👩🏻🦰✍🏻သက်ထား
الذهاب إلى القناة على Telegram
မြန်မာ့နိုင်ငံရေး + နိုင်ငံတကာသတင်းလေးတွေ တင်ပါမယ်ရှင်
إظهار المزيد285
المشتركون
+224 ساعات
+27 أيام
-530 أيام
أرشيف المشاركات
285
AI နည်းပညာ ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာ
ကမ္ဘာတစ်ဝန်း Artificial Intelligence (AI) နည်းပညာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အမေရိကန်နှင့် တရုတ် နည်းပညာကုမ္ပဏီများအကြား ပြိုင်ဆိုင်မှုမှာ ပိုမိုပြင်းထန်လာနေသည်။
အမေရိကန်ဘက်တွင် OpenAI၊ Google၊ Microsoft နှင့် NVIDIA ကဲ့သို့သော ကုမ္ပဏီကြီးများက AI မော်ဒယ်အသစ်များနှင့် ဒေတာစင်တာများတွင် ဒေါ်လာဘီလျံပေါင်းများစွာ ရင်းနှီးမြှုပ်နှံလျက်ရှိသည်။ တစ်ဖက်တွင် တရုတ်နိုင်ငံမှ Alibaba၊ Baidu၊ Tencent နှင့် Huawei တို့ကလည်း AI နည်းပညာ ဖွံ့ဖြိုးရေးအတွက် အရှိန်မြှင့်ဆောင်ရွက်နေကြသည်။
ကျွမ်းကျင်သူများက AI ပြိုင်ဆိုင်မှုသည် နည်းပညာကဏ္ဍသာမက စီးပွားရေး၊ စစ်ဘက်နှင့် အမျိုးသားလုံခြုံရေး ကဏ္ဍများအထိ သက်ရောက်မှုရှိလာနိုင်ကြောင်း သုံးသပ်ထားကြသည်။ ယင်းကြောင့် လာမည့်နှစ်များအတွင်း AI နည်းပညာသည် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ အဓိက ယှဉ်ပြိုင်ရာနယ်ပယ်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေမည်ဟု ခန့်မှန်းထားကြသည်။
သက်ထား
285
+2
အမေရိကန်–အီရန် ယာယီငြိမ်းချမ်းရေး သဘောတူညီချက် ရရှိ
အမေရိကန်နှင့် အီရန်တို့အကြား လအတန်ကြာ တင်းမာနေခဲ့သည့် ပဋိပက္ခများ လျော့ပါးစေရန် ရည်ရွယ်သော ယာယီငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ်ကို ရရှိခဲ့ကြောင်း နိုင်ငံတကာသတင်းများက ဖော်ပြထားသည်။
သဘောတူညီချက်အရ နှစ်ဖက်စလုံးသည် စစ်ရေးတင်းမာမှုများ လျှော့ချရန် သဘောတူခဲ့ပြီး အပစ်ရပ်ကာလကို ရက် ၆၀ ထပ်မံတိုးမြှင့်ထားကြောင်း သိရသည်။ ယင်းကာလအတွင်း အပြီးသတ် ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိနိုင်ရေး ဆက်လက်ဆွေးနွေးသွားမည်ဖြစ်သည်။
သို့သော် နျူကလီးယားအစီအစဉ်၊ ဒုံးကျည်ဖွံ့ဖြိုးရေးနှင့် ဒေသတွင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အပြီးသတ် သဘောတူနိုင်ခြင်း မရှိသေးသဖြင့် နှစ်ဖက်ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ရဦးမည်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။
နိုင်ငံတကာအသိုင်းအဝိုင်းကမူ ယခုသဘောတူညီချက်သည် အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်ရေးအတွက် အရေးပါသော ခြေလှမ်းတစ်ခုဖြစ်ကြောင်း ကြိုဆိုထားကြသည်။
သက်ထား
285
+9
