ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك 👈

👩🏻‍🦰✍🏻သက်ထား

👩🏻‍🦰✍🏻သက်ထား

الذهاب إلى القناة على Telegram

မြန်မာ့နိုင်ငံရေး + နိုင်ငံတကာသတင်းလေးတွေ တင်ပါမယ်ရှင်

إظهار المزيد
285
المشتركون
لا توجد بيانات24 ساعات
-17 أيام
-630 أيام
أرشيف المشاركات
စားအုန်းဆီ တင်သွင်းသုံးစွဲမှု အခြေအနေအား ရှင်းလင်းတင်ပြခြင်း

ရက် (၁၀၀) စီမံချက်များကို သတ်မှတ်ချိန်အတွင်း ပြီးမြောက်အောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ နိုင်ငံတော်သမ္မတရုံး၏ ရက် (၁၀၀) စီမံချက်များကို သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ပြီးမြောက်အောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်အထိ ထူးခြားသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် လုပ်ငန်းများ မရှိသေးပါဘူး။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ရက် (၁၀၀) စီမံချက် (၉) ခုအနက် ပြီးစီးမှု ၈၀.၂၀ ရာခိုင်နှုန်းနဲ့ ဆောင်ရွက်ဆဲ ၁၉.၈၀ ရာခိုင်နှုန်းရှိပြီး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနရဲ့ စီမံချက် (၂) ခုအနက် ပြီးစီးမှု ၂၈ ရာခိုင်နှုန်းနဲ့ ဆောင်ရွက်ဆဲ ၇၂ ရာခိုင်နှုန်းရှိပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ရက် (၁၀၀) စီမံချက်တွေထဲမှာ လက်ရှိဆောင်ရွက်ဆဲ လုပ်ငန်းကတော့ မြန်မာပေါ်ဆန်းဆန်ကို အမေရိကန်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေး ညှိနှိုင်းဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ ဒီလုပ်ငန်းကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိတဲ့ စီမံချက်တွေကတော့ ရာနှုန်းပြည့်နီးပါး ပြီးစီးပြီး ဖြစ်ပါတယ်။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအနေနဲ့တော့ စိုက်ပျိုးစရိတ်ချေးငွေ နှုန်းထားတိုးမြှင့်ထုတ်ချေးခြင်းနဲ့ လယ်ယာသုံးစက်ကိရိယာ ချေးငွေများ ထုတ်ချေးခြင်းတို့ကို လျာထားချက်အတိုင်း ဆောင်ရွက်လျက်ရှိပါတယ်။ စိုက်ပျိုးစရိတ်ချေးငွေတွေကိုလည်း ရက် (၁၀၀) အတွင်း ပြီးမြောက်အောင် ဆက်လက်ထုတ်ချေးသွားမှာ ဖြစ်ပါတယ်။ လယ်ယာသုံးစက်ကိရိယာချေးငွေတွေနဲ့ ပတ်သက်ပြီးတော့လည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်ဘဏ်ခွဲတွေက တင်ပြလာတဲ့ ချေးငွေအဆိုပြုလွှာတွေကို စိစစ်ခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်းတွေ ဆောင်ရွက်ပြီး သတ်မှတ်ချက်တွေနဲ့ ကိုက်ညီသူတွေကို ချေးငွေတွေ ဆက်လက်ထုတ်ချေးပေးလျက်ရှိပါတယ်။ ရက် (၁၀၀) စီမံချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လက်ရှိအချိန်အထိတော့ ထူးခြားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ လုပ်ငန်းတွေ မရှိသေးပါဘူး။ သတ်မှတ်ထားတဲ့ စီမံချက်တွေကို အချိန်မီ ပြီးမြောက်အောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေ ရှက်တတ်ပါစေ - NLD ဆိုတဲ့ ဟာတွေသည် တိုင်းဖျက် ပြည်ဖျက် အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်ဖို့
+1
ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေ ရှက်တတ်ပါစေ - NLD ဆိုတဲ့ ဟာတွေသည် တိုင်းဖျက် ပြည်ဖျက် အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်ဖို့ CRPH, NUG, PDF အစရှိသော အကြမ်းဖက်အဖွဲ့များအဖြစ် အသွင်ပြောင်းသွားပြီးကတည်းက NLD ဆိုတာ မရှိတော့ပါဘူး။ Facebook Page တစ်ခု ရှိနေရုံနဲ့ အာချောင်လို့ ရတယ်ဆိုတဲ့ အတွေးက ကလေးဆန်လွန်းပါတယ်။ အဲဒီ NLD Facebook Page ကို ကိုင်ထားတဲ့ ကောင်တွေက ပြည်တွင်းမှာ ရှိလားဆိုတော့လည်း မရှိဘူး။ ဘယ်နိုင်ငံမှာ နေမှန်းတောင် မသိရဘူး။ ပြည်ပြေး ဝရမ်းပြေးတွေက အဲဒီ စာမျက်နှာကို အသုံးပြုပြီး သူတို့လို အကြမ်းဖက်လမ်းစဉ်ပေါ် ပါမလာတဲ့ NLD ဆိုသူတွေကို သူတို့ ထုတ်ချင်သလိုထုတ်၊ ပယ်ချင်တဲ့သူပယ် လုပ်နေခြင်းကြောင့်လည်း ပြဿနာတွေ ပေါက်ခဲ့ဖူးပါတယ်။ ဗိုလ်ချုပ်ရုပ်ထုတွေ ဖယ်ရှားတာနဲ့ ပတ်သက်လို့ ပြည်ပြေး ဝရမ်းပြေးတွေ ရေးသားထုတ်ပြန်ထားတဲ့ စာသားတွေကတော့ ပြောင်မြောက်လှပါတယ်။ ကိုယ်ကျိုးမဖက်တဲ့ ဗိုလ်ချုပ်ကို ကိုယ်ကျိုးအတွက် ရုပ်ထုတွေ ရုပ်ပျက်ဆင်းပျက်ထုသွားခဲ့တာလည်း မင်းတို့တွေပဲ။ ပြည်သူလူထုထံက ငွေတွေကောက်ခံတာကို မင်းတို့ ကိုယ်တိုင် ဝန်ခံထားတယ်။ ဘယ်လောက်တောင် အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတာတော့ ထည့်မပြောဘူး။ ကိုယ်ကျိုးမဖက်တဲ့ ဗိုလ်ချုပ်ကို ကိုယ်ကျိုးအတွက် အသုံးချရုံမျှမက ပြည်သူလူထုကို အတိဒုက္ခရောက်အောင် အကြမ်းဖက်လမ်းစဉ်ကိုပါ ဖော်ဆောင်ခဲ့ကြတဲ့ ပြည်ဖျက်မိစ္ဆာတွေက NLD လို့ အော်နေရင် NLDသမိုင်း ရိုင်းသထက် ရိုင်းတာပဲ ရှိတော့မပေါ့။ NLD ဆိုတာ တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီစာရင်းထဲမှာလည်း မရှိတော့ပါဘူး။ ရှိခဲ့တဲ့ NLD ဆိုတဲ့ ဟာတွေသည်လည်း ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်ဝါဒီများ ဖြစ်နေကြပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟိုဌနချုပ်) ဆိုတဲ့ တံဆိပ်တုံးကြီးကို အသုံးပြုထားသေးတယ်။ ထုတ်ပြန်ချက် ထုတ်တဲ့ ကြာကူလီ နေဘုန်းလတ် တို့ အဖွဲ့ အဖွဲ့ ဘယ်နိုင်ငံမှာ ဒုက္ခသည်အဖြစ် ခိုလှုံနေလဲဆိုတာတောင် မသိရဘူး။ ရှက်တတ်ကြပါစေ။ #MNP #News

