ရွှေပြည်သစ်
الذهاب إلى القناة على Telegram
တိုင်းချစ် ပြည်ချစ် ရွှေပြည်သစ်
إظهار المزيدلم يتم تحديد البلدالفئة غير محددة
232
المشتركون
-124 ساعات
+157 أيام
+1330 أيام
أرشيف المشاركات
232
ရန်ကုန်မြို့တွင် ငလျင်လှုပ်ခတ်မှုဖြစ်ပွား
၂၀၂၆ ခုနှစ် ဇွန်လ ၁၁ ရက်
ယနေ့ ဇွန်လ ၁၁ ရက် နေ့လည် ၁၂ နာရီ ၁၅ မိနစ်ခန့်အချိန်တွင် ရန်ကုန်မြို့၌ ငလျင် လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီး မြို့နယ်အများအပြားရှိ ပြည်သူများ သိသာစွာခံစားခဲ့ရကြောင်း သိရသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုကို မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ သမိုင်း၊ ဒလ၊ မရမ်းကုန်း၊ ဗိုလ်တထောင်၊ သာကေတ၊ ဒေါပုံ၊ အလုံ၊ လှိုင်၊ မြောက်ဥက္ကလာပ၊ အင်းစိန်နှင့် ဗဟန်း မြို့နယ်များအပါအဝင် ရန်ကုန်မြို့နယ်အများစုတွင် နေထိုင်သူများက ခံစားခဲ့ရကြောင်း သိရသည်။
ယခုငလျင်ပြင်းအားသည် ရစ်ခ်တာစကေး ၄ အဆင့်ဖြင့် လှုပ်ခတ်သွားကြောင်း Earthquake Application မှာ ဖော်ပြထားပါတယ်။
လက်ရှိအချိန်အထိ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု သို့မဟုတ် လူထိခိုက်ဒဏ်ရာရရှိမှု သတင်းများ မရှိသေးကြောင်း သိရသည်။
ရွှေပြည်သစ်
https://t.me/shwepyithit01
https://www.facebook.com/profile.php?id=61590404563868
https://www.tiktok.com/@political.insight0?_r=1&_t=ZS-977PmIIEbVE
232
ရန်ကုန်-မော်လမြိုင် DEMU ရထားသစ်နှင့် ပြည်သူ့မျှော်လင့်ချက်ကြားက စိန်ခေါ်မှုများ
၂၀၂၆ ခုနှစ် ဇွန်လ ၁၁ ရက်
မနေ့က သတင်းမှာ ရန်ကုန်-မော်လမြိုင် DEMU ရထားပြေးဆွဲဖို့အတွက် ရထားလမ်းကူးနေရာ ၁၀၀ ကျော်ကို ခြံစည်းရိုးခတ်နေတဲ့သတင်း ဖတ်လိုက်ရတယ်။ အဲ့လိုခြံစည်းရိုးခတ်တာကို မြန်မာ့ မီးရထားဝန်ထမ်းတွေနဲ့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့က ဇွန်လ ၈ ရက်ကနေစပြီး လုပ်နေတာကို တွေ့ရတယ်။ ဒီလိုလုပ်ရတာက ဇူလိုင်လအတွင်း ပြေးဆွဲမယ့် မော်လမြိုင်-ရန်ကုန် DEMU ရထား တွေရဲ့ ပြေးဆွဲမှုကို လုံခြုံမှုရှိဖို့နဲ့ ရထားတိုက်မှုအန္တရာယ်တွေ လျော့နည်းစေဖို့ ရည်ရွယ်ပြီး လုပ်တယ်လို့သိရတယ်။ ဒီသတင်းကိုကြည့်မယ်ဆိုရင် ရထားလမ်းဘေးကအိမ်တွေ ဖျက်ပေးရမှာ လား၊ လမ်းလုံခြုံမှုရှိလားဆိုတဲ့ မေးခွန်းတွေထွက်လာတာကို တွေ့ရတယ်။ ဒါကို ဘယ်လိုဖြေရှင်း ပေးမလဲပေါ့။ ==================================
နောက်တစ်ခုက လာမယ့် ဇူလိုင်လဆန်းမှာ ရန်ကုန်-မော်လမြိုင် DEMU ရထားပြေးဆွဲမယ်ဆိုတာ ပြည်သူတွေ အတွက် သတင်းကောင်းပါ။ ခုလိုဆီစျေးတက်နေတဲ့ကာလမှာ ကားစီးခတွေ တက်နေ တာကြောင့်လည်း ပြည်သူတွေက ရထားဘက်ကို ပိုပြီးဦးတည်လာကြပါတယ်။ စျေးနှုန်းကလည်း နှစ်ဆနီးပါး သက်သာတာကိုး။ ဒီမှာပြည်သူတွေရဲ့ မှတ်ချက်ကို ကြည့်မယ်ဆိုရင် လက်မှတ် ဝယ်ရ ခက်တာတွေ(အဓိက အထက်တန်းပေါ့)တွေ့ရတယ်။ ORTP ကတော့ အဆင်ပြေအောင်အွန်လိုင်း လက်မှတ် လုပ်ပေးထားတယ်။ ပြည်သူတွေကလည်း သတင်းဖတ်ဖို့လိုတယ်။
