သိင်္ခ
الذهاب إلى القناة على Telegram
အသိတိုး
إظهار المزيدلم يتم تحديد البلدالفئة غير محددة
1 067
المشتركون
لا توجد بيانات24 ساعات
-187 أيام
-5530 أيام
أرشيف المشاركات
1 067
လေယာဉ်ခဈေးနှုန်း၊ တောင်သူ့စက်သုံးဆီနှင့် ဒေသလမ်းတံတားများကို ပြည်သူ့လွှတ်တော်တွင် အဓိကမေးမြန်း
(လွှတ်တော်) စက်တင်ဘာ ၂၅
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို စက်တင်ဘာ ၂၅ ရက် နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ပြီး ကြယ်ပွင့်ပြမေးခွန်း ၁၄ ခုကို လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းကာ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့သည်။
အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နေရာယူခြင်း၊ အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း၊ ပဉ္စမနေ့အစီအစဉ် ကြေညာခြင်း၊ အစည်းအဝေးမတက်ရောက်နိုင်သည့် လွှတ်တော်ကိုယ်စားလှယ်များ၏ ခွင့်ပန်ကြားချက်များကို လက်ခံခြင်းနှင့် ကိုယ်စားလှယ်များ၏ အစည်းအဝေးတက်ရောက်မှု အခြေအနေကို မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ကြယ်ပွင့်ပြမေးခွန်းများတွင် မြစ်ကြီးနားမဲဆန္ဒနယ်မှ ဦးညွန့်ဝင်းက မန္တလေး-မြစ်ကြီးနား အသွားအပြန် လေယာဉ်ခရီးစဉ်များ တိုးချဲ့ပေးရေးနှင့် လေယာဉ်ခ မှောင်ခိုဈေးကွက်ကို ထိန်းချုပ်ရေးအတွက် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့သည်။
ဘိုကလေးမဲဆန္ဒနယ်မှ ဦးစန်းမောင်က တောင်သူများအတွက် လယ်ယာလုပ်ငန်းသုံး စက်သုံးဆီများကို ဆီဆိုင်များမှ ဆီဝယ်စာအုပ်များဖြင့် ဝယ်ယူရောင်းချနိုင်ရေး အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့သည်။
ချောင်းဦးမဲဆန္ဒနယ်မှ ဦးထွန်းလွင်က ချောင်းဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက် အမှုထမ်းအိမ်ရာများ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့သည်။
ချမ်းမြသာစည်မဲဆန္ဒနယ်မှ ဦးကိုကိုဦးက ချမ်းမြသာစည်မြို့နယ်အတွင်းရှိ တန်ဖိုးနည်းအိမ်ရာကို ရပ်ကွက်ကြီး(၁၅)ရပ်ကွက်အဖြစ် တိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့သည်။
ပြည်မဲဆန္ဒနယ်မှ ဦးမျိုး(ခ) ဦးမျိုးအောင်က ပေါက်ခေါင်းမြို့နယ်ရှိ မြို့နယ်မီးသတ်စခန်းတွင် ဝန်ထမ်းလိုင်းခန်းအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးမည်ကို မေးမြန်းခဲ့သည်။
စလင်းမဲဆန္ဒနယ်မှ ဦးဇော်နိုင်က စလင်းမြို့နယ် တောစိမ့်ကျေးရွာအုပ်စု၊ တောစိမ့်အနောက်ဘက် ဦးပိုင်ရှိ ယာမြေပေါ်တွင် ကျေးရွာအမည်မရှိသည့် ရွာအား “ချမ်းငြိမ်းအေးသာယာ” ရွာအဖြစ် အမည်သတ်မှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့သည်။
