Bee Kyal Football News
الذهاب إلى القناة على Telegram
ဘောလုံး အားကစားသတင်းစုံ
إظهار المزيدلم يتم تحديد البلدالفئة غير محددة
664
المشتركون
+1724 ساعات
+437 أيام
+7230 أيام
أرشيف المشاركات
စပိန်နဲ့ ပေါ်တူဂီ ၊ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်
တသင်းက ပေးဂိုးလုံးဝမရှိတဲ့အသင်း ၊ တသင်းက ခရိုအေးရှားကို အကြိမ်ကြိမ်ကန်ခွင့်ပေးခဲ့တဲ့အသင်း
တသင်းက ကွင်းလယ်တည်ငြိမ်ပြီး ဖန်တီးမှုတွေအရမ်းကောင်းတဲ့အသင်း ၊ နောက်တသင်းက အကောင်းဆုံးဆိုတဲ့ကွင်းလယ်လူ ၃ ယောက်ရှိပြီး ဘာမှမလုပ်နိုင်လို့ လူစားလဲရတဲ့အထိဖြစ်ခဲ့တဲ့အသင်း
တသင်းက ရှေ့လယ်နောက် ဟန်ချက်ညီတဲ့အသင်း ၊ တသင်းကတော့ တောင်ပံကစားသမားတွေ နောက်ဆင်းကူဖို့ တွန့်ဆုတ်နေတဲ့အသင်း
ပေါ်တူဂီရဲ့ လက်ရှိအနေအထားနဲ့ကတော့ စပိန်အသင်းကို ဂိုးပြတ်မရှုံးအောင်သာ ဆုတောင်းရမယ်ထင်ပါတယ် ။
#BeeKyal
လက်ရှိ ခရိုအေးရှားပရိသတ်တွေအပြင် မက်ဆီဖန်တွေပါ မုန်းတာ ခံနေရတဲ့ သူကတော့ ပေါ်တူကီနဲ့ ခရိုအေးရှားပွဲက ဒိုင်လူကြီးပဲ ဖြစ်ပါတယ်
ခရိုးအေးရှား ခြေပဂိုးကို VAR နဲ့ ပယ်ဖျက်ခဲ့လို့ ခရိုအေးရှားပရိသတ်တွေက ကွင်းထဲမှာ ရေးဗူးတွေနဲ့ ပစ်ပေါက်ပြီးတော့တောင် ဒေါသထွက် ပေါက်ကွဲနေကြပါတယ်
တစ်ခါတစ်လေ ရော်နယ်ဒိုရဲ့ ပေါ်တူကီကို ဒိုင်အနေနဲ့ ကူညီပေးတာ နားလည်ပေးသင့်တယ်လို့ ထင်ပါတယ်
ရော်နယ်ဒို စောစောထွက်ရရင် ကမ္ဘာ့ဖလားကြီး ဘယ်ကြည့်ကောင်းတော့မလဲဗျာ
#BeeKyal
ဒီအနိုင်ရလဒ်အတွက် ဗီတင်ညာ ၊ ဘရူနို ဖာနန်ဒက်စ် ၊ နောက်ဆုံးမှာ ခရစ္စတီယာနို ရိုနယ်ဒိုတို့ကို လူစားလဲဖို့သတ္တိရှိခဲ့တဲ့ ပေါ်တူဂီနည်းပြ ရော်ဘတ်တို မာတီနက်ဇ်ကို ချီးကျူးရမှာပါပဲ ။ ၁-၀ နဲ့ ရှုံးနေချိန်မှာ ကစားသမား အပြောင်းအလဲလုပ်ခဲ့တာ ၊ ပင်နယ်တီရခဲ့တာတွေက ပေါ်တူဂီအသင်းကို ပွဲထဲပြန်ရောက်လာစေခဲ့ပါတယ် ။ ခရိုအေးရှားရဲ့ ဒုတိယပိုင်းကစားပုံက