ရွှေပြည်သစ်
الذهاب إلى القناة على Telegram
တိုင်းချစ် ပြည်ချစ် ရွှေပြည်သစ်
إظهار المزيدلم يتم تحديد البلدالفئة غير محددة
232
المشتركون
+124 ساعات
+167 أيام
+1430 أيام
أرشيف المشاركات
232
+4
အလုပ်နဲ့ သက်သေပြတတ်တဲ့ သူလို လူသားမျိုး
· နိုင်ငံတော်သမ္မတကြီးအနေနဲ့ တရုတ်နိုင်ငံ ဘေကျင်းမှ ရှန်ဟိုင်းသို့ သွားရောက်စဉ် အမြန် ရထားပေါ်တွင် လိုက်ပါစီးနင်းရင်း ပြတင်းပေါက်မှတစ်ဆင့် ပြင်ပရှုခင်းများနှင့် ဒေသန္တရ ဖွံ့ဖြိုးရေး အခြေအနေများကို အလေးအနက် အကဲခတ်လေ့လာနေသည်ကို တွေ့ရပါသည်။
· နိုင်ငံရေး ခေါင်းဆောင်မှု သဘောတရားအရ သံတမန်ရေးရာ ခရီးစဉ်ကြီးတစ်ခု အောင်မြင် ရန်အတွက် မိမိအဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှုနှင့် စိတ်ဓာတ်ခွန်အား (Morale) မြင့်မားနေရန် လိုအပ်သည့်အတွက် သမ္မတကြီးသည် ၎င်း၏ ကိုယ်စားလှယ် အဖွဲ့ဝင် အရာရှိကြီးများနှင့်အတူ ခရီးစဉ်အတွင်း ရင်းနှီးပွင့်လင်းစွာ ရှိနေသည်ကို တွေ့ရပါသည်။
· သမ္မတကြီးသည် ရထားတွဲအတွင်း၌ပင် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ၊ တရုတ်ဘက်မှ တာဝန်ရှိသူများနှင့် ရပ်လျက် စစ်ဆေးမေးမြန်းကာ အလွတ်သဘော ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေသည်ကို တွေ့ရပြီး အချိန်ကို အကျိုးရှိစွာ အသုံးချတတ်မှု ဟု ဆိုရပါမည်။
ရွှေပြည်သစ်
https://t.me/shwepyithit01
232
+2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ပေကျင်းမြို့ရှိ China Railway Construction Corporation Limited (CRCC) သို့သွားရောက်လေ့လာပြီးနောက် ပေကျင်းမြို့မှ ရှန်ဟိုင်းမြို့သို့ အမြန်ရထားဖြင့် လိုက်ပါစီးနင်းရောက်ရှိ
နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရှန်ဟိုင်းမြို့ Hongqiao Railway Station သို့ ရောက်ရှိကြရာ ဒုတိယ မြို့တော်ဝန်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြကြောင်း သိရှိရသည်။
ရွှေပြည်သစ် https://t.me/shwepyithit01
232
တရုတ်သမ္မတ ရှီကျင့်ဖျင်က မြန်မာသမ္မတ ဦးမင်းအောင်လှိုင်ကို Huawei နောက်ဆုံးထုတ် စမတ်ဖုန်း လက်ဆောင်ပေး
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်နေတဲ့ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့ တွေ့ဆုံဆွေးနွေးစဉ်အတွင်း သမ္မတ ရှီကျင့်ဖျင်က မြန်မာသမ္မတကို တရုတ်နိုင်ငံရဲ့ ထိပ်တန်းနည်းပညာအခြေစိုက် Huawei ကုမ္ပဏီထုတ် နောက်ဆုံးပေါ် စမတ်ဖုန်းကို အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြောင်း သိရပါတယ်။
တရုတ်နိုင်ငံရဲ့ အဆင့်မြင့်နည်းပညာကို ကိုယ်စားပြုတဲ့ နောက်ဆုံးထုတ် ဖုန်းလက်ဆောင်အား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အခမ်းအနားတွင် ကိုယ်တိုင်ချက်ချင်း ဖွင့်ဖောက်ကာ ဖုန်း၏ စွမ်းဆောင်ရည်နဲ့ နည်းပညာပိုင်းဆိုင်ရာ ထူးခြားချက်တွေကို စိတ်ဝင်တစား စမ်းသပ်ကြည့်ရှုခဲ့ပါတယ်။ ရွှေပြည်သစ် https://t.me/shwepyithit01
