Bee Kyal Football News
الذهاب إلى القناة على Telegram
ဘောလုံး အားကစားသတင်းစုံ
إظهار المزيدلم يتم تحديد البلدالفئة غير محددة
591
المشتركون
+224 ساعات
-37 أيام
-330 أيام
أرشيف المشاركات
ဆင်ပျံကြီး သမိုင်းဝင် ချန်ပီယံလိဂ်ဖလား ရမယ်လို့ ခန့်မှန်းလိုက်တဲ့ ပေါလ်မာဆင်
‘ ပရီးမီးယားလိဂ် ရပြီးတဲ့နောက်၊ အာဆင်နယ်ဟာ ပီအက်စ်ဂျီနဲ့ စနေနေ့မှာ ချန်ပီယံဖိုင်နယ် ဆင်နွှဲဖို့ ရှိပါတယ်။ အဖွင့်ဂိုးက အဓိက သော့ချက်ပါပဲ။ ဒါက UCL ဖိုင်နယ်ပါ။ ဒီတော့ တသင်း အမှား တသင်း ချောင်းကစားပါလိမ့်မယ်။ ပီအက်စ်ဂျီကို ဘိုင်ယန်နဲ့ ဆီမီးဖိုင်နယ် ပထမအကျော့တုန်းကလို ဖွင့်ကစားမယ်လို့ ကျွန်တော် မထင်ပါဘူး။
အာဆင်နယ်ကိုသာ အဖွင့်ဂိုး အရင် စပေးလိုက်ရင်၊ ပီအက်စ်ဂျီ ခေါင်းနားပန်းကြီးသွားမှာပါ။ ဘာလို့လဲဆိုတော့ သူတို့ဟာ ကျစ်လျစ်တဲ့ နောက်တန်းကို ကျော်ရမှာမို့ပါ။ ဒီတော့ သူတို့ဟာ အဖွင့်ဂိုး ပေးရဖို့ ကြောက်နေမှာပါ။ ဒီပုံစံက အာဆင်နယ်နဲ့ လိုက်ဖက်မှု ရှိပါတယ်။
ပီအက်စ်ဂျီသာ ဖွင့်ကြုံးရင်တော့ အာဆင်နယ် အနည်းငယ် ဒုက္ခရောက်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ၁-၀ နဲ့ စရှုံးမှာ စိုးရိမ်မှာ ဖြစ်လို့၊ အာဆင်နယ်က ပွဲထဲ ရှိနေမှာပါ။ အာဆင်နယ် ၁-၀ နဲ့ နိုင်မယ်လို့ ကျွန်တော် ခန့်မှန်းပါတယ်။ ‘ 🗣️ ပေါလ်မာဆင်
#BeeKyal
အိုလီဗာ ဂလက်စနာဆိုတာ . . .
ဖရန့်ဖတ်အသင်းကို ၄၂ နှစ်အကြာမှာ ယူရိုပါလိဂ်ချန်ပီယံဆုကို နောက်တကြိမ်ရယူပေးခဲ့တဲ့နည်းပြ ၊ အဲဒီတုန်းက ဆီမီးဖိုင်နယ်မှာ ဘာစီလိုနာကို နူးကမ့်ကွင်းအထိသွားပြီး အနိုင်ကစားခဲ့တာ ။ သူ့ကြောင့် ဘာစီလိုနာတို့ ယူရိုပါလိဂ်အောင်မြင်မှုနဲ့ဝေးခဲ့ရတာလို့တောင် ပြောနိုင်တယ် ။
ပဲလေ့စ်အသင်းကို ၂၀၂၃-၂၄ ရာသီအလယ်မှာရောက်လာခဲ့တယ် ။ နောက်ဆုံးကစားတဲ့ ၇ ပွဲမှာ ၆ ပွဲအထိအနိုင်ရခဲ့တယ် ။ အသင်းက ကစားသမား ၄ ယောက် ( အေးဇေး ၊ ဂွီဟီ ၊ ဟန်ဒါဆင် ၊ အဒမ် ဝါတန် ) ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းအတွက် ပါဝင်ခွင့်ရခဲ့တယ် ။ ပရီးမီးယားလိဂ်ကလပ်တွေထဲမှာ အရေအတွက်အများဆုံးပါဝင်ခွင့်ရတဲ့အသင်းဖြစ်လာခဲ့တယ် ။
