Bee Kyal Football News
الذهاب إلى القناة على Telegram
ဘောလုံး အားကစားသတင်းစုံ
إظهار المزيدلم يتم تحديد البلدالفئة غير محددة
591
المشتركون
لا توجد بيانات24 ساعات
-37 أيام
-330 أيام
أرشيف المشاركات
ဒီနှစ်ဘောလုံးရာသီကတော့ တကယ်ကိုထူးခြားပါတယ် ။ ပရီးမီးယားလိဂ်မှာ တော့တင်ဟမ်ဟော့စပါးလို အသင်းကြီးတသင်း တန်းမဆင်းရဖို့ ရုန်းကန်နေရသလို လာလီဂါမှာလည်း ဆီဗီးလားအသင်းက တန်းဆင်းဇုန်ထဲကို ရောက်ရှိသွားခဲ့ပြန်ပါပြီ ။ မနေ့ညတုန်းက အိုဆာဆူနာအသင်းကို အဝေးကွင်းမှာ ၂-၁ နဲ့ ရှုံးနိမ့်အပြီးမှာတော့ ယူရိုပါလိဂ်ဖလားများချန်ပီယံအသင်းကြီးဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၁၈ နေရာကို ရောက်ရှိသွားခဲ့တာပါ ။
လက်ကျန်ပွဲစဉ်တွေမှာ ဗီလာရီးရဲ ၊ ရီးရဲမက်ဒရစ်တို့လိုအသင်းတွေနဲ့ ကစားရဦးမှာဖြစ်တာကြောင့် ဆီဗီးလားတို့ လာလီဂါမှာ ကျန်ရစ်နေဖို့ ခက်ခဲမယ့်အနေအထားပါပဲ ။ ဆီဗီးလားအသင်းဟာ 1999-2000 ဘောလုံးရာသီမှာ နောက်ဆုံးတန်းဆင်းထားခဲ့ရတာပါ ။ ၂၆ နှစ်အကြာမှာ ဆီဗီးလားအသင်းတန်းပြန်ဆင်းတာကို မြင်တွေ့ရနိုင်မလား . . .
#BeeKyal
အန်ဇိုဖာနန်ဒက်စ်ရဲ့တလုံးတည်းသောဂိုးနဲ့အနိုင်ရပြီး FA Cup Final တက်ရောက်သွားတဲ့ ချဲလ်ဆီးအသင်း
ဗိုလ်လုပွဲမှာတော့ ချဲလ်ဆီးနဲ့ မန်စီးတီးတို့ ယှဉ်ပြိုင်ကစားကြတော့မှာပါ ။
#BeeKyal
အကယ်၍ လာမယ့်ပွဲစဉ်မှာသာ ဘာစီလိုနာအသင်းနိုင်ပွဲရရှိသွားမယ်ဆိုရင် နူးကမ့်ကွင်းမှာ ကစားမယ့် El Clasico ပွဲမတိုင်ခင်မှာ လာလီဂါချန်ပီယံဖြစ်လာတော့မှာပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် ဒီလိုမျိုး ချန်ပီယံဖြစ်လာခဲ့ရင်တောင်မှ ရီးရဲမက်ဒရစ်အသင်းဟာ ဘာစီလိုနာကစားသမားတွေကို Guard of Honor tradition နဲ့ ဂုဏ်ပြုကြိုဆိုသွားမှာမဟုတ်ပါဘူး ။ ဘာစီလိုနာကတော့ အဆိုပါပွဲမှာ လာလီဂါချန်ပီယံဖလားနဲ့ အောင်ပွဲခံနိုင်ဖို့ လာမယ့်ပွဲစဉ်ကို အပြည့်အဝအာရုံစိုက် ယှဉ်ပြိုင်သွားဖွယ်ရှိပါတယ် ။
#BeeKyal
FA Cup ပြိုင်ပွဲသမိုင်းတလျောက်မှာ ဘယ်အသင်းကမှ ၄ နှစ်ဆက်ဖိုင်နယ်တက်ရောက်နိုင်ခြင်း မရှိခဲ့ပါဘူး ။ ဒီနှစ်မှာတော့ မန်စီးတီးက ဒီစံချိန်သစ်ကို ရယူလိုက်ပါပြီ ။ ရှေ့ ၃ ကြိမ်မှာ ၁ ကြိမ်သာဗိုလ်စွဲပြီး ၂ နှစ်ဆက်ရှုံးနိမ့်ထားတာကတော့ မန်စီးတီးကို စိတ်ပူရစေပါတယ် ။