ရှန်ဟိုင်းမြို၌ ကျင်းပသည့် "Myanmar-China Investment and Trade Networking Summit (MCITP-2026) Shanghai"အား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် တက်ရောက်ဖွင့်လှစ်
တရုတ်နိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်သည် ယနေ့ ဇွန် ၁၈ ရက် နံနက်ပိုင်းတွင် ရှန်ဟိုင်းမြိုရှိ Radisson Hotel ၌ ကျင်းပသည့် “Myanmar-China Investment and Trade Networking Summit (MCITP-2026) Shanghai” ဖွင့်ပွဲအခမ်းအနားသို တက်ရောက်ချီးမြှင့် ဖွင့်လှစ်ခဲ့သည်။
သက်ထား
285
ဆားလင်းကြီးဒေသတွင် Placement Test ဖြေဆိုကြရန် တိုက်တွန်းသူအား NUG လက်အောက်ခံ ပလဖ မှ ဖမ်းဆီးမှုဖြစ်ပွားပြီးနောက် ဒေသခံများမကျေနပ်၍ဆန္ဒပြမှုများ ကို သေနတ်ဖောက်ဖြိုခွဲ
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးဒေသတွင် ကလေးများ၏ ပညာရေးကို အလေးထားဆောင်ရွက်နေသည့် အမျိုးသားတစ်ဦးက ကျောင်းဝင်ခွင့်ဆိုင်ရာ Placement Test ဖြေဆိုကြရန် ကလေးမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများအား လိုက်လံအသိပေး ပြောကြားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ အမျိုးသားကို ဆားလင်းကြီး ပလဖ က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရပြီး ယင်းဖြစ်စဉ်အပေါ် ဒေသခံပြည်သူများက မကျေနပ်မှုများ ဖြစ်ပေါ်ခဲ့ကြသည်။
ထိုနောက် ဒေသခံများက ဆားလင်းကြီး ပလဖ အဖွဲအား ဆန္ဒထုတ်ဖော် ကန့်ကွက်ခဲ့ကြရာ ဆန္ဒပြသူများကို သေနတ်ဖောက်၍ လူစုခွဲခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောကြားသည်။
ထိုအပြင် ဆန္ဒပြမှုများ ပိုမိုကြီးထွားလာပါက ပစ်ခတ်သွားမည်ဟု ခြိမ်းခြောက်ပြောဆိုမှုများလည်း ရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရပါသည်။
သက်ထား
285
Repost from ဖိုးမောင်
နိုင်ငံတော်အတွက် အပြုံးမပျက်တာဝန်ထမ်းဆောင်ခဲ့သည့် နိုင်ငံတော်သမ္မတကြီး၏ တတိယမြောက်နေ့ ခရီးစဉ်
285
Repost from ဖိုးမောင်
+9
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ရှန်ဟိုင်းမြို့၊ မြို့တော်ဝန်က လာရောက်ဂါရဝပြုတွေ့ဆုံ
တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ယနေ့မွန်းလွဲပိုင်းတွင် ရှန်ဟိုင်းမြို့၊ မြို့တော်ဝန် မစ္စတာ ကုန်းကျန့်(Gong Zheng)က ခေတ္တတည်းခိုလျက်ရှိသည့် Fairmont Peace Hotel ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
285
Repost from ဖိုးမောင်
+6
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရှန်ဟိုင်းမြိုရှိ သမိုင်းဝင် Fairmont Peace Hotel သို ရောက်ရှိ