၂၀၂၄-၂၅ ရာသီအကုန်မှာ အက်ဖ်အေဖလားကို ရခဲ့တယ် ။ အသင်းအတွက် ပထမဆုံး အဓိကဆုဖလားဖြစ်ခဲ့တာပါ ။ ယူရိုပါလိဂ်ဝင်ခွင့်ကိုလည်းရယူနိုင်ခဲ့တယ် ။ ဒါပေမယ့် ပိုင်ရှင်တူစည်းမျဉ်းကြောင့် ( လီယွန်အသင်းနဲ့ပဲလေ့စ်က ပိုင်ရှင်တူ ) ကွန်းဖရင့်စ်လိဂ်ကိုဆင်းကစားပေးခဲ့ရတယ် ။
အခုရာသီအစမှာ ကွန်မြူနတီရှီးလ်ကို ရယူခဲ့တယ် ။ အက်ဖ်အေဖလားမှာ မန်စီးတီး ၊ ကွန်မြူနတီရှီးလ်မှာ လီဗာပူးတို့လိုအသင်းကြီးတွေကို အနိုင်ကစားခဲ့တာ ။ မနေ့ညမှာတော့ အိုလီဗာဂလက်စနာဟာ ပဲလေ့စ်အသင်းရဲ့ နှစ်ပေါင်း ၁၂၀ သမိုင်းတလျောက် ပထမဆုံးသော European Trophy အဖြစ် ယူရိုပါကွန်းဖရင့်စ်လိဂ်ဖလားကို ရယူပေးနိုင်ခဲ့ပါပြီ ။
ဒီနည်းပြကြီးကတော့ တကယ်ကို ထူးချွန်တဲ့နည်းပြပါပဲ ။ လာမယ့်ရာသီမှာ ဘယ်အသင်းကို သွားရောက်ကိုင်တွယ်ပြီး ဆုဖလားတွေရယူပေးဦးမလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေမှာပါ . . .
#BeeKyal
OFFICIAL!
ခရစ္စတယ်ပဲလေ့စ်ချန်ပီယံဖြစ်ပါပြီ
မနေ့ညကတုန်းက လိုက်ပ်ဇစ်အသင်းရဲ့ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ယူရိုပါကွန်းဖရင့်စ်လိဂ်ဗိုလ်လုပွဲမှာ ခရစ္စတယ်ပဲလေ့စ်အသင်းက ဗယ်ယာကာနိုအသင်းကို ၁-၀ နဲ့ အနိုင်ရပြီး ချန်ပီယံဖြစ်လာခဲ့ပါတယ် ။ ဒါဟာ ပဲလေ့စ်အသင်းရဲ့သမိုင်းတလျောက်မှာ ပထမဆုံးသော European Final ဖြစ်သလို ပထမဆုံး European Trophy လည်းဖြစ်လာခဲ့တာပါ ။ ပဲလေ့စ်အသင်းအတွက် တလုံးတည်းသောအနိုင်ဂိုးကိုတော့ မာတေတာက သွင်းယူပေးခဲ့ပါတယ် ။ ဒီလိုချန်ပီယံဖြစ်ခဲ့တာကြောင့် ပဲလေ့စ်အသင်း ယူရိုပါလိဂ်ဝင်ခွင့်လည်းရရှိခဲ့ပါပြီ ။ သူတို့အသင်းအတွက်တော့ တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုပါပဲ ။
#BeeKyal
✅ဒဏ်ရာကနေပြန်ကောင်းလာတဲ့ ဒမ်ဘီလီရဲ့ ပစ်မှတ်က အာဆင်နယ်ဖြစ်နေပြီလား✅
ချန်ပီယံလိဂ်ဗိုလ်လုပွဲကြီးက တဖြည်းဖြည်းနဲ့နီးကပ်လာပါပြီ။
အခုလည်း ပီအက်စ်ဂျီ (PSG) ရဲ့ လျှပ်စီးလက်တိုက်စစ်မှူး အူစမန် ဒမ်ဘီလီ က ဒဏ်ရာကနေ အချိန်မီ ပြန်လည်သက်သာလာပြီး အာဆင်နယ်ကို အမှန်အကန် တီးဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။
အာဆင်နယ်ပရိသတ်တွေအတွက်တော့ ဒါဟာ သတင်းကောင်း မဟုတ်တာ သေချာပါတယ်။ ဒမ်ဘီလီရဲ့ အရှိန်အဟုန်၊ တစ်ဦးချင်း ကျော်ဖြတ်နိုင်စွမ်းနဲ့ ဘယ်/ညာ နှစ်ခြေစလုံး သုံးနိုင်တဲ့ အန္တရာယ်က အာဆင်နယ်တို့ရဲ့ ခံစစ်ကို ကောင်းကောင်း ဒုက္ခပေးနိုင်စွမ်း ရှိပါတယ်။
