Bee Kyal Football News
الذهاب إلى القناة على Telegram
ဘောလုံး အားကစားသတင်းစုံ
إظهار المزيدلم يتم تحديد البلدالفئة غير محددة
664
المشتركون
+1724 ساعات
+437 أيام
+7230 أيام
أرشيف المشاركات
+1
IBet သိန်း 30အထုတ်
ညီကိုတို့အနေနဲ့ ငွေကြေးစိတ်ချရမှ ဝန်ဆောင်မှု့ကောင်းမှ ကြိုက်တယ်ဆို လှမ်းခဲ့လိုက်နော်...
🤩🤩🤩🤩🤩🤩🤩🤩🤩🤩
🔠🔠🔠🔠🔠🔠🔠ဆီမှာအကောင့်ဖွင့်ပြီး ဝါသနာကိုငွေအဖြစ်လက်စွမ်းပြလိုက်တော့နော်။
မန်ဘာသစ်များအတွက် 1️⃣0️⃣🔣
🔠🔠🔠🔠🔠နဲ့ရှယ်ဖြုတ်လိုက်တော့နော်။
ဆက်သွယ်ရန်
💬😬 09777652652
✈️😬@beekyal23
ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကတော့ ရှုံးထွက်အဆင့်ပွဲစဉ်တွေကို ရောက်ရှိသွားခဲ့ပါပြီ ။ ဒီကနေ့ည ( မြန်မာအချိန်မနက်ဖြန်မနက် ) မှာတော့ ၃၂ သင်းအဆင့်ရှုံးထွက်ပွဲစဉ်တွေရဲ့ ပထမဆုံးပွဲစဉ်ဖြစ်တဲ့ တောင်အာဖရိကနဲ့ ကနေဒါအသင်းတို့ရဲ့ ပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားကြတော့မှာပါ ။
တောင်အာဖရိကအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်မှာ တောင်ကိုရီးယားအသင်းကို အနိုင်ကစားပြီး အုပ်စုဒုတိယအဖြစ်နဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်လာနိုင်ခဲ့တဲ့အသင်းပါ ။ တောင်ကိုရီးယားနဲ့ပွဲက သူတို့ရဲ့ အားထုတ်ကစားပုံက တကယ်ကို နောက်တဆင့်တက်ဖို့ ထိုက်တန်စေခဲ့ပါတယ် ။
ကနေဒါအသင်းကတော့ အိမ်ရှင်အသင်းဖြစ်တာနဲ့အညီ ဘော့စနီးယား ၊ ကာတာ ၊ ဆွစ်ဇာလန်တို့နဲ့ ကစားပြီး အုပ်စုဒုတိယအဖြစ်နဲ့ နောက်တဆင့်တက်ရောက်လာခဲ့တာပါ ။ ဂျော်နသန် ဒေးဗစ် ၊ အယ်လ်ဖွန်ဆို ဒါးဗိစ်တို့လိုကစားသမားတွေရှိနေပါတယ် ။ ဒီပွဲကို အမေရိကန်မှာ ကစားမှာဖြစ်တာကြောင့် အိမ်ရှင်အားသာချက်တော့ ရရှိမထားပါဘူး ။
ဒီပွဲမှာ ဘယ်သူနိုင်မယ်လို့ ပြောရတာခက်ပါတယ် ။ တောင်အာဖရိကအသင်းကတော့ အနည်းငယ်ပိုသာသလိုပါပဲ ။ ဒါပေမယ့် ၂ သင်းစလုံးအနိုင်ရဖို့ အခွင့်အရေးရှိနေသလို ကမ္ဘာ့ဖလားရှုံးထွက်အဆင့်ကို အခုမှ တက်ရောက်ဖူးကြတာကြောင့် ဘယ်အသင်းပဲနိုင်နိုင် သူတို့အတွက် ကြီးမားတဲ့အောင်မြင်မှုဖြစ်စေမှာ အမှန်ပါပဲ ။
#BeeKyal
OFFICIAL!
