Bioscope Vibes
قناة بسيطة
Well
إظهار المزيدلم يتم تحديد البلدالفئة غير محددة
📈 نظرة تحليلية على قناة تيليجرام Bioscope Vibes
تُعد قناة Bioscope Vibes لاعباً نشطاً. يضم المجتمع حالياً 15 468 مشتركاً، محتلاً المرتبة في فئة اخرى.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 15 468 مشتركاً.
بحسب آخر البيانات بتاريخ 27 سبتمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار 659، وفي آخر 24 ساعة بمقدار 40، مع بقاء الوصول العام مرتفعاً.
- حالة التحقق: غير موثّقة
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 5.66%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 1.76% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 873 مشاهدة. وخلال اليوم الأول يجمع عادةً 272 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 1.
📝 الوصف وسياسة المحتوى
يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
“Well”
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 28 سبتمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة اخرى.
15 468
المشتركون
+4024 ساعات
+1817 أيام
+65930 أيام
أرشيف المشاركات
15 468
တမလွန်ရဲ့ နောက်ဆုံးစာမျက်နှာ
D_a-n_u-r: T_h-e L_a-s_t C-h_a-p_t-e_r (2-0-2-6)
IMDB ⭐️ 5/10
"တချို့သံယောဇဉ်တွေက သေဆုံးသွားရင်တောင် ဖြတ်တောက်လို့ မရနိုင်ဘူး..."
Indo Horror Series တွေထဲမှာ အရမ်းကို နာမည်ကြီးတဲ့ Danur ရဲ့ နောက်ဆုံးထွက် ဇာတ်ကားကြီးဖြစ်တဲ့ Danur: The Last Chapter (2026) ကို တင်ဆက်ပေးလိုက်ပါပြီ။
ရှေ့ကားတွေကို နည်းနည်းလေး ပြန်နွှေးရရင်... ငယ်ငယ်ကတည်းက သာမန်လူတွေ မမြင်ရတဲ့အရာတွေကို မြင်နိုင်စွမ်းရှိတဲ့ ရီဆာတစ်ယောက် ပီတာ၊ ဝီလျံ၊ ဂျန်ဆန် စတဲ့ တစ္ဆေသူငယ်ချင်းလေးတွေနဲ့ အတူတူ ဖြတ်သန်းရင်း ကြောက်မက်ဖွယ် ဝိညာဉ်ဆိုးတွေကို အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရတာ ပရိသတ်တွေ မှတ်မိကြဦးမှာပါ။
ဒီ "The Last Chapter" မှာတော့ ရီဆာဟာ သူ့ရဲ့ မမြင်ရတဲ့ တစ္ဆေသူငယ်ချင်းလေးတွေနဲ့ အဆက်အသွယ်ဖြတ်ပြီး ခွဲခွာနေခဲ့တာ အတော်ကြာခဲ့ပါပြီ။
သူလည်း မမြင်ရတဲ့ လောကကြီးကို ကျောခိုင်းပြီး သာမန်လူတစ်ယောက်လို အေးအေးချမ်းချမ်း နေထိုင်နေခဲ့တာပေါ့။
ဒါပေမဲ့... ကံကြမ္မာက သူ့ကို အလွတ်မပေးခဲ့ပါဘူး။ သူ့ရဲ့ ညီမလေး ရီရီကို ချစ်သူဖြစ်သူက ရှေးဟောင်း ပြဇာတ်ရုံဟောင်းကြီးတစ်ခုထဲမှာ လက်ထပ်ခွင့်တောင်းလိုက်တဲ့ အချိန်ကစပြီး သူတို့ရဲ့ အေးချမ်းမှုတွေ ပျက်စီးသွားပါတော့တယ်။
စွန့်ပစ်ခံ ပြဇာတ်ရုံဟောင်းကြီးရဲ့ နောက်ကွယ်မှာ ဘယ်လို သွေးပျက်စရာ လျှို့ဝှက်ချက်တွေ ရှိနေမလဲ... ရီဆာတစ်ယောက် သူ့ညီမလေးကို ကယ်တင်ဖို့အတွက် ကျောခိုင်းထားခဲ့တဲ့ မမြင်ရတဲ့လောကနဲ့ ပြန်လည်ဆက်သွယ်ရမလား... သူ့ရဲ့ တစ္ဆေသူငယ်ချင်းလေးတွေကရော သူ့ကို ပြန်လာကူညီကြမှာလား ဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။
ဒီကားမှာတော့ ပရိသတ်တွေရဲ့ အချစ်တော် နာမည်ကြီး မင်းသမီးချော Prilly Latuconsina က ရီဆာအဖြစ် ပြန်လည်ပါဝင်ထားပြီး၊ JKT48 က အဆိုတော်/မင်းသမီးချော Zee Asadel နဲ့ မင်းသား Dito Darmawan တို့က အဓိက ပါဝင်အားဖြည့်ထားပါတယ်။
Supernatural Horror နဲ့ Mystery Thriller အမျိုးအစားဖြစ်လို့ အင်ဒိုသရဲကားတွေရဲ့ ထုံးစံအတိုင်း အမိုက်စား Jump scare တွေ၊ ကျောချမ်းစရာ အငွေ့အသက်တွေနဲ့ ညဘက်တစ်ယောက်တည်းကြည့်ရင် လုံးဝ အသည်းယားစေမယ့် ဇာတ်ကားကောင်းလေးမို့ အခုပဲ ရှုစားလိုက်ကြပါတော့ဗျာ။
ချန်နယ်joinကြည့်ပါ👇👇👇
https://t.me/+_EjqNe-b4CQxYzQ1
ဇာတ်ကားကြည့်ရန်👇👇👇
https://t.me/c/4315958829/312
15 468
Row to Win 2025
IMDb 5.5
ဒီတလော ကမ္ဘာတစ်ဝှမ်း သဘာဝဘေးအန္တရာယ်တွေ ဆက်တိုက်ကြုံတွေ့နေရပြီး မြန်မာနိုင်ငံမှာလည်း မိုးရာသီနဲ့အတူ ရေကြီးရေလျှံမှုဒဏ်တွေကို ရင်ဆိုင်နေရတဲ့အချိန်မှာ၊
ခွန်အားနဲ့ မျှော်လင့်ချက်တစ်စုံတစ်ရာ ပေးစွမ်းနိုင်မယ့် ဇာတ်ကားလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးချင်ပါတယ်....