ဒဏ်ရာရနေတုန်းက သက်သာရာရနေတဲ့ အာဆင်နယ်ပရိသတ်တွေ အခုတော့ ရင်တုန်နေလောက်ပြီ" လို့တောင် ပွဲကြိုသုံးသပ်သူအချို့က ဆိုနေကြပါတယ်။
ဆာလီဘာနဲ့ ဂါဘရီယယ်တို့ရဲ့ ကျောက်ဆောင်လို ခံစစ်က PSG တိုက်စစ်ကို ကြံ့ကြံ့ခိုင်နိုင်ပါ့မလားဆိုတာမကြာတော့တဲ့ရက်ပိုင်းမှာ တွေ့မြင်ရတော့မှာပါ။
#BeeKyal
လက်ရှိရာသီရဲ့ ဂုဏ်သိက္ခါအရှိဆုံး PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆု (PFA Player of the Year) ကို ဘယ်သူ ဆွတ်ခူးသွားမလဲဆိုတာကတော့ ပရိသတ်တွေကြားထဲမှာတင်မကဘဲ ဘောလုံးဝေဖန်သူတွေကြားမှာပါ အပြိုင်အဆိုင် အငြင်းပွားစရာ ဖြစ်နေပါပြီ။ နှစ်ယောက်စလုံးက သက်ဆိုင်ရာ ကလပ်အသင်းတွေမှာ မရှိမဖြစ် အရေးပါတဲ့ ခြေစွမ်းပြခဲ့ကြသူတွေပါ။
မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်ဖန်တီးရှင် ဘရူနိုကတော့ ပုံမှန်အတိုင်းပဲ အသင်းရဲ့ အားထားရဆုံးကစားသမားအဖြစ်ရှိနေဆဲပါ။ ကွင်းထဲမှာ ဘရူနိုရဲ့ အခွင့်အရေး ဖန်တီးပေးနိုင်မှု သွင်းဂိုး/ဂိုးဖန်တီးမှုတွေက ထိပ်တန်းအဆင့်မှာ ရှိနေပါတယ်။
PFA ဆုဟာ အသင်းရဲ့ အောင်မြင်မှု ဖလားရရှိမှု သို့မဟုတ် ချန်ပီယံပြိုင်ပွဲဝင်နိုင်မှုပေါ်မှာ အများကြီး မူတည်လေ့ရှိပါတယ်။ ယူနိုက်တက်ရဲ့ ရာသီအဆင့်ရပ်တည်မှုက ဘရူနိုအတွက် အဟန့်အတား ဖြစ်သွားနိုင်ပါတယ်။
အာဆင်နယ်ကို ပြောင်းရွှေ့လာပြီးကတည်းက ရိုက်စ်ကတော့ သူ့ရဲ့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းထက် ပိုပြသနိုင်ခဲ့ပါတယ်။ ကွင်းလယ်ခံစစ်မှာတင်မကဘဲ အသင်းရဲ့ တိုက်စစ်ဆင်မှုတွေမှာပါ အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။
ကွင်းလယ်ဖျက်ကစားသမား တွေဟာ သွင်းဂိုး/ဂိုးဖန်တီးမှု့အရေအတွက်အရ တိုက်စစ်သမားတွေလောက် လူထွက်မပြနိုင်တဲ့အတွက် မဲပေးရွေးချယ်မှုမှာ အနည်းငယ် နစ်နာတတ်ပါတယ်။
ဘရူနိုရဲ့တစ်ကိုယ်တော် ပါရမီနဲ့ ရိုက်စ်ရဲ့ အသင်းအပေါ် လွှမ်းမိုးနိုင်မှုဘယ်သူက ဒီဂုဏ်သိက္ခါကြီးမားတဲ့ PFA ဆုကြီးနဲ့ ပိုထိုက်တန်တယ်လို့ ထင်ပါသလဲ။
#BeeKyal
ပီအက်စ်ဂျီကို အနိုင်ယူဖို့ အသင့်ရှိနေမှာပါ …