ပခုက္ကူမဲဆန္ဒနယ်မှ ဦးလှဝင်းဦးက ပခုက္ကူမြို့၊ ကျွဲတဲကျေးစု၊ ဦးပိုင်အမှတ်(၃၀-ခ)ရှိ မြေဧရိယာ ၆၄ ဒသမ ၂၂ ဧကအား မြေလိုအပ်ချက်ရှိနေသည့် ဌာနဆိုင်ရာများ အသုံးပြုနိုင်ရေး ခွင့်ပြုပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့သည်။
ကမာရွတ်မဲဆန္ဒနယ်မှ ဦးကိုကိုသင်းက ရန်ကုန်မြို့ပြအတွင်း BOT စနစ်ဖြင့် ယာဉ်ရပ်နားစခန်းများ တည်ဆောက်ခြင်းနှင့် လမ်းဘေးဈေးသည်များအား နေရာချထားပေးရေးတို့နှင့် ပတ်သက်၍ မည်သို့ဖြေရှင်းဆောင်ရွက်ပေးမည်ကို မေးမြန်းခဲ့သည်။
နောင်ချိုမဲဆန္ဒနယ်မှ ဦးကျော်မြင့်နိုင်က နောင်ချိုမြို့ရှောင်လမ်း စီမံကိန်းနှင့်ပတ်သက်၍ မည်သို့လျာထားစီမံထားသည်ကို မေးမြန်းခဲ့သည်။
မာန်အောင်မဲဆန္ဒနယ်မှ ဦးကျော်သန်းက မာန်အောင်မြို့နယ် ဇရပ်ကုန်းခင်ရွာမှ မျှော်တော်ဦးအထိ လမ်းကို ကွန်ကရစ်လမ်းအဖြစ် မည်သည့်ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တင်ပေးမည်ကို မေးမြန်းခဲ့သည်။
ဇီးကုန်းမဲဆန္ဒနယ်မှ ဦးကျော်မင်းထွန်းက ဇီးကုန်းမြို့နယ်နှင့် ကျေးရွာများကို ဆက်သွယ်ထားသည့် ဇီးကုန်း-သင်ကန်-ရွှေဖလားလမ်း၊ ရွှေကြို့ပင်မှ ရွှေဖလားကျေးရွာအထိ ကွန်ကရစ်လမ်းကို မည်သည့်အချိန်တွင် အဆင့်မြှင့်တင်ပေးမည်ကို မေးမြန်းခဲ့သည်။
ကျုံပျော်မဲဆန္ဒနယ်မှ ဦးဇော်မင်းက ကျုံပျော်မြို့နယ် အောင်လံစုလမ်းဆုံမှ ကျုံတနီးရွာအထိ လမ်းပိုင်းအား ပြုပြင်ထိန်းသိမ်းမှု ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့သည်။
အုတ်ဖိုမဲဆန္ဒနယ်မှ ဦးတင်ထွေးက အုတ်ဖိုနှင့် မိုးညိုမြို့နယ်များကို ဆက်သွယ်ထားသည့် မြစ်မခမြစ်ကူးတံတား (တက်ဆွဲ) ကို မည်သည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးမည်ကို မေးမြန်းခဲ့သည်။
တနိုင်းမဲဆန္ဒနယ်မှ ဦးမြင့်ကိုက တနိုင်းမြို့နယ် နမ္မတီး-တနိုင်း-ပန်ဆောင် လမ်းမပေါ်ရှိ ကောင်းရာကျေးရွာမှ ဂျာဘူတောင်အထိ ကွန်ကရစ်လမ်း ခင်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့သည်။
အဆိုပါ ကြယ်ပွင့်ပြမေးခွန်းများကို သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့ပြီးနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ရပ်နားကြောင်းနှင့် ဆဋ္ဌမနေ့အစည်းအဝေး ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခဲ့သည်။
1 067
+3
ထရန့်နှင့် ရှီကျင်းပင်တို့ အိမ်ဖြူတော်ဆွေးနွေးမှုမှ အဓိကမှတ်သားစရာ အချက်ငါးချက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတ ရှီကျင်းပင်တို့ စက်တင်ဘာ ၂၄ ရက်က အိမ်ဖြူတော် တွေ့ဆုံဆွေးနွေးမှုအတွင်း ကုန်သွယ်ရေး၊ တရုတ်(တိုင်ပေ)အရေး၊ အမေရိကန်နှင့် တရုတ်တို့ကြား မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုနှင့် AI အရေးတို့က အဓိကအကြောင်းအရာများ ဖြစ်ခဲ့သည်။
1 067
+3
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ စစ်ရေယာဉ်များ ချစ်ကြည်ရေးခရီးလည်ပတ်ရန် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိ
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ) 48th PLA Navy Escort Task Group မှ စစ်ရေယာဉ်များဖြစ်သည့် ဖျက်သင်္ဘော Tang Shan၊ ဖရီးဂိတ်စစ်ရေယာဉ် Da Qing နှင့် ထောက်ပံ့ရေးစစ်ရေယာဉ် Tai Hu တို့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးလည်ပတ်ရန်အတွက် စက်တင်ဘာ ၂၄ ရက်က ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ရောက်ရှိလာကြောင်း သိရသည်။
ထိုသို့ရောက်ရှိလာသည့် စစ်ရေယာဉ်များကို တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြကြောင်း သိရသည်။
အဆိုပါစစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် Senior Captain Xu Fang ဦးစီး၍ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ) 48th PLA Navy Escort Task Group မှ အရာရှိ၊ စစ်သည်များလိုက်ပါလာပြီး ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိအထင်ကရနေရာများသို့ သွားရောက်လေ့လာလည်ပတ်ခြင်းနှင့် နှစ်နိုင်ငံချစ်ကြည်ရေးအားကစားပြိုင်ပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
1 067
+3
မြန်မာနိုင်ငံမှ မူးယစ်ပြစ်မှုဖြင့် အလိုရှိတရားခံပြေး ၁ ဦးအား ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်
စက်တင်ဘာ ၂၅၊ ၂၀၂၆
မြန်မာနိုင်ငံတွင် ပင်လယ်ရေကြောင်းအသုံးပြု၍ နိုင်ငံဖြတ်ကျော် မူးယစ်ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ၁ ဦးအား ဗီယက်နမ်နိုင်ငံမှ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းအား ဟနွိုင်းမြို့၊ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ၆-၇-၂၀၂၆ ရက်နေ့တွင် လယ်ဝေးမြို့နယ်၊ တောင်စဉ်အေးကျေးရွာအနီး၌ တရားခံ ၂ ဦးနှင့်အတူ အိုက်စ်(မက်သ်အဖက်တမင်း) ၅၀၀ ကီလိုအား ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ဒလမြို့၊ ရန်ကုန်မြစ်ကမ်းဘေးရှိ မိဘမေတ္တာစက်လှေပေါ်မှ တရားခံ ၁၀ ဦးနှင့်အတူ အိုက်စ်(မက်သ်အဖက်တမင်း) ၃၁၀ ကီလိုအား ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းငွေကျပ် ၂၀ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၈၁၀ ကီလိုအား ပင်လယ်ရေကြောင်းအသုံးပြု၍ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
1 067
+1
အများဆုံးကျပ်သိန်း(၅,၀၀၀)အထိရယူနိုင်သည့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေလျှောက်ထားနိုင်
အများဆုံးကျပ်သိန်း(၅,၀၀၀)အထိရယူနိုင်သည့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေလျှောက်ထားနိုင်ကြောင်း ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့က ဆီစက်လုပ်ငန်းရှင်များကို အသိပေးခဲ့သည်။
