Bee Kyal Football News
الذهاب إلى القناة على Telegram
ဘောလုံး အားကစားသတင်းစုံ
إظهار المزيدلم يتم تحديد البلدالفئة غير محددة
591
المشتركون
+224 ساعات
-37 أيام
-330 أيام
أرشيف المشاركات
အပြောမဟုတ်ဘူးနော် ချစ်အကိုတစ်ယောက်ရဲ့ သိန်း ၂၀ အထုတ်လေးပါ
နိုင်ရင်ရောထုတ်ပေးရဲ့လားဆိုတာတစ်ကယ်သံသယဝင်စရာကောင်းတဲ့ကိစ္စပါ။အဲ့ဒီသံသယတွေကို 🔠🔠🔠🔠🔠🔠🔠ကအပြီးတိုင်ချေမှုန်းပေးမှာပါ။
ငွေကြေးအတွက် 1️⃣0️⃣0️⃣🔣 ယုံကြည်စိတ်ချရပြီး ငွေအသွင်းအထုတ်မြန်တဲ့
🔠🔠🔠🔠🔠🔠🔠နဲ့ လက်တွဲလိုက်ပါ။
ဆက်သွယ်ကစားရန်⬇️⬇️
📱⏩09-777-652-652
📱⏩@beekyal23
လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တရားဝင်ကျင့်သုံးမယ့် စည်းမျဉ်းသစ်တွေကို အတည်ပြုထုတ်ပြန်လိုက်ပါပြီ
• လက်ပစ်ဘောတွေကို ၅ စက္ကန့်အတွင်း ပစ်ရမယ် - လက်ပစ်ဘောတွေ ပစ်တဲ့အခါ ၅ စက္ကန့် အချိန်ရေတွက်မှု စနစ် ရှိလာပါတော့မယ်။ အကယ်၍ ကစားသမားတစ်ဦးက အချိန်အကြာကြီး ဆွဲနေမယ်ဆိုရင် အဲ့ဒီလက်ပစ်ဘောကို ပြိုင်ဘက်အသင်းဆီ ပေးအပ်လိုက်မှာ ဖြစ်ပါတယ်
• ဂိုးကန်ချက်တွေကိုလည်း ၅ စက္ကန့်အတွင်း ကန်ရမယ် - ဂိုးသမားတွေအနေနဲ့ ဂိုးကန်ချက် (Goal-kicks) တွေ ကန်တင်ဖို့အတွက် ၅ စက္ကန့်ပဲ အချိန်ရပါမယ်။ တမင်သက်သက် အချိန်ဆွဲနေမယ်ဆိုရင်တော့ ပြိုင်ဘက်အသင်းကို ထောင့်ကန်ဘော ပေးအပ်တဲ့အထိ အရေးယူခံရနိုင်ပါတယ်
• လူစားလဲရင် 10 စက္ကန့်အတွင်း ထွက်ရမယ် - လူစားလဲခံရတဲ့ ကစားသမားတွေဟာ အနီးဆုံး နေရာကနေကွင်းထဲကနေ ၁၀ စက္ကန့်အတွင်း ထွက်ခွာရပါမယ်။ အချိန်ဆွဲနေမယ်ဆိုရင်တော့ လူစားဝင်မယ့်သူက ၁ မိနစ်တိတိ ကွင်းထဲဝင်ခွင့်ရဦးမှာမဟုတ်ဘဲ အဲ့ဒီအချိန်အတွင်းမှာ အသင်းအနေနဲ့ ကစားသမား ၁၀ ယောက်တည်းနဲ့ ခေတ္တရင်ဆိုင်ရမှာ ဖြစ်ပါတယ်
• ဆေးကုသမှုခံယူပြီးရင် ၁ မိနစ် စောင့်ရမယ် - ကွင်းထဲမှာ ဆေးအဖွဲ့ရဲ့ ကုသမှုကို ခံယူတဲ့ ကစားသမားတွေဟာ ကွင်းပြင်မှာ အနည်းဆုံး ၁ မိနစ်ကြာအောင် နေရပြီးမှ ကွင်းထဲ ပြန်ဝင်ခွင့်ရှိပါမယ်။ (ပြင်းထန်ဒဏ်ရာရရှိမှုတွေ ဒါမှမဟုတ် ဂိုးသမားဖြစ်ရပ်တွေလိုမျိုး အချို့သော အခြေအနေတွေကလွဲရင်ပေါ့)