ပီအက်စ်ဂျီဟာ အရမ်းကောင်းတဲ့ အသင်း တသင်းပါ။ မနှစ်က သူတို့ကို ဆီမီးဖိုင်နယ် ၂ကျော့ ကန်ဖူးပါတယ်။ အဲ့ဒီ ၂ပွဲလုံးမှာ ဘယ်လို ရလဒ်မျိုးမဆို ထွက်နိုင်ခဲ့ပါတယ်။ ဒီတော့ အခု ဖိုင်နယ် အကြောင်း ပြောရရင်တော့ အကောင်းဆုံး အသင်း အနိုင်ရပါစေပေါ့။
မနှစ်က အရှုံးကနေ ကျွန်တော်တို့ ဘာတွေ သင်ယူခဲ့ရလဲ? အခွင့်အရေး ယူတတ်ဖို့ပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ အဲဒီ ဆီမီးဖိုင်နယ် ၂ပွဲလုံးနိုင်ဖို့ အခွင့်အရေး တပုံကြီး ရခဲ့လို့ပါ။ ဒါပေမယ့် အဲ့ဒီ အခိုက်အတန့်တွေကပဲ ကျွန်တော်တို့ကို ဒီဖိုင်နယ်အတွက် အသင့် ဖြစ်စေပါလိမ့်မယ်။ ‘ 🗣️ ဒက်ကလန်ရိုက်စ်
#BeeKyal
ချယ်ဆီးဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ စျေးကွက်အတွင်းမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့အတွက် ဒီလက် ဂါနာချို နဲ့ ဂျေမီ ဂစ်တင် စတဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်ကစားသမား ၃ ဦးအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၁၈ သန်းအထိ အမြောက်အမြား အသုံးပြုပြီး ခေါ်ယူခဲ့တာ ဖြစ်ပါတယ်
ဒါပေမယ့် အားလုံးကို စိတ်ပျက် အံ့အားသင့်သွားစေခဲ့တာကတော့ တိုက်စစ်မှူးအသစ် ၃ ဦးစလုံးဟာ ပြီးခဲ့တဲ့ တစ်ရာသီလုံး ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၂ ဂိုးတည်းသာ သွင်းယူနိုင်ခဲ့တဲ့အထိ အဆိုးရွားဆုံး ခြေစွမ်းပျက်ကွက်မှုနဲ့ ရင်ဆိုင်ခဲ့ရခြင်းပဲ ဖြစ်ပါတယ်
ဒီလိုမျိုး ချယ်ဆီးရဲ့ ငွေဖြုန်းခဲ့တဲ့ အခြေအနေဟာ တစ်ဖက်က ယူနိုက်တက်ရဲ့ ပါးနပ်လှတဲ့ ကစားသမားခေါ်ယူမှုတွေနဲ့ ယှဉ်ကြည့်လိုက်ရင် ကွာခြားလွန်းနေတာကို တွေ့ရမှာ ဖြစ်ပါတယ် ယူနိုက်တက်အနေနဲ့ တိုက်စစ်မှူး အမ်ဘူမို နဲ့ ကွန်ညာ တို့ နှစ်ဦးစလုံးကို ခေါ်ယူဖို့အတွက် ချယ်ဆီး သုံးစွဲခဲ့တဲ့ ပမာဏနီးပါးလောက်ပဲ အသုံးပြုခဲ့ရတာ ဖြစ်ပေမယ့် ပရီးမီးယားလိဂ် သွင်းဂိုး ၂၁ ဂိုးအထိ သောင်းကျန်း သွင်းယူပေးခဲ့နိုင်လို့ပဲ ဖြစ်ပါတယ်
#BeeKyal
