ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

သိင်္ခ

သိင်္ခ

الذهاب إلى القناة على Telegram

အသိတိုး

إظهار المزيد
لم يتم تحديد البلدالفئة غير محددة
1 060
المشتركون
-124 ساعات
-237 أيام
-7030 أيام
أرشيف المشاركات
ရုရှားနှင့် မြောက်ကိုရီးယား နယ်စပ်ဖြတ်ကျော် ပထမဆုံးလမ်းတံတား ဖွင့်လှစ် ရုရှားနှင့် မြောက်ကိုရီးယားနိုင်ငံတိုအကြား ပထမဆုံးတည်ဆ
ရုရှားနှင့် မြောက်ကိုရီးယား နယ်စပ်ဖြတ်ကျော် ပထမဆုံးလမ်းတံတား ဖွင့်လှစ် ရုရှားနှင့် မြောက်ကိုရီးယားနိုင်ငံတိုအကြား ပထမဆုံးတည်ဆောက်ပြီးစီးသွားပြီဖြစ်သည့် လမ်းတံတားကို စက်တင်ဘာ ၇ ရက်က ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ တူမန်မြစ်ကို ဖြတ်ကျော်တည်ဆောက်ထားခြင်းဖြစ်ပြီး နှစ်နိုင်ငံအကြား ကုန်စည်နှင့်ခရီးသွားများ ပိုမိုလွယ်ကူစွာ သွားလာပိုဆောင်နိုင်တော့မည်ဖြစ်သည်။ အဆိုပါတံတားကို ဝန်ထမ်းဖလှယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်ရေးတိုအတွက် အသုံးပြုမည်ဟု မြောက်ကိုရီးယားအစိုးရပိုင် မီဒီယာက ဖော်ပြခဲ့ပြီး ရုရှားအစိုးရပိုင် TASS သတင်းဌာန၏ ဖော်ပြချက်အရ တစ်ရက်လျှင် ကားအစီးရေ ၃၀၀ နှင့် ခရီးသွား ၂၃၂၃ ဦးအထိ တံတားပေါ်မှ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်သည်။ တံတားအရှည် တစ်ကီလိုမီတာ (သုည ဒသမ ၆ မိုင်) ရှိပြီး လမ်းသွားလမ်းလာ နှစ်လမ်းပါဝင်သည်။ နှစ်နိုင်ငံနယ်စပ်မြိုများဖြစ်သည့် မြောက်ကိုရီးယားဘက်မှ ရေဆွန်မြိုနှင့် ရုရှားဘက်မှ ခါဆန်မြိုတိုကို ချိတ်ဆက်ပေးထားသည်။

ရုရှားမှာ ဒရုန်းပစ်သေနတ်တွေကို တာဝန်အလိုက်ခွဲဝေ ထုတ်ပေးမယ် စက်တင်ဘာ - ၈ ( အင်္ဂါနေ့ ) ရုရှားအစိုးရက စာတိုက်ဝန်ထမ်းများကို ထော
ရုရှားမှာ ဒရုန်းပစ်သေနတ်တွေကို တာဝန်အလိုက်ခွဲဝေ ထုတ်ပေးမယ် စက်တင်ဘာ - ၈ ( အင်္ဂါနေ့ ) ရုရှားအစိုးရက စာတိုက်ဝန်ထမ်းများကို ထောက်ပံ့ပေးမဲ့ ဝန်ဆောင်မှုမှာ အရပ်ဘက်လက်နက်များ နဲ့ အထူးကိရိယာများ စာရင်းတွင် ဒရုန်းပစ် သေနတ်များကို ထည့်သွင်းလိုက်ကြောင်း အစိုးရအဖွဲရဲ့ စာရွက်စာတမ်းများကို ကိုးကားပြီး TASS သတင်းဌာနက ဖော်ပြလိုက်ပါတယ်။