• ပါးစပ်ပိတ်ပြီး စကားပြောရင် အနီကတ် - ကွင်းထဲမှာ ပြိုင်ဘက်ကစားသမားတွေနဲ့ အငြင်းပွား ရန်ဖြစ်နေချိန်အတွင်း မိမိရဲ့ပါးစပ်ကို ဖုံးအုပ်ပြီး စကားပြောတဲ့ ကစားသမားတွေကို အနီကတ်ပြသပြီး ထုတ်နိုင်ပါတယ်
• မှားပေးမိတဲ့ ထောင့်ကန်ဘောတွေကို VAR ပြန်ကြည့်မယ် - ဒိုင်လူကြီးဘက်က မှားယွင်းပေးမိခဲ့တဲ့ Corner တွေကို VAR ကနေ အမြန်ပြန်လည်စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်
• ဒုတိယမြောက် အဝါကတ်တွေကို VAR ပြန်ကြည့်နိုင်ပြီ - ကစားသမားတစ်ဦး အနီကတ်ပြထုတ်ပယ်ခံရပြီးနောက်မှာ အဲ့ဒီ ဒုတိယမြောက် အဝါကတ်ပြသခဲ့တဲ့ ဖြစ်ရပ်ကို VAR နဲ့ ပြန်လည်စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ (ဒါပေမဲ့ ဒိုင်လူကြီးတွေအနေနဲ့ ကတ်မပြရသေးခင် ကြိုတင်စစ်ဆေးဖို့အတွက်တော့ VAR ကို သုံးခွင့်မရှိသေးပါဘူး)
ဒီစည်းမျဉ်းသစ်တွေကို တကယ် သဘောကျမိနေပြီ
#BeeKyal
ကမ္ဘာ့ဖလားအကြိုခြေစမ်းပွဲရလဒ်များ
ကိုလံဘီယာ ၃-၁ ကော်စတာရီကာ
ဒေဗီဆင်ဆန်ချက် ၊ လူးဝစ်ဒီယာ့ဇ် ၊ လူးဝစ် ဆွာရက်ဇ်တို့က ကိုလံဘီယာအသင်းအတွက် ဂိုးတွေသွင်းပေးခဲ့ကြပါတယ် ။
ခရိုအေးရှား ဝ-၂ ဘယ်လ်ဂျီယံ
ဗီလာကွင်းလယ်လူ တီလေမန်းစ်က ပထမပိုင်းမှာ အဖွင့်ဂိုးသွင်းယူပေးထားခဲ့ပြီး လူကာကူက ၉၀+၆ မိနစ်အရောက်မှာ နောက်တဂိုးသွင်းယူခဲ့တာပါ ။
ကနေဒါ ၂-၀ Uzbekistan
မော်ရိုကို ၄-၀ မာဒါကာစကာ
#BeeKyal
ပွဲပါးလည်း ပါးတဲ့ပွဲကိုရှယ်ဖြုတ်ဖို့ အကိုတစ်ယောက်ကတော့ရှယ်ဖြည့်နေပြီနော်။
ဒီလိုမျိုးများများဝုန်းချင်လား နည်းနည်းနဲ့ပွားချင်လားဒါဆို ငွေကြေးပိုင်းယုံကြည်စိတ်ချရတဲ့
🔠🔠🔠🔠🔠🔠🔠 နဲ့လက်တွဲလိုက်တော့နော်။
ဆက်သွယ်ကစားရန်⬇️⬇️
📱⏩09-777-652-652
📱⏩@beekyal23
✅၂၀၂၅-၂၆ ရာသီရဲ့ အကောင်းဆုံးခေါ်ယူမှုဆုကို
ယူနိုက်တက်ဂိုးသမား ဆန်နီ လန်းမန်းစ်ရရှိ✅
အသင်းကို စတင်ရောက်ရှိလာချိန်မှာ သံသယအချို့ ရှိခဲ့ကြပေမယ့် လန်းမန်းစ်ကတော့ ဝေဖန်မှုတွေကို အမှန်တစ်ကယ်လက်စွမ်းပြပြီး အပြတ်အသတ် အဖြေပေးသွားခဲ့ပါတယ်။ ဒီရာသီမှာ သူပြသခဲ့တဲ့ -
မယုံနိုင်စရာ လက်စွမ်းပြ ကာကွယ်မှုတွေ ၊ပွဲအလှည့်အပြောင်းဖြစ်စေခဲ့တဲ့ ပင်နယ်တီ ကာကွယ်မှုတွေ