ကမ္ဘာ့ဖလား ၃၂ သင်းအဆင့်ရှုံးထွက်ပွဲစဉ်တွေထွက်ပေါ်လာပါပြီ
Germany - Paraguay
ပြင်သစ် - ဆွီဒင်
တောင်အာဖရိက - ကနေဒါ
နယ်သာလန် - မော်ရိုကို
ပေါ်တူဂီ - ခရိုအေးရှား
စပိန် - သြစတြီးယား
အမေရိကန် - ဘော့စနီးယား
ဘယ်လ်ဂျီယံ - ဆီနီဂေါ
ဘရာဇီး - ဂျပန်
အိုင်ဗရီကိုစ့် - နော်ဝေ
မက္ကဆီကို - အက်ကွေဒေါ
အင်္ဂလန် - ဒီအာကွန်ဂို
အာဂျင်တီးနား - ကိပ်ဗာဒီ
သြစတြေးလျ - အီဂျစ်
ဆွစ်ဇာလန် - အယ်လ်ဂျီးရီးယား
ကိုလံဘီယာ - ဂါနာ
အတူတွဲပေးထားတဲ့ပွဲစဉ်တွေကအနိုင်ရတဲ့အသင်းတွေဟာ ၁၆ သင်းအဆင့်မှာဆုံတွေ့ကြမှာပဲဖြစ်ပါတယ် ။ ၃၂ သင်းဆင့်ပွဲစဉ်တွေကိုတော့ ဒီကနေ့ည ( မြန်မာအချိန်မနက်ဖြန်မနက် ) မှာ ပြန်လည်စတင်ယှဉ်ပြိုင်ကစားသွားမှာပဲဖြစ်ပါတယ် ။
#BeeKyal
ခရိုအေးရှားအသင်းကတော့ Group K က ဒုတိယအသင်းနဲ့ဆုံတွေ့ဖို့ အုပ်စုဒုတိယနေရာကို ရယူသွားခဲ့ပါပြီ ။ ဂါနာအသင်းကလည်း ၄ မှတ်နဲ့ အကောင်းဆုံးတတိယအသင်းအဖြစ် နောက်တဆင့်တက်ရောက်နိုင်ခဲ့ပြီး ဒီရလဒ်ကြောင့် စကော့တလန်အသင်း အိမ်ပြန်သွားခဲ့ရပါပြီ ။
#BeeKyal
ပေါ်တူဂီတို့ အုပ်စုဒုတိယဖြင့်သာ ကျေနပ်ခဲ့ရပြီး
၃၂သင်းဆင့်မှာ ခရိုအေးရှားနဲ့တွေ့မှာဖြစ်.....
ဒီနေ့ပွဲ ခြေစွမ်းနဲ့တော့ ခရိုအေးရှားကို မယှဥ်နိုင်သေးပါဘူး။ အုပ်စု K ရဲ့ ပထမရတဲ့ Colombia အသင်းဟာ ၃၂သင်းအဆင့်မှာ ဂါနာ အသင်းနဲ့ လည်းကောင်း ၊ အကောင်းဆုံး တတိယအသင်းထဲ ပါသွားတဲ့ ကွန်ဂို အသင်းဟာ England အသင်းနဲ့ လည်းကောင်း တွေ့ဆုံသွားမှာဖြစ်ပါတယ်။
Full Time Results Of Group K
Portugal 0-0 Colombia
Congo 3-1 Uzbekistan
#BeeKyal
OFFICIAL!
ဒီအာကွန်ဂိုအသင်း ရှုံးထွက်အဆင့်တက်ရောက်နိုင်ခဲ့ပါပြီ
Uzbekistan အသင်းကို ပထမပိုင်းအပြီး ၁-၀ နဲ့ ရှုံးနိမ့်နေရာကနေ ဒုတိယပိုင်းမှာ ၃ ဂိုးပြန်လိုက်သွင်းပြီး အနိုင်ရရှိကာ အကောင်းဆုံးတတိယအသင်းတသင်းအဖြစ်နဲ့ ရှုံးထွက်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တာပဲဖြစ်ပါတယ် ။ ဒီအာကွန်ဂိုအသင်းအတွက် ဝီဆာက ၂ ဂိုးသွင်းပေးခဲ့ပြီး အခုကမ္ဘာ့ဖလားမှာ စုစုပေါင်း ၃ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါပြီ ။
ဒီပွဲရလဒ်ကြောင့် ၃ မှတ်နဲ့ အကောင်းဆုံးတတိယနေရာကို မျှော်လင့်နေတဲ့ ဆွန်ဟောင်မင်တို့ရဲ့ တောင်ကိုရီးယားအသင်းကတော့ အိမ်ပြန်သွားခဲ့ရပြီဖြစ်ပါတယ် ။
#BeeKyal