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြင်ဦးလွင်မြို့ရှိ မြို့မိမြို့ဖများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် မြို့၏အစဉ်အလာကောင်းများအား စဉ်ဆက်မပြတ်ထိန်းသိမ်းနိုင်ရေး ဆွေးနွေးမှာကြား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇူလိုင် ၁၀ ရက်နေ့တွင် ပြင်ဦးလွင်မြို့ရှိ မြို့မိမြို့ဖများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် မြို့၏အစဉ်အလာကောင်းများအား စဉ်ဆက်မပြတ်ထိန်းသိမ်းနိုင်ရေး ဆွေးနွေးမှာကြားခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက သမိုင်းကြောင်းစဉ်လာကောင်းများဖြင့် ပြည့်စုံပြီး တန်ဖိုးကြီးမားလှသည့် ပြင်ဦးလွင်မြို့၏ ထူးခြားသည့် ရေခံမြေခံနှင့် ဝိသေသဂုဏ်ပုဒ်များကို စဉ်ဆက်မပြတ် ထိန်းသိမ်းသွားကြရမည်ဖြစ်ကြောင်း ထည့်သွင်း‌ပြောကြားခဲ့သည်။ သက်ထား

+1
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံပေးစာ (၁၊၂)

လူမှုကာကွယ်စောင့်ရှောက်ရေးစနစ် ပိုမိုခိုင်မာအားကောင်းစေရေး ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တိုက်တွန်း သက်ထား
လူမှုကာကွယ်စောင့်ရှောက်ရေးစနစ် ပိုမိုခိုင်မာအားကောင်းစေရေး ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တိုက်တွန်း သက်ထား

တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်း တည်ဆောက်ရေးနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေးကို အလေးထားဆွေးနွေး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းတည်ဆောက်၍ လျှပ်စစ်ဓာတ်အား ရောင်းဝယ်နိုင်ရေးနှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး H.E. Dr. Md. Monwar Hossain တို့က ဇူလိုင် ၁၀ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။ တွေ့ဆုံဆွေးနွေးရာတွင် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းတည်ဆောက်၍ လျှပ်စစ်ဓာတ်အား ကုန်သွယ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ပင်လယ်ကွေ့ဒေသ ပဋိပက္ခများကြောင့် ဖြစ်ပေါ်နေသည့် စွမ်းအင်ကဏ္ဍဆိုင်ရာ အခက်အခဲများကို ပူးပေါင်းဖြေရှင်းနိုင်ရေး၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသည် ရေပြင်နှင့် မြေပြင်နယ်နိမိတ်ချင်း ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများဖြစ်သဖြင့် စွမ်းအင်ကုန်သွယ်မှုကဏ္ဍတွင် အခွင့်အလမ်းကောင်းများကို အပြန်အလှန်အသုံးချ၍ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ သက်ထား

တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်း တည်ဆောက်ရေးနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေးကို အလေးထာ
တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်း တည်ဆောက်ရေးနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေးကို အလေးထားဆွေးနွေး သက်ထား

July-10 ▪️ အောင်လံမြို့နယ်မှာ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ဝင်၏ မိသားစုများ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင်
July-10 ▪️ အောင်လံမြို့နယ်မှာ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ဝင်၏ မိသားစုများ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝙐𝙇𝙔~𝟏𝟎》 မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်မှာ ဇူလိုင်လ ၉ ရက်နေ့ နံနက် ၈ နာရီအချိန်က ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ဝင်တစ်ဦး၏ မိသားစုများ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းမှတ်တမ်းအရ သိရသည်။ ဖြစ်စဥ်အတွင်း သေဆုံးခဲ့သူများမှာ ဥယျာဉ်ကျေးရွာနေ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ဝင် ဦးသက်နိုင်စိုး(ခ)ကြွက်နီ(၃၆)နှစ်နှင့် ယောက္ခမဖြစ်သည့် ဒေါ်စန်းစန်းအေး(၄၃)နှစ်တို့ဖြစ်ကြပြီး ဇနီးဖြစ်သူ ဒေါ်အေးစုလှိုင်(၂၇)နှစ်နှင့် ယောက္ခမဖြစ်သူ ဦးလှငွေ(၄၈)နှစ်တို့မှာ ဒဏ်ရာများရရှိခဲ့သည်ဟုဆိုသည်။ ၎င်းမိသားစုသည် အခင်းဖြစ်ပွားသည့်နေ့က နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၁၀ ဦးခန့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကာ အဆိုပါ သေဆုံး/ဒဏ်ရာရရှိသူများကို အောင်လံမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။ သက်ထား