232
* ပေကျင်းမြို့ The Great Hall of the People မှာ ပြုလုပ်ခဲ့တဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မြန်မာသမ္မတ ဦးမင်းအောင်လှိုင်တို့ရဲ့ တွေ့ဆုံပွဲဟာ လက်ရှိ ဒေသတွင်းနိုင်ငံရေး ရေစီးကြောင်း အရရော၊ မြန်မာ့နိုင်ငံရေး အလှည့်အပြောင်းအရပါ အလွန်အရေးပါတဲ့ မှတ်တိုင်တစ်ခု ဖြစ်ခဲ့တာကို တွေ့ရတယ်။ ဒီခရီးစဉ်ဟာ သမ္မတ မင်းအောင်လှိုင် အနေနဲ့ ရွေးကောက်ပွဲအပြီး သမ္မတအဖြစ် တာဝန်ယူပြီး နောက်ပိုင်း တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်တဲ့ တရားဝင်ခရီးစဉ် ဖြစ်တယ်။ နောက်ပြီး နှစ်နိုင်ငံဆွေးနွေးပွဲအပြီးမှာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ (MoU) စုစုပေါင်း ၁၈ စောင်ကို လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အပြင် ဒီတွေ့ဆုံမှုကနေ အဓိကကျတဲ့ အချက် ၂ ချက်ကို မြင်တွေ့ရတယ်။
* ပထမအချက်အနေနဲ့ တရားဝင်မှု (Legitimacy) ကို ကမ္ဘာ့ဇာတ်ခုံမှာ ပြသနိုင်ခဲ့တာပဲဖြစ်တယ်။ နိုင်ငံရေးမှာ “သင်္ကေတ” (Symbolism) က အလွန်စကားပြောပါတယ်။ သမ္မတ ဦးမင်းအောင်လှိုင် အနေနဲ့ နိုင်ငံတကာရဲ့ ဖိအားတွေ၊ သံတမန်ရေးအရ ဝိုင်းပယ်ဖို့ ကြိုးစားမှုတွေ ရှိနေတဲ့ကြားက ပထမတစ်ခါက အိန္ဒိယနိုင်ငံ၊ ခုတစ်ခါကမ္ဘာ့အင်အားကြီး တရုတ်နိုင်ငံရဲ့ သမ္မတနဲ့ တရားဝင် နိုင်ငံတော်အဆင့် လက်ဆွဲနှုတ်ဆက်ပြီး ဂုဏ်ပြုစစ်ကြောင်းနဲ့ ကြိုဆိုခံရခြင်းဟာ လက်ရှိ မြန်မာ အစိုးရရဲ့ “နိုင်ငံရေးအရ တရားဝင်မှု” (Political Legitimacy) ကို ဒေသတွင်းရော နိုင်ငံတကာမှာပါ အခိုင်အမာ ပြသလိုက်ခြင်း ဖြစ်ပါတယ်။ ဒါဟာ ပြည်တွင်းက နိုင်ငံရေးအတိုက်အခံတွေကိုရော အနောက်အုပ်စုကိုပါ တရုတ်နိုင်ငံက ပေးလိုက်တဲ့ ပြတ်သားတဲ့ သံတမန်ရေးရာ message ပဲ ဖြစ်ပါတယ်။
* ဒုတိယအချက်အနေနဲ့ ကြည့်မယ်ဆိုရင် Mutual Dependency ဆိုတဲ့ အပြန်အလှန်မှီခိုမှု/ အမှီသဟဲပြုမှုကို ကောင်းကောင်းမွန်မွန် အသုံးချခဲ့တာကို တွေ့ရတယ်။ တရုတ်နိုင်ငံရဲ့ မဟာ ဗျူဟာက အမြဲတမ်း ပကတိအကျိုးစီးပွားပေါ်မှာပဲ ရပ်တည်ပါတယ်။ ရှီပြောတာကိုကြည့်ရင် BRIတို့၊ CMEC တို့စတဲ့ စီမံကိန်းတွေကို အရှိန်မြှင့်ချင်တယ်။ လုံခြုံစေချင်တယ်။ မြန်မာနိုင်ငံ တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားအောင် လုပ်နေတာတွေကို ခွင့်ပြုမှာမဟုတ်ဘူးဆိုပြီး ပြောသွား တာတွေ့ရတယ်။ တရုတ်ဘက်ကကြည့်ရင် မလက္ကာရေလက်ကြားကို မဖြတ်ရဘဲ အိန္ဒိယ သမုဒ္ဒရာကို ထွက်ပေါက်ရမယ့် မြန်မာပြည်တွင်းက စီမံကိန်းတွေကို မြန်မြန် လုပ်စေချင်တယ်။ အဲဒီစီမံကိန်းတွေရဲ့ “လုံခြုံရေး” ဟာ သူတို့အတွက် အသက်သွေးကြောဖြ စ်တဲ့အတွက် မြန်မာအစိုးရကိုထောက်ခံပြီး အဖျက်အမှောက်လုပ်ဆောင် သူတွေကို ပူးပေါင်း တိုက်ဖျက်ဖို့ လုပ်ဆောင်လာမှာပါ။ မြန်မာဘက်ကကြည့်ရင် စီးပွားရေးအရရော ကုလသမဂ္ဂလို နေရာမျိုးမှာပါ သံတမန်ရေး အကာအကွယ်ပေးနိုင်မယ့် တရုတ်ရဲ့ “ကျောထောက် နောက်ခံ” ကို လိုအပ်ပါတယ်။ တရုတ်ရဲ့ (BRI) ကို မြန်မာပြည်က ကာကွယ်ပေးဖို့နဲ့ မြန်မာ့ စီးပွားရေး တိုးတက်စေဖို့ တရုတ်က ပံ့ပိုးပေးဖို့ဆိုတဲ့ “အပြန်အလှန် အကျိုးအမြတ်” ကို အခြေခံပြီး စီမံကိန်းတွေက အချိန်တိုအတွင်း ဆောင်ရွက်လာကြမယ့်ကဘောရှိတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံအစိုးရကတော့ “ကိုင်းကျွန်းမီ ကျွန်းကိုင်းမီ” သဘောမျိုး ရှေ့ဆက်လက်တွဲ လုပ်ဆောင် လာကြဦးမှာပါ။
* ဒီတွေ့ဆုံပွဲဟာ မြန်မာနိုင်ငံအတွက် အနောက်အုပ်စုရဲ့ ပိတ်ဆို့မှုတွေကို တရုတ်နိုင်ငံရဲ့ စီးပွားရေး၊ သံတမန်ရေး အင်အားနဲ့ တန်ပြန်ထိန်းညှိလိုက်တဲ့ ပြကွက်တစ်ခု ဖြစ်သလို တရုတ်နိုင်ငံအတွက် လည်း အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက် မဟာဗျူဟာကို လက်တွေ့အကောင်အထည်ဖော်ဖို့ လုံခြုံ စိတ်ချရတဲ့ လမ်းခင်းမှုတစ်ခု ဖြစ်ပါတယ်။ စိန်ခေါ်မှုတစ်ခုဖြစ်တဲ့ မြန်မာပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေကိုတော့ ငြိမ်းချမ်းရေး နည်းလမ်းနဲ့ပဲ ဆွေးနွေးမလား၊ အမြစ်ဖြတ်တိုက်ထုတ်မယ့် နည်းလမ်းနဲ့ပဲ ဆောင်ရွက်ခံမလား ဆိုတာကတော့ လက်နက်ကိုင်အဖွဲ့တွေရဲ့ လုပ်ဆောင်ချက် အပေါ်မှာမူတည်နေမှာပါ။
ရွှေပြည်သစ် https://t.me/shwepyithit01
232
SAIC Motor Corp., Ltd. အကြောင်း
· SAIC Motor သည် ဒုတိယကမ္ဘာစစ်အတွင်း ရှန်ဟိုင်းတွင် စတင်တည်ထောင်ခဲ့သော မော်တော်ယာဉ်တပ်ဆင်စက်ရုံတစ်ခုသာ ဖြစ်ခဲ့သည်။
· ၁၉၈၄ ခုနှစ်တွင် Volkswagen နှင့် ပူးပေါင်းသဘောတူညီချက်တစ်ခု ရရှိခဲ့ပြီး ၁၉၈၅ မတ်လတွင် Shanghai Volkswagen Automotive Co. Ltd. ကို တရားဝင် တည်ထောင် နိုင်ခဲ့သည့်အပြင် နည်းပညာအဆင့်မြင့်နိုင်ငံခြားကားများကိုပါ ထုတ်လုပ်နိုင်ခဲ့သည်။
· SAIC Motor သည် တရုတ်နိုင်ငံပိုင် မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်ပြီး ရုံးချုပ်ကို Shanghai မြို့ Anting တွင် တည်ရှိသည်။ လက်ရှိတွင် တရုတ်နိုင်ငံ၏ “Big Four” နိုင်ငံပိုင်ကားထုတ်လုပ်ရေးကုမ္ပဏီများအနက် အကြီးဆုံးဖြစ်သည်။
· SAIC သည် ကမ္ဘာတစ်ဝှမ်းတွင် plug-in လျှပ်စစ်ကား (ဘက်ထရီလျှပ်စစ်ကားနှင့် plug-in hybrid) ထုတ်လုပ်မှုအရ တတိယအကြီးဆုံးကုမ္ပဏီဖြစ်ပြီး ဘက်ထရီလျှပ်စစ်ကား ထုတ်လုပ်မှုအရ ဒုတိယအကြီးဆုံးဖြစ်သည်။
ရွှေပြည်သစ် https://t.me/shwepyithit01
232
BYD Auto အကြောင်း
• BYD ကို ၁၉၉၅ ခုနှစ်တွင် ဘက်ထရီထုတ်လုပ်ရေးကုမ္ပဏီအဖြစ် တည်ထောင်သူ Wang Chuanfu က စတင်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် မော်တော်ယာဉ်လုပ်ငန်းသို့ ဝင်ရောက်ခဲ့ကာ နောက်ပိုင်းတွင် လျှပ်စစ်ကားနည်းပညာဘက်သို့ လုံးဝပြောင်းလဲခဲ့သည်။
