👩🏻🦰✍🏻သက်ထား
الذهاب إلى القناة على Telegram
မြန်မာ့နိုင်ငံရေး + နိုင်ငံတကာသတင်းလေးတွေ တင်ပါမယ်ရှင်
إظهار المزيد283
المشتركون
-224 ساعات
-27 أيام
-930 أيام
أرشيف المشاركات
283
Repost from ဖိုးမောင်
+2
🧱 ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ၂ ဦး သေဆုံး
🔹 ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီး မိုင်တိုင်အမှတ် ၈/၃ တွင် သြဂုတ် ၁၇ ရက် နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က ကားကြီးတစ်စီးနှင့် အငှားကား (Taxi) တစ်စီး မျက်နှာချင်းဆိုင် တိုက်မိခဲ့သည်။
🔹 အဆိုပါ ယာဉ်တိုက်မှုကြောင့် အငှားကားပေါ်ပါ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းများကို ဝေါလူမှုကူညီရေးအသင်းက ဝေါမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Myanmar #Bago #Waw #TrafficAccident #LocalNews
ဖိုးမောင်
283
+1
📌 ဘယ်လ်ဂျီယံ၌ ဆောက်လုပ်ရေး လုပ်ရင်း ဒေါ်လာ ၁၀.၅ သန်းကျော် တန်ဖိုးရှိ ရွှေများ တွေ့ရှိ
💚 ဘယ်လ်ဂျီယံနိုင်ငံမှ ဆောက်လုပ်ရေး လုပ်သားများသည် လုပ်ငန်းခွင်အတွင်း မြေတူးရာမှ ယူရို ၉ သန်း (အမေရိကန်ဒေါ်လာ ၁၀.၅ သန်းကျော်) တန်ကြေးရှိ ရွှေချောင်းများနှင့် ရွှေဒင်္ဂါးပြား အများအပြားကို တူးဖော် တွေ့ရှိခဲ့ကြသည်။
💚 အဆိုပါ ရွှေများကို မြို့တော် ဘရပ်ဆဲလ်၏ အနောက်မြောက်ဘက် ၁၉ မိုင်အကွာရှိ ဒန်ဒါမွန်ဒီမြို့မှ အဆောက်အအုံတစ်ခုကို ပြင်ဆင်နေသည့် ဆောက်လုပ်ရေး လုပ်သား (၈) ဦးက တူးဖော် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
💚 လုပ်သားများက အိမ်ပိုင်ရှင်ထံ ဆက်သွယ် အကြောင်းကြားခဲ့ပြီး အိမ်ပိုင်ရှင်မှတစ်ဆင့် ရဲတပ်ဖွဲ့သို့ သတင်းပို့ခဲ့သဖြင့် ရဲစခန်းတွင် ကင်မရာ မှတ်တမ်းယူ ရေတွက်ကာ စနစ်တကျ ချိတ်ပိတ်ထားရှိသည်။
💚 လက်ရှိတွင် အဆိုပါ ရွှေများ၏ မူလပိုင်ရှင် မည်သူဖြစ်ကြောင်းနှင့် မြေအောက်သို့ မည်သို့ ရောက်ရှိနေသည်ဆိုသည်ကို တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက် ရှိသည်။
သက်ထား
283
📌 KBZ နှင့် ရွှေမင်းသားဖောင်ဒေးရှင်း ပူးပေါင်း၍ မသန်စွမ်း ကျောင်းသား/သူ ၄၇ ဦးကို ၅ နှစ်တာ ပညာသင်ဆု ပေးမည်
💚 ကမ္ဘောဇဘဏ် (KBZ) နှင့် ရွှေမင်းသားဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ မသန်စွမ်း ကျောင်းသား/ကျောင်းသူ (၄၇) ဦးအတွက် (၅) နှစ်တာ ပညာသင်ဆု စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရွှေမင်းသားဖောင်ဒေးရှင်းမှ ထုတ်ပြန်ခဲ့သည်။
💚 အဆိုပါ ပညာသင်ဆု စီမံကိန်းသည် မသန်စွမ်း ကျောင်းသား/သူများ၏ ပညာရေး ရေရှည် ဆက်လက် သင်ယူနိုင်ရေးအတွက် ထောက်ပံ့ ကူညီပေးခြင်း ဖြစ်သည်။
သက်ထား
283
+3
📌 AFC Women's Champions League အဖွင့်ပွဲတွင် ဧရာဝတီ FC အသင်း ဂိုးပြတ် အနိုင်ရရှိ