တရုတ်နိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၇ ရက်တွင် High-Speed Railway G23 အမြန်ရထားဖြင့် ရှန်ဟိုင်းမြိုသို ရောက်ရှိလာပြီးနောက် တည်းခိုမည့် Fairmont Peace Hotel သို ရောက်ရှိခဲ့သည်။
Fairmont Peace Hotel သည် ရှန်ဟိုင်းမြို၏ အထင်ကရအဆောက်အအုံတစ်ခုဖြစ်ပြီး Huangpu မြစ်ကမ်းရှိ နာမည်ကျော် The Bund လမ်းမကြီးပေါ်တွင် တည်ရှိသည်။ ဟိုတယ်ကို ၁၉၂၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ရှန်ဟိုင်းမြို၏ သမိုင်းဝင် အမွေအနှစ်ဟိုတယ်များအနက် အထင်ရှားဆုံးတစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။
နှစ်ပေါင်း ၉၀ ကျော် သက်တမ်းရှိသည့် အဆိုပါဟိုတယ်သည် အနုပညာလက်ရာမြောက် Art Deco ဗိသုကာလက်ရာများဖြင့် တည်ဆောက်ထားပြီး နိုင်ငံခေါင်းဆောင်များ၊ တော်ဝင်မိသားစုဝင်များနှင့် ကမ္ဘာကျော်ပုဂ္ဂိုလ်များစွာ လာရောက်တည်းခိုခဲ့ဖူးသည့် ရှန်ဟိုင်းမြို၏ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ကိုယ်စားပြုသည့် အထင်ကရနေရာတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။
285
+3
တရုတ်ခရီးစဉ်အတွင်း သမ္မတ ရှီကျင့်ဖျင်က မြန်မာသမ္မတ ဦးမင်းအောင်လှိုင်အား Huawei နောက်ဆုံးထုတ် စမတ်ဖုန်း လက်ဆောင်ပေးအပ်၊ သမ္မတ ဦးမင်းအောင်လှိုင် ကိုယ်တိုင် ဖွင့်ဖောက်စမ်းသပ်
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်နေသည့် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့ တွေ့ဆုံဆွေးနွေးစဉ်အတွင်း သမ္မတ ရှီကျင့်ဖျင်က မြန်မာသမ္မတအား တရုတ်နိုင်ငံ၏ ထိပ်တန်းနည်းပညာအခြေစိုက် Huawei (ဟွားဝေး) ကုမ္ပဏီထုတ် နောက်ဆုံးပေါ် စမတ်ဖုန်းကို အမှတ်တရလက်ဆောင်အဖြစ် အထူးတလည် ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ တရုတ်နိုင်ငံ၏ အဆင့်မြင့်နည်းပညာကို ကိုယ်စားပြုသည့် နောက်ဆုံးထုတ် ဖုန်းလက်ဆောင်အား ရရှိခဲ့ပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အခမ်းအနားတွင် ကိုယ်တိုင်ချက်ချင်း ဖွင့်ဖောက်ကာ ဖုန်း၏ စွမ်းဆောင်ရည်နှင့် နည်းပညာပိုင်းဆိုင်ရာ ထူးခြားချက်များကို စိတ်ဝင်တစား စမ်းသပ်ကြည့်ရှုခဲ့သည်။
သက်ထား
285
+5
ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့ နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့များနှင့်အတူ တွေ့ဆုံဆွေးနွေးမှုများမှ ကောက်နှုတ်ချက်
285
Repost from ဖိုးမောင်
ဒီမိုကရေစီဆိုတာ လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ပေးရမယ်မဟုတ်ဘူးလား
အစိုးရကျောင်းတွေမတက်ဖို့ အမျိုးမျိုးလိုက်သာ နှောင့်ယှက်ဖိနှိပ်နေတာ သူတို့ သားသမီးတွေကျတော့ နိုင်ငံခြားမှာ ခိုးကြောင်ခိုးဝှက်ထားရတာနဲ့ မြန်မာပြည်မြို့ကြီးတွေမှာ လူမသိအောင်ထားရတာတဲ့။ မရှက်တတ်ကြဘူးလားမသိဘူး။