ပြက္ခဒိန်တွေမှာ မြင်တွေ့နေကျ တရုတ်ရိုးရာ နဂါးလှေလှော်ပြိုင်ပွဲ ကို နောက်ခံထားပြီး၊ လှိုင်းလုံးတွေရဲ့ အကြမ်းတမ်းဆုံးဒဏ်တွေကြားကနေ ဘဝပင်လယ်ကို မလျော့သောစိတ်နဲ့
ဆက်လက်ကူးခတ်ခဲ့တဲ့ ဟွမ်ရုံဖာ ဆိုတဲ့ လူတစ်ယောက်ရဲ့ ဘဝကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ...
ဟွမ်ရုံဖာဆိုတာ စွန့်စားလိုက်တိုင်း ကျရှုံးတတ်သူ၊ ကျရှုံးလိုက်တိုင်းလည်း လက်မလျှော့ဘဲ ထပ်မံကြိုးစားတတ်သူတစ်ယောက်ပါ။ ဒါပေမယ့် သူ့ရဲ့ကြိုးစားမှုတိုင်းက အောင်မြင်မှု
ဆီမရောက်ဘဲ ကျရှုံးမှုတွေနဲ့သာ ပြန်လည်တွေ့ဆုံနေရတယ်။ သားတစ်ယောက်အတွက် အထင်မကြီးခံရတဲ့အဖေ၊ သမီးတစ်ယောက်အတွက် ဝဋ်ကြွေးတစ်ခုလို ဖြစ်နေတဲ့ဖခင်၊
ဇနီးအတွက်လည်း ဝန်ထုပ်ဝန်ပိုးတစ်ခုလို အများအမြင်ခံရတဲ့ "ဆန်ကုန်မြေလေး" တစ်ယောက်ရဲ့ ဘဝကို ရိုးရိုးရှင်းရှင်းနဲ့ နက်နက်ရှိုင်းရှိုင်း တင်ဆက်ထားတာပါ...
ဟွမ်ရုံဖာဟာ တစ်ချိန်က အိပ်မက်တွေကို ယုံကြည်ခဲ့သူတစ်ယောက်။ ဒါပေမယ့် ကံကြမ္မာက သူ့ကို ထပ်ခါထပ်ခါ စမ်းသပ်ခဲ့တယ်။ စီးပွားရေးပျက်စီးမှု၊ အကြွေးပိမှု၊
မိသားစုရဲ့ အထင်အမြင်လွဲမှုတွေကြားမှာ သူ့ဘဝဟာ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့ရပါတယ်။ ဒါလည်း အရှုံးမပေးဘဲ ရေလုပ်သားအဖြစ် ဘဝကို တစ်ဖန်စတင်ခဲ့တယ်
နှစ်ပေါင်းများစွာ ပျောက်ကွယ်နေပြီးနောက် ပြန်ပေါ်လာချိန်မှာတော့ သူဟာ အရင်ကလို အိပ်မက်တွေနောက်လိုက်တဲ့ လူမဟုတ်တော့ဘူး။ ကိုယ်ခန္ဓာရော စိတ်ဓာတ်ပါ
ထိခိုက်ပျက်စီးနေတဲ့ အခြေအနေတစ်ခုနဲ့ ပြန်ရောက်လာခဲ့တာပါ။ ဒါပေမယ့် ဘဝဆိုတာ တစ်ခါကျရှုံးရုံနဲ့ အဆုံးမသတ်သလို၊ မိသားစုဆိုတာလည်း နာကျင်မှုတွေကြားထဲက
နားလည်မှုကို ပြန်ရှာဖွေနိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ဒီကားလေးဟာ အံ့ဩဖွယ်ရာ ဇာတ်ကွက်အလှည့်အပြောင်းတွေ၊ အချစ်ဇာတ်လမ်းတွေ၊ ဟီးရိုးဆန်ဆန် အောင်မြင်မှုတွေကို
မျှော်လင့်ထားသူတွေအတွက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဘဝရဲ့ ပင်ပန်းမှုတွေကြားမှာ ဆက်လက်ရပ်တည်ဖို့ ခွန်အားတစ်စုံတစ်ရာ လိုအပ်နေသူတွေအတွက်တော့
တန်ဖိုးရှိတဲ့ ဇာတ်ကားတစ်ကား ဖြစ်နေမှာ သေချာပါတယ်။တခါတလေ ဘဝရဲ့အနိုင်ရသူဆိုတာ ပန်းတိုင်ကို ရောက်သွားတဲ့သူ မဟုတ်ဘဲ... လှိုင်းလုံးတွေကြားထဲမှာတောင်
မနစ်မြုပ်အောင် ဆက်ကူးနေတဲ့သူ ဖြစ်နိုင်ပါတယ်။
ကျရှုံးခြင်းဟာ အဆုံးမဟုတ်ဘူး၊ ဘဝက ဘယ်လောက်ပဲ ရက်စက်ပါစေ ဆက်လျှောက်နိုင်သေးတယ်ဆိုတဲ့ အားတစ်ခုကို တိတ်တိတ်လေး ပေးသွားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