ပိုကောင်းလာခဲ့ပြီး ပေါ်တူဂီနောက်တန်းတွေ အတော်ညံ့တယ်လို့ ပြောရမှာပါ ။ ဂိုးသမား ဒီယေဂို ကော်စတာသာ လက်စွမ်းမပြခဲ့ရင် အခုနေအိမ်ပြန်ရမှာက ပေါ်တူဂီဖြစ်သွားလောက်ပါပြီ ။ ဒါပေမယ့်လည်း မိနစ် ၉၀ ကျော်က ဂွန်ကာလိုရာမိုစ့်ရဲ့ အနိုင်ဂိုးနဲ့ ပေါ်တူဂီတို့ စပိန်နဲ့ကစားဖို့ နောက်တဆင့်တက်ရောက်သွားနိုင်ခဲ့ပါတယ် ။ ပင်နယ်တီကနေ ချေပဂိုးသွင်းပေးခဲ့တဲ့ ခရစ္စတီယာနို ရိုနယ်ဒိုကတော့ ကမ္ဘာ့ဖလားရှုံးထွက်အဆင့်မှာ ပထမဆုံးသွင်းဂိုးကို ရရှိသွားခဲ့ပါပြီ ။
#BeeKyal
IBet 8 သိန်းအဖြည့်
ကမ္ဘာ့ဖလားမှာ သင့်ရဲ့အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ ယုံကြည်စိတ်ချစွာနဲ့လှမ်းခဲ့လိုက်ပါ။
🤩🤩🤩🤩🤩🤩🤩🤩🤩🤩
🔠🔠🔠🔠🔠🔠🔠ဆီမှာအကောင့်ဖွင့်ပြီး ဝါသနာကိုငွေအဖြစ်လက်စွမ်းပြလိုက်တော့နော်။
မန်ဘာသစ်များအတွက် 1️⃣0️⃣🔣
🔠🔠🔠🔠🔠နဲ့ရှယ်ဖြုတ်လိုက်တော့နော်။
ဆက်သွယ်ရန်
💬😬 09777652652
✈️😬@beekyal23
အင်္ဂလန်အသင်း လာမယ့် ၁၆ သင်းအဆင့်မှာ ဆုံတွေ့မယ့် မက္ကဆီကိုအသင်းဘက်မှာ အားသာချက်ကြီးကြီးမားမားတခုရှိနေပါတယ် ။ အဲဒါကတော့ သူတို့ရဲ့အိမ်ကွင်း Estadio Azteca ပါပဲ ။ ပင်လယ်ရေမျက်နှာပြင်ထက် မီတာ ၂၂၀၀ အမြင့်မှာရှိနေတဲ့ ဒီကွင်းဟာ အခြားအသင်းတွေအတွက် လိုက်လျောညီထွေဖြစ်ဖို့ ခက်ခဲပြီး ရုန်းကန်ရလေ့ရှိပါတယ် ။ မက္ကဆီကိုအသင်းဟာ ဒီအားသာချက်ကို အရယူထားပြီး အိမ်ကွင်းမှာကစားတဲ့ ၈၉ ပွဲမှာ ပွဲပေါင်း ၇၀ အထိ အနိုင်ကစားထားပြီး ရှုံးပွဲ ၂ ပွဲသာရှိခဲ့ပါတယ် ။ အင်္ဂလန်အသင်း အဆိုပါကွင်းမှာ နောက်ဆုံးကစားခဲ့တဲ့ပွဲက ၁၉၈၆ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်ဖြစ်ပြီး ဒီယေဂို မာရာဒိုနာရဲ့ ကမ္ဘာကျော်သွင်းဂိုး ၂ ဂိုးနဲ့ အာဂျင်တီးနားအသင်းကို ရှုံးနိမ့်ခဲ့ရပါတယ် ။
ဒီတခါ Azteca ကွင်းကြီးမှာ ကစားရမယ့်ပွဲမှာရော အင်္ဂလန်အသင်း ဘယ်လိုရလဒ်မျိုး ထွက်ပေါ်လာနိုင်မလဲ . . .