💚 AFC Women's Champions League အဖွင့်ပွဲစဉ်အဖြစ် ဩဂုတ်လ (၁၇) ရက်နေ့တွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု Ayeyawady FC အသင်းက စင်ကာပူ FC Jurong အသင်းအား ၄-ဂိုး ၀-ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့သည်။
💚 မြန်မာနိုင်ငံကိုယ်စားပြု Ayeyawady FC အမျိုးသမီးအသင်းသည် ယခုရာသီ AFC Women's Champions League ခြေစစ်ပွဲ အုပ်စု (F) တွင် တရုတ်တိုင်ပေကလပ် New Taipei၊ စင်ကာပူကလပ် Jurong နှင့် လက်ဘနွန်ကလပ် No Limits အသင်းတို့နှင့်အတူ ကျရောက်လျက်ရှိသည်။
💚 အဆိုပါ အဖွင့်ပွဲစဉ်တွင် မြန်မာနိုင်ငံကိုယ်စားပြု Ayeyawady FC အသင်းက အကောင်းဆုံး ခြေစွမ်းပြသကာ ဂုဏ်ယူဖွယ် အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
သက်ထား
283
Repost from ဖိုးမောင်
+8
🧱 အမှတ် (၇၇) တပ်မဌာနချုပ် ရှေ့တန်းပြန် တပ်မတော်သားများအား ပဲခူးမြို့၌ သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို
🔹 နိုင်ငံတော် တည်ငြိမ်ရေးနှင့် နယ်မြေ အေးချမ်းသာယာရေးအတွက် စစ်ဆင်ရေး တာဝန်များ ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသည့် အမှတ် (၇၇) တပ်မဌာနချုပ် ရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၌ ကျင်းပခဲ့သည်။
🔹 အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးကျော်ထက်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြပြီး ရှေ့တန်းပြန် တပ်မတော်သားများအား အောင်သပြေပန်းများဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြု ကြိုဆိုခဲ့ကြသည်။
#Myanmar #Bago #Tatmadaw #Division77 #WelcomeHome #LocalNews
ဖိုးမောင်
283
Repost from ဖိုးမောင်
🧱 အမေရိကန် စစ်သားများကို သတ်သူ သို့မဟုတ် ဖမ်းဆီးသူအား ဒေါ်လာ ၃၀၀၀၀ ဆုငွေပေးမည်ဟု အီရန် စစ်ဦးစီးချုပ် ကြေညာ
🔹 အမေရိကန် တပ်ဖွဲ့ဝင်တစ်ဦးအား သတ်ဖြတ်သူ သို့မဟုတ် ဖမ်းဆီးရမိသူ မည်သူမဆိုအတွက် ဒေါ်လာ ၃၀၀၀၀ (သို့မဟုတ် တိုမန် ၅ ဘီလီယံနှင့် ညီမျှသော) ဆုငွေ ပေးအပ်မည်ဖြစ်ကြောင်း အီရန် တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အမီယာ ဟာတာမီက ကြေညာခဲ့ကြောင်း IRNA သတင်းဌာနက ဖော်ပြခဲ့သည်။
🔹 ထို့ပြင် အဆိုပါ လုပ်ဆောင်ချက်ကို အမျိုးသမီးများ ဆောင်ရွက်ပါက ဆုငွေ နှစ်ဆ (ဒေါ်လာ ၆၀၀၀၀) ပေးအပ်မည်ဖြစ်ကြောင်းနှင့် အသုံးပြုခဲ့သည့် လက်နက်ကိုလည်း မူလတန်ဖိုး၏ နှစ်ဆဖြင့် ဝယ်ယူကာ ပြတိုက်တွင် ထိန်းသိမ်းထားရှိမည်ဟု ပါရှိသည်။
#Iran #USA #AmirHatami #MilitaryBounty #GlobalNews
ဖိုးမောင်
283
Repost from ဖိုးမောင်
သမ္မတကြီး ရုရှားခရီးစဉ်နှင့် မြန်မာ့နိုင်ငံရေးအရွေ့
https://vt.tiktok.com/ZSV6dPDnX/
ဖိုးမောင်
283
Repost from မှိုင်းဝေ
ဘူရ်ခါခြုံပြီး ပုန်းနေတဲ့ အထွန်းရဲ့ AA အဖွဲ့က ရခိုင်ပြည်သူတွေရဲ့ လယ်မြေတွေကို သိမ်းပိုက်ပီး မောင်ပိုင်စီးထား..
