သိင်္ခ
الذهاب إلى القناة على Telegram
အသိတိုး
إظهار المزيدلم يتم تحديد البلدالفئة غير محددة
1 066
المشتركون
لا توجد بيانات24 ساعات
-367 أيام
-7530 أيام
أرشيف المشاركات
1 065
+3
ရွှေဘိုမြို့တွင် ခရိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမှတ်(၂)ဒိုဘီတန်းရပ်ကွက်သို့ ကွင်းဆင်းသွားရောက်၍ ကျန်းမာရေးအသိပညာပေးခြင်းများဆောင်ရွက်
1 065
မုံရွာ၊ စက်တင်ဘာ (၁၆)ရက်
ရွှေဘို ခရိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် စက်တင်ဘာလ (၁၄)ရက်နေ့က အမှတ်(၂)ဒိုဘီတန်းရပ်ကွက်သို့ ကွင်းဆင်းသွားရောက်၍ ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ငှက်ဖျားရောဂါတိုက်ဖျက်ရေးဌာနမှ တာဝန်ကျဝန်ထမ်းများနှင့် သက်ဆိုင်ရာရပ်ကွက်မှ အုပ်ချုပ်ရေးမှူး၊ စာရေးနှင့် ရပ်မိရပ်ဖများ လိုက်ပါခဲ့ကြပြီး ရက်ကွက်အတွင်းမှ အိမ်ခြေ (၄၁)အိမ်၊ ပြည်သူ (၆၂) ဦးအား ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအတွက် သန့် (၅)သန့်နှင့်အညီ နေထိုင်တတ်စေရေးအသိပညာပေးခြင်း၊ စားသုံးဆီလျှော့ချစေရေးအတွက် အသိပညာပေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် ကျန်းမာရေး အသိပညာပေးခြင်း၊ အိမ်တွင်း၊ အိမ်ပြင်သန့်ရှင်းရေး၊ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ရန် မှာကြားခြင်း၊ ဖုံးသွန်လဲစစ်လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး သောက်ရေသုံးရေသန့်ရှင်းမှုနှင့် ကျန်းမာရေးနှင့်ညီညွတ်သော အိမ်သာသုံးစွဲမှုရှိစေရေးတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
#မုံရွာသတင်းဌာနခွဲ
1 065
+4
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို 2026 ခုနှစ် လာမည့် နိုဝင်ဘာလ 18.11.2026 ရက် မှ 24.11.2026 ) ရက်ထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး မီးပုံးပျံ အရေအတွက်ပေါ် မူတည်ပြီး ပွဲရက် ထပ်တိုးနိုင်ခြေရှိသည်ဟု သိရပါသည်။
1 065
နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ
နေပြည်တော် စက်တင်ဘာ ၁၇
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း ၈ ဒသမ ၇၅၉၁ တန်၊ သစ်မာ ၁၁ ဒသမ ၃၁၃၄ တန်၊ အခြား ၇၂ ဒသမ ၆၂၇၀ တန် စုစုပေါင်း ၉၂ ဒသမ ၆၉၉၅ တန်၊ ယာဉ်/ယန္တရား ရှစ်စီး၊ တရားခံ ရှစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
1 065
+9
အမှတ်စဉ်(၅) ပြည်သူ့စစ်မှုထမ်းများအား ဂုဏ်ပြုချီးမြှင့်
တာဝန်ကျေပွန်စွာ ပြည်သူ့စစ်မှုထမ်းဆောင်ပြီးစီးခဲ့သည့် အမှတ်စဉ်(၅)မှ ပြည်သူ့သားကောင်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်ပုံစံ(၁၂)နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ် ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ တိုင်းမှူး တက်ရောက်၍ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