နောက်ထပ်တစ် ချက်က ရထားပေါ်အစားအစာကိစ္စပေါ့။ စျေးသည်မတင်ရတဲ့အတွက် ကော်ဖီတို့၊ ခေါက်ဆွဲခြောက် တို့ကို ရထားပေါ်မှာပဲ ရောင်းတာတွေ့ရတယ်။ စျေးကတော့အပြင်ထက် နှစ်ဆ နီးပါး ကြီးနေတဲ့ အတွက် ပြည်သူတွေဆီက အသံတွေထွက်လာပြီ။ ဒါကိုတော့ Budget ရှာတာဖြစ်တဲ့အတွက် သိပ်မပြောလိုပေမယ့် နောက်ထပ်စားလို့ရမယ့် အစားအစာတွေ ထပ်တင် စေချင်တယ်။ လူတန်းစားမရွေးသန့်သန့်ရှင်းရှင်းနဲ့ စားလို့ရမယ့်ဟာမျိုးပေါ့။============================
နေပြည်တော်-မော်လမြိုင်၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မြိတ် ဘက်ကို ပြေးဆွဲဖို့ ပြည်သူတွေရဲ့ တောင်းဆိုချက်တွေကို တွေ့နေရတာမို့ DEMU ရထား များများတင်သွင်း ပြေးဆွဲနိုင်ဖို့ လုပ်ဆောင်ချက်အပြင်၊ ဘေးအန္တရာယ်ကင်းကင်းနဲ့ ပြေးဆွဲနိုင်ဖို့ လုပ်ဆောင်ဖို့ကလည်း အစိုးရ အတွက် ဆက်လက်ဖြေရှင်းရမယ့် ကိစ္စတစ်ရပ်လည်း ဖြစ်လာဦးမှာပါ။ ———-ရွှေပြည်သစ် https://t.me/shwepyithit01
https://www.facebook.com/profile.php?id=61590404563868
232
ချင်းပြည်တစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့ လက်တစ်ကမ်းပဲလိုတော့တယ်
မနေ့က ဟားခါး-ထန်တလန်လမ်းကြောင်းကို တပ်မတော်ကပြန်ထိန်းချုပ်ဖွင့်နိုင်ခဲ့ပြီဆိုတဲ့သတင်းတက်လာတယ်။ တကယ်တော့ အဲ့ဒီလမ်းကြောင်းကို CNF, CDF တွေက ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလလောက်ကနေစပြီးတော့ ယာယီထိန်းချုပ်သွားနိုင်ခဲ့တယ်။ ဒါကလည်း ၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေး ပဋိပက္ခနဲ့ မတည်ငြိမ်မှုတွေကို အခွင့်ကောင်းယူသွားခဲ့ကြတဲ့သဘောပါပဲ။ အဲ့ဒီနောက်မှာ တပ်မတော်က (Counter-Terrorism Operation) ဆိုတဲ့ခေါင်းစဉ်နဲ့ စစ်ဆင်ရေးပြန်စတော့ ၂၀၂၃ အောက်တိုဘာ ၂၉ မှာပဲ ထန်တလန်ကို ပြန်ပြီးထိန်းချုပ်နိုင်ခဲ့တယ်။
********
ဟားခါး-ထန်တလန် လမ်းကြောင်းကြီးတော့ မပွင့်သေးဘူးပေါ့။ အဲ့လမ်းကြောင်းပွင့်ဖို့က ပွိုင့် ၁၉၂၁ တောင်ကုန်း၊ ပွိုင့် ၂၀၆၉ တောင်ကုန်း နှင့် တာဝါတိုင်ကုန်း ဆိုတဲ့ တောင်ကုန်း ၃ ကုန်းက အခရာကျနေတယ်။ ဒါကို တပ်မတော်က ဇွန် ၈ ရက်နေ့မှာ သိမ်းနိုင်ခဲ့ပြီးတော့ ဇွန် ၉ ရက်နေ့ညနေပိုင်းမှာ ဟားခါး-ထန်တလန် လမ်းကြောင်းတစ်ခုလုံးကို အပြည့်ဝထိန်းချုပ်ဖွင့်နိုင်ခဲ့တာဖြစ်တယ်။ ဒါကြောင့်ချင်းပြည်နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့ လက်တကမ်းစာ လောက်ပဲလိုတော့တယ်လို့ ပြောလို့ရပြီ။
***
ပြည်တွင်းပဋိပက္ခတွေကို ကြည့်ရင် အကျိုးစီးပွားတိုက်ပွဲနှင့် လူမျိုးရေးတိုက်ပွဲဆိုတဲ့ ပုံစံနှစ်မျိုးကိုပဲတွေ့ရတယ်။ ပြောချင်တာက ရှမ်းမြောက်ဘက်နှင့် ကချင်ဘက်ဆိုရင် အကျိုးစီးပွားကြောင့် တိုက်နေကြတဲ့သဘောပဲ။ တပ်မတော်က ထိုးစစ်အရှိန်မြှင့်ရင် သူတို့အကျိုးစီးပွားကို ထိခိုက်မှာစိုးတဲ့အတွက် ငြိမ်းချမ်းရေးဆွေးနွေးသလိုလို အပစ်ရပ်သလိုလိုပုံစံမျိုးလုပ်လာခဲ့ကြတာခုချိန်ထိပဲ။ AA နှင့် KNU တွေကျတော့ လူမျိုးရေးစစ်ပွဲပုံစံမျိုးထဲပါသွားပြီ။ ဒါကြောင့် ကျောက်တော်ဖြစ်စဉ်နှင့် အကျဉ်းထောင်ထဲမှာ မီးရှို့သတ်ပြီးတော့ လေယာဉ်နဲ့ဗုံးကြဲပါတယ်ဆိုတဲ့ ကလိမ်ကကျစ်လုပ်ရပ်တွေက သက်သေပဲလို့ညွှန်းရမှာပဲ။