ပြည်တွင်းရှိဆီစက်များ အဆင့်မီစက်ပစ္စည်းများတိုးချဲ့တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီဆီစက်အသစ်များထပ်မံတည်ဆောက်ခြင်းနှင့် လုပ်ငန်းသုံးရင်း နှီးလည်ပတ်ငွေအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထူထောင်ထားသည့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေရန်ပုံငွေမှ အတိုးနှုန်းသက်သာစွာ ထုတ်ချေးပေးသွားမည်ဟု အသိပေးခဲ့သည်။
ချေးငွေလျှောက်ထားရာ၌ လက်ရှိလုပ်ငန်းလည်ပတ်လုပ်ကိုင်နေသော ဆီစက်ဖြစ်ရမည်ဖြစ်ကာ လုပ်ငန်းအမည်ပေါက် လိုင်စင်(သက်တမ်း)ရှိရမည်ဖြစ်ပြီး ချေးငွေအတွက် အာမခံအဖြစ် အမည်ပေါက်ပိုင်ဆိုင်သော မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းများ၊ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်(ပုံစံ-၇)များကိုပေးအပ်နိုင်ရမည်ဖြစ်သည်။
1 067
+2
ပြည်တွင်းစက်သုံးဆီဈေးများ သိသိသာသာမြင့်တက်လာပြီး 92 အမျိုးအစားဓာတ်ဆီ ၆၂၅ ကျပ်နှင့် ဒီဇယ်ဆီ ၆၄၀ ကျပ်သို့ မြင့်တက်
ပြည်တွင်းစက်သုံးဆီဈေးများ သိသိသာသာမြင့်တက်လာပြီး 92 အမျိုးအစားဓာတ်ဆီ ၆၂၅ ကျပ်နှင့် ဒီဇယ်ဆီ ၆၄၀ ကျပ်သို့ မြင့်တက်လာကြောင်းစက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက စက်သုံးဆီရည်ညွှန်းဈေးနှုန်းများအရ သိရသည်။
စက်တင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်သည့် ဈေးနှုန်းများအရ ရန်ကုန်မြို့တွင် 92 Ron တစ်လီတာ ၄၄၅၀ ကျပ်၊ 95 Ron တစ်လီတာ ၄၆၀၀ ကျပ်၊ ဒီဇယ် (HSD 500 ppm) တစ်လီတာ ၄၇၉၀ ကျပ်နှင့်ပရီမီယံဒီဇယ် တစ်လီတာ ၅,၇၉၅ ကျပ်အထိ ရှိကြောင်း သိရသည်။
1 067
+3
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားအများစုသည် မိသားစုထံပေးပို့သည့် လွှဲပြောင်းငွေအများစုကို တရားဝင် လိုင်စင်မရှိသည့် ပွဲစားများမှတစ်ဆင့် ပေးပို့နေကြကြောင်း ISP က ထုတ်ပြန်
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားအများစုသည် မိသားစုထံပေးပို့သည့် လွှဲပြောင်းငွေအများစုကို တရားဝင် လိုင်စင်မရှိသည့် ပွဲစားများမှတစ်ဆင့် ပေးပို့နေကြကြောင်း မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP) က ထုတ်ပြန်ခဲ့ကြောင်း Thai BPS World သတင်းတွင် ဖော်ပြခဲ့သည်။
1 067
+2
ဟော်မုဇ်ရေလက်ကြားကို ခုနစ်ရက်အတွင်း ပြန်ဖွင့်ပေးမည်ဟု အီရန် အဆိုပြု
ဟော်မုဇ်ရေလက်ကြားကို ခုနစ်ရက်အတွင်း ပြန်ဖွင့်ပေးမည်ဟု အီရန်က အမေရိကန်ထံ အဆိုပြုစာတင်သွင်းထားကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ချီက နယူးယောက်ရှိ သတင်းမီဒီယာများကို ပြောကြားခဲ့သည်။
"သတ်မှတ်ချက် အချို့နဲ့ ကိုက်ညီမယ်ဆိုရင် ရေလက်ကြားကို ခုနစ်ရက်အတွင်း ပြန်လည်ဖွင့်လှစ်ပေးမှာဖြစ်ပြီး ဆွေးနွေးပွဲတွေကို စတင်သွားမှာဖြစ်ပါတယ်" ဟု ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် အမေရိကန်သို့ ရောက်ရှိနေသည့် အာရက်ချီက New York Times နှင့် The Guardian အပါအဝင် မီဒီယာများကို ပြောကြားခဲ့သည်။