1 065
+8
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
သတ္တမအကြိမ်မြောက်
ဗဟိုကော်မတီအစည်းအဝေး
ပုံရိပ်များ
၁၈-၈-၂၀၂၆
1 065
နေပြည်တော် စက်တင်ဘာ ၁၇
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ YBS ယာဉ်လိုင်းများ၊ ကားမှတ်တိုင်များနှင့် အများပြည်သူသွားလာလျက်ရှိသည့် နေရာများတွင် အုပ်စုဖွဲ့ခါးပိုက်နှိုက်ကျူးလွန်မှုများ လျော့နည်းကျဆင်းစေရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းရယူစုံစမ်းခြင်း၊ အသွင် ယူစောင့်ကြည့်ခြင်းများ ဆောင်ရွက်ပြီး ပြစ်မှုကျူးလွန်သူတရားခံများအား ဖော်ထုတ်ဖမ်းဆီး အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်မှ စက်တင်ဘာ ၁၆ ရက်အထိ ခြောက်လတာ ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှ ခါးပိုက်နှိုက်မှု ၂၀၆ မှုမှ ကျူးလွန်သူတရားခံအမျိုးသား ၁၆၅ ဦး၊ အမျိုးသမီး ၂၁ ဦး စုစုပေါင်း ၁၈၆ ဦးတို့အား ခါးပိုက်နှိုက်မှုကျူးလွန်ရာမှရရှိခဲ့သည့် သက်သေခံပစ္စည်းများဖြစ်သော လက်ကိုင်ဖုန်းမျိုးစုံ ၂၃၅ လုံးနှင့် ငွေကျပ် ၆၈၈၅၇၀၀ တို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သဖြင့် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွင်း မှုခင်းကျဆင်းရေးနှင့် ဒုစရိုက်မှုများ ကင်းစင်စေရေးအတွက် နယ်မြေအတွင်း သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ နှင့်ပူးပေါင်း၍ လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းများ ဆောင်ရွက်ခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်း၊ မှုခင်းအသိပညာပေး ဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဝေငှခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောခြင်း၊ စည်းကမ်းမဲ့ယာဉ်များဖမ်းဆီးခြင်းများ စသည့်မှုခင်းကျဆင်းရေးနှင့် မှုခင်းကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို နေ့/ညမပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
1 065
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ခါးပိုက်နှိုက်မှု ၂၀၆ မှုမှ ကျူးလွန်သူတရားခံ ၁၈၆ ဦးတို့အား ဖမ်းဆီးအရေးယူဆောင်ရွက်နိုင်ခဲ့
1 065
+2
ညောင်တုန်းကျွန်းတာနှင့် ငဝန်မြစ်ရေကာတာ ရေဝင်ရောက်မှု တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