******
ဒီတော့ ချုပ်လိုက်ရင် ချင်းပြည်နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့ပြီဆိုရင်တော့ AA အတွက် အိပ်မက်ဆိုးတွေဖြစ်လာလိမ့်မယ်။ တစ်ခုရှိတာက တပ်မတော်အနေနဲ့ နယ်မြေကန့်သတ်ချက်များတဲ့ ရခိုင်ဒေသကို ထိုးစစ်ဆင်တဲ့အခါမှာ ဘယ်လိုဗျူဟာမျိုးတွေနဲ့ ဝင်မလဲဆိုတာကိုလည်း စောင့်ကြည့်ရမှာပဲ။ အချိန်တစ်ခုထိ ကြာနေပြီဖြစ်တဲ့ ရခိုင်ဒေသမှာ ရခိုင်ပြည်တောင်ပိုင်းလောက်ကို အမြန်ဆုံးထိန်းချုပ်နိုင်ဖို့လိုလိမ့်မယ်။ ဒါမှ BRI စီမံကိန်းတို့ CMEC စီမံကိန်းတို့ ကုလားတန်စီမံကိန်းတို့ကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ ယူဆတယ်။
https://t.me/shwepyithit01
https://www.facebook.com/profile.php?id=61590404563868
https://www.tiktok.com/@political.insight0?_r=1&_t=ZS-977PmIIEbVE
232
+2
ချင်းပြည်တစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့ လက်တစ်ကမ်းပဲလိုတော့တယ်
မနေ့က ဟားခါး-ထန်တလန်လမ်းကြောင်းကို တပ်မတော်ကပြန်ထိန်းချုပ်ဖွင့်နိုင်ခဲ့ပြီဆိုတဲ့သတင်းတက်လာတယ်။ တကယ်တော့ အဲ့ဒီလမ်းကြောင်းကို CNF, CDF တွေက ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလလောက်ကနေစပြီးတော့ ယာယီထိန်းချုပ်သွားနိုင်ခဲ့တယ်။ ဒါကလည်း ၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေး ပဋိပက္ခနဲ့ မတည်ငြိမ်မှုတွေကို အခွင့်ကောင်းယူ အပြည့်စုံဖတ်ရန်
https://www.facebook.com/profile.php?id=61590404563868
https://www.tiktok.com/@political.insight0?_r=1&_t=ZS-977PmIIEbVE
232
On this History in the World.
2010 FIFA World Cup ၏ (၁၉) ကြိမ်မြောက် ဖွင့်ပွဲကို ဇွန်လ ၁၁ ရက်နေ့ တွင် Johannesburg၊ South Africa ၌ ကျင်းပခဲ့သည်။ အာဖရိကတိုက်တွင် ပထမဆုံးအကြိမ် ကျင်းပသည့် ဖီဖာ ကမ္ဘာ့ဖလား ဖြစ်ခဲ့သည်။
232
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နံနက်ခင်းလေးဖြစ်ကြပါစေ
တစ်နေ့တာ လုပ်ငန်းဆောင်တာအားလုံး အဆင်ပြေချောမွေ့ကြပါစေ🙏🙏🙏
232
SSPP နှင့် KIA တို့အကြား ရွှေလုပ်ကွက်ကြောင့် တင်းမာ
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ နမ့်အွမ်ကျေးရွာတွင် ယမန်နေ့ ဇွန်လ ၉ ရက်နေ့က ရှမ်းပြည်တိုးတက်ရေးပါတီ - SSPP/SSA နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် - KIA တို့အကြား ရွှေလုပ်ကွက်ပြဿနာကြောင့် အချင်းများပြီး စစ်ရေးအရ တင်းမာမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
SSPP ၏ ရွှေတူးဖော်ရေးအလုပ်သမား ၃ ဦးကို KIA ဘက်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့်အပေါ် နှစ်ဖက်တာဝန်ရှိသူများအကြား မြေပြင်၌ ညှိနှိုင်းဖြေရှင်းရာမှတစ်ဆင့် အခြေအတင် စကားများကာ တင်းမာမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ KIA က ဖမ်းဆီးထားသူများသည် ရှမ်းလုပ်ငန်းရှင်များ၏ လက်အောက်ခံ အလုပ်သမားများ ဖြစ်နေသည့်အတွက်ကြောင့် SSPP/SSA တပ်ဖွဲ့ဝင်များနှင့်ပါ ထိပ်တိုက်အငြင်းပွားမှု ဖြစ်လာခဲ့ခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
"အရင်က ပြန်အပ်ထားပြီးသားဖြစ်တဲ့ ရွှေလုပ်ကွက်ဟောင်းထဲမှာ ခိုးတူးကြရာကနေ အခုလို အဖွဲ့အစည်းအချင်းချင်း ပြဿနာစဖြစ်တာ" ဟု ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ဖြစ်စဉ်မှာ နမ့်အွမ်ရွာအနီးရှိ တာလုံကျေးရွာတွင် နေထိုင်သည့် ဦးဂမ်ယော ဆိုသူ၏ လယ်ကွက်အတွင်း ရှမ်းလုပ်ငန်းရှင်များက ရွှေတူးဖော်ရန် ငှားရမ်းလုပ်ကိုင်ခဲ့ကြပြီး လုပ်ငန်းပြီးဆုံး၍ ပြန်လည်အပ်နှံထားပြီးဖြစ်ကြောင်း၊ သို့သော် ယခုအခါ ယင်းလယ်ကွက်အတွင်းသို့ ၎င်း၏ တပည့်များက တရားမဝင် ပြန်လည်ခိုးတူးရာကနေ KIA ဘက်က ဝင်ရောက်ဖမ်းဆီးရာမှ ပြဿနာ စတင်ခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