July-10 ▪️ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ စီဆင်းကာ ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြော
July-10 ▪️ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင်  မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ စီဆင်းကာ ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ဇူလိုင်လ ၁၀ ရက်နံနက်ပိုင်းမှစတင်ကာ ကန်သာယာရပ်ကွက် (၇) အတွင်းရှိ မြေနိမ့်ပိုင်းအချိုမှာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေတဲ့အတွက် ဒေသခံပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ပေးနေတဲ့ မြင်ကွင်းပုံရိပ်တွေပဲ ဖြစ်ပါတယ်... သက်ထား

🩷 ပျိုမေတို့ ပရိသတ်ကြီးများထဲက G-12 အောင်မြင်ပြီး လူငယ်လေးတွေအနေနဲ့ တပ်မတော်ရဲ့ တက္ကသိုလ်အသီးသီးအကြောင်း သိရှိနိုင်ဖို့အတွက် ပျိုမေတို့ ရိုက်ကူးထားတဲ့ တက္ကသိုလ်‌တွေရဲ့ Link လေးတွေကို စုစည်းပေးထားပါတယ်နော် 😘 🩷 🇲🇲 စစ်တက္ကသိုလ်/DSA 🇲🇲 👉 https://t.me/Pmayvlog/140 👉 https://t.me/Pmayvlog/141 👉 https://t.me/Pmayvlog/161 --------------------------------------------------------------- 🇲🇲 တပ်မတော်နည်းပညာတက္ကသိုလ်/DSTA 🇲🇲 👉 https://t.me/Pmayvlog/142 👉 https://t.me/Pmayvlog/162 --------------------------------------------------------------- 🇲🇲 တပ်မတော်ဆေးတက္ကသိုလ်/DSMA 🇲🇲 👉 https://t.me/Pmayvlog/144 👉 https://t.me/Pmayvlog/143 🌱 ဒီ Video လေးကို ကြည့်ရှုပြီး တပ်မတော်အရာရှိတစ်ဦးအဖြစ် ဘဝရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ကြပါစေလို့ ပျိုမေတို့ Vlog လေးကနေ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင် 😘 🩷 သက်ထား

ငါတို့တွေက ရခိုင်တိုင်းရင်းသားတွေကိုမုန်းနေတာမဟုတ်ဘူး… လူမျိုးရေးအစွန်းရောက်တဲ့ ရခိုင်အကြမ်းဖက် AA နဲ့ အကြမ်းဖက် အားပေးသူတွေက
ငါတို့တွေက ရခိုင်တိုင်းရင်းသားတွေကိုမုန်းနေတာမဟုတ်ဘူး… လူမျိုးရေးအစွန်းရောက်တဲ့ ရခိုင်အကြမ်းဖက် AA နဲ့ အကြမ်းဖက် အားပေးသူတွေကို မုန်းတာ…အေးချမ်းစွာနေထိုင်တဲ့ ရခိုင်တိုင်းရင်းသားညီအကိုမောင်နှမတွေ အများကြီးရှိတယ်… မင်းတို့တွေ ခုလိုဒုက္ခတွေခံစားနေရတာမြင်တော့ ငါတို့တွေ စိတ်ချမ်းသာနေတယ်ထင်နေကြသလား…? ဒါဆိုရင် မင်းတို့တွေ မှားသွားလိမ့်မယ်… ငါတို့တွေက အဲဒီလောက်ထိ အသဲမာတဲ့သူတွေတော့မဟုတ်ဘူး… အမှတ်မရှိဘူးပဲပြောပြော ဒါမျိုးတွေမြင်ရင် ကူညီချင်တာ ငါတို့ဗမာတွေရဲ့စိတ်ဓာတ်အခံပဲ… ဒါပေမယ့် ငါတို့တွေကူညီမှာ မဟုတ်ဘူး… မင်းတို့ကံကြမ္မာ မင်းတို့ဖန်တီးခဲ့ကြတာ…ငါတို့တွေက တိုင်းရင်းသား ညီအကိုမောင်နှမတွေပါဆိုတဲ့စိတ်နဲ့ ဘယ်လောက်ကူညီကူညီ မင်းတို့ရဲ့စိတ်မှာ အစွန်းရောက်စိတ်တွေပဲ လွှမ်းမိုးနေတာ… မင်းတို့အသိတရားရပြီး နိုင်ငံချစ်စိတ်နဲ့ ညီအကိုမောင်နှမစိတ်ရှိလာတဲ့တစ်နေ့ အားလုံးအရင်လိုပြန်ဖြစ်သွားလိမ့်မယ်… ခုလောလောဆယ်တော့ မင်းတို့တွေ ရေထဲမှာသတ်ခဲ့တဲ့ မိသားစု ၉၀၀ ကျော်နဲ့ အကျဉ်းသား ၁၀၀ ကျော်ကို မီးရှို့သတ်ခဲ့တဲ့ အကုသိုလ်ကြွေးတွေ ကျေအောင်ဆပ်လိုက်ကြပါဦး… မှိုင်းဝေ သက်ထား