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလတွေတုန်းက တိုက်စစ်ပိုင်းအတွက် အမ်ဘူမို ဆက်စ်ကိုနဲ့ ကွန်ညာ တို့လို တိုက်စစ်မှူး သုံးဦးအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀၀ ဝန်းကျင်အထိ သုံးစွဲပြီး အောင်မြင်မှု ရယူခဲ့တာ ဖြစ်ပါတယ် အခုအချိန်မှာတော့ ယူနိုက်တက်အနေနဲ့ ရှေ့တန်းမှာ အလုပ်ဖြစ်ခဲ့တဲ့ ပုံသေနည်းအတိုင်း အသင်းရဲ့ အားနည်းနေတဲ့ ကွင်းလယ်ပိုင်းကိုပါ တော်လှန်ပြောင်းလဲဖို့အတွက် အရေးတကြီး ခြေလှမ်းပြင်လို့ လာခဲ့ပါပြီ
လက်ရှိ အပြောင်းအရွှေ့ အခင်းအကျင်းအရ အီဒါဆန် မားတီးယပ်စ် ဖာနန်ဒက်ဇ် တို့အပြင် နောက်ထပ် ပေါင်သန်း ၄၀ ဝန်းကျင် တန်ကြေးရှိမယ့် ထိပ်တန်းကွင်းလယ်လူတစ်ဦးကိုပါ ထပ်မံဖြည့်တင်းဖို့ ယူနိုက်တက်တို့ စီစဉ်နေတာ ဖြစ်ပါတယ် ဒါဟာ ငွေကြေးအမြောက်အမြား သုံးစွဲရမှာ ဖြစ်ပေမဲ့လည်း ပရီးမီးယားလိဂ်နဲ့ ဥရောပစင်မြင့်ထက်မှာ အသင်းကြီးတွေကို ယှဉ်ပြိုင်ပြီး ချန်ပီယံဆုတွေ လုယူချင်တယ်ဆိုရင်တော့ ယခုလိုမျိုး အင်အားစုကို မဖြစ်မနေ ငွေပုံအော တည်ဆောက်ရမှာပဲ ဖြစ်ပါတယ်
ဒီအပြောင်းအရွှေ့ စီမံကိန်းတွေ အားလုံး အောင်မြင်ခဲ့မယ်ဆိုရင်တော့ လက်ရှိရှိနေတဲ့ ဘရူနို မောင့် မိုင်နူး တို့နဲ့အတူ နောက်ထပ် ကြယ်ပွင့်သစ်တစ်ဦး ပါဝင်လာမယ့် ယူနိုက်တက်ရဲ့ ကွင်းလယ်လူစွမ်းအားစုဟာ ပြိုင်ဘက်တွေ သွေးပျက်ရမယ့် ဥရောပရဲ့ အတောင့်တင်းဆုံးနဲ့ ကြောက်စရာအကောင်းဆုံး ဖြစ်လာမှာပါ
#BeeKyal
အာဆင်နယ်အသင်းနဲ့ကစားမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲနီးကပ်လာချိန်မှာ ပီအက်စ်ဂျီအသင်းရဲ့ အဓိကကစားသမား အူစမန်ဒမ်ဘီလီဟာ ကြံ့ခိုင်မှုပြန်လည် ပြည့်ဝလာပြီး ဘူဒါပတ်စ်က ဗိုလ်လုပွဲကို ပါဝင်ကစားပေးနိုင်တော့မယ်လို့ သိရပါတယ် ။ ဒမ်ဘီလီဟာ လီဂူးဝမ်းရာသီကုန်ပွဲစဉ်မှာ ဒဏ်ရာအနည်းငယ်ရရှိသွားခဲ့တာဖြစ်ပြီး အသင်းနဲ့လေ့ကျင့်မှုမပြုလုပ်နိုင်ခဲ့ပါဘူး ။ ဒမ်ဘီလီအပြင် အားထားရတဲ့နောက်ခံလူ ဟာခီမီလည်း ကစားနိုင်ပြီလို့ ကြားသိရပါတယ် ။
#BiggBoss
နည်းပြ နာဂယ်စမန်းရဲ့ ဂျာမနီအသင်းကတော့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝတ်ဆင်ကစားမယ့်ကျောနံပါတ်တွေကိုပါ ထုတ်ပြန်လိုက်ပါပြီ ။ နယူးကာဆယ်မှာ ဂိုးတွေသွင်းပေးနေတဲ့ နစ် ဗော်တာမာဒါဟာ ဂန္ထဝင်ကစားသမားကြီး ကလိုဆေးရဲ့ ကျောနံပါတ် ၁၁ ကို ဝတ်ဆင်ကစားခွင့်ရရှိခဲ့ပါတယ် ။ ကလိုဆေးဟာ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုရှင်ဖြစ်ခဲ့သလို လက်ရှိအချိန်အထိလည်း သွင်းဂိုး ၁၆ ဂိုးနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတလျောက် ဂိုးအများဆုံးသွင်းယူသူအဖြစ် ရပ်တည်နေခဲ့ပါတယ် ။
