေ ရုန်းထွက်ဖို့ ကြိုးစားရပုံကို ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+_EjqNe-b4CQxYzQ1 ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/4315958829/543

P-r-e-t-t-y Y-o-u-n-g L-o-v-e (2025)
P-r-e-t-t-y Y-o-u-n-g L-o-v-e (2025)

အဆောင်နေသူများ ညဘက် အနောက်လှည့်မကြည့်ရဲစေမဲ့ အင်ဒိုသရဲကားသစ် P_e-r_j-a-n_j-i-a_n S-e_t-a-n (2-0-2-4) ============================== "ဈေးပေါတဲ့အဆောင်မှာ နေရတာ ငွေကုန်ကြေးကျ သက်သာတယ်ဆိုပေမဲ့... အဲဒီတန်ဖိုးကို ကိုယ့်ရဲ့အသက်နဲ့ ပြန်ပေးဆပ်ရမယ်ဆိုရင်..." Indo Horror ကားကောင်းကောင်း ကြိုက်တဲ့ ဘော်ဒါတွေအတွက် အခုမှ ပူပူနွေးနွေး ထွက်ထားတဲ့ အင်ဒိုသရဲကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းကတော့ ကာတီနီဆိုတဲ့ မိန်းကလေးဟာ မိဘတွေ သဘောမတူတဲ့ကြားကနေ ဂျကာတာမြိုကြီးကို ပညာသင်ဆုနဲ့ ကျောင်းသွားတက်ဖို ဆုံးဖြတ်လိုက်ရာကနေ စပါတယ်။ မြိုကြီးပြကြီးမှာ နေစရာရှာရတာ မလွယ်တဲ့အချိန် ကံကောင်းချင်တော့ ဈေးအရမ်းပေါတဲ့ အမျိုးသမီးသီးသန့် အဆောင်တစ်ခုကို သွားတွေ့ပါတော့တယ်။ အဆောင်ခသက်သာတော့ ကာတီနီတစ်ယောက် အတိုင်းမသိ ဝမ်းသာပြီး ချက်ချင်း ပြောင်းနေလိုက်တာပေါ့။ ဒါပေမဲ့ "အလကားရတဲ့ နေ့လယ်စာ မရှိဘူး" ဆိုတဲ့စကားလိုပဲ... ဒီအဆောင်မှာ လူတွေနားမလည်နိုင်တဲ့ ထူးဆန်းတဲ့ စည်းကမ်းချက်တွေ ရှိနေပါတယ်။ ညဘက်တွေဆို ထွက်ပေါ်လာတတ်တဲ့ မူမမှန်တဲ့ အသံတွေ၊ ခြောက်ခြားစရာ အရိပ်အယောင်တွေနဲ့အတူ ဒီအဆောင်ရဲ့ နောက်ကွယ်မှာ ဘယ်လို ကြောက်မက်ဖွယ်ရာ အမှောင်ထုကြီး ဖုံးကွယ်ထားလဲ... အိပ်မက်တွေကို အကောင်အထည်ဖော်ဖို လာတဲ့ ကာတီနီတစ်ယောက် အဆောင်ရဲ့ ထိတ်လန့်ဖွယ်ရာ လျှို့ဝှက်ချက်တွေကြားမှာ ဘယ်လို ရုန်းကန်ရမလဲ... သူ့အသက်ကိုရော ကယ်တင်နိုင်ပါ့မလားဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။ Indo Horror တွေရဲ့ ထုံးစံအတိုင်း အမိုက်မှောင်မှောင်၊ ကျောချမ်းစရာ အငွေ့အသက်တွေနဲ့ အစမ်းသပ်ခံရမဲ့ ဇာတ်ကွက်တွေကို အားရပါးရ မြင်တွေ့ရမှာပါ။ ညဘက် တစ်ယောက်တည်း အဆောင်မှာ နေတဲ့သူတွေဆိုရင်တော့ ဒီကားကြည့်ပြီးရင် အနောက်ကို လှည့်ကြည့်ဖိုတောင် လန့်သွားစေမဲ့ ဇာတ်ကားမျိုးမို Horror Fan တွေ လက်မနှေးတမ်း ရှုစားလိုက်ကြပါဦးစို။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+sHLyxfc2smVhYzVl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/2704450145/1580