အီရန်သည် စစ်ပွဲကို အဆုံးသတ်ရန်နှင့် ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန်အတွက် အချက် ၇ ချက်ပါ အဆိုပြုချက်များကို ယခင်ကတည်းက သတ်မှတ်ထားခဲ့သည်။
1 067
+3
တာဝန်သိပြည်သူများနှင့် အတွင်းသတင်းပေးများ၏ ပူးပေါင်းမှုဖြင့် တပ်မတော်မှ အကြမ်းဖက်သောင်းကျန်းသူများ၏ အခြေပြုနေရာအား ထိရောက်စွာ ချေမှုန်းနိုင်ခဲ့
စက်တင်ဘာ ၂၅၊ ၂၀၂၆
1 067
+2
အီသီယိုးပီးယားတွင် တိုက်ပွဲများ ပြင်းထန်နေပြီး အင်တာနက်လိုင်းများ ပြတ်တောက်လျက်ရှိ
အီသီယိုးပီးယား၏ အာဖာဒေသကိုတီဂရေးသူပုန်များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုအား အီသီယိုးပီးယားအစိုးရတပ်ဖွဲ့များက ညအချိန်တွင် ခုခံတွန်းလှန်ခဲ့ရသည်ဟု လူသားချင်းစာနာမှုဆိုင်ရာသတင်းအရင်းအမြစ်က စက်တင်ဘာ ၂၅ ရက်တွင်ပြောကြားခဲ့ပြီး နိုင်ငံမြောက်ပိုင်းတွင်လည်း အင်တာနက်လိုင်းများ ပြတ်တောက်နေသည်ဟု သိရသည်။
မြောက်ပိုင်း တီဂရေးဒေသရှိ သူပုန်များ သည် ယခုသီတင်းပတ်ထဲတွင် ဒေသတွင်း လေဆိပ်များကို သိမ်းပိုက်ခဲ့ပြီး အိမ်နီးချင်း အာဖာနှင့် အမ်ဟာရာပြည်နယ်များသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ကာ ဖက်ဒရယ်အစိုးရနှင့် "အင်အားအပြည့်သုံးသောစစ်ပွဲ" ပြန်လည်ဖြစ်ပွားနေပြီဟု ပြောကြားသည်။
၂၀၂၀ မှ ၂၀၂၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်တွင် လူ ၆၀၀,၀၀၀ ခန့် သေဆုံးခဲ့ရပြီး တီဂရေးဒေသကိုဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်မှုနှင့် ထောက်ပံ့ပစ္စည်းများ ဖြတ်တောက်မှုတို့ ပြန်လည်ဖြစ်ပွားဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေသည်။
1 067
အမေရိကန်ဂျာနယ်လစ် တပ်ကာကာလ်ဆန် (Tucker Carlson) က အစ္စရေးက အီရန်စစ်ပွဲဆင်နွှဲသည့်ရည်ရွယ်ချက်များကို ထုတ်ဖော်ပြောဆို
အစ္စရေးဟာ ဒီစစ်ပွဲကို ရည်ရွယ်ချက်သုံးခုနဲ့ ဆင်နွှဲနေပါတယ်။ အဲဒါကတော့ ဒေသတွင်း လွှမ်းမိုးမှုအပေါ်အတားအဆီးတစ်ခုဖြစ်နေတဲ့အီရန်ကို ဖယ်ရှားပစ်ခြင်း၊ ပြိုင်ဘက်တွေအဖြစ် အစ္စရေးကရှုမြင်တဲ့ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီရဲ့ နိုင်ငံခြောက်နိုင်ငံကို အားနည်းစေခြင်း၊ အမေရိကန်ပြည်ထောင်စုရဲ့ ရှိနေခြင်းက အစ္စရေးရဲ့ ရည်မှန်းချက်တွေကို ကန့်သတ်ထားတာကြောင့် အမေရိကန်နဲ့ သူ့ရဲ့ အခြေစိုက်စခန်းတွေကို အရှေ့အလယ်ပိုင်းကနေ နှင်ထုတ်ခြင်းပဲဖြစ်ပါတယ်။
စစ်ပွဲမစတင်ခင် ရက်အနည်းငယ်အလိုမှာ အမေရိကန်သမ္မတရုံးခန်းထဲမှာ ဒီကိစ္စနဲ့ပတ်သက်ပြီးသမ္မတထရမ့်ကို တိုက်ရိုက်ပြောခဲ့တယ်လို့ ကာလ်ဆန်က ပြောခဲ့ပြီး ထရမ့်က "ဟုတ်တယ်၊ မင်းပြောတာမှန်တယ်၊ ဒါပေမယ့် နောက်ဆုံးမှာတော့ ငါတို့အားလုံး ဘယ်လိုပဲဖြစ်ဖြစ် သေကြမှာပဲ၊ ဒါကြောင့် အရေးမကြီးပါဘူး" လို့ ပြန်ဖြေခဲ့ပါတယ်။ သူ့ရဲ့ သားသမီးတွေ၊ မြေးတွေနဲ့ တိုင်းပြည်ရဲ့ အနာဂတ်အကြောင်း ထရမ့်ကို မေးမြန်းတဲ့အခါ ထရမ့်က ရှင်းလင်းတဲ့ အဖြေမပေးခဲ့ပါဘူး။