အသင်းနောက်တန်းကို နောက်ကနေ သွေးအေးအေးနဲ့ ဦးဆောင်နိုင်မှုတွေက မန်ယူနိုက်တက် အတွက်လိုအပ်နေတဲ့ကွပ်လပ်ကိုအမှန်တစ်ကယ်ဖြည့်ဆည်းနိုင်ခဲ့ပါတယ်။
ဒီဆုရဖို့လည်းအမှန်တစ်ကယ် ထိုက်တန်တဲ့ ကစားသမားကောင်းတစ်ယောက် ဖြစ်ပါတယ်။
#BeeKyal
အားကစားဝါသနာရှင်ညီကိုတို့အတွက်
ဘောလုံးပွဲတွေကို တိုက်ရိုက် live ကြည့်ရင်း
⏩ဘော်ဒီပဲတီးမလား❓
⏩ မောင်းပဲတီးမလား❓
⏩ပပိုင်း၊ဒုပိုင်းပဲခွဲလောင်းချင်လား❓
ဒါဆို တစ်နေရာထဲမှာ စုံစုံလင်လင်နဲ့ ရသမျိုးစုံပေးစွမ်းနိုင်တဲ့
🔠🔠🔠🔠🔠🔠🔠🔠🔠🔠 ရှိတယ်နော်။
မိတ်ဆွေတို့ရဲ့ ဝါသနာကိုငွေအဖြစ်ပြောင်းလဲဖို့ဆို
🔠🔠🔠🔠🔠🔠🔠 မှာလက်တွဲလိုက်တော့နော်။
🤩🤩🤩🤩🤩🤩🤩🤩🤩🤩 တဲ့အပြင်
🏆🏆🏆🏆🏆🏆🏆 💸အကောင့်သစ် ➡️1️⃣0️⃣🔣 💸စနေယူနစ်ဖြည့် ➡️1️⃣0️⃣🔣 💸စလော့နေ့စဥ်ယူနစ်ဖြည့်➡️1️⃣0️⃣🔣စတဲ့အခွင့်အရေးတွေလည်းရှိတယ်နော် အခုပဲယုံကြည်စိတ်ချစွာလှမ်းလာခဲ့လိုက်နော် ဆော့ကစားလိုပါက❤️✍️🧎 📱 ➡️ 09777652652 📱 ➡️ @beekyal23 🙏ထိုင်းဘတ်၊ မြန်မာကျပ်စတဲ့ကြိုက်နှစ်သက်ရာနဲ့လာရောက်ဆော့ကစားနိုင်ပါတယ်🙏
နော်ဝေနဲ့ ဆွီဒင်အသင်းတွေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အမေရိကကိုမထွက်ခွာခင် နော်ဝေနိုင်ငံမှာ မနေ့ညတုန်းက ခြေစမ်းပွဲကစားခဲ့ကြပါတယ် ။ နော်ဝေအသင်းဘက်မှာ အာလင်းဟာလန်း ၊ အိုဒီဂတ်တို့မပါဝင်ခဲ့သလို ဆွီဒင်အသင်းဘက်မှာလည်း ယော်ကာရက်စ် မပါခဲ့ပါဘူး ။
အိမ်ရှင်နော်ဝေအသင်းဟာ ပိုကောင်းတဲ့ကစားပုံကို ပြသခဲ့ပြီး ပထမပိုင်းမှာကတည်းက ၃-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ် ။ ဒုတိယပိုင်းမှာ ဆွီဒင်အသင်းအတွက် လီဗာပူးကစားသမား အီဆက်က လှပတဲ့ ချေပဂိုးတဂိုးပြန်သွင်းပေးခဲ့ပေမယ့် ရလဒ်ကိုတော့ မပြောင်းလဲနိုင်ခဲ့ပါဘူး ။
အခြားခြေစမ်းပွဲတွေမှာတော့ မန်ယူနည်းပြဟောင်း ရန်းနစ်ရဲ့ သြစတြီးယားအသင်းဟာ တူနီးရှားအသင်းကို ၁-၀ နဲ့ အနိုင်ရရှိခဲ့သလို တူရကီအသင်းကလည်း မြောက်မက်ဆီဒိုးနီးယားအသင်းကို ၄-၀ နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ် ။
#BeeKyal
BREAKING NEWS!