• ၂၀၀၈ ခုနှစ်မှစတင်၍ “Build Your Dreams” (BYD) ဟူသော slogan ကို အသုံးပြုခဲ့ပြီး စီအန်း၊ ရှန်ကျန်း၊ ရှန်ဟိုင်းနှင့် ပေကျင်းမြို့များတွင် စက်ရုံများနှင့် သုတေသနစင်တာများ တည်ထောင်ကာ တစ်နှစ်လျှင် ကားအစီးရေ ၃၀၀,၀၀၀ ထုတ်လုပ်နိုင်ခဲ့သည်။
• ၂၀၁၀ ပြည့်နှစ်တွင် ဂျာမနီနိုင်ငံ၏ Daimler AG (Mercedes-Benz) နှင့် ပူးပေါင်း၍ Denza အမှတ်တံဆိပ်ကို ဖန်တီးခဲ့သော်လည်း ၂၀၂၁ ခုနှစ်တွင် BYD က အစုရှယ်ယာ ၉၀% ထိန်းချုပ်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် Mercedes-Benz သည် အဆိုပါ ဖက်စပ်လုပ်ငန်းမှ လုံးဝထွက်ခွာခဲ့သည်။
• BYD Auto သည် တရုတ်နိုင်ငံစက်မှုကုမ္ပဏီကြီး BYD Company ၏ လက်အောက်ခံ ကုမ္ပဏီဖြစ်ပြီး လျှပ်စစ်ကား (EV) နှင့် Plug-in Hybrid (NEV) များကို အဓိကထုတ်လုပ်ကာ မကြာသေးမီက ကမ္ဘာ့ EV ရောင်းအားတွင် Tesla ကိုပင် ကျော်လွန်၍ ကမ္ဘာ့အကြီးဆုံး EV ထုတ်လုပ်သူဖြစ်လာခဲ့သည်။
• ၎င်းတို့၏ ကိုယ်ပိုင်အထင်ကရနည်းပညာဖြစ်သော LFP (Lithium Iron Phosphate) ဘက်ထရီများကို မိမိတို့ကားများတွင်သာမက အခြားမော်တော်ယာဉ်ထုတ်လုပ်သူများ ထံသို့ပါ ဖြန့်ချိရောင်းချလျက်ရှိသည်။
• ထို့အပြင် နည်းပညာတိုးတက်မှု အရှိန်အဟုန်အနေဖြင့် ၂၀၂၆ ခုနှစ် မတ်လတွင် ဒုတိယမျိုးဆက် Blade Battery နှင့် Flash Charging နည်းပညာအသစ်တို့ကို အောင်မြင်စွာ မိတ်ဆက်နိုင်ခဲ့သည်။ ရွှေပြည်သစ် https://t.me/shwepyithit01
232
+1
တရုတ်နိုင်ငံ၏ ကမ္ဘာ့အကြီးမားဆုံး လျှပ်စစ်မော်တော်ယာဉ် (EV) ဈေးကွက်နှင့် ထုတ်လုပ်မှုကဏ္ဍ
၂၀၂၆ ခုနှစ် ဇွန်လ ၁၇ ရက်
တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်မော်တော်ယာဉ် (EV) ထုတ်လုပ်မှု၏ ၅၈% ကို သိမ်းပိုက်ထားပြီး ကမ္ဘာ့အကြီးမားဆုံး EV ဈေးကွက်အဖြစ် ရပ်တည်နေသည်။ ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတွင်း၌ ခရီးသည်တင် လျှပ်စစ်ယာဉ်ပေါင်း ၁၂.၈၇ သန်းကျော် ရောင်းချခဲ့ရသည့်အနက် ၆၀% မှာ ဘက်ထရီသီးသန့် (BEVs) များဖြစ်ပြီး ၄၀% မှာ ပလပ်ထိုးဟိုက်ဘရစ် (PHEVs) များဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ လျှပ်စစ်ဘတ်စ်ကား စုစုပေါင်း၏ ၉၅% ခန့်ကို ပိုင်ဆိုင်ထားပြီး၊ ၂၀၂၅ ခုနှစ် အစပိုင်းအထိ ကမ္ဘာ့ BEVs (Battery Electric Vehicles) ရောင်းချမှု၏ ၅၃.၆% နှင့် PHEVs(Plug-in Hybrid Electric Vehicles) ရောင်းချမှု၏ ၇၃.၁% အထိ စံချိန်တင်ချုပ်ကိုင်ထားနိုင်ခြင်းကြောင့် ကမ္ဘာ့ EV ဈေးကွက်တွင် အဓိကမောင်းနှင်အား ဖြစ်ကြောင်း ပြသနေသည်။
ရွှေပြည်သစ် https://t.me/shwepyithit01
232
နိုင်ငံတော်သမ္မတ ဦးမင်းအောင်င် ပေကျင်းမှ ရှန်ဟိုင်း G23 အမြန်ရထားဖြင့် ထွက်ခွာ