အဆောင်နေသူများ ညဘက် အနောက်လှည့်မကြည့်ရဲစေမဲ့ အင်ဒိုသရဲကားသစ်
အဆောင်နေသူများ ညဘက် အနောက်လှည့်မကြည့်ရဲစေမဲ့ အင်ဒိုသရဲကားသစ်

Blood Shine (2026) IMDb Rating (5.1) / Rotten Tomatoes (81%) ရုပ်ရှင်ဖန်တီးသူတစ်ယောက်ဖြစ်တဲ့ ဘရိုက်တန်ဝက်စ်ဟာ သူ့ရဲ့ဟော်ရာဇာတ်ညွှန်းအသစ်ကိုအပြီးသတ်ရေးနိုင်ဖို့ဆူညံရှုပ်ထွေးတဲ့ မြို့ပြကနေရုန်းထွက်ပြီး သစ်တောထူထပ်တဲ့ တောမြို့လေးတစ်ခုကိုတစ်ကိုယ်တည်းထွက်ခွာလာခဲ့ပါတယ်။ အဲ့ဒီနေရာမှာပဲ တောအုပ်ထဲက အိမ်ကြီးတစ်လုံးမှာတစ်ဦးတည်းနေထိုင်တဲ့ ကလာရာဆိုတဲ့ ပဟေဠိဆန်ဆန်အမျိုးသမီးတစ်ယောက်နဲ့စတွေ့ခဲ့ပြီး မကြာခင်မှာပဲ အဲ့ဒီအမျိုးသမီးပြုသမျှ နုရမယ့် အကျဉ်းသားတစ်ယောက်ဘ၀ကိုရောက်သွားပါတော့တယ်။ 'Blood Shine'က Cult Horror ကိုမှ ဘာဂိုဏ်းဂဏယုံကြည်ကိုးကွယ်မှုဆိုတာတွေကိုအသေးစိတ်မပြပဲ မရေမရာသင်္ကေတတွေနဲ့တစ်ကားလုံးပုံဖော်သွားတာဖြစ်တဲ့အတွက် ပရိသတ်တွေကိုယ်တိုင် ဇာတ်ကောင်ရဲ့စိတ်ခံစားချက်၊မွန်းကျပ်မှု၊ မရေရာမှုတွေကိုကူးလူးဖလှယ်ခံစားနိုင်မှာပါ။ နောက်ပိုင်းမှာပါလာတဲ့နှိပ်စက်ခန်းတွေကလည်း အလွန်ကြမ်းတမ်းပြီး တော်ရုံစိတ်နှလုံးမျိုးနဲ့ကြည့်လို့မလွယ်တဲ့ ဇာတ်ကားမျိုးဆိုတာတော့ ကြိုပြောပါရစေ။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+NOBL7w1vj0M3MDdl ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/3774947924/854

B-l-o-o-d S-h-i-n-e (2026)
B-l-o-o-d S-h-i-n-e (2026)

P-e-n-n-y L-a-n-e I-s D-e-a-d (2026)