ကံကြမ္မာဆိုတာဆန်းကြယ်ပါတယ် ။ အာဖရိကဖလားဖိုင်နယ်မှာ တကြိမ် ၊ ကမ္ဘာ့ဖလား Playoff ဖိုင်နယ်မှာတကြိမ် ၊ ဆီနီဂေါအသင်းကို ၂ ကြိမ်တိုင်ရှုံးနိမ့်ခဲ့တဲ့ အီဂျစ်အသင်းဟာ ဒီမနက်ကစားခဲ့တဲ့ပွဲမှာ အီရန်အသင်းကို သရေရလဒ်ထွက်ပေါ်အောင်ကစားပြီး ၃ မှတ်နဲ့ အကောင်းဆုံးတတိယနေရာကိုရယူဖို့ စောင့်မျှော်နေတဲ့ ဆီနီဂေါအသင်းကို ကမ္ဘာ့ဖလားရှုံးထွက်အဆင့်ဆီ ရောက်ရှိအောင်ကူညီပေးသွားခဲ့ပါတယ် ။
အီရန်ဟာ အီဂျစ်အသင်းကို အနိုင်မကစားနိုင်ခဲ့တာကြောင့် ၃ မှတ်နဲ့ အုပ်စုတတိယရခဲ့ပြီး ၃ မှတ်အသင်းတွေထဲမှာ ဂိုးကွာခြားချက်ရလဒ်အကောင်းဆုံးဖြစ်တဲ့ ဆီနီဂေါအသင်းက ရှုံးထွက်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တာပဲဖြစ်ပါတယ် ။ ပွဲချိန်နောက်ဆုံးမိနစ်မှာ အီရန်အသင်းဂိုးသွင်းခဲ့ပေမယ့် လူကျွံနေတာကြောင့် ဂိုးမရခဲ့တာကြောင့် အီရန်အသင်းဖန်တွေရဲ့ ပျော်ရွှင်မှုတွေမိနစ်ပိုင်းအတွင်း ပျောက်ကွယ်သွားခဲ့ရပါတယ် ။
ဆာဒီယိုမာနေးတို့ကတော့ မိုဟာမက်ဆာလာတို့အဖွဲ့ကို ကျေးဇူးတင်တယ်လို့ပြောနေတော့မှာ အမှန်ပါပဲ ။
#BeeKyal
အမ်ဘာပေ vs ဟာလန်း ဆိုပြီးတော့ အများစုမျှော်လင့်ထားတဲ့ ပြင်သစ်နဲ့ နော်ဝေရဲ့တွေ့ဆုံမှုက မစ္စတာ ဘလွန်းဒေါဖြစ်တဲ့ ဒမ်ဘီလီရဲ့ ပထမပိုင်း ၃၂ မိနစ် ဟက်ထရစ် တစ်ကိုယ်တော်ရှိုးပွဲကြီး ဖြစ်သွားခဲ့ပြီး စောစောစီးစီး ပွဲပြတ်သွားတယ်။
ဟာလန်း၊ အိုဒီဂတ်တို့လို့ core player တစ်ယောက်မှမပါတဲ့ နော်ဝေကို ပြင်သစ်အနေနဲ့ အလွယ်တကူ စိုးမိုးပြီးတော့ ကစားသွားနိုင်ခဲ့တယ်။ ဒမ်ဘီလီဟာ ဒီကမ္ဘာ့ဖလားရဲ့ တတိယမြောက် ဟက်ထရစ်ကို ဧရိယာထိပ်ကနေ လှပသပ်ရပ်တဲ့ ဘယ်ခြေအဆုံးသတ်ဂိုးတွေနဲ့ ရယူသွားခဲ့တယ်။
နော်ဝေရဲ့ တုံ့ပြန်ပုံကလည်း မဆိုးလှဘူး။ သို့ပေမဲ့ တိုက်စစ်အဆုံးသတ်ချင်း ယှဉ်တဲ့အခါ ဟာလန်းကြီး ပါရင်တောင် နိုင်ဖို့ မသေချာတဲ့ အခြေအနေမှာ အရံနဲ့ဆိုတော့ ပွဲက အပြီးပြတ်သွားတယ်။ အက်စ်ဂါ့ရဲ့ ချေပဂိုးကတော့ အထင်ကြီးစရာပါ။ လှလှပပလေး သွင်းသွားခဲ့တာပါ။
ဗိုက်ကင်းတွေဟာ အုပ်စုဒုတိယနဲ့ပဲ ကျေနပ်ပြီးတော့ ဒီပွဲကို ဖြစ်ရုံလေး ကစားသွားတာပါ။ ဒမ်ဘီလီ၊ အမ်ဘာပေ တွဲလုံးတွေက အထင်ကြီးဖို့ကောင်းပေမဲ့ ဒီပွဲက မှန်းချက်နဲ့ နှမ်းထွက်ကတော့ လာားလားမှ မကိုက်ခဲ့ပါဘူး။
ကမ္ဘာဖလားမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးနဲ့ အင်အားအတောင့်ဆုံး ပြင်သစ်ဟာ ဒီနိုင်ပွဲနဲ့အတူ အုပ်စုအတွင်း ရာနှုန်းပြည့်နိုင်ပြီး ဂိုးကွာခြားချက် ၈ လုံးနဲ့ နောက်တစ်ဆင့်ကို လှလှပပ တက်လှမ်းခဲ့ပြီ ဖြစ်ပါတယ်။
#BeeKyal
OFFICIAL!!!