တနင်္သာရီမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က လူမှုကူညီရေးမော်တော်ယာဉ်တစ်စီးအား သေနတ်များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သာ
တနင်္သာရီမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က လူမှုကူညီရေးမော်တော်ယာဉ်တစ်စီးအား သေနတ်များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးသေဆုံး စက်တင်ဘာ ၈၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ မောတောင်မြို့၊ မြို့မရပ်ကွက်နေသူများဖြစ်ကြသည့် အခြေခံပညာအထက်တန်းကျောင်း( မောတောင်) မှ အထက်တန်းပြကျောင်းဆရာမ ဒေါ်ဖြူဖြူသွယ် (၄၅) နှစ်နှင့် ဦးဇော်မင်းထွန်း (ခ) သားကြီး (၃၃) နှစ်တို့သည် စက်တင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် "သင်္ဂဟမိတ္တ" လူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်ဖြင့် တနင်္သာရီမြို့မှ မောတောင်မြို့သို့ ထွက်ခွာလာစဉ် သိန်ခွန်းကျေးရွာအနီး အရောက် PDF အကြမ်းဖက်အဖွဲ့အင်အား (စိစစ်ဆဲ) က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ယာဉ်ပေါ်ပါလာသူ ဦးဇော်မင်းထွန်း (ခ) သားကြီးတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့၍ မောတောင်မြို့တိုက်နယ်ဆေးရုံသို့ ပို့ဆောင်စဉ် ရရှိထားသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်းသိရသည်။

❤️ Congratulations ပါ ❤️ ရဲဝံ့စွန့်စားတဲ့ ပြည်သူ့စစ်မှုထမ်းလေး ၂ ဦးအား စစ်မြေပြင်အဆင့်တိုး ချက်ချင်းပေးလိုက်ပါကြောင်း
❤️ Congratulations ပါ ❤️ ရဲဝံ့စွန့်စားတဲ့ ပြည်သူ့စစ်မှုထမ်းလေး ၂ ဦးအား စစ်မြေပြင်အဆင့်တိုး ချက်ချင်းပေးလိုက်ပါကြောင်း

အေ​အေ ခွေးအ တို့၏ ကျောက်တော်အစည်းအဝေးဗုံးကြဲခံရမှု ကျောက်တော်မြို့တွင် ULA/AA ခွေးအ အကြမ်းဖက်အဖွဲ့၏ အစည်းအဝေး ပြုလုပ်နေစဉ် ဗု
အေ​အေ ခွေးအ တို့၏ ကျောက်တော်အစည်းအဝေးဗုံးကြဲခံရမှု ကျောက်တော်မြို့တွင် ULA/AA ခွေးအ အကြမ်းဖက်အဖွဲ့၏ အစည်းအဝေး ပြုလုပ်နေစဉ် ဗုံးကြဲတိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့သည်။ အစောပိုင်း သတင်းအရ အေအေခွေးအ သူပုန်တပ်ခေါင်းပေါင်းကြီးများအပါအဝင် ၂၉ ဦး သေဆုံး၊ ၃၂ ဦး ဒဏ်ရာရ ခံခဲ့ရသည်ဟု သိရသည်။ --- သေဆုံးမှု အတိအကျ ---- ပထမပိုင်းတွင် ၁၅ ဦးခန့် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၄၆ ဦးထဲမှ ဒဏ်ရာပြင်းထန်သူ ၁၄ ဦး ထပ်မံသေဆုံးသွားကြောင်း သတင်းရရှိသည်။ ထို့ကြောင့် စုစုပေါင်း ၂၉ ဦး သေဆုံး၊ ၃၂ ဦး ဒဏ်ရာရ ဖြစ်လာခဲ့သည်။ ဒဏ်ရာပြင်းထန်သူများထဲတွင် နောက်ထပ် သေဆုံးမှုများ ဖြစ်နိုင်ခြေရှိနေသေးသည်ဟု ဒေသခံများက ဖော်ပြသည်။ --- ထိခိုက်မှု --- ဗုံးကြဲတိုက်ခိုက်မှုကြောင့် ULA/AA အကြမ်းဖက်ခွေးအကြီးများအပါအဝင် အရေးကြီးသူများ သေဆုံးမှု ဖြစ်ပေါ်ခဲ့သည်။ ဒေသခံများပြောစကားအရ အေအေခွေးအခေါင်းဆောင်များ ဗုံးကြဲခံရ  သေဆုံးမှုကြောင့် အေအေခွေးအတပ်အတွင်း အကြီးအကျယ် ကြောက်လန့်တုန်လှုပ် နေကြပြီး လေတပ်မပိုင် စစ်မနိုင် နိုင်တော့၍ တပ်မတော်ထံ လက်နက်ချကာ အသက်ချမ်းသာရာ ရှာဖွေရန် မိသားစု များကို မြန်မာပြည်ဖက် လျို့ဝှက်စွာ တိမ်းရှောင်ခိုင်း​နေကြကြောင်း ကြားသိရသည်။ **တောင်ပေါ်ပေသီး