1 067
+2
PDF အကြမ်းဖက်သမားများ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ကျောင်းသားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ကယ်တင်နိုင်ခဲ့
စက်တင်ဘာ ၂၅၊ ၂၀၂၆
1 067
ဂါဇာတွင် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက် "ရာစုနှစ်၏ အကြီးမားဆုံး အလိမ်အညာ" ဟု နေတန်ယာဟုဆို
အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုသည် စက်တင်ဘာ ၂၄ ရက်ကကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပြောကြားခဲ့သည့် မိန့်ခွန်းအတွင်း ဂါဇာကမ်းမြောင်တွင် အစ္စရေး၏ လုပ်ရပ်များကို လူမျိုးတုံးသတ်ဖြတ်မှုဟု စွပ်စွဲနေကြသည်မှာ "ရာစုနှစ်၏ အကြီးမားဆုံး အလိမ်အညာ" ဟု အခိုင်အမာငြင်းဆိုခဲ့သည်။
နေတန်ယာဟု မိန့်ခွန်းပြောကြားရန် စင်မြင့်သို တက်လာချိန် ကိုယ်စားလှယ်အများအပြားက ဆန့်ကျင်သည့်အနေဖြင့် ညီလာခံခန်းမထဲမှ ထွက်ခွာသွားခဲ့ကြသည်။ နေတန်ယာဟုက ယင်းသို ထွက်ခွာသွားသူများကို ကိုယ်ကျင့်တရားအရ သူရဲဘောကြောင်သူများဟု တိုက်ခိုက်ပြောဆိုကာ အစ္စရေးသည် ညီလာခံမှ ထွက်ခွာသွားသည့် နိုင်ငံများစွာကို ကာကွယ်ပေးနေသည့်နိုင်ငံဟု ပြောဆိုခဲ့သည်။
1 067
ဂျပန်နိုင်ငံတွင် ကျင်းပသည့် ၂၀၂၆ အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့တက်ဂ်ဘောအသင်း နိုင်ငံအလိုက်အဆင့် (၂) ရရှိ
ဂျပန်နိုင်ငံ နာဂိုယာမြိုတွင် ကျင်းပသည့် ၂၀ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026) တက်ဂ်ဘောပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်တက်ဂ်ဘောအသင်းက ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ် တစ်ဆုစီ ဆွတ်ခူးကာ နိုင်ငံအလိုက် ဆုတံဆိပ်အဆင့် သတ်မှတ်ချက်တွင် အဆင့် (၂) နေရာ ရရှိခဲ့ကြောင်း သိရသည်။
မြန်မာအသင်းသည် တက်ဂ်ဘောပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ဆု၊ ငွေတံဆိပ် ၁ ဆုနှင့် ကြေးတံဆိပ် ၁ ဆု ရရှိခဲ့ပြီး စုစုပေါင်း ဆုတံဆိပ် ၃ ဆုဖြင့် အဆင့် (၂) နေရာ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှုတွင် ထိုင်းနိုင်ငံက ရွှေတံဆိပ် ၃ ဆုဖြင့် အဆင့် (၁)၊ မြန်မာနိုင်ငံက ရွှေ ၁၊ ငွေ ၁၊ ကြေး ၁ ဆုဖြင့် အဆင့် (၂) နှင့် တောင်ကိုရီးယားက ရွှေတံဆိပ် ၁ ဆုဖြင့် အဆင့် (၃) နေရာ ရရှိခဲ့သည်။
1 067
ယာဉ်အို/ယာဉ်ဟောင်းများမှ အစားထိုး လျှပ်စစ်သုံးမော်တော်ယာဉ် တင်သွင်းခွင့် လာရောက်လျှောက်ထားမှုများအနက် လျှပ်စစ်သုံး မော်တော်ယာဉ် ၃၄ စီးအား ယခုလအတွင်း တင်သွင်းခွင့်ပါမစ် ထုတ်ပေးမည်
ယာဉ်အို/ယာဉ်ဟောင်းများမှ အစားထိုး လျှပ်စစ်သုံးမော်တော်ယာဉ် တင်သွင်းခွင့် လာရောက်လျှောက်ထားမှုများအနက် လျှပ်စစ်သုံး မော်တော်ယာဉ် ၃၄ စီးအား ယခုလအတွင်း တင်သွင်းခွင့်ပါမစ် ထုတ်ပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