ကိပ်ဗာဒီအသင်း ရှုံးထွက်အဆင့်တက်ပြီ
တကယ့်ကို ခမ်းနားကြီးကျယ်လှတဲ့အောင်မြင်မှုပါပဲ ။ အခုနှစ်မှ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ကစားခွင့် ရရှိခဲ့တဲ့ ကိပ်ဗာဒီအသင်းဟာ စပိန် ၊ Uruguay ၊ ဆော်ဒီအာရေဗျ ၃ သင်းစလုံးကို သရေရလဒ်တွေ ကစားခဲ့ပြီး အုပ်စုဒုတိယနေရာကနေ ရှုံးထွက်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။
#BeeKyal
ပြင်သစ်အသင်းရဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲလမ်းကြောင်း ( အုပ်စုပထမရရှိပါက )
၃၂ သင်းအဆင့်မှာ Paraguay အသင်း
၁၆ သင်းအဆင့်မှာ ဂျာမနီအသင်း
ကွာတားဖိုင်နယ်မှာ မော်ရိုကိုနဲ့ နယ်သာလန်တို့ထဲကတသင်းသင်း
ဆီမီးဖိုင်နယ်မှာ စပိန် ၊ အမေရိကန် သို့ ပေါ်တူဂီ
ပြင်သစ်အသင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ၃ ကြိမ်ဆက် တက်ရောက်လာနိုင်မလား . . .
#BeeKyal
ဒီနှစ်ကမ္ဘာ့ဖလားအိမ်ရှင်အသင်းတွေထဲမှာ အမြင့်ဆုံးအဆင့်ကို ရောက်နိုင်ချေအရှိဆုံးအသင်းဆိုရင် အမေရိကန်အသင်းကိုပဲ ညွှန်းဆိုရမှာပါ ။ ကစားသမားကောင်းတွေရှိတယ် ၊ နည်းပြ ပိုချက်တီနိုကလည်း အတွေ့အကြုံရင့်နည်းပြတယောက်ဖြစ်တယ် ၊ အိမ်ရှင်အသင်းဖြစ်တာနဲ့အညီ ပွဲတိုင်းမှာ အမေရိကန်အသင်းဖန်တွေက ကွင်းအပြည့်အားပေးနေကြပါတယ် ။
လာမယ့် ၃၂ သင်းအဆင့်မှာ ဘော့စနီးယားအသင်းနဲ့ ကစားရပါမယ် ။ ဒီပွဲက အမေရိကန်အသင်းအတွက် ခက်ခဲမယ်လို့ မထင်မိပါဘူး ။ ၁၆ သင်းအဆင့်မှာတော့ တောင်ကိုရီးယားနဲ့ Group G က အုပ်စုပထမအသင်းတို့ပွဲစဉ်က အနိုင်ရမယ့်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ ။ ဒီအဆင့်ကိုလည်း အမေရိကန်အသင်း ကျော်ဖြတ်သွားနိုင်ဖို့ အလားအလာကောင်းတွေရှိနေပါတယ် ။
ကွာတားဖိုင်နယ်ကိုရောက်လာမယ်ဆိုရင်တော့ စပိန် နဲ့ ပေါ်တူဂီတို့ထဲက တသင်းသင်းနဲ့ ဆုံတွေ့မှာပါ ။ ဒီအသင်းကြီးတွေကို ကျော်ဖြတ်နိုင်မယ်ဆိုရင်တော့ ဆီမီးဖိုင်နယ်မှာ ပြင်သစ်အသင်းနဲ့ကစားရမှာဖြစ်ပါတယ် ။ ဒီအဆင့်လောက်ဆိုရင်တော့ အမေရိကန်အသင်းကို ၂၀၂၆ ကမ္ဘာ့ဖလားရဲ့ Dark Horse အသင်းအဖြစ် ချီးကျူးပြောဆိုဖို့ လုံလောက်နေပါပြီ ။