နိုင်ငံကြွေးမြီတွေကို ပညာရေးရင်းနှီးမြှုပ်နှံမှုအဖြစ် ပြောင်းဖို့ UNESCO တိုက်တွန်း ယူနက်စကို (UNESCO) က ဖွံ့ဖြိုးဆဲနိုင်ငံတွ
နိုင်ငံကြွေးမြီတွေကို ပညာရေးရင်းနှီးမြှုပ်နှံမှုအဖြစ် ပြောင်းဖို့ UNESCO တိုက်တွန်း ယူနက်စကို (UNESCO) က ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပညာရေးတိုးတက်ဖို့အတွက် နိုင်ငံခြားကြွေးမြီတွေကို လျှော့ပေါ့ပေးပြီး အဲဒီအစား ပညာရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံစေတဲ့ "Debt-for-Education Swaps" အစီအစဉ်ကို ပိုမိုကျယ်ပြန့်စွာ အသုံးပြုဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အစိုးရတွေကို တိုက်တွန်းလိုက်ပါတယ်။ - UNESCO က လက်ရှိမှာ နိုင်ငံအများအပြားဟာ ကြွေးမြီဖိအားကြောင့် ပညာရေးအသုံးစရိတ်တွေကို လျှော့ချနေရတာဖြစ်ပြီး ဒီအစီအစဉ်က ငွေကြေးတည်ငြိမ်မှုကို ထိန်းသိမ်းရင်း ပညာရေးအခွင့်အလမ်းတွေကို တိုးချဲ့ပေးနိုင်မယ့် နည်းလမ်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ - ဒါပေမယ့် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ ကြွေးရှင်နဲ့ ကြွေးတင်နိုင်ငံတွေကြား ပွင့်လင်းမြင်သာတဲ့ သဘောတူညီချက်တွေနဲ့ ထိရောက်တဲ့ စောင့်ကြည့်စစ်ဆေးမှုတွေ မဖြစ်မနေလိုအပ်တယ်လို့လည်း သတိပေးထားပါတယ်။ KT July 10 သက်ထား