ဒီနှစ်ဖိုင်နယ်မှာထပ်ပြီးရှုံးခဲ့ရင်တော့ ၃ နှစ်ဆက် FA Cup စည်သူလွင်ဖြစ်ရတော့မှာပါ ။ ဒါကလည်း စံချိန်သစ်တခုဖြစ်လာနိုင်ပါတယ် ။ မန်စီးတီး ဘာလုပ်မလဲ . . . ချန်ပီယံလား ၊ စည်သူလွင်လား ။
#BeeKyal
ပွဲချိန်မိနစ် ၈၀ -
ဝက်စ်ဟမ်း ၁-၀ အဲဗာတန်
ဝုဗ် ဝ-၀ တော့တင်ဟမ်ဟော့စပါး
ပွဲချိန် ၈၈ မိနစ်
ဝက်စ်ဟမ်း ၁-၁ အဲဗာတန်
ဝုဗ် ဝ-၁ တော့တင်ဟမ်ဟော့စပါး
ပွဲပြီးရလဒ်
ဝက်စ်ဟမ်း ၂-၁ အဲဗာတန်
ဝုဗ် ဝ-၁ တော့တင်ဟမ်ဟော့စပါး
စပါးအသင်းနဲ့ဝက်စ်ဟမ်းတို့ ၁၀ မိနစ်အတွင်း တန်းဆင်းဇုန်ထဲကနေ သူထွက်လိုက်ကိုယ်ထွက်လိုက်နဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းခဲ့ပါတယ် ။ စပါးတို့ ပရီးမီးယားလိဂ်ပထမဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့ပြီး တန်းဆင်းဇုန်ထဲကနေပါ ထွက်နိုင်ဖို့ အလားအလာရှိခဲ့တာပါ ။ ဒါပေမယ့် ဝက်စ်ဟမ်းရဲ့ မိနစ် ၉၀ ကျော်အနိုင်ဂိုးကြောင့် တန်းဆင်းဇုန်ထဲမှာပဲ ပြန်ရှိနေခဲ့ပါတယ် ။
လာမယ့်ပွဲစဉ်တွေကတော့ ပိုပြီးစိတ်ဝင်စားဖို့ကောင်းလာတော့မှာပါ ။
#BeeKyal
ပွဲမပြီးသေးရင် မရှူံးသေးဘူး
ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်ခဲ့ပြီးနောက် ပထမဆုံးကစားခဲ့တဲ့ လိဂ်ပွဲမှာ ဘိုင်ယန်မြူးနစ်ဟာ မိန့်ဇ်ကို ပထမပိုင်းမှာ ၃ဂိုးဂိုးမရှိနဲ့ အရေးနိမ့်နေခဲ့ပေမယ့် ဒုတိယပိုင်းမှာ ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ ပြန်သွင်းခဲ့ပြီး ၄ဂိုး၃ဂိုးဆိုတဲ့ရလဒ်နဲ့ အံ့အားသင့်ဖွယ် တကျော့ပြန် အနိုင်ရခဲ့ပါတယ်။
အမှတ်မလိုတော့ဘူးဆိုပေမယ့် ဘိုင်ယန်ဟာ ဒုတိယပိုင်းမှာ ဟယ်ရီကိန်း၊ အိုလီဆီ၊ မူဆယ်ရယ်လာတို့ရဲ့ လူစား၀င်လာမှုနဲ့အတူ လိုအပ်နေတဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ရှာတွေ့ခဲ့ပါတယ်။ ဒီရာသီဘွန်ဒက်စ်လီဂါမှာ သူတို့ဟာ ၃၁ပွဲကစား၊ ၁၁၃ဂိုးအထိ သွင်းယူထားပြီးပါပြီ။
၃ဂိုးပြတ်နဲ့ ရှူံးပေမယ့် ပွဲသိမ်းခရာမမှုတ်သေးရင် ပွဲမပြီးသေးဘူးဆိုတဲ့ တို က် ပွဲ၀င်စိတ်ဓာတ်ကို ဂျာမန်ချန်ပီယံတွေက အကောင်းဆုံး ပြသသွားခဲ့တယ်လို့ ဆိုရမယ်။
#BeeKyal
မန်စီးတီးကတော့ ဖလား ၃ လုံး အိမ်မက်ကို အသက်ဆက်လိုက်ပါပြီ
ဆောက်ဟမ်တန်ကို တစ်ဖက်သတ်ကြီိး ဖိကစားနိုင်ပေမယ့်လည်း မာမွတ်ချ်ကတော့ တစ်ယောက်တည်း ရှယ်ဖြုန်းနေတာကြောင့် ဂိုးမရခဲ့ပဲ ဆောက်ဟမ်တန် အရင်သွင်းတာ ခံလိုက်ရပါတယ်