တရုတ်နိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်င်သည် ယနေ့ ဇွန် ၁၇ ရက် နံနက်ပိုင်းက ပေကျင်းမြိုရှိ Beijing South Railway Station မှ ရှန်ဟိုင်းမြိုရှိ Hongqiao Railway Station သို G23 အမြန်ရထားဖြင့် ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ၏ ရှန်ဟိုင်းခရီးစဉ်သည် ယခုခရီးစဉ်အတွင်း ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေပြည်သစ် https://t.me/shwepyithit01
232
မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံ ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ (MoU)ကို ဇွန် ၁၆ ရက်က ရန်ကုန်မြို့၌ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နှင့် ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. HUOT HAK တို့ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ MoU ရေးထိုးပွဲ၌ ပြည်ထောင်စုဝန်ကြီးနှင့် ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးတို့က အမှာစကား ပြောကြားပြီး အလုပ်သဘောနေ့လယ်စာစားပွဲတွင်လည်း ဒေသတွင်း ခရီးသွား လုပ်ငန်း ဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးနှင့် ကမ္ဘောဒီးယားနိုင်ငံ၊ ခ ရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးတို့သည် မြန်မာ-က မ္ဘောဒီးယား ခရီးသွားလုပ်ငန်းမြှင့်တင်ရေး Roadshow၊ မဟာမဲခေါင်ဒေသခွဲအစားအစာ ပြပွဲတို့ကိုလည်း တက်ရောက်ကြည့်ရှုခဲ့ကြသည်။ မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် – ၂၀၂၆ နှင့် ဆက်စပ်အ စည်းအဝေးများကို မဟာမဲခေါင်ဒေသခွဲအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် Tourism for People, Travel with Purpose”ဦးတည်ချက်ဖြင့် ဇွန် ၁၄ ရက်မှ ၁၉ ရက်အထိလက်ခံကျင်းပလျက်ရှိသည်။
ရွှေပြည်သစ် https://t.me/shwepyithit01
232
Repost from 𝕆𝕦𝕣 ℍ𝕖𝕒𝕕
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်နှင့် CRCC တာဝန်ရှိသူများ တွေ့ဆုံ၊ မီးရထားလမ်းဖောက်လုပ်ရေးနှင့် အဆင့်မြှင့်တင်ရေး ကိစ္စရပ်များ ဆွေးနွေးတရုတ်နိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၇ ရက်က ပေကျင်းမြိုရှိ China Railway Construction Corporation Limited (CRCC) သို သွားရောက်ခဲ့ပြီး ကုမ္ပဏီတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် မီးရထားလမ်း ဖောက်လုပ်ရေးဆိုင်ရာ နည်းပညာများ၊ အခြေခံအဆောက်အအုံ ဖွံဖြိုးတိုးတက်ရေးနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သယ်ယူပိုဆောင်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ထိုပြင် CRCC ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ခေတ်မီ မီးရထားတည်ဆောက်ရေး နည်းပညာများကို ရှင်းလင်းတင်ပြခဲ့ကြပြီး နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပါသည်။
232
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ CCTV သတင်းရုပ်သံလိုင်း၏ တွေ့ဆုံမေးမြန်းမှုများအား လက်ခံဖြေကြား