Healing ရချင်တဲ့သူတွေအတွက်သာမက၊ ဘဝကို ပြန်လည်ရင်ဆိုင်ဖို့ ခွန်အားလိုအပ်နေတဲ့သူတွေအတွက်လည်း ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားအဖြစ် ညွှန်းဆိုလိုက်ပါတယ်။
ချန်နယ်joinကြည့်ပါ👇👇👇
https://t.me/+NOBL7w1vj0M3MDdl
ဇာတ်ကားလင့်ခ်👇👇👇
https://t.me/c/3774947924/620
15 468
Crossing A Dawn (2026)
"ထာဝရဆိုတဲ့ စကားလုံးကို မေ့ထားလိုက်.. ဒီညအတွက်ပဲ ရှင်သန်ကြရအောင်"
လူနေထူထပ်ပြီး မီးရောင်တွေလင်းထိန်နေတဲ့ မြို့ကြီးပြကြီးတွေမှာ လူတွေဟာ အထီးကျန်ဆန်မှုကိုယ်စီနဲ့ ရှင်သန်နေကြရပါတယ်။ တစ်ခါတလေမှာ ရေရှည်ဆက်ဆံရေးတစ်ခုကို
တည်ဆောက်ရတာ ပင်ပန်းလာတဲ့အခါ၊ ကိုယ့်အကြောင်း ဘာမှမသိတဲ့ သူစိမ်းတစ်ယောက်နဲ့ တစ်ညတာလောက် လွတ်လွတ်လပ်လပ် စကားတွေပြော၊ ရင်ဖွင့်ချင်တဲ့ ခံစားချက်မျိုး
လူတိုင်းမှာ ရှိဖူးကြမှာပါ။ ဒီလို ခံစားချက်မျိုးကို အမိအရ ဖမ်းဆုပ်ပြီး Vibe အမိုက်စား ရိုက်ကူးထားတဲ့ ၂၀၂၆ ခုနှစ်ထွက် Urban Romance ရုပ်ရှင်ကားသစ်လေး
"Crossing a Dawn" (今晚正好) အကြောင်းကို ဒီတစ်ခါမှာတော့ ခံစားမှုလေးတစ်ခုအနေနဲ့ ရေးဖွဲ့ပေးချင်ပါတယ်။
ဒီကားလေးကတော့ ဟောလိဝုဒ်က နာမည်ကြီး "Before Sunrise" ရုပ်ရှင်လိုမျိုး တစ်ညတာအတွင်းမှာ ဖြစ်ပျက်သွားတဲ့ သူစိမ်းနှစ်ယောက်ရဲ့ ဆက်ဆံရေးကို ပုံဖော်ထားတာပါ။
အဓိကဇာတ်ဆောင်တွေအနေနဲ့ ပရိသတ်အချစ်တော် မင်းသမီး Ma Sichun နဲ့ ထိုင်ဝမ်မင်းသားချော Edward Chen တို့က ပါဝင်ထားပါတယ်။
ဇာတ်လမ်းလေးက ဘေကျင်းမြို့ရဲ့ ညရှုခင်းတွေနဲ့အတူ စတင်ပါတယ်။ အင်တီးရီးယား ဒီဇိုင်နာ ကောင်မလေး ရွှီချိုး (Xu Qiu) ဟာ အွန်လိုင်းကနေ ချိန်းတွေ့ဖို့ ကြိုးစားပေမဲ့
အဆင်မပြေဖြစ်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူမဟာ ကုန်စုံဆိုင်လေးတစ်ခုမှာ စာရေးဆရာလို့ သူ့ကိုယ်သူ ခံယူထားတဲ့ ချန်ယွီကျိုး ဆိုတဲ့
ကောင်လေးနဲ့ မထင်မှတ်ဘဲ ဆုံတွေ့သွားပါတော့တယ်။ သူစိမ်းနှစ်ယောက် ဘေကျင်းမြို့ရဲ့ ညလမ်းမတွေထက်မှာ အတူတူ လျှောက်လည်ကြရင်း၊ စကားတွေပြောကြရင်းနဲ့
ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုတွေကနေတစ်ဆင့် နက်ရှိုင်းတဲ့ စိတ်ခံစားချက်တွေဆီကို ကူးပြောင်းသွားပုံကို ရင်ခုန်စရာကောင်းအောင် ရိုက်ကူးထားတာပါ။
ဒီကားရဲ့ အသက်ကတော့ "လူကြီးဆန်ဆန် အချစ်" ကို ပွင့်ပွင့်လင်းလင်း ရိုက်ကူးပြထားတာပါပဲ။ "မနက်ဖြန်ဆိုတာ မသေချာဘူး၊ ဒီညလေးမှာပဲ အပြည့်အဝ ပျော်ရွှင်လိုက်ကြရအောင်"
ဆိုတဲ့ ခံစားချက်မျိုးကို ပေးစွမ်းနိုင်ပါတယ်။ မာစစ်ချွန်းရဲ့ ရဲရဲတင်းတင်းနဲ့ ဆွဲဆောင်မှုရှိတဲ့ သရုပ်ဆောင်ချက်တွေရယ်၊ အက်ဒ်ဝပ်ချန်နဲ့ နှစ်ယောက်ကြားက