ငါတို့အားလုံးသည် AA များဖြစ်ကြသည်ဆိုတဲ့ စကားတောင် မဟနိုင်တော့တဲ့ ရခိုင်ပြည်နယ်က AA ထောက်ခံ ရခိုင်များ
မှိုင်းဝေ
283
Repost from 𝐊𝐚 𝐊𝐚 𝐇𝐚𝐧✍️
ချင်းလက်နက်ကိုင်တွေရဲ့ အသုံးမကျမှုကြောင့် ပလက်ဝမြို့နယ်က ချင်းလူမျိုးတွေတော့ ရခိုင် AA ရဲ့ အနိုင်ကျင့်ဖိနှိပ်မှုတွေကို ကျောကော့နေအောင်ခံစားနေကြရတယ်...အခုလည်း ပလက်ဝမှာ ချင်းလူမျိုးတွေဆီကနေ အတင်းအဓမ္မဆက်ကြေးတွေကောက်နေကြပြီတဲ့...အကြမ်းဖက် AA ရဲ့ ရက်စက်ယုတ်မာမှုတွေဟာ ပိုမိုဆိုးလာတာကြောင့် ချင်းလူမျိုးတွေဟာ ပလက်ဝဒေသမှာ မနေရဲကြတောဘူးဆိုပဲ... ဒီအတိုင်းသာဆို ပလက်ဝဒေသမှာ ချင်းလူမျိုးတွေ ပျောက်ကွယ်သွားတော့မယ့် အနေအထားဖြစ်လာနေပြီ...
283
Repost from Myanmar National Post
ဆန်အရည်အသွေးကောင်းမွန်သည့် GW-11 မြန်မာ့ဆန်ကို ဖိလစ်ပိုင်နိုင်ငံက အဝယ်လိုက်၍ ဈေးအမြင့်ဆုံးရရှိနေ
ရန်ကုန်၊ ဩဂုတ် ၁၇
မြန်မာ့ဆန်များကို ပြည်ပပို့ကုန်အဖြစ် နှစ်စဉ်တင်ပို့လျက်ရှိရာ ယခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသို့ စတင်တင်ပို့သည့် ဆန်အရည်အသွေးကောင်းမွန်သော GW-11 မြန်မာ့ဆန်အား အဝယ်လိုက်မှုကြောင့် ဈေးအမြင့်ဆုံးရရှိနေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
ဖိလစ်ပိုင်နိုင်ငံသို့ မြန်မာနိုင်ငံနည်းတူ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့က ဆန်တင်ပို့လျက်ရှိပြီး မြန်မာနိုင်ငံမှ GW-11 အမျိုးအစားဆန်ကို အများဆုံးမှာယူမှုသည် ဆန်ကြိတ်ခွဲမှုနည်းပညာပိုင်းဆိုင်ရာထက် ဆန်မျိုးစိတ်အရည်အသွေးကောင်းမွန်မှုတို့ကြောင့် ဈေးကောင်းပေးဝယ်ယူခြင်းဖြစ်သည်။
“ပြည်ပပို့ကုန်ဆန်တင်ပို့ရာမှာ ဖိလစ်ပိုင်နိုင်ငံက GW-11 အဝယ်လိုက်နေတဲ့အတွက် လေးလအတွင်း တန်ချိန်ရှစ်သိန်းကျော် ပို့ပြီးပါပြီ။ ဖိလစ်ပိုင်ကို ဆန်တင်ပို့တဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ဈေးအမြင့်ဆုံးရနေပါတယ်။ တစ်ကြိမ်မှမရဘူးတဲ့ အမြင့်ဆုံးဈေးပါ။ သူတို့က GW-11 ဆန်ရဲ့အရည်အသွေးထက် ဆန်မျိုးစိတ်ကို ပိုပြီးနှစ်ခြိုက်တာကြောင့် အဝယ်လိုက်တာပါ။ ဖိလစ်ပိုင်နိုင်ငံက ပိုပြီးဝယ်ယူတာကြောင့် ဧရာဝတီတိုင်းဒေသကြီးမှာ စိုက်ပျိုးသလို