ဗော်တာမာဒါဟာ နယူးကာဆယ်ကို ရောက်ကာစမှာ ပုံစံကောင်းတွေပြသပြီး ဂိုးတွေသွင်းနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ injury ကြောင့် ကြံ့ခိုင်မှုမပြည့်ဝတာ ၊ နည်းပြ အက်ဒီဟောင်းက အန်တိုနီ ဂေါ်ဒွန်ကို ပိုပြီးအဓိကထား ကစားလာတာတွေကြောင့် ပွဲကစားမှုနည်းပါးခဲ့ရပါတယ် ။ ၂၀၂၅-၂၆ ဘောလုံးရာသီကို ၅၄ ပွဲကစား ၊ ၁၂ ဂိုးသွင်း ၅ ဂိုးဖန်တီးပေးခဲ့တဲ့ ဗော်တာမာဒါအတွက် အခုကမ္ဘာ့ဖလားဟာ ပထမဆုံးပါဝင်ခွင့်ရတဲ့ပြိုင်ပွဲ ဖြစ်လာခဲ့ပါတယ် ။
ဂျာမနီအသင်းက ကစားသမားအချို့ရဲ့ကျောနံပါတ်များ -
နော်ယာ - ၁
ကင်မစ်ချ် - ၆
ကိုင်ဟာဗက်ဇ် - ၇
မူစီယာလာ - ၁၀
ဖလော်အန်ဗက်စ် - ၁၇
ဂျာမနီအသင်းဟာ Group E မှာ ကူရာဆာအို ၊ အက်ကွေဒေါ ၊ အိုင်ဗရီကိုစ့်အသင်းတွေနဲ့အတူ ပါဝင်ကစားရမှာဖြစ်ပါတယ် ။ ဗော်တာမာဒါတယောက် ကလိုဆေးလိုမျိုး ကမ္ဘာ့ဖလားရဲ့ ဂိုးသွင်းရှင်တယောက် ဖြစ်လာနိုင်မလား . . .
#BeeKyal
မန်ချက်စတာယူနိုက်တက်လက်ထောက်နည်းပြဟောင်း ကားလို့စ် ကွီးရော့ဇ်ရဲ့ ဂါနာအသင်းကတော့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အထူးခြားဆုံးလူစာရင်းကို ပိုင်ဆိုင်သွားခဲ့ပါပြီ ။ ပြိုင်ပွဲအတွက် ကစားသမား ၂၆ ယောက်ခေါ်ယူရာမှာ ကွင်းလယ် ၊ နောက်တန်းကစားသမားတွေ နည်းပါးနေတာကြောင့် ဂိုးသမား ၅ ယောက်အထိ ခေါ်ယူသွားခဲ့တာကြောင့်ပါပဲ ။ ဒီကိစ္စဟာ ကမ္ဘာ့ဖလားဖန်တွေကြားမှာ ပြောစရာဖြစ်လာစေခဲ့ပါတယ် ။
ဘီဘာအိုလ်ဝါရင့်ကစားသမားကြီး အိုင်နာကီ ဝီလ်ယံ ဦးဆောင်လာမယ့် ဂါနာအသင်းဟာ ကမ္ဘာ့ဖလား Group L မှာ အင်္ဂလန် ၊ ခရိုအေးရှား ၊ ပနားမားအသင်းတွေနဲ့အတူ ပါဝင်ကစားရမှာပါ ။ အုပ်စုတတိယအသင်းတွေအထိ နောက်တဆင့်တက်ဖို့ အခွင့်အရေးရှိတာကြောင့် ဂါနာအသင်းမျှော်လင့်နိုင်ပါတယ် ။
၂၀၁၀ ကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ်အဆင့်အထိ အမြင့်ဆုံးရောက်ခဲ့ဖူးတဲ့ ဂါနာအသင်း ဒီတကြိမ်မှာရော ဘယ်အဆင့်အထိရောက်အောင် စွမ်းဆောင်နိုင်မလဲ . . .