ခုလည်းထပ်ကြားရပြန်ပြီ။
ကန့်ဘလူဘက်က ပဒက်ခေါင်းဆောင်တွေရဲ့ကလေးတွေကို မြို့ကြီးတွေမှာ ကျောင်းခိုးထားထားတယ်ဆိုပဲ။
မိဘချင်းကိုယ်ချင်းစာကြပါဦးကွာ။ အစိုးရကျောင်းနေချင်တဲ့သူလည်းနေပစေပေါ့။
မင်းတို့ပြောပြောနေတဲ့ ဒီမိုကရေစီဆိုတာ လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ပေးရမယ်မဟုတ်ဘူးလား။
ဖိုးမောင်
285
+3
နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်နှင့်အဖွဲ့ ပေကျင်းမှ ရှန်ဟိုင်းသို G23 အမြန်ရထားဖြင့် ထွက်ခွာ
တရုတ်နိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်သည် ယနေ့ ဇွန် ၁၇ ရက် နံနက်ပိုင်းက ပေကျင်းမြိုရှိ Beijing South Railway Station မှ ရှန်ဟိုင်းမြိုရှိ Hongqiao Railway Station သို G23 အမြန်ရထားဖြင့် ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ၏ ရှန်ဟိုင်းခရီးစဉ်သည် ယခုခရီးစဉ်အတွင်း ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်ထား
285
ကလေးသူငယ်များ၏ လုံခြုံရေးနှင့် အခွင့်အရေးများကို ကာကွယ်ပေးနိုင်ရေးသည် လူတိုင်း၏ တာဝန်ဖြစ်
သက်ငယ်မုဒိမ်းမှုသည် လူ့အသိုင်းအဝိုင်းအတွက် အန္တရာယ်အရှိဆုံးနှင့် ရွံရှာဖွယ်အကောင်းဆုံး ရာဇဝတ်မှုများထဲမှ တစ်ခုဖြစ်သည်။ ထိုပြစ်မှုကြောင့် ကလေးသူငယ်များ၏ ကိုယ်ခန္ဓာသာမက စိတ်ပိုင်းဆိုင်ရာဘဝပါ ရေရှည်ထိခိုက်နစ်နာစေနိုင်သည်။
မြန်မာနိုင်ငံ၏ ဥပဒေများအရ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများအား ထောင်ဒဏ်နှစ်ရှည်မှ တစ်သက်တစ်ကျွန်းအထိ ပြင်းထန်စွာ အရေးယူနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ ထို့ကြောင့် မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်ဖြစ်စေ ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်ပါက ဥပဒေအရ တင်းကျပ်စွာ အရေးယူခံရသင့်သည်။
ကလေးသူငယ်များ၏ လုံခြုံရေးသည် လူ့အဖွဲ့အစည်းတစ်ခုလုံး၏ တာဝန်ဖြစ်ပါသည်။
အထူးသဖြင့် လုံခြုံရေးမတည်ငြိမ်သေးသော ဒေသများတွင် နေထိုင်သူများအနေဖြင့် မိမိနှင့် မိသားစု၏ လုံခြုံရေးကို အမြဲဦးစားပေးသင့်သည်။ ကလေးသူငယ်များကို တစ်ဦးတည်း သွားလာစေခြင်းထက် မိဘ သို့မဟုတ် ယုံကြည်စိတ်ချရသော လူကြီးများနှင့်အတူ သွားလာသင့်သည်။
မငြိမ်းချမ်းသည့် အခြေအနေများကြားတွင်ပင် ကလေးသူငယ်များ၏ လုံခြုံရေးနှင့် အခွင့်အရေးများကို ကာကွယ်ပေးနိုင်ရေးသည် လူတိုင်း၏ တာဝန်ဖြစ်ကြောင်း သတိပြုရန် လိုအပ်ပါသည်။
ဖိုးမောင်
285
တောင်သာ-မြင်းခြံဒေသမှာ လိုကယ် PDF များက အသက် ၉ နှစ်၊ ၁၀ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်