အခြားဒေသတွေမှာလည်း သီးသန့်စိုက်ခင်းတွေ စိုက်ပျိုးပြီး မျိုးစိတ်အရည်အသွေးကို ဆက်လက်ထိန်းသိမ်းသွားဖို့လိုပါတယ်။ ဖိလစ်ပိုင်နိုင်ငံက GW-11 ဆန်ကို ဗီယက်နမ်ကနေ အဝယ်များပေမယ့် မြန်မာနိုင်ငံကပိုမှာယူပြီး ထိုင်းနိုင်ငံထက် ဈေးပိုပေးအဝယ်လိုက်တာဟာ နိုင်ငံအတွက်လည်း အားရဂုဏ်ယူစရာပါ” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ စီမံခန့်ခွဲရေးကော်မတီဝင် ဦးစိုင်းကျော်ကပြောသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2026/08/gw-11.html
283
Repost from Myanmar National Post
ဒီနှစ်ထဲမှာ ပြင်းအား ၇ ထက်ကျော်လွန်တဲ့ ငလျင်လှုတ်တာ ၁၁ ကြိမ် ရှိသွားပြီ
ဩဂုတ် - ၁၇ ( တနင်္လာနေ့ )
ထိုင်းနိုင်ငံ အမျိုးသားသုတေသနကောင်စီ (NRCT) နဲ့ ထိုင်းငလျင်သုတေသနဗဟိုဌာန (EARTH) တို့ရဲ့ သြဂုတ် ၁၅ ရက်အထိ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်အတွင်း ကမ္ဘာ့ဒေသ ၉ ခုမှာ ပမာဏ ၇.၀ နဲ့ အထက်ရှိတဲ့ အင်အားပြင်းငလျင် ၁၁ ကြိမ် လှုပ်ခတ်ခဲ့ပါတယ်။ အများစုကတော့ ပစိဖိတ်မီးစက်ဝန်းဒေသ တလျှောက်မှာ ဖြစ်ပွားခဲ့တာပါ။
ဒီအဖွဲ့အစည်းနှစ်ခုဟာ ပြည်သူတွေကို ထိတ်လန့်တကြားမဖြစ်စေဘဲ စနစ်တကျ ပြင်ဆင်မှုတွေပြုလုပ်နိုင်ဖို့နဲ့ သတိပြုမိစေဖို့အတွက် ကမ္ဘာတစ်ဝှမ်းဖြစ်ပွားခဲ့တဲ့ အဓိကငလျင်ကြီးတွေကို စုစည်းဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။
အပြင်းထန်ဆုံးငလျင်ကတော့ ဇွန်လ ၈ ရက်နေ့က ဖိလစ်ပိုင်မှာ လှုပ်ခတ်ခဲ့တဲ့ ပမာဏ ၇.၈ ရှိ ငလျင်ဖြစ်ပြီး၊ နောက်ဆုံးလှုတ်ခဲ့တဲ့ ငလျင်ကတော့ သြဂုတ် ၁၅ ရက် မနက် ၄ နာရီ ၅၈ မိနစ်မှာ အင်ဒိုနီးရှားနိုင်ငံ၊ ဖလိုရက်စ် ကျွန်းအနီး လှုပ်ခတ်ခဲ့တာပါ။
အင်ဒိုနီးရှား မိုးလေဝသ၊ ဇလဗေဒနှင့် ဘူမိရူပဗေဒ အေဂျင်စီ (BMKG) က Flores ငလျင်ရဲ့ အနက်ကို ၁၅ ကီလိုမီတာနဲ့ ပမာဏ ၇.၇ စီမံပြင်ဆင် သတ်မှတ်ခဲ့သလို၊ အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS) ကလည်း အနက် ၁၀ ကီလိုမီတာရှိပြီး ပမာဏ ၇.၇ ရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၆ ခုနှစ်အတွင်း လှုပ်ခတ်ခဲ့တဲ့ ပမာဏ ၇ အထက် ငလျင် ၁၁ ကြိမ် နဲ့ပတ်သက်ပြီး သြဂုတ် ၁၅ ရက်အထိ မှတ်တမ်းဝင်ခဲ့တဲ့ ငလျင်တွေကတော့ -