"နှစ်ဖက် စကားများကြတဲ့အချိန်မှာ လူအုပ်နဲ့ ရောက်လာကြပြီး ဆဲဆိုတာတွေ၊ သေနတ်ကျည် မောင်းတင်ပြီး ခြိမ်းခြောက်တာတွေအထိ လုပ်ခဲ့ကြတာရှိတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဖမ်းဆီးခံထားရတဲ့သူတွေ ပြန်လွှတ်ပေးဖို့အတွက် သေချာပြန်ညှိနှိုင်းခဲ့ကြတယ်လို့ ကြားရတယ်" ဟု သတင်းရင်းမြစ်က ဆိုသည်။
ယင်းတာလုံရွှေလုပ်ကွက်ကိစ္စနှင့် ပတ်သက်၍ နမ့်အွမ်ကျေးရွာအတွင်း နှစ်ဖက်ကိုယ်စားလှယ်များ လူကိုယ်တိုင် တွေ့ဆုံဆွေးနွေး ဖြေရှင်းခဲ့ကြပြီးနောက် လတ်တလောတွင်တော့ တင်းမာမှု လျော့ကျကာ ပြေလည်မှု ရရှိသွားခဲ့ကြကြောင်း သိရသည်။ မူဆယ်မြို့နယ်အတွင်းရှိ ယင်းကျေးရွာ များအနီးတစ်ဝိုက်တွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း - EAOs များအကြား နယ်မြေစိုးမိုးမှုနှင့် သယံဇာတဆိုင်ရာ ကိစ္စရပ်များကြောင့် စစ်ရေး၊ နိုင်ငံရေးအရ အချင်းများမှုနှင့် ပွတ်တိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် စစ်တပ်၊ ကချင်လွတ်လပ်ရေးအဖွဲ့-KIO၊ ရှမ်းပြည် တိုးတက်ရေးပါတီ-SSPP၊ ကိုးကန့်တပ်ဖွဲ့-MNDAA နှင့် စစ်တပ်စီလက်အောက်ခံပြည်သူ့စစ် ၁၅ ဖွဲ့ထက်မနည်းလှုပ်ရှားသည်။
သမ္မတ ဦးမင်းအောင်လှိုင်က ဇွန် ၉ ရက်က သူ့ရဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ တရားမဝင်ရွှေတူးဖော်မှုတွေကို ထိထိရောက်ရောက် နှိမ်နင်းမယ်ဆိုပြီး ပြောကြားခဲ့တာရှိပါတယ်။ ယခုလိုလက်နက်ကိုင်တွေ အချင်းချင်းကြားမှာကို ရွှေလုပ်ကွက်နယ်မြေလုယက်မှုတွေဟာ အစိုးရရဲ့စနက်တွေ ကင်းမှကင်းရဲ့လားလို့တောင် သံသယရှိနေကြပါတယ်။
232
SSPP နှင့် KIA တို့အကြား ရွှေလုပ်ကွက်ကြောင့် တင်းမာ
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ နမ့်အွမ်ကျေးရွာတွင် ယမန်နေ့ ဇွန်လ ၉ ရက်နေ့က ရှမ်းပြည်တိုးတက်ရေးပါတီ - SSPP/SSA နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် - KIA တို့အကြား ရွှေလုပ်ကွက်ပြဿနာကြောင့် အချင်းများပြီး စစ်ရေးအရ တင်းမာမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
SSPP ၏ ရွှေတူးဖော်ရေးအလုပ်သမား ၃ ဦးကို KIA ဘက်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့်အပေါ် နှစ်ဖက်တာဝန်ရှိသူများအကြား မြေပြင်၌ ညှိနှိုင်းဖြေရှင်းရာမှတစ်ဆင့် အခြေအတင် စကားများကာ တင်းမာမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ KIA က ဖမ်းဆီးထားသူများသည် ရှမ်းလုပ်ငန်းရှင်များ၏ လက်အောက်ခံ အလုပ်သမားများ ဖြစ်နေသည့်အတွက်ကြောင့် SSPP/SSA တပ်ဖွဲ့ဝင်များနှင့်ပါ ထိပ်တိုက်အငြင်းပွားမှု ဖြစ်လာခဲ့ခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
"အရင်က ပြန်အပ်ထားပြီးသားဖြစ်တဲ့ ရွှေလုပ်ကွက်ဟောင်းထဲမှာ ခိုးတူးကြရာကနေ အခုလို အဖွဲ့အစည်းအချင်းချင်း ပြဿနာစဖြစ်တာ" ဟု ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ဖြစ်စဉ်မှာ နမ့်အွမ်ရွာအနီးရှိ တာလုံကျေးရွာတွင် နေထိုင်သည့် ဦးဂမ်ယော ဆိုသူ၏ လယ်ကွက်အတွင်း ရှမ်းလုပ်ငန်းရှင်များက ရွ