နေပြည်တော်၊ စက်တင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) တာမိုင် ၁၁/၆ နှင့် ၁၁/၇ ကြားတွင် မြစ်ကမ်းရေတိုက်စားမှုကြောင့် ဩဂုတ် ၂၅ ရက် နံနက်ပိုင်းမှစ၍ အလျား ၃၀၀ ပေ၊ အနံ ၄၅ ပေခန့် တာကိုယ်ထည်တိုက်စားပြီး တာအိပဲ့ကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အလားတူ ညောင်တုန်းကျွန်းတာ၏ တာမိုင် ၁၂/၂ နှင့် ၁၂/၃ ကြားရှိ စွန့်ပစ်တာတွင်လည်း ရေတိုက်စားမှုကြောင့် စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းက အလျား ၁၆၀ ပေခန့် တာပြိုကျမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ တာကိုယ်ထည်တိုက်စားခံရသည့်နေရာများနှင့် ငဝန်မြစ်ရေကာတာအောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် ၆ မြို့နယ်တွင် ရေဝင်ရောက်ခဲ့မှုများအား တားဆီးကာကွယ်နိုင်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
1 065
ဟူသီတွေရဲ့ ရန်က ကာကွယ်ဖို့ ဆော်ဒီက ကမ္ဘာ့နိုင်ငံတွေဆီကနေ စစ်ရေးအကူအညီတောင်းခံရပြီ
စက်တင်ဘာ - ၁၈ ( သောကြာနေ့ )
ဆော်ဒီအာရေဗီးယား နိုင်ငံရဲ့ အဓိက လုံခြုံရေး မဟာမိတ်ဖြစ်တဲ့ အမေရိကန်က ဝင်ရောက်စွက်ဖက်ဖို့ ငြင်းဆိုလိုက်ပြီးနောက်မှာ ယီမင်နိုင်ငံက ဟူသီ သူပုန်တွေရဲ့ တိုက်ခိုက်မှုတွေဆီကနေ လေကြောင်းရန် ကာကွယ်ဖို့အတွက် ဆော်ဒီအာရေဗျနိုင်ငံဟာ ဒေသတွင်းနဲ့ ကမ္ဘာ့နိုင်ငံတွေကို အကူအညီတောင်းခံခဲ့တယ်လို့ အေပီသတင်းဌာနက ဒေသတွင်း အရာရှိတွေရဲ့ ပြောစကားကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။ အဲဒီသတင်းဌာနရဲ့ ဖော်ပြချက်အရ ရိယက် (ဆော်ဒီမြို့တော်) ဟာ လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည် လုပ်တဲ့ ပစ္စည်းတွေ လိုအပ်ချက်နဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့နဲ့ ဟူသီ စစ်သွေးကြွတွေကြား လက်နက်ကိုင် ပဋိပက္ခဟာ ဇူလိုင်လလယ် လောက်မှာ ပြန်လည် စတင်လာခဲ့တာ ဖြစ်ပါတယ်။ မကြာသေးခင် ရက်သတ္တပတ်တွေအတွင်းမှာ ဟူသီတွေဟာ ဆော်ဒီကျောထောက်နောက်ခံပေးထားတဲ့ တပ်ဖွဲ့တွေကို ဆန့်ကျင်ပြီး နယ်မြေအမြောက်အမြားကို သိမ်းပိုက်နိုင်ခဲ့သလို ဆော်ဒီအာရေဗျအတွင်းက မဟာဗျူဟာမြောက် ပစ်မှတ်တွေကိုလည်း တိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာအောင် လုပ်ဆောင်လာခဲ့ပါတယ်။
1 065
နီပေါရေဘေးတွင် တရုတ်နှင့် အိန္ဒိယက သံတမန်ပရိယာယ်ကို ကျင့်သုံး
တိုကျို၊ စက်တင်ဘာ ၁၈
ဟိမဝန္တာတောင်တန်းဒေသရှိ နီပေါနိုင်ငံ၌ မကြာသေးမီက ပြင်းထန်သော ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး လူအများအပြား သေဆုံးကာ အခြေခံ အဆောက်အအုံများစွာ ပျက်စီးခဲ့ပြီးနောက် တရုတ်နှင့် အိန္ဒိယ တို့သည် နီပေါတွင် ဘေးအန္တရာယ်ဆိုင်ရာ သံတမန်ပရိယာယ်ကို ကျင့်သုံးလာခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့ သည်။
ထိုသဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားရသည့် နီပေါနိုင်ငံသို့ အိမ်နီးချင်း အင်အားကြီး နိုင်ငံများဖြစ်ကြ သော အိန္ဒိယနှင့် တရုတ် နိုင်ငံတို့သည် ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် အရေးပေါ် ထောက်ပံ့မှုများကို အလျင်အမြန် စေလွှတ်ခဲ့ကြသည်။