ဖေဖော်ဝါရီ ၂၂ - မလေးရှား (ပမာဏ ၇.၁)
မတ် ၂၄ - တွန်ဂါ (ပမာဏ ၇.၅)
မတ် ၃၀ - ဗာနူအာတူ (ပမာဏ ၇.၃)
ဧပြီ ၂ - အင်ဒိုနီးရှား (ပမာဏ ၇.၄)
ဧပြီ ၂၀ - ဂျပန် (ပမာဏ ၇.၄)
ဇွန် ၈ - ဖိလစ်ပိုင် (ပမာဏ ၇.၈)
ဇွန် ၂၄ - ဗေနီဇွဲလား (ပမာဏ ၇.၂)
ဇွန် ၂၄ - ဗေနီဇွဲလား (ပမာဏ ၇.၅)
ဇူလိုင် ၁၇ - မက္ကဆီကို (ပမာဏ ၇.၃)
သြဂုတ် ၁၀ - ကိုလံဘီယာ (ပမာဏ ၇.၄)
သြဂုတ် ၁၅ - အင်ဒိုနီးရှား (ပမာဏ ၇.၇)
ဒီကိန်းဂဏန်းတွေအရ အင်အားပြင်းငလျင်တွေဟာ ကမ္ဘာ့နေရာတစ်ခုတည်းမှာပဲ ဖြစ်တာမဟုတ်ကြောင်း တွေ့ရပါတယ်။ ဒါပေမဲ့ အများစုကတော့ ကမ္ဘာ့ကျောက်ချပ်လွှာ နယ်နိမိတ်တွေ၊ စီးပွားရေးနဲ့ သဘာဝအရ အဓိကကျတဲ့ ပစိဖိတ်မီးကွင်းဒေသတလျှောက်မှာ စုပြုံဖြစ်ပွားလေ့ရှိပါတယ်။
ဒီဒေသတွေမှာ ကျောက်ချပ်လွှာတွေဟာ တိုက်မိတာ၊ တစ်ခုအောက်တစ်ခု တိုးဝင်တာ၊ ခွဲထွက်သွားတာ ဒါမှမဟုတ် ဘေးချင်းယှဉ်ပွတ်တိုက်တာတွေ ဖြစ်ပေါ်ကြပါတယ်။ အဲဒီလို ပြတ်ရွှေ့ကြောင်းတွေမှာ စွမ်းအင်တွေ စုစည်းမိပြီး ပြန်လည်ထွက်ရှိလာတာကြောင့် ကျောက်ချပ်လွှာ အတွင်းပိုင်းဒေသတွေထက် ငလျင်လှုပ်တာနဲ့ မီးတောင်ပေါက်ကွဲတာတွေ ပိုမိုဖြစ်ပွားလေ့ ရှိတာဖြစ်ပါတယ်။
REF: The Nation
https://www.mmnationalpost.com/2026/08/blog-post_968.html
283
Repost from ခင် ညို ချော
IIMM လို့ခေါ်တဲ့ အဖွဲ့ဟာ စတင်ပေါ်ပေါက်လာချိန်ကတည်းက မြန်မာနိုင်ငံကနေ တရားဝင် အသိအမှတ်ပြုထားခြင်း မရှိတဲ့ အဖွဲ့အစည်းတစ်ခုသာ ဖြစ်ပါတယ်။
ဒီလို အသိအမှတ်ပြု ထားခြင်း မရှိတဲ့ ယန္တရားတစ်ခုကနေ နိုင်ငံတော်အစိုးရကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေဆီကနေ ရရှိ လာတဲ့ ခိုင်လုံမှုမရှိတဲ့ သတင်းအချက်အလက်တွေကိုသာ အခြေခံပြီး စွပ်စွဲရေးသားထားခြင်းဟာ ယုတ္တိ မတန်ဘူးဆိုတာကို ဓမ္မဓိဋ္ဌာန်ကျကျ စဉ်းစားကြည့်နိုင်ပါတယ်။
မြေပြင်အခြေအနေအမှန်မှာတော့ နိုင်ငံတော်အစိုးရရဲ့ ဆောင်ရွက်ချက်တွေဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ပေးဖို့နဲ့ အကြမ်းဖက်မှုတွေကို တုံ့ပြန်ဖြေရှင်းဖို့ကိုသာ အဓိကထား လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ တစ်ဖက်သတ် အမြင်တွေကိုသာ ကိုယ်စားပြုနေတဲ့ စွပ်စွဲချက်တွေဟာ နိုင်ငံတကာအသိုင်းအဝိုင်းကို အထင်အမြင်လွဲမှားစေနိုင်တဲ့အတွက် မျှတမှုမရှိသော ဖော်ပြချက်တွေကို အမှန်တရားအနေနဲ့ လုံးဝ လက်ခံနိုင်ဖွယ်ရာ မရှိဘူးဆိုတာကို ရှင်းလင်းစွာ အသိပေးအပ်ပါတယ်။