232
ကျောင်းသင်ဘာသာရပ်များနဲ့ ကျောင်းဝတ်စုံ မြန်မာနိုင်ငံရဲ့ ပညာရေးမှာ ကလေးတွေရဲ့ အသက်အရွယ်အလိုက် သင်ယူတက်ရောက်ရမယ့် ဘာသာရပ်တွေနဲ့ အတန်းတွေကို တတ်သိကျွမ်းကျင်ပညာရှင်များနဲ့ စနစ်တကျသတ်မှတ်ပြဌာန်းပြီး အခြေခံပညာ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် စသဖြင့် သတ်မှတ်ထားပြီးဖြစ်ပါတယ်။ ပညာသင်ကြားခြင်းရဲ့ ရည်ရွယ်ချက်တွေဟာ လူသားတွေရဲ့ ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လွတ်လပ်စွာရပ်တည်နိုင်ရေးနဲ့ အသိဉာဏ် ဖွံ့ဖြိုးရေးအတွက် အဓိကအခြေခံ ထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားညီနောင်များအားလုံးရဲ့ သားသမီးတွေရဲ့ အသိဉာဏ်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ လူမှုဘဝတွေ ဖွံဖြိုးတိုးတက်ဖို့အတွက် နိုင်ငံတော်က ပြဌာန်းထားတဲ့အတိုင်း စနစ်တကျသင်ယူစေဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ကျောင်းသူ ကျောင်းသားတွေ အတွက် သတ်မှတ်ထားတဲ့တူညီဝတ်စုံဆိုတာ ရှိပြီးသားပါ။ တူညီဝတ်စုံဆိုတာ စည်းလုံးညီညွတ်မှု၊ တန်းတူညီမျှမှုဆိုတဲ့ ပြည်ထောင်စုစိတ်ဓာတ်ကိုလည်း ဖြစ်ထွန်းစေတဲ့အတွက် မြန်မာနိုင်ငံရဲ့ အချုပ်အခြာပိုင်နယ်မြေအတွင်းက ကျောင်းများအားလုံးမှာ အဖြူနဲ့အစိမ်းတူညီဝတ်စုံကို စနစ်တကျ ဝတ်ဆင်ကြဖို့ လိုအပ်ကြောင်း ပါခင်ဗျာ
232
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်အား ဧပြီလထဲတွင် အကြီးစားပြင်ဆင်မှု ပြုလုပ်ခဲ့ပြီးနောက် ယခုအခါတွင် ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်၍ လာမည့် အာဇာနည်နေ့တွင် ပြည်သူများအား ပြခန်းတိုးချဲ့ပြသသွားမည်ဟု သိရှိရပါတယ်။
ရွှေပြည်သစ်
https://t.me/shwepyithit01
232
ပြိုင်ပွဲပုံစံနှင့် စည်းမျဉ်းများ
ကျင်းပမည့်ပုံစံ။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၄ နှစ်တစ်ကြိမ် ကျင်းပပါတယ်။ အခု ၂၀၂၆ ပြိုင်ပွဲဟာ နိုင်ငံပေါင်း ၄၈ နိုင်ငံ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်လို့ သမိုင်းတစ်လျှောက် အကြီးမားဆုံး ပြိုင်ပွဲကြီး ဖြစ်လာမှာပါ။ အသင်းတွေကို ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွေအရ တစ်အုပ်စုကို ၄ သင်းစီနဲ့ စုစုပေါင်း ၁၂ အုပ်စု ခွဲထားပါတယ်။ အုပ်စုတစ်ခုစီက ထိပ်ဆုံး ၂ သင်းဟာ နောက်တစ်ဆင့်ဖြစ်တဲ့ ၃၂ သင်းအဆင့် (Round of 32) ကို အလိုအလျောက် တက်ရောက်ခွင့်ရမှာပါ။ အုပ်စုတွင်း တတိယရတဲ့အသင်းတွေထဲကမှ ရလဒ်အကောင်းဆုံး ၈ သင်းဟာလည်း ၃၂ သင်းအဆင့်ကို တက်ခွင့်ရမှာ ဖြစ်ပါတယ်။
==========================================================
ကျင်းပမည့်မြို့များ
မက္ကဆီကိုနိုင်ငံ။ ဂွါဒါလာဟားရားမြို့ (Guadalajara)၊ မွန်တာရေးမြို့ (Monterrey) နှင့် မက္ကဆီကိုစီးတီး (Mexico City)
ကနေဒါနိုင်ငံ။ တိုရွန်တိုမြို့ (Toronto) နှင့် ဗန်ကူးဗားမြို့ (Vancouver)
အမေရိကန်နိုင်ငံ။ အတ္တလန်တာ၊ ဘော့စတွန်၊ ဒါးလတ်စ်၊ ဟူစတန်၊ ကန်ဆက်စီးတီး၊ လော့စ်အိန်ဂျလိစ်၊ မိုင်ယာမီ၊ နယူးယောက်/နယူးဂျာစီ၊ ဆီအက်တဲလ်၊ ဖီလာဒဲလ်ဖီးယားနှင့် ဆန်ဖရန်စစ္စကို ==========================================================