အမေရိကန်အသင်းဟာ ပထမဆုံးအကြိမ်ကျင်းပတဲ့ ၁၉၃၀ ကမ္ဘာ့ဖလားမှာ ဖိတ်ကြားခံအသင်းအဖြစ်နဲ့ ပါဝင်ခဲ့ပြီး ၁၃ သင်းပါဝင်ကစားတဲ့ပြိုင်ပွဲမှာ တတိယဆုရရှိခဲ့ပါတယ် ။ အဲဒီပြိုင်ပွဲမပါဘူးဆိုရင် ၂၀၀၂ ခုနှစ်တုန်းက ကွာတားဖိုင်နယ်ဟာ သူတို့အတွက် အမြင့်ဆုံးကမ္ဘာ့ဖလားရောက်ရှိမှုလို့ဆိုရမှာပါ ။ ဒီနှစ်မှာတော့ အရင်ကထက်အများကြီး ပိုကောင်းလာတယ်လို့ခံစားမိတဲ့ အမေရိကန်အသင်း ဘယ်အဆင့်အထိရောက်အောင် စွမ်းဆောင်ပြသွားနိုင်မလဲဆိုတာ စိတ်ဝင်စားစရာဖြစ်နေမှာ အမှန်ပါပဲ ။
#BeeKyal
ဂျပန်လို အသင်းနဲ့ ၃၂ သင်းအဆင့်မှာ ရင်ဆိုင်ရမှာ ဘရာဇီးလ်အတွက် စိုးရိမ်စရာဖြစ်လာပြီ။ ဂျပန်က အသင်းလိုက်ကစားပုံ အားကောင်းပြီး စိတ်ဓါတ်မာကျောလွန်းတယ်။ အခုချိန်ထိ ရှုံးပွဲမရှိသေးဘဲ ၃၂ သင်းအဆင့်ကို ထိုက်ထိုက်တန်တန်နဲ့ ရောက်လာတာပါ။
၂၀၂၅ တုန်းက သူတို့တွေ ခြေစမ်းပွဲကစားခဲ့ပြီး ဂျပန်က ၃-၂ နဲ့ အနိုင်ရခဲ့တယ်။ အဲဒီတုန်းက ဂျပန်ထက်တောင် အခု ဂျပန်က ပိုကောင်းနေတယ်လို့ ပြောရမယ်။ ဘရာဇီးလ်ကလည်း လူစုံတက်စုံပြန်ဖြစ်နေတယ်၊ ခြေစွမ်းလည်း ကောင်းလာတယ်ဆိုပေမယ့် ဂျပန်ကို နိုင်ရင်တောင် မနည်းကစားပြီးမှ နိုင်ဖို့များတယ်။
ကံဆိုးရင် ဘရာဇီးလ်တို့ ရှုံးတောင်ရှုံးသွားနိုင်ပါတယ်။ ပရိသတ်တွေအတွက်တော့ ဒီနှစ်သင်းထဲက တသင်း ပြုတ်ကျန်ခဲ့မှာက ဝမ်းနည်းစရာတွေ ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် ပွဲကောင်းတပွဲကို သူတို့ ကြည့်ခွင့်ရမှာမို့လည်း ကျေနပ်စရာပါ။
#BeeKyal
IBet 7သိန်းအဖြည့်
ညီကိုတို့အနေနဲ့ ငွေကြေးစိတ်ချရမှ ဝန်ဆောင်မှု့ကောင်းမှ ကြိုက်တယ်ဆို လှမ်းခဲ့လိုက်နော်...
🤩🤩🤩🤩🤩🤩🤩🤩🤩🤩
🔠🔠🔠🔠🔠🔠🔠ဆီမှာအကောင့်ဖွင့်ပြီး ဝါသနာကိုငွေအဖြစ်လက်စွမ်းပြလိုက်တော့နော်။
မန်ဘာသစ်များအတွက် 1️⃣0️⃣🔣
🔠🔠🔠🔠🔠နဲ့ရှယ်ဖြုတ်လိုက်တော့နော်။
ဆက်သွယ်ရန်
💬😬 09777652652
✈️😬@beekyal23