သြဂုတ် ၁၅ ရက်
283
Repost from သိင်္ခ
Smart Meter စနစ်နှင့် ချိတ်ဆက်နိုင်ခြင်းမရှိသေးသည့် မီတာအသုံးပြုနေသူများအတွက် ကိုယ်တိုင် မီတာဖတ်ရှု၍ မီတာခ ပေးဆောင်နိုင်မည့် Digital စနစ်တစ်ခုကို မကြာမီ စမ်းသပ်အသုံးပြုမည်
Smart Meter စနစ်နှင့် ချိတ်ဆက်နိုင်ခြင်းမရှိသေးသည့် မီတာအသုံးပြုနေသူများအတွက် ကိုယ်တိုင် မီတာဖတ်ရှု၍ မီတာခ ပေးဆောင်နိုင်မည့် Digital စနစ်တစ်ခုကို မကြာမီ စမ်းသပ်အသုံးပြုမည်ဖြစ်ကြောင်း သြဂုတ် ၁၅ ရက်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။
283
Repost from FACT CHECK
+4
အင်ဒိုနီးရှားနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့်ငလျင်ကြာင့် သေဆုံးသူ ၂၀ အထိ မြင့်တက်လာ
===============
ဩဂုတ်လ ၁၅ ရက်မနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ ဖလောရက်စ်ကျွန်း ကမ်းလွန်တွင် လှုပ်ခတ်ခဲ့သည့် ရစ်ချ်တာစကေး ၇ ဒဿမ ၇ ပြင်းအားရှိ ငလျင်ကြောင့် သေဆုံးသူ ၂၀ အထိမြင့်တက်လာခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
အဆိုပါငလျင်လှုပ်ခတ်ခဲ့ပြီးနောက် နောက်ဆက်တွဲငလျင်များလှုပ်ခတ်ခဲ့ကာ နောက်ဆက်တွဲငလျင်များအနက် အင်အားအပြင်းဆုံးမှာ ရစ်ချ်တာစကေး ၆ ဒသမ ၁ ပြင်းအားရှိကြောင်း တိုင်းတာသိရှိခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ မိုးလေဝသ၊ ဇလဗေဒနှင့် မြေငလျင်ဆိုင်ရာ အေဂျင်စီ (BMKG) က မြေငလျင် လှုပ်ခတ်ပြီးနောက် ဆူနာမီလှိင်းများ ကျရောက်နိုင်ခြေရှိကြောင်း စတင် သတိပေးခဲ့ပြီး၊ ပြည်သူများအား အမြင့်ပိုင်း ဒေသများသို သွားရောက်ကြရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။
283
Repost from FACT CHECK
အကြမ်းဖက် AA ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘင်္ဂါလီအမျိုးသမီး ၄၅၀ ကျော်ကို မိမိသဘောဆန္ဒမပါဘဲ မဖြစ်မနေအတင်းအကျပ် ဖိအားပေး စစ်မှုထမ်းခိုင်းနေတယ်ဆိုပဲ...