1 067
YBS ယာဉ်မောင်းများ စပယ်ယာတင်ဆောင်၍ မောင်းနှင်ပြီး ယာဉ်စီးခပိုတောင်းပါက ထုတ်ပယ်ယာဉ်လုပ်သားအဖြစ် သတ်မှတ်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ ညွှန်ကြား
YBS ယာဉ်မောင်းများ စပယ်ယာတင်ဆောင်၍ မောင်းနှင်ပြီး ယာဉ်စီးခပိုတောင်းပါက ထုတ်ပယ်ယာဉ်လုပ်သားအဖြစ် သတ်မှတ်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ ညွှန်ကြားထားကြောင််း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပိုဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောကြားသည်။
စက်တင်ဘာ ၂၄ ရက်က YRTC ရုံးချုပ်၌ ပြုလုပ်သည့် ယှဉ်ပြိုင်ကျော်တက်မောင်းနှင်ခြင်း၊ ဘေးတံခါးဖွင့်မောင်းနှင်ခြင်း သုံးကြိမ်အထက် စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများအား အသိပညာပေးဆွေးနွေးပွဲတွင် ၎င်းက ထိုသိုပြောကြားခဲ့ခြင်းဖြစ်သည်။
1 067
မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြား ရပ်တန့်နေသည့်ညှိနှိင်းအစည်းအဝေးများပြန်လည်စတင်နိုင်ရေးဆွေးနွေး
မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြား ရပ်တန့်နေသည့်ညှိနှိင်းအစည်းအဝေးများပြန်လည်စတင်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးနှင့် ဘင်္ဂလားဒေ့ရှ်၊ စစ်တကောင်းဆိပ် ကမ်းအာဏာပိုင်ဥက္ကဋ္ဌ Rear Admiral S M Moniruzzaman တိုဆွေးနွေးခဲ့ကြသည်။
မြန်မာသံအမတ်ကြီးနှင့် ဘင်္ဂလားဒေ့ရှ်၊ စစ်တကောင်းဆိပ်ကမ်းအာဏာပိုင်ဥက္ကဋ္ဌတိုသည် စက်တင်ဘာ ၂၃ ရက်နံနက် ၁၁ နာရီက စစ်တကောင်းဆိပ်ကမ်းအာဏာ ပိုင် One Stop Building တွင်တွေ့ဆုံခဲ့ကြခြင်းဖြစ် သည်။
1 067
ချင်းမိုင်ဈေးအတွင်း အလုပ်လုပ်နေသည့် မြန်မာ ၄ ဦးနှင့် ထိုင်းအလုပ်ရှင် ၂ ဦးကို အာဏာပိုင်များ အရေးယူ
𝙎𝙀𝙋~𝟐𝟓
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်၊ ဆန်ဆိုင်းမြိုနယ် ဆန်နာမန်းဒေသရှိ ဈေးတစ်ခုအတွင်း ဝင်ရောက်စစ်ဆေးရာ တရားမဝင်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၄ ဦးနှင့် ထိုင်းနိုင်ငံသား အလုပ်ရှင် ၂ ဦးကို စက်တင်ဘာ ၂၄ ရက်တွင် သက်ဆိုင်ရာဥပဒေများအရ အရေးယူခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားသည်။
စစ်ဆေးမှုအတွင်း မြန်မာနိုင်ငံသား ၂ ဦးကို ခွင့်ပြုထားသည့် လုပ်ငန်းအမျိုးအစားနှင့် လုပ်ပိုင်ခွင့်ထက်ကျော်လွန်၍ အလုပ်လုပ်ကိုင်မှုဖြင့် အရေးယူခဲ့သလို ကျန် ၁ ဦးကို အလုပ်စတင်ဝင်ရောက်သည့်နေ့မှ ၁၅ ရက်အတွင်း သက်ဆိုင်ရာအရာရှိထံ အကြောင်းကြားရန် ပျက်ကွက်မှုဖြင့် အရေးယူခဲ့ခြင်းဖြစ်ပြီး အခြားမြန်မာနိုင်ငံသား ၁ ဦးမှာ အလုပ်သမားလက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေခြင်းကြောင့် အရေးယူခံရခြင်းဖြစ်ကြောင်း သိရသည်။