ယာယီပိတ်သိမ်းမည့် Teng Hui (Myanmar) သိုးမွှေးစက်ရုံ အလုပ်သမားများ နစ်နာမှုမရှိရေး ညှိနှိုင်းဆောင်ရွက် ရန်ကုန်၊ စက်တင်ဘာ ၈ ထန
ယာယီပိတ်သိမ်းမည့် Teng Hui (Myanmar) သိုးမွှေးစက်ရုံ အလုပ်သမားများ နစ်နာမှုမရှိရေး ညှိနှိုင်းဆောင်ရွက် ရန်ကုန်၊ စက်တင်ဘာ ၈ ထန်းတပင်မြို့နယ်ရှိ Teng Hui (Myanmar) သိုးမွှေးစက်ရုံ ယာယီပိတ်သိမ်းမည့်အခြေအနေတွင် အလုပ်သမားများ နစ်နာမှုမရှိစေရေးအတွက် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ အလုပ်ရှင်နှင့် အလုပ်သမားများအား စက်တင်ဘာ ၇ ရက်က စက်ရုံ၌ တွေ့ဆုံညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ စက်ရုံတွင် အလုပ်သမား ၂,၀၀၀ ကျော် ရှိပြီး ကုန်ကြမ်းမလုံလောက်ခြင်းနှင့် Order မှာယူမှု လျော့နည်းလာခြင်းတို့ကြောင့် စက်ရုံကို ခေတ္တဆိုင်းငံ့ရန် စီစဉ်ရခြင်းဖြစ်ကြောင်း စက်ရုံတာဝန်ရှိသူက ပြောသည်။ ညှိနှိုင်းမှုအရ အလုပ်သမားများ၏ လုပ်သက်ခွင့်အကျိုးခံစားခွင့်ကို စက်တင်ဘာ ၂၀ ရက်၊ နစ်နာကြေးကို စက်တင်ဘာ ၂၅ ရက်နှင့် ယခုလလုပ်ခလစာကို စက်တင်ဘာ ၃၀ ရက် တွင် ပေးအပ်သွားမည်ဖြစ်သည်။ ထို့အပြင် အလုပ်သမားများ ဆန္ဒရှိပါက လှိုင်သာယာ (အရှေ့/အနောက်) နှင့် အခြားမြို့နယ်များရှိ အလုပ်သမားလိုအပ်ချက်ရှိသော စက်ရုံများသို့ ပြောင်းရွှေ့လုပ်ကိုင်နိုင်ရေး အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက ညှိနှိုင်းဆောင်ရွက်ပေးထားကြောင်း သိရသည်။