Penny Lane Is Dead (2026) IMDb Rating (6.0) ၁၉၈၆ နွေရာသီတစ်ခုမှာ ပန်နီ၊ တိုနီနဲ့ အေမီဆိုတဲ့ သူငယ်ချင်းသုံးယောက်ဟာ အထက်တန်းကျောင်းအပြီး တက္ကသိုလ်သွားမတက်ခင်ကမ်းခြေအိမ်တစ်ခုမှာ ပါတီပွဲ နွဲကြပါတယ်။ ပန်နီနဲ့တိုနီတို့က ချစ်သူတွေဖြစ်ကြပေမယ့် ခေတ်အခြေအနေအရ ပတ်ဝန်းကျင်ကိုဝန်မခံရသေးပါဘူး။ အဲ့ဒီမှာပဲ ပန်နီနဲ့တစ်သက်လုံးပြိုင်ဘက်ဖြစ်ခဲ့တဲ့ ညီအစ်မဝမ်းကွဲဖြစ်သူ ကတ်နဲ့ သူ့ရည်းစား မူးယစ်ဆေးအရောင်းအဝယ်သမား အန်းဂတ်စ်တို့ရောက်လာပြီး တရားလွန်စကြနောက်ကြရင်းနဲ့ သူတို့ရဲ့ အပျော်ပါတီပွဲဟာ သွေးသံရဲရဲ လူသတ်ပွဲအဖြစ်ပြောင်းသွားဖို့ဖြစ်လာပါတော့တယ်။ ဇာတ်လမ်းက ရိုးရှင်းပါတယ်။ ဒါပေမယ့် ကြည့်ရတာ အိုင်မနေပဲ ခပ်သွက်သွက်ဆွဲခေါ်သွားတာကြောင့်ရော၊ သရုပ်ဆောင်တွေရဲ့အချိတ်အဆက်မိမှုကြောင့်ရော ဟာသကွက်တွေကြောင့်ရောကြည့်ရတာ အစအဆုံး တောက်လျှောက်ပျော်စရာကောင်းတဲ့ကားပါ။ မင်းသမီးလှလှလေးတွေနဲ့မလိုက်အောင် အကြမ်းစား သွေးထွက်သံယိုတွေ စိတ်မသက်မသာဖြစ်လောက်အောင် ရက်စက်တဲ့ သတ်ဖြတ်ခန်းတွေကြောင့်တစ်ချိန်က All the Boys Love Mandy Lane တို့ Sorority Row တို့လို အရသာမျိုးပြန်ရတဲ့ ဇာတ်ကားမျိုးပါပဲ။

P-e-n-n-y L-a-n-e I-s D-e-a-d (2026)
P-e-n-n-y L-a-n-e I-s D-e-a-d (2026)

The Odyssey (2026) ( ဒီ The Odyssey (2026) ဇာတ်ကားဟာ ဒါရိုက်တာ Marcel Walz ရိုက်ကူးထားတဲ့ B-Movie Fantasy Action ကားတစ်ကားသာ ဖြစ်ပြီး ဒါရိုက်တာ Christopher Nolan ရိုက်ကူးနေတဲ့ ကမ္ဘာကျော် The Odyssey ရုပ်ရှင်မဟုတ်ပါ‌ကြောင်း ) ဒီကားက ရှေးဟောင်းဂရိကဗျာဆရာဟိုးမားရဲ့ ကမ္ဘာကျော်မဟာဗျူဟာမြောက်စာပေ "The Odyssey" ကို အခြေခံထားပြီး ခေတ်မီရုပ်ရှင်အတတ်ပညာတွေနဲ့ဖန်တီးထားတဲ့ စွန့်စားခန်းဒရမ်မာ (Epic Fantasy / Action Adventure) ရုပ်ရှင်ဖြစ်ပါတယ်။ ထရိုဂျန်စ-စ်-ပွဲ-အပြီးမှာ အစ်သကာ (Ithaca) နိုင်ငံရဲ့ ဘုရင် အိုဒီးစီးယပ်စ်(Odysseus) ဟာ သူ့ရဲ့ ဇနီး ပန်နယ်လိုပီ (Penelope) နဲ့ သားဖြစ်သူ တယ်လီမာကပ်စ် (Telemachus) တို့ဆီ ပြန်ဖို့ ပင်လယ်ပြင် ခရီးစတင်ခဲ့ပါတယ်။ ပင်လယ်နတ်ဘုရား ပိုဆိုက်ဒန် (Poseidon) ရဲ့ အမျ-က်-ဒေါ-သ-ကြောင့် ခရီးစဉ်ဟာ ၁၀ နှစ်တိုင်တိုင် ကြာမြင့်ခဲ့ရပါတယ်။ လမ်းခုလတ်မှာ မျက်လုံးတစ်လုံးတည်းပါတဲ့ ဆိုက်ကလော့ပ် (Cyclops) ဘီ-လူ-းကြီး၊ မှော်ဆရာမ စာစီ (Circe)၊ သီချင်းသံနဲ့ မျှားခေါ်တတ်တဲ့ဆိုက်ရင်းတွေ (Sirens) စတဲ့ အ-န္တ-ရာ-ယ်ပေါင်းစုံကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရပါတယ်။ ဘုရင်ပျော-က်ဆုံးနေချိန်မှာ အစ်သကာနန်းတော်ကို သိ-မ်းပို-က်ပြီး မိဖုရားကို အတ-င်းအကျ-ပ်လက်ထပ်ဖို့ ကြိုးစားနေကြသူတွေကို အိုဒီးစီးယပ်စ်တစ်ယောက် အသွင်ပြောင်းပုန်းကွယ်ကာ နန်းတော်ဆီ ပြန်လည်ဝင်ရောက်ပြီး တော်လှ-န်တို-က်ခို-က်ပုံကို စိတ်လှုပ်ရှားဖွယ် ရိုက်ပြထားတာ ဖြစ်ပါတယ်။ ဂရိဒဏ္ဍာရီစွန့်စားခန်းတွေကို နှစ်သက်သူတွေ၊ Troy နဲ့ Gladiator လို Epic ကားကြီးတွေကို သဘောကျသူတွေအတွက် ကြည့်ရှုသင့်တဲ့ကားကြီးပါ။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+sHLyxfc2smVhYzVl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/2704450145/1571