1 065
ရွေးကောက်ပွဲလုပ်ပြီး အာဏာခိုင်ဖို့ ကရင်မလင် ပြင်ဆင်
မော်စကို၊ စက်တင်ဘာ ၁၈
ယူကရိန်းကို ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ကာလအတွင်းမှာပဲ ရုရှားသည် လွှတ်တော်ရွေးကောက်ပွဲ ပြုလုပ်ပြီး အာဏာခိုင်မြဲဖို့ ကရင်မလင်က ပြင်ဆင်လာသည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ရုရှားသည် ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့် စ-စ်ပွဲ ၄ နှစ်ခွဲခန့် ကြာမြင့်လာချိန်တွင် လွှတ်တော် ရွေးကောက်ပွဲများကို စတင်ကျင်းပရန် ပြင်ဆင်နေသည်။
1 065
ဆော်ဒီ-ဟူရ်သီ တိုက်ပွဲကြောင့် အရှေ့အလယ်ပိုင်းပဋိပက္ခ ပိုမိုကျယ်ပြန့်လာ
ရီးယာ့ဒ်၊ စက်တင်ဘာ ၁၈
ဆော်ဒီလေတပ်၏ တိုက်လေယာဉ်များက ယီမင်နိုင်ငံအား အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဟူရ်သီ တိုက်ခိုက် ရေးသမားများကလည်း ဆော်ဒီ၏မြို့များသို့ ဒရုန်းနှင့် ဒုံးကျည်များသုံး၍ ပစ်ခတ်ခဲ့သဖြင့် အရှေ့အလယ်ပိုင်း ပဋိပက္ခကို ပိုမို ကျယ်ပြန့်လာစေခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ပဋိပက္ခများ ပိုမို ဆိုးရွားလာသည့် လက္ခဏာတစ်ရပ်အဖြစ် အမေရိကန်အစိုးရက ဆော်ဒီနိုင်ငံအတွင်း ခရီးသွား လာရေး သတိပေးချက်ကို တင်းကျပ်လိုက်ပြီး အမေရိကန်အစိုးရ ဝန်ထမ်းများအား ယီမင်နယ်စပ်နှင့် မိုင် ၂၀ ပတ်လည်အတွင်း သွားရောက်ခြင်း ပိတ်ပင်လိုက်သည်။
1 065
မြန်မာသည် သွင်းအားစု မလုံလောက်သော စိုက်ပျိုးရေးနိုင်ငံဟု ပြော
၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁၇
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဟု ပြောနေကြသော်လည်း သွင်းအားစုများ လုံလောက်မှု မရှိသလို ပြည်တွင်းမှာ လည်း မထုတ်လုပ်နိုင်သော စိုက်ပျိုးရေးနိုင်ငံဖြစ်နေကြောင်း တောင်သူလယ်သမားများနှင့် စီးပွားရေးလုပ်ငန်းရှင် များက ထောက်ပြကြသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သော်လည်း စိုက်ပျိုးရေးနှင့် ပတ်သက်သည့် မျိုးစေ့၊ ဓာတ်မြေဩဇာ၊ ပိုး သတ်ဆေး၊ ပေါင်းသတ်ဆေး၊ လယ်ထွန်စက်၊ ကောက်ရိတ်စက်၊ စက်သုံးဆီ စသည့် စိုက်ပျိုးရေးအတွက် လိုအပ် သော သွင်းအားစုများကို ပြည်တွင်းမှာ မထုတ်လုပ်နိုင်သေးဘဲ ပြည်ပမှသာ အစအဆုံး တင်သွင်းနေရသည်။
1 065
နေပြည်တော် စက်တင်ဘာ ၁၇