#BeeKyal
ဒီအာကွန်ဂိုအသင်းရဲ့ ညာနောက်ခံလူ အာရွန်ဝမ် ဘစ်ဆာကာဟာ အခုကမ္ဘာ့ဖလားမှာ ပေါ်တူဂီ ၊ ကိုလံဘီယာ ၊ အင်္ဂလန်တို့လိုအသင်းတွေရဲ့ ဘယ်တောင်ပံကစားသမားတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ် ။ ပက်ဒရိုနက်တို ၊ ရာဖေး လီယာအို ၊ လူးဝစ် ဒီယာ့ဇ် ၊ မားကပ်စ်ရက်ရှ်ဖိုဒ့်တို့လိုကစားသမာတွေပေါ့ ။ ဒါပေမယ့် ဘယ်သူမှ ဘစ်ဆာကာကို မကျော်နိုင်ခဲ့ပါဘူး ။ ဒီအာကွန်ဂိုအသင်း ကမ္ဘာ့ဖလားကနေ ထွက်ခွာခဲ့ရပြီဆိုပေမယ့် ဘစ်ဆာကာကတော့ သူ့ကို လမ်ခေါက်ကျော်ဖြတ်နိုင်သူလုံးဝမရှိတဲ့မှတ်တမ်းတခုကို ရရှိသွားခဲ့ပါတယ် ။
#BeeKyal
ဒီနေ့မနက်ကစားခဲ့တဲ့ အမေရိကန်နဲ့ ဘော့စနီးယားတို့ပွဲစဉ်က ဘာလိုဂန်ရဲ့ အနီကတ်ကိစ္စနဲ့ပတ်သက်ပြီး ငြင်းခုန်မှုတွေရှိခဲ့ကြပါတယ် ။ လီယွန်နယ် မက်ဆီလည်း ရှေ့တုန်းက ဒီလိုမျိုး တူညီတဲ့ အနေအထားနဲ့ foul ပြုလုပ်ခဲ့ပေမယ့် အနီကတ်မထိဘဲ ဘာလိုဂန်ကျမှ ဘာကြောင့်အနီကတ်ထိခဲ့ရသလဲဆိုတာမျိုးတွေပေါ့ ။
ဒါပေမယ့် သက်ရောက်မှုက မတူညီပါဘူး ။ ဘာလိုဂန်ရဲ့ foul က အများကြီး ပိုပြင်းထန်ပြီး အခန့်မသင့်ရင် တဘက်ကစားသမား ရက်သတ္တပတ်ပေါင်းများစွာ အနားယူသွားရနိုင်ပါတယ် ။ နောက်တချက်ကတော့ မတူညီတဲ့ဒိုင်လူကြီးတွေရဲ့ မတူညီတဲ့ဆုံးဖြတ်မှုတွေပါ ။ လူသားတွေဖြစ်တာကြောင့် ဆုံးဖြတ်ချက်ချတဲ့နေရာမှာလည်း ကွဲပြားနိုင်ပါတယ် ။ ဘာလိုဂန်ရဲ့ ဖြစ်ရပ်ကို သုံးသပ်နေချိန်မှာ မက်ဆီတုန်းကအနီကတ်မပြခဲ့တာတွေကို အဲဒီဒိုင်လူကြီးတွေ ထည့်စဉ်းစားနေမယ်လို့ မထင်မိပါဘူး ။ သူတို့က လက်ရှိအခြေအနေပေါ်မှာပဲ ကောက်ချက်ချဖို့ လုပ်ဆောင်ခဲ့ကြတာပါ ။
ဒါကြောင့် မက်ဆီရဲ့ ဖြစ်ရပ်မှာ အနီကတ်မပြခံခဲ့ရဘဲ ဘာလိုဂန်ရဲ့ဖြစ်ရပ်က အနီကတ်ဖြစ်သွားခဲ့ရတာပါ ။ အမေရိကန်အသင်းအတွက်တော့ မျှော်လင့်မထားတဲ့ဖြစ်ရပ်ပါပဲ ။
#BeeKyal
ဒုတိယပိုင်းမိနစ် ၃၀ ကျော်လောက် တယောက်လျော့နဲ့ကစားခဲ့ရပေမယ့် အမေရိကန်အသင်းဟာ ချေပဂိုးပြန်မပေးရရုံမက နောက်ထပ်တဂိုးပါ သွင်းယူနိုင်ခဲ့ပါတယ် ။ သူတို့အတွက် ထိုက်တန်တဲ့နိုင်ပွဲပါပဲ ။ ဒါပေမယ့် အဓိကကစားသမား ဘာလိုဂန် အနီကတ်ထိသွားခဲ့ပြီး ဘယ်လ်ဂျီယံနဲ့ပွဲကို လွဲချော်ရတော့မှာကတော့ အမေရိကန်အသင်းအတွက် စိတ်ပျက်စရာဖြစ်စေခဲ့မှာပါ ။