#BeeKyal
ကမ္ဘာတစ်ဝန်းက ဘောလုံးပရိသတ်တွေ အင်္ဂလန်ပရီးမီးယားလိဂ်ကို ဘာကြောင့် ရူးရူးမူးမူး အားပေးနေကြလဲဆိုတာ အခုနောက်ပိုင်း ထွက်ပေါ်လာတဲ့ ရလဒ်တွေနဲ့တင် အဖြေက ရှင်းလင်းနေပါတယ်။ ပြီးခဲ့တဲ့ နှစ်ရာသီအတွင်းမှာတင် မတူညီတဲ့ အင်္ဂလန်ကလပ်အသင်းပေါင်း (၈) သင်းအထိ ဆုဖလားတွေကိုယ်စီ သိမ်းပိုက်အောင်ပွဲခံနိုင်ခဲ့တာဟာ ဒီလိဂ်ရဲ့ ပြိုင်ဆိုင်မှုပြင်းထန်မှုနဲ့ အရည်အသွေးမြင့်မားမှုကို အထင်အရှား သက်သေပြနေတာပါ
ဆုဖလားအသီးသီးရဲ့ ချန်ပီယံစာရင်းကို ပြန်ကြည့်ရင်လည်း ဘယ်လိဂ်မှာမှမရှိတဲ့ အံ့ဩစရာ အလှည့်အပြောင်းတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အမြင့်ဆုံး ပြည်တွင်းအမှတ်ပေးဖလား ပရီးမီးယားလိဂ်မှာ လီဗာပူးနဲ့ အာဆင်နယ်တို့က အလှည့်ကျစိုးစံခဲ့သလို၊ သမိုင်းရင့် အက်ဖ်အေဖလား မှာတော့ ပဲလေ့စ်နဲ့ မန်စီးတီးတို့က ဗိုလ်စွဲခဲ့ကြပါတယ်။ ဒါတင်မကသေးဘဲ ခါရာဘောင်ဖလား မှာ နယူးကာဆယ်နဲ့ မန်စီးတီးတို့က ချန်ပီယံဖြစ်ခဲ့ကြပြီး၊ ဥရောပစင်မြင့်ဖြစ်တဲ့ ယူရိုပါလိဂ် မှာတောင် စပါးနဲ့ အက်စတွန်ဗီလာတို့က အင်္ဂလန်ကိုယ်စားပြုအဖြစ် အောင်မြင်မှုတွေ ယူဆောင်ပေးခဲ့ကြတာပါ
ဒီလိုမျိုး အသင်းကြီး၊ အသင်းလတ်မရွေး ဆုဖလားတွေကို တန်းတူနီးပါး ခွဲဝေရယူနိုင်စွမ်းရှိလို့လည်း ပရီးမီးယားလိဂ်ဟာ ကမ္ဘာ့နံပါတ်တစ် လိဂ်အဖြစ် ရေရှည်ရပ်တည်နေနိုင်တာ ဖြစ်ပါတယ်။ ဘယ်အသင်းငယ်မဆို အသင်းကြီးတွေကို အချိန်မရွေး ဒူးထောက်သွားအောင် ဒုက္ခပေးနိုင်စွမ်းရှိသလို၊ စနစ်တကျနဲ့ ဖလားတွေပါ သိမ်းပိုက်နိုင်တာကြောင့်... ဘောလုံးပရိသတ်တွေအတွက်တော့ ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ်တိုင်းဟာ ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းလွန်းနေရတာပဲ ဖြစ်ပါတယ်
#BeeKyal
ဂွါဒီယိုလာဟာ မန်စီးတီးနဲ့ ၁၀ နှစ်တာ ဖြတ်သန်းပြီးနောက် စုစုပေါင်းဆုဖလား ၃၉ လုံး အထိ ရှိလာခဲ့ပြီး နည်းပြသက်တမ်း ၁၇ နှစ်အတွင်းမှာတင် လိဂ်ဖလား ၁၂ ကြိမ်အထိ သိမ်းပိုက်ထားပါတယ်။
တစ်ဖက်မှာလည်း ဆာအဲလက်စ် ဖာဂူဆန်က ၃၉ နှစ်တာ နည်းပြသက်တမ်းအတွင်း ပရီးမီးယားလိဂ် ၁၃ ကြိမ် အပါအဝင် ပြည်တွင်းလိဂ်ဖလား ၁၆ ကြိမ်နဲ့ သမိုင်းတစ်လျှောက် ဖလားအများဆုံးရဆဲ နည်းပြအဖြစ် စံချိန်တင်ထားဆဲ ဖြစ်ပါတယ်။
ပက် ဂွါဒီယိုလာက သမိုင်းတစ်လျှောက် ဘယ်နည်းပြမှ မလိုက်နိုင်အောင် အပြတ်အသတ် သာလွန်နေပါတယ်။ သူဟာ ကိုင်တွယ်ခဲ့တဲ့ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီး အသင်းတိုင်းမှာ လိဂ်ဖလားတွေကို အစဉ်တစိုက် သိမ်းကျုံးယူခဲ့တာပါ။
ဒါပေမယ့် ဘောလုံးပညာရှင်တွေကတော့ ရေရှည်တည်တံ့မှုနဲ့ အင်ပါယာတည်ဆောက်မှု အပိုင်းမှာ ဆာအဲလက်စ် ဖာဂူဆန်ကို ကျော်ဖော်ဖို့ မလွယ်သေးဘူးလို့ ဆိုကြပါတယ်။ ဖာဂူဆန်ဟာ မန်ချက်စတာယူနိုက်တက်ကို ၂၆ နှစ်ကျော်ကြာ ကိုင်တွယ်ပြီး အသင်းသားတွေ ခေတ်အလီလီပြောင်းသွားပေမယ့် ထိပ်ဆုံးမှာပဲ ဆက်ရှိအောင် လုပ်ပြနိုင်ခဲ့သလို၊ အဘာဒင်းလို အသင်းငယ်လေးကိုပါ စကော့တလန်လိဂ်ချန်ပီယံ ဖြစ်အောင် လုပ်ပေးနိုင်ခဲ့တဲ့ "အင်ပါယာရှင်" ဖြစ်နေလို့ပါပဲ။
#BeeKyal
ဘောလုံးဝေဖန်ရေးသမားတွေနဲ့ ပရိသတ်တွေကြားမှာ "ဘယ်လောက်ပဲ ကောင်းကောင်း နည်းပြမကြိုက်ရင် ပွဲထွက်ခွင့်မရဘူး" ဆိုတဲ့စကားအတိုင်း ဒီကစားသမားတွေကတော့ ချန်လျှပ်ထားဖို့ရှိနေပါတယ်။
ဟယ်ရီ မက်ဂွဲယား ၊ ဂျာအို ပက်ဒရို ၊ ကော်ရန်တင် တိုလစ်ဆိုတို့ ၃ ယောက်စလုံးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ဖို့ ထိုက်တန်ကြသူတွေပါ ။ ဒါပေမယ့် နည်းပြတွေရဲ့ အကြောင်းပြမှုအမျိုးမျိုးကြောင့် ကျန်ရစ်ခဲ့ရပါတယ် ။
စပိန်အသင်းမှာ ဒါးဗစ်ရာယာလို ပရီးမီးယားလိဂ်ချန်ပီယံ ၊ ၃ နှစ်ဆက်ရွှေလက်အိတ်ဆုရှင်နဲ့ ဘာစီလိုနာအသင်းနဲ့အတူ လာလီဂါချန်ပီယံဖြစ်ထားတဲ့ ဟိုအန်ဂါစီယာတို့ ရှိနေပါတယ် ။ ဒါပေမယ့် နည်းပြကြီး ဒီလာဖူအန်တီကတော့ ဘီဘာအိုဂိုးသမား အူနိုင်းဆိုင်မွန်ကိုသာ အဓိကအသုံးပြုသွားဖို့ရှိနေတာပါ ။ အူနိုင်းဆိုင်မွန်ဟာ ဒီလာဖူအန်တီလက်ထက်မှာ စပိန်အသင်းရဲ့ ပွဲထွက်ဂိုးသမားအဖြစ် တောက်လျောက်ကစားလာခဲ့သူဖြစ်ပြီး ယူရိုဖိုင်နယ် ၊ နေးရှင်းလိဂ်ဖိုင်နယ်တွေမှာလည်း ပါဝင်ခွင့်ရခဲ့သူပါ ။ လာမယ့် ကမ္ဘာ့ဖလားမှာလည်း ချန်ပီယံဂိုးသမားတွေကိုကျော်ပြီး ပွဲထွက်ခွင့်ပေးအပ်မယ်ဆိုရင် ရာယာနဲ့ ဂါစီယာတို့အတွက် မျှတမှုမရှိဘူးဆိုပြီး ပြောဆိုလာခဲ့ကြတာပဲ ဖြစ်ပါတယ် ။
နည်းပြ ဒီလာဖူအန်တီကတော့ သူ့ရဲ့ ကစားကွက်ထဲမှာ အမှန်တကယ် အသုံးတည့်မယ့် ကစားသမားတွေကိုသာ စိစစ်ရွေးချယ်တတ်တာကြောင့်၊ ကလပ်အသင်းတွေမှာ နာမည်ကြီးနေတဲ့ ထိပ်တန်းကြယ်ပွင့်တချို့ဟာ ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အရန်ခုံမှာပဲ အချိန်ဖြုန်းရတာမျိုး ဒါမှမဟုတ် အသင်းလူစာရင်းကနေ လုံးဝချန်လှပ်ခံရတာမျိုးတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
#BeeKyal
متاح الآن! بحث تيليغرام 2025 — أهم رؤى العام 