ဒါပေမယ့်လည်း ချက်ချင်းဆိုသလို မန်စီးတီးက ၂ ဂိုးသွင်းပြီး ပြန်လာနိုင်ခဲ့တာကြောင့် FA ဖလား ဖိုင်နယ်ကို တက်လှမ်းသွားခဲ့ပါပြီ
နီကိုဂွန်ဇာလက်စ်ရဲ့ အနိုင်ဂိုးကန်ချက်ကလည်း အရမ်းကောင်းလွန်းခဲ့ပါတယ်
မာမွတ်ချ်နဲ့ ဆာဗင်ဟိုကတော့ လုံးဝကို မန်စီးတီး level မှာ ရှိမနေသင့်တော့ပါဘူး
#BeeKyal
အဝေးကွင်းမှာ ရီးရဲတို့နိုင်ပွဲပျောက်ခဲ့ပါတယ် ။ ဒါပေမယ့် ဒီရလဒ်ကြောင့် ဘာစီလိုနာတို့ လာမယ့် El Clasico ပွဲမတိုင်ခင်မှာ လာလီဂါချန်ပီယံဖြစ်နေတော့မှာမဟုတ်တာကြောင့် ရီးရဲအသင်းအနေနဲ့ ဘာစီလိုနာကစားသမားတွေကို ဂုဏ်ပြုပေးဖို့ မလိုအပ်တော့တာကြောင့်ပါပဲ ။ ၁-၀ နဲ့ အနိုင်ရဖို့ နီးစပ်နေချိန်မှ ဟက်တာဘယ်လာရင်က ရီးရဲဘက်တစ်အတွက် ချေပဂိုးကို သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ရီးရဲနဲ့ ဘာစီလိုနာတို့ ၁၁ မှတ်အထိကွာဟသွားဖို့ ရှိလာခဲ့ပါပြီ ။
#BeeKyal
မန်ယူအသင်းရဲ့ဂန္ထဝင်အသင်းခေါင်းဆောင်ဟောင်းကြီး ဝိန်းရွန်းနီဟာ မနေ့တုန်းက အသင်းရဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းကို ရောက်ရှိလာခဲ့ပြီး လက်ရှိနည်းပြ ကာရစ် ၊ မန်ယူကစားသမားတွေနဲ့ တွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ် ။ ရွန်းနီဟာ လက်ရှိမန်ယူအသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်နဲ့ talk show ပြုလုပ်ဖို့ ရောက်ရှိလာခဲ့တာပါ ။ မန်ယူအသင်းသားတွေကတော့ ဂန္ထဝင်ကစားသမားတယောက်နဲ့ ဆုံတွေ့ခဲ့ရတာက အမှတ်ရဖြစ်စေခဲ့မှာ အမှန်ပါပဲ ။
#BeeKyal
နည်းပြသစ် ဗစ်တာပါရဲရားလက်အောက်မှာ နော်တင်ဟမ်ဖောရက်စ်တို့ ရလဒ်တွေ တမဟုတ်ချင်းတိုးတက်လာခဲ့ပါတယ် ။ နောက်ဆုံး ၈ ပွဲဆက်ရှုံးပွဲမရှိခဲ့ဘူး ၊ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲမှာ ၃ ပွဲနိုင်ခဲ့တယ် ၊ ၁၁ ဂိုးသွင်းနိုင်ခဲ့တယ် ၊ အိမ်ကွင်းကောင်းပါတယ်ဆိုတဲ့ ဆန်းဒါးလန်းကို ၅ ဂိုးပြတ်အနိုင်ကစားပြခဲ့တယ် ၊ တန်းဆင်းဇုန်က စပါးအသင်းထက်လည်း ၈ မှတ်အသာရရှိသွားခဲ့ပါပြီ ။ ဒီပုံစံအရဆိုရင်တော့ လာမယ့်ကြားရက် ယူရိုပါလိဂ်မှာဆုံတွေ့မယ့် ဗီလာအသင်း လုံးဝပေါ့ဆလို့မရတော့ပါဘူး ။
မနှစ်က စပါးအသင်း တန်းဆင်းဇုန်နားကနေ ယူရိုပါလိဂ်ချန်ပီယံဖြစ်လာခဲ့သလို ဒီနှစ်မှာ နော်တင်ဟမ်ဖောရက်စ်က ထပ်ပြီး စွမ်းဆောင်ပြနိုင်တော့မှာလား . . .
#BeeKyal
متاح الآن! بحث تيليغرام 2025 — أهم رؤى العام 