နေပြည်တော်၊ ဇွန် - ၁၇
တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြိုသို ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ CCTV သတင်းရုပ်သံလိုင်းမှ ထိပ်တန်းသတင်းတင်ဆက်သူ မစ္စ ကျိုးယွင် တွေ့ဆုံ မေးမြန်းမှုများကို ကျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာ ဧည့်ခန်းမဆောင်၌ လက်ခံ ဖြေကြားလျက်ရှိကြောင်း သိရှိရသည်။
ရွှေပြည်သစ် https://t.me/shwepyithit01
232
+6
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံး တို့မှဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြား
ရွှေပြည်သစ်
https://t.me/shwepyithit01
232
+7
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် H.E. Mr. Li Qiang နှင့် တွေ့ဆုံဆွေးနွေး
ရွှေပြည်သစ် https://t.me/shwepyithit01
232
+4
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်င် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် (National People’s Congress - NPC) ဥက္ကဋ္ဌ နှင့် တွေ့ဆုံဆွေးနွေး
ရွှေပြည်သစ် https://t.me/shwepyithit01
232
+6
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ Tiananmen Square ရှိ သူရဲကောင်းစစ်သည်ဗိမာန်၌ လွမ်းသူပန်းခွေ ချအလေးပြု
ရွှေပြည်သစ် https://t.me/shwepyithit01
232
Repost from N/a
+1
အင်အားကြီးနိုင်ငံတွေ(အိန္ဒိယ၊ တရုတ်) ကြားမှာရှိနေတယ်။ အာဆီနိုင်ငံတွေရဲ့ emphasize လုပ်မှုကိုလည်း ခံလာရပြီ။ ဒီလိုမျိုး ကြားထဲမှာ political savvy ရှိရှိနဲ့ ကစားနိုင်ရင်တော့ နိုင်ငံအတွက် အကျိုးမြတ်တွေအများကြီး မျှော်လင့်လို့ရပြီ။
U Uncle 🇲🇲
(၁၆/၆/၂၀၂၆)
232
+2
မြန်မာ-တရုတ် နှစ်နိုင်ငံ အကြား သဘောတူစာချုပ်နှင့်နားလည်မှုစာချွန်လွှာ ၁၈ ခုတို့ကို သက်ဆိုင်ရာကဏ္ဍအလိုက် နှစ်နိုင်ငံတာဝန်ရှိသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင် တို့၏ ရှေ့မှောက်၌ လက်မှတ်ရေးထိုး လဲလှယ်
ရွှေပြည်သစ် https://t.me/shwepyithit01
232
+5
တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် အား ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတက The Great Hall of the People ၌ ဂုဏ်ပြုတပ်ဖွဲဖြင့် ကြိုဆိုပြီး တွေ့ဆုံ ဆွေးနွေးသည်။
ရွှေပြည်သစ် https://t.me/shwepyithit01
232
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်အား တရုတ်နိုင်ငံ မြိုတော်ပေကျင်းရှိ The Great Hall ခန်းမတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံရန် ကြိုဆိုပြင်ဆင်နေမှုများ
ရွှေပြည်သစ် https://t.me/shwepyithit01
232
+5
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ The Great Hall ခန်းမ သို့ ရောက်ရှိလာပြီဖြစ်သည်။
ရွှေပြည်သစ် https://t.me/shwepyithit01