T-h-e O-d-y-s-s-e-y (2-0-2-6)
T-h-e O-d-y-s-s-e-y (2-0-2-6)

Ayla: The Daughter of War (2017) ဖြစ်ရပ်မှန် စစ်နောက်ခံရုပ်ရှင်ကားတစ်ခုကို တင်ပေးလိုက်ပါတယ် တောင်မြောက်ကိုရီးယား စစ်ပွဲမှာ ကူညီဖို့ရောက်လာတဲ့တူရကီတပ်ရဲ့ တပ်ကြပ်ကြီး ဆူလီမန်ဟာ တိုက်ပွဲထဲမှာ တစ်ယောက်ထဲကျန်နေခဲ့တဲ့ ကိုရီးယားကလေးမလေးတစ်ယောက်ကို ကယ်တင်လာခဲ့တယ် ကလေးလေးက စကားလည်းမပြောနိုင်၊ နာမည်လည်း မသိတာမို့ အိုင်လာလို့ပဲ နာမည်ပေးခဲ့လိုက်ပါတယ်..အိုင်လာဆိုတာ လရောင်လို့ အဓိပ္ပါယ်ရတဲ့ တူရကီစကားလေးပါပဲ စစ်ပွဲတစ်လျှောက်လုံး အသက်ဘေးကြားထဲကနေ ကလေးလေးကိုစောင့်ရှောက်ခဲ့တဲ့ တူရကီစစ်သားနဲ့ သူ့ကို အဖေလို့ပဲထင်နေတဲ့ အိုင်လာလေးရဲ့ ဘဝဇာတ်လမ်းပါပဲ နည်းမျိုးစုံနဲ့ မခွဲရဖို့ ကြိုးစားခဲ့ပေမယ့် တူရကီကို ပြန်ရတော့မယ့် အချိန်ရောက်လာတဲ့အခါ ဆူလီမန်ဟာ အိုင်လာကို ပြန်လာတွေ့ပါ့မယ်လို့ ကတိပေးထားခဲ့တယ် ဆူလီမန်က ပြောခဲ့တယ်..အဖေဆိုတာသားသမီးကို ပေးတဲ့ ကတိကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် အသက်ရှင်နေတာပါတဲ့..ကြည့်ရင်းနဲ့ ငိုခဲ့ရတဲ့ ကားလေးမို့ ကြည့်ဖြစ်အောင် ကြည့်စေချင်ပါတယ် ဇာတ်ကားလင့်ခ်👇👇👇 https://t.me/burmasubmov/3856