ကလေးတစ်ယောက်ဆိုတာ မိဘရဲ့ ရင်ခွင်ထဲမှာ လုံလုံခြုံခြုံနဲ့ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းသင့်တဲ့ အရွယ်ပါ။ အဲဒီလို အရွယ်နုနုလေးမှာ ကြောက်စရာ၊ နာကျင်စရာ အဖြစ်အပျက်မျိုး ကြုံတွေ့ရတယ်ဆိုရင် ကာယပိုင်းသာမက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပါ ရှိနိုင်တာကြောင့် ကလေးငယ်အတွက် အထူးဝမ်းနည်းရပါတယ်။
လက်ရှိမှာ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံများအကြားလည်း စိုးရိမ်မှုနဲ့ မကျေနပ်မှုများ မြင့်တက်နေတယ်လို့ သိရပါတယ်။
သက်ငယ်မုဒိမ်းမှုလို ပြင်းထန်တဲ့ ရာဇဝတ်မှုတွေက ဘယ်သူကျူးလွန်သည်ဖြစ်စေ၊ ဘယ်အဖွဲ့အစည်းနဲ့ ဆက်စပ်သည်ဖြစ်စေ လုံးဝလက်မခံနိုင်တဲ့ အောက်တန်းကျတဲ့လုပ်ရပ်ပါ။
အထူးသဖြင့် ပြည်သူတွေအနေနဲ့လည်း မျက်ကန်းယုံကြည်မှုထက် အမှန်တရားနဲ့ တာဝန်ယူမှုကို ပိုမိုတန်ဖိုးထားဖို့ လိုအပ်ပါတယ်။
သက်ထား
285
+8
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ပေကျင်းမြိုရှိ China Railway Construction Corporation Limited (CRCC)သို သွားရောက်လေ့လာ
တရုတ်နိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်သည် ယနေ့ ဇွန် ၁၇ ရက် နံနက်ပိုင်းတွင် ပေကျင်းမြိုရှိ China Railway Construction Corporation Limited (CRCC) သို သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
CRCC သည် တရုတ်နိုင်ငံ၏ အကြီးဆုံး မီးရထားနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးကုမ္ပဏီများအနက် တစ်ခုဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ မီးရထားလမ်း၊ လမ်းမကြီး၊ တံတားနှင့် မြိုပြဖွံဖြိုးရေးစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
သက်ထား
285
G7 အစည်းအဝေးတွင် ယူကရိန်းနှင့် အီရန်အရေး ဆွေးနွေး
ဇွန် ၁၆ ရက်က ကနေဒါနိုင်ငံ၌ ကျင်းပသော G7 ထိပ်သီးအစည်းအဝေးတွင် အမေရိကန်သမ္မတ Donald Trump၊ ယူကရိန်းသမ္မတ Volodymyr Zelenskyy နှင့် ဥရောပခေါင်းဆောင်များက ယူကရိန်းစစ်ပွဲနှင့် အီရန်နျူကလီးယားအရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
ယူကရိန်းနှင့် ဥရောပနိုင်ငံများက ရုရှားအပေါ် ဖိအားတိုးမြှင့်ရန် တိုက်တွန်းခဲ့သော်လည်း Trump က အရေးယူပိတ်ဆို့မှုအသစ်များအပေါ် တိကျသည့် ကတိကဝတ် မပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် အမေရိကန်-အီရန် သဘောတူညီမှုနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ပြီး ဥရောပနိုင်ငံများက အီရန်၏ နျူကလီးယားအစီအစဉ်ကို ထိရောက်စွာ ထိန်းချုပ်နိုင်မည့် သဘောတူညီချက်ဖြစ်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