ဘယ်လ်ဂျီယံကို အနိုင်ယူပြီး စပိန် ဆီမီးဖိုင်နယ်တက်၊ ပြင်သစ်နှင့် ပွဲကြီးပွဲကောင်း တွေ့ဆုံမည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ကွာတားဖိုင်နယ် ပွဲစဉ်တွင် စပိန်အသင်းသည် ဘယ်လ်ဂျီယံအသင်းကို ၂-၁ ရလဒ်ဖြင့် အနိုင်ယူကာ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်သွားခဲ့ပြီ ဖြစ်သည်။ အဆိုပါပွဲစဉ်တွင် စပိန်အသင်းအတွက် အဖိုးတန်ဦးဆောင်ဂိုးကို ပွဲချိန် ၂၉ မိနစ်တွင် ဖာဘီယန် ရူးစ် က သွင်းယူခဲ့သော်လည်း၊ ပွဲချိန် ၄၀ မိနစ်တွင် ဘယ်လ်ဂျီယံတိုက်စစ်မှူး ဒီကက်တဲလဲယားက ချေပဂိုး ပြန်လည်သွင်းယူခဲ့သည်။ သို့သော်လည်း ပွဲပြီးခါနီး ပွဲချိန် ၈၇ မိနစ်တွင် မီကေလ် မာရီနိုက စပိန်အသင်းအတွက် အနိုင်ဂိုးကို အပိုင်ကန်သွင်းယူပေးခဲ့သဖြင့် စပိန်အသင်း ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ စပိန်အသင်းသည် နောက်တစ်ဆင့် (ဆီမီးဖိုင်နယ်) တွင် မော်ရိုကိုအသင်းကို ၂-၀ ဖြင့် အနိုင်ယူကာ တက်လှမ်းလာသည့် ပြင်သစ်အသင်းနှင့် ထိပ်တိုက်တွေ့ဆုံရတော့မည် ဖြစ်သည်။ လာမင်း ယာမားလ် ဦးဆောင်သည့် စပိန်အသင်း၏ ကစားကွက်နှင့် ကီလီယန် အမ်ဘာပေ အားကိုးပြုလာမည့် ပြင်သစ်တို့၏ ပွဲစဉ်သည် ယခုနှစ်ကမ္ဘာ့ဖလား၏ စိတ်လှုပ်ရှားစရာအကောင်းဆုံး ဗိုလ်လုပွဲအကြို ပွဲကြီးပွဲကောင်း ဖြစ်လာမည်လည်း ဖြစ်သည်။ စပိန် နှင့် ပြင်သစ်တို့၏ ဆီမီးဖိုင်နယ် အကြိတ်အနယ်ပွဲစဉ်ကို လာမည့် ဇူလိုင်လ ၁၄ ရက် (မြန်မာစံတော်ချိန် ဇူလိုင်လ ၁၅ ရက် မနက်အစောပိုင်း ၀၁:၃၀ နာရီ) တွင် ဒဲလတ်စ်ကွင်း (Dallas Stadium) ၌ ကျင်းပသွားမည် ဖြစ်သည်။ သက်ထား

ဘယ်လ်ဂျီယံကို အနိုင်ယူပြီး စပိန် ဆီမီးဖိုင်နယ်တက်၊ ပြင်သစ်နှင့် ပွဲကြီးပွဲကောင်း တွေ့ဆုံမည် သက်ထား
ဘယ်လ်ဂျီယံကို အနိုင်ယူပြီး စပိန် ဆီမီးဖိုင်နယ်တက်၊ ပြင်သစ်နှင့် ပွဲကြီးပွဲကောင်း တွေ့ဆုံမည် သက်ထား

ဖလမ်းမြို့တွင် နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် အိမ်ထောင်စု ၂၀၀ အား အခြေခံစားနပ်ရိက္ခာနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ
ဖလမ်းမြို့တွင် နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် အိမ်ထောင်စု ၂၀၀ အား  အခြေခံစားနပ်ရိက္ခာနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ သက်ထား

မော်လိုက်မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိငလျင်လှုပ်ခတ် မော်လိုက်မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု ယနေ့ ဇူလို
မော်လိုက်မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိငလျင်လှုပ်ခတ် မော်လိုက်မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု ယနေ့ ဇူလိုင် ၁၀ ရက်ညပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ မော်လိုက်မြို့၏ အရှေ့ဘက်(၁၇)မိုင်ခန့်အကွာ၊ အနက် (၉၈)ကီလိုမီတာကိုဗဟိုပြု၍ အင်အား မဂ္ဂနီကျူ့(၄ ဒသမ ၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်သည် ည ၇ နာရီ ၅၉ မိနစ် ၄၄ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။ သက်ထား