A*y*l*a: T*h*e D*a*u*g*h*t*e*r of W*a*r (2017)
A*y*l*a: T*h*e D*a*u*g*h*t*e*r of W*a*r (2017)

ကြွက်ထောင်ချောက် အစအဆုံး M-o-u-s-e-T-r-a-p (2026) ==================== “မင်းရဲ့နာမည် မင်းရဲ့အိမ် မင်းရဲ့ဘဝ… အကုန်လုံး တစ်ယောက်ယောက်က ခိုးယူသွားရင် ဘာလုပ်မလဲ?” ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင် Mun-Jae ကတစ်ယောက်တည်းအေးအေးဆေးဆေးနေတတ်တဲ့ စာရေးဆရာတစ်ယောက်ပါ။ သူ့ဘဝမှာ ယုံကြည်ရတဲ့သူဆိုလို့ အရာအားလုံးကို ကူညီပေးနေတဲ့ သူငယ်ချင်းတစ်ယောက်ပဲရှိပါတော့တယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ Mun-Jae ရဲ့ဘဝက ရုတ်တရက်ပြောင်းလဲသွားပါတယ်။ သူ့ဖုန်းကိုတောင်မှ ကာယကံရှင်လက်ဗွေနဲ့တောင် ဖွင့်လို့မရတော့ပါဘူး။ သူ့အတွက် အရာအားလုံးလုပ်ပေးနေတဲ့ သူငယ်ချင်းကလည်း အဆက်အသွယ်မရဘဲ ပျောက်သွားတယ်။ ပိုဆိုးတာက သူ့ကိုယ်သူ ဘယ်သူလဲဆိုတာ သက်သေပြဖို့တောင် မတတ်နိုင်တော့တာပါ။ အဲဒီအချိန်မှာ Mun-Jae သိလိုက်ရတာက.... “Rat” လို့ခေါ်တဲ့ တစ်စုံတစ်ယောက်က သူ့ရဲ့ နာမည်၊ ကိုယ်ရေးအချက်အလက်၊ ပိုင်ဆိုင်မှုနဲ့ ဘဝတစ်ခုလုံးကိုပါ ခိုးယူသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့် Mun-Jae က သူ့ဘဝကို ပြန်ရဖို့အတွက် Rat ကို ကိုယ်တိုင်လိုက်ရှာပါတော့တယ်။ ဒါပေမဲ့ ဒီအမှုမှာ Mun-Jae တစ်ယောက်တည်း မဟုတ်ပါဘူး။ သူ့လမ်းကြောင်းပေါ်ကို No-Ja ဆိုတဲ့ အေးဆေးတည်ငြိမ်ပြီး အလွန်အန္တရာယ်များတဲ့ လူတစ်ယောက် ဝင်လာပါတယ်။ No-Ja က ငွေတိုးချေးစားတဲ့သူတစ်ယောက်ဖြစ်သလို လျှို့ဝှက်စုံထောက်အေဂျင်စီကိုလည်း လုပ်ကိုင်နေသူဖြစ်ပါတယ်။ လူတွေရဲ့ လျှို့ဝှက်ချက်တွေ၊ ပျောက်ဆုံးနေတဲ့လူတွေကို ငွေယူပြီး လိုက်ရှာပေးတတ်ပါတယ်။ ဒါပေမဲ့ No-Ja နဲ့ Mun-Jae တို့ရဲ့ ဆက်နွယ်မှုကတော့ ထင်ထားတာထက် ပိုရှုပ်ထွေး‌နေပါတယ်။ Mun-Jae က No-Ja ဆီက ပိုက်ဆံချေးပြီး လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ပျောက်သွားခဲ့တာပါ။ အဲဒါကြောင့် No-Ja အတွက် Rat ကိုလိုက်ရှာတာဟာ Mun-Jae ကိုကူညီဖို့သက်သက်မဟုတ်ပါဘူး။ သူ့ပိုက်ဆံပြန်ရဖို့ Mun-Jae ကိုပါ လိုက်ဖမ်းနေတာပါ။ Mun-Jae က သူ့ဘဝကို ပြန်ရှာနေတာလား ဒါမှမဟုတ် သူ့ဘဝထဲမှာ တကယ်ရှိခဲ့တဲ့လူတစ်ယောက်ကို ရှာနေတာလား။တစ်ဖက်မှာလည်း No-Ja က အေးဆေးနေပြီး အရာအားလုံးကို စောင့်ကြည့်နေတဲ့ပုံပေါ်ပေမဲ့ သူ့ရဲ့ရည်ရွယ်ချက်တွေက ဘာလဲဆိုတာ သေချာမသိနိုင်သေးပါဘူး။ Mouse Trap က “ကိုယ့်ဘဝတစ်ခုလုံးကို တစ်ယောက်ယောက်က ခိုးယူသွားခဲ့ရင် ဘယ်လိုပြန်ရှာမလဲ” ဆိုတဲ့ စိတ်ဝင်စားစရာ premise နဲ့ စတင်ထားတဲ့ mystery thriller တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းတစ်လျှောက် ဘယ်သူ့ကိုယုံရမလဲ၊ ဘယ်သူကလိမ်နေတာလဲ၊ Mun-Jae က တကယ်ပဲ သားကောင်လား ဆိုတာတွေကို ဆက်တိုက်တွေးမိစေမှာဖြစ်လို့ mystery နဲ့ psychological thriller ကြိုက်တဲ့သူတွေအတွက်တော့ ကြည့်ရှုသင့်တဲ့ကားတစ်ကားဖြစ်ပါတယ်။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+buQl9qWTxKIwNDhl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/2951406680/244