လိဒ်ယူနိုက်တက် ၊ အက်စတွန်ဗီလာ ၊ မန်စီးတီး ၊ လီဗာပူးအသင်းတွေမှာကစားခဲ့တဲ့ ဝါရင့်ကွင်းလယ်ကစားသမားကြီး ဂျိမ်းစ်မေလ်နာဟာ ဘောလုံးသမားဘဝကနေ အနားယူသွားခဲ့ပါပြီ ။ မေလ်နာဟာ အခုရာသီကုန်အထိ ဘရိုက်တန်အသင်းမှာ ကစားခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းတလျောက် ပွဲအများဆုံးကစားထားသူအဖြစ် စံချိန်မှတ်တမ်းသစ် ရယူနိုင်ခဲ့ပါတယ် ။
Good Bye Legend!
#BeeKyal
ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ခီလီယံ အမ်ဘာပေရဲ့ စွမ်းဆောင်မှုတွေကိ လျော့တွက်ထားလို့မရပါဘူး ။ ၂၀၁၈ ကမ္ဘာ့ဖလားမှာ အကောင်းဆုံးလူငယ်ကစားသမားဆုကိုရခဲ့သလို ပြီးခဲ့တဲ့ ၂၀၂၂ ပြိုင်ပွဲမှာလည်း ရွှေဖိနပ်ဆုကို ရယူခဲ့တဲ့ ဘာပေဟာ အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း စံချိန်မှတ်တမ်းအချို့ကို ရယူသွားနိုင်မယ့် အလားအလာကောင်းတွေရှိနေပါတယ် ။
ကမ္ဘာ့ဖလားဂိုးသွင်းစံချိန်သစ်
ကမ္ဘာ့ဖလားရဲ့ ဂိုးသွင်းအများဆုံးစံချိန်ကို ကလိုဆေးက ၁၆ ဂိုးနဲ့ ရရှိထားပါတယ် ။ လက်ရှိ အမ်ဘာပေက ၁၂ ဂိုးအထိ သွင်းယူထားပြီးပါပြီ ။
ကမ္ဘာ့ဖလားဖိုင်နယ်သွင်းဂိုး
ဘာပေဟာ ကမ္ဘာ့ဖလားဖိုင်နယ် ၂ ကြိမ်မှာ ဂိုးသွင်းယူနိုင်တဲ့ကစားသမား ၅ ယောက်စာရင်းမှာ ပါဝင်နေပါတယ် ။ အခုကမ္ဘာ့ဖလားမှာ ဗိုလ်လုပွဲတက်ပြီး ဂိုးသွင်းနိုင်ခဲ့မယ်ဆိုရင်တော့ ဘယ်သူမှ မရရှိဖူးတဲ့စံချိန်ကို ရယူသွားနိုင်မှာပါ ။
ကမ္ဘာ့ဖလားရွှေဖိနပ်ဆု
ဂိုးသွင်းအများဆုံးဆုဟာလည်း ဒီလိုပါပဲ ။ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတလျောက်မှာ ဘယ်ကစားသမားကမှ ရွှေဖိနပ်ဆုကို တကြိမ်ထက်ပိုပြီး မရယူနိုင်ခဲ့ကြပါဘူး ။ ဒီနှစ်ပြိုင်ပွဲမှာ ဘာပေ ရယူနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေမှာပါ ။
ပြင်သစ်အသင်းအတွက်ဂိုးသွင်းမှတ်တမ်း
ယပ်စ်ဖွန်တိန်ဟာ ကမ္ဘာ့ဖလားမှာ ၁၃ ဂိုးသွင်းယူပြီး ပြင်သစ်ကစားသမားတွေထဲမှာ ကမ္ဘာ့ဖလားသွင်းဂိုးအများဆုံးအဖြစ် ရပ်တည်နေပါတယ် ။ ဘာပေက ဒီစံချိန်ကိုလိုက်မီဖို့ ၁ ဂိုးသာလိုအပ်တော့တာပါ ။ အပေါ်ကစံချိန်တွေထက် ဒီစံချိန်က ဘာပေ ပထမဆုံးရယူမယ့်စံချိန်ဖြစ်လာနိုင်ပါတယ် ။