အမြန်လမ်းတွင် ရဲမှူး၏သားဖြစ်သူ အငှားယာဉ်မောင်းအား သတ်ခဲ့သူမှာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲမှ ရဲတပ်သားတစ်ဦးဖြစ် ရန်ကုန
အမြန်လမ်းတွင် ရဲမှူး၏သားဖြစ်သူ အငှားယာဉ်မောင်းအား သတ်ခဲ့သူမှာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲမှ ရဲတပ်သားတစ်ဦးဖြစ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် အမှတ် (၇၉/၁) ၌ဖြစ်ပွားခဲ့သည့် အငှားယာဉ်မောင်းအား သတ်ခဲ့သူမှာ လူကုန်ကူးမှုးတားဆီးနှိမ်နင်းရေးတပ်ဖွဲမှ ရဲတပ်သားတစ်ဦးဖြစ်ပြီး အသတ်ခံရသူ၏ဖခင်မှာလည်း ရဲမှုးတစ်ဦးဖြစ်ကြောင်း ရဲတပ်ဖွဲအဝန်းဝိုင်းမှ စုံစမ်းသိရသည်။ မိတ္ထီလာမြိုနယ်၊ ကန်ကြီးကုန်းကျေးရွာအနီး၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၂၇၉/၁ အရှေ့ဘက် ၂၃၅ ပေခန့်အကွာ လှည်းလမ်းမဘေး၌ အမျိုးသားအလောင်း တစ်လောင်းအား စက်တင်ဘာ ၆ ရက် ညနေ ၆ နာရီခန့်က တွေ့ရှိခဲ့သဖြင့် မိတ္ထီလာမြိုမရဲစခန်းတွင် (ပ) ၁၄၉/၂၀၂၆ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲဝင်များအနေဖြင့် စုံစမ်းမှုများ ပြုလုပ်ခဲ့ရာ သေဆုံးသူမှာ နေပြည်တော်တွင် ကားအငှားလုပ်ငန်း လုပ်ငန်းလုပ်ကိုင်နေထိုင်သူ ဦးဝင်းကို အသက် (၃၄) နှစ်ပြီး ဖခင်ဖြစ်သူမှာ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီးမှ ရဲမှူးတစ်ဦးဖြစ်ကြောင်း သိရသည်။

ပဲခူးမြစ်ရေ ကျဆင်းလာသဖြင့် ကုလားရိုက်ရိုး ယာယီရေတားတမံ ပြန်လည်ဖွင့်ထုတ် ပဲခူး၊ စက်တင်ဘာ ၈ ပဲခူးမြို့နယ်အတွင်း ပဲခူးမြစ်ရေ ပြန
ပဲခူးမြစ်ရေ ကျဆင်းလာသဖြင့် ကုလားရိုက်ရိုး ယာယီရေတားတမံ ပြန်လည်ဖွင့်ထုတ် ပဲခူး၊ စက်တင်ဘာ ၈ ပဲခူးမြို့နယ်အတွင်း ပဲခူးမြစ်ရေ ပြန်လည်ကျဆင်းလာသဖြင့် ရွာသစ်၊ ကျောက်ကြီးစုနှင့် မြို့သစ်ရပ်ကွက်များအတွင်း ပိတ်မိနေသည့် ရေများ အမြန်ဆုံး ရေနုတ်ထွက်နိုင်ရေးအတွက် ကုလားရိုက်ရိုး ယာယီရေတားတမံအား ပြန်လည်ဖွင့်ထုတ်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ယာယီရေတားတမံကို ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန် မြင့်တက်ချိန်တွင် မြစ်ရေ ရပ်ကွက်များအတွင်း အဟုန်ပါစွာ ဝင်ရောက်မှုမရှိစေရန် အရေးပေါ် တည်ဆောက်ပိတ်ဆို့ထားခြင်းဖြစ်သည်။ လက်ရှိတွင် မြစ်ရေကျဆင်းလာပြီဖြစ်သဖြင့် ရပ်ကွက်များအတွင်း ကျန်ရှိသည့် ရေများ မြစ်အတွင်းသို့ ပြန်လည်စီးဝင်နိုင်ရန် တာဝန်ရှိသူများနှင့် ဒေသခံများ ပူးပေါင်း၍ တမံကို ပြန်လည်ဖွင့်ထုတ်ပေးခဲ့ကြောင်း သိရသည်။