ကြွက်ထောင်ချောက် အစအဆုံး
ကြွက်ထောင်ချောက် အစအဆုံး

အဖေ အသတ်ခံရတာကနေစပြီး တစ်မြို့လုံးကို ဦးစီးနေတဲ့ဂိုဏ်းကို ပြုန်းပြုန်းပြုတ်အောင် လက်စားချေမယ့်မောင်နှမကား တော့-ဇစ် (၂၀၂၆)

အဖေ အသတ်ခံရတာကနေစပြီး တစ်မြို့လုံးကို ဦးစီးနေတဲ့ဂိုဏ်းကို ပြုန်းပြုန်းပြုတ်အောင် လက်စားချေမယ့်မောင်နှမကား တော့-ဇစ် (၂၀၂၆) အိန
အဖေ အသတ်ခံရတာကနေစပြီး တစ်မြို့လုံးကို ဦးစီးနေတဲ့ဂိုဏ်းကို ပြုန်းပြုန်းပြုတ်အောင် လက်စားချေမယ့်မောင်နှမကား တော့-ဇစ် (၂၀၂၆) အိန္ဒိယလွတ်လပ်ရေးမရခင်ကနေ ဇာတ်အိမ်တည်ထားပြီး မောင်နှမတွေဖြစ်ကြတဲ့ ရာယာနဲ့ ဂင်္ဂါတို့ကို အမေက အဖေ့ကိုသတ်လိုက်ပြီးနောက် မိဘမဲ့ဘဝနဲ့ လူသေကောင်ရဲ့ပစ္စည်းတွေကို လိုက်ခိုးပြီးစားသောက်ရတဲ့အထိ ကြမ်းတမ်းခဲ့တယ်၊ ကြီးလာတဲ့အခါ အဖေ့ကိုသတ်တဲ့ ဖာနန်ဒက်နဲ့ ဆယ်ဗာဒေါတို့ဂိုဏ်းကို ပြန်လက်စားချေပြီး မြို့ကိုသူတို့ပြန်သိမ်းကြမယ့် အက်ရှင် မတရားကြမ်းတဲ့ကား ကြာချိန်က ၃ နာရီတောင်မို့ ဇာတ်လမ်းက အခုရေးထားတာထက် လှည့်ကွက်တွေပိုများသေးတယ်၊ ပြောရင် အရသာပျက်မှာမို့ ကိုယ်တိုင်သာအရသာခံကြည့်လိုက်ပါ