ဒါ့အပြင် ပြင်သစ်အသင်း ကမ္ဘာ့ဖလားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့မယ်ဆိုရင်လည်း ဘရာဇီးဂန္ထဝင်ကြီး ကာဖူးတယောက်သာ စွမ်းဆောင်ထားနိုင်တဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲ ၃ ကြိမ်ဆက် တက်ရောက်တဲ့ မှတ်တမ်းကိုလည်း လိုက်မီသွားနိုင်မှာဖြစ်ပါတယ် ။
#BeeKyal
ဥရောပဘောလုံးအဖွဲ့ချုပ်ကနေ ပြီးဆုံးသွားခဲ့တဲ့ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ တစ်နှစ်တာအကောင်းဆုံးအသင်း လူစာရင်းကို တရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ် အဆိုပါလူစာရင်းမှာ ဘောလုံးရာသီတစ်ခုလုံးအတွင်း အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့တဲ့ ထိပ်သီးကစားသမား ၁၁ ဦး ပါဝင်လာခဲ့တာပါ
ဂိုးသမားနေရာမှာ အာဆင်နယ်ရဲ့ ဒါးဗစ်ရာယာ ရွေးချယ်ခံခဲ့ရပြီး နောက်တန်းခံစစ်ပိုင်းမှာတော့ လိုရန်တေး မာကွင်ညို့စ် ဂါဘရီယယ်နဲ့ နူနိုမန်းဒက်စ်တို့က နေရာယူထားကြပါတယ် ကွင်းလယ်ပိုင်းမှာတော့ ဒီကလန်ရိုက်စ် ဗီတင်ညာတို့နဲ့အတူ အိုလီဆေးက ပါဝင်ပူးပေါင်းထားတာကို တွေ့ရမှာပါ
တိုက်စစ်ပိုင်းအတွက်တော့ ချာကွာရတ်စခီလီယာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်းနဲ့ အူစမန်ဒီယမ်ဘီလီတို့က အကောင်းဆုံးအသင်းရဲ့ ရှေ့တန်းလူစာရင်းအဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါတယ် အခုထုတ်ပြန်ချက်ဟာ ဥရောပစင်မြင့်ထက်မှာ အတောက်ပဆုံးစွမ်းဆောင်နိုင်ခဲ့သူတွေကို စုစည်းပေးလိုက်လို့တောင် ဆိုနိုင်ပါတယ်
#BeeKyal
ကမ္ဘာ့ဖလားအကြိုခြေစမ်းပွဲတွေမှာအနိုင်ရခဲ့ကြတဲ့ ဘရာဇီး ၊ ဂျာမနီနဲ့ အမေရိကန်
ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့်အသင်းတွေရဲ့ခြေစမ်းပွဲတွေစတင်ပါပြီ ။ ဒီနေ့မနက်မှာတော့ ဂျာမနီ ၊ ဘရာဇီးအသင်းတို့ ခြေစမ်းပွဲတွေကစားပြီး ဂိုးပြတ်နိုင်ပွဲတွေ ရရှိခဲ့ကြပါတယ် ။ ဘရာဇီးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ပနားမားအသင်းနဲ့ကစားခဲ့ပြီး ဂိုးဒါဇင်ဝက်သွင်းယူခဲ့တာပါ ။ ဗီနီးရှပ်က ပွဲအစ ၁ မိနစ်မှာတင် အဖွင့်ဂိုးသွင်းခဲ့သလို ကက်စမဲရိုးရဲ့ဂိုးကိုလည်း ဖန်တီးပေးခဲ့ပါတယ် ။ ဒုတိယပိုင်းမှာတော့ ရေယန် ၊ ပါကွေတာ ၊ အီဂေါတီယာဂို နဲ့ ဒါနီလိုတို့က ဂိုးတွေထပ်သွင်းခဲ့ကြပါတယ် ။