မြောင်းတကာစက်မှုဇုန်ရှိ SKY MAN သံရည်ကျိုလုပ်ငန်း ဓာတ်အားခိုးယူသုံးစွဲမှုကြောင့် စက်ရုံပိတ်သိမ်း၊ ကျပ် ၁၇.၁၈၄ ဘီလီယံ လျော်ကြေ
+1
မြောင်းတကာစက်မှုဇုန်ရှိ SKY MAN သံရည်ကျိုလုပ်ငန်း ဓာတ်အားခိုးယူသုံးစွဲမှုကြောင့် စက်ရုံပိတ်သိမ်း၊ ကျပ် ၁၇.၁၈၄ ဘီလီယံ လျော်ကြေးပေးသွင်းရန် အရေးယူ ရန်ကုန်၊ စက်တင်ဘာ ၈ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်ရှိ SKY MAN သံရည်ကျိုလုပ်ငန်း တွင် လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိသဖြင့် စက်ရုံကို ချက်ချင်းပိတ်သိမ်းခဲ့ပြီး လျှပ်စစ်ဓာတ်အား ယူနစ် ၂၃.၃၆ သန်း အတွက် လျော်ကြေးငွေ ကျပ် ၁၇.၁၈၄ ဘီလီယံ ပြန်လည်ပေးသွင်းရန် အရေးယူထားကြောင်း သိရသည်။ စက်တင်ဘာ ၃ ရက်က Control Center မှ စောင့်ကြည့်စစ်ဆေးရာ မီတာအမှတ် YN-17431 တွင် Alarm ပေါ်နေသဖြင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ပြီး မီတာအား ဖြုတ်ယူကာ Test Lab တွင် စစ်ဆေးခဲ့ရာ မီတာကို ပြုပြင်၍ ဓာတ်အားခိုးယူသုံးစွဲထားကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လျော်ကြေးငွေ ပြန်လည်ပေးသွင်းစေရေးနှင့် လျှပ်စစ်ဥပဒေအရ မှော်ဘီမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပဲခူးမြို့၌ ၂၀၂၆ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပ ပဲခူး၊ စက်တင်ဘာ ၈ ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ
+9
ပဲခူးမြို့၌ ၂၀၂၆ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပ ပဲခူး၊ စက်တင်ဘာ ၈ ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမှာစကားပြောကြားပြီး လူမှုရေးရာဝန်ကြီး ဒေါက်တာထူးခြားအောင်က UNESCO ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။ ထို့နောက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် Video Clip ကို ပြသခဲ့သည်။ ဆက်လက်၍ ပဲခူးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အထက-မြို့အနောက်(ခ)မှ ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြရာ ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

Repost from U Kan Myint Than
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများ လိုက်ပါလျက် ၆-၉-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် အသက်(၁၀၀)နှင့်အထက် သက်ကြီးပုဂ္ဂိုလ်အား သွားရောက်တွေ့ဆုံ ဂါဝရပြုခဲ့သည်။ ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ မီးလောင်ကုန်းကျေးရွာရှိ အသက်(၁၁၉)နှစ် ပြည့်ပြီးဖြစ်သော အဖွားဒေါ်သန်းမြင့်အား သွားရောက်တွေ့ဆုံ၍ စားသောက်ဖွယ်ရာများနှင့် ဂါရဝပြုငွေများ ပေးအပ်ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် တာဝန်ရှိသူများလိုက်ပါလျက် လယ်ဝေးမြို့နယ်၊ ကြောင်ရေကျေးရွာအုပ်စု၊ သာယာစုကျေးရွာရှိ အသက်(၁၁၂)နှစ်ပြည့်ပြီးဖြစ်သော အဖွားဒေါ်ငယ်အား သွားရောက်တွေ့ဆုံ၍ စားသောက်ဖွယ်ရာများနှင့် ဂါရဝပြုငွေများပေးအပ်ကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အသက်(၁၀၀)နှစ်နှင့် အထက် လက်ရှိနေထိုင်သူ ၂၄ ဦး ရှိကြောင်း ပြည်ထောင်စုနယ်မြေ ဦးစီးမှူးရုံး၊ နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရှိရပါသည်။ #ဦးကံမြင့်သန်း #naypyitaw #Naypyitawcouncil #NPTDC