#BeeKyal
တကယ်ကို အကြိတ်အနယ်ရှိလှတဲ့ပွဲကောင်းတပွဲပါပဲ ။ ပင်နယ်တီအဆုံးအဖြတ်ခံယူရခါနီးမှ ဆီနီဂေါတို့ ပင်နယ်တီပေးရပြီး ရှုံးနိမ့်ခဲ့တာပါ ။ ၂-၀ နဲ့ ဦးဆောင်နေရာကနေ ပွဲပြီးခါနီးမှာ ဘယ်လ်ဂျီယံအသင်း ၂ ဂိုးဆက်သွင်းတာကို ခွင့်ပြုခံခဲ့ရပါတယ် ။ အခုတော့သူတို့ အိမ်ပြန်သွားခဲ့ရပါပြီ ။ ဘယ်လ်ဂျီယံအသင်းကတော့ မကြာခင်ကစားမယ့် အမေရိကန်နဲ့ ဘော့စနီးယားပွဲက အနိုင်ရမယ့်အသင်းနဲ့ ၁၆ သင်းအဆင့်မှာ ယှဉ်ပြိုင်ကစားရတော့မှာပါ ။
#BeeKyal
ကမ္ဘာ့ဖလားအုပ်စုအဆင့်တွေပြီးချိန်တုန်းက အာဖရိကအသင်း ၉ သင်းအထိ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ကြပါတယ် ။ ဒါပေမယ့် ရှုံးထွက်ပွဲစဉ်တွေကစားနေချိန်မှာတော့ အဲဒီအထဲက ၄ သင်း အိမ်ပြန်သွားခဲ့ရပါပြီ ။ မော်ရိုကိုတသင်းသာ နောက်တဆင့်တက်ရောက်ထားနိုင်ပါသေးတယ် ။ ကိပ်ဗာဒီ ၊ အီဂျစ် ၊ အယ်လ်ဂျီးရီးယား နဲ့ ဂါနာအသင်းတို့ကတော့ ၃၂ သင်းအဆင့်ပွဲစဉ်တွေ ကစားရဦးမှာပါ ။ နောက်တဆင့်ပွဲစဉ်တွေကစားချိန်မှာ အာဖရိကအသင်းဘယ်နှစ်သင်းလောက်ကျန်ရစ်နေဦးမလဲ . . .
#BeeKyal
အင်္ဂလန်အသင်းအတွက်ဂိုးလိုအပ်တိုင်းမှာ ဟယ်ရီကိန်းနဲ့ ဘယ်လင်ဟမ်တို့ရှိနေပေးခဲ့တာက အသင်းကို ကမ္ဘာ့ဖလားမှာ ဆက်ရှိနေစေတဲ့ အကြောင်းအရင်းပါပဲ ။အင်္ဂလန်အတွက် ၂ ဂိုးသွင်းပေးခဲ့တဲ့ ကိန်းဟာ အခုကမ္ဘာ့ဖလားမှာ သွင်းဂိုး ၅ ဂိုးအထိရရှိထားပြီးပါပြီ ။ အင်္ဂလန်အသင်းဟာ ၁၆ သင်းအဆင့်မှာ အိမ်ရှင်တသင်းဖြစ်တဲ့ မက္ကဆီကိုအသင်းနဲ့ မက္ကဆီကိုစီးတီးမှာ သွားရောက်ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ် ။
ရွေးချယ်မှု့ 🎉
🎆အဂ်လန် - ( ဘော်ဒီ )✔️
🎆Senegal - ( ဘော်ဒီ )✔️
အကြိုက်တူမှလိုက်ကစားပါဗျ
ကွန်ဂိုကို အထင်သေးရင် ခံစားသွားရမယ့် အင်္ဂလန်
CJ Platform
ကမ္ဘာ့ဖလား ရှုံးထွက် (၃၂) သင်းအဆင့်ရဲ့ အာရုံစိုက်ခံရဆုံး ပွဲစဉ်တွေထဲက တစ်ပွဲဖြစ်တဲ့ အင်္ဂလန်အသင်းနဲ့ ကွန်ဂိုအသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုဟာ ပရိသတ်တွေအတွက် စောင့်ကြည့်ချင်စရာကောင်းတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာနေပါတယ်။