Chemistry မိမိ အချိတ်အဆက်တွေရယ်က ပရိသတ်ကို ဇာတ်လမ်းထဲ အပြည့်အဝ စီးမျောသွားစေမှာပါ။သာမန် အချစ်ကားတွေလို ချိုလွန်း၊ အီလွန်းနေတာမျိုး မဟုတ်ဘဲ
မြို့ပြရဲ့ အထီးကျန်မှု၊ လူငယ်တွေရဲ့ ရုန်းကန်ရမှုနဲ့ ခဏတာ အချစ်ကနေ ရရှိလာတဲ့ နွေးထွေးမှုတွေကို သဘာဝကျကျ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းလေးမို့
ညဘက် ကော်ဖီလေးတစ်ခွက်နဲ့ အေးအေးဆေးဆေး ကြည့်ဖို့အတွက် အထူးပဲ ညွှန်းဆိုပေးလိုက်ပါတယ်။
15 468
The Gentleman Thief (2026)
+++++++++++++++++
ဒီတစ်ခေါက်မှာတော့ လှည့်ကွက်တွေနဲ့ ရင်ခုန်စရာကောင်းတဲ့ Action Thriller ရုပ်ရှင်ကားသစ် တစ်ကားကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။
ဒီဇာတ်ကားမှာ နာမည်ကျော်မင်းသားကြီး John Travolta က အနားယူထားတဲ့ ဝါရင့်အနုပညာပစ္စည်းသူခိုးကြီး မေဆန် (Mason) အဖြစ် ပါဝင်ထားပြီး၊ သူ့ညီဖြစ်သူရဲ့ စည်းရုံးမှုကြောင့် မိုင်ယာမီက ဇိမ်ခံရွက်လှေပေါ်မှာ ဒေါ်လာသန်း ၁၀၀ တန် ပန်းချီကားတစ်ချပ်ကို ခိုးယူဖို့ နောက်ဆုံးမစ်ရှင်တစ်ခုကို လက်ခံလိုက်ပါတယ်။ ဒါပေမဲ့ ရိုးရိုးရှင်းရှင်းပဲ ထင်ခဲ့တဲ့ ဒီခိုးယူမှုကြီးက တကယ်တော့ ကလဲ့စားချေချင်နေတဲ့ ရာဇဝတ်ဂိုဏ်းချုပ်ကြီးတစ်ခုရဲ့ သေတွင်းထောင်ချောက် ဖြစ်နေတဲ့အခါမှာတော့ တစ်ကွက်ချင်းစီ ပြန်လည်အနိုင်ယူရမယ့် စိတ်လှုပ်ရှားစရာ ကစားပွဲကြီး စတင်ပါတော့တယ်။
ဇာတ်လမ်းတစ်လျှောက်လုံးမှာ အလှည့်အပြောင်းတွေ၊ သစ္စာဖောက်မှုတွေနဲ့အတူ မေဆန်တစ်ယောက် သူ့အဖွဲ့သားတွေကို ကယ်တင်ပြီး ရန်သူတွေကို ဘယ်လိုပညာသားပါပါ တန်ပြန်တိုက်ခိုက်မလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။ Lukas Haas၊ Quavo နဲ့ DJ Khaled တို့လို နာမည်ကြီးအနုပညာရှင်တွေလည်း အများကြီးပါဝင်ထားလို့ Action, Crime နဲ့ Heist ဇာတ်လမ်းပုံစံ ကြိုက်တတ်သူတွေအတွက်တော့ အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
ချန်နယ်joinကြည့်ပါ👇👇👇
https://t.me/+_EjqNe-b4CQxYzQ1
ဇာတ်ကားကြည့်ရန်👇👇👇
https://t.me/c/4315958829/305
15 468
The Descent လို ဂူထဲက ပိတ်လှောင်မှုမျိုးခံစားရမယ့် ငါးမန်းရုပ်ရှင်အသစ်
T*h*e D*e*v*i*l's M*o*u*t*h (2026)
ဇူလိုင်လ ၂၉ ရက်နေ့မှာ Amazon Prime Video ကနေ ထွက်ရှိလာတဲ့ Survival Thriller / Shark Horror ရုပ်ရှင်ကားဖြစ်ပါတယ်။
ဒါရိုက်တာ Jeff Wadlow ရိုက်ကူးထားပြီး Kathryn Newton, Lana Condor, Gavin Casalegno နဲ့ Nico Hiraga တို့လို လူငယ်သရုပ်ဆောင်တွေ အဓိက ပါဝင်ထားပါတယ်။