အကြမ်းဖက် AA ဟာ ရခိုင်ပြည်နယ်အတွင်းက တခြားဘာသာဝင်တွေကို အလေးထားမဆက်ဆံဘဲ ဘာသာရေး၊ လူမျိုးရေးခွဲခြားမှုပြုလုပ်ပြီး ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာတွေ၊ ပေါတာဆွဲလူသစ်စုဆောင်းပြီး အသေခံခိုင်းနေတာတွေကို သက်သေတွေနဲ့တကွ နိုင်ငံတကာထံ တိုင်ကြားကြဖို့လိုပါတယ်...
283
Repost from မှိုင်းဝေ
+7
စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် အရန်အဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံ၍ စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်
ဩဂုတ် ၁၃ ရက်
နိုင်ငံတော်၏ ကာကွယ်ရေးအရန်အင်အားစုများဖြစ်သည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်း မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်အရန်အဖွဲ့ဝင်များကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်၊ ယနေ့မွန်းလွှဲပိုင်းက အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး အောင်ကျော်သက်နှင့် တာဝန်ရှိသူများသည် ကွန်ဟိန်းမြို့၊ နယ်မြေခံတပ်နယ်ခန်းမ၌ သွားရောက်တွေ့ဆုံ၍ ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်ခဲ့သည်။
ပထမဦးစွာ ဒုတိယတိုင်းမှူးက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် အရန်အဖွဲ့ဝင်များအား အဖွင့်အမှာ စကားပြောကြားပြီးနောက်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် အရန်အဖွဲ့ဝင်များ၏ တင်ပြချက် များအပေါ်လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် အရန်အဖွဲ့ဝင်များအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် (၄) မျိုး နှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများအား ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက အသီးသီး ချီးမြှင့် ပေးအပ်ခဲ့ပြီးစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်အရန်အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ ကြကြောင်း သတင်းရရှိသည်။
283
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် တတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်၍ ကံ့ကော် ပျိုးပင်အား ဦးဆောင်စိုက်ပျိုးပေး
283
YBS ယာဉ်စီးခများ စက်တင်ဘာ ၁ ရက်မှစတင်ကာ ကျပ် ၆၀၀ ပြောင်းလဲကောက်ခံမည်
ရန်ကုန်၊ ဩဂုတ်-၁၅
ရန်ကုန့်မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်စီးခများကို ယခင် ၄၀၀ ကျပ်မှ ယခု ကျပ် ၆၀၀ အထိ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း YRTC မှသိရသည်။
စက်တင်ဘာလ ၁ ရက်ကစပြီး ကားခများကို ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
" မြို့ထဲက ၂၀၀ ကို ၃၀၀၊ ၄၀၀ ကို ၆၀၀ ပါ။ ယာဉ်ပြင်ဆင်စရိတ်တွေ များလို့လေ။ ယာဉ်ပြင်ဆင်စရိတ်တွေ တော်တော် ရှုံးနေလို့၊ အဲဒါကြောင့်။ ယာဉ်ပြင်စရိတ်တွေ တက်တော့ ကားတွေက မပြင်နိုင်တော့ ယာဉ်ထွက်နည်းတာပေါ့။ အရင်တုန်းက ကားအစီးရေ ၄,၀၀၀ လောက် ထွက်တာ၊ အခုက ၃,၂၀၀၊ ၃,၃၀၀ အဲလောက်ပဲ ထွက်နိုင်တယ်၊ အဲဒါကြောင့်။ အဲဒါ ယာဉ်တွေ ပုံမှန် ပြန်ထွက်နိုင်အောင် ဒီလို ပြင်ဆင်စရိတ်တွေ ကာမိအောင်ပါ" ဟု YRTC မှအတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/ybs-ယာဉ်စီးခများ-စက်တင်ဘာ-၁/