ဘရာဇီးဟာ ၄-၂-၃-၁ နဲ့ကစားခဲ့ပြီး ကွန်ညာကို ရှေ့မှာတင်ကစားခဲ့ကာ ရာဖင်ညာက No.10 role အဖြစ်ကစားခဲ့ပါတယ် ။ ညာတောင်ပံမှာ လူးဝစ် ဟင်းနရစ်ကိပွဲထုတ်ခဲ့ပြီး ဒုတိယပိုင်းအစမှာ ရေယန်နဲ့လူစားလဲခဲ့ပါတယ် ။
ဂျာမနီအသင်းကတော့ ကမ္ဘာ့ဖလားမပါဝင်ရတဲ့ ဖင်လန်အသင်းနဲ့ခြေစမ်းပွဲကစားခဲ့ပြီး ၄-၀ နဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ် ။ စတုဂတ်ဂိုးသွင်းရှင် အန်ဒပ်က ၂ ဂိုးသွင်းပေးခဲ့သလို ဖလော်အန်ဗက်စ် နဲ့ မူစီယာလာတို့လည်း ၁ ဂိုးစီ ရရှိခဲ့ကြပါတယ် ။ ဂျာမနီအသင်းလည်း ၄-၂-၃-၁ နဲ့ကစားခဲ့ပြီး ဗက်စ် ၊ မူစီယာလာ ၊ လန်းနက်ကားလ်တို့ ၃ ယောက်တွဲက ပုံစံကောင်းတွေပြသခဲ့ပါတယ် ။
နောက်ထပ်ပွဲစဉ်မှာတော့ ကမ္ဘာ့ဖလားအိမ်ရှင် အမေရိကန်အသင်းက ဆီနီဂေါအသင်းကို ၃-၂ နဲ့ အနိုင်ရရှိခဲ့ပါတယ် ။ ဆီနီဂေါအသင်းအတွက် မာနေးက ၂ ဂိုးစလုံးကို သွင်းယူပေးခဲ့တာပါ ။ အခုမှာတော့ နော်ဝေနဲ့ ဆွီဒင် ၊ သြစတြီးယားနဲ့ တူနီးရှားအသင်းတွေရဲ့ ခြေစမ်းပွဲတွေကို ယှဉ်ပြိုင်ကစားကြမှာပဲ ဖြစ်ပါတယ် ။
#BeeKyal
FA Cup အားလုံးကိုရယူနိုင်ခဲ့တဲ့ မန်စီးတီးအသင်း
မန်ချက်စတာစီးတီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာကျင်းပခဲ့တဲ့ FA ဖလားအားလုံးကို ရယူဆွတ်ခူးနိုင်ခဲ့ပါတယ် ။ မန်စီးတီး စီနီယာအသင်းကြီးဟာ အက်ဖ်အေဖလားဖိုင်နယ်မှာ ချဲလ်ဆီးအသင်းကို ၁-၀ နဲ့ အနိုင်ရဗိုလ်စွဲခဲ့သလို မန်စီးတီးလူငယ်အသင်း ( ယူ-၁၈ အသင်း ) ဟာလည်း FA Youth Cup မှာ မန်ယူအသင်းကို ၂-၁ နဲ့ အနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့ပါတယ် ။
မနေ့ညက ကစားခဲ့တဲ့ အမျိုးသမီးအက်ဖ်အေဖလားဖိုင်နယ်ပွဲမှာတော့ မန်စီးတီးအမျိုးသမီးအသင်းဟာ ဘရိုက်တန်အသင်းကို ၄-၀ နဲ့ ဂိုးပြတ်အနိုင်ကစားပြီး ချန်ပီယံဖြစ်လာခဲ့ပါတယ် ။ မန်စီးတီးအမျိုးသမီးအသင်းဟာ အမှတ်ပေးချန်ပီယံဆုကိုလည်း ရယူနိုင်ခဲ့တာကြောင့် ဆုဖလား ၂ ခုနဲ့ အောင်မြင်တဲ့ဘောလုံးရာသီဖြစ်ခဲ့ရပါတယ် ။
Congratulations All!
#BiggBoss
متاح الآن! بحث تيليغرام 2025 — أهم رؤى العام 