ပထမဆုံးအကြိမ် စတင်ယှဉ်ပြိုင်ခွင့်ရသည့် အသင်းများ (Debutants)
ကူရာကာအို (Curaçao)၊ ကိတ်ဗာဒီ (Cape Verde)၊ ဂျော်ဒန် (Jordan)နှင့် ဥဇဘက်ကစ္စတန် (Uzbekistan) ==========================================================
စိတ်ဝင်စားစရာ ဇာတ်ကြောင်းများရှိသည့် ပွဲစဉ်များ
ဘောလုံးဟာ အားကစားသက်သက်တင်မဟုတ်ဘဲ နိုင်ငံရေးနဲ့ သမိုင်းကြောင်းတွေကလည်း ပွဲစဉ်အချို့ကို ပိုမိုအသက်ဝင်စေပါတယ်။
ပြင်သစ် နှင့် ဆီနီဂေါ (ဇွန်လ ၁၇ ရက်)။ ကိုလိုနီခေတ် သမိုင်းကြောင်းနောက်ခံရှိတဲ့ နိုင်ငံနှစ်ခုရဲ့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပြီး၊ ၂၀၀၂ ကမ္ဘာ့ဖလားတုန်းက ဆီနီဂေါက လက်ရှိချန်ပီယံ ပြင်သစ်ကို အနိုင်ယူပြီး အံ့အားသင့်စရာ ရလဒ် ဖန်တီးခဲ့ဖူးပါတယ်။
အီရန် နှင့် အီဂျစ်(ဇွန်လ ၂၇ ရက်)။ ဆီအက်တဲလ်မြို့မှာ ကစားမယ့်ပွဲဖြစ်ပြီး၊ ထိုပွဲစဉ်ကို အဆိုပါမြို့ရှိ LGBT လူထုကို ဂုဏ်ပြုတဲ့အနေနဲ့ “Pride” ပွဲစဉ်အဖြစ် သတ်မှတ်ခဲ့တဲ့အတွက် နှစ်နိုင်ငံလုံးရဲ့ ဘောလုံးအဖွဲ့ချုပ်တွေက ဖီဖာထံ တရားဝင် ကန့်ကွက်ခဲ့ကြပါတယ်။ ၎င်းတို့နိုင်ငံ တွေမှာ လိင်တူဆက်ဆံမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတာကြောင့် ဒီပွဲကို သူတို့ ဘယ်လို ရင်ဆိုင်ကစားမလဲဆိုတာ စောင့်ကြည့်ရမှာပါ။
ဒါ့အပြင် အီရန်အသင်းဟာ အိမ်ရှင်အမေရိကန်နဲ့ စစ်မက်ဖြစ်ပွားနေတဲ့ ကြားထဲက လာရောက် ယှဉ်ပြိုင်ရတာ ဖြစ်ပါတယ်။ အုပ်စုအဆင့်ပွဲစဉ်အားလုံးကို အမေရိကန်မှာ ကစားရမှာဖြစ်ပေမဲ့ အီရန်အသင်းဟာ သူတို့ရဲ့ စခန်းကို မက္ကဆီကိုမှာပဲ အခြေစိုက်ထားပြီး ပွဲကစားမယ့်ရက်မှသာ အမေရိကန်ဘက်ကို သွားရောက်ကစားမှာ ဖြစ်ပါတယ်။
ဟေတီ နှင့် စကော့တလန်(ဇွန်လ ၁၇ ရက်)။ ဟေတီအသင်းဟာ ၁၉၇၄ နောက်ပိုင်း ပထမဆုံး အကြိမ် ကမ္ဘာ့ဖလားကို ပြန်လည်ရောက်ရှိလာတာဖြစ်ပြီး၊ ၂၈ နှစ်ကြာမှ ကမ္ဘာ့ဖလား စင်မြင့်ထက် ကို ပြန်လည်ခြေချခွင့်ရတဲ့ စကော့တလန်အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ပေါ်တူဂီက ရော်နယ်ဒို၊ အာဂျင်တီနားက မက်ဆီနဲ့ ခရိုအေးရှားက မိုဒရစ်တို့ရဲ့ နောက်ဆုံးယှဉ်ပြိုင်မယ့် ကမ္ဘာ့ဖလားဖြစ်တာကြောင့် ရော်နယ်ဒို-မက်ဆီရဲ့ နောက်ဆုံး era မှာ ယှဉ်ပြိုင်မယ့်အပေါ်မှာလည်း ပရိသတ်တွေက စိတ်ဝင်တစားစောင့်ကြည့်ကြမှာပဲ ဖြစ်ပါတယ်။
ရွှေပြည်သစ် https://t.me/shwepyithit01
232
+1
မက်ဆီ၊ ရော်နယ်ဒိုတို့၏ နောက်ဆုံးပွဲနှင့် စိတ်ဝင်စားဖွယ် ဇာတ်ကြောင်းများ ပါဝင်လာမည့် ၂၀၂၆ ကမ္ဘာ့ဖလား
၂၀၂၆ ခုနှစ် ဇွန်လ ၁၀ ရက်
ဖီဖာကမ္ဘာ့ဖလား (Fifa World Cup) ပြိုင်ပွဲကြီးနဲ့ ပတ်သက်ပြီး လှုပ်လှုပ်ခတ်ခတ် ဖြစ်နေတဲ့ စိတ်လှုပ်ရှားမှုတွေကို သတိမထားမိဘဲ နေဖို့ကတော့ တော်တော်ခက်ခဲပါလိမ့်မယ်။ ဘောလုံးအားကစား (မြောက်အမေရိကမှာတော့ Soccer လို့ ခေါ်ကြပါတယ်) ဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး အားကစားနည်းဖြစ်ပြီး ကမ္ဘာ့ဖလားဟာလည်း အားကစားလောကရဲ့ ဂုဏ်အသိက္ခာအရှိဆုံး ဆုဖလားကြီး ဖြစ်ပါတယ်။
===========================================================နှစ်ပေါင်း ၁၀၀ နီးပါးရှိပြီဖြစ်တဲ့ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက်မှာ ပထမဆုံးအကြိမ်အဖြစ် မက္ကဆီကို၊ ကနေဒါနဲ့ အမေရိကန် သုံးနိုင်ငံက ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။ အဖွင့်ပွဲစဉ်ကို ဇွန်လ ၁၂ ရက်နေ့မှာ မက္ကဆီကိုစီးတီးမြို့မှာ ကျင်းပမှာဖြစ်ပြီး ဗိုလ်လုပွဲကိုတော့ ဇူလိုင်လ ၂၀ ရက်နေ့မှာ အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်မှာ ကျင်းပသွားမှာပါ။ ဆက်လက်ဖတ်ရှုရန်
232
သမ္မတကြီးရဲ့ အိန္ဒိယခရီးစဉ်မှ အာဆီယံအပေါ်သက်ရောက်မှု
၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ ရွေးကောက်ပွဲကနေမြန်မာနိုင်ငံသမ္မတနှင့် အစိုးရအဖွဲ့ပေါ်လာတယ်။ ပထမဆုံး တရုတ်နိုင်ငံခြားရေးဝန်ကြီး၊ ပြီးရင် ထိုင်းနှင့်မလေးရှားရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ၊ ပူပူနွေးနွေး (၈-၆-၂၀၂၂၆) ရက်နေ့မှာပဲ အင်ဒိုနီးရှားရဲ့ နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံသွားတယ်။ လာမည့် ဇွန် ၁၂ ရက်နေ့မှာ လာအိုနိုင်ငံခြားရေးဝန်ကြီးလည်း လာဖို့ရှိနေတယ်။
***********************************************
ဒီတွေ့ဆုံမှုတိုင်းကိုကြည့်ရင် စီးပွားရေးဖွံ့ဖြိုးလာဖို့အတွက် သွင်းကုန်ထုတ်ကုန်၊ ရင်းနှီးမြှုပ်နှံမှု အပိုင်းနှင့် မြန်မာ-အာဆီယံ အကြားပိုမိုတောင့်တင်းခိုင်မာတဲ့ ဆက်ဆံမှုမျိုးပြန်လည်တိုးတက်လာစေရေး ဆိုတဲ့အပိုင်းတွေကိုပဲ အဓိကဆွေးနွေးကြတာကိုတွေ့ရတယ်။ ဆိုလိုချင်တာကတော့ တရုတ်နှင့်ဆွေးနွေးတဲ့ခါ စီးပွားရေးပိုင်းကိုပဲ အဓိကဆွေးနွေးကြလိမ့်မယ်လို့ယူဆလို့ရတယ်ဆိုပေမယ့် ကျန်တဲ့အာဆီယံနိုင်ငံတွေနဲ့ကတော့ စီးပွားရေး ဆိုတာထက် အာဆီယံကိစ္စကိုပဲ ဆွေးနွေးကြလိမ့်မယ်လို့ ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ Five-Point Consensus ဆိုတဲ့ ထုတ်ပြန်ချက်နှင့် အာဆီယံ-မြန်မာကြား အဖုထစ်တွေရှိနေဆဲလို့ဆိုရမယ်။ Five-Point Consensus က အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး သဘောတူညီမှုရရှိမှဆိုတဲ့ ထုတ်ပြန်ချက်တွေရှိနေတာကိုး။
*******************************************
ဒါနဲ့ဆက်စပ်ပြီး အိန္ဒိယခရီးစဉ်မှာလည်း အာဆီယံဆက်ဆံရေးနှင့်ပတ်သက်လို့ သမ္မတကြီးပြောခဲ့တာရှိတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးက အသိအမှတ်မပြုနိုင်တာမဟုတ်ဘဲနဲ့ တစ်နိုင်ငံ နှစ်နိုင်ငံလောက်ကပဲ မြန်မာနိုင်ငံမတည်ငြိမ်အောင်လို့ ထိုးနှက်နေတဲ့ပုံစံမျိုးလို့ယူဆလို့ရတယ်။ အဲ့တော့ သမ္မတကြီးအိန္ဒိယ ခရီးစဉ်အပြန် ချက်ချင်းဆိုသလို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရောက်လာတယ်။ မြန်မာ-အာဆီယံအကြား ပိုမိုတောင့်တင်းခိုင်မာတဲ့ ဆက်ဆံရေးပြန်ရရှိဖို့ဆိုတဲ့အချက်တွေကိုဆွေးနွေးကြတယ်။ ဇွန် ၁၂ ရက်နေ့မှာလည်း လာအိုနိုင်ငံခြားရေးဝန်ကြီးလာမယ့်ခရီးစဉ်က မြန်မာ-အာဆီယံ ဆက်ဆံရေးကိစ္စကိုပဲ emphasize လုပ်ပြီး ဆွေးနွေးကြလိမ့်မယ်လို့ ယူဆတယ်။
********************************
ခြုံကြည့်ရင် သမ္မတကြီးရဲ့ အိန္ဒိယ ခရီးစဉ်က အာဆီယံကို သိသာတဲ့ Impact တစ်ခုရသွားနိုင်တယ်ဆိုတဲ့အချက်က မြန်မာကို အာဆီယံအဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ အလျှိုလျှိုလာနေကြတာက သက်သေပါပဲလို့ တင်ပြလိုက်ပါတယ်။ ရွှေပြည်သစ်
232
သမ္မတကြီးရဲ့ အိန္ဒိယခရီးစဉ်မှ အာဆီယံအပေါ်သက်ရောက်မှု
၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ ရွေးကောက်ပွဲကနေမြန်မာနိုင်ငံသမ္မတနှင့် အစိုးရအဖွဲ့ပေါ်လာတယ်။ ပထမဆုံး တရုတ်နိုင်ငံခြားရေးဝန်ကြီး၊ ပြီးရင် ထိုင်းနှင့်မလေးရှားရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ၊ ပူပူနွေးနွေး အပြည့်အစုံဖတ်ရှုရန်
232
မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံရေး တို့တွင် မိမိတို့ နိုင်ငံနှင့် ကိုက်ညီသည့် မြန်မာဦးဆောင်သော မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးက အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးနှင့် ဇွန် ၉ ရက်နေ့က တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့သည်။ ရွှေပြည်သစ်
232
DEMU ရထားတွဲဆိုင်းသစ်ကို ခဲဖြင့်ပစ်ပေါက်သည့် ဆယ်ကျော်သက်လူငယ်လေးဦးကို ဖမ်းဆီးအရေးယူ
၂၀၁၆ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် ရထားပိုဆောင်ရေးလုပ်ငန်း ဥပဒေမှ ရထားကို တစ်စုံတစ်ရာဖြင့် ပစ်ပေါက်ခြင်း (သိုမဟုတ်) တစ်စုံတစ်ရာပြုလုပ်ခြင်းအတွက် အနည်းဆုံး ငါးနှစ်မှ အများဆုံးနှစ် ၂၀ ထက်မပိုသော ထောင်ဒဏ်အပြင် ငွေဒဏ်လဲ ကျခံရမှာဖြစ်ပါတယ်။ ရှေ့မှာဖြစ်ခဲ့တဲ့ကျူးလွန်မှုတွေမှာတော့ အနည်းဆုံး နှစ်၂၀ ထောင်ဒဏ်ချမှတ်ခဲ့တာတွေ့ရှိရပါတယ်။
232
စုံ/မ ပြဿနာ ကာလုံမှာအဖြေရှာရမှာလား
ရွှေပြည်သစ်
June 09, 2026
လက်ရှိ အစိုးရ ဖြေရှင်းရမည့် ကိစ္စတွေထဲမှာ လောင်စာဆီ အခက်အခဲလည်း ပါဝင်ပါတယ် ။ ထို့အတူပါပဲ စက်သုံးဆီ ခြိုးခြံချွေတာရေးအတွက် စုံ/မ ကန့်သတ်ချက်တွေဟာလဲ အခုဆိုရင် လွှတ်တော်ထဲမှာကို ဆွေးနွေးနေရတဲ့ issue တခု ဖြစ်လာနေပါပြီ။
ဒီနေ့မှာ ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ပထမနေ့အစီအစဉ်မှာ ကျောက်တံခါးမြို့နယ်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်က ရန်ကုန်တိုင်းအတွင်း မော်တော်ယာဉ် စုံ မ စနစ် ကန့်သတ်ထားမှုအား ပယ်ဖျက်ပေးရန် ရှိ/မရှိ မေးမြန်းခဲ့ရာမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ် စွမ်းအင် စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဒီကန့်သတ်ချက်ဟာ ကာလုံ သတင်းထုတ်ပြန်ရေးအဖွဲ့ကနေ ၂၀၂၆ ခုနှစ် မတ်လ ၃ ရက်နဲ့ ၄ ရက်မှာ တစ်နိုင်ငံလုံးကို ထုတ်ပြန်ထားတာဖြစ်လို့ ဆက်လက်ကျင့်သုံးမယ့် သဘောမျိုးပြောသွားပါတယ်။ ကာ လုံ ကနေ ထပ်မံတစ်စုံတရာ ထုတ်ပြန်မှပဲ ပယ်ဖျက်မယ့် သဘောသက်ရောက်ပါတယ်။
Read More(ဆက်လက်ဖတ်ရှုနိုင်ပါရန်)
232
+1
Myanmar 1-0 Thailand
မေထက်လူရဲ့ ခေါင်းတိုက်ဂိုးနဲ့ ဦးဆောင်နေတဲ့ မြန်မာ အမျိုးသမီးအသင်း
ဒုတိယပိုင်း ၅၀ မိနစ်မှာ ညာတောင်ပံကနေ ဖြတ်တင်ဘောကတဆင့် မေထက်လူက လှလှပပနဲ့ ခေါင်းတိုက် အဆုံးသတ်သွားတာပဲ ဖြစ်ပါတယ်💪💪💪
232
လာအိုနိုင်ငံခြားရေးဝန်ကြီး သောင်းဆာဗန် ပွန်ဗီဟိန်းသည် နှစ်ခုနှစ်ဆယ်ကျော်ကြာ နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ခိုင်မာစေရန်နှင့် အိမ်နီးချင်းပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ၏ ဖိတ်ကြားချက်အရ ဇွန်လ ၁၂ ရက်မှ ၁၃ ရက်အထိ မြန်မာနိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်လည်ပတ်မည်ဖြစ်ကြောင်းသိရသည်။ ရွှေပြည်သစ်