အင်္ဂလန်အသင်းက ကြယ်ပွင့်ကစားသမားတွေ၊ အတွေ့အကြုံရင့် ကစားသမားတွေနဲ့ အသာစီးရထားပေမဲ့လည်း၊ ကွန်ဂိုအသင်းကတော့ ဘယ်အသင်းကိုမဆို ဒုက္ခပေးနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနဲ့ အရှိန်အဟုန်ကောင်းတဲ့ ကစားပုံကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ရှုံးထွက်ပွဲတွေမှာ နာမည်ကြီးအသင်းဆိုတဲ့ ဂုဏ်ပုဒ်ဟာ နောက်တစ်ဆင့်အတွက် အာမခံချက်မပေးနိုင်တာကို ဒီကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းကြီးတချို့က အကြိမ်ကြိမ် သက်သေပြထားပြီးသား ဖြစ်ပါတယ်။
နည်းစနစ်ပိုင်းမှာ အင်္ဂလန်အသင်းက ဘောလုံးပိုင်ဆိုင်မှုကို အခြေခံပြီး ပွဲကို ထိန်းချုပ်ဖို့ ကြိုးစားလာမှာဖြစ်ပြီး၊ ကွင်းလယ်ပိုင်းကနေ ဘောလုံးပေးပို့မှုကို မြန်မြန်ဆန်ဆန် ပြုလုပ်ကာ တောင်ပံနှစ်ဖက်က လျင်မြန်တဲ့ တိုက်စစ်ကစားသမားတွေနဲ့ ခံစစ်ကို ဆွဲဖြန့်ကစားမယ့် ပုံစံကို မြင်တွေ့ရဖို့ များနေတာပါ။ Full-back တွေ Overlap လိုက်တက်လာတဲ့ အချိန်တွေက အင်္ဂလန်အသင်းရဲ့ အဓိက တိုက်စစ်လက်နက် ဖြစ်နိုင်ပေမဲ့လည်း၊ လွတ်သွားတဲ့ ခံစစ်နောက်ကျော နေရာလွတ်တွေကိုတော့ ကွန်ဂိုအသင်းက အသုံးချဖို့ ကြိုးစားလာမှာ သေချာပါတယ်။
ကွန်ဂိုအသင်းကတော့ သူတို့ရဲ့ ထုံးစံအတိုင်း ခံစစ်ကို လူအင်အားများများနဲ့ ပိတ်ဆို့ထားပြီး၊ ဘောလုံးရတာနဲ့တစ်ပြိုင်နက် တန်ပြန်တိုက်စစ်ကို ချက်ချင်းပြောင်းလဲကစားဖို့ ကြိုးစားလာမှာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းရဲ့ Pressing ကို ကျော်ဖြတ်နိုင်ခဲ့ရင် ကွန်ဂိုအသင်းရဲ့ ရှေ့တန်းကစားသမားတွေရဲ့ အမြန်နှုန်းက ပွဲရဲ့ အလှည့်အပြောင်း ဖြစ်လာနိုင်မှာဖြစ်ပြီး၊ ထောင့်ကန်ဘောနဲ့ ပြစ်ဒဏ်ဘော (Free Kick) လိုမျိုး Set-piece အခြေအနေတွေမှာလည်း ကွန်ဂိုအသင်းဟာ အန္တရာယ်ရှိတဲ့ အသင်းတစ်သင်း ဖြစ်တာကြောင့် အင်္ဂလန်ခံစစ်က သတိထားသွားရဖို့ ရှိနေပါတယ်။
ဒီပွဲရဲ့ အဆုံးအဖြတ်က ကွင်းလယ်တိုက်ပွဲအပေါ်မှာ အများကြီး မူတည်နေပြီး၊ ဂျုဒ် ဘယ်လင်ဟမ်၊ ဒက္ကလန် ရိုက်စ် တို့လို ကစားသမားတွေ ဘောလုံးကို စိတ်ကြိုက် တည်ကစားလို့မရအောင် ကွန်ဂိုအသင်းတို့ဘက်က တားဆီးရမှာပါ။