၂၀၂၆ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အခမ်းအနား တောင်ကြီးမြို့တွင် ပြုလုပ် ၂၀၂၆ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အခမ်းအနာ
+6
၂၀၂၆ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အခမ်းအနား တောင်ကြီးမြို့တွင် ပြုလုပ် ၂၀၂၆ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အခမ်းအနားကို စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ရှမ်းပြည်နယ် (တောင်ပိုင်း) အခြေစိုက် အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနနှင့် ပြည်နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း ပြောကြားသည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့နယ်အတွင်း တောင်ကျ ချောင်းရေတိုက်စားမှုကြောင့် တံတားပျက်စီးမှုနှင့် လမ်
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့နယ်အတွင်း တောင်ကျ ချောင်းရေတိုက်စားမှုကြောင့် တံတားပျက်စီးမှုနှင့် လမ်းပိုင်းပျက်စီးမှုများအား ကြည့်ရှု စစ်ဆေး နေပြည်တော်, စက်တင်ဘာ ၈ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်း ယမန်နေ့ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်း၍ ဇီးရိုင်းချောင်း တောင်ကျရေစီးဆင်းမှုကြောင့် ကူးတို့ဆိပ်အုပ်စု၊ ဇီးရိုင်းကျေးရွာနှင့်သစ်တွန်အုပ်စု၊ ဖလောင်းကျေးရွာတို့သို့ဆက်သွယ်ထားသည့် အလယ်ကူးချောင်းတံတား အရှည် ပေ ၆၀၊ အကျယ် ၁၄ ပေ၊ ဘေလီ တံတား ချဉ်းကပ်လမ်းရေတိုက်စားမှုကြောင့် ပျက်စီးမှုအခြေအနေကို နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆိုင်ကယ် ၁၉ စီး ခိုးယူခဲ့သူ အမျိုးသား ၂ ဦး ဖမ်းဆီးရမိ 《𝙎𝙀𝙋~𝟖》 နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆိုင်ကယ်များ လိုက်လံခိုးယူခဲ့သူ အမျိုးသား ၂ ဦးကို သက်သေခံဆိုင်ကယ် ၁၉ စီးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ် မေလ ၁၂ ရက် နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ စက်ရုံကျေးရွာနေ မထက်ထက်ဖြိုး (၂၈) နှစ်သည် ဈေးကုန်းကျေးရွာရှိ ဆင်သေဈေးသို့ ၎င်းပိုင် Honda Wave-100 ဆိုင်ကယ်ဖြင့် သွားရောက်ခဲ့ပြီး ဈေးအနီးတွင် ဆိုင်ကယ်ရပ်တန့်၍ ဈေးဝယ်ခဲ့ရာမှ ပြန်လည်ရောက်ရှိချိန်တွင် ဆိုင်ကယ်ပျောက်ဆုံးနေသဖြင့် ပျဉ်းမနားမြို့မရဲစခန်းတွင် (ပ)၁၄၅/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်ကာ ဆိုင်ကယ်ခိုးယူသူအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး စုံစမ်းစစ်ဆေးခဲ့ကြောင်း သိရသည်။ အဆိုပါအမှုမှ တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိရေး နယ်မြေအတွင်း သတင်းရယူစုံစမ်းမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁ ရက် ညပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ညောင်ပင်သာကျေးရွာနေ လမင်းဇော် (၂၂) နှစ်နှင့် ဥယျာဉ်စုရပ်ကွက်နေ ဇင်ရဲထွန်း (ခ) ရဲထွန်း (၂၆) နှစ်တို့ဖြစ်သည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆိုင်ကယ် ၁၉ စီး ခိုးယူခဲ့သူ အမျိုးသား ၂ ဦး ဖမ်းဆီးရမိ
နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆိုင်ကယ် ၁၉ စီး ခိုးယူခဲ့သူ အမျိုးသား ၂ ဦး ဖမ်းဆီးရမိ

တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ သွားရောက်လေ့လာ   နေပြည်တော် စက်တင်ဘာ ၇   နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသားလူငယ်များအား မျိုးချစ်စိတ်ရှင်သန်ထက်မြက်လာစေရန်၊ ခေတ်အဆက်ဆက် တပ်မတော်သမိုင်းအစဉ်အလာများကို သိရှိနားလည်နိုင်စေရန်၊ သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို စာတွေ့အပြင် လက်တွေ့ယှဉ်တွဲလေ့လာနိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျောင်းသား ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။   ယင်းသို့ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) တပ်ကုန်းမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမ များသည် စိတ်အားထက်သန်စွာဖြင့် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ လာရောက်လေ့လာကြသည်။   ဦးစွာ ကျောင်းသားကျောင်းသူများနှင့် ဆရာ ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ရောက်ရှိကြပြီး မြန်မာ့တပ်မတော်သမိုင်း မှတ်တမ်းရုပ်ရှင်ကို စိတ်ဝင်စားစွာ ကြည့်ရှုကြသည်။ ဆက်လက်၍ ပြတိုက်တာဝန်ရှိသူက ပြတိုက်၏ သမိုင်းနှင့် ပြခန်းများအကြောင်း ရှင်းလင်းပြောကြားသည်။   ထို့နောက် ကျောင်းသား ကျောင်းသူများသည် တပ်မတော် (ကြည်း၊ ရေ၊ လေ) နှင့် လက်ရုံးတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံးပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကို စိတ်ပါဝင်စားစွာ မေးမြန်းကြသည်။ ထို့ပြင် ပြင်ပပြကွက်များတွင် ခင်းကျင်းပြသထားသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များ၏ စစ်လက်နက် ပစ္စည်းများကိုပါလေ့လာခဲ့ကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကြသည်။   ထို့အပြင် ယနေ့လေ့လာ မှတ်သားခဲ့သည့် ဗဟုသုတများကို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပပြုလုပ်ကာ ပြတိုက်တာဝန်ရှိသူများ၏ မေးမြန်းချက်များကို မှန်ကန်စွာ ဖြေဆိုနိုင်သော ကျောင်းသား ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့် အထူးဆုများအဖြစ် ထမင်းချိုင့်၊ ထီး၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကို ပေးအပ်ချီးမြှင့်ကြသည်။

တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ တပ်ကုန်းမြို့ အထက (၂) မှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ သွားရောက်လေ့လာ
တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ တပ်ကုန်းမြို့ အထက (၂) မှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ သွားရောက်လေ့လာ