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့်အညီ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ လှေလှော်အင်း စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းကို ကော်မရှင်အဖွဲ့ဝင် ဦးသန်းဝင်း ဦးဆောင်သည့် ကြည့်ရှုစစ်ဆေးရေးအဖွဲ့က သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသားများကို အိပ်ဆောင်များတွင်တွေ့ဆုံပြီး အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင် စားသောက်မှုအခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ၊ သန့်ရှင်းသောသောက်သုံးရေ လုံလောက်စွာရရှိနိုင်မှုအခြေအနေ၊ ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်နိုင်မှုအခြေအနေ၊ စာပေဖတ်ရှုခွင့်နှင့် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရရှိမှုအခြေအနေ၊ မိသားစုတွေ့ဆုံခွင့်နှင့် ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိမှုအခြေအနေ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိခြင်း ရှိ မရှိနှင့် လုပ်ငန်းခွင်အတွင်း တာဝန်ပေးအပ်ရာတွင် ခွဲခြားဆက်ဆံမှု ရှိ မရှိ အခြေအနေ၊ ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းမှု ရှိ မရှိ အခြေအနေတို့ကို မေးမြန်းမှတ်တမ်းတင်ကာ သီးခြားတွေ့ဆုံခွင့်တောင်းခံသူ အကျဉ်းသားသုံးဦးကိုလည်း လွတ်လပ်စွာ သီးခြားတွေ့ဆုံမေးမြန်းမှတ်တမ်းတင်ခဲ့သည်။
ထို့နောက် အကျဉ်းသားများ၏ အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုဒေါင်၊ ရေသန့်စက်၊ သုံးရေကန်များနှင့် အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ မရှိတို့ကို ကြည့်ရှုစစ်ဆေးပြီး အကျဉ်းသားများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ် စာအုပ်စာပေများကို လှူဒါန်းသည်။
အဆိုပါအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
1 065
Repost from Gyar Nuu (ဂျာနူး)✍️
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးသန်းဝင်း လှေလှော်အင်း စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်း ကြည့်ရှုစစ်ဆေး
1 065
UNGA General Debate မှာ သူခိုး ကျော်မိုးထွန်း မိန့်ခွန်းပြောတယ်ဆိုတဲ့ သတင်းကို ပြည်ဖျက်မီဒီယာတွေမှာ ဖြန့်ဝေခဲ့ကြပါတယ်။
ဒီအထဲက ဧရာဝတီ အောင်ဇော် တင်ပြထားတဲ့ သတင်းကို VOA အယ်ဒီတာဟောင်း ဦးသန်းလွင်ထွန်း က "ဦးကျော်မိုးထွန်း UNGA General Debate မိန့်ခွန်းပြောခွင့်မရှိပါ" လို့ ထောက်ပြပြောဆိုထားပါတယ်။
ဦးသန်းလွင်ထွန်း ပြောဆိုထားတာက "လူအများနားလည်မှုလွဲမှားနေတာလေးတခုကို ကျနော်ပြင်ပေးပါရစေ။ UNGA ရဲ General Debate လို့ခေါ်တဲ့နိုင်ငံကိုယ်စားပြုမိန့်ခွန်းတွေမှာ နိုင်ငံတော် အကြီးအကဲ/ သမတ/ ဒုသမတ/ နိုင်ငံခြားရေးဝန်ကြီး စတာတွေအပြင် (ဒီလူပုဂ္ဂိုလ်တွေမတက်ရောက်နိုင်တဲ့အခါ) ကုလသမဂ္ဂမှာနိုင်ငံကို ကိုယ်စားပြုတဲ့ ကုလသံအမတ်ကြီးတွေကလည်း တက်ရောက်မိန့်ခွန်းပြောကြားပိုင်ခွင့်ရှိပါတယ်။ အဲဒီလိုပြောကြားတဲ့ နိုင်ငံတွေအစဉ်အလာလဲနှစ်စဉ်ရှိပါတယ်။ ဒါပေမဲ့ဦးကျော်မိုးထွန်းကိုတော့ ၂၀၂၁ ကထဲက UNGA General Debate မှာ တက်ပြီးမိန့်ခွန်းပြောခွင့် ကန့်သတ်ထားတာပါ။ သူ(လုံးဝ) မိန့်ခွန်းပြောခွင့်မရှိ/မရှိခဲ့ပါဘူး။ UNGA ညီလာခံအလှည့်ကျ သဘာပတိလုပ်တာနဲ့ နိုင်ငံကိုယ်စားပြု မိန့်ခွန်းပြောတာလဲမတူပါဘူး။ ကျနော်ပြောနေတာတွေဟာ personal attack လူပုဂ္ဂိုလ်တိုက်ခိုက်မှုကို ရည်ရွယ်ခြင်းမဟုတ်ပါဘူး။ အမှန်ကိုရှောင်ပြီး ဝေ့လည်ကြောင်ပါတ်နဲ့ လူတွေကိုလှည့်စားနေမှုတွေကို ရွံလွန်းလို့ ဝင်ပြောနေရတာပါ" လို့ ပြောဆိုထားပါတယ်။
1 065
ကုလညီလာခံ လာတက်မယ့် ပါလက်စတိုင်းသမ္မတကို အမေရိကန်က ပြည်ဝင်ခွင့်မပေး
စက်တင်ဘာ - ၁၈ (သောကြာနေ့ )
နယူးယောက်မြို့မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ဖို့အတွက် ပါလက်စတိုင်းသမ္မတ မာမွတ် အက်ဘတ်စ် ကို အမေရိကန်ပြည်ထောင်စုက နှစ်နှစ်ဆက်တိုက် ဗီဇာပိတ်ပင် ငြင်းပယ်လိုက်ပါတယ်။
ဒီလို ပိတ်ပင်လိုက်တာကတော့ ဝါရှင်တန်အနေနဲ့ ဟားမတ်စ်အဖွဲ့နဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေ ဆက်လုပ်နေပြီး အစ္စရေးခေါင်းဆောင်တွေကိုတော့ အဲဒီလို ကန့်သတ်ချက်မျိုး ဘာမှချမှတ်မထားတဲ့ အချိန်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA) နဲ့ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ (PLO) တို့ဟာ ပြုပြင်ပြောင်းလဲမှု တွေ မလုပ်နိုင်ခဲ့ဘဲ "ငြိမ်းချမ်းရေးအတွက် အလားအလာတွေကို ထိခိုက်ပျက်ပြားစေတဲ့" လုပ်ရပ်တွေကို လုပ်ဆောင်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုပါတယ်။ အထူးသဖြင့် နိုင်ငံတကာ တရားရုံးတွေမှာ အစ္စရေးကို တရားစွဲဆိုဖို့ ကြိုးပမ်းတာ၊ နိုင်ငံအဖြစ် အသိအမှတ်ပြုခံရဖို့ ပိုမိုကျယ်ပြန့်စွာ ရှာဖွေတာနဲ့ အစ္စရေးရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း ခံရတဲ့ ပါလက်စတိုင်းတွေအတွက် ထောက်ပံ့ကြေးပေးတာတွေကို ဆက်လုပ်နေတာကို ဝါရှင်တန်က ကန့်ကွက်ခဲ့ပါတယ်။
1 065
ပြန်/ဆက် ဦးစီးအရာရှိ ဦးဇင်ဦး၏ ဆောင်းပါး မဲခေါင်-လန်ချန်း သတင်းတု၊ သတင်းမှားကင်းစင်ရေးပြိုင်ပွဲတွင် Best Public Impact Award ဆုရ
《𝙎𝙀𝙋~𝟏𝟖》
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇင်ဦးသည် “Impact of Online Crimes, Fake News and Misinformation on the Socio-economic Lives of Mekong-Langcang Regional Countries” ဆောင်းပါးဖြင့် ၂၀၂၆ ခုနှစ် မဲခေါင်-လန်ချန်းဒေသတွင်း သတင်းတု၊ သတင်းမှားကင်းစင်ရေးလှုပ်ရှားမှု ဖိုရမ်နှင့် အကြောင်းအရာဖန်တီးမှုပြိုင်ပွဲတွင် Best Public Impact Award ဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေဖြင့် ကျင်းပသည့် “Zero Fake News Forum and Awards Contents 2026” ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၇ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