အင်္ဂလန်အသင်းဟာ ကွင်းလယ်ပိုင်းကို စိုးမိုးပြီး ဘောလုံးဆုံးရှုံးတာနဲ့ ချက်ချင်း Pressing ပြန်လုပ်နိုင်ရင် ကွန်ဂိုအသင်းရဲ့ တန်ပြန်တိုက်စစ်တွေကို ထိန်းချုပ်နိုင်မှာဖြစ်ပြီး၊ Pressing ကျိုးပေါက်သွားတာနဲ့ ကွန်ဂိုအသင်းရဲ့ ပြေးလမ်းတွေက အင်္ဂလန်ခံစစ်ကို ခက်ခဲစေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ပွဲအစောပိုင်းမှာ ဘယ်အသင်းက ဦးဆောင်ဂိုး ရယူနိုင်မလဲဆိုတာက ပွဲရဲ့ လားရာကို ဆုံးဖြတ်ပေးနိုင်တဲ့ အရေးကြီးဆုံးအချက် ဖြစ်လာနိုင်ပါတယ်။
ကစားသမား အင်အားချင်းယှဉ်ရင် အင်္ဂလန်အသင်းက အသာစီးရှိနေပေမဲ့လည်း ကမ္ဘာ့ဖလား ရှုံးထွက်ပွဲတွေမှာ အံ့အားသင့်ဖွယ် ရလဒ်တွေ အမြဲတမ်းရှိနေတတ်တာကြောင့် အင်္ဂလန်အသင်းက နာမည်ကြီးကစားသမားတွေရဲ့ အရည်အသွေးကို အပြည့်အဝ ထုတ်ပြနိုင်ခဲ့ရင် နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးများပါတယ်။ ဒါပေမဲ့လည်း ကွန်ဂိုအသင်းကတော့ နောက်ထပ် Giant Killer အဖြစ် သမိုင်းသစ်ရေးဖို့ အခွင့်အရေးကို စောင့်မျှော်နေတာပါ။ နာမည်ကြီး ပေါ်တူဂီအသင်းကို အုပ်စုပွဲစဉ်မှာ သရေကစားနိုင်ခဲ့တဲ့ ကွန်ဂိုအသင်းတို့ ယခုပွဲမှာလည်း အင်္ဂလန်အသင်းကို တားဆီးနိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်ကြောင်း သုံးသပ်ရပါတယ်။
#CJPlatform #ကမ္ဘာ့ဖလား #အင်္ဂလန်နှင့်ကွန်ဂို #ရှုံးထွက်အဆင့်ပွဲကြို #နိုင်ငံတကာအားကစား
#BeeKyal
ဆွီဒင်အသင်းကို ဂိုးပြတ်အနိုင်ကစားပြီး ၁၆ သင်းအဆင့်ကို တက်ရောက်သွားတဲ့နောက်မှာတော့ ပြင်သစ်အသင်းရဲ့ ကမ္ဘာ့ဖလားဗိုလ်စွဲနိုင်ချေဟာ ပြိုင်ဘက်အသင်းတွေထက် ၂ ဆလောက် မြင့်တက်လာခဲ့ပါတယ် ။ နာမည်ကျော် Opta Football က ထုတ်ပြန်တဲ့ ချန်ပီယံဖြစ်ဖို့ အလားအလာအကောင်းဆုံးအသင်းတွေထဲမှာ ပြင်သစ်အသင်းက နံပါတ် ၁ နေရာက ဦးဆောင်နေပြီး အာဂျင်တီးနားက ဒုတိယ ၊ စပိန်အသင်းက တတိယနေရာတွေမှာ ရပ်တည်နေပြီး ပေါ်တူဂီကတော့ ချန်ပီယံဖြစ်ဖို့ အလားအလာနည်းတာကို မြင်တွေ့ရပါတယ် ။
#BeeKyal