အစ္စရေး-ဟစ်ဇ်ဘိုလာ ပဋိပက္ခ ပြန်လည်တင်းမာလာပြီး လက်ဘနွန်မှာ အရပ်သားသေဆုံးမှုတွေ ဖြစ်ပွားခဲ့ လက်ဘနွန်နိုင်ငံ တောင်ပိုင်းဒေသတွေမ
အစ္စရေး-ဟစ်ဇ်ဘိုလာ ပဋိပက္ခ ပြန်လည်တင်းမာလာပြီး လက်ဘနွန်မှာ အရပ်သားသေဆုံးမှုတွေ ဖြစ်ပွားခဲ့ လက်ဘနွန်နိုင်ငံ တောင်ပိုင်းဒေသတွေမှာ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာအဖွဲတိုကြား တင်းမာမှုတွေ ဆက်လက်မြင့်တက်နေပြီး မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ အစ္စရေးလေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိလာခဲ့တယ်လို သိရပါတယ်။ သတင်းများအရ လက်ဘနွန်တောင်ပိုင်း Kfar Rumman ကျေးရွာ ကို အစ္စရေးလေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သား ၁၂ ဦး သေဆုံးခဲ့တယ်လို ဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုဟာ လက်ဘနွန်တောင်ပိုင်းဒေသတွေအတွင်း အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတိုကြား ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေချိန်မှာ ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်ရပ်နောက်ပိုင်း Hezbollah (ဟစ်ဇ်ဘိုလာ) နဲ့ အစ္စရေးကြား တင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့ပြီး နှစ်ဖက်အကြား ပဋိပက္ခ ပြန်လည်ကျယ်ပြန့်လာနိုင်ခြေအပေါ် နိုင်ငံတကာက စောင့်ကြည့်နေကြပါတယ်။

အုတ်တွင်းမြို ဈေးအတွင်း သင်္ကန်းဝတ်ဖြင့် အလှူခံနေသူ အမျိုးသားအား သာသနာ ညှိးနွမ်းစေမှုဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ် ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူခရိုင်၊ အုတ်တွင်းမြိုဈေးအတွင်း သင်္ကန်းဝတ်ဆင်ကာ အလှူခံနေသူ အမျိုးသားတစ်ဦးကို မြိုနယ်သာသနာရေးဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးဖမ်းဆီးပြီး သာသနာညှိးနွမ်းစေမှု ပုဒ်မ ၂၉၅(က) ဖြင့် တရားစွဲဆိုခဲ့ရာ စက်တင်ဘာ ၈ ရက် ရုံးချိန်းတွင် အုတ်တွင်းမြိုနယ် တရားရုံးမှ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၂ ရက်နေ့က အုတ်တွင်းမြိုဈေးအတွင်း သင်္ကန်းဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး အလှူခံနေသည်ကို တွေ့ရှိသဖြင့် အုတ်တွင်းမြိုနယ် သာသနာရေးဆိုင်ရာ ထိန်းသိမ်းရေးအဖွဲက ခေါ်ယူစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စစ်ဆေးနေစဉ် အဆိုပါအမျိုးသားက လူအများရှေ့တွင် တာဝန်ရှိသူများကို ပြန်လည်ရန်ပြုထိုးနှက်ခဲ့သဖြင့် ဖမ်းဆီးထိန်းသိမ်းကာ ဆက်လက်စစ်ဆေးခဲ့ကြောင်း အုတ်တွင်းမြိုနယ် သာ/ထိန်းအဖွဲထံမှ သိရသည်။ ဆက်လက်စစ်ဆေးရာတွင် ၎င်းသည် သံဃာတော်အဖြစ် သာသနာ့ဘောင်ဝင်ရောက်နေထိုင်သူမဟုတ်ဘဲ သင်္ကန်းဝတ်ဆင်ကာ အလှူခံနေသူဖြစ်ကြောင်းနှင့် ထောင်မှလွတ်မြောက်ထားသည့် အထောက်အထားပါရှိပြီး ဖမ်းဆီးစဉ် အလှူခံရရှိထားသည့် ငွေကျပ် ၁၂၅,၆၀၀ ကိုလည်း တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အုတ်တွင်းမြိုနယ် ရဲတပ်ဖွဲထံ အပ်နှံကာ ဈေးရပ်ကွက်အုပ်ချုပ်ရေးအဖွဲမှ တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

photo content