ကျောင်းပြီးလို့ လူငယ်ဘဝကနေ လူကြီးဘဝကို မကူးပြောင်းခင် နောက်ဆုံးအမှတ်တရ ခရီးစဉ်အဖြစ် ကောလိပ်သူငယ်ချင်း ၅ ယောက် ထိုင်းနိုင်ငံကို ထွက်လာခဲ့ကြပါတယ်။
အဓိကဇာတ်ဆောင်မလေး Sara (Kathryn Newton) က ဆုံးပါးသွားပြီဖြစ်တဲ့ သူမရဲ့အဖေ ငယ်ငယ်က ရောက်ခဲ့ဖူးတဲ့ ထိုင်းကမ်းရိုးတန်းက မိစ္ဆာခံတွင်း လို့ခေါ်တဲ့ ရေမြုပ်ဂူကြီးထဲကို သူငယ်ချင်းတွေနဲ့အတူ ရေငုပ်လည်ပတ်ဖို့ ပြင်ဆင်ခဲ့ကြတာပါ။
ဒါပေမဲ့ ပျော်စရာခရီးစဉ်ကနေ ရေအောက်ဂူထဲမှာ ပိတ်မိသွားတဲ့အခါ ငရဲခန်းစတင်ပါတော့တယ်။ ပိုဆိုးတာက ဂူထဲမှာ လတ်ဆတ်တဲ့ရေချိုနဲ့ ရေငန်နှစ်မျိုးလုံးမှာ ကျင်လည်နိုင်ပြီး အလွန်သောင်းကျန်း ကြမ်းတမ်းတဲ့ Bull Shark (ကျွဲငါးမန်း) တစ်ကောင်နဲ့ သွားတိုးမိတာပါပဲ။
အမှောင်ထုထဲမှာ အောက်ဆီဂျင်ကလည်း ကုန်လာ၊ အပြင်ထွက်ပေါက်ကလည်း ပျောက်၊ ဘေးကလည်း ငါးမန်းက အချိန်မရွေး ကိုက်သတ်ဖို့ ချောင်းနေတဲ့အခါ သူတို့အုပ်စုကြားမှာ ကြောက်ရွံ့မှုတွေ စတင်စိမ့်ဝင်လာပါတယ်။
ဘဝဆက်ရှင်သန်ဖို့ ရုန်းကန်ရင်း သူငယ်ချင်းအချင်းချင်းကြားက အရင်က ဖုံးဖိထားခဲ့တဲ့ ပြဿနာတွေ၊ မလိုမုန်းတီးမှုတွေပါ ပေါက်ကွဲထွက်လာပြီး အသက်ရှင်ကျန်ရစ်ဖို့ အသည်းအသန် ကြိုးစားကြရတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။
ပုံမှန် ငါးမန်းကားတွေလို ငါးမန်းကိုပဲ အဓိကမထားဘဲ သူငယ်ချင်းတွေကြားက Toxic ဖြစ်နေတဲ့ ဆက်ဆံရေးနဲ့ စိတ္တဇဆန်ဆန် ဖိအားတွေကိုပါ သေချာပုံဖော်ထားတာ တွေ့ရပါတယ်။
ရေအောက်ဂူထဲ ပိတ်မိနေတဲ့ Claustrophobic (နေရာကျဉ်း ကြောက်စိတ်) ခံစားချက်နဲ့ ငါးမန်းရန်ကို ပါပေါင်းလိုက်တော့ ကြည့်ရှုသူတွေကို တောက်လျှောက် ရင်ဖိုစေမှာပါ။ ကြောက်လိုက်ကြပါဦး။
ချန်နယ်joinကြည့်ပါ👇👇👇
https://t.me/+NOBL7w1vj0M3MDdl
ဇာတ်ကားလင့်ခ်👇👇👇
https://t.me/c/3774947924/613
15 468
The Descent လို ဂူထဲက ပိတ်လှောင်မှုမျိုးခံစားရမယ့် ငါးမန်းရုပ်ရှင်အသစ်
T*h*e D*e*v*i*l's M*o*u*t*h (2026)
15 468
Second Sister (2025)
***
IMDb Rating (6.0)
နာမည်ကြီး ဟောင်ကောင်စာရေးဆရာ Chan Ho-Kei ရဲ့ ဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။
Business Proposal ထဲက မင်းသား Kim Min-Gue နဲ့ မေတ္တာအားမာန်ထဲက ဆွန်းယောင်းအဖြစ် လူသိများတဲ့ မင်းသမီးလေး Kang Seo-Ha တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
- ဇာတ်လမ်းအကျဉ်း -
ဘတ်စ်ကားပေါ်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတဲ့ အထက်တန်းကျောင်းသူလေး ဂျီအွန်း...
ကျူးလွန်သူ ရှင်းဂျောင်မန်က ထောင်ဒဏ် ၆ လ ကျခံလိုက်ရပြီး အမှုလည်း ပြီးပြတ်သွားပြီလို့ ထင်ထားခဲ့ပေမဲ့ တစ်နေ့မှာ ရှင်းဂျောင်မန်ရဲ့ တူမဆိုသူက သူ့ဦးလေးက အပြစ်ကင်းကြောင်း ဂျီအွန်းရဲ့ ချောက်ချမှုသက်သက်သာဖြစ်ကြောင်း online community တစ်ခုမှာ ပို့စ်တင်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း အင်တာနက် အသုံးပြုသူတွေရဲ့ မုန်းတီးရေးမှတ်ချက်တွေကြားမှာ ဂျီအွန်းလည်း မခံသာတော့တဲ့အဆုံး အစွန်းရောက်ရွေးချယ်မှုကို ပြုလုပ်သွားပါတော့တယ်။
ဂျီအွန်းရဲ့အစ်မဖြစ်သူ ဆိုအွန်း (Kang Seo-Ha) ကတော့ အင်တာနက်ပေါ်က ကောလာဟလတွေနဲ့ ပြစ်တင်ကဲ့ရဲ့မှုတွေကပဲ ညီမလေးကို သေခြင်းတရားဆီ တွန်းပို့ခဲ့တာလို့ အခိုင်အမာ ယုံကြည်နေပြီး ပို့စ်တင်သူအကြောင်းကို စုံစမ်းဖို့အတွက် ထူးချွန်တဲ့ ဟက်ကင်းအရည်အချင်းကို ပိုင်ဆိုင်ထားတဲ့ အလွတ်စုံထောက် ဆောဂျွန်ဂယောင်း (Kim Min-Gue) ဆီ အလုပ်အပ်လိုက်တဲ့အခါမှာတော့...
အင်တာနက်ကွန်ရက်ပေါ်က မုသားတွေ၊ အမည်မသိအကောင့်တွေကို ခြေရာခံလိုက်ရင်း သူတို့ ရင်ဆိုင်လိုက်ရတဲ့ အမှန်တရားက ဘာဖြစ်နေမလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုလိုက်ကြပါဦးနော်။
ချန်နယ်joinကြည့်ပါ👇👇👇
https://t.me/+sHLyxfc2smVhYzVl
ဇာတ်ကားကြည့်ရန်👇👇👇
https://t.me/c/2704450145/1325
15 468
တိမ်ထူကိုခြောက်တဲ့သရဲ
Leviticus (2026) 4K HEVC
ဒီဇာတ်ကားကတော့ Queer Coming-of-Age, Supernatural Horror နဲ့ Thriller အမျိုးအစား ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ Adrian Chiarella က ရိုက်ကူးထားပြီး Joe Bird, Stacy Clausen နဲ့ Mia Wasikowska တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
ကားနာမည်ဖြစ်တဲ့ Leviticus ဆိုတာ ခရစ်ယာန်သမ္မာကျမ်းစာ (Old Testament) ထဲမှာပါတဲ့ ၃ အုပ်မြောက် ကျမ်းစာအုပ် (ဝတ်ပြုရာကျမ်း) ကို ခေါ်တာဖြစ်ပါတယ်။ ဒီကျမ်းစာအုပ်ထဲမှာ ဘာသာရေးဆိုင်ရာ စည်းမျဉ်းဥပဒေတွေ၊ ဝတ်ပြုမှုနည်းလမ်းတွေနဲ့ ကျင့်ဝတ်စံနှုန်းတွေကို အသေးစိတ် ရေးသားထားတာပါ။
အထူးသဖြင့် Leviticus (ဝတ်ပြုရာကျမ်း) ထဲမှာ အမျိုးသားချင်း ချစ်ကြိုက်စုံမက်တာကို အပြစ်ကြီးတစ်ခုအဖြစ် ပိတ်ပင်ထားတဲ့ ကျမ်းစာပိုဒ်တွေ ပါဝင်တာကြောင့်၊ ဒီရုပ်ရှင်မှာ Leviticus လို့ နာမည်ပေးထားတာဟာ ဘာသာရေးဆိုင်ရာ အယူသည်းမှု၊ ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ ဇာတ်လမ်းထဲက ကောင်လေးနှစ်ယောက် ကြုံတွေ့ရတဲ့ ဘာသာရေးအဓမ္မပြုပြင်ရေး ကုထုံးတွေကို ပေါ်လွင်စေချင်လို့ တိုက်ရိုက်ရည်ညွှန်းပြီး မှည့်ခေါ်ထားတာပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
+++++++++++
ဩစတြေးလျနိုင်ငံက ဘာသာရေးအယူသည်းမှုတွေ လွှမ်းမိုးထားတဲ့ မြို့ငယ်လေးတစ်မြို့မှာ နိမ်း နဲ့ ရိုင်ယန်ဆိုတဲ့ လူငယ်ကောင်လေးနှစ်ယောက်ဟာ တစ်ယောက်အပေါ်တစ်ယောက် သံယောဇဉ်နဲ့ စိတ်ကစားမိကြရာကနေ ဇာတ်လမ်းစတာပါ။ ဒါပေမဲ့ သူတို့နေတဲ့ အသိုင်းအဝိုင်းက ဒါကို လက်မခံနိုင်ဘဲ ဘာသာရေးအခမ်းအနား ရိုးရာကုထုံးတစ်ခုနဲ့ အတင်းအကျပ် ပြုပြင်ဖို့ ကြိုးစားကြပါတယ်။
အဲဒီ အခမ်းအနားကနေတစ်ဆင့် မထင်မှတ်ဘဲ ကြောက်စရာကောင်းတဲ့ မိစ္ဆာကျိန်စာတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီမိစ္ဆာရဲ့ အဆိုးဆုံးနဲ့ အကြောက်စရာအကောင်းဆုံး အချက်ကတော့ သူတို့ အချစ်ရဆုံး၊ အလိုချင်ဆုံး ဖြစ်နေတဲ့သူရဲ့ ပုံစံကို ဖန်ဆင်းပြပြီး လိုက်လံဒုက္ခပေး သတ်ဖြတ်တာပါပဲ။ သူတို့နှစ်ယောက်ကြားမှာ ခံစားချက်တွေ ပိုမိုနက်ရှိုင်းလေ၊ အထိအတွေ့တွေ ရှိလာလေလေ မိစ္ဆာရဲ့ ရန်က ပိုမိုပြင်းထန်လာလေ ဖြစ်လာတဲ့အခါ ချစ်ခြင်းမေတ္တာဟာ အသက်အန္တရာယ်ဖြစ်စေတဲ့ ကျိန်စာတစ်ခုလို ပြောင်းလဲသွားပါတော့တယ်။
ဒီဇာတ်ကားဟာ It Follows စတိုင် လိုက်လံခြောက်လှန့်တဲ့ Concept မျိုးကို သုံးထားပေမဲ့ မေတ္တာနဲ့ တပ်မက်မှုကို ကျိန်စာရဲ့ အစပျိုးချက်အဖြစ် ဆန်းသစ်စွာ ပုံဖော်ထားတာ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဘာသာရေးအယူသည်းမှုတွေနဲ့ ပတ်ဝန်းကျင်ရဲ့ ဖိနှိပ်ချုပ်ချယ်မှုကြားက လူငယ်တွေရဲ့ စိတ်ဒဏ်ရာ၊ ကြောက်ရွံ့မှုကို Supernatural သရဲကား ပုံစံနဲ့ ပါးပါးနပ်နပ် ခိုင်းနှိုင်းပြထားသလို မင်းသားသစ် Joe Bird နဲ့ Stacy Clausen တို့ကြားက Chemistry အပြင် atmospheric horror အငွေ့အသက်ကိုလည်း ခံစားရမှာပါ။ ကြောက်စရာ supernatural elements တွေရော၊ ခံစားချက်ပါတဲ့ Coming-of-age Romance အငွေ့အသက်ပါ ပေါင်းစပ်ထားတဲ့အတွက် ကျောစိမ့်စိမ့်နဲ့ တမျိုးလေး ကြည့်လို့ကောင်းမယ့် ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။
15 468
M"a:n wi_th N*o Pa++st (2/0/2/5)
Ryder ဟာ နယူးယောက်မြို့လယ်ခေါင်မှာ ဒဏ်ရာအပြည့်နဲ့ နိုးလာခဲ့ပါတယ်။ ထူးခြားတာက သူ့မှာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတဲ့ အမှတ်သညာ (Memory) တစ်ခုမှ မရှိတော့တာပါ။ ဒါပေမဲ့ သူ့ကို လာရောက်တိုက်ခိုက်တဲ့ လူမိုက်တွေကိုတော့ တုန့်ပြန်မှု အလွန်မြန်တဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေနဲ့ သုတ်သင်ပစ်နိုင်နေပါတယ်။
သူဘယ်သူလဲဆိုတာကို လိုက်လံစုံစမ်းရင်းနဲ့ သူဟာ သာမန်လူတစ်ယောက်မဟုတ်ဘဲ အစိုးရရဲ့ လျှို့ဝှက်စမ်းသပ်မှုတစ်ခုကနေ ထွက်ပြေးလာတဲ့ "Perfect Soldier" (ပြီးပြည့်စုံတဲ့ စစ်သား) တစ်ယောက် ဖြစ်နေတာကို သိလိုက်ရတဲ့အခါ သူ့ရဲ့ မှတ်ဉာဏ်တွေကို ဖျက်ဆီးပြီး လူသတ်လက်နက်တစ်ခုလို အသုံးချခဲ့တဲ့ အဖွဲ့အစည်းကို တစ်ယောက်တည်း ရင်ဆိုင်ပြီး လက်စားချေမယ့် အက်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