သက်ထား
285
AI Smart Glasses ဖွံ့ဖြိုးရေးအတွက် ကုမ္ပဏီကြီးများ ပူးပေါင်း
ဇွန် ၁၆ ရက်တွင် မျက်မှန်ထုတ်လုပ်ရေးကုမ္ပဏီ EssilorLuxottica နှင့် Semiconductor နည်းပညာကုမ္ပဏီ Applied Materials တို့သည် AI Smart Glasses နှင့် Augmented Reality (AR) နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
AI Smart Glasses များသည် အသံဖြင့် ထိန်းချုပ်နိုင်ခြင်း၊ အချက်အလက်များကို မျက်မှန်မှတစ်ဆင့် ပြသပေးနိုင်ခြင်း၊ ဘာသာပြန်ဆိုခြင်းနှင့် လမ်းညွှန်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။
နည်းပညာကျွမ်းကျင်သူများက AI Smart Glasses များသည် အနာဂတ်တွင် စမတ်ဖုန်းများပြီးနောက် အရေးပါသော လူသုံးနည်းပညာပစ္စည်းတစ်ခု ဖြစ်လာနိုင်ကြောင်း သုံးသပ်ထားကြသည်။ Meta၊ Google နှင့် Apple တို့လည်း အဆိုပါဈေးကွက်တွင် အပြိုင်အဆိုင် ရင်းနှီးမြှုပ်နှံလျက်ရှိကြောင်း သိရသည်။
သက်ထား
285
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ CCTV သတင်းရုပ်သံလိုင်း၏ တွေ့ဆုံမေးမြန်းမှုများအား လက်ခံဖြေကြား
နေပြည်တော်၊ ဇွန် - ၁၇
တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြိုသို ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ CCTV သတင်းရုပ်သံလိုင်းမှ ထိပ်တန်းသတင်းတင်ဆက်သူ မစ္စ ကျိုးယွင် တွေ့ဆုံ မေးမြန်းမှုများကို ကျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာ ဧည့်ခန်းမဆောင်၌ လက်ခံ ဖြေကြားလျက်ရှိကြောင်း သိရှိရသည်။
သက်ထား
285
Repost from ဖိုးမောင်
ကြောင်တောင်တောင် KTLA ပါကွာ
ချင်းမိုင်လေဆိပ်မှာ အမေရိကန်ကနေ ပိုလာတဲ့ အသိအမှတ်ပြုမှုမရှိတဲ့ ကတ်ပြား ၁၂၀၀ ကျော်ကို အာဏာပိုင်တွေ ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို သိရပါတယ်။ ပြောရမယ်ဆိုရင် ဒီကတ်တွေကို ထုတ်ထားတဲ့သူတွေ ဘယ်လောက်ပဲ ကြီးကြီးကျယ်ကျယ် ပြောနေကြပေမယ့် နိုင်ငံတကာမှာရော၊ တရားဝင် လူဝင်မှုကြီးကြပ်ရေးစနစ်တွေမှာပါ အသိအမှတ်ပြုထားတာမျိုး မရှိသေးပါဘူး။
-
ဒါကြောင့် ဒီလိုကတ်တွေကို ကိုင်ဆောင်တာ၊ အသုံးပြုတာဟာ တရားဝင်အထောက်အထားတစ်ခု ရသွားတာမျိုး မဟုတ်သလို ဥပဒေရေးရာ တရားရေးနဲ့လည်း ရင်ဆိုင်ရနိုင်ပါတယ်။
-
အခုဖြစ်စဉ်ကလည်း စာရွက်ပေါ်က အိပ်မက်နဲ့ လက်တွေ့ကမ္ဘာကြား ဘယ်လောက်ကွာခြားတယ်ဆိုတာကို ပြသနေတဲ့ ဥပမာတစ်ခုလိုပဲ ပြောရမှာပါ။ နိုင်ငံတကာ အသိအမှတ်ပြုမှု၊ ဥပဒေဘောင်အတွင်း တရားဝင်ရပ်တည်မှုနဲ့ အဖွဲအစည်းဆိုင်ရာ လက်ခံမှုတွေ မရှိဘဲ ထုတ်ထားတဲ့ စာရွက်စာတမ်းတွေဟာ လက်တွေ့အသုံးဝင်ဖို မဖြစ်နိုင်ဘဲ ထောင်နန်းစံရမည်ဖြစ်ပါကြောင်း။
ဖိုးမောင်