ချန်နယ်joinကြည့်ပါ👇👇👇
https://t.me/+NOBL7w1vj0M3MDdl
ဇာတ်ကားလင့်ခ်👇👇👇
https://t.me/c/3774947924/607
15 468
" ကံကြမ္မာချည်နှောင်သောအချစ် "
ARAFTA (2025)
တူရကီဒရာမာ ကြိုက်သူများအတွက် ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ စီးရီးလေးကတော့ မင်းသမီးချောလေး Ilsu Demirci နဲ့ မင်းသားချော Emin Günençတို့အ ဓိက ပါဝင်ထားတဲ့ ARAFTA စီးရီးလေးပဲဖြစ်ပါတယ်။ IMDb Rating 9.4 အထိ ရောက်နေတဲ့ ပြသနေဆဲ စီးရီးဖြစ်ပါတယ်
မုန်းတီးမှုနဲ့ စတင်ခဲ့တဲ့ ဆက်ဆံရေးတစ်ခုက အချစ်ဖြစ်လာနိုင်မလား...အတိတ်က အမှားများနဲ့ မုန်းတီးမှုတွေကြောင့် လူနှစ်ယောက်ရဲ့ ဘဝတွေ အတူတကွ ချည်နှောင်သွားရတဲ့အခါ နှစ်လုံးသားတစ်စုံကို ပုံဖော်ရိုက်ကူးပြသထားတဲ့ အချစ်ဒရမ်မာဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်...
ဇာတ်လမ်းအကျဉ်း...
မြို့မျက်နှာဖုံး ကျိကျိတက်သူဌေးကြီး ယီလ်ဒီရင်မ်ဟာ သားအကြီးရဲ့ မဆင်ခြင်တဲ့လုပ်ရပ်တွေကြောင့် မိသားစုပိုင် စီးပွားရေးလုပ်ငန်းဟာ ဒေဝါလီ ခံရမလို ဖြစ်သွားခဲ့ပါတယ်။ ငွေကြေးအကျပ်အတည်းတွေကြောင့် ယီလ်ဒီရင်မ် မိသားစုရဲ့ သမီးအလှကညှာ မာဂျန်ဟာ ပစ်မှတ်ဖြစ်လာပြီး လူဆိုးတွေလက်က လွတ်အောင် ထွက်ပြေးခဲ့ရပါတယ်။
မာဂျန်ဟာ မထင်မှတ်ဘဲ အာတစ်ရှ်နဲ့ ဆုံမိသွားပြီးနောက်မှာတော့ အာတစ်ရှ် ဟာ သူ့ဘဝကို ပြောင်းလဲသွားစေခဲ့တဲ့ အတိတ်ကို မမေ့နိုင်ဘဲ ကလဲ့စားချေချင်တဲ့ စိတ်နဲ့ မာဂျန့်ကို လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်...မာဂျန်ကတော့ မိမိဆန္ဒမပါဘဲ လက်ထပ်လိုက်ရပြီး အစပိုင်းမှာ သူတို့ရဲ့ ဆက်ဆံရေးက နာကျင်စရာတွေ များနေခဲ့ပြီး အချိန်ကြာလာတာနဲ့အမျှ နှစ်ယောက်စလုံးရဲ့ နှလုံးသားတွေဟာ တဖြည်းဖြည်း ပြောင်းလဲလာကာ မုန်းတီးမှုကြားထဲက အချစ်တစ်ခု ပေါက်ဖွားလာပါတယ်...
ဒါပေမယ့် အာတစ်ရှ်ရဲ့အတိတ်က လျှို့ဝှက်ချက်တွေ၊ မိသားစုကြားက ပဋိပက္ခတွေ၊ ကလဲ့စားချေမှုတွေက သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ဘယ်လိုဖြစ်သွားစေမလဲ... အချစ်က ကံကြမ္မာကို အနိုင်ယူနိုင်မလား... ဒါမှမဟုတ် ကံကြမ္မာကပဲ သူတို့ကို ခွဲပစ်နိုင်မလား... ဆိုတာကို ဇာတ်လမ်းတစ်လျှောက် စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် အချစ်ဒရမ်မာ ဇာတ်ကားကောင်းလေးကို Ash Channel ကနေ တင်ဆက်ပေးလိုက်ပြီဖြစ်တဲ့အတွက် စောင့်မျှော်ကြည့်ရှုလို့ရပါပြီ...
( ဇာတ်လမ်းအကျဉ်းကို PChueGemini မှရေးသားပေးထားပါတယ် )
Subtitle By - PChueGemini
Encode By - Ash Team
Ash Channel (Ash) မှဘာသာပြန်တင်ဆက်သည်။
ဇာတ်ကားလင့်ခ်👇👇👇
https://t.me/burmasubmov